ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(41)
"တကယ်တော့ မြတ်ကလေးက မင်းကိုချစ်ခဲ့တာကြာလွန်းလှပြီ"
"......."
Sky ရဲ့မျက်နှာပေးက ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ပုံစံမျိုးနဲ့
"မင်းမင်း ! နင် !မပြောပြလိုက်နဲ့လေ "
မြတ်ပန်းဝေက ကမန်းကတန်းဟန့်တားလိုက်ပေမဲ့ အနဲငယ်ရှက်သွေးဖြာနေပုံရကာ စိတ်ရှုပ်ထွေးနေပုံရတဲ့ sky ကိုတည့်တည့်မကြည့်ရဲလို့ ခိုးကြည့်နေခဲ့တယ်
မင်းဧကရာဇ်က သူ အောင်သွယ်တော်မဖြစ်ချင်ပေမဲ့ တစ်ယောက်က ဘယ်အချိန်ပျောက်ကွယ်တော့မယ်မသိ တစ်ယောက်ကလဲ ပတ်တီးအပြည့်နဲ့ဆေးရုံမှာလှဲနေရတယ်ဆိုတော့ မနာလိုတဲ့စိတ်လေးနဲနဲရှိပေမဲ့ ဘာမှမတတ်နိုင်ပဲ လက်ကျန်စာနာစိတ်ကိုရှည်ရှည်ဆန့်ဆွဲကာ အိတ်သွန်ဖာမှောက်ပြောပြလေတော့တယ်
သူတို့နှစ်ယောက်တွဲဖြစ်မတွဲဖြစ်ဆိုတာကတော့ ကာယကံရှင်နှစ်ယောက်ပေါ်ပဲမူတည်တော့တယ် တကယ်လို့ မတွဲဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့ ဟီးးဟီးးး
" ငါမြတ်ကလေးကိုစိတ်ဝင်စားလို့လေ့လာမိတဲ့အချိန်တိုင်း သူမက မင်းကိုပဲကြည့်နေခဲ့တာ ဒါပေမဲ့ ငါက ရုတ်တရက်ကြီးပေါ်လာပြီး ရှုပ်ထွေးအောင်လုပ်ခဲ့တာလေ မြတ်ကလေးရဲ့မိသားစုကိစ္စပေါ်လာပြီး ဟိုကောင်မကြောင့် မြတ်ကလေးနစ်နာမူ့တွေရှိခဲ့ရတာကြောင့် မြတ်ကလေးက မင်းဆီကိုချဉ်းကပ်ဖို့ပိုကြောက်သွားခဲ့တာ နောက်ပိုင်း မြတ်ကလေး တခြားနိုင်ငံကိုထွက်သွားတာမင်းလဲသိမှာပေါ့ "
"မင်းက မြတ်ကလေးလား ဘာလို့ မြတ်ကလေးအစားလာပြောနေရတာတုန်း အဲ့တီတီတာတာအချစ်စကားတွေကိုမြတ်ကလေးပါးစပ်ကပဲကြားချင်တာ"
"ချီးးးပဲ ဟျောင့် ငါလဲ ပြောပြချင်လို့ပြောနေတယ်ထင်လို့လား မင်းတို့ မပွင့်လင်းပဲ အုံထားပြီး အထင်လွဲနေကြလို့ ငါက ကြားဝင်လာရတာလေ တော်ပြီဟျောင့် နောက်တခါ မင်းသေတော့မယ်ဆိုရင်တောင် ငါမပြောပြတော့ဘူး ခုတော့ငါပဲပွကြီးဖြစ်တယ် "
ရှူးရှူးရှားရှားနဲ့ဝုန်းဒိုင်းကြဲပြီးထွက်သွားတဲ့ မင်းဧကရာဇ်ကြောင့် အခန်းက တခနတော့ ပွက်လောရိုက်သွားခဲ့ပေမဲ့ နှစ်ယောက်ထဲကျန်ခဲ့တဲ့အခါမှာတော့ ကြောက်စရာကောင်းအောင်တိတ်ဆိတ်သွားလေတယ်
"ကိုယ်ငယ်ငယ်က အရမ်းအချစ်ခံရတဲ့ကလေးတစ်ယောက်ပေါ့ လိုလေသေးမရှိပြည့်စုံပြီး မိဘနှစ်ပါးကလဲဖူးဖူးမှုတ်အလိုလိုက်ထားကြတာလေ ဒါပေမဲ့ ကိုယ်ကမျိုးရိုးနဲ့ဆိုင်တဲ့ရောဂါဖြစ်လာတဲ့အချိန်ကစပြီး မိဘနှစ်ပါးကလဲ စိတ်သဘောထားချင်းမတိုက်ဆိုင်ပဲ ခနခနရန်ဖြစ်လာကြတယ် နောက်တော့ ကိုယ့်ကိုထားခဲ့ကြပြီး city gကိုသွားခဲ့ကြတယ် နောက်အိမ်ထောင်ပြုခဲ့ကြတယ် ကိုယ့်စီပြန်မလာတော့ပဲ သူတို့က ကလေးကိုယ်စီ အိမ်ထောင်ဘက်ကိုယ်စီနဲ့ပျော်နေခဲ့ကြတယ် ကိုယ်ဖုန်းဆက်တိုင်း သူတို့ပြောတာ မအားဘူး မအားဘူး မအားဘူးဆိုတာချည်းပဲ "
"Sky နင် မပြောလဲရတယ်သိလား ငါ အဲ့တာတွေကို မသိလဲရပါတယ် "
"မဟုတ်ဘူးပြောမှရမှာ မဟုတ်ရင် ကိုယ်မင်းကိုဘာလို မပွင့်မလင်းဆက်ဆံလဲဆိုတာ မင်းသိမှာမဟုတ်ဘူး"
"ငါ... "
"ကိုယ်ပြောပြပါရစေ "
"အွန်း ငါနားထောင်နေပါတယ် "
"ကိုယ်သူတို့နောက်ကိုမနေနိုင်လို့လိုက်သွားခဲ့တယ်လေ အဲ့တုန်းက ကိုယ်တွေ့ခဲ့တယ် သူတို့ရဲ့စိတ်လက်ပေါ့ပါးပြီးပြုံးပျော်နေတဲ့ပုံစံကို မျက်မြင်တွေ့ခဲ့ရတယ် ကိုယ်တကယ်မယုံနိုင်ခဲ့ဘူး သူတို့ကိုယ့်ကိုလာမတွေ့နိုင်တာ အေးစက်သွားတာက သူတို့အလုပ်များနေတာကြောင့်လို့ပဲထင်ခဲ့တာ တကယ်တမ်းက သူတို့ကိုယ်ကိုစွန့်ပစ်ခဲ့တာ ကိုယ့်ကိုမလိုချင်တော့တာ ကိုယ့်ကိုထပ်မချစ်ကြတော့တာ အဲ့ထဲက ကိုယ်ရေစုန်မျောခဲ့တာပဲ မင်းနဲ့တွေ့တဲ့အထိပဲ ကိုယ်မင်းကိုချစ်တယ်ဆိုပေမဲ့လဲ အဲ့အရိပ်မဲကြီးက ကိုယ့်နောက်ကိုလိုက်နေတာကြောင့် မင်းကိုမပွင့်လင်းနိုင်ခဲ့တာ ကိုယ့်ကိုမင်းမချစ်ဘူးလို့ထင်လို့ ကိုယ့်ကို မင်းစွန့်ပစ်ခဲ့တယ်လို့ထင်လို့ အဲ့ဒါကြောင့်ပဲ ကိုယ်မင်းကိုနားမလည်ခဲ့တာပါ "
မြတ်ပန်းဝေ သူ့ကိုမပွေ့ဖက်ပဲ မနေနိုင်တော့ သူမရဲ့မျက်လုံးထဲမှာတော့ အချစ်ငတ်တဲ့ကောင်လေးတစ်ယောက်ကိုပဲမြင်နေရတယ် သူမရဲ့အရင်ဘဝလိုမျိုးပဲ အဲခံစားချက်ကိုသူမနားလည်တယ် ကိုယ်ချင်းစာတယ်
"ငါဒီလောကကိုရောက်မလာခင်ကလဲ နင့်လိုပါပဲ ငါ့မိသားစုအပေါ်ဘယ်လောက်ပဲအနစ်နာခံပြီးလုပ်ကိုင်ပေးခဲ့ပါစေ ဘယ်သူကမှငါ့ကိုဂရုစိုက်ခဲ့တာမဟုတ်ဘူး ဒီဘက်ကိုရောက်လာမှ ငါ့ကိုအားလုံးကဝိုင်းချစ်ကြတာ အဲ့ဒါကြောင့်ပဲ ငါ သူတို့ကိုဆုံးရှုံးရမှာကိုကြောက်ခဲ့တယ် ထားခဲ့ရမှာကိုစိုးခဲ့တယ် ရွေးချယ်ဖို့လမ်းနှစ်လမ်းမှာ ငါသူတို့ကိုပဲရွေးခဲ့တယ် အခုတော့ ရှေ့ဆက်ဘာဖြစ်ဦးမလဲဆိုတာမသိတော့ဘူး ငါ သူတို့ကိုထားခဲ့ရမှာလဲဖြစ်နိုင်တယ် သူတို့က ငါ့ကိုမေ့သွားကြမှာလဲဖြစ်နိုင်တယ် ဒါပေမဲ့ ငါနောင်တမရဘူး သူတို့ကြောင့် အချစ်ခံရတယ်ဆိုတဲ့ခံစားချက်ကဘယ်လိုလဲဆိုတာသိခဲ့ရတာ"
"ကိုယ့်ကိုရော ဟိုကောင်ပြောတာ တကယ်ပဲလား "
"ငါ ....အင်း"
မြတ်ပန်းဝေ ရှက်နေပေမဲ့လဲ ခေါင်းငြိမ့်လိုက်တုန်းပဲ ရှေ့ဘာဆက်ဖြစ်မလဲမသိပေမဲ့ အခုချိန်မှာတော့ သူ့ကိုငြင်းဆန်နိုင်စွမ်းမရှိတော့ပါလေ
"ကိုယ်အရမ်းပျော်တာပဲ "
"ငါလဲပျော်တယ် "
မြတ်ပန်းဝေ သူ့ရင်ခွင်ထဲကိုခိုဝင်လိုက်ရင်း ပျော်နေမိတယ်
ဒီအပျော်တွေက ဘယ်နှစ်ရက်ခံမယ်ဆိုတာမသိပေမဲ့ အခုအချိန်မှာတော့ ဒါက သူမချနိုင်တဲ့အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ
သူမ တကယ်လို့ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် သူတို့အားလုံး သူမဆိုတဲ့ဖြစ်တည်မူ့ကိုမေ့သွားတာလဲဖြစ်နိုင်တာပဲလေ
"တီ.... စာရေးသူလိုင်းပေါ်သို့ရောက်ရှိလို့လာပါပြီ"
".....!! ! !! ...."
...mm...........mmm. ......mm....jnjm....km......
alinkar nang 🌿🌿🥕🌿