ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

Door jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) Meer

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၅၂၉)

55 6 0
Door jellyflower1

အပိုင်း(၅၂၉)

[လောရှင်းက အနုပညာလောကမှ နုတ်ထွက်မည့် သတင်း ကြေညာခြင်း]

"စုန့်ယန်ရှု၊ ဒီကနေ့ သတင်း ဖတ်ပြီးပြီလား။ တကယ့် သတင်းထူးကြီးနော်။ နင်အရင်က ကြီးကြပ်ခဲ့တဲ့ အဆိုတော်လောရှင်းက အနုပညာအလုပ်တွေကို အပြီးတိုင် ရပ်နားလိုက်ပြီတဲ့"
စုန့်ယန်ရှူ၏အနုပညာရှင်က သူ့လက်ထဲမှ ဖုန်းကို လှမ်းပေးကာ လှောင်ရယ်နေသည်။

"ဒီကနေ့ သူ့ရဲ့ဂီတပွဲကို ပရိသတ် တစ်ယောက်တောင် မတက်ဘူးတဲ့။ သူ့လောက် သနားစရာကောင်းတဲ့သူကို တွေ့ကို မတွေ့ဖူးဘူး"

ဤသတင်းကို ကြားပြီးနောက် စုန့်ယန်ရှုက သူ့လက်ထဲမှ မဂ္ဂဇင်းကို အောက်ချထားလိုက်ပြီး တုန်တုန်ရီရီဖြင့် ဖုန်းကို လက်ခံလိုက်သည်။

"မဖြစ်နိုင်ပါဘူး"

"မင်းက ဘာကို ပြောချင်တာလဲ။ သတင်းတိုင်းက ဒါပဲ ထပ်တလဲလဲ တင်နေတာလေ။ ငါက အရင်တည်းက သူ့သီချင်းတွေ ကြိုက်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ လောရှင်းက တော်တော်ကံဆိုးနေပုံပဲ"

ထိုစဉ် စုန့်ယန်ရှုက သူ့စကားသံကို နားမထောင်နိုင်ပေ။ သူ့စိတ် ဟာလာဟင်းလင်း ဖြစ်နေပြီး သူ့နှလုံးသားကို အပ်ပေါင်းများစွာဖြင့် ထိုးနှက်နေသကဲ့သို့ ခံစားရသည်။

သူမက ထျန်းကျင်းရွှမ်အပေါ် ထားရှိသော ခံစားချက် အစစ်အမှန်ကို မဆုံးဖြတ်နိုင်သော်လည်း ထျန်းကျင်းရွှမ် ဂီတလောကထဲမှ နုတ်ထွက်သွားရသည့် အကြောင်းအရင်းက သူမ ပေးခဲ့သော နာကျင်မှုကြောင့် ဖြစ်လိမ့်မည်။

ဤအတွေးကြောင့် စုန့်ယန်ရှုက သူ့ဖုန်းကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထျန်းကျင်းရွှမ်ကို ဖုန်းခေါ်သည်။ သို့သော်လည်း တစ်ဖက်မှ ဖုန်းမကိုင်ခဲ့ပေ။ ထို့ကြောင့် ထျန်းနင်ကို ဖုန်းခေါ်ကြည့်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထျန်းနင်၏ဖုန်းက စက်ပိတ်ထားသည်။

"သူ အဲလို မလုပ်ရဘူး။ အနုပညာအလုပ်တွေကို ရပ်နားပစ်လို့ မဖြစ်ဘူး"
စုန့်ယန်ရှုက သူ့အတွေးထဲ ရေရွတ်နေမိသည်။

"အစ်မစုန့် ဘာဖြစ်လို့လဲ"
သူမ၏ မိန်းမောနေသော အပြုအမူကို သတိထားမိပြီးနောက် သူ့အနုပညာရှင်က သူ့ကို ဂရုစိုက်သော လေသံဖြင့် မေးမြန်းသည်။ သို့သော်လည်း စုန့်ယန်ရှုက သူမ၏ဘေးပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်အား နားနေခန်း အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

သို့သော်လည်း ထျန်းကျင်းရွှမ်၏ ဂီတဖျော်ဖြေပွဲ ကျင်းပသော နေရာသို့ ရောက်ရှိစဉ် ပစ္စည်းသိမ်းဆည်းနေသော ဝန်ထမ်းတချို့ကိုသာ မြင်တွေ့ရသည်။

"လောရှင်း ဘယ်မှာလဲ"
စုန့်ယန်ရှုက ဝန်ထမ်းတစ်ဦး၏လက်ကို လှမ်းဆွဲသည်။

"သူထွက်သွားတာ ကြာပြီလေ။ သူက ဘာလို့ ဒီနေရာမှာ ရှိနေရမလဲ။ ဒီဖျော်ဖြေရေးလောကကြီးက စက်ဆုပ်ဖို့ကောင်းတယ်။ လောရှင်းက အနာဂတ်ကောင်း ရှိတဲ့ လူငယ်။ တစ်စုံတစ်ယောက်က သူ့ကို အသုံးချပြီး နာမည်ကျော်ချင်တာလေ။ အခုတော့ အခြေအနေကို ကြည့်စမ်းပါဦး။ သူ့ဖြူစင် ရိုးသားမှုကို ပြဖို့ ရွေးချယ်စရာ မရှိတဲ့အဆုံး ဒီဖျော်ဖြေရေး လောကထဲက ထွက်သွားတယ်။ အပြောင်းအလဲ မြန်တဲ့ ပရိသတ်တွေကလည်း မနေ့တစ်နေ့က အထိ သူ့ကို စွဲစွဲလန်းလန်း သဘောကျသေးတယ်။ ဒီကနေ့မှ သူ့ကို စက်ဆုပ်ရတာနဲ့။ အဲဒီလူတွေရဲ့ ခံစားချက်ကလည်း အပေါစားဆန်လွန်းတယ်"

သက်လတ်ပိုင်းအမျိုးသားက မကျေမနပ် ရေရွတ်သည်။

ထိုစကားသံကို ကြားပြီးနောက် စုန့်ယန်ရှု၏ခံစားချက်က ယခင်ထက် ပိုဆိုးရွားလာခဲ့သည်။

လောရှင်း အခက်ခဲဆုံး အချိန်များကို ရင်ဆိုင်နေရစဉ် သူ့အလုပ်ကို ခိုးယူခဲ့သော အနုပညာရှင်၏ အလုပ်ကို သူမက စီမံ့ခန့်ခွဲနေရသည်။

ထျန်းကျင်းရွှမ်က သူမကို ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်။ သူမကို သူ့မိန်းကလေး အဖြစ် နေထိုင်မလား သူစိမ်းအနေဖြင့် နေထိုင်မလား မေးမြန်းခဲ့ဖူးသည်။

လောရှင်းက ငယ်ရွယ်သေး၍ အနာဂတ်ကောင်းများကို လက်လွှတ်ရမည်ကို စိုးရိမ်စိတ်ကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပေါ့တန်တန် သဘောထားသည့် ပုံစံဖြင့် တုံ့ပြန်ခဲ့မိသည်။

သူမ၏အပြုအမူက လောရှင်း၏ နှလုံးသားကို အေးစက်စက်ဖြင့် ခွဲခဲ့သည်။ နောက်ကျောကို ဓားနှင့် ထိုးသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"လောရှင်း"

...

[လောရှင်း၏ ချစ်သူအဖြစ် နာမည်ကျော်ခဲ့သော မိန်းကလေးက လောရှင်း ဖြူစင်မှုကို ရှင်းလင်းပေးခြင်း]

[ကျောက်ချင်းရီ၏ မန်နေဂျာက အတင်းအဖျင်း သတင်း ဖန်တီးခြင်း၊ ကျောက်ချင်းရီက လောရှင်း၏ဖြူစင်မှုကို ပြသရန် ခိုင်မာသော သက်သေ ထုတ်ပြခြင်း]

[ကလေး၏ဖခင်က အာရှစီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ လောရှင်းနှင့် သက်ဆိုင်မှု မရှိခြင်း]

ထျန်းကျင်းရွှမ်က အနုပညာအလုပ်ကို ရပ်နားကြောင်း ကြေညာပြီး နာရီဝက်ပင် မကြာလိုက် ကျောက်ချင်းရီက လောရှင်း၏ဖြူစင်မှုကို သက်သေပြပေးခဲ့သည်။

ထို့နောက် ကျောက်ချင်းရီက ငိုယိုထားသော မျက်နှာဖြင့် သတင်းသမားများ၏ အင်တာဗျူးကို လက်ခံခဲ့သည်။ သူမ၏ပုံစံကို ကြည့်လိုက်ရုံဖြင့် အလွန်အမင်း စိတ်ဓာတ်ကျနေပုံပင်။
"လောရှင်းကို မကောင်းမြင်နေကြတဲ့ သူတိုင်းကို ဒီကနေပဲ ရှင်းရှင်းလင်းလင်း အသိပေးပါရစေ။ အခု ကျွန်မ ကိုယ်ဝန်ရှိနေတဲ့ သတင်းက လောရှင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ လောရှင်းက ဘာအမှားမှ မကျူးလွန်ထားပါဘူး။ တကယ်တမ်း ပြောရင် ကျွန်မ နဲ့ လောရှင်းက 'WH'ရုပ်ရှင် ပထမဆုံးပြတဲ့ ပွဲမှာပဲ ပထမဆုံးအကြိမ် ဆုံဖူးတာပါ။ ရှင်တို့ မယုံကြည်ရင် ကျွန်မတို့ရဲ့ အချိန်ဇယားတွေကို တိုက်ကြည့်လို့ရပါတယ်"

"ကျွန်မတို့က အခုမှ ဆုံဖူးတာ ချစ်သူတွေ ဖြစ်နိုင်ပါ့မလား။ ကျွန်မက လောရှင်းကို အသုံးချပြီး ကျော်ကြားချင်တဲ့ အတွေးရှိလို့ ခင်မင်ဖို့ ကြိုးစားပေမဲ့ သူက ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် အခုနာမည်ကြီးနေတဲ့ အတင်းအဖျင်း သတင်းအားလုံးက နားလည်မှု ကြီးကြီးမား လွဲနေတာပါ"

"လောရှင်းကို အရမ်းနာကျင်စေမယ်လို့ မထင်ထားခဲ့မိဘူး။ စင်ပေါ်မှာ သူပြောခဲ့တဲ့ စကားတွေကို ကြားပြီး ကျွန်မ အပြစ်ရှိသလို ခံစားရတယ်"

"ဒါကြောင့်လည်း ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့တာ။ ရှင်တို့တွေက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကျွန်မကိုပဲ အပြစ်တင်လိုက်ပါ။ ဒီကိစ္စက လောရှင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး"

"နောက်ဆုံးအနေနဲ့ ပြောချင်တာတော့"

"ကျွန်မ တစ်ညလုံး မတင်မကျ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပြောချင်တယ်"

"လောရှင်းရဲ့ပရိသတ် ဖျော်ဖြေပွဲကို ပေကျင်းမြို့ရဲ့ အကြီးမားဆုံး ဖန်သားပြင်ကနေ ကျွန်မလည်း မြင်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်မသာ လောရှင်းဆိုရင်လည်း အရမ်းကို စိတ်ပျက်မိမှာပဲ"

"ပရိသတ်တွေရော ကျွန်မလို မခံစားရဘူးလား"

ထိုစကားကို ပြောပြီးနောက် ကျောက်ချင်းရီက ကင်မရာဘက်လှည့်ကာ ဂါရဝပြုလိုက်ပြီး သူ့လက်ထောက်၏ ကာကွယ်ပေးမှုဖြင့် ထွက်သွားသည်။

"အဲဒီကျောက်ချင်းရီက ဟာသပဲနော်။ ဘာလို့ စောစောစီးစီး ဝန်မခံတာလဲ။ အခုမှ လူရှေ့ထွက် ရှင်းရလား"
သတင်းသမားများက ခနဲ့သည်။

"အနည်းဆုံးတော့ သူ့တာဝန် သူယူသွားတယ်လေ။ ယောက်ျားလေး အနုပညာရှင် တော်တော်များများ ဒီလို ကိစ္စမျိုး ကြုံဖူးကြပေမဲ့ အများစုက နှုတ်ဆိတ်နေကြတာလေ"
တခြားသတင်းထောက်က ဖြည့်စွက် ပြောသည်။
"ငါ ပြောချင်တာတော့ လောရှင်းရဲ့ ပရိသတ်တွေက ဒီတစ်ခေါက်တော့ တရားလွန်သွားပြီ။ ဘာပဲဖြစ်ဖြစ် လောရှင်းက သူတို့ သဘောကျခဲ့ဖူးတဲ့ အနုပညာရှင်ပဲလေ။ ဘာလို့များ သူ့ဖျော်ဖြေပွဲကို တစ်ယောက်မှ မတက်တာလဲ"

"ဒါက ရှားပါးဖြစ်ရပ်မှ မဟုတ်တာလေ။ ဒါပေမဲ့ အခုချိန်မှာ လောရှင်းက ဒါတွေကို ဂရုစိုက်မယ် မထင်ဘူး။ သူက အဆိုတော် မဟုတ်တော့ရင်တောင် သူက ထျန်းမိသားစုရဲ့စတုတ္တသခင်လေးပဲလေ။ သူ့အိမ်ကို ပြန်ပြီး သူ့မိသားစု စီးပွားရေးကို လုပ်ကိုင်လို့ ရတာပဲ"

"ဒီလို စက်ဆုပ်စရာကောင်းတဲ့ ဖျော်ဖြေရေးလောကထဲက ထွက်သွားတာ သူ့အတွက် ကောင်းပါတယ်လေ"

လောရှင်းက အကြောင်းမဲ့သက်သက် သိက္ခာချခံရပြီး ကျောက်ချင်းရီနှင့် ပတ်သက်မှု မရှိခဲ့ပေ။

သို့သော်လည်း အနုပညာလောကထဲမှ သူ နုတ်ထွက်သွားခြင်းက စုန့်ယန်ရှုနှင့် သူ့ပရိသတ်များကို အထိနာစေခဲ့သည်။

"လောရှင်းကို မယုံကြည်ခဲ့မိလို့ ငါ အရမ်းနောင်တရတယ်"

"သူက တကယ် ထွက်သွားပြီပဲ။ ဘာလို့များ အလွယ်တကူ ထွက်သွားရက်တာလဲ"

"သူက ငါတို့ကို စိတ်ပျက်သွားလို့ပဲ ဖြစ်မယ်"

"လောရှင်း တောင်းပန်ပါတယ်။ ငါတို့တွေ တကယ်တောင်းပန်ပါတယ်"

ပရိသတ်များက အွန်လိုင်းပေါ်တွင် တောင်းပန်စာများကို အဆက်မပြတ် တင်ကြသည်။ တချို့ပရိသတ်များက သတင်းစာတွင် ကြော်ငြာထည့်ပြီး သူတို့စိတ်ရင်းကို သက်သေပြကြသည်။ သို့သော်လည်း အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။

စုန့်ယန်ရှုက တစ်ညလုံး ထျန်းကျင်းရွှမ်ကို ရှာဖွေခြင်းဖြင့် အလုပ်ရှုပ်နေသည်။ သူမက ထျန်းအိမ်တော်အထိပင် လိုက်သွားခဲ့သည်။ သို့သော်လည်း ထျန်းကျင်းရွှမ်က ထျန်းနင်၏အိမ် သွားရခြင်းကို နှစ်သက်ကြောင်း သူမ သိနေသည်။

စုန့်ယန်ရှုက ထျန်းနင်ကို မျက်နှာချင်းဆိုင်ရန် မဝံ့မရဲ ဖြစ်နေမိသည်။ ထို့ကြောင့် သူမလည်း ရွေးချယ်စရာ မရှိသည့် အဆုံး လက်ဗလာဖြင့် အိမ်ပြန်လာခဲ့သည်။

"အစ်မစုန့် ဘယ်သွားနေတာလဲ။ အစ်မ ရုတ်တရက် ပျောက်သွားတယ်"

စုန့်ယန်ရှုက သူ့အနုပညာရှင်ကို ကြည့်ပြီး မျက်ရည်မထိန်းနိုင်ပေ။
"လှပတဲ့ အခိုက်အတန့်လေးကို ငါ လွဲချော်သွားလို့ပါ"

"အစ်မ ဘာတွေ ပြောနေတာလဲ"

စုန့်ယန်ရှုက သူ့အနုပညာရှင်ကို ကြည့်ပြီး သူ့ခံစားချက်ကို ရုတ်တရက် မထိန်းချုပ်နိုင်ပေ။
"ငါ သူ့ကို အရမ်း တောင်းပန်ချင်ပေမဲ့ သူ အရမ်းကို သွေးအေးသွားမယ်လို့ မထင်ထားခဲ့ဘူး"

"အစ်မစုန့် ဘာတွေများ ဖြစ်လာလို့လဲ"

စုန့်ယန်ရှုက စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ခေါင်းခါသည်။ သူမ၏စိတ်ထဲ အတွေးတစ်ခုတည်းသာ ရှိသည်။ သူမက သူ့ကို တွေ့ခွင့် မရနိုင်တော့ခြင်း ဖြစ်သည်။

ထျန်းကျင်းရွှမ်က အဆိုတော် အလုပ်ကို စွန့်လွှတ်သွားခြင်းကြောင့် သို့တည်းမဟုတ် သူမကို နှုတ်မဆက်ဘဲ ကျောခိုင်းသွားခြင်းကြောင့် သူမ စိတ်ထိခိုက်နေခြင်းလော သူမ ကိုယ်တိုင် ဝေခွဲမရပေ။

အပိုင်း(၅၂၉)
ပြီး၏။

Ga verder met lezen

Dit interesseert je vast

2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...