Rebirth As Khattar (ခတ္တာအဖြစ...

By KeeLowie

571K 40.5K 1.4K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၆၀
အပိုင်း ၆၁
Hello!
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၅၉

6.1K 484 11
By KeeLowie

''မောင်ရင်ပြောတော့ဒီနည်းနဲ့အားလုံးပြေလည်သွားမယ်ဆို''

ပုလိပ်တွေလက်ထဲမှဦးခင်ဇော်ဟာတုန်ယင်နေသည့်အသံနှင့်စိုင်းသိဒ္ဓိအားပြောလာသည်မလို့ ဆက်ထင်အံ့သြကြီးစွာစိုင်းသိဒ္ဓိအားကြည့်လိုက်သည်။စေ့စပ်ပွဲပျက်သွားသလို ပုလိပ်တွေဝင်လာပြီး ဦးခင်ဇော်အားလာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုနှင့်ရှောင်တခင်စစ်ဆေးရန်လာ၍ဖမ်းဆီးကြသည်။

ထိုစဥ်အနားသို့အပြေးအလွှားရောက်လာသည့် လူတစ်စုနှင့်အေးကိုကြောင့်ဆက်ထင်စိုးရိမ်စိတ်များစွာနှင့် ပြေးသွားလိုက်ပြီး။

''တွေ့ခဲ့သလား''

''မရှိတော့ပါဘူးကိုဆက်ထင် အနားပတ်ဝန်းကျင်နေရာအနှံ့ လမ်းအနှံ့ပါပဲ''

ရင်ထဲဗလောင်ဆူနေသည့်ခံစားချက်နှင့်အ​တူတူဆံပင်တွေကြားလက်ချောင်းများထိုးဖွ၍ စိုင်းသိဒ္ဓိ​ဆီသို့ခြေလှမ်းများရောက်ရှိသွားကာစိတ်ထဲအရှိတိုင်း ထိုးကြိတ်မိတော့သည်။

''ကိုဆက်ထင်...''

''ဟာဝိုင်းဆွဲကြပါဦး''

မြေပြင်ပေါ်လဲသွား၍ မျက်နှာတစ်ခုလုံးစုတ်ပြတ်သပ်ကာသွေးများစီးကျသည့်တိုင် ရယ်မောလျက်မလို့ထိုအပြုအမူဟာ ဆက်ထင်လက်တွေကိုအထိန်းအချုပ်မဲ့စွာဖြစ်စေသည်။ထို့နောက်အနီးအနားလူတွေအားလုံးဝိုင်းဝန်းဆွဲကြသလို ပုလိပ်များကလည်း ဆက်ထင်အားထိန်းချုပ်ထားကြသည့်အခါ လူချင်းကွဲသွားသည်။

''ဒီအရာတွေအားလုံးမင်းအကြံစည်တွေပဲပေါ့ဟုတ်သလားဟမ်!''

''အကြံပြုလိုက်ရုံလေးပါ မျိုးထင်ရာ ဟားဟား''

''စိတ်ဓာတ်အောက်တန်းကျလှချည်လား ဟမ် မင်းဘယ်လိုဖြစ်သွားရတာလဲ စိုင်းသိဒ္ဓိ ပြောစမ်းပါငါ့ကို''

ဆက်ထင် ခန္ဓာကိုယ်တစ်ခုလုံးသွေးပွက်ပွက်ဆူနေသလိုခံစားရပြီးအားလုံးဟာ အားနှင့်မာန်နှင့်ဆက်ထင်အား ဆွဲထားကြသည်။

''မင်းအတွက်ဒီ့ထပ်ကောင်းမွန်တဲ့လက်ဆောင်ပဏ္ဍာကမရှိတော့ဘူးလေ ဘာကြောင့်များဒေါသထွက်နေရသလဲမျိုးထင်ရ စေ့စပ်ပွဲပျက်သွားလို့များလားဒါမှမဟုတ်တိတ်တိတ်ပုန်းလုပ်နေတဲ့စေ့စပ်ပွဲကို မသိစေချင်တဲ့သူကရောက်လာခဲ့လို့လား''

စိုင်းသိဒ္ဓိရဲ့စိတ်ကို ဆက်ထင်နားမလည်နိုင်တော့သလိုအံ့သြလွန်း၍မြန်ဆန်နေသည့်အသက်ရှုသံမှလွဲလို့ဘာမှမထွက်နိုင်တော့ချေ။ဒီအရာတွေဖြစ်လာဖို့ဦးခင်ဇော်အားတိတ်တဆိတ်အကြံပေး​နေခဲ့သည့်အပြင်ခတ္တာအားဒီနေရာအထိရောက်အောင်ခေါ်လာခဲ့သေးသည်။ဘာအကြောင်းကြောင့်များအဲ့ဒီလောက်အညိုးအတေးတွေမကျေနပ်ချက်တွေများ၍ဒီလိုလုပ်ရပ်တွေအထိလုပ်ရပါသလဲ ဆက်ထင်ဟာစိုင်းသိဒ္ဓိအပေါ်သို့ဘာများကျူးလွန်မိပါသလဲစိတ်တွေဟာရှုပ်ထွေးလာခဲ့သည်။

''မင်းလို မစ္ဆရိယစိတ်ရှိပြီးယုတ်ညံ့တဲ့ကောင်နဲ့ပေါင်းသင်းမိခဲ့တဲ့ငါ့ကိုယ်ငါရှက်လွန်းလို့ စိုင်းသိဒ္ဓိ''

''အဲ့ဒီမစ္ဆရိယစိတ်ကမင်းအပေါ်ပဲထားထားတာ ငါမပိုင်ဆိုင်အရာလေးကို မင်းလဲရမယ်လို့ထင်နေသလားမျိုးဆက်ထင်''

''မင်း...''

ထပ်၍ပေါက်ကွဲထွက်လာသည့် ဒေါသစိတ်အစဥ်တို့ဟာ အားလုံးချုပ်ထားရာမှ အားအင်နှင့်ရုန်းထွက်စေပြီး မြေပြင်ပေါ်မှစိုင်းသိဒ္ဓိအား ထပ်မံ၍ အမဲဖြတ်သည့်အတိုင်းထိုးကြိတ်မိသည်။မျက်နှာတစ်ခုလုံးသွေးချင်းချင်းရဲသည်အထိ စိတ်မနှံ့သည့်အရူးတစ်ယောက်လိုရယ်မောနေသေးသည့်အတွက်ဒေါသဟာထိန်းချုပ်မနိုင်။

''သတ်ပွဲတွေဖြစ်ကုန်ပါဦးမယ်ဆွဲကြပါဦးဟေ့''

''ကိုဆက်ထင် ဒေါသကိုထိန်းစမ်းပါဦးဗျာ''

လူအတော်အများဟာ ဆက်ထင်ခန္ဓာကိုယ်အားထပ်၍လာချုပ်ကိုင်ထားကြသည်။ကျန်သည့်လူများကလဲ စိုင်းသိဒ္ဓိကိုမြေပြင်မှဆွဲထူပေး၍ ထပ်မဖြစ်ရန်ကာထားကြသည်။

''ခတ္တာတစ်ခုခုဖြစ်သွားခဲ့ရင်မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မှာ ငါကျိန်ဆိုပါရဲ့စိုင်းသိဒ္ဓိ မင်းတစ်ဘဝလုံးစုတ်ပြတ်သပ်သွားသည်အထိငါလုပ်ပစ်မှာ''

ထို့နောက်တဆက်တည်း ဦးခင်ဇော်တို့ ဘက်သို့လှည့်ရင်း ပုလိပ်အရာရှိမင်းထံကြည့်လိုက်ပြီးနောက်။

''ဒီလူသူ့အပြစ်ကနေ ကွေကွင်းလာခဲ့ရင်ဘာဖြစ်သွားမလဲဆိုတာ ကြိုသာတွေးထားလိုက်လို့ပြောလိုက်ချေ''

''နားလည်ပါပြီ''

''မောင်ရင် ကျုပ်မှားပါရဲ့...ဒါကြောင့်သက်ညှာပေးပါ''

ဆက်ထင် တုန်ယင်စွာပြောလာသည့် ဦးခင်ဇော်ဘက်သို့လှည့်ကာ ထိုလူရဲ့အင်္ကျီစကိုဆွဲယူလိုက်ပြီးနောက်။

''ကျုပ်ဘယ်လိုကောင်လဲဆိုတာ ခဗျားသိရက်နဲ့လာစခဲ့တာမလား သက်ညှာပေးဖို့အစီအစဥ်မရှိသလို အခုအဖြစ်အပျက်တွေကြောင့်ကျုပ်ချစ်ရတဲ့သူကိုဆုံးရှုံးရရင်ကျုပ်ခဗျားကို​ရောခဗျားတို့တမိသားစုလုံးကိုလည်းအရှင်တိုင်းထားမယ်မထင်လေနဲ့''

ထို့နောက်အင်္ကျီစကိုခပ်ပြင်းပြင်းလွှတ်ချလိုက်ပြီး။

''ခေါ်သွားလိုက်ကြ''

ဆက်ထင်ပြောလိုက်သည်နှင့် ပုလိပ်များဟာ ဦးခင်ဇော်အားခေါ်သွားကြတော့သည်။အတော်လေးလူစည်ကားနေသည့်အပြင် အားလုံးဟာကြောက်ရွံ့ထိတ်လန့်နေကြ၏။

''မောင်ခတ္တာကိုတွေ့အောင်ရှာကြစမ်းပါ''

အေးကိုတို့ဘက်ကိုကြည့်၍ပြောလိုက်၏။ပြီးနောက်ဆက်ထင် ထိုနေရာမှထွက်လာခဲ့ပြီးကားပေါ်တက်လာ၍ အရှိန်ပျင်းပျစွာမောင်းလာခဲ့သည်။

ပြန်၍မြင်ယောင်လာသောဆက်ထင်အား မုန်းတီး နာကြည်းသလိုကြည့်သွားသည့် မောင်ခတ္တာရဲ့မျက်ဝန်းများဟာ နှလုံးသားအားနာကျင်စေသည်။ရှင်းပြချင်သည် အကြောင်းအရာအလုံးစုံကိုပြောပြချင်သော်လည်းကိုယ်တိုင်ပင်ရုတ်တရက်လန့်သွားခဲ့သည်။ဘာစကားမှမထွက်လာခဲ့တော့သလို ဘာမှစဥ်းစားမရနိုင် ပူထူလွန်း၍ ပြေးထွက်သွားသည့်အနောက်ကိုလိုက်သွားချင်ပေမယ့် တိုက်ဆိုင်စွာပုလိပ်တွေကဝင်လာသည်မလို့ဆက်ထင်လိုက်သွားလို့မရခဲ့။

အခု​တော့အရိပ်ကလေးမျှပင်မတွေ့ရှိ၊ ဘယ်လောက်ထိငိုကြွေးနေပါမလဲ ဘယ်လောက်ထိခံစားနေပါမလဲ တွေးပူရင်းအသက်ရှုများပင်ကျပ်လာသည်။

လွန်ခဲ့သောလများကလည်းဒီလိုချုံးပွဲချငိုပြီးမူးမေ့လဲသွားခဲ့သည်မလား။ဒီလိုများဖြစ်ခဲ့လျှင် ကိုယ့်ကိုကိုယ်အပြစ်စိတ်ကြီးစိုးလျက် ရှင်လျက်နှင့်သေသွားနိုင်လောက်သည်။စိတ်ချမ်းသာအောင် စိတ်သောကမရောက်အောင်ထားပါ့မယ်ဆိုသည့်ကတိအားဆက်ထင်မတည်နိုင်ခဲ့ ၊ ဒီကလေးအပေါ်များပြားလွန်းတဲ့ဆက်ထင်ရဲ့ပြစ်မှုတွေကိုဘယ်လိုများဖယ်ရှားရပါမလဲ။

တစ်ခုခုဖြစ်သွားခဲ့လျှင်ဆိုသည့်အတွေးတို့ဟာဦးနှောက်ထဲဝင်လာကာပို၍ပူပန်လာပြီး ရင်ထဲတွင်လည်း ဗလောင်ဆူနေတော့သည် ။ ဒီလိုအကြောင်းအရာများနှင့်သာ ခတ္တာအားဆုံးရှုံးလိုက်ရလျှင် ဆက်ထင်အရူးတပိုင်းဖြစ်သွားနိုင်သည်။ကြိုတင်တွေးထားမိသလို တကယ်ပဲအနားကနေထပ်၍ပျောက်ကွယ်သွားနိုင်လောက်သည်။

အနားပတ်ဝန်းကျင်ကိုပတ်၍ရှာလိုက်သော်လည်းအစအနပင်ရှာမတွေ့။

''ကျုပ်ရူးတော့မှာပဲခတ္တာရယ်''

လမ်းကြောင်းပြောင်းလိုက်ပြီးနောက်အနီးစပ်ဆုံးသွားနိုင်သည်ဟုတွေးမိသည့်အိမ်ကိုဦးတည်မောင်းနှင်လိုက်သည်။ အမြန်နှုန်းနှင့်မောင်းလာသည့်အတွက်ခဏလေးအတွင်းခြံအရှေ့သို့ရောက်လာ၏။အရှိန်ပြင်းပြင်းမောင်းနှင်လာသည့်ကားကိုဆောင့်ထိုးရပ်ကာ ကားပေါ်ကလျင်မြန်စွာဆင်းလိုက်ပြီးနောက်ခြံထဲတွင် မြက်ရှင်းနေကြသည့် အိမ်ကလူတွေအနားမပြေးရုံတမယ်လျှောက်သွားလိုက်သည်။

''မောင်ခတ္တာ...မောင်ခတ္တာလာသလား''

ထိုအခါ အားလုံးဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ငြိမ်သက်နေကြသည်။

''ပါးစပ်ကဖြေကြစမ်းပါ''

''မ..မလာပါဘူး သူဌေးမင်း''

မျက်ခုံးစပ်တွေအားလက်ချောင်းများနှင့်ဖိထားလိုက်မိသည်။ပူလောင်လာသည့်ခံစားချက်တွေဟာ ဆက်ထင်အတွက်ဘယ်လိုမှနေ၍အဆင်မပြေတော့။ခြံထဲကလူတွေဟာဆက်ထင်အား ကြောက်လန့်စွာနှင့်အကဲ ဖြတ်လျက်ငြိမ်သက်စွာကြည့်နေကြသည်။

''လူလေးများတစ်ခုခုဖြစ်သလား သူဌေးကြီး''

ဘထွန်းမေးလာသည့်စကားသံကြောင့်ဆက်ထင်ဖြေစရာပျောက်နေခဲ့သည်။တကယ်ပဲကျဥ်းထဲကျပ်ထဲရောက်နေသည့်အခြေအနေကြောင့် ငြိမ်သက်တိတ်ဆိတ်နေမိ၏။ ကြီးမားလွန်းတဲ့အမှားတွေပါပဲ မောင်ခတ္တာကိုတောင်နားလည်အောင်ရှင်းပြနိုင်စွမ်းမရှိသည့်ဆက်ထင်ရဲ့အမှားတွေအား ဘထွန်းဆီဘယ်လိုပြောထွက်ရပါမလဲ။

''ကျုပ်အခုမြို့စွန်အိမ်ဘက်လိုက်သွားမှာမလို့ မောင်ခတ္တာဒီကိုရောက်လာခဲ့ရင်ထပ်ပြီးတစ်လှမ်းမှထွက်မသွားပါစေနဲ့ နားချ ပြီးခေါ်ထားကြပါ ကျုပ်အနူးညွှတ်ကိုတောင်းဆိုပါရဲ့ဘထွန်း''

''ကောင်းပါပြီသူဌေးကြီး သူဌေးကြီးရဲ့လက်...''

ဘထွန်းဟာသွေးစများနှင့်ဆက်ထင်လက်အားကြည့်ရင်းပြောလာသည်မလို့ ဆက်ထင်လက်အားတချက်ကြည့်လိုက်ပြီးခေါင်းခါလိုက်သည်။

ဝတ်ထားသည့်တိုက်ပုံအင်္ကျီအား ကြယ်သီးများဖြုတ်ပစ်ရင်းနှင့်ဆွဲချွတ်လိုက်ကာလက်တစ်ဖက်တွင်ကိုင်ထားပြီး ကားရပ်ထားတဲ့ဆီသို့ပြန်လျှောက်လာလိုက်သည်။ကားပေါ်သို့တက်ပြီးနောက်စက်နှိုးကာမြို့စွန်ဆီသို့ ဆက်မောင်းနှင်လာလိုက်၏။လမ်းတွင်ရှိသမျှ သွားသမျှမြင်းလှည်းများအပေါ် ဂါလီများအပေါ်လိုက်ကြည့်ပါသော်လည်းအရိပ်ကလေးတောင်မတွေ့မိပါ။

တစ်နာရီကျော်မောင်းရသည့်ခရီးအား လမ်းတွင်တွေ့လောက်များမလားဟုဖြည်းဖြည်းချင်းမောင်းကာရှာနေခဲ့ခြင်းကြောင့်နှစ်နာရီသုံးနာရီနီးပါးကြာခဲ့သည်။အိမ်အရှေ့တွင်ရပ်လိုက်ပြီးနောက် ကားပေါ်ဆင်းလိုက်၏။

တံခါးမကြီးအဝတွင်ထိုင်နေသည့်ကလေးမနှစ်ယောက်ဟာဆက်ထင်အားမြင်၍ အလန့်တကြားပြေးဆင်းလာသည်။မျက်နှာများဟာလည်းပူပင်သောကဖြစ်နေပြီးကြောက်ရွံ့နေကြဟန်နှင့်။

''မောင်ခတ္တာရော''

''သူဌေးကြီး...ယဥ်ယဥ်တို့မနက်​စျေးသွားကတည်းထွက်သွားတာအခုထိပြန်မရောက်သေးပါဘူး''

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ဒီနှစ်နေရာဒီအိမ်တွေသာရောက်ဖူးသည့်ကလေးဟာ အခုနှစ်နေရာလုံးမှာမရှိသည့်အတွက် ဆက်ထင်အတွက်မျှော်လင့်ချက်ပျောက်ပြီဖြစ်သည်။အချိန်ဟာလည်းညနေစောင်းခါနီးပြီဖြစ်ပြီး ကြားထဲတွင်ဟသွားသည့်နာရီများတွင်ဘယ်နေရာမှာတွေများရှိနေပါမလဲ။

''တောင်းပန်ပါရဲ့သူဌေးမင်းရယ် အေးမြတို့ပေါ့ဆလိုက်တာပါ''

''ဖြစ်ပြီးနေပြီပဲ မောင်ခတ္တာလာရင်သာဘယ်မှမသွားစေဘဲ ခေါ်ထားလိုက်ချေ ထွက်မသွားပါစေနဲ့''

''ဟုတ်..ဟုတ်ကဲ့ပါ''

ခြံလေးထဲမှပြန်ထွက်လာသည့်​ခြေလှမ်းတို့ဟာအသက်မပါတော့သလိုခေါင်းထဲဗလာသက်သက်ပင်ဖြစ်နေသည်။တစ်ခုခုဖြစ်သွားမှာကိုတွေးကြောက်ရလွန်း၍အသက်မရှင်ချင်တော့။ ကားထဲသို့ပြန်ဝင်လာပြီး မောင်ခတ္တာအားရှာရန်ထိုနေရာမှပြန်ထွက်လာခဲ့သည်။

တစ်နေကုန် ရှာခဲ့သော်လည်း ဘာမှအကြောင်းမထူးခဲ့ နေလဲဝင်သွားသလို ညဥ့်နက်သည်ထိ သွားလောက်သည့်နေရာများအားလုံး လူအင်အားသုံး၍ရှာခဲ့သည်။သို့သော်ခတ္တာအား ဘယ်နေရာတွင်မှာမှမတွေ့ခဲ့ရ။ထိုညကပူလောင်ခဲ့လွန်းသလို အရာအားလုံးအတွက်နောင်တရမိသည်။အားလုံးအဆုံးရှုံးခံပြီးငြင်းဆိုလိုက်ရင်တောင် ဒီလောက်ထိအပူမီးကိုခံစားရမည်ဟုမထင် အခုတော့ မျှော်မှန်းထားသည့်အရာများထပ်ဒီအကျိုးသက်ရောက်မှုဟာအစတစ်ထောင်နီးပါးပြင်းထန်လွန်သည့်အပြင် နာကျင်စေသည်။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

၃ရက်ခန့်ပင်ရှိပြီဖြစ်သည်။ခတ္တာအား တစ်မြို့လုံးအနှံ့ရှာနေပါသော်လည်း ဘာသတင်းအစအနမှမရသလို လူကြုံနှင့်မောင်ခတ္တာ၏ဇာတိအားမေးမြန်းကြည့်သော်လည်း ပြန်မရောက်ကြောင်းနှင့်အဆက်သွယ်မရှိကြောင်းသာကြားရသည်။ ခတ္တာကိုရှာပေးရန်သက်ဆိုင်ရာအရှိအားလုံးကိုအကူညီတောင်းထားသော်လည်း တစ်စုံတစ်ရာအကြောင်းထူးခြင်းမရှိ။

''မသောက်ပါနဲ့တော့လားကိုဆက်ထင် မအိပ်မစားနဲ့ဒီတိုင်းဆက်သွားရင်ကိုဆက်ထင်အန္တရယ်ရှိနိုင်ရဲ့''

အေးကိုဟာ ဘေးမှစိုးရိမ်တကြီးတားနေသော်လည်းခွက်ထဲကကျန်သည့်အရက်ပြင်းပြင်းအားဆက်ထင်မော့ချလိုက်သည်။

''ကျုပ်အသုံးမကျလို့ဖြစ်ရတာပဲမောင်အေးကို...''

''ကိုဆက်ထင်စီစဥ်ခဲ့သမျှအားလုံးအရာထင်ပါရဲ့ ဒါကြောင့်ဒီလိုကိုယ့်ကိုကိုယ်မပြောပါနဲ့ ညီငယ်လဲ ခဏတာစိတ်ဖြေနေတာ​နေမှာပါကိုဆက်ထင် တကယ်ပဲစေ့စပ်ပွဲအထမြောက်သွားခဲ့တာမှမဟုတ်ပါပဲလေ ဒါကြောင့်ကိုယ့်ကိုကိုယ်လဲငဲ့ပါဦးလား''

''သေလူလိုနေနေရတဲ့အချိန်တွေကိုကျုပ်ကောင်းကောင်းမွန်မွန်​ဖြတ်မကျော်နိုင်ဘူးအေးကို မောင်ခတ္တာကိုသာရှာကြပါ မြေလှန်ပြီးသာရှာကြစမ်းပါ''

မချိတင်ကဲရေရွတ်သည့်အသံနှင့်အတူ ဖန်ခွက်အားတင်းကြပ်စွာကိုင်ထားမိသည်။

''အားလုံးအစွမ်းကုန်ကြိုးစားရှာနေကြပါရဲ့ ကိုဆက်ထင် စိတ်ချပါ ခတ္တာကိုကျွန်တော်မတွေ့တွေ့အောင်ရှာဖွေပေးပါမယ်''

အေးကိုအခန်းထဲကထွက်သွားသည့်အခါ အရက်ပုလင်းထဲမှအရက်တို့အားဖန်ခွက်ထဲသို့ငှဲ့ထည့်ရင်းရေပင်မရောပဲသောက်လိုက်သည်။ဒီခပ်ပြင်းပြင်းအရသာတွေနှင့်အတူအသက်မသေပဲငရဲတွင်းထဲကျနေသည့်အချိန်တိုင်းကိုဖြတ်ကျော်လာခဲ့သည်မှာ ၃ရက်ပင်ရှိပြီဖြစ်၏။

ချစ်ရတဲ့သူအား ကိုယ်တိုင်အနာတရဖြစ်စေသည့်အခါ အပြစ်ရှိတဲ့သူတစ်ယောက်လိုခံစားရသည့်အတွက်ပုံမာန်တိုင်းသွားလာလှုပ်ရှားဖို့ရာမတတ်နိုင်တော့။အချိန်တွေသာနောက်ပြန်ဆုတ်ခွင့်ရှိရင် ဘာမှမလုပ်ခင်ကတည်းကအားလုံးကိုဖွင့်ပြောပြခဲ့ရင်ရောအခြေအနေဟာတမျိုးပြောင်းနိုင်ခဲ့လောက်မလား။စိတ်ဆင်းရဲသောကရောက်မည်စိုး၍လျှို့ဝှက်ခဲ့သမျှအရာတွေအားလုံးခတ္တာမျက်မြင်တွေ့လိုက်ရသည့်အပြင် နောက်ဆုံးကျောခိုင်းသွားတဲ့အချိန်အထိကို ခတ္တာအနောက်သို့လိုက်မသွားနိုင်ခဲ့။

ဆံပင်တွေအားဆွဲဖွလိုက်ပြီး မျက်ခုံးစပ်များအားလက်ချောင်းများနှင့်ဖိထားမိသည်။ဘာမှမလုပ်နိုင်တော့လောက်အောင်ထိ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားရသလို ခံစားချက်မျိုးတွေ ။

''တောက်!''

လက်ထဲကဖန်ခွက်ကလေးဟာလေပေါ်လွင့်သွားပြီးနောက် နံရံနှင့်ထိကာ အောက်သို့ကျလျက် အစိတ်စိတ်အမွှာမွှာကွဲထွက်သည်။

ထိုင်ရာမှယိုင်နဲ့စွာထလိုက်ပြီးနောက် စာကြည့်ခန်းအပြင်သို့ထွက်လာခဲ့ပြီးအောက်သို့ဆင်းလာခဲ့သည်။ သောက်ထားသည့်အရှိန်ဟာလှုပ်ရှားလိုက်သည့်အခါတွင် တရိပ်ရိပ်ထိုးတက်လျက် ခြေလှမ်းများပင်မမှန်တော့ ။ ဆက်ထင် ကားအနားလျှောက်လာသည့်အခါ ဒရိုင်ဘာဟာအပြေးရောက်လာပြီး။

''ဘယ်များသွားမလို့ပါလဲသူဌေးမင်း ကျုပ်လိုက်ပို့ပေးပါမယ် ဒီပုံစံနဲ့ကားမောင်းရင်အန္တရယ်ရှိပါရဲ့''

''နေပါစေ''

ဆက်ထင်ကလက်ကာပြရင်းကားတံခါးကိုဆွဲဖွင့်ပြီးအထဲဝင်ထိုင်ကာစက်နှိုး၍ ခြံထဲမှမောင်းထွက်လာလိုက်သည်။ ကိုယ့်ကိုကိုယ်ချုပ်ထိန်းစွမ်းမရှိတော့သလိုအဓိပ္ပါယ်မဲ့နေတဲ့လူလိုခံစားရ၏။

နေ့တိုင်း မောင်ခတ္တာကိုတွေ့လိုတွေ့ငြားဒီလိုလမ်းတစ်လျှောက်နေရာအနှံ့ကိုယ်တိုင်လိုက်ရှာလိုက်ခဲ့သော်လည်းမတွေ့ခဲ့ပေ။ တစ်ဦးတစ်ယောက်ကိုဆုံးရှုံးရမှာကြောက်သည့်စိတ်ဟာတုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းမှန်းမောင်ခတ္တာကြောင့်ဆက်ထင်နားလည်လာမိသည်။ဘဝတွင်တစ်ခါမှမဖြစ်ခဲ့ဖူးသည့်ခံစားချက်မျိုးတွေကိုခံစားနေရပြီးအသက်မပါတော့သလိုပင်။

မိုးပေါက်များဟာရုတ်တရက်ကျဆင်းလာပြီး ဆက်ထင် ကားကိုလမ်းဘေးတွင်ရပ်ချလိုက်သည်။ အမြင်အာရုံအတွင်းမှတဖျောက်ဖျောက်ကျနေသည့်မိုးစက်တို့ကိုကြည့်ရင်းဝေဒနာဟာအဆပေါင်းများစွာပိုတိုးလာ၏။

ကားထဲမှထွက်၍သည်းထန်နေသည့်မိုးရေများကြားထဲအသက်မဲ့စွာရပ်နေမိသည်။ချစ်ရသူမှာဆက်ထင်အားစိတ်နာသွားလောက်သည် မုန်းတီးရွံရှာသွားလောက်သည် မတည်နိုင်သောကတိတွေပေးတဲ့သူအလေးမထားသည့်သူဟုအမျိုးမျိုးတွေးထင်သွားလောက်သည်။မနက်ဖြန်တိုင်းဟာပို၍ပို၍ဖြတ်သန်းဖို့ရာခက်ခဲလာသည့်အတွက် မောင်ခတ္တ​ေအနားကိုပြန်ရောက်လာဖို့ဘယ်အရာပဲလုပ်ရပါစေ ဆက်ထင်လုပ်ချင်မိသည်။

သို့သော်ယုန်ဖြူလေးဟာသိပ်ကိုပုန်းတတ်လွန်း၍အရိပ်အယောင်လေးတောင်မပြခဲ့သလို သူရှိနေကြောင်းအသံလေးပင်မပေးသည့်အခါ ဒီလူမှာအရူးတစ်ပိုင်းဖြစ်နေရတော့၏။

အပိုင်း ၆၀ကို၁၁နာရီupပေးပါမယ်။

Zaw Gyi

''ေမာင္ရင္ေျပာေတာ့ဒီနည္းနဲ႕အားလုံးေျပလည္သြားမယ္ဆို''

ပုလိပ္ေတြလက္ထဲမွဦးခင္ေဇာ္ဟာတုန္ယင္ေနသည့္အသံႏွင့္စိုင္းသိဒၶိအားေျပာလာသည္မလို႔ ဆက္ထင္အံ့ၾသႀကီးစြာစိုင္းသိဒၶိအားၾကည့္လိုက္သည္။ေစ့စပ္ပြဲပ်က္သြားသလို ပုလိပ္ေတြဝင္လာၿပီး ဦးခင္ေဇာ္အားလာဘ္ေပးလာဘ္ယူ အဂတိလိုက္စားမႈႏွင့္ေရွာင္တခင္စစ္ေဆးရန္လာ၍ဖမ္းဆီးၾကသည္။

ထိုစဥ္အနားသို႔အေျပးအလႊားေရာက္လာသည့္ လူတစ္စုႏွင့္ေအးကိုေၾကာင့္ဆက္ထင္စိုးရိမ္စိတ္မ်ားစြာႏွင့္ ေျပးသြားလိုက္ၿပီး။

''ေတြ႕ခဲ့သလား''

''မရွိေတာ့ပါဘူးကိုဆက္ထင္ အနားပတ္ဝန္းက်င္ေနရာအႏွံ႕ လမ္းအႏွံ႕ပါပဲ''

ရင္ထဲဗေလာင္ဆူေနသည့္ခံစားခ်က္ႏွင့္အတူတူဆံပင္ေတြၾကားလက္ေခ်ာင္းမ်ားထိုးဖြ၍ စိုင္းသိဒၶိဆီသို႔ေျခလွမ္းမ်ားေရာက္ရွိသြားကာစိတ္ထဲအရွိတိုင္း ထိုးႀကိတ္မိေတာ့သည္။

''ကိုဆက္ထင္...''

''ဟာဝိုင္းဆြဲၾကပါဦး''

ေျမျပင္ေပၚလဲသြား၍ မ်က္ႏွာတစ္ခုလုံးစုတ္ျပတ္သပ္ကာေသြးမ်ားစီးက်သည့္တိုင္ ရယ္ေမာလ်က္မလို႔ထိုအျပဳအမူဟာ ဆက္ထင္လက္ေတြကိုအထိန္းအခ်ဳပ္မဲ့စြာျဖစ္ေစသည္။ထို႔ေနာက္အနီးအနားလူေတြအားလုံးဝိုင္းဝန္းဆြဲၾကသလို ပုလိပ္မ်ားကလည္း ဆက္ထင္အားထိန္းခ်ဳပ္ထားၾကသည့္အခါ လူခ်င္းကြဲသြားသည္။

''ဒီအရာေတြအားလုံးမင္းအႀကံစည္ေတြပဲေပါ့ဟုတ္သလားဟမ္!''

''အႀကံျပဳလိုက္႐ုံေလးပါ မ်ိဳးထင္ရာ ဟားဟား''

''စိတ္ဓာတ္ေအာက္တန္းက်လွခ်ည္လား ဟမ္ မင္းဘယ္လိုျဖစ္သြားရတာလဲ စိုင္းသိဒၶိ ေျပာစမ္းပါငါ့ကို''

ဆက္ထင္ ခႏၶာကိုယ္တစ္ခုလုံးေသြးပြက္ပြက္ဆူေနသလိုခံစားရၿပီးအားလုံးဟာ အားႏွင့္မာန္ႏွင့္ဆက္ထင္အား ဆြဲထားၾကသည္။

''မင္းအတြက္ဒီ့ထပ္ေကာင္းမြန္တဲ့လက္ေဆာင္ပ႑ာကမရွိေတာ့ဘူးေလ ဘာေၾကာင့္မ်ားေဒါသထြက္ေနရသလဲမ်ိဳးထင္ရ ေစ့စပ္ပြဲပ်က္သြားလို႔မ်ားလားဒါမွမဟုတ္တိတ္တိတ္ပုန္းလုပ္ေနတဲ့ေစ့စပ္ပြဲကို မသိေစခ်င္တဲ့သူကေရာက္လာခဲ့လို႔လား''

စိုင္းသိဒၶိရဲ႕စိတ္ကို ဆက္ထင္နားမလည္နိုင္ေတာ့သလိုအံ့ၾသလြန္း၍ျမန္ဆန္ေနသည့္အသက္ရႈသံမွလြဲလို႔ဘာမွမထြက္နိုင္ေတာ့ေခ်။ဒီအရာေတြျဖစ္လာဖို႔ဦးခင္ေဇာ္အားတိတ္တဆိတ္အႀကံေပးေနခဲ့သည့္အျပင္ခတၱာအားဒီေနရာအထိေရာက္ေအာင္ေခၚလာခဲ့ေသးသည္။ဘာအေၾကာင္းေၾကာင့္မ်ားအဲ့ဒီေလာက္အညိုးအေတးေတြမေက်နပ္ခ်က္ေတြမ်ား၍ဒီလိုလုပ္ရပ္ေတြအထိလုပ္ရပါသလဲ ဆက္ထင္ဟာစိုင္းသိဒၶိအေပၚသို႔ဘာမ်ားက်ဴးလြန္မိပါသလဲစိတ္ေတြဟာရႈပ္ေထြးလာခဲ့သည္။

''မင္းလို မစ္ဆရိယစိတ္ရွိၿပီးယုတ္ညံ့တဲ့ေကာင္နဲ႕ေပါင္းသင္းမိခဲ့တဲ့ငါ့ကိုယ္ငါရွက္လြန္းလို႔ စိုင္းသိဒၶိ''

''အဲ့ဒီမစ္ဆရိယစိတ္ကမင္းအေပၚပဲထားထားတာ ငါမပိုင္ဆိုင္အရာေလးကို မင္းလဲရမယ္လို႔ထင္ေနသလားမ်ိဳးဆက္ထင္''

''မင္း...''

ထပ္၍ေပါက္ကြဲထြက္လာသည့္ ေဒါသစိတ္အစဥ္တို႔ဟာ အားလုံးခ်ဳပ္ထားရာမွ အားအင္ႏွင့္႐ုန္းထြက္ေစၿပီး ေျမျပင္ေပၚမွစိုင္းသိဒၶိအား ထပ္မံ၍ အမဲျဖတ္သည့္အတိုင္းထိုးႀကိတ္မိသည္။မ်က္ႏွာတစ္ခုလုံးေသြးခ်င္းခ်င္းရဲသည္အထိ စိတ္မႏွံ႕သည့္အ႐ူးတစ္ေယာက္လိုရယ္ေမာေနေသးသည့္အတြက္ေဒါသဟာထိန္းခ်ဳပ္မနိုင္။

''သတ္ပြဲေတြျဖစ္ကုန္ပါဦးမယ္ဆြဲၾကပါဦးေဟ့''

''ကိုဆက္ထင္ ေဒါသကိုထိန္းစမ္းပါဦးဗ်ာ''

လူအေတာ္အမ်ားဟာ ဆက္ထင္ခႏၶာကိုယ္အားထပ္၍လာခ်ဳပ္ကိုင္ထားၾကသည္။က်န္သည့္လူမ်ားကလဲ စိုင္းသိဒၶိကိုေျမျပင္မွဆြဲထူေပး၍ ထပ္မျဖစ္ရန္ကာထားၾကသည္။

''ခတၱာတစ္ခုခုျဖစ္သြားခဲ့ရင္မင္းကိုငါ့လက္နဲ႕ကိုယ္တိုင္သတ္ပစ္မွာ ငါက်ိန္ဆိုပါရဲ႕စိုင္းသိဒၶိ မင္းတစ္ဘဝလုံးစုတ္ျပတ္သပ္သြားသည္အထိငါလုပ္ပစ္မွာ''

ထို႔ေနာက္တဆက္တည္း ဦးခင္ေဇာ္တို႔ ဘက္သို႔လွည့္ရင္း ပုလိပ္အရာရွိမင္းထံၾကည့္လိုက္ၿပီးေနာက္။

''ဒီလူသူ႕အျပစ္ကေန ေကြကြင္းလာခဲ့ရင္ဘာျဖစ္သြားမလဲဆိုတာ ႀကိဳသာေတြးထားလိုက္လို႔ေျပာလိုက္ေခ်''

''နားလည္ပါၿပီ''

''ေမာင္ရင္ က်ဳပ္မွားပါရဲ႕...ဒါေၾကာင့္သက္ညွာေပးပါ''

ဆက္ထင္ တုန္ယင္စြာေျပာလာသည့္ ဦးခင္ေဇာ္ဘက္သို႔လွည့္ကာ ထိုလူရဲ႕အကၤ်ီစကိုဆြဲယူလိုက္ၿပီးေနာက္။

''က်ဳပ္ဘယ္လိုေကာင္လဲဆိုတာ ခဗ်ားသိရက္နဲ႕လာစခဲ့တာမလား သက္ညွာေပးဖို႔အစီအစဥ္မရွိသလို အခုအျဖစ္အပ်က္ေတြေၾကာင့္က်ဳပ္ခ်စ္ရတဲ့သူကိုဆုံးရႈံးရရင္က်ဳပ္ခဗ်ားကိုေရာခဗ်ားတို႔တမိသားစုလုံးကိုလည္းအရွင္တိုင္းထားမယ္မထင္ေလနဲ႕''

ထို႔ေနာက္အကၤ်ီစကိုခပ္ျပင္းျပင္းလႊတ္ခ်လိဳက္ၿပီး။

''ေခၚသြားလိုက္ၾက''

ဆက္ထင္ေျပာလိုက္သည္ႏွင့္ ပုလိပ္မ်ားဟာ ဦးခင္ေဇာ္အားေခၚသြားၾကေတာ့သည္။အေတာ္ေလးလူစည္ကားေနသည့္အျပင္ အားလုံးဟာေၾကာက္႐ြံ႕ထိတ္လန့္ေနၾက၏။

''ေမာင္ခတၱာကိုေတြ႕ေအာင္ရွာၾကစမ္းပါ''

ေအးကိုတို႔ဘက္ကိုၾကည့္၍ေျပာလိုက္၏။ၿပီးေနာက္ဆက္ထင္ ထိုေနရာမွထြက္လာခဲ့ၿပီးကားေပၚတက္လာ၍ အရွိန္ပ်င္းပ်စြာေမာင္းလာခဲ့သည္။

ျပန္၍ျမင္ေယာင္လာေသာဆက္ထင္အား မုန္းတီး နာၾကည္းသလိုၾကည့္သြားသည့္ ေမာင္ခတၱာရဲ႕မ်က္ဝန္းမ်ားဟာ ႏွလုံးသားအားနာက်င္ေစသည္။ရွင္းျပခ်င္သည္ အေၾကာင္းအရာအလုံးစုံကိုေျပာျပခ်င္ေသာ္လည္းကိုယ္တိုင္ပင္႐ုတ္တရက္လန့္သြားခဲ့သည္။ဘာစကားမွမထြက္လာခဲ့ေတာ့သလို ဘာမွစဥ္းစားမရနိုင္ ပူထူလြန္း၍ ေျပးထြက္သြားသည့္အေနာက္ကိုလိုက္သြားခ်င္ေပမယ့္ တိုက္ဆိုင္စြာပုလိပ္ေတြကဝင္လာသည္မလို႔ဆက္ထင္လိုက္သြားလို႔မရခဲ့။

အခုေတာ့အရိပ္ကေလးမွ်ပင္မေတြ႕ရွိ၊ ဘယ္ေလာက္ထိငိုေႂကြးေနပါမလဲ ဘယ္ေလာက္ထိခံစားေနပါမလဲ ေတြးပူရင္းအသက္ရႈမ်ားပင္က်ပ္လာသည္။

လြန္ခဲ့ေသာလမ်ားကလည္းဒီလိုခ်ဳံးပြဲခ်ငိဳၿပီးမူးေမ့လဲသြားခဲ့သည္မလား။ဒီလိုမ်ားျဖစ္ခဲ့လွ်င္ ကိုယ့္ကိုကိုယ္အျပစ္စိတ္ႀကီးစိုးလ်က္ ရွင္လ်က္ႏွင့္ေသသြားနိုင္ေလာက္သည္။စိတ္ခ်မ္းသာေအာင္ စိတ္ေသာကမေရာက္ေအာင္ထားပါ့မယ္ဆိုသည့္ကတိအားဆက္ထင္မတည္နိုင္ခဲ့ ၊ ဒီကေလးအေပၚမ်ားျပားလြန္းတဲ့ဆက္ထင္ရဲ႕ျပစ္မႈေတြကိုဘယ္လိုမ်ားဖယ္ရွားရပါမလဲ။

တစ္ခုခုျဖစ္သြားခဲ့လွ်င္ဆိုသည့္အေတြးတို႔ဟာဦးႏွောက္ထဲဝင္လာကာပို၍ပူပန္လာၿပီး ရင္ထဲတြင္လည္း ဗေလာင္ဆူေနေတာ့သည္ ။ ဒီလိုအေၾကာင္းအရာမ်ားႏွင့္သာ ခတၱာအားဆုံးရႈံးလိုက္ရလွ်င္ ဆက္ထင္အ႐ူးတပိုင္းျဖစ္သြားနိုင္သည္။ႀကိဳတင္ေတြးထားမိသလို တကယ္ပဲအနားကေနထပ္၍ေပ်ာက္ကြယ္သြားနိုင္ေလာက္သည္။

အနားပတ္ဝန္းက်င္ကိုပတ္၍ရွာလိုက္ေသာ္လည္းအစအနပင္ရွာမေတြ႕။

''က်ဳပ္႐ူးေတာ့မွာပဲခတၱာရယ္''

လမ္းေၾကာင္းေျပာင္းလိုက္ၿပီးေနာက္အနီးစပ္ဆုံးသြားနိုင္သည္ဟုေတြးမိသည့္အိမ္ကိုဦးတည္ေမာင္းႏွင္လိုက္သည္။ အျမန္ႏႈန္းႏွင့္ေမာင္းလာသည့္အတြက္ခဏေလးအတြင္းၿခံအေရွ႕သို႔ေရာက္လာ၏။အရွိန္ျပင္းျပင္းေမာင္းႏွင္လာသည့္ကားကိုေဆာင့္ထိုးရပ္ကာ ကားေပၚကလ်င္ျမန္စြာဆင္းလိုက္ၿပီးေနာက္ၿခံထဲတြင္ ျမက္ရွင္းေနၾကသည့္ အိမ္ကလူေတြအနားမေျပး႐ုံတမယ္ေလွ်ာက္သြားလိုက္သည္။

''ေမာင္ခတၱာ...ေမာင္ခတၱာလာသလား''

ထိုအခါ အားလုံးဟာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍ၿငိမ္သက္ေနၾကသည္။

''ပါးစပ္ကေျဖၾကစမ္းပါ''

''မ..မလာပါဘူး သူေဌးမင္း''

မ်က္ခုံးစပ္ေတြအားလက္ေခ်ာင္းမ်ားႏွင့္ဖိထားလိုက္မိသည္။ပူေလာင္လာသည့္ခံစားခ်က္ေတြဟာ ဆက္ထင္အတြက္ဘယ္လိုမွေန၍အဆင္မေျပေတာ့။ၿခံထဲကလူေတြဟာဆက္ထင္အား ေၾကာက္လန႔္စြာႏွင့္အကဲ ျဖတ္လ်က္ၿငိမ္သက္စြာၾကည့္ေနၾကသည္။

''လူေလးမ်ားတစ္ခုခုျဖစ္သလား သူေဌးႀကီး''

ဘထြန္းေမးလာသည့္စကားသံေၾကာင့္ဆက္ထင္ေျဖစရာေပ်ာက္ေနခဲ့သည္။တကယ္ပဲက်ဥ္းထဲက်ပ္ထဲေရာက္ေနသည့္အေျခအေနေၾကာင့္ ၿငိမ္သက္တိတ္ဆိတ္ေနမိ၏။ ႀကီးမားလြန္းတဲ့အမွားေတြပါပဲ ေမာင္ခတၱာကိုေတာင္နားလည္ေအာင္ရွင္းျပနိုင္စြမ္းမရွိသည့္ဆက္ထင္ရဲ႕အမွားေတြအား ဘထြန္းဆီဘယ္လိုေျပာထြက္ရပါမလဲ။

''က်ဳပ္အခုၿမိဳ႕စြန္အိမ္ဘက္လိုက္သြားမွာမလို႔ ေမာင္ခတၱာဒီကိုေရာက္လာခဲ့ရင္ထပ္ၿပီးတစ္လွမ္းမွထြက္မသြားပါေစနဲ႕ နားခ် ၿပီးေခၚထားၾကပါ က်ဳပ္အႏူးၫႊတ္ကိုေတာင္းဆိုပါရဲ႕ဘထြန္း''

''ေကာင္းပါၿပီသူေဌးႀကီး သူေဌးႀကီးရဲ႕လက္...''

ဘထြန္းဟာေသြးစမ်ားႏွင့္ဆက္ထင္လက္အားၾကည့္ရင္းေျပာလာသည္မလို႔ ဆက္ထင္လက္အားတခ်က္ၾကည့္လိုက္ၿပီးေခါင္းခါလိုက္သည္။

ဝတ္ထားသည့္တိုက္ပုံအကၤ်ီအား ၾကယ္သီးမ်ားျဖဳတ္ပစ္ရင္းႏွင့္ဆြဲခြၽတ္လိုက္ကာလက္တစ္ဖက္တြင္ကိုင္ထားၿပီး ကားရပ္ထားတဲ့ဆီသို႔ျပန္ေလွ်ာက္လာလိုက္သည္။ကားေပၚသို႔တက္ၿပီးေနာက္စက္ႏွိုးကာၿမိဳ႕စြန္ဆီသို႔ ဆက္ေမာင္းႏွင္လာလိုက္၏။လမ္းတြင္ရွိသမွ် သြားသမွ်ျမင္းလွည္းမ်ားအေပၚ ဂါလီမ်ားအေပၚလိုက္ၾကည့္ပါေသာ္လည္းအရိပ္ကေလးေတာင္မေတြ႕မိပါ။

တစ္နာရီေက်ာ္ေမာင္းရသည့္ခရီးအား လမ္းတြင္ေတြ႕ေလာက္မ်ားမလားဟုျဖည္းျဖည္းခ်င္းေမာင္းကာရွာေနခဲ့ျခင္းေၾကာင့္ႏွစ္နာရီသုံးနာရီနီးပါးၾကာခဲ့သည္။အိမ္အေရွ႕တြင္ရပ္လိုက္ၿပီးေနာက္ ကားေပၚဆင္းလိုက္၏။

တံခါးမႀကီးအဝတြင္ထိုင္ေနသည့္ကေလးမႏွစ္ေယာက္ဟာဆက္ထင္အားျမင္၍ အလန့္တၾကားေျပးဆင္းလာသည္။မ်က္ႏွာမ်ားဟာလည္းပူပင္ေသာကျဖစ္ေနၿပီးေၾကာက္႐ြံ႕ေနၾကဟန္ႏွင့္။

''ေမာင္ခတၱာေရာ''

''သူေဌးႀကီး...ယဥ္ယဥ္တို႔မနက္ေစ်းသြားကတည္းထြက္သြားတာအခုထိျပန္မေရာက္ေသးပါဘူး''

ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့ ဒီႏွစ္ေနရာဒီအိမ္ေတြသာေရာက္ဖူးသည့္ကေလးဟာ အခုႏွစ္ေနရာလုံးမွာမရွိသည့္အတြက္ ဆက္ထင္အတြက္ေမွ်ာ္လင့္ခ်က္ေပ်ာက္ၿပီျဖစ္သည္။အခ်ိန္ဟာလည္းညေနေစာင္းခါနီးၿပီျဖစ္ၿပီး ၾကားထဲတြင္ဟသြားသည့္နာရီမ်ားတြင္ဘယ္ေနရာမွာေတြမ်ားရွိေနပါမလဲ။

''ေတာင္းပန္ပါရဲ႕သူေဌးမင္းရယ္ ေအးျမတို႔ေပါ့ဆလိုက္တာပါ''

''ျဖစ္ၿပီးေနၿပီပဲ ေမာင္ခတၱာလာရင္သာဘယ္မွမသြားေစဘဲ ေခၚထားလိုက္ေခ် ထြက္မသြားပါေစနဲ႕''

''ဟုတ္..ဟုတ္ကဲ့ပါ''

ၿခံေလးထဲမွျပန္ထြက္လာသည့္ေျခလွမ္းတို႔ဟာအသက္မပါေတာ့သလိုေခါင္းထဲဗလာသက္သက္ပင္ျဖစ္ေနသည္။တစ္ခုခုျဖစ္သြားမွာကိုေတြးေၾကာက္ရလြန္း၍အသက္မရွင္ခ်င္ေတာ့။ ကားထဲသို႔ျပန္ဝင္လာၿပီး ေမာင္ခတၱာအားရွာရန္ထိုေနရာမွျပန္ထြက္လာခဲ့သည္။

တစ္ေနကုန္ ရွာခဲ့ေသာ္လည္း ဘာမွအေၾကာင္းမထူးခဲ့ ေနလဲဝင္သြားသလို ညဥ့္နက္သည္ထိ သြားေလာက္သည့္ေနရာမ်ားအားလုံး လူအင္အားသုံး၍ရွာခဲ့သည္။သို႔ေသာ္ခတၱာအား ဘယ္ေနရာတြင္မွာမွမေတြ႕ခဲ့ရ။ထိုညကပူေလာင္ခဲ့လြန္းသလို အရာအားလုံးအတြက္ေနာင္တရမိသည္။အားလုံးအဆုံးရႈံးခံၿပီးျငင္းဆိုလိုက္ရင္ေတာင္ ဒီေလာက္ထိအပူမီးကိုခံစားရမည္ဟုမထင္ အခုေတာ့ ေမွ်ာ္မွန္းထားသည့္အရာမ်ားထပ္ဒီအက်ိဳးသက္ေရာက္မႈဟာအစတစ္ေထာင္နီးပါးျပင္းထန္လြန္သည့္အျပင္ နာက်င္ေစသည္။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

၃ရက္ခန့္ပင္ရွိၿပီျဖစ္သည္။ခတၱာအား တစ္ၿမိဳ႕လုံးအႏွံ႕ရွာေနပါေသာ္လည္း ဘာသတင္းအစအနမွမရသလို လူႀကဳံႏွင့္ေမာင္ခတၱာ၏ဇာတိအားေမးျမန္းၾကည့္ေသာ္လည္း ျပန္မေရာက္ေၾကာင္းႏွင့္အဆက္သြယ္မရွိေၾကာင္းသာၾကားရသည္။ ခတၱာကိုရွာေပးရန္သက္ဆိုင္ရာအရွိအားလုံးကိုအကူညီေတာင္းထားေသာ္လည္း တစ္စုံတစ္ရာအေၾကာင္းထူးျခင္းမရွိ။

''မေသာက္ပါနဲ႕ေတာ့လားကိုဆက္ထင္ မအိပ္မစားနဲ႕ဒီတိုင္းဆက္သြားရင္ကိုဆက္ထင္အႏၱရယ္ရွိနိုင္ရဲ႕''

ေအးကိုဟာ ေဘးမွစိုးရိမ္တႀကီးတားေနေသာ္လည္းခြက္ထဲကက်န္သည့္အရက္ျပင္းျပင္းအားဆက္ထင္ေမာ့ခ်လိဳက္သည္။

''က်ဳပ္အသုံးမက်လိဳ႕ျဖစ္ရတာပဲေမာင္ေအးကို...''

''ကိုဆက္ထင္စီစဥ္ခဲ့သမွ်အားလုံးအရာထင္ပါရဲ႕ ဒါေၾကာင့္ဒီလိုကိုယ့္ကိုကိုယ္မေျပာပါနဲ႕ ညီငယ္လဲ ခဏတာစိတ္ေျဖေနတာေနမွာပါကိုဆက္ထင္ တကယ္ပဲေစ့စပ္ပြဲအထေျမာက္သြားခဲ့တာမွမဟုတ္ပါပဲေလ ဒါေၾကာင့္ကိုယ့္ကိုကိုယ္လဲငဲ့ပါဦးလား''

''ေသလူလိုေနေနရတဲ့အခ်ိန္ေတြကိုက်ဳပ္ေကာင္းေကာင္းမြန္မြန္ျဖတ္မေက်ာ္နိုင္ဘူးေအးကို ေမာင္ခတၱာကိုသာရွာၾကပါ ေျမလွန္ၿပီးသာရွာၾကစမ္းပါ''

မခ်ိတင္ကဲေရ႐ြတ္သည့္အသံႏွင့္အတူ ဖန္ခြက္အားတင္းၾကပ္စြာကိုင္ထားမိသည္။

''အားလုံးအစြမ္းကုန္ႀကိဳးစားရွာေနၾကပါရဲ႕ ကိုဆက္ထင္ စိတ္ခ်ပါ ခတၱာကိုကြၽန္ေတာ္မေတြ႕ေတြ႕ေအာင္ရွာေဖြေပးပါမယ္''

ေအးကိုအခန္းထဲကထြက္သြားသည့္အခါ အရက္ပုလင္းထဲမွအရက္တို႔အားဖန္ခြက္ထဲသို႔ငွဲ႕ထည့္ရင္းေရပင္မေရာပဲေသာက္လိုက္သည္။ဒီခပ္ျပင္းျပင္းအရသာေတြႏွင့္အတူအသက္မေသပဲငရဲတြင္းထဲက်ေနသည့္အခ်ိန္တိုင္းကိုျဖတ္ေက်ာ္လာခဲ့သည္မွာ ၃ရက္ပင္ရွိၿပီျဖစ္၏။

ခ်စ္ရတဲ့သူအား ကိုယ္တိုင္အနာတရျဖစ္ေစသည့္အခါ အျပစ္ရွိတဲ့သူတစ္ေယာက္လိုခံစားရသည့္အတြက္ပုံမာန္တိုင္းသြားလာလႈပ္ရွားဖို႔ရာမတတ္နိုင္ေတာ့။အခ်ိန္ေတြသာေနာက္ျပန္ဆုတ္ခြင့္ရွိရင္ ဘာမွမလုပ္ခင္ကတည္းကအားလုံးကိုဖြင့္ေျပာျပခဲ့ရင္ေရာအေျခအေနဟာတမ်ိဳးေျပာင္းနိုင္ခဲ့ေလာက္မလား။စိတ္ဆင္းရဲေသာကေရာက္မည္စိုး၍လွ်ို႔ဝွက္ခဲ့သမွ်အရာေတြအားလုံးခတၱာမ်က္ျမင္ေတြ႕လိုက္ရသည့္အျပင္ ေနာက္ဆုံးေက်ာခိုင္းသြားတဲ့အခ်ိန္အထိကို ခတၱာအေနာက္သို႔လိုက္မသြားနိုင္ခဲ့။

ဆံပင္ေတြအားဆြဲဖြလိုက္ၿပီး မ်က္ခုံးစပ္မ်ားအားလက္ေခ်ာင္းမ်ားႏွင့္ဖိထားမိသည္။ဘာမွမလုပ္နိုင္ေတာ့ေလာက္ေအာင္ထိ ပိုင္ဆိုင္သမွ် ဆုံးရႈံးသြားရသလို ခံစားခ်က္မ်ိဳးေတြ ။

''ေတာက္!''

လက္ထဲကဖန္ခြက္ကေလးဟာေလေပၚလြင့္သြားၿပီးေနာက္ နံရံႏွင့္ထိကာ ေအာက္သို႔က်လ်က္ အစိတ္စိတ္အမႊာမႊာကြဲထြက္သည္။

ထိုင္ရာမွယိုင္နဲ႕စြာထလိုက္ၿပီးေနာက္ စာၾကည့္ခန္းအျပင္သို႔ထြက္လာခဲ့ၿပီးေအာက္သို႔ဆင္းလာခဲ့သည္။ ေသာက္ထားသည့္အရွိန္ဟာလႈပ္ရွားလိုက္သည့္အခါတြင္ တရိပ္ရိပ္ထိုးတက္လ်က္ ေျခလွမ္းမ်ားပင္မမွန္ေတာ့ ။ ဆက္ထင္ ကားအနားေလွ်ာက္လာသည့္အခါ ဒရိုင္ဘာဟာအေျပးေရာက္လာၿပီး။

''ဘယ္မ်ားသြားမလို႔ပါလဲသူေဌးမင္း က်ဳပ္လိုက္ပို႔ေပးပါမယ္ ဒီပုံစံနဲ႕ကားေမာင္းရင္အႏၱရယ္ရွိပါရဲ႕''

''ေနပါေစ''

ဆက္ထင္ကလက္ကာျပရင္းကားတံခါးကိုဆြဲဖြင့္ၿပီးအထဲဝင္ထိုင္ကာစက္ႏွိုး၍ ၿခံထဲမွေမာင္းထြက္လာလိုက္သည္။ ကိုယ့်ကိုကိုယ်ျခဳပ်ထိန်းစွမ်းမရွိေတာ့သလိုအဓိပ္ပါယ်မဲ့နေတဲ့လူလိုခံစားရ၏။

ေန႕တိုင္း ေမာင္ခတၱာကိုေတြ႕လိုေတြ႕ျငားဒီလိုလမ္းတစ္ေလွ်ာက္ေနရာအႏွံ႕ကိုယ္တိုင္လိုက္ရွာလိုက္ခဲ့ေသာ္လည္းမေတြ႕ခဲ့ေပ။ တစ္ဦးတစ္ေယာက္ကိုဆုံးရႈံးရမွာေၾကာက္သည့္စိတ္ဟာတုန္လႈပ္ေျခာက္ျခားဖြယ္ရာေကာင္းမွန္းေမာင္ခတၱာေၾကာင့္ဆက္ထင္နားလည္လာမိသည္။ဘဝတြင္တစ္ခါမွမျဖစ္ခဲ့ဖူးသည့္ခံစားခ်က္မ်ိဳးေတြကိုခံစားေနရၿပီးအသက္မပါေတာ့သလိုပင္။

မိုးေပါက္မ်ားဟာ႐ုတ္တရက္က်ဆင္းလာၿပီး ဆက္ထင္ ကားကိုလမ္းေဘးတြင္ရပ္ခ်လိဳက္သည္။ အျမင္အာ႐ုံအတြင္းမွတေဖ်ာက္ေဖ်ာက္က်ေနသည့္မိုးစက္တို႔ကိုၾကည့္ရင္းေဝဒနာဟာအဆေပါင္းမ်ားစြာပိုတိုးလာ၏။

ကားထဲမွထြက္၍သည္းထန္ေနသည့္မိုးေရမ်ားၾကားထဲအသက္မဲ့စြာရပ္ေနမိသည္။ခ်စ္ရသူမွာဆက္ထင္အားစိတ္နာသြားေလာက္သည္ မုန္းတီး႐ြံရွာသြားေလာက္သည္ မတည္နိုင္ေသာကတိေတြေပးတဲ့သူအေလးမထားသည့္သူဟုအမ်ိဳးမ်ိဳးေတြးထင္သြားေလာက္သည္။မနက္ျဖန္တိုင္းဟာပို၍ပို၍ျဖတ္သန္းဖို႔ရာခက္ခဲလာသည့္အတြက္ ေမာင္ခတၱေအနားကိုပြန်ေရာက်လာဖို႔ဘယ်အရာပဲလုပ်ရပါေစ ဆက္ထင္လုပ္ခ်င္မိသည္။

သို႔ေသာ္ယုန္ျဖဴေလးဟာသိပ္ကိုပုန္းတတ္လြန္း၍အရိပ္အေယာင္ေလးေတာင္မျပခဲ့သလို သူရွိေနေၾကာင္းအသံေလးပင္မေပးသည့္အခါ ဒီလူမွာအ႐ူးတစ္ပိုင္းျဖစ္ေနရေတာ့၏။

Continue Reading

You'll Also Like

2.8M 163K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.6M 141K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.7K 314 42
မွေးနေ့မှာပျော်ရွှင်ပါစေ ငါ့ရဲ့မစ်စ်၀မ်လေး..။ ၀မ်ရိပေါ် ဘုရားပေးတဲ့ဆုလာဘ်ကိုမလိုချင်ဘူးရိပေါ်..မင်းပေးတဲ့ဆုလာဘ်အဖြစ်သာငါ့ကိုမင်းနောက်ကတကောက်ကောက်လိုက...