အပိုင်း ၁၇

13.2K 889 21
                                    

''အချိုတည်းဖို့ဖရဲသီးစိတ်လေးစားပါဦးသူဌေးကြီး''

ဆက်ထင်ထမင်းစားပြီးနောက် ဒေါ်စုံလာချပေးသည့် ဖရဲသီးစိတ်ကလေးနှစ်စိတ်အားခက်ရင်းနှင့်ထိုး၍ စား​ကြည့်လိုက်သည်။ ဖရဲသီးရာသီမလို့နေပါမည်သဘာဝအတိုင်း အတော်လေးချိုပြီး စား၍ကောင်းသည်။

'' ခြံထဲဆင်းကြည့်စမ်းပါဦးသူဌေးကြီး ခတ္တာ​ပြန်ပျိုးထားတဲ့သခင်မကြီးရဲ့ပန်းတွေပွင့်နေလေရဲ့''

''ဟုတ်သလားဒေါ်စုံ''

''ဟုတ်ကဲ့ အဲ့ဒီကောင်လေးတစ်ယောက်မနက်ကတည်းကပန်းတွေပွင့်တာကိုပျော်ရွှင်ခုန်ပေါက်နေတော့တာ ခုထိ ပန်းရုံနားမှာပဲ''

''ကျုပ်သွားကြည့်လိုက်ပါဦးမယ်''

ဆက်ထင် ထမင်းစားခန်းထဲမှထွက်လာပြီးခံတွင်းချဥ်ပျောက်အောင် ဆေးပေါလိပ်တလိပ်ကိုမီးညှိ့၍ ခြံထဲဆင်းလာခဲ့သည်။ မလှမ်းမကမ်းတွင် ရှိနေသည့် ပန်းရုံနားတွင် ဖိနပ်ဖင်ခုထိုင်လျက် ခေါင်းတလှုပ်လှုပ်နှင့်ခတ္တာအား ဆက်ထင်တွေ့ရသည်။ ဆေးပေါလိပ်ကိုတဖွာရှိုက်လိုက်၍ ထိုအနားသို့ခြေသံဖွဖွနှင့်လျှောက်သွားလိုက်၏။

ခတ္တာက မြေဆွေးပုံမဲမဲကိုဖြန့်လျက် အထဲက အမှိုက်စတို့အားတစ်စချင်းဖယ်နေသည်။

''မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာ တစ်စီးမှကိုယ်မပိုင်ပါ အိမ်ခန်းပေါင်းများစွာလဲမြို့လယ်မှာရှိတာတစ်ခန်းမှမပိုင်ပါဘူး''

ခတ္တာခပ်တိုးတိုးညည်း​နေသည့်ထူးဆန်းသည့်သံစဥ်နှင့်သီချင်းစာသားကြောင့် ဆက်ထင်ရယ်ချင်စိတ်ကိုနှုတ်ခမ်းတင်းတင်းစေ့၍ထိန်းထားရသည်။အနောက်တွင် မသိအောင်ရပ်နေလျက် ဆက်ပြီးထွက်လာမည့်အသံကိုနားစွင့်နေလိုက်သည်။

''မိန်းကလေးတွေတကယ်ကိုများ ဘယ်သူ့မှတို့မပိုင်ပါလား အားလုံးထဲမှာမင်းတစ်ယောက်တော့လေ အိုတို့ပိုင်ဆိုင်ပါရစေ ပိုင်ရှင်မရှိသေးတဲ့ဗိုက်ကြီးသည် ပိုင်ရှင်တို့ဖြစ်လိုက်ချင်ပါတယ်''

ဆက်ထင်လက်ပိုက်ကာ မျက်နှာအား လက်တဖက်ဖြင့်ကိုင်၍ ခေါင်းခါလျက် သွားတန်းများပေါ်အောင်ရယ်လိုက်မိသည်။ ပထမဆုံးကြားဖူးသည့် သီချင်းသံစဥ်မျိုးနှင့် အတော်ရယ်ရသည့်သီချင်းစာသားပင် ထိုကြားထဲတွင် အသံသေးသေး ခေါင်းတလှုပ်လှုပ်ကပါဝင်အားဖြည့်ထားသေးသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now