အပိုင်း ၃၇

11.8K 726 12
                                    

''ကားခဏရပ်စမ်းပါ အေးကို''

ပက်တီးဖွေးနေသော ညာဘက်လက်တဖက်မှတင်းကြပ်နေသောခံစားမှုကြောင့် ဆက်ထင်စိတ်ရှုပ်လာသည်။ အေးကိုဟာကားအားလမ်းကွင်းပြင်ကျယ်ရှေ့က နေရိပ်ရသော အပင်ကြီးအောက်ထိုးရပ်သည်။

ဆက်ထင်ကားပေါ်မှဆင်းလာလိုက်ပြီး လေကိုခပ်ပြင်းပြင်းရှုလိုက်သည်။ အခုထိ ဒေါသစိတ်မှာမပြေပျောက်နိုင်သေး ကိုယ့်ကိုယ်ကိုယ်လည်းဒီ့ထပ်မက နာကျင်သင့်သည်ဟုဆက်ထင် ထင်မိ၏။ခတ္တာဆိုတာမသိပါပဲ ကိုယ်တိုင်အားပေးအားမြှောက်လုပ်ခဲ့ပါသေးသည် ဒီ့ထပ်အသိသာနောက်ကျခဲ့ရင် တဇွတ်ထိုးသမားတယူသန်သမားစိုင်းသိဒ္ဓိရဲ့အပြုအမူတွေကြား ခတ္တာဘယ်လောက်တောင်စိတ်ပင်ပန်းရပါမလဲ။

အခုတောင်အေးကို ကြားလာသည့် သတင်းတို့ဟာအတော်လေးပျံ့နှံ့နေပြီး နေ့တိုင်းကျောင်းသွားနေသည့်ဒီကလေးအဖို့ ဘယ်လောက်တောင်နောက်ကွယ်မှာ လူတွေရဲ့အစော်ကား​ကိုခံခဲ့ရမလဲ။တက်တက်ကြွကြွမရှိပါတော့တဲ့အပြုအမူလေးများ သွားတက်လေးပေါ်သည့်အထိပြုံးလာသည်များ အရင်လိုပျော်ပျော်ရွှင်ရွှင်မဟုတ်တော့သည့်ခတ္တာမျက်နှာအားမြင်ယောင်ရင်းရူးချင်မိပါရဲ့။

''ဆေးပေါလိပ်​ဖြစ်ဖြစ် စီးကရက်ဖြစ်ဖြစ်ပါသလား မောင်ရင်''

အေးကိုဟာ ခေါင်းငြိမ့်လျက် ကားဆီပြန်သွားပြီး သူ့လက်ဆွဲအိတ်ထဲက အညိုရောင်လည်သာဗူးထဲမှအကောင်းစားစီးကရက်တစ်လိပ်နှင့် အိတ်ဆောင် မီးခြစ်အသေးတစ်ခုယူလာ၏။

အချိန်အတန်ကြာသည်အထိ မသောက်ဖြစ်သည့်ဆေးလိပ်အားယခုအချိန်တွင်တော့ဆက်ထင်လိုအပ်သည်။စိတ်ပြေဖို့ရာ ဒီနည်းတစ်ခုသာရှိလောက်ပါမည်။ဆက်ထင်လက်ထဲမှ စီးကရက်ကိုမီးညှိ့ပြီးနောက် ခပ်ပြင်းပြင်းဖွာရှိုက်လိုက်၍ ကွင်းပြင်ကျယ်အားငေးကြည့်နေမိသည်။

''စိတ်လိုက်မာန်ပါတော့မလုပ်သင့်ဘူး ဘာလို့များကိုယ့်ကိုယ်ကိုဒဏ်ရာပေးရသလဲ ကိုဆက်ထင်''

''ကျုပ်အပြစ်တွေမကင်းဘူးအေးကို စောစောသာသိခဲ့ရင် သိဒ္ဓိကိုလဲတားခဲ့ပြီးလူတွေရဲ့ပါးစပ်တွေကိုလည်းလိုက်ပိတ်နိုင်ပါရဲ့''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now