အပိုင်း ၁၂

7.6K 574 2
                                    

ခတ္တာ ခြံထဲဆင်း၍ ခြံဝန်းတွင်းမှ လူထိုင်ရန်ထွင်းထားသည့် သစ်လုံးခုံလေးပေါ်ထိုင်လိုက်သည်။ ရေနံဆီမီးခွက်လေးအားပေါင်ပေါ်တွင်တင်လျက် ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့လပြည့်ညဖြစ်တာကြောင့်လကြီးမှာ ဝင်းထိန်နေသည်။မီးမရှိသည့်အလျောက်ခြံထဲမှာ လ၏အလင်းရောင် အိမ်ကြီးထဲတွင်ထွန်းထားသည့်အလင်းရောင်တို့ကြောင့်လင်းထိန်နေ၏။

ခတ္တာလမင်းကြီးကိုကြည့်လျက် ၂၁ရာစုကိုလွမ်းလာ၏။အခုချိန်များ သူ့နာမည်ဆိုးပျောက်သွားလောက်ရဲ့လားသူငယ်ချင်းတွေ ဟာသူ့အနားပြန်ရောက်ကြပြီလားလို့ပဲတွေးမိသည်။ခုလက်ရှိခတ္တာဘဝတွင်စစ်မှန်သည့်ပျော်ရွှင်မှုနဲ့အတူလူတိုင်းဆီမှချစ်ခြင်းကိုရရှိနေသောကြောင့်နေညိုသွေးဆိုသည့်ဘဝကိုမလိုချင်သလို အဲ့ဒီအချိန်တွေဆီလဲပြန်မရောက်ချင် internetတွေဖုန်းတွေကိုလဲမလိုချင်သို့သော်တစ်ခါတစ်ရံအစားကောင်းအသောက်ကောင်းလေးကိုတော့လွမ်းမိ၏။

ရွာမှာကျန်ခဲ့သည့်အမေနှင့်အစ်မတို့ကိုလဲခတ္တာလွမ်းသည်မှတ်မှတ်ရရ ဒီလိုလပြည့်ညကြီးအမေ့ရဲ့ပေါင်ပေါ်တွင်ခေါင်းတင်ကာ လကြီးကို တစ်ညလုံးထိုင်ကြည့်ခဲ့သည်။ မိဘမေတ္တာငတ်မွတ်ခဲ့ရသူအဖို့ မိခင်မေတ္တာကိုနွေးနွေးထွေးထွေးရလိုက်သည့်အခါမှာ လက်ရှိခတ္တာဘဝကနေ နေညိုဘဝပြန်ရောက်ရန်မကြိုးစားမိတော့။ညတိုင်းအမေ့ရင်ခွင်ထဲမှာကလေးတစ်ယောက်သဖွယ်ယုယခံခဲ့ရပြီး အမေထည့်ပေးသည့်ဟင်းတွေ အမေလယ်ထဲကဆင်း၍ပြန်လာလျှင်ဝက်သားတစ်စွဲအားလက်မှာစွဲပြီးအိမ်ပေါ်မတက်ခင်'တော့်အကြိုက်ဝက်သား'ဟု ပြုံးရယ်ကာပြောပုံများ ခတ္တာတွက်တော့မေ့မရနိုင်သည့်ပုံရိပ်ပင်။

ဘုရားစူး နေညိုဘဝတွင်ငယ်စဉ်အခါထဲကဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာများ လူတွေရဲ့နှိမ်ခြင်းပတ်ဝန်းကျင်ရဲ့ရိုက်ခတ်ခြင်းများကိုသာခံခဲ့ရပြီးလူမှန်းသိတတ်စဘဝအစမှာကတည်းကနာကျင်စရာများပြည့်နှပ်နေခဲ့ရသည်။

ပြည့်တန်ဆာတစ်ယောက်ကမွေးလာသည့်ကလေးတစ်ယောက်ကိုဘယ်သူ့ကမှအပေါင်းသင်းမလုပ်ချင်သလို သူတို့မိဘတွေကလဲ မပေါင်းသင်းခိုင်း။ဂေဟာထဲမှာတောင် မိဘမဲ့ချင်းအတူတူခွဲခြားခံရနှိမ်ခံရသည့်ကလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်ကပေးသောစိတ်ဒဏ်ရာများကြောင့်ဂေဟာမှထွက်လာပြီးခေါ်မွေးထားသည့် အဒေါ်ဖြစ်သူဆီအရောက်ခဏဘဝကပိုဆိုးတော့သည်။ ကျောင်းထားပေးသော်လည်းအရွယ်နဲ့မလိုက်အောင်အလုပ်များလုပ်စေပြီး ရသမျှပိုက်ဆံအားလုံးကိုသိမ်း၏။
သို့သော်ခတ္တာကတော့မခံချင်စိတ်မွေး၍ ထိုသူတွေအပေါ်ဖြစ်မည့်ဒေါသတို့အား စာအုပ်တွေအပေါ်ပုံချမိသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now