အပိုင်း ၃၁

7.2K 516 2
                                    

''ယောကျာ်းသားချင်းမလို့ပွင့်ပွင့်လင်းလင်းပြောချင်ရဲ့မျိုးထင်''

ဆက်ထင် လက်ထဲမှ ဆေးပေါလိပ်အား ဆေးလိပ်ပြာခွက်ထဲသို့မီးသတ်လိုက်ပြီးနောက် လှမ်းကြည့်လိုက်သည့်အခါသိဒ္ဓိကပြတင်းပေါက်ကနေ အပြင်ဘက်သို့ခပ်ဆွေးဆွေးကြည့်နေ၏။

''ဘာအ​ရေးများလဲ''

ဘိလပ်မှပါလာသည့်အကောင်းစားအရက်ကိုထည့်ထားသောခွက်အား လှည့်ရင်း ဆက်ထင်ဘက်သို့လှည့်ကြည့်လာပြီးပြတင်းပေါက်ဘောင်သို့ကျောမှီထားသည်။

''မေမေကရီရီနဲ့ငါ့ကိုနေရာချထားချင်နေတာ''

''အင်း ငါ့ကိုလဲတိုင်ပင်ထားရဲ့ ရီရီနဲ့​ဒေါ်ခင်မေသန်း
ကိုလည်းဒေါ်ဒေါ်ကသီးသန့်ခေါ်တွေ့ထားတယ်''

''ခက်ပါရဲ့မျိုးထင်''

သိဒ္ဓိဟာ ဆက်ထင်ထိုင်နေရာဘက်သို့လျှောက်လာပြီး ဆက်ထင်ရဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

''မင်းအိမ်ထောင်မပြုချင်သေးရင်ဒေါ်ဒေါ့်ကိုပွင့်ပွင့်လင်းလင်းပြောလိုက် ငါလဲဝိုင်းဝန်းဖြောင်းဖျပေးမှာပေါ့''

''ရီရီကဘာပြစ်ချက်မှမရှိတဲ့မိန်းကလေးပါ ဒါပေမယ့်...''

သိဒ္ဓိဟာဆက်ပြောလို့အခက်တွေ့နေသလိုနှင့်စကားဆက်မလာသည့်အခါဆက်ထင်စိတ်ဝင်စားသွားသည်။ဒီကောင်တစ်ခုခုကိုလေးနက်နေပုံရပြီးရင်ဖွင့်ချင်ပုံလဲရ၏။

''ဒီမယ်ငါနဲ့မင်းနဲ့ကြားမယ်ဒီလိုတွေဝေနေစရာမလိုဘူးပြောတာနားလည်သလားသိဒ္ဓိ''

သိဒ္ဓိဟာဆက်ထင်အားကြည့်လာ၏။ပြီးနောက် ရယ်ကျဲကျဲနှင့်...။

''ငါ့နှလုံးသားကတ​ခြားသူဆီ ပါတော်မူသွားပြီထင်ပါရဲ့''

''ဟာ ဟိတ်ကောင်''

ဆက်ထင်ရယ်လိုက်မိသည်။သိဒ္ဓိဟာမိန်းကလေးတွေနှင့်ပတ်သက်၍လေးလေးနက်နက်မရှိ ပတ်သက်တာပတ်သက်သည်ဘေးလူမသိစေရ။ဆက်ထင်ကိုတောင်တစ်ရံတစ်ရံမှသာအသိပေးတာတို့ သိသွားမှသာပြောပြတာတို့မလို့ အခုလိုကြားရသည်က ဆက်ထင်တွက်ပထမဆုံးပင်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Tahanan ng mga kuwento. Tumuklas ngayon