ကျေးငှက်လေးတွေရဲ့တကျိကျိအော်သံနှင့်အတူမနက်ခင်းနေရောင်စူးစူးတို့ကမျက်နှာကိုထိုးလာတာကြောင့်ဝဠာနိုးလာခဲ့သည်။မျက်လုံးမဖွင့်သေးပဲဘေးဘီကိုလက်ဖြင့်စမ်းကြည့်လိုက်တော့ပျိုးရှိမနေတာကြောင့်အသည်းအသန်ပြေးရှာရသည်။တစ်ခန်းဝင်တစ်ခန်းထွက်ရှာနေပေမဲ့အရိပ်အယောင်တောင်မတွေ့တာမလို့ဝဠာခေါင်းနပန်းကြီးသွားသည်။နောက်ဆုံးတွင်တစ်ခုထဲသာကျန်တော့တဲ့မီးဖိုခန်းသို့သွားရှာတော့မှမနက်စာပြင်ဆင်နေသောကျောပြင်လေးအားတွေ့လိုက်ရမှသက်ပြင်းချနိုင်တော့သည်။ဝဠာပျိုးနဲ့လက်ထပ်ခဲ့ရပြီဆိုတာမယုံနိုင်သေးဘူး။မနေ့ကအဖြစ်အပျက်တွေကအိမ်မက်ဖြစ်နေမှာကိုကြောက်မိသည်။
"မောင်...နိုးပြီလား"
ထမင်းစာခန်းအဝင်နားမှာငိုင်ငိုင်ကြီးရပ်နေသူကြောင့်ပျိုးအမေးစကားဆိုလိုက်သည်။ထိုအခါမှပျိုးရဲ့အနားကိုလာကာအနောက်ကနေဖက်ထားပြီးလည်တိုင်တွေကြားတိုးဝှေ့ကာ
"မောင်..မင်းကိုပိုင်ဆိုင်ရပြီဆိုတာတကယ်မယုံနိုင်သေးဘူးဒါတွေသာအိမ်မက်ဖြစ်နေခဲ့ရင်မောင်တသက်လုံးမနိုးထချင်တော့ဘူး"
ထိုအခါပျိုးကဝဠာ့ဘက်သို့လှည့်လိုက်ပြီး
"မောင့်!..မင်းမှန်မှန်ပြော..ကနေဒါမှာစာသွားသင်ခဲ့တာရောဟုတ်ရဲ့လား"
"ဟောဗျာ..ပြန်လာတဲ့အချိန်တုန်းကမောင်ရှင်းပြပြီးပြီလေ...ဆိုပါအုံး..ပျိုးကဘယ်လိုထင်လို့လဲ"
"မင်းအဲ့ဒီ့မှာရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ခဲ့သေးလား"
ပျိုးထိုသို့မေးတော့ဝဠာကပျိုးကိုဖက်ထားရာမှမခွာသေးပဲခေါင်းကိုမော့ပြီးအနဲငယ်စဉ်းစားဟန်ပြုကာ...
"အွန်း...အရှုပ်တွေက..တစ်ယောက်လား?..နှစ်ယောက်လား?..ဒါမှမဟုတ် သုံးယောက်...အား!..အချစ်!!..နာတယ်"
ဝဠာ့စကားမဆုံးသေးခင်ပျိုးရဲ့လက်ကဝဠာ့ဗိုက်ခေါက်နှင့်မိတ်ဆက်နေလေပြီ...
"နာပါစေ!..နာအောင်လုပ်တာ"
နှုတ်ခမ်းလေးဆူကာမျက်စောင်းတဝင့်ဝင့်နှင့်ချစ်ရသူလေးကြောင့်ဝဠာမထိန်းနိုင်စွာရီမိသည်။
"ဟား~ဟား..မောင်ကစတာပါဘာအရှုပ်ဇယားမှလဲမရှိခဲ့ပါဘူးမောင့်မှာပျိုးကိုလွမ်းနေရတာနဲ့အချိန်ဘယ်လိုကုန်မှန်းတောင်မသိခဲ့ဘူး"
"ဟွန်း..မင်းပြောတော့လဲမင်းစကားပေါ့..ကဲပါမနက်စာစားဖို့မျက်နှာသွားသစ်ချည်"
ပျိုးပြောနေပေမဲ့ဝဠာကဖက်ထားရာကနဲနဲမှမလွှတ်ပေ..
"မောင့်..မျက်နှာသွားသစ်လို့"
ဝဠာကနှုတ်ခမ်းကိုလက်ညိုးနှင့်တို့ထိပြကာ...
"Morning Kiss"
"အိမ်မှာလူကြီးတွေရှိနေတယ်လေ..ဘယ်လိုဖြစ်နေတာလဲ"
ပျိုးတို့ကအခုဝဠာ့အိမ်မှာပဲနေနေခြင်းဖြစ်သည်။ဝဠာကလွတ်လွတ်လပ်လပ်နေချင်တာကြောင့်အိမ်ခွဲနေချင်သော်လည်းမေမေသစ္စာကမခွဲခိုင်းလို့သာဝဠာကအင်တင်တင်နှင့်နေရတာဖြစ်သည်။ပျိုးကလည်းဒီမှာလိုက်နေရမှာဖြစ်တာကြောင့်မေမေ့ကိုအတူနေဖို့ခေါ်ပေမဲ့မေမေကပူပန်စရာမရှိတော့တဲ့အတွက်အေးအေးချမ်းချမ်းပဲဘုရားရိပ်တရားရိပ်ခိုလှုံချင်တယ်ဆိုပြီးတော့အပြီးတိုင်တရားစခန်းဝင်သွားသည်။
"အဲ့တာကြောင့်မောင်တို့အိမ်ခွဲနေပါမယ်ဆို..."
"မောင်ကလည်း..အဲ့လိုကျတော့မောင့်မေမေဘယ်လောက်စိတ်မကောင်းဖစ်နေမလဲ အိမ်ခွဲနေဖို့ကိစ္စကိုမပြောပါနဲ့တော့"
"အဲ့တာဆိုလည်းအခုမောင့်ကိုMorning Kissပေးလေ..အဲ့လိုမှမဟုတ်ရင်မောင်..မင်းကိုမလွှတ်ဘူး"
"မောင့်...ဟင်း..ဟုတ်ပြီဟုတ်ပြီမျက်လုံးမှိတ်ထား"
ပျိုးဆက်ပြောနေလဲမနိုင်မှာသိတာကြောင့်ဝဠာ့သဘောအတိုင်းသာလိုက်လျောရတော့မည်။
"အင်း..အင်း"
ဝဠာလည်းပျိုးပေးလာမဲ့အနမ်းကိုခံယူဖို့ကို
ယ်ကိုအနည်းငယ်ငုံ့ပေးထားလိုက်သည်။တဖြည်းဖြည်းနီးကပ်လာတဲ့ဝင်သက်ထွက်သက်လေးအနားရောက်လာတာကိုခံစားမိခိုက်...
"အဟမ်း!..အဟမ်း!!..."
အချိန်ကိုက်ဆိုသလိုဒယ်ဒီရဲ့လုပ်ချောင်းဟန့်သံကြီးကြောင့်ဝဠာ့ရဲ့စိတ်တွေဟိုးအောက်ဆုံးထိထိုးကျသွားသည်။
"ဒယ်ဒီ့!!..."
ဝဠာစိတ်လေစွာသံရှည်ဆွဲကာခေါ်တော့..
"ကလေးကုလား..မင်းခန္ဓာကိုယ်ကြီးမှအားမနာချွဲနေတာတွေရပ်လိုက်တော့...သားပျိုးကိုဖက်ထားတာဖယ်ပြီးမင်းလုပ်စရာရှိတာသွားလုပ်..သွား!.."
ဦးရဲထွဋ်ထိုသို့ပြောတော့ဝဠာ့မျက်နှာစူပုတ်စွာမကြားတကြားလေသံဖြင့်
"ဟွန့်..သူ့ဘာသူမာမီ့နားကပ်မချွဲရတိုင်းမနာလိုလိုက်ဖြစ်နေတာ"
"ဟေ့ကောင်!..ငါကြားတယ်နော်"
ဦးရဲထွဋ်အော်ပြောတာကိုမကြားချင်ယောင်ဆောင်ပြီးခြေဆောင့်ကာအပေါ်ထပ်သို့တက်သွားလေသည်။
"သားပျိုး..မင်းလည်းအဲ့ကောင်ကိုအမြဲအလိုလိုက်မနေနဲ့အကျင့်ပါတယ်"
"ဟုတ်ကဲ့ပါအဖေ..ဒါနဲ့အမေရော"
"မင်းအမေဘုရားရှိခိုးနေတာ..ပြီးရင်ဆင်းလာလိမ့်မယ်"
ဦးရဲထွဋ်သတင်းစာဖတ်ရင်းနှင့်မှပြန်ဖြေနေသည်။
"ဒါဆိုအဖေအရင်စားနှင့်တော့မလား?..သားပြင်ပေးမယ်လေ"
"နေနေ!..ပြီးမှအတူတူစားကြတာပေါ့"
ခဏအကြာမှာတော့ဓာတ်တိုင်ကြီးလိုမြင့်မားတဲ့အရပ်ကိုမှအားမနာဒေါ်သစ္စာအားမှီတွယ်ကာသားအမိနှစ်ယောက်ဆင်းလာကြသည်။
"ဝါး..မောင့်ယောက်ကျားကြော်ထားတဲ့ထမင်းကြော်လေးကမွှေးနေရောပဲ"
"သောက်ပိုတွေ!..အရင်ကတော့မင်းမာမီကြော်ပေးတဲ့ထမင်းကြော်ကအကောင်းဆုံးပဲဆို"
ဝဠာထိုင်ခုံကိုဆွဲကာဝင်ထိုင်ပြီးလောကွတ်ပြုလိုက်တော့ဦးရဲထွဋ်အမြင်ကပ်ပုဒ်မနှင့်ပြောလိုက်သည်။
"ဒါကတော့လူ့စိတ်ဆိုတာအချိန်မရွေးပြောင်းလဲနေတာပဲလေ..မာမီတွေ့လားမာမီယောက်ကျားမနာလိုဖြစ်နေတာ"
ထိုသို့ပြောလိုက်တော့ဒေါ်သစ္စာရီရင်းနှင့်ပင်...
"ဟုတ်ပါရဲ့ကိုရဲထွဋ်ရယ်..ရှင်ကလဲသားလေးကိုပဲကြည့်ပြောနေတော့တာပဲ"
"မင်းသားကိုကပိုလွန်းနေတာကို"
"ဟွန်း!.."
ဦးရဲထွဋ်ထိုသို့ပြောလိုက်တော့ဝဠာနှာမှုတ်ကာမျက်နှာတဖက်သို့လှည့်ပစ်လိုက်သည်။ဦးရဲထွဋ်သည်လည်းထိုနည်းတူစွာ...သားအဖနှစ်ယောက်လုံးကမမြင်ကြရင်သာချောင်းကြည့်ကြတာ။နှစ်ယောက်ဆုံလိုက်ရင်တော့ကြောင်နဲ့ကြွက်လိုပင်။ထို့နောက်တွင်တော့ဘာစကားမှမဆိုကြတော့ပဲမနက်စာသာစားနေကြတော့သည်။ခဏအကြာတွင်တော့ဦးရဲထွဋ်ဘက်ကပဲ...
"ဒါနဲ့မင်းဘယ်တော့မှကုမ္ပဏီလာမှာလဲ။မင်းသဘောတိုင်းလဲအားလုံးလုပ်ပေးပီးပီ။ဟိုမှာအလုပ်တွေကတောင်လိုပုံနေတာ"
"ဒယ်ဒီကလည်းဗျာ..မနေ့တနေ့ကမှလက်ထပ်ထားတဲ့ပူပူနွေးနွေးကြင်စဦးကိုခွဲတော့မလို့လား"
"ဟ!..မင်းပဲလက်မထပ်ခင်ကဘာပြောခဲ့လဲ..ငါပြောတာတွေကိုသဘောတူပါတယ်လက်ခံပါတယ်ဆိုပီးအခုမှငါ့ကိုလူကြမ်းနေရာမသွင်းနဲ့"
"ဒယ်ဒီကိုကလူကြမ်းရုပ်နဲ့တူတာနေမှာပေါ့"
ဝဠာခပ်တည်တည်နှင့်ဦးရဲထွဋ်ခေါင်စကားကိုချေပလိုက်သည်။ထိုစကားအဆုံးတွင်တော့ဦးရဲထွဋ်မျက်နှာဟာပေါက်ကွဲထွက်တော့မည့်ချိန်ကိုက်ဗုံးကြီးတစ်ခုလိုပင်။
"ဘာ!!....ဝဠာထွဋ်ခေါင်!!..မင်း..."
ဦးရဲထွဋ်ဒေါသထွက်နေတာကိုသိတာကြောင့်ဘေးမှာကြိတ်ခွီနေတဲ့လင်တော်မောင်လက်မောင်းအား ပျိုးဆွဲလိမ်ကာခပ်ကြိတ်ကြိတ်သတိပေးလိုက်သည်။ဒါတောင်မျက်နှာပိုးမသတ်နိုင်သေးပဲ...
"အဟွန်း..ကျွန်တော်ကဒယ်ဒီ့ကိုချစ်လို့စတာကို။မနက်ဖြန်ကစပြီးကျွန်တော်အလုပ်ဝင်မှာပါ အဲ့တာကြောင့်မလို့မိန်းမကြီးတွေလိုပွစိပွစိလုပ်မနေပဲမနက်စာကိုစိတ်ချလက်ချစားပါလူကြမ်းကြီးဦးရဲထွဋ်ခေါင်ခင်ဗျာ..."
ဝဠာထိုသို့ပြောပြီးပျိုးရဲ့လက်ကိုဆွဲကာအိမ်ပေါ်သို့အလျင်အမြန်ပြေးတက်သွားတော့သည်။ကျန်ခဲ့တဲ့ဦးရဲထွဋ်ခေါင်မှာတော့ဝဠာပြောသွားတာတွေကိုသေချာပြန်စဉ်းစားကြည့်ပြီးမှ...
"ခွေးသား!!...ဝဠာထွဋ်ခေါင်!!..မင်းပြန်ဆင်းခဲ့စမ်း!.."
ဒီလိုနဲ့ဝဠာတို့၏မနက်စာဝိုင်းလေးသည်ဆူညံသံတို့ဖြင့်အဆုံးသတ်သွားခဲ့သည်။
•°•°•°•°•°•°•°••°•°•°•°•°•°•°••°•°•°•°•°•°•°••°•°•°•°•°•°
အစောကြီးတင်ပေးမလို့ကိုမေ့နေတာရယ်
*Thank For Reading*
*Mable*