🌺My cutie baby🌺[completed]

By pear721

72.1K 1.1K 26

ကိုကြီးနဲ့ကလေး More

🌺Part.1🌺
🌺Part.2🌺
🌺Part.3🌺
🌺Part.4🌺
🌺Part.5🌺
🌺Part.6🌺
🌺Part.7🌺
🌺Part.8🌺
🌺Part.9🌺
🌺Part.10🌺
🌺Part.11🌺
🌺Part.13🌺
🌺Part.14🌺
🌺Part.15🌺
🌺Part.16🌺
🌺Part.17🌺
🌺Final Part🌺

🌺Part.12🌺

3K 58 1
By pear721


Unicode

သူတို့ဟိုတယ်ပြန်ရောက်တော့သဝဏ် သူမအားအခန်းရှေ့ထိလိုက်ပို့ပေးခဲ့၏။

တစ်လမ်းလုံးစကားမပြောဖြစ်ခဲ့တဲ့သူတို့ ခုထိလည်းဘာစကားမှမပြောဖြစ်သေးပေ။

''ဟို ငွေ့ရည်သွားပြီနော်''

''အင်း''

သူမကိုကြီးကိုနှုတ်ဆက်၍အခန်းရှေ့သွားမယ်လုပ်တုန်းကိုကြီးကသူမလက်အားလှမ်းဆွဲပြီးခါးကိုပါသူ့လက်အစုံနဲ့ဖက်လိုက်တာကြောင့်သူမနဲ့ကိုကြီးမှာလူချင်းပူးကပ်သွားရလေသည်။

''ကိုကြီး ဘာ ဘာလုပ်မလို့လဲ''

ကိုကြီးကသူမအားဘာမှမပြောပဲစိုက်ကြည့်နေတာကြောင့်ငွေ့ရည်မှာ အဖျားကြောင့်လားရှက်တာကြောင့်လားမသိပဲမျက်နှာတစ်ခုလုံးပူနွေးနွေးဖြစ်လာရလေသည်။

''ငွေ့ရည် ကိုကြီးပြောတာကိုငွေ့ရည်ဘယ်လိုတွေးထားလဲ''

''ကိုကြီးကလည်း ငွေ့ရည်ကချက်ချင်းကြီးဘာတွေးနိုင်မှာလဲ''

''ငွေ့ရည်စိတ်တော့မဆိုးဘူးမလား''

''စိတ်ဆိုးရင် ကိုကြီးခုလိုအတင်းဖက်ထားတာကိုငြိမ်ခံနေပါ့မလား''

''ဒါဆို ​ငွေ့ရည်ဆီကနေအဖြေတစ်ခုခုကိုကိုကြီးမျှော်လင့်လို့ရတယ်မလား''

ငွေ့ရည်ကရှက်ပြုံးလေးနဲ့ခေါင်းညိတ်ပြလေ၏။
တစ်ကယ်ဆိုသူမအပြုအမူတွေထဲမှာအ​ဖြေပါနေပြီးတာကိုကိုကြီးမသိဘူးလား။

''ဒါဆို ကိုကြီးငွေ့ရည်ကိုထပ်နမ်းချင်တယ်''

''ဟင်...မရဘူးလေကိုကြီးရဲ့ ငွေ့ရည်တို့ချစ်သူတွေမှမဖြစ်သေးတာ''

''ခုနကတောင်နမ်းပြီးပြီလေ''

''အဲဒါကရုတ်တရက်ကြီးဖြစ်သွားတာလေ ခုလိုထပ်နမ်းမယ်ဆိုတာကျတော့ နည်းနည်းတစ်မျိုး အွန့်''

သူမစကားမဆုံးခင်ကိုကြီးကသူမနှုတ်ခမ်းအားနမ်းလာလေ၏။
ကိုကြီးကိုခုလိုဇွတ်တရွတ်ဆန်မှန်းငွေ့ရည်ခုမှပဲသိသည်။

ပြောရရင်ငွေ့ရည်လည်းကိုကြီးနမ်းတာလေးကိုပဲသဘောကျနေမိတာမို့နည်းနည်းလေးမှမငြင်းမိ။
ပြီး​တော့သူမကမနမ်းတတ်၍ကိုကြီးကသာဦးဆောင်နမ်းသွားတာလေးကိုကြိုက်သည်။

အချိန်အတော်ကြာတော့သူမနှုတ်ခမ်းလေးတွေပူထူလာ၍ငွေ့ရည်ကိုကြီးရင်ဘတ်အားအသာတွန်းထုတ်မိတော့၏။

သဝဏ်သူမအားစိတ်လိုလက်ရအတင်းနမ်းနေတုန်းမှာသူမလေးကသူ့ရင်ဘတ်အားတွန်းဖယ်လာတာကြောင့်သူနမ်းနေရာမှခွာကာ

''ဘာဖြစ်လို့လဲငွေ့ရည်''

''မေးတတ်သေးတယ် ကိုကြီးကဒီလောက်နမ်းနေတာကိုး ငွေ့ရည်အသက်ရှူကြပ်ပြီးနှုတ်ခမ်းတွေပူလာပြီ''

''ဆောရီးပါကလေးရယ် ကိုကြီးနည်းနည်းစိတ်လွတ်သွားတယ်''

''ဘယ်လိုကြီးခေါ်လိုက်တာလဲကိုကြီးရဲ့ ဘာကလေးလဲ''

''ချစ်သူဖြစ်သွားရင်အဲလိုပဲခေါ်မှာ''

''ဟင်...ဘယ်သူကချစ်သူဖြစ်ပါမယ်ပြောလို့လဲ''

''ကိုကြီးစိတ်ကသိနေတာလေ''

''ဖြစ်ရမယ် ငွေ့ရည်သွားတော့မယ်ကိုကြီး''

ကိုကြီးကသူမနဖူးအားလက်နဲ့စမ်း၍

''ကိုယ်နည်းနည်းပူနေသေးတယ် နွေးနွေးထွေးထွေးအိပ်နော် ဆရာဝန်ပေးလိုက်တဲ့ဆေးလည်းအချိန်မှန်သောက်ဦး''

''အင်းပါ တာ့တာကိုကြီး သွားတော့နော်''

''အင်း တာ့တာ ကိုကြီးအိပ်မက်ထဲလာခဲ့နော်''
(🙄🙄)

ပြောပြီးကိုကြီးကနေရာမှလှည့်ထွက်သွားလေ၏။

​ငွေ့ရည်မှာပြုံးစေ့စေ့ဖြင့်အခန်းရှေ့ရောက်လာကာအခန်းတံခါးကိုဖွင့်လိုက်တော့ထားထားကအခန်းပေါက်မှာရပ်နေ၍သူမမှာလိပ်ပြာလွင့်မတတ်လန့်သွားရလေ၏။

''အမလေး! ဘုရား''

''ငါပါ''

''ထားထား နင်ဒီမှာဘာရပ်လုပ်နေတာလဲ ငါ့ကိုလန့်​ေ.သအောင်လုပ်နေတာလား''

''ငွေ့ရည် ငါတို့စကားပြောရအောင်''

ထားထားမျက်နှာကအရမ်းတည်ငြိမ်နေ၍ငွေ့ရည်စိတ်ထဲမှာတစ်ခုခုကိုရိပ်စားမိသွားသလိုပင်။

ထားထားကသူမအားအခန်းရှေ့ကမြက်ခင်းပြင်ဆီခေါ်လာပြီးမှ

''ငါရှင်းရှင်းပဲပြောမယ် ခုနကနင်နဲ့အစ်ကိုနဲ့နမ်းနေတာကိုငါမြင်ပြီးပြီ''

''.....''

''နင်တို့ချစ်သူတွေဖြစ်သွားကြပြီလား''

''ဟင့်အင်း မဖြစ်သေးပါဘူး''

''ဪ ချစ်သူမဖြစ်သေးပဲနမ်းလို့ရတယ်ပေါ့ နင်တော်တော်ပေါနေပြီပဲငွေ့ရည်''

''ဘာ!!''

''မဟုတ်လို့လား ဘယ်ယောကျ်ားကကိုယ်နဲ့ဘာမှမသက်ဆိုင်တဲ့မိန်းကလေးကိုနမ်းလို့လဲ နင်ကိုကလွယ်လွယ်ရနေလို့ပေါ့''

''အဲလိုသာဆိုနင်လည်းဘာထူးလို့လဲ အိန္ဒြေသိက္ခာရှိသလိုနဲ့မိန်းမနောက်ပိုးလုပ်နေတာပဲမလား''

''နင်ဘာစကားပြောလိုက်တယ်''

''ကြားတဲ့အတိုင်းပဲ နင်ရောငါရောအရှက်မရှိတန်ဖိုးမရှိတာချင်းတူပေမယ့် ငါကသူချစ်တာခံရတယ် ကိုကြီးကငါ့ကိုချစ်တယ်လို့ပြောပြီးပြီ နင်နဲ့ငါနဲ့အဆင့်ချင်းအတူတူတောင်မှငါကပိုမြင့်တယ်''

ပြောပြီးတာနဲ့ငွေ့ရည်လည်းထားထားရှေ့မှချာခနဲလှည့်ထွက်လာခဲ့လိုက်တော့သည်။
သူမဒီစကားတွေကိုစိတ်ထဲကပါလို့ပြောတာမဟုတ်ပေမယ့်လည်းထားထားဘက်ကအရင်သူငယ်ချင်းအချင်းချင်းနစ်နစ်နာနာပြောလာတာမို့ငွေ့ရည်မခံချင်စိတ်နဲ့ပဲအကုန်ပြောထွက်ကုန်မိတာပင်။

အကယ်၍သူမ,ကိုကြီးကိုပြန်မချစ်ရင်တောင်မှကိုကြီးကသူ့ကိုချစ်လာမှာမဟုတ်ဘူးဆိုတာထားထားသိရင်ကောင်းမည်။

🌺🌺

''ကလေးတွေ ဘာကျန်ခဲ့ကြသေးလဲသေချာကြည့်''

''မကျန်တော့ဘူးကိုကို''

သူကားနောက်ခန်းထဲကိုအထုပ်တွေထည့်ရင်းပြောနေတုန်းငွေ့ရည်ကသူ့အားပစ္စည်းတွေလာကူသိမ်းပေးတာကြောင့်သူငွေ့ရည်နားကပ်ကာ

''ငွေ့ရည် အရေးကြီးတာကျန်ခဲ့မယ်နော်''

''ဘာလဲကိုကြီး''

''ငွေ့ရည်ရဲ့နှလုံးသားလေးလေ''
(🙂🙂)

''အာ ကိုကြီးကလည်း ဘာမှန်းလည်းမသိဘူး''

''ဟုတ်တယ်လေ ဒီမှာတုန်းကအဆင်ပြေနေပြီးရန်ကုန်ရောက်မှပြောင်းလဲသွားမှာစိုးလို့''

''မသိဘူး''

ငွေ့ရည်ရှက်ကိုးရှက်ကန်းနဲ့ပဲကိုကြီးနားကပြေးထွက်လာခဲ့ပြီးကားပေါ်တက်မယ်လုပ်တော့ထားထားကသူမထက်အရင်ကားရှေ့ခန်းမှာထိုင်နေလေသည်။

သူမကိုတွေ့တာနဲ့ထားထားက

''ငါရှေ့မှာထိုင်လိုက်မယ် နင်နောက်မှာထိုင်လိုက်''

အိမ်မှူးကမျက်စိပျက်မျက်နှာပျက်ဖြင့်

''သူကားမူးလို့တဲ့ နင်ငါတို့နဲ့လာထိုင်လိုက်ငွေ့ရည်''

''အင်း''

ငွေ့ရည် အိမ့်မှူးဘေးဝင်ထိုင်တုန်းသဝဏ်လည်းကားတံခါးကိုဖွင့်လိုက်ချိန် သူ့ဘေးမှာငွေ့ရည်မဟုတ်ပဲထားထားဖြစ်နေ၍

''ငွေ့ရည်ကဘာလို့နောက်မှာထိုင်တာလဲ''

''ထားထားကားမူးလို့ပါအစ်ကို''

''ဪ''

သူကထိုတစ်ခွန်းသာပြောပြီးကားတံခါးကိုပြန်ပိတ်၍ငွေ့ရည်ထိုင်နေတဲ့ဘက်အခြမ်းကိုလာပြီးတံခါးကိုဆွဲဖွင့်ကာ

''ငွေ့ရည်နဲ့အိမ့်မှူး ဆင်းခဲ့''

သူမတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးယောင်နနနဲ့ပဲကားပေါ်ကဆင်းလိုက်ကြသည်။

သူမတို့ကားအောက်ရောက်တော့ကိုကြီးကကားပေါ်တက်ကာစင်္ကြာဘေးဝင်ထိုင်ပြီး

''လာငွေ့ရည်''

''အမ်''

''အိမ့်မှူး ကားကိုညီမလေးပဲမောင်းခဲ့လိုက်တော့''

''ဟမ်..ဪ ဟုတ်ကိုကို''

အိမ်မှူး သူမအစ်ကိုရဲ့လုပ်ရပ်အတွက်ရုပ်ကပြုံးစေ့စေ့ဖြစ်သွားရလေ၏။

''ဒါမှငါ့ကိုကို''

ဟုလည်းစိတ်ထဲမှာအကြိမ်ကြိမ်ဂုဏ်ယူနေမိပြန်သည်။

ငွေ့ရည်လည်းပြုံးရိပ်သမ်းနေသောမျက်နှာဖြင့်ကိုကြီးဘေးမှာဝင်ထိုင်လိုက်၏။
သူမဝင်ထိုင်လိုက်တာနဲ့ကိုကြီးကသူမလက်ကလေးကိုဆုပ်ကိုင်လာလေသည်။

သူမ,ရုန်းလေကိုကြီးကပိုပြီးဆုပ်ကိုင်လာလေမို့ငွေ့ရည်မှာအသာငြိမ်နေလိုက်ရ၏။

စင်္ကြာကလည်းသူတို့အခြေအနေကိုရိပ်မိတာမို့ပြုံးရုံသာပြုံးနေလိုက်ပြီးမျက်လုံးတွေကိုမှိတ်ချလိုက်သည်။

စိတ်ရောကိုယ်ရောမချမ်းမသာဖြစ်နေသူကထားထားတစ်​ယောက်တည်းသာပင်။

အစ်ကိုကသူမအားမည်သို့သောအခွင့်အရေးသေးလေးတောင်မပေးခဲ့တာမို့ထားထားမှာလိုက်လေဝေးလေဖြစ်နေခဲ့ရလေသည်။

____________

အိမ့်မှူးကကားကိုသူမတို့အိမ်ရှေ့မှာရပ်လိုက်၍ထားထားမှာကြောင်တောင်တောင်ဖြစ်သွားရပြီးအိမ့်မှူးအားလှည့်ကြည့်လိုက်တော့သူမကပြုံးပြပြီး

''နင်ပဲချောင်းသာကအပြန်ကိုအိမ်ပြန်မှာဆို အာ့ကြောင့်ငါကတစ်ခါတည်းပို့ပေးတာလေ နင်အလုပ်မရှုပ်တော့ဘူးပေါ့ ငါကစေတနာနဲ့ပါ''

ဒါစေတနာမဟုတ်မှန်းထားထားသိပြီးသား။

''ငါ့ပစ္စည်းတစ်ချို့ကနင်တို့အိမ်မှာကျန်ခဲ့သေးတယ်''

''မနက်ဖြန်မှငါပို့ပေးလိုက်မယ်လေ''

''အော် အင်းပါ''

ထားထားလည်းမအီမသာနဲ့ပဲကားပေါ်ကဆင်းလိုက်ပြီးကားနောက်ခန်းထဲကသူမအဝတ်ထုပ်အားသွားယူလိုက်သည်။
ပြီးတာနဲ့အိမ့်မှူးဘက်ပြန်လာကာ

''ငါသွားပြီ''

''အင်း''

သူမမျက်လုံးကသူမနဲ့တည့်တည့်မှာထိုင်နေသောအစ်ကိုနဲ့ငွေ့ရည်ကိုအမြင်မှာရင်ထဲဆစ်ခနဲဖြစ်သွားရ၏။

ငွေ့ရည်ကအစ်ကို့ရက်ဘ​တ်မှာခေါင်းမှီကာအိပ်နေပြီးအစ်ကိုကလည်းသူမကိုဖက်ထား၍သူမခေါင်းမှာပါးအပ်ကာအိပ်ပျော်နေလေသည်။

''ငါတို့​သွားပြီနော်ထားထား''

''အေး''

သူတို့ကားလေးမြင်ကွင်းထဲကပျောက်သွားသည်ထိ ထားထားအိမ်ထဲမဝင်မိသေးပေ။

သူမစိတ်ထဲအရမ်းအောင့်သက်သက်ကြီးခံစားနေရသည်။

ကိုယ်ချစ်နေတဲ့သူကကိုယ့်သူငယ်ချင်းကိုမှချစ်နေတဲ့အဖြစ်ကအတော်ရင်နာဖို့ကောင်းလွန်း၏။

''အင်းလေ မရရတဲ့နည်းနဲ့လုပ်ရမှာပေါ့ ငါမရရင်နင်လည်းမရစေရဘူးငွေ့ရည်''

🌺🌺

သူတို့အိမ်ရောက်တော့အိမ့်မှူးပင်နှိုးစရာမလိုပဲသဝဏ်နဲ့စင်္ကြာတို့အိပ်နေရာမှနိုးလာလေ၏။

''ရောက်ပြီလား ငါ့ညီမလေးပင်ပန်းသွားပြီထင်တယ်''

''နည်းနည်းပါကိုကိုရဲ့''

''ထားထားကရော''

''သူ့အိမ်မှာပဲဆင်းနေခဲ့ပြီ''

''ဪ''

သဝဏ်သူ့ရင်ဘတ်မှာမှီကာအိပ်မောတွေကျနေသေးသောငွေ့ရည်ကိုငုံ့မိုးကြည့်ကာပြုံးလိုက်မိပြီးသူမကိုယ်လေးအားကားကူရှင်မှာမှီစေလိုက်ပြီးသူကားပေါ်ကအရင်ဆင်းလိုက်၏။

ပြီးမှသူမကိုအသာပွေ့ပြီးအိမ်ထဲသို့ဝင်ခဲ့ပြီးသူမကိုလည်းသူ့အခန်းထဲပဲခေါ်ခဲ့လိုက်သည်။

ဒါကိုမြင်လိုက်တဲ့အိမ့်မှူးက

''ငါ့အစ်ကိုတော်တော်ဖြစ်နေတာပဲ''

ဟုခပ်တိုးတိုးရေရွတ်ရင်းအခန်းထဲသို့ဝင်ခဲ့လိုက်လေ၏။

သဝဏ် ငွေ့ရည်အားသူ့အိပ်ရာပေါ်တင်၍နဖူးထက်ကဆံပင်လေးတွေအားသပ်ပေးပြီးသူမမျက်နှာလေးအားငုံ့မိုးကြည့်လိုက်သည်။

အရင်ကတည်းကမျက်နှာလေးကအပြစ်ကင်းတာကြောင့်သတိထားမိနေခဲ့တဲ့ကောင်မလေးကအခုသူ့နှလုံးသားအပိုင်သိမ်းယူသွားပြီပင်။

ဘဝမှာတစ်ကြိမ်တစ်ခါသာချစ်ခဲ့ဖူးတဲ့သူမို့သူမအားသူပိုင်ဆိုင်ချင်သည်။

သူကြည့်နေတုန်းမှာပဲငွေ့ရည်ကမျက်ခွံလေးတွေလှုပ်လာပြီးမျက်လုံးလေးတွေပွင့်လာလေ၏။

''ကိုကြီး အခန်းထဲဘာလာလုပ်တာလဲ''

''ဒါကိုကြီးအခန်းလေ''

''ဟင် ကိုကြီးကလည်း ဘာလို့ငွေ့ရည်ကိုကိုကြီးအခန်းထဲခေါ်လာတာလဲ ငွေ့ရည်,အိမ့်မှူးအခန်းဆီပဲပြန်တော့မယ်''

ပြောပြောဆိုဆိုနဲ့ငွေ့ရည်ကအိပ်ရာမှထမယ်လုပ်တော့သူငွေ့ရည်ပုခုံးလေးတွေအားပြန်ဖိထားပြီး

''နေပါဦး အိမ့်မှူးအခန်းထဲမှာဆိုရင်သူရှိနေတော့စကားအေးဆေးမပြောရဘူးလေ ပြီးတော့မလွတ်လပ်ဘူး''

''ကိုကြီးကဘာကိုလွတ်လပ်ချင်နေတာလဲ ကိုကြီးနော် လူကိုအခွင့်အရေးယူမယ်မကြံနဲ့''

ငွေ့ရည်ကသူ့ရင်ဘတ်လေးကိုလက်နဲ့ကွယ်ကာပြောလာ၍သူပြုံးလိုက်မိပြီးမှသူမနဖူးလေးအားတောက်ကာ

''ဘာတွေပြောနေတာလဲ ကိုကြီးပြောတာက ခုလိုစကားလွတ်လွတ်လပ်လပ်ပြောလို့မရဘူး ငွေ့ရည်နဲ့လည်းခုလိုနီးနီးကပ်ကပ်နေခွင့်မရဘူးလို့ပြောတာ''

''......''

''ငွေ့ရည် ကိုကြီးငွေ့ရည်ကိုတရားဝင်ချစ်ခွင့်ရ​ချင်ပြီ''

''ဖွင့်ပြောတာဖြင့်မနေ့တနေ့ကမှ''

''ဖွင့်ပြောတာမကြာသေးပေမယ့် ချစ်မိနေတာတော့ကြာပြီလေ''

''......''

''ငွေ့ရည် ဘာလို့ငြိမ်နေတာလဲ ကိုကြီးမှာငွေ့ရည်လက်မခံနိုင်တဲ့အချက်ဘာရှိလို့လဲ ပြောပါ ကိုကြီးပြင်ပေးမယ်''

''အဲလိုမဟုတ်ပါဘူး''

''ဒါဆိုဘာလို့လဲ''

''ကိုကြီး ကိုကြီးလည်းသိချင်သိမှာပါ ကိုကြီးကိုချစ်နေတဲ့မိန်းကလေးတစ်ယောက်ရှိနေသေးတယ်ဆိုတာကို သူကငွေ့ရည်ကိုခုလောက်ဆို​ေ.သအောင်မုန်းနေလောက်ပြီ''

''ငွေ့ရည်ကသူ့ကြောင့်မို့လို့ကိုကြီးကိုလက်မခံချင်တာလား''

သူမကဝန်ခံနေဟန်နဲ့နှုတ်ဆိတ်ကာဘာမှမပြော။

''ငွေ့ရည်ခုလိုလုပ်နေလည်းကိုကြီးသူ့ဆီသွားမှာမဟုတ်ဘူးနော်ငွေ့ရည် ကိုကြီးကငွေ့ရည်ကလွဲပြီးဘယ်မိန်းကလေးကိုမှစိတ်မဝင်စားဘူး''

''ဒါပေမယ့်...''

''ငွေ့ရည်ကိုကြီးကိုချစ်နေတာကိုကြီးသိတယ် ​ငွေ့ရည်မပြောရင်ကိုကြီးကိုယ့်နည်းကိုယ့်ဟန်နဲ့ငွေ့ရည်မပြောပြောအောင်လုပ်မှာနော်''

သူ့အကြောင်းသိနေတဲ့ငွေ့ရည်ကချက်ချင်းဆိုသလိုပဲသူမနှုတ်ခမ်းလေးကိုလက်နဲ့အုပ်၍

''ကိုကြီးနော် ခဏတိုင်းနမ်းမယ်ဆိုတာချည်းပဲ ကိုကြီးကြောင့်ငွေ့ရည်ကအပေါစားလို့ပြောခံရတယ်သိလား''

''ဘယ်သူကပြောတာလဲအဲ့စကားက''

''ဘယ်သူပြောပြောပေါ့''

''ငွေ့ရည်ကပြန်မပြောလိုက်ဘူးလား ငါ့ကိုကြီးကငါ့ကိုငုံထားမတတ်ချစ်တာလို့ ငါကသူ့အတွက်တန်ဖိုးဖြတ်လို့မရတဲ့မိန်းကလေးလို့''

''ပြောလိုက်တယ် ငါကကိုကြီးချစ်တာခံရတယ်လို့ ငါကနင့်ထက်ပို​​မြင့်တယ်လို့''

''တော်လိုက်တဲ့ကလေးလေး''

ငွေ့ရည်သူမလက်ကိုဖယ်လိုက်ပြီးမှ

''ကိုကြီး ငွေ့ရည်ကကိုကြီးကိုဆိုးမှာနော် ကိုကြီးသည်းခံနိုင်ပါ့မလား ပြီးမှငြိုငြင်ပြီးငွေ့ရည်ကိုထားခဲ့မှာတော့မဟုတ်ပါဘူးနော်''

''အဲလိုဆိုးတာကိုသည်းမခံနိုင်ရင်ကိုကြီးအစကတည်းကငွေ့ရည်ကိုချစ်မိပါ့မလား ငွေ့ရည်အကြောင်းကိုကိုကြီးအစကတည်းကသိနေတာပဲလေ''

သူမကမျက်လုံးလေးမှိတ်ပြီးမှမျက်နှာလေးကိုမော့ကာနှုတ်ခမ်းလေးကိုမသိမသာစူပေးလာလေ၏။
သဝဏ်သူမအားကြောင်ကြည့်နေတုန်းသူမကမျက်လုံးလေးပြန်ဖွင့်လာပြီး

''မနမ်းဘူးလား ကိုကြီးပဲတရားဝင်ချစ်ခွင့်ရချင်တယ်ဆို အခုတရားဝင်ခွင့်ပြုနေတယ်လေ''

''ငွေ့ရည် အခုဘာပြောလိုက်တာ ထပ်ပြောပါဦး''

''ကိုကြီးကိုအ​ဖြေပေးနေတာလေကိုကြီးရဲ့ မလိုချင်ဘူးလားပြော''

''လိုချင်တာပေါ့ငွေ့ရည်ရဲ့ လိုချင်တာပေါ့ ကိုကြီးရုတ်တရက်ဆိုတော့အပျော်လွန်ပြီးဘာပြောရမလဲမသိဖြစ်သွားတာ ဒါဆိုအခုငွေ့ရည်ကကိုကြီးကောင်မလေးဖြစ်သွားပြီပေါ့ဟုတ်လား ကိုကြီးတစ်​ယောက်တည်းကိုကြီးရဲ့ကောင်မလေးပေါ့''

''အင်းပေါ့ ငွေ့ရည်ကိုကြီးကိုချစ်တယ်

သူဝမ်းသာအားရဖြင့်ငွေ့ရည်ပါးလေးအားငုံ့မိုးကာဖိကပ်နမ်း၍နဖူးလေးကိုပါနမ်းပြီး

''အရမ်းချစ်တာပဲကလေးရယ်''

ပြောပြီးတာနဲ့သူစွဲလမ်းနေရသောသူမနှုတ်ခမ်းလေးအားအနမ်းတွေခြွေပစ်လိုက်လေ၏။

သူမကလည်းသူ့ကျောပြင်ကိုဖက်တွယ်လာပြီးမသိမသာလေးတုန့်ပြန်ကာနမ်းနေတာမို့သူ့အနမ်းတွေကိုပိုပြီးကြမ်းကာပြင်းရှလာရလေသည်။
သူမကလည်းမငြင်းပဲသူ့အနမ်းတွေအားမျက်လုံးလေးတွေမှိတ်ကာခံယူနေလေ၏။

အခုသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပြီ။
သူတို့ကိုလည်းဘယ်သူမှခွဲနိုင်တော့မှာမဟုတ်ပေ။

ခွဲမယ့်သူရှိလာရင်လည်းသူဒီကလေးလေးလက်အားမလွှတ်တမ်းဖမ်းဆုပ်ထားပြီးပိုင်ဆိုင်ခွင့်မရရအောင်ကြိုးစားသွားမှာပင်။

🌺🌺

Zawgyi




''အင်း''


















''ဘာဖြစ်လို့လဲငွေ့ရည်''











(🙄🙄)



''အမလေး! ဘုရား''

''ငါပါ''






''.....''




''ဘာ!!''

''မဟုတ်လို့လား ဘယ်ယောက်ျားကကိုယ်နဲ့ဘာမှမသက်ဆိုင်တဲ့မိန်းကလေးကိုနမ်းလို့လဲ နင်ကိုကလွယ်လွယ်ရနေလို့ပေါ့''

''အဲလိုသာဆိုနင်လည်းဘာထူးလို့လဲ အိနြေ္ဒသိက္ခာရှိသလိုနဲ့မိန်းမနောက်ပိုးလုပ်နေတာပဲမလား''





🌺🌺


''မကျန်တော့ဘူးကိုကို''



''ဘာလဲကိုကြီး''

(🙂🙂)



''မသိဘူး''






''အင်း''




''ဪ''





''လာငွေ့ရည်''

''အမ်''


''ဟမ်..ဪ ဟုတ်ကိုကို''


''ဒါမှငါ့ကိုကို''







____________






''အော် အင်းပါ''


''ငါသွားပြီ''

''အင်း''




''အေး''





🌺🌺



''နည်းနည်းပါကိုကိုရဲ့''

''ထားထားကရော''


''ဪ''











''ဒါကိုကြီးအခန်းလေ''







''......''




''......''


''အဲလိုမဟုတ်ပါဘူး''

''ဒါဆိုဘာလို့လဲ''





''ဒါပေမယ့်...''





''ဘယ်သူပြောပြောပေါ့''



''တော်လိုက်တဲ့ကလေးလေး''
















🌺🌺

Continue Reading

You'll Also Like

15K 297 22
အချစ်အမုန်းဟာသ ရောပြွှန်းထည့်ထားပါတယ်ရှင်.....
5.2K 100 10
After Wonderlands x Showtime plan their next show Nene asks Rui about something he tends to do a lot. This leads to the Virtual Singers helping Rui a...
20K 547 43
မတော်တဆဆုံတွေ့မူ့လေးတစ်ခုကြောင့် သူဟာ သူမ ရဲ့ ဖူးစာရှင်ဖြစ်နေမလား ဆိုပြီး သူနှင့်နီးစပ်ခွင့်ရဖို့ ကြိုးစားသူ မိုးင်္ဟသာနှင့် သူမဟာ သူ့ဘဝထဲကို ကံဆို...
17.3K 791 49
သူနဲ့ကျွန်မရဲ့ပတ်သတ်မှုက စာချုပ်ပေါ်မှာတောင်ရှိမနေတဲ့ တရားမဝင်ပတ်သတ်မှုတစ်ခု