🌺My cutie baby🌺[completed]

By pear721

74.6K 1.2K 26

ကိုကြီးနဲ့ကလေး More

🌺Part.1🌺
🌺Part.2🌺
🌺Part.3🌺
🌺Part.4🌺
🌺Part.5🌺
🌺Part.6🌺
🌺Part.7🌺
🌺Part.8🌺
🌺Part.10🌺
🌺Part.11🌺
🌺Part.12🌺
🌺Part.13🌺
🌺Part.14🌺
🌺Part.15🌺
🌺Part.16🌺
🌺Part.17🌺
🌺Final Part🌺

🌺Part.9🌺

3K 63 0
By pear721

Unicode

သူချက်ချင်းပဲထားထားကိုဆွဲဖယ်၍ငွေ့ရည်ရှေ့အမြန်လျှောက်လာလိုက်၏။

ငွေ့ရည်ကလည်းကိုကြီးသူမထံလျှောက်လာတာမြင်တာနဲ့ချက်ချင်းအိမ်ပေါ်ပြေးတက်ဖို့ကြံလိုက်ရာ ကိုကြီးကသူမအားအမိအရဆွဲထားပြီးမှ

''ငွေ့ရည် ဒါငွေ့ရည်ထင်သလိုမဟုတ်ဘူးနော် ငွေ့ရည်အထင်မလွဲနဲ့''

​ငွေ့ရည်ကိုအတင်းရှင်းပြနေသောသဝဏ့်ကိုကြည့်ပြီးထားထားရင်ဘတ်တစ်ခုလုံးတစ်စတစ်စနာကျင်လာရသည်။
အစ်ကိုကငွေ့ရည်ကိုချစ်နေတာတစ်ကယ်သေချာသွားခဲ့ပြီ။

''ကိုကြီးငွေ့ရည်ကိုလွှတ်''

''မလွှတ်ဘူး ငွေ့ရည်စိတ်ထဲသံသယဖြစ်သွားမှာမျိုးကိုကြီးတစ်ကယ်ပဲမလိုချင်ဘူးငွေ့ရည်''

သူတို့တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်ကာခေတ္တမျှတိတ်ဆိတ်သွားရပြီးမှသဝဏ်က

''ထားထား မင်းသွားလို့ရမလား''

ထားထားကျလုကျငင်မျက်ရည်တွေကိုမြိုသိပ်ရင်းဖြင့်သူတို့ဘေးကဖြတ်လျှောက်လာပြီးအိမ်ပေါ်သို့တက်လာခဲ့လိုက်လေသည်။

ထားထားမရှိတော့ဘူးဆိုမှသဝဏ်လည်းငွေ့ရည်လက်ကိုဆွဲကာဧည့်ခန်းထဲခေါ်လာလိုက်ပြီးအတူယှဥ်တွဲထိုင်၍

''ငွေ့ရည် ကိုကြီးကိုတစ်ကယ်ပဲအထင်လွဲသွားပြီလား ပြောပါဦး''

''ကိုကြီးနဲ့ငွေ့ရည်ကဘာဆိုင်လို့ကိုကြီးကအဲလောက်အသည်းအသန်ရှင်းပြနေတာလဲ''

သူမမေးခွန်းအတွက်သူ့မှာအဖြေမရှိ။သူသိတာတစ်ခုကငွေ့ရည်သူ့ကိုအထင်လွဲသွားမှာသူသိပ်စိုးရိမ်သည်။

''အဲဒါက...''

''ကိုကြီးငွေ့ရည်ကိုအမြင်ကပ်နေတယ်ဆိုပြီးဘာလို့ခုလိုအသည်းအသန်ဖြစ်ပြနေတာလဲ''

''လုပ်ပြန်ပြီငွေ့ရည်ရာ အဲ့ကိစ္စကိုကိုကြီးညကတည်းကပြောပြီးပြီလေ ငွေ့ရည်ကိုဘယ်တုန်းကမှအမြင်မကပ်ဖူးဘူးလို့ ညကဆူလိုက်တာကလည်းငွေ့ရည်ဝတ်ထားတာအရမ်းတိုလွန်းပြီးထင်းလွန်းနေလို့ဆူလိုက်တာ ညကတည်းကငွေ့ရည်ကိုကိုကြီးချော့ပြီးပြီလေ ဘာလဲ မမှတ်မိတော့ဘူးလား''

''......''

''ငွေ့ရည်မွေးနေ့အတွက်မွေးနေ့ကိတ်လုပ်ပေးရမယ်ဆိုပြီးကိုကြီးကိုကတိတောင်းလို့တောင်မှကိုကြီးကတိပေးလိုက်သေးတယ်''

အဲဒါကသူမစိတ်ထဲထင်နေတာမဟုတ်ဘူးပဲ။

''မသိဘူး မမှတ်မိဘူး''

''ဟုတ်လို့လား''

''ဟုတ်တယ် ဟွန်း မျက်နှာနှစ်ဖက်နဲ့''

''ဟောဗျာ ဘယ်မှာမျက်နှာနှစ်ဖက်လဲ''

''မသိဘူး ကိုကြီးကိုအမြင်ကပ်တယ်''

ပြောပြီးငွေ့ရည်ထိုင်နေရာမှထကာလှည့်ထွက်သွားဖို့ပြင်လိုက်စဥ်ကိုကြီးကသူမလက်ကိုဆွဲလိုက်တာကြောင့်သူမကိုယ်လေးကကိုကြီးပေါင်ပေါ်ထိုင်လျက်သားလေးဖြစ်သွားရလေ၏။

''ကိုကြီးဘာလုပ်တာလဲ ခုလွှတ်နော် ငွေ့ရည်ကထားထားမဟုတ်ဘူးသိလား ဖယ်ပါဆို''

သူ့ရင်ဘတ်အားလက်သီးဆုပ်လေးနဲ့ထုကာတွန်းဖယ်နေသောသူမလက်ကလေးအားသူချုပ်ကိုင်လိုက်ပြီး

''ခုနကထားထားကမတော်တဆဖြစ်တာ ငွေ့ရည်ကိုကတမင်ထိုင်ခိုင်းတာ''

''ဘယ်သူကထိုင်ချင်တယ်ပြောနေလို့လဲ''

''အာ့ဆိုခုနကဘာလို့သဝန်တဲ့ရုပ်လေးဖြစ်သွားတာလဲ''

''ဟင်!''

ငွေ့ရည်မျက်နှာကချက်ချင်းပန်းရောင်လေးသမ်းသွားရပြီးကိုကြီးဆီမှအတင်းရုန်းကာ

''အာ ဖယ်မှာသဝန်တိုလို့လဲ ဖယ်ဖယ် ခုဖယ် သူများမြင်ရင်တစ်မျိုးထင်နေမယ်ကိုကြီးရဲ့''

ထိုစဥ်

''အဲဒါဘာဖြစ်နေကြတာလဲဟင်''

အသံလာရာကိုနှစ်​ယောက်သားလှည့်ကြည့်လိုက်တော့

''အိမ့်..အိမ့်မှူး''

ငွေ့ရည်ချက်ချင်းပဲကိုကြီးပေါ်မှထကာနေရာမှ​ပြေးထွက်လာလိုက်တော့၏။

အိမ့်မှူးကအစ်ကိုဖြစ်သူနားလျှောက်လာပြီး

''ကိုကို အခုညီမလေးဘာမြင်လိုက်တာလဲဟင် ကိုကိုနဲ့ငွေ့ရည်တို့ချစ်သူတွေဖြစ်နေကြပြီလား''

''မ မဟုတ်ပါဘူး''

''ဟယ်...အဲဒါဆိုဘာလို့''

အိမ့်မှူးကတစ်ခုခုကိုစဥ်းစားမိဟန်နှင့်

''ဒါဆိုရည်းစားစကားပြောနေတာလား''

''တစ်ခုမှမဟုတ်ဘူး''

ပြောပြီးသဝဏ်ကသူ့lap topကိုယူကာထထွက်လာခဲ့လိုက်လေသည်။

အိမ့်မှူးကခေါင်းကုတ်ရင်း

''တစ်ခုမှမဟုတ်ဘူးဆိုရင်ဘာလို့ငွေ့ရည်ကကိုကို့ပေါင်ပေါ်ထိုင်နေတာလဲ ကိုကိုကလည်းငွေ့ရည်ကိုဖက်ထားသေးတယ် ဘာမှမပတ်သက်ဘဲအဲလိုလုပ်လို့ရလား ဆန်းကြယ်တာဟယ် လိုက်လို့ကိုမမီတော့ဘူးတစ်ကယ်ပဲ''

အဲဒီနေ့ညကသဝဏ်ရောငွေ့ရည်ရောထားထားရောအတွေးကိုယ်စီနဲ့အိပ်လို့မပျော်ခဲ့ပါ။

🌺🌺

နောက်နေ့မနက်သူတို့ငါးယောက်မနက်စာစားနေရင်းမှထားထားက

''အိမ့်မှူး ငါဒီနေ့အိမ်ပြန်တော့မယ်နော်''

''ပြန်တော့မှာလား နင့်အစ်မကပြန်သွားပြီလား''

''အင်း''

''အေးပါ နောက်လည်းလာလည်ပေါ့''

ငွေ့ရည်ကတော့ဒါသူမကြောင့်လားလို့တွေးပြီးလိပ်ပြာမလုံပေ။

စင်္ကြာက

''အစ်ကို ကျွန်တော့်ကိုချောင်းသာလိုက်ပို့ပါလား မရောက်ဖူးလို့''

''ဘယ်တော့လဲ''

''အစ်ကိုအဆင်ပြေတဲ့ရက်ပေါ့ ကျွန်တော်တို့ငါး​ယောက်အတူသွားမယ်လေ''

အကုန်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးမှ

''အင်း ဒီနေ့ခွင့်တင်လိုက်မယ် မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါသွားတာပေါ့ ထားထားလည်းအဲ့ကအပြန်မှအိမ်ပြန်လိုက်တော့လေ''

''ဟုတ်ကဲ့အစ်ကို''

ထားထားကမဆိုင်းမတွပဲခေါင်းညိတ်လိုက်လေ၏။

ထိုခရီးမှာပဲအစ်ကိုသူမကိုသတိထားမိအောင်လုပ်ရမည်ဟုသူမစိတ်ထဲတေးထားလိုက်၏။
အစ်ကို့ကိုတစ်ခြားသူလက်ထဲတော့မပါမခံနိုင်ပေ။

အထူးသဖြင့်ငွေ့ရည်လက်ထဲပေါ့။

____________

နေ့လည်ရောက်တော့ငွေ့ရည်တို့အိမ့်မှူးတို့နှစ်ယောက်တည်း ခရီးအတွက်shoppingထွက်ခဲ့ကြ၏။

နှစ်​ယောက်လုံးကလည်းစိတ်တူကိုယ်တူပဲမို့ဝယ်တဲ့ပစ္စည်းတွေကလည်းအတော်လေးများသွားလေသည်။

''ငွေ့ရည် ငါတို့ကိုကို့ဆီဝင်ရအောင်''

''သွားလို့ရလို့လား''

''ဘာလို့မရရမှာလဲ ငါဆိုအမြဲသွားနေကျ''

''အဲဒါဆိုလည်းသွားမယ်လေ''

ထိုသို့ဖြင့်သူမတို့ဈေးဝယ်ထွက်ပြီးအပြန်မှာကိုကြီးရှိရာဟိုတယ်ဆီသို့ဝင်ခဲ့ကြလေ၏။

ဟိုတယ်ရောက်တော့ဝန်ထမ်းတစ်ဦးအားကိုကြီးကိုသွားခေါ်ခိုင်းလိုက်ပြီးသူမတို့ကတော့လော်ဘီမှာပဲထိုင်စောင့်နေလိုက်သည်။

ခဏကြာတော့စာဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသောကိုကြီးကသူမတို့ထံရောက်လာလေ၏။

''ဘာလာလုပ်ကြတာလဲ''

သဝဏ် သူမတို့ရှေ့ဝင်ထိုင်ရင်းမေးလိုက်၏။

''ဈေးဝယ်ထွက်ရင်းကိုကို့ဆီဝင်လာတာ ခွင့်တင်တာရလားသိချင်လို့''

''အင်း ခွင့်ကတင်ထားတယ်

ငွေ့ရည်ကိုကြီးအားထိုပုံစံနဲ့မမြင်ဖူးတာကြောင့်ခေတ္တမျှငေးမောမိသွားတာအမှန်ပင်။
ဒါကိုကိုကြီးကသတိထားမိပြီး

''ဟိတ် ဘာကြည့်နေတာလဲ''

''ဟင် အာ ဘာ ဘာမှမဟုတ်ပါဘူး''

''ဘာစားခဲ့ကြပြီးပြီလဲ''

''ကြက်ကြော်နဲ့ကိုလာစားခဲ့တယ် ပြီးတော့ဟမ်ဘာဂါရော''

''ဪ ဘာစားချင်ကြသေးလဲ''

''ဟင့်အင်း ညီမ​လေးကတော့တော်ပြီ ငွေ့ရည်နင်ရော''

''ငါလည်းတော်ပြီ''

''အဲဒါဆိုညီမလေးတို့ပြန်တော့မယ်ကိုကို လမ်းကြုံလို့သာခဏဝင်လာတာ''

''အင်းဟုတ်ပြီ ဂရုတစိုက်ပြန်ကြ ဒီနေ့ကိုကိုအိမ်ပြန်နောက်ကျချင်ကျမှာ''

''ဟုတ်ကိုကို ညီမလေးခြံတံခါးသော့ဖွင့်ထားပေးမယ်နော်''

''အင်း''

''လာငွေ့ရည် ပြန်ရအောင်''

''အေး တာ့တာကိုကြီး''

''အင်း''

သူမတို့မရှိတော့ဘူးဆိုမှသူလည်းစားဖိုဆောင်သို့ပြန်လာခဲ့လိုက်၏။

သူစားဖိုဆောင်ထဲရောက်တော့

''ကောင်မလေးကဖြူဥနေပါရော တစ်ကယ်ဖြူလုံးလုံးလေး အရုပ်ကလေးကျလို့ပဲ ဘယ်ကောင်များကံကောင်းဦးမလဲမသိဘူး''

''ဟုတ်ပါ့ အဲ့ကံကောင်းမယ့်သူကငါဖြစ်ရင်အရမ်းကောင်းမှာပဲ''

''ဆုတောင်းလေ''

သူ့လက်အောက်ငယ်သားနှစ်ယောက်ဖောက်သည်ချသမျှကိုကျန်တဲ့သူတွေကစိတ်ဝင်တစားနားထောင်နေကြလေ၏။

''မင်းတို့ကလာချောင်းနေကြတယ်ပေါ့''

သူ့အသံကြားတော့အကုန်လုံးကလှည့်ကြည့်လာကြပြီးမှ

''ဆ ဆရာ''

''မင်းတို့ကဘာကိစ္စသူ့အကြောင်းကိုအဲလောက်ပြောနေရတာလဲ''

''ဆရာ ကျွန်တော်တို့ကဆရာ့ညီမအကြောင်းပြောတာမဟုတ်ပါဘူး ဆရာ့ညီမနဲ့ပါလာတဲ့ဖြူလုံးလုံးလေးအကြောင်းကိုပြောတာပါ''

''အေး အဲ့ဒါကိုပြောနေတာပဲလေ''

သူကတစ်ခုခုကိုသဘောပေါက်သွားဟန်နဲ့

''ဪ အဲဒါကဆရာ့ဟာလေးလား''

သူခါးကြီးထောက်ပြီးစိုက်ကြည့်လိုက်တော့ထိုငနဲကမဆိုင်တဲ့သူတွေအား

''မင်းတို့ကောင်တွေတော့ ဆရာ့ကောင်မလေးကိုမှသွားဖွန်ကြောင်ရလား သွားသွား လုပ်စရာရှိတာသွားလုပ်တော့''

''မင်းပဲအစအဆုံးပြောနေတာလေ ငါတို့ကဘယ်နားဖွန်ကြောင်လို့လဲ မြင်​တောင်မမြင်လိုက်ရတာကို''

''အေးလေ''

''သွားကြစမ်းပါကွာ''

သဝဏ်မျက်မှောင်ကြီးကျုံ့ရင်းခုံမှာဝင်ထိုင်လိုက်၏။
သူ့တပည့်တွေကသူမကိုစိတ်ဝင်စားလို့မဟုတ်ပဲဒီအတိုင်းပြောကြမှန်းသိတာတောင်သူမခံချင်ပေ။

အကယ်၍သူမကိုများတစ်ယောက်ယောက်ကမျက်စိကျပြီးပိုးပန်းလာရင်ရော...

ထိုအတွေးကသူ့စိတ်အားအတော်လေးညစ်ညူးသွားစေ၏။

ပြီးတော့တစ်ဆက်တည်းဆိုသလိုစင်္ကြာကသူမကိုရင်ခုန်တယ်လို့ပြောဖူးတာကိုအမှတ်ရသွားပြီးစိတ်ထဲထင့်သွားရသည်။

''မင်းစိတ်ကိုကိုကြီးဖောက်ထွင်းမြင်နိုင်ရင်သိပ်ကောင်းမှာပဲငွေ့ရည် မင်းထက်ဆယ်နှစ်လောက်ကြီးတဲ့ကိုကြီးကဘယ်လိုပုံစံမျိုးနဲ့မင်းရှေ့ရောက်လာရမှာလဲ''

🌺🌺

သူအိမ်ပြန်ရောက်တော့ညဆယ်နာရီပင်ခွဲနေပြီပင်။

သူအိမ်ထဲရောက်ရောက်ချင်းမှာငွေ့ရည်​ကဧည့်ခန်းထဲကကြမ်းပြင်မှာထိုင်၍ဖုန်းကြည့်ကာတစ်ခုခုကိုသဘောတကျရယ်နေတာကြောင့်သူဧည့်ခန်းထဲသွားလိုက်ပြီး

''မအိပ်သေးဘူးလား''

''ဟာ ကိုကြီးပြန်လာပြီ''

ငွေ့ရည်ကထိုင်ရာမှထ၍

''အရမ်းနောက်ကျတာပဲ''

''အင်း နေ့လည်ကတည်းကနောက်ကျမယ်ပြောသားပဲ ငွေ့ရည်ကရော မအိပ်သေးပဲဘာလုပ်နေတာလဲ''

''ကိုကြီးကိုစောင့်​နေတာလေ ခွင့်ရမရသိချင်လို့''

''မနက်မှမေးလည်းရရဲ့သားနဲ့ကို''

''အရမ်းသိချင်လွန်းလို့အိပ်လို့လည်းမရပါဘူး ခွင့်ရခဲ့လားဟင်''

''အင်း သုံးရက်ရခဲ့တယ်''

''ဟီးး တော်ပါသေးရဲ့ ​ငွေ့ရည်ကခွင့်မရမှာစိုးနေတာ''

''အင်း ကဲ သိချင်တာသိပြီဆိုတော့သွားအိပ်တော့လေ''

''ဟုတ်''

ငွေ့ရည်ကဖုန်းကိုယူ၍သူ့ရှေ့ကထွက်သွားမလိုလုပ်တုန်းကိုယ့်ခြေထောက်နဲ့ကိုယ်ခလုတ်တိုက်ကာရှေ့ကိုလဲကျမလိုဖြစ်သွားတာကြောင့်ကိုကြီးကသူမခါးလေးအားအမိအရလှမ်းဖက်လိုက်တာကြောင့်ငွေ့ရည်မှာကံကောင်းသွားရသည်။

မဟုတ်ရင်ရှေ့သွားကျိုးမလားမေးကွဲမလားမသိ။

ငွေ့ရည်ကိုယ့်ကိုယ်ကိုသတိထားမိချိန်မှာကိုကြီးကသူမကိုယ်လေးအားတင်းကြပ်စွာပွေ့ဖက်ထားတာကြောင့်ငွေ့ရည်မသိမသာရုန်းရင်း

''ကိုကြီး လွှတ်တော့လေ''

ကိုကြီးကသူမမျက်နှာအားစိုက်ကြည့်လာပြီး

''ငွေ့ရည် ငွေ့ရည်မှာချစ်ရမယ့်သူရှိပြီလား''

''ဟင့်အင်း''

''ဒါဆို ငွေ့ရည်ဘယ်လိုလူမျိုးကိုငွေ့ရည်နှလုံးသားကိုပေးမှာလဲ''

''​ငွေ့ရည်ကိုအများကြီးချစ်ပေးပြီးငွေ့ရည်ကလည်းပြန်ချစ်မယ့်သူမျိုးပေါ့ ငွေ့ရည်ကိုကလေးလိုအလိုလိုက်ပြီးဆိုးသမျှသည်းခံပေးမယ့်သူမျိုးပေါ့''

ပြောပြီးသူမကခေါင်းလေးအသာငုံ့သွားတာကြောင့်သူမေးဖျားကနေဆွဲမော့ကာ

''အဲလိုအချက်တွေကအသက်ကြီးတဲ့သူတွေဆီမှာပိုတွေ့ရတတ်တယ် ဥပမာ ကိုကြီးလိုလူမျိုးလေ''

''ကိုကြီးနော် ဘာတွေပြောနေတာလဲ''

သူမပါးအို့လေးနှစ်ဖက်ကပန်းသွေးရောင်လေးရဲတက်လာပြီးသူ့လက်ကနေအတင်းရုန်းဖို့ကြိုးစားနေတာကြောင့်သဝဏ်သူမခါးလေးအားပိုတိုးကာဖက်လိုက်ပြီး

''ကိုကြီးကဥပမာပြောတာကိုဘာလို့အဲလောက်ရှက်နေတာလဲ''

''ဘယ်မှာရှက်လို့လဲ''

သဝဏ်သူမနားနားလေးကပ်ကာ

''ရင်ခုန်သံတွေကတော့အရမ်းမြန်နေတယ်နော်''

ပြောပြီးသူမနားဖျားလေးကိုနမ်းလိုက်တာကြောင့်ငွေ့ရည်မှာကိုယ်လေးတွန့်သွားရပြီးကြက်သီးလေးတွေပါထသွားရလေ၏။

''အို ကိုကြီး အဲဒါဘာလုပ်တာလဲ''

ကိုကြီးကဘာမှမပြောပဲသူမမျက်နှာလေးအားစိုက်ကြည့်ကာ

''နောက်တစ်ခါကိုကြီးအလုပ်လုပ်နေတဲ့ဆီမလာနဲ့ ဟိုတယ်ကလူတွေကငွေ့ရည်ကိုလိုက်ကြည့်ပြီးမျက်စိအရသာပါးစပ်အရသာခံနေကြမျိုးကိုကြီးမလိုချင်ဘူး''

''ဘယ်သူတွေဘာပြောလို့လဲ''

''ငွေ့ရည်ကအရုပ်လေးနဲ့တူပြီးဖြူလုံးလုံးလေးတဲ့''

''အဲဒါချီးမွမ်းတာလေ ဒီလောက်နားဝင်ချိုနေတာကို''

''ငွေ့ရည်ကိုချီးမွမ်းတာ ငွေ့ရည်ကိုဘယ်လောက်လှကြောင်းပြောတာတွေကိုနားထောင်ချင်ရင်ကိုကြီးနေ့တိုင်းပြောပေးမှာပေါ့ ကိုကြီးတစ်​ယောက်တည်းဆီကကြားရရင်လုံလောက်တယ်မလား အဲဒါဆိုအဲ့တာဝန်ကိုကိုကြီးယူပေးမယ်လေ တစ်ခြားဘယ်သူ့ဆီကမှနားမထောင်နဲ့ ကိုကြီးတစ်​ယောက်ပဲချီးမွမ်းမယ် ဖြစ်တယ်မလား''

ငွေ့ရည်ကနေရခက်နေဟန်ဖြင့်

''ကိုကြီးဘာဖြစ်နေတာလဲ ကိုကြီးစကားတွေကထူးဆန်းလိုက်တာ ​ငွေ့ရည်မနေတတ်တော့ဘူး''

''အဲဒါဆိုခေါင်းတစ်ချက်ပဲညိတ်ပြလိုက်လေ''

ငွေ့ရည်မှာညှို့ဓာတ်အပြည့်ပါသောကိုကြီးမျက်ဝန်းတွေအောက်မှာရင်တွေတလှပ်လှပ်ခုန်ကာလှိုက်ဖိုလာရ၏။

ကိုကြီးရဲ့အကြည့်တွေကသူမနှုတ်ခမ်းထံကူးပြောင်းသွားချိန်မှာငွေ့ရည်တစ်ကယ်နေလို့မတတ်တော့ပေ။

တဖြည်းဖြည်းနဲ့ကိုကြီးကသူမနှုတ်ခမ်းထံငုံ့ကျလာတာကြောင့်ငွေ့ရည်ခေါင်းလေးကိုနောက်ဆုတ်ရင်း

''ကိုကြီး ဘာ ဘာလုပ်မလို့လဲဟင်''

ကိုကြီးကဘာမှပြန်မပြောပဲသူလိုရာဆီရောက်ဖို့သာဦးတည်လာနေလေ၏။

''ကိုကြီး မလုပ်နဲ့နော် ​ငွေ့ရည်ရှက်တယ်''

''.....''

''ကိုကြီး''

ကိုကြီးကသူမခေါင်းလေးအားထိန်းကိုင်လိုက်တော့ငွေ့ရည်မှာရုန်းလို့မရတော့ပဲကိုကြီးနဲ့နှုတ်ခမ်းချင်းထိလုနီးပါးဖြစ်သွားရလေတော့သည်။

''ကိုကြီး''

ထိုအခိုက်...

''ကိုကိုပြန်...လာ...''

ထိုမြင်ကွင်းကိုမြင်ပြီးအိမ့်မှူးမှာပြောချင်တဲ့စကားတောင်မေ့သွားရသည်။

''ပြီလား အဲ...''

''သွားပြီ ဖျက်မိပြီ''

သူမအံကြိတ်ကာတီးတိုးရေရွတ်နေတုန်းငွေ့ရည်ကကိုကို့ထံမှရုန်း၍မျက်နှာကိုလက်နဲ့အုပ်ကာအိမ်ပေါ်သို့ပြေးတက်သွားတော့သည်။

ကိုကိုသည်လည်းသူမကမကျေမချမ်းကြည့်၍အိမ်ပေါ်သို့ခပ်ဆောင့်​ဆောင့်တက်သွား၍အိမ့်မှူးမှာအသံပင်မထွက်ရဲပဲနေရာမှာတင်ကုပ်ကုပ်လေးကျန်ခဲ့ရ၏။

''ဒါလည်းတစ်ခုမှမဟုတ်ပြန်ဘူးလား ငါဘာလို့အသံပေးမိသွားတာလဲ မဟုတ်ရင်ကိုကိုကငါ့ကိုအဖျက်သမားဆိုတဲ့အကြည့်ကြီးနဲ့ကြည့်မှာမဟုတ်ဘူး သူအရမ်းကြိုးစားထားရမှာကိုငါဖျက်မိပြီ ဒါပါနဲ့ဆိုငါဖျက်မိတာနှစ်ခါတောင်မှ ငါဝဋ်လည်မှာတော့မဟုတ်ပါဘူးနော်''

အိမ့်မှူးငိုမဲ့မဲ့နဲ့တီးတိုးရေရွတ်ရင်းအိမ်ပေါ်ပြန်တက်မလိုလုပ်ပြီးမှ

''ဪ ငါမုန့်လာစားတာကို ကယောင်ခြောက်ခြားတွေဖြစ်ကုန်ပါပြီ''

သူမချက်ချင်းပဲမီးဖိုခန်းဆီဦးတည်လိုက်၏။

ဒီပုံစံတိုင်းဆိုမကြာခင်သတင်းထူးတစ်ခုကြားရတော့မယ်လို့တွေးရင်းဒီရက်ပိုင်းအတွင်းသူမပတ်ဝန်းကျင်ကိုအမြဲသတိမူနေရတော့မည်ဟုဆုံးဖြတ်လိုက်သည်။

တတိယအကြိမ်သာဆိုကိုကိုကသူမကိုထုထောင်းတော့မှာမြင်​ယောင်နေလို့ပင်။

🌺🌺

Zawgyi

သူခ်က္ခ်င္းပဲထားထားကိုဆြဲဖယ္၍ေငြ႕ရည္ေရွ႕အျမန္ေလွ်ာက္လာလိုက္၏။

ေငြ႕ရည္ကလည္းကိုႀကီးသူမထံေလွ်ာက္လာတာျမင္တာနဲ႔ခ်က္ခ်င္းအိမ္ေပၚေျပးတက္ဖို႔ႀကံလိုက္ရာ ကိုႀကီးကသူမအားအမိအရဆြဲထားၿပီးမွ

''ေငြ႕ရည္ ဒါေငြ႕ရည္ထင္သလိုမဟုတ္ဘူးေနာ္ ေငြ႕ရည္အထင္မလြဲနဲ႔''

​ေငြ႕ရည္ကိုအတင္းရွင္းျပေနေသာသဝဏ့္ကိုၾကည့္ၿပီးထားထားရင္ဘတ္တစ္ခုလုံးတစ္စတစ္စနာက်င္လာရသည္။
အစ္ကိုကေငြ႕ရည္ကိုခ်စ္ေနတာတစ္ကယ္ေသခ်ာသြားခဲ့ၿပီ။

''ကိုႀကီးေငြ႕ရည္ကိုလႊတ္''

''မလႊတ္ဘူး ေငြ႕ရည္စိတ္ထဲသံသယျဖစ္သြားမွာမ်ိဳးကိုႀကီးတစ္ကယ္ပဲမလိုခ်င္ဘူးေငြ႕ရည္''

သူတို႔တစ္​ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာေခတၱမွ်တိတ္ဆိတ္သြားရၿပီးမွသဝဏ္က

''ထားထား မင္းသြားလို႔ရမလား''

ထားထားက်လုက်ငင္မ်က္ရည္ေတြကိုၿမိဳသိပ္ရင္းျဖင့္သူတို႔ေဘးကျဖတ္ေလွ်ာက္လာၿပီးအိမ္ေပၚသို႔တက္လာခဲ့လိုက္ေလသည္။

ထားထားမရွိေတာ့ဘူးဆိုမွသဝဏ္လည္းေငြ႕ရည္လက္ကိုဆြဲကာဧည့္ခန္းထဲေခၚလာလိုက္ၿပီးအတူယွဥ္တြဲထိုင္၍

''ေငြ႕ရည္ ကိုႀကီးကိုတစ္ကယ္ပဲအထင္လြဲသြားၿပီလား ေျပာပါဦး''

''ကိုႀကီးနဲ႔ေငြ႕ရည္ကဘာဆိုင္လို႔ကိုႀကီးကအဲေလာက္အသည္းအသန္ရွင္းျပေနတာလဲ''

သူမေမးခြန္းအတြက္သူ႔မွာအေျဖမရွိ။သူသိတာတစ္ခုကေငြ႕ရည္သူ႔ကိုအထင္လြဲသြားမွာသူသိပ္စိုးရိမ္သည္။

''အဲဒါက...''

''ကိုႀကီးေငြ႕ရည္ကိုအျမင္ကပ္ေနတယ္ဆိုၿပီးဘာလို႔ခုလိုအသည္းအသန္ျဖစ္ျပေနတာလဲ''

''လုပ္ျပန္ၿပီေငြ႕ရည္ရာ အဲ့ကိစၥကိုကိုႀကီးညကတည္းကေျပာၿပီးၿပီေလ ေငြ႕ရည္ကိုဘယ္တုန္းကမွအျမင္မကပ္ဖူးဘူးလို႔ ညကဆူလိုက္တာကလည္းေငြ႕ရည္ဝတ္ထားတာအရမ္းတိုလြန္းၿပီးထင္းလြန္းေနလို႔ဆူလိုက္တာ ညကတည္းကေငြ႕ရည္ကိုကိုႀကီးေခ်ာ့ၿပီးၿပီေလ ဘာလဲ မမွတ္မိေတာ့ဘူးလား''

''......''

''ေငြ႕ရည္ေမြးေန႔အတြက္ေမြးေန႔ကိတ္လုပ္ေပးရမယ္ဆိုၿပီးကိုႀကီးကိုကတိေတာင္းလို႔ေတာင္မွကိုႀကီးကတိေပးလိုက္ေသးတယ္''

အဲဒါကသူမစိတ္ထဲထင္ေနတာမဟုတ္ဘူးပဲ။

''မသိဘူး မမွတ္မိဘူး''

''ဟုတ္လို႔လား''

''ဟုတ္တယ္ ဟြန္း မ်က္ႏွာႏွစ္ဖက္နဲ႔''

''ေဟာဗ်ာ ဘယ္မွာမ်က္ႏွာႏွစ္ဖက္လဲ''

''မသိဘူး ကိုႀကီးကိုအျမင္ကပ္တယ္''

ေျပာၿပီးေငြ႕ရည္ထိုင္ေနရာမွထကာလွည့္ထြက္သြားဖို႔ျပင္လိုက္စဥ္ကိုႀကီးကသူမလက္ကိုဆြဲလိုက္တာေၾကာင့္သူမကိုယ္ေလးကကိုႀကီးေပါင္ေပၚထိုင္လ်က္သားေလးျဖစ္သြားရေလ၏။

''ကိုႀကီးဘာလုပ္တာလဲ ခုလႊတ္ေနာ္ ေငြ႕ရည္ကထားထားမဟုတ္ဘူးသိလား ဖယ္ပါဆို''

သူ႔ရင္ဘတ္အားလက္သီးဆုပ္ေလးနဲ႔ထုကာတြန္းဖယ္ေနေသာသူမလက္ကေလးအားသူခ်ဳပ္ကိုင္လိုက္ၿပီး

''ခုနကထားထားကမေတာ္တဆျဖစ္တာ ေငြ႕ရည္ကိုကတမင္ထိုင္ခိုင္းတာ''

''ဘယ္သူကထိုင္ခ်င္တယ္ေျပာေနလို႔လဲ''

''အာ့ဆိုခုနကဘာလို႔သဝန္တဲ့႐ုပ္ေလးျဖစ္သြားတာလဲ''

''ဟင္!''

ေငြ႕ရည္မ်က္ႏွာကခ်က္ခ်င္းပန္းေရာင္ေလးသမ္းသြားရၿပီးကိုႀကီးဆီမွအတင္း႐ုန္းကာ

''အာ ဖယ္မွာသဝန္တိုလို႔လဲ ဖယ္ဖယ္ ခုဖယ္ သူမ်ားျမင္ရင္တစ္မ်ိဳးထင္ေနမယ္ကိုႀကီးရဲ႕''

ထိုစဥ္

''အဲဒါဘာျဖစ္ေနၾကတာလဲဟင္''

အသံလာရာကိုႏွစ္​ေယာက္သားလွည့္ၾကည့္လိုက္ေတာ့

''အိမ့္..အိမ့္မႉး''

ေငြ႕ရည္ခ်က္ခ်င္းပဲကိုႀကီးေပၚမွထကာေနရာမွ​ေျပးထြက္လာလိုက္ေတာ့၏။

အိမ့္မႉးကအစ္ကိုျဖစ္သူနားေလွ်ာက္လာၿပီး

''ကိုကို အခုညီမေလးဘာျမင္လိုက္တာလဲဟင္ ကိုကိုနဲ႔ေငြ႕ရည္တို႔ခ်စ္သူေတြျဖစ္ေနၾကၿပီလား''

''မ မဟုတ္ပါဘူး''

''ဟယ္...အဲဒါဆိုဘာလို႔''

အိမ့္မႉးကတစ္ခုခုကိုစဥ္းစားမိဟန္ႏွင့္

''ဒါဆိုရည္းစားစကားေျပာေနတာလား''

''တစ္ခုမွမဟုတ္ဘူး''

ေျပာၿပီးသဝဏ္ကသူ႔lap topကိုယူကာထထြက္လာခဲ့လိုက္ေလသည္။

အိမ့္မႉးကေခါင္းကုတ္ရင္း

''တစ္ခုမွမဟုတ္ဘူးဆိုရင္ဘာလို႔ေငြ႕ရည္ကကိုကို႔ေပါင္ေပၚထိုင္ေနတာလဲ ကိုကိုကလည္းေငြ႕ရည္ကိုဖက္ထားေသးတယ္ ဘာမွမပတ္သက္ဘဲအဲလိုလုပ္လို႔ရလား ဆန္းၾကယ္တာဟယ္ လိုက္လို႔ကိုမမီေတာ့ဘူးတစ္ကယ္ပဲ''

အဲဒီေန႔ညကသဝဏ္ေရာေငြ႕ရည္ေရာထားထားေရာအေတြးကိုယ္စီနဲ႔အိပ္လို႔မေပ်ာ္ခဲ့ပါ။

🌺🌺

ေနာက္ေန႔မနက္သူတို႔ငါးေယာက္မနက္စာစားေနရင္းမွထားထားက

''အိမ့္မႉး ငါဒီေန႔အိမ္ျပန္ေတာ့မယ္ေနာ္''

''ျပန္ေတာ့မွာလား နင့္အစ္မကျပန္သြားၿပီလား''

''အင္း''

''ေအးပါ ေနာက္လည္းလာလည္ေပါ့''

ေငြ႕ရည္ကေတာ့ဒါသူမေၾကာင့္လားလို႔ေတြးၿပီးလိပ္ျပာမလုံေပ။

စၾကၤာက

''အစ္ကို ကြၽန္ေတာ့္ကိုေခ်ာင္းသာလိုက္ပို႔ပါလား မေရာက္ဖူးလို႔''

''ဘယ္ေတာ့လဲ''

''အစ္ကိုအဆင္ေျပတဲ့ရက္ေပါ့ ကြၽန္ေတာ္တို႔ငါး​ေယာက္အတူသြားမယ္ေလ''

အကုန္လုံးတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီးမွ

''အင္း ဒီေန႔ခြင့္တင္လိုက္မယ္ မနက္ျဖန္ ဒါမွမဟုတ္ သန္ဘက္ခါသြားတာေပါ့ ထားထားလည္းအဲ့ကအျပန္မွအိမ္ျပန္လိုက္ေတာ့ေလ''

''ဟုတ္ကဲ့အစ္ကို''

ထားထားကမဆိုင္းမတြပဲေခါင္းညိတ္လိုက္ေလ၏။

ထိုခရီးမွာပဲအစ္ကိုသူမကိုသတိထားမိေအာင္လုပ္ရမည္ဟုသူမစိတ္ထဲေတးထားလိုက္၏။
အစ္ကို႔ကိုတစ္ျခားသူလက္ထဲေတာ့မပါမခံႏိုင္ေပ။

အထူးသျဖင့္ေငြ႕ရည္လက္ထဲေပါ့။

____________

ေန႔လည္ေရာက္ေတာ့ေငြ႕ရည္တို႔အိမ့္မႉးတို႔ႏွစ္ေယာက္တည္း ခရီးအတြက္shoppingထြက္ခဲ့ၾက၏။

ႏွစ္​ေယာက္လုံးကလည္းစိတ္တူကိုယ္တူပဲမို႔ဝယ္တဲ့ပစၥည္းေတြကလည္းအေတာ္ေလးမ်ားသြားေလသည္။

''ေငြ႕ရည္ ငါတို႔ကိုကို႔ဆီဝင္ရေအာင္''

''သြားလို႔ရလို႔လား''

''ဘာလို႔မရရမွာလဲ ငါဆိုအၿမဲသြားေနက်''

''အဲဒါဆိုလည္းသြားမယ္ေလ''

ထိုသို႔ျဖင့္သူမတို႔ေဈးဝယ္ထြက္ၿပီးအျပန္မွာကိုႀကီးရွိရာဟိုတယ္ဆီသို႔ဝင္ခဲ့ၾကေလ၏။

ဟိုတယ္ေရာက္ေတာ့ဝန္ထမ္းတစ္ဦးအားကိုႀကီးကိုသြားေခၚခိုင္းလိုက္ၿပီးသူမတို႔ကေတာ့ေလာ္ဘီမွာပဲထိုင္ေစာင့္ေနလိုက္သည္။

ခဏၾကာေတာ့စာဖိုမႉးဝတ္စုံကိုဝတ္ဆင္ထားေသာကိုႀကီးကသူမတို႔ထံေရာက္လာေလ၏။

''ဘာလာလုပ္ၾကတာလဲ''

သဝဏ္ သူမတို႔ေရွ႕ဝင္ထိုင္ရင္းေမးလိုက္၏။

''ေဈးဝယ္ထြက္ရင္းကိုကို႔ဆီဝင္လာတာ ခြင့္တင္တာရလားသိခ်င္လို႔''

''အင္း ခြင့္ကတင္ထားတယ္

ေငြ႕ရည္ကိုႀကီးအားထိုပုံစံနဲ႔မျမင္ဖူးတာေၾကာင့္ေခတၱမွ်ေငးေမာမိသြားတာအမွန္ပင္။
ဒါကိုကိုႀကီးကသတိထားမိၿပီး

''ဟိတ္ ဘာၾကည့္ေနတာလဲ''

''ဟင္ အာ ဘာ ဘာမွမဟုတ္ပါဘူး''

''ဘာစားခဲ့ၾကၿပီးၿပီလဲ''

''ၾကက္ေၾကာ္နဲ႔ကိုလာစားခဲ့တယ္ ၿပီးေတာ့ဟမ္ဘာဂါေရာ''

''ဪ ဘာစားခ်င္ၾကေသးလဲ''

''ဟင့္အင္း ညီမ​ေလးကေတာ့ေတာ္ၿပီ ေငြ႕ရည္နင္ေရာ''

''ငါလည္းေတာ္ၿပီ''

''အဲဒါဆိုညီမေလးတို႔ျပန္ေတာ့မယ္ကိုကို လမ္းႀကဳံလို႔သာခဏဝင္လာတာ''

''အင္းဟုတ္ၿပီ ဂ႐ုတစိုက္ျပန္ၾက ဒီေန႔ကိုကိုအိမ္ျပန္ေနာက္က်ခ်င္က်မွာ''

''ဟုတ္ကိုကို ညီမေလးၿခံတံခါးေသာ့ဖြင့္ထားေပးမယ္ေနာ္''

''အင္း''

''လာေငြ႕ရည္ ျပန္ရေအာင္''

''ေအး တာ့တာကိုႀကီး''

''အင္း''

သူမတို႔မရွိေတာ့ဘူးဆိုမွသူလည္းစားဖိုေဆာင္သို႔ျပန္လာခဲ့လိုက္၏။

သူစားဖိုေဆာင္ထဲေရာက္ေတာ့

''ေကာင္မေလးကျဖဴဥေနပါေရာ တစ္ကယ္ျဖဴလုံးလုံးေလး အ႐ုပ္ကေလးက်လို႔ပဲ ဘယ္ေကာင္မ်ားကံေကာင္းဦးမလဲမသိဘူး''

''ဟုတ္ပါ့ အဲ့ကံေကာင္းမယ့္သူကငါျဖစ္ရင္အရမ္းေကာင္းမွာပဲ''

''ဆုေတာင္းေလ''

သူ႔လက္ေအာက္ငယ္သားႏွစ္ေယာက္ေဖာက္သည္ခ်သမွ်ကိုက်န္တဲ့သူေတြကစိတ္ဝင္တစားနားေထာင္ေနၾကေလ၏။

''မင္းတို႔ကလာေခ်ာင္းေနၾကတယ္ေပါ့''

သူ႔အသံၾကားေတာ့အကုန္လုံးကလွည့္ၾကည့္လာၾကၿပီးမွ

''ဆ ဆရာ''

''မင္းတို႔ကဘာကိစၥသူ႔အေၾကာင္းကိုအဲေလာက္ေျပာေနရတာလဲ''

''ဆရာ ကြၽန္ေတာ္တို႔ကဆရာ့ညီမအေၾကာင္းေျပာတာမဟုတ္ပါဘူး ဆရာ့ညီမနဲ႔ပါလာတဲ့ျဖဴလုံးလုံးေလးအေၾကာင္းကိုေျပာတာပါ''

''ေအး အဲ့ဒါကိုေျပာေနတာပဲေလ''

သူကတစ္ခုခုကိုသေဘာေပါက္သြားဟန္နဲ႔

''ဪ အဲဒါကဆရာ့ဟာေလးလား''

သူခါးႀကီးေထာက္ၿပီးစိုက္ၾကည့္လိုက္ေတာ့ထိုငနဲကမဆိုင္တဲ့သူေတြအား

''မင္းတို႔ေကာင္ေတြေတာ့ ဆရာ့ေကာင္မေလးကိုမွသြားဖြန္ေၾကာင္ရလား သြားသြား လုပ္စရာရွိတာသြားလုပ္ေတာ့''

''မင္းပဲအစအဆုံးေျပာေနတာေလ ငါတို႔ကဘယ္နားဖြန္ေၾကာင္လို႔လဲ ျမင္​ေတာင္မျမင္လိုက္ရတာကို''

''ေအးေလ''

''သြားၾကစမ္းပါကြာ''

သဝဏ္မ်က္ေမွာင္ႀကီးက်ဳံ႕ရင္းခုံမွာဝင္ထိုင္လိုက္၏။
သူ႔တပည့္ေတြကသူမကိုစိတ္ဝင္စားလို႔မဟုတ္ပဲဒီအတိုင္းေျပာၾကမွန္းသိတာေတာင္သူမခံခ်င္ေပ။

အကယ္၍သူမကိုမ်ားတစ္ေယာက္ေယာက္ကမ်က္စိက်ၿပီးပိုးပန္းလာရင္ေရာ...

ထိုအေတြးကသူ႔စိတ္အားအေတာ္ေလးညစ္ညဴးသြားေစ၏။

ၿပီးေတာ့တစ္ဆက္တည္းဆိုသလိုစၾကၤာကသူမကိုရင္ခုန္တယ္လို႔ေျပာဖူးတာကိုအမွတ္ရသြားၿပီးစိတ္ထဲထင့္သြားရသည္။

''မင္းစိတ္ကိုကိုႀကီးေဖာက္ထြင္းျမင္ႏိုင္ရင္သိပ္ေကာင္းမွာပဲေငြ႕ရည္ မင္းထက္ဆယ္ႏွစ္ေလာက္ႀကီးတဲ့ကိုႀကီးကဘယ္လိုပုံစံမ်ိဳးနဲ႔မင္းေရွ႕ေရာက္လာရမွာလဲ''

🌺🌺

သူအိမ္ျပန္ေရာက္ေတာ့ညဆယ္နာရီပင္ခြဲေနၿပီပင္။

သူအိမ္ထဲေရာက္ေရာက္ခ်င္းမွာေငြ႕ရည္​ကဧည့္ခန္းထဲကၾကမ္းျပင္မွာထိုင္၍ဖုန္းၾကည့္ကာတစ္ခုခုကိုသေဘာတက်ရယ္ေနတာေၾကာင့္သူဧည့္ခန္းထဲသြားလိုက္ၿပီး

''မအိပ္ေသးဘူးလား''

''ဟာ ကိုႀကီးျပန္လာၿပီ''

ေငြ႕ရည္ကထိုင္ရာမွထ၍

''အရမ္းေနာက္က်တာပဲ''

''အင္း ေန႔လည္ကတည္းကေနာက္က်မယ္ေျပာသားပဲ ေငြ႕ရည္ကေရာ မအိပ္ေသးပဲဘာလုပ္ေနတာလဲ''

''ကိုႀကီးကိုေစာင့္​ေနတာေလ ခြင့္ရမရသိခ်င္လို႔''

''မနက္မွေမးလည္းရရဲ႕သားနဲ႔ကို''

''အရမ္းသိခ်င္လြန္းလို႔အိပ္လို႔လည္းမရပါဘူး ခြင့္ရခဲ့လားဟင္''

''အင္း သုံးရက္ရခဲ့တယ္''

''ဟီးး ေတာ္ပါေသးရဲ႕ ​ေငြ႕ရည္ကခြင့္မရမွာစိုးေနတာ''

''အင္း ကဲ သိခ်င္တာသိၿပီဆိုေတာ့သြားအိပ္ေတာ့ေလ''

''ဟုတ္''

ေငြ႕ရည္ကဖုန္းကိုယူ၍သူ႔ေရွ႕ကထြက္သြားမလိုလုပ္တုန္းကိုယ့္ေျခေထာက္နဲ႔ကိုယ္ခလုတ္တိုက္ကာေရွ႕ကိုလဲက်မလိုျဖစ္သြားတာေၾကာင့္ကိုႀကီးကသူမခါးေလးအားအမိအရလွမ္းဖက္လိုက္တာေၾကာင့္ေငြ႕ရည္မွာကံေကာင္းသြားရသည္။

မဟုတ္ရင္ေရွ႕သြားက်ိဳးမလားေမးကြဲမလားမသိ။

ေငြ႕ရည္ကိုယ့္ကိုယ္ကိုသတိထားမိခ်ိန္မွာကိုႀကီးကသူမကိုယ္ေလးအားတင္းၾကပ္စြာေပြ႕ဖက္ထားတာေၾကာင့္ေငြ႕ရည္မသိမသာ႐ုန္းရင္း

''ကိုႀကီး လႊတ္ေတာ့ေလ''

ကိုႀကီးကသူမမ်က္ႏွာအားစိုက္ၾကည့္လာၿပီး

''ေငြ႕ရည္ ေငြ႕ရည္မွာခ်စ္ရမယ့္သူရွိၿပီလား''

''ဟင့္အင္း''

''ဒါဆို ေငြ႕ရည္ဘယ္လိုလူမ်ိဳးကိုေငြ႕ရည္ႏွလုံးသားကိုေပးမွာလဲ''

''​ေငြ႕ရည္ကိုအမ်ားႀကီးခ်စ္ေပးၿပီးေငြ႕ရည္ကလည္းျပန္ခ်စ္မယ့္သူမ်ိဳးေပါ့ ေငြ႕ရည္ကိုကေလးလိုအလိုလိုက္ၿပီးဆိုးသမွ်သည္းခံေပးမယ့္သူမ်ိဳးေပါ့''

ေျပာၿပီးသူမကေခါင္းေလးအသာငုံ႔သြားတာေၾကာင့္သူေမးဖ်ားကေနဆြဲေမာ့ကာ

''အဲလိုအခ်က္ေတြကအသက္ႀကီးတဲ့သူေတြဆီမွာပိုေတြ႕ရတတ္တယ္ ဥပမာ ကိုႀကီးလိုလူမ်ိဳးေလ''

''ကိုႀကီးေနာ္ ဘာေတြေျပာေနတာလဲ''

သူမပါးအို႔ေလးႏွစ္ဖက္ကပန္းေသြးေရာင္ေလးရဲတက္လာၿပီးသူ႔လက္ကေနအတင္း႐ုန္းဖို႔ႀကိဳးစားေနတာေၾကာင့္သဝဏ္သူမခါးေလးအားပိုတိုးကာဖက္လိုက္ၿပီး

''ကိုႀကီးကဥပမာေျပာတာကိုဘာလို႔အဲေလာက္ရွက္ေနတာလဲ''

''ဘယ္မွာရွက္လို႔လဲ''

သဝဏ္သူမနားနားေလးကပ္ကာ

''ရင္ခုန္သံေတြကေတာ့အရမ္းျမန္ေနတယ္ေနာ္''

ေျပာၿပီးသူမနားဖ်ားေလးကိုနမ္းလိုက္တာေၾကာင့္ေငြ႕ရည္မွာကိုယ္ေလးတြန္႔သြားရၿပီးၾကက္သီးေလးေတြပါထသြားရေလ၏။

''အို ကိုႀကီး အဲဒါဘာလုပ္တာလဲ''

ကိုႀကီးကဘာမွမေျပာပဲသူမမ်က္ႏွာေလးအားစိုက္ၾကည့္ကာ

''ေနာက္တစ္ခါကိုႀကီးအလုပ္လုပ္ေနတဲ့ဆီမလာနဲ႔ ဟိုတယ္ကလူေတြကေငြ႕ရည္ကိုလိုက္ၾကည့္ၿပီးမ်က္စိအရသာပါးစပ္အရသာခံေနၾကမ်ိဳးကိုႀကီးမလိုခ်င္ဘူး''

''ဘယ္သူေတြဘာေျပာလို႔လဲ''

''ေငြ႕ရည္ကအ႐ုပ္ေလးနဲ႔တူၿပီးျဖဴလုံးလုံးေလးတဲ့''

''အဲဒါခ်ီးမြမ္းတာေလ ဒီေလာက္နားဝင္ခ်ိဳေနတာကို''

''ေငြ႕ရည္ကိုခ်ီးမြမ္းတာ ေငြ႕ရည္ကိုဘယ္ေလာက္လွေၾကာင္းေျပာတာေတြကိုနားေထာင္ခ်င္ရင္ကိုႀကီးေန႔တိုင္းေျပာေပးမွာေပါ့ ကိုႀကီးတစ္​ေယာက္တည္းဆီကၾကားရရင္လုံေလာက္တယ္မလား အဲဒါဆိုအဲ့တာဝန္ကိုကိုႀကီးယူေပးမယ္ေလ တစ္ျခားဘယ္သူ႔ဆီကမွနားမေထာင္နဲ႔ ကိုႀကီးတစ္​ေယာက္ပဲခ်ီးမြမ္းမယ္ ျဖစ္တယ္မလား''

ေငြ႕ရည္ကေနရခက္ေနဟန္ျဖင့္

''ကိုႀကီးဘာျဖစ္ေနတာလဲ ကိုႀကီးစကားေတြကထူးဆန္းလိုက္တာ ​ေငြ႕ရည္မေနတတ္ေတာ့ဘူး''

''အဲဒါဆိုေခါင္းတစ္ခ်က္ပဲညိတ္ျပလိုက္ေလ''

ေငြ႕ရည္မွာညႇိဳ႕ဓာတ္အျပည့္ပါေသာကိုႀကီးမ်က္ဝန္းေတြေအာက္မွာရင္ေတြတလွပ္လွပ္ခုန္ကာလႈိက္ဖိုလာရ၏။

ကိုႀကီးရဲ႕အၾကည့္ေတြကသူမႏႈတ္ခမ္းထံကူးေျပာင္းသြားခ်ိန္မွာေငြ႕ရည္တစ္ကယ္ေနလို႔မတတ္ေတာ့ေပ။

တျဖည္းျဖည္းနဲ႔ကိုႀကီးကသူမႏႈတ္ခမ္းထံငုံ႔က်လာတာေၾကာင့္ေငြ႕ရည္ေခါင္းေလးကိုေနာက္ဆုတ္ရင္း

''ကိုႀကီး ဘာ ဘာလုပ္မလို႔လဲဟင္''

ကိုႀကီးကဘာမွျပန္မေျပာပဲသူလိုရာဆီေရာက္ဖို႔သာဦးတည္လာေနေလ၏။

''ကိုႀကီး မလုပ္နဲ႔ေနာ္ ​ေငြ႕ရည္ရွက္တယ္''

''.....''

''ကိုႀကီး''

ကိုႀကီးကသူမေခါင္းေလးအားထိန္းကိုင္လိုက္ေတာ့ေငြ႕ရည္မွာ႐ုန္းလို႔မရေတာ့ပဲကိုႀကီးနဲ႔ႏႈတ္ခမ္းခ်င္းထိလုနီးပါးျဖစ္သြားရေလေတာ့သည္။

''ကိုႀကီး''

ထိုအခိုက္...

''ကိုကိုျပန္...လာ...''

ထိုျမင္ကြင္းကိုျမင္ၿပီးအိမ့္မႉးမွာေျပာခ်င္တဲ့စကားေတာင္ေမ့သြားရသည္။

''ၿပီလား အဲ...''

''သြားၿပီ ဖ်က္မိၿပီ''

သူမအံႀကိတ္ကာတီးတိုးေရ႐ြတ္ေနတုန္းေငြ႕ရည္ကကိုကို႔ထံမွ႐ုန္း၍မ်က္ႏွာကိုလက္နဲ႔အုပ္ကာအိမ္ေပၚသို႔ေျပးတက္သြားေတာ့သည္။

ကိုကိုသည္လည္းသူမကမေက်မခ်မ္းၾကည့္၍အိမ္ေပၚသို႔ခပ္ေဆာင့္​ေဆာင့္တက္သြား၍အိမ့္မႉးမွာအသံပင္မထြက္ရဲပဲေနရာမွာတင္ကုပ္ကုပ္ေလးက်န္ခဲ့ရ၏။

''ဒါလည္းတစ္ခုမွမဟုတ္ျပန္ဘူးလား ငါဘာလို႔အသံေပးမိသြားတာလဲ မဟုတ္ရင္ကိုကိုကငါ့ကိုအဖ်က္သမားဆိုတဲ့အၾကည့္ႀကီးနဲ႔ၾကည့္မွာမဟုတ္ဘူး သူအရမ္းႀကိဳးစားထားရမွာကိုငါဖ်က္မိၿပီ ဒါပါနဲ႔ဆိုငါဖ်က္မိတာႏွစ္ခါေတာင္မွ ငါဝဋ္လည္မွာေတာ့မဟုတ္ပါဘူးေနာ္''

အိမ့္မႉးငိုမဲ့မဲ့နဲ႔တီးတိုးေရ႐ြတ္ရင္းအိမ္ေပၚျပန္တက္မလိုလုပ္ၿပီးမွ

''ဪ ငါမုန္႔လာစားတာကို ကေယာင္ေျခာက္ျခားေတြျဖစ္ကုန္ပါၿပီ''

သူမခ်က္ခ်င္းပဲမီးဖိုခန္းဆီဦးတည္လိုက္၏။

ဒီပုံစံတိုင္းဆိုမၾကာခင္သတင္းထူးတစ္ခုၾကားရေတာ့မယ္လို႔ေတြးရင္းဒီရက္ပိုင္းအတြင္းသူမပတ္ဝန္းက်င္ကိုအၿမဲသတိမူေနရေတာ့မည္ဟုဆုံးျဖတ္လိုက္သည္။

တတိယအႀကိမ္သာဆိုကိုကိုကသူမကိုထုေထာင္းေတာ့မွာျမင္​ေယာင္ေနလို႔ပင္။

🌺🌺

Continue Reading

You'll Also Like

22.6K 537 11
ဖြူစင်လွန်းတဲ့အချစ်က​နေ.အချစ်ကြီးပီးအတ္တဆန်​သောထွဋ်ဟန်လင်းနဲ့သိပ်ချစ်​ပေမယ့်နာကျင်ရလွန်း၍ဆက်မချစ်မိရန်ကြိုးစား​နေ​သောမေဘယ်ဇင်တို့ဇာတ်​ကောင်နှစ်ဦးကြာ...
709 110 9
The Second year, transitioning into the third~ Dramione fanfic<3
10.9K 568 18
သောင်းလှိုင်အိမ်ရဲ့အော်ကြောလန်သားအငယ်ဆုံးလေး နဲ့ ‌မြို့ပေါ်ကနေ ရွာကိုတာဝန်ကျလာသော ဆရာမလေးတို့နှစ်ယောက်ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး💗 Available for...
969 86 21
'တိမ္စိုင္ျပာျပာေလးလို ေလႏွင္ရာလြင့္ခ်င္ပါတယ္....ေငြ႔ရည္ဖြဲ႔လိုၿပိဳက်ျခင္းကေတာ့ ေမာင့္ ရင္ခြင္တစ္ခုထဲ၌သာေပါ့...' Start date-29. Sep. 2022 End date- U...