အပိုင်း(၅၂၂)
ထျန်းကျင်းရွှမ် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူက စုန့်ယန်ရှုကို နားလည်သည်။ ယခုလို အခြေအနေမျိုးတွင် သူမက အခြေအနေကို အခွင့်ကောင်းယူပြီး တခြားသူ၏အလုပ်ကို လုယူတတ်သူ မဟုတ်ပေ။
"မင်းက စုန့်ယန်ရှုကို ယုံကြည်နေတုန်းပဲ ထင်တယ်"
ဖန်ယွီ ပြုံးသည်။ ထို့နောက် သူက မတ်တတ်ထရပ်ပြီး ထျန်းကျင်းရွှမ်၏မျက်နှာချင်းဆိုင်မှာ ထိုင်သည်။
"မင်းနဲ့ စုန့်ယန်ရှုကြား ဘာဖြစ်ခဲ့တာလဲ"
"ဒါက မင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စ မဟုတ်ဘူး"
ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနှင့် ချစ်တင်းနှောခဲ့သော ကိစ္စကို လူတိုင်း လိုက်မပြောချင်ပေ။ စုန့်ယန်ရှု ထိခိုက် နစ်နာသွားနိုင်သည်။
"ကောင်းပြီလေ အဆင်ပြေတာပေါ့"
ဖန်ယွီက ပခုံးဆက်ခနဲ့ တွန့်သည်။ ထို့နောက် သူက ဆိုဖာပေါ်မှ ထလိုက်ပြီး မေးမြန်းသည်။
"လောရှင်း။ မင်းက အဆိုတော်ကောင်း တစ်ယောက်ဆိုတာ သံသယ မဝင်နိုင်ပေမဲ့အတွေ့အကြုံ နုနယ်တဲ့သူ ဖြစ်နေတုန်းပဲ။ မင်းရဲ့အစ်မထျန်းနင် နဲ့ မင်း ဘာကွာခြားလဲ မင်း သိလား"
ထျန်းကျင်းရွှမ်က ဖန်ယွီကို ကြောင်အမ်းအမ်း ကြည့်သည်။
"မင်းအစ်မက တာဝန်ယူစိတ် အပြည့်အဝ ရှိတယ်။ သူ့ဘေးနားက လူတွေကို ကာကွယ်ပေးဖို့ ထျန်းနင်က အားနည်းချက် မရှိတဲ့ နည်းလမ်းကို သုံးတယ်"
"သူ့ကို တစ်နည်းနည်းနဲ့ ကူညီပေးဖူးသူကိုလဲ အမြဲ ကျေးဇူးသိတတ််တယ်။ သူတို့ကို နာကျင်အောင် မလုပ်ဘူး။ ဒါပေမဲ့ မင်းက သူနဲ့ တခြားစီပဲ။ စုန့်ယန်ရှူက မင်းကို အများကြီး ကူညီပေးခဲ့ဖူးတာကို မင်းလည်း သိရက်နဲ့ သူ့ကို အဝေးတွန်းပို့ရင်း နာကျင်အောင် လုပ်ပစ်တယ်"
ထျန်းကျင်းရွှမ်၏နှုတ်ခမ်းပါးလေးက အနည်းငယ် တွန့်သွားသော်လည်း ခွန်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။
"မင်းရဲ့ပြဿနာ ကိုင်တွယ် ဖြေရှင်းတဲ့ အရည်အချင်းက ထျန်းနင်ကို မယှဉ်နိုင်ဘူး။ ထျန်းနင်က သူ့လက်ခံထားတဲ့ အလုပ်က ရန်သူနဲ့ အလုပ်တွဲလုပ်ရမယ် ဆိုရင်တောင် ဆုံးခန်းတိုင်အောင် လုပ်တယ်။ မင်းကရော ဘယ်လိုလဲ။ မင်းက ယန်ရှု မရှိတာနဲ့ စီစဉ်ထားသမျှကို ဖျက်သိမ်းပစ်တယ်။ မင်းရဲ့ကလေးဆန်တဲ့ အပြုမူကြောင့် တခြားသူတွေ ထိခိုက်နစ်နာမှာကို မြင်ချင်တာလား"
ထျန်းကျင်းရွှမ်က ခဏခေါင်းငုံ့လိုက်ပြီး ဖန်ယွီပြောသမျှကို ပြန်စဉ်စားသော်လည်း ခွန်းတုံ့ပြန်နိုင်သော စကား ထွက်မလာခဲ့ပေ။
"အိမ်ပြန်ပြီး သေချာစဉ်းစားပါ။ ယန်ရှုအတွက် မင်းဘာတွေကို အကောင်းဆုံး လုပ်ပေးနိုင်လဲ"
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ပီအာအဖွဲ့က တစ်ခါလေးတောင် မရှုံးနိမ့်ဖူးတာ ဘာကြောင့်လဲဆိုတာ ငါ အခုတော့ နားလည်သွားပြီ"
"ဟမ်"
ဤတစ်ကြိမ်တွင် ဖန်ယွီ နားလည်ရခက်သည့် အလှည့် ဖြစ်သည်။
"မင်းက အဲဒီအဖွဲ့ကို ဦးဆောင်နေလို့လေ"
ဖန်ယွီ နှစ်ပေါင်းများစွာ တည်ဆောင်ထားသော အင်တာနက်ကွန်ယက် ချိတ်ဆက်မှု နှင့် အတွေ့အကြုံများက ဂုဏ်ယူဝင့်ကြွားရန် ထိုက်တန်သည်။ ထို့ကြောင့်လည်း ထျန်းကျင်းရွှမ်က ဖန်ယွီ၏ဆိုဆုံးမမှုကြောင့် အရှက်ရခြင်း မရှိခဲ့ပေ။ ဖန်ယွီပြောခဲ့သည့် စကားတိုင်းကို လေးလေးနက်နက် စဉ်းစားပြီးနောက် သူ သိခဲ့သည့် အချက်ကား စုန့်ယန်ရှုကို အလုပ်ထုတ်လိုက်ခြင်းသည် သူ့အလုပ်အများစုက ပြန်လည်လုပ်ကိုင်ရမည့် သဘော ဖြစ်နေသည်။
အိမ်ပြန်လမ်းတလျှောက်လုံး ဖန်ယွီ ပြောခဲ့သော စကားများက ထျန်းကျင်းရွှမ်၏စိတ်ထဲ ထပ်တလဲလဲ ကြားယောင်နေသည်။ နောက်ဆုံးတော့ သူက လမ်းတစ်ဝက်မှာ ကားကို လှည့်လိုက်ပြီး စုန့်ယန်ရှု၏တိုက်ခန်းသို့ ကားတန်းမောင်းခဲ့သည်။ သို့သော်လည်း သူမ၏တိုက်ခန်းရှေ့ ရောက်ရောက်ချင်း လူငယ်တစ်ဦးက သူ့သွားမည့်လမ်းကို ပိတ်ရပ်သည်။
ထျန်းကျင်းရွှမ် အတော်အတန် အံ့အားသင့်မိသော်လည်း ယင်းအမျိုးသားက သူ့ကို လေးလေးနက်နက် စကားပြောလာသည်။
"မင်းရဲ့ကားထဲ စကားသွား ပြောမယ်"
"ခင်ဗျားက ဘယ်သူလဲ"
ထျန်းကျင်းရွှမ် မေးမြန်းသည်။
"ငါက ယန်ရှုနဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ဖူးသူပဲ"
ထိုလူက ထျန်းကျင်းရွှမ်ကို ကားထဲ တွန်းပို့သည်။
ထျန်းကျင်းရွှမ်က ၎င်းအမျိုးသားကို ခပ်ရေးရေးမျှ မှတ်မိသွားသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်မှ အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ၎င်းက ကြည့်ကောင်းနေသည်။
"ဘာအကြောင်းကိစ္စလဲ အသေအချာ ပြောစမ်းပါ"
"ယန်ရှု"
ထိုလူက ခေါင်းလှည့်လာပြီး ထျန်းကျင်းရွှမ်ကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် စကားပြောဆိုသည်။
"ယန်ရှုနဲ့ငါက ကလေးဘဝတည်းက ကော်လိုပဲ ကပ်နေခဲ့တာ။ ကံဆိုးချင်တော့ ငါက သူ့ကို ညီမလေးလို ဆက်ဆံခဲ့ပြီး သူ့ခံစားချက်ကို အသိအမှတ် မပြုခဲ့ဘူး။ မင်း သူ့အနား မရောက်လာခင်အထိ သူ့အပေါ် ငါက ခံစားချက် မရှိသေးဘူး။ ယန်ရှုက ငါ့ကို ၁၁နှစ်လောက် တစ်ဖက်သတ် ချစ်ခဲ့တာပါ"
"ယန်ရှုက နှစ်ပေါင်းများစွာ အလုပ်ကြိုးစား ခဲ့ရတဲ့ အကြောင်းအရင်းက ငါနဲ့ လိုက်ဖက်ညီတဲ့သူ ဖြစ်ချင်လို့လေ"
"ဒါဆိုရင် ယန်ရှုရဲ့နှလုံးသားထဲ မင်း ရှိနေတာ သဘောပေါက်မယ် ငါ မျှော်လင့်တယ်။ တခြား ဘာပြောချင်တာ ရှိသေးလဲ"
ထိုလူ ပြောသမျှ စကားလုံးတိုင်းက သူ့နားထဲ သံရည်ပူ လောင်းချ နေသကဲ့သို့ ခံစားရသည်။ ထျန်းကျင်းရွှမ်က ခေါင်းမော့ကာ စကားမပြောခင် အတွေးထဲ နစ်မြောနေသည်။
"အခုတော့ ငါ့ကားထဲက ထွက်သွားလိုက်တော့"
"မင်း..."
"မင်း အကြောင်းတွေ ငါ့ကို လာမပြောနဲ့ ငါ စိတ်မဝင်စားဘူး"
ထျန်းကျင်းရွှမ် မျက်မှောင်ကြုတ်မိသည်။
"သူ့အချစ်ကို ၁၁နှစ်လောက် ငြင်းခဲ့ပြီးမှ သူ့ကို ခံစားချက်ရှိတာ အခုမှ သိတယ်ပေါ့ ဟုတ်လား။ ရယ်စရာအကောင်းဆုံး ဟာသပြက်လုံးပဲ။ မင်းရဲ့အချစ်က အချစ်စစ် ဖြစ်နိုင်ပါ့မလား။ ငါ့အထင်တော့ မင်းရဲ့နှလုံးသားက အတ္တကြီး နေပုံပဲနော်။ မင်းစီက လုယူသွားမှာ မကြိုက်တဲ့ ခံစားချက် ရှိပုံပဲ"
ထိုလူ၏မျက်နှာအမူအရာက ရွှင်ရွှင်လန်းလန်း မရှိပေ။
"ဘယ်လိုပဲ ဖြစ်ဖြစ် မစိုးရိမ်နဲ့။ စုန့်ယန်ရှု နဲ့ ငါက ခပ်ကင်းကင်း နေမှာပါ။ ဒါပေမဲ့ မင်းနဲ့တော့ မသက်ဆိုင်ဘူး"
ထိုစကားကိုပြောပြီးနောက် ထျန်းကျင်းရွှမ်က သူ့ကားထဲမှ ထွက်သွားရန် လက်ဟန်အမူအရာ ပြသည်။
ထျန်းကျင်းရွှမ်က ၎င်းအမျိုးသားကို တစ်ချက်ကြည့်သည်။ သူ့ ကားထဲမှ မထွက်သေး၍ အပြင် အတင်းဆွဲထုတ်ပစ်သည်။ ထို့နောက် သူ့ကားကို ခပ်လှမ်းလှမ်း နေရာသို့ မောင်းထွက်လာခဲ့သည်။
အရိုးသားဆုံး ဝန်ခံရလျှင် ထိုလူ ပြောခဲ့သော စကားများကို နားထောင်ပြီးနောက် သူ မနာကျင်ပါကြောင်း ငြင်းမိလျှင် လိမ်ညာရာ ရောက်လိမ့်မည်။ သို့သော်လည်း စုန့်ယန်ရှုနှင့် သူ့အကြား ဖြတ်ကျော် မရသည့် အတားအဆီး ရှိနေသည့် သတင်းကို သူ သိခွင့် ရခဲ့သည်။
...
ထျန်းကျင်းရွှမ် ထွက်သွားပြီးနောက် ထိုလူက စုန့်ယန်ရှု၏ တိုက်ခန်း ပြန်သွားသည်။
"ဘာ မေ့ကျန်ခဲ့လို့လဲ"
"ယန်ရှု၊ ငါတို့ စကားပြောသင့်ပြီ ထင်တယ်"
ထိုလူက တံခါးပေါက်နား မတ်တတ်ရပ်ကာ စကားပြောသည်။
"ငါက နင့်ကို အယဉ်ကျေးဆုံး ဧည့်ဝတ်ကျေခဲ့ပြီးပြီ။ နင့်ကို အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေမယ် သဘောတော့ မဟုတ်ဘူး"
စုန့်ယန်ရှုက ဟန်မပျက် ပြုံးနေသော်လည်း သူ့စကားထဲ လှောင်ရိပ် နှင့် အထင်မြင်သေးသော ခံစားချက်များ ပြည့်နှက်နေသည်။
"၁၁နှစ်ကြာခဲ့ပေမဲ့ နင့် လုပ်ရပ်တိုင်းကို ငါ့ဦးနှောက်ထဲကနေ မေ့ဖျောက်ပစ်လို့ မရခဲ့ဘူး။ နင်က ငါ့မျက်လုံးကို ယူပြီး နင် ချစ်တဲ့မိန်းမကို ပေးချင်ခဲ့တာမလား"
ထိုလူက နှုတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ပေ။
"အားနာပါတယ်။ ငါ အဲလောက်အထိ မရက်ရောဘူး။ ဒီနေရာက ထွက်သွားလိုက်ပါ"
"မသွားဘူး။ ငါ အခု ဒီကို လာရတဲ့ အကြောင်းအရင်းက မင်းကို တကယ် သဘောကျသွားလို့ မင်းနဲ့ အတူရှိချင်လို့လေ"
ထိုလူ၏ အပြုအမူကြောင့် စုန့်ယန်ရှု လှောင်ရယ်သည်။
...
ထျန်းကျင်းရွှမ်က သူ့အလုပ်ကို တခြားသူအား လွှဲပြောင်းပေးသော သတင်းကြားကြားချင်း ထျန်းနင်က သူ့မောင်လေးကို ချက်ချင်း ဖုန်းဆက်သည်။
"ဖန်ယွီက မင်းကို အနိုင်ကျင့်လို့လား"
"မဟုတ်ပါဘူး အလုပ်ဆက်မလုပ်ချင်လို့"
"ထျန်းကျင်းရွှမ် မင်း အခုနောက်ပိုင်း ထူးဆန်းလာသလိုပဲ။ ယန်ရှုကြောင့်လား"
"မင်းရဲ့ ကြိုးစားအားထုတ်မှုကို မပြနိုင်ဘူးလား။ မင်းရဲ့ ပြဿနာကို မင်းကိုယ်တိုင် ဖြေရှင်းနိုင်တာ အစ်မ မြင်အောင် ပြစမ်းပါလား"
ထျန်းနင်က ဆူပူသော လေသံဖြင့် ပြောဆိုသည်။
အပိုင်း(၅၂၂)
ပြီး၏။