ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.9K 2.6K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-85

92 8 1
By SuMon5383

ဂရုဝင်ကြမယ့်သူ‌ေလးတို့‌ေရ  ပရိုမိုးရှင်းလေးကကုန်တော့မယ်နော်။

Ch-85  ငါ့ကောင်မလေးဖြစ်ပေးပါ

  "နှာခေါင်းသွေးယိုတယ်?"

  စုယန်သည်ထိုသည်မှာစိုးရိမ်စရာတစ်ခုခုဖြစ်မည်ဟု ထင်လိုက်သည်။သူသည်စိုးရိမ်တကြီး‌ေပြးလာကာ ရှန်ရှောက်ချင်အားဘေးသို့တွန်းထုတ်၍ သူ၏လက်ကိုမိမိ၏နဖူးနှင့်မျက်နှာပေါ်တင်လိုက်သည်။

  သူသည်သူ့ဘာသာသူရေရွတ်လိုက်သည်။

  "သူမကြည့်ရတာအဆင်ပြေပုံပါပဲ...ဘာလို့နှာခေါင်းသွေးယိုရတာလဲ"

  "မင်းရေချိုးနေတဲ့အသံက သူမကိုမတည်မငြိမ်ဖြစ်သွားစေလို့နေမယ်"

  ရှန်ရှောက်ချင်သည်မိမိ၏မျက်နှာအား ပင့်လိုက်သည်။

  "မင်းတစ်ကယ်တော့နိုးနေပြီမဟုတ်လား လင်းယိရှင်း"

  သူသည်စနောက်လိုက်သည်။

  မိမိမှာသတိ‌လစ်နေဆဲပင်။ဒါပေမယ့်ဒီလူရှုပ်ကငါနှာခေါင်းသွေးယိုရတဲ့ အကြောင်းရင်းကိုဘယ်လိုဖော်ထုတ်သွားနိုင်ခဲ့ရတာလဲ။

  "လျှောက်မွှေမနေနဲ့တော့"

  စုယန်သည်မိမိမျက်နှာထက်ရှိ ရှန်ရှောက်ချင်၏လက်အားတွန်းဖယ်လိုက်သည်။

  "မင်းကလူနာကိုလှုံ့ဆော်နေတာလား"

  "ကောင်းပါပြီ‌ ကောင်းပါပြီ ကောင်းပါပြီဗျာ။ကျွန်တော်မျိုး သူမကိုမထိတော့ပါဘူး ဟုတ်ပြီလား"

  ရှန်ရှောက်ချင်သည် နှုတ်ခမ်းဆူလိုက်သည်။

  "စကားမစပ် ငါမင်းလုပ်ခိုင်းထားတဲ့ကိစ္စတွေပြီးသွားပြီနော်။ဒါတောင် မိန်းမတစ်ယောက်အတွက်နဲ့ မင်းကငါ့ကိုအေးတိအေးစက်ပုံစံမျိုးနဲ့ ပြောနေပြီပေါ့လေ။ငါအရမ်းနာကျင်ရတာပဲ..."

  ရှန်ရှောက်ချင်သည် ရှေးခေတ်မိန်းမပျိုလေးတစ်ဦးလိုပြုမူကာ သူ၏ရှိမနေသောမျက်ရည်များအားသုတ်ဟန်ဆောင်လိုက်သည်။

  "မင်းသူတို့အကုန်လုံးကိုစည်းရုံးခဲ့တာလား"

  ရှန်ရှောက်ချင်သည်ခေါင်းယမ်းလိုက်သည်။

  "ငါသူတို့အကုန်လုံးကိုမစည်းရုံးခဲ့ဘူး။ရှုသော်တစ်‌ေယာက်တည်းကသာ ငါစည်းရုံးခဲ့တဲ့လူပဲ။ကျန်တာတွေကို ငါကခြိမ်းခြောက်ခဲ့တာလေ။ငါကမော့ရှောင်းထျန်ကို ငါတို့ကိုမကူညီခဲ့ရင် သူမခိုးစားနေတဲ့ပုံတွေကို သူမယောင်္ကျားဆီပို့လိုက်မယ်လို့ ပြောခဲ့တယ်။ရီလီလီကိုကျတော့ သူမငါတို့ကိုမကူညီရင် သူမရဲ့အကြွေးစာရင်းကို သူမအမှုသည်တွေဆီပို့လိုက်မှာလို့ပြောလိုက်တယ်.....အဲ့လိုမှတော့သူတို့တွေလုံးလုံးလျားလျားချေမှုန်းခံလိုက်ရပြီပေါ့။အခုမင်းငါ့ကိုအမိန့်ပေးနေတုန်းမှာကို သတင်းကပေါက်လာလိမ့်မယ်။ဒီအရာကသေချာပေါက်လူထုအမြင်အများကြီးကို ဆွဲခေါ်သွားမှာပဲလေ"

  "ဟ!"

  ရှန်ရှောက်ချင်သည် ခပ်မိုက်မိုက်ပို့စ်တစ်ခုကိုဂုဏ်ယူဝင့်ကြွားစွာလုပ်လိုက်သည်။

  "အဆုံးတော့လည်း ကိစ္စတွေကိုအစီအစဉ်ချတာမှာ မင်းကငါ့အပေါ်မှီခိုဖို့လိုနေသေးတာပဲ"

  မိမိမှာရှန်ရှောက်ချင်၏အရှက်မဲ့မှုကြောင့် ပြောစရာပျောက်ဆုံးသွားရသည်။ရုတ်ချည်းရှန်ရှောက်ချင်သည် သတိလစ်နေသောမိမိဘက်လှည့်လာကာ လေးလေးနက်နက်ပြောလာသည်။

  "ရှုသော်က‌ေပြာတယ် ငါတို့ကိုကူညီဖို့ဆန္ဒရှိသွားတာက လင်းယိရှင်းကြောင့်တဲ့။အစကလုဝမ်ရွှယ်နဲ့ပတ်သက်ပြီး သူကဘာတစ်ခုမှမလုပ်ပေးချင်ခဲ့ဘူးလေ။ဒါပေမယ့်သူစိမ်းတစ်ယောက်ကတောင် လုဝမ်ရွှယ်ကြောင့်သူမအသက်ဆုံးရှုံးလုနီးနီးဖြစ်တဲ့အထိ ယုံကြည်ပေးနေတယ်ဆိုမှတော့ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ သူရဲ့ဆရာဟောင်းကိုယုံပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာတဲ့"

  အိုး။အဲ့တော့ပြောရရင် ငါ့ရဲ့ကြိုးစားမှုကလုံးဝအောင်မြင်တယ်ပေါ့လေ။ရှန်ရှောက်ချင်၏စကားများအား ကြားပြီးသည်နှင့် မိမိနှလုံးသားမှာနွေးထွေးကာ မရေမရာခံစားခဲ့ရသည်။

  "ကောင်းပြီ။ဥက္ကရဲ့မိသားစုကို သူတစ်သက်လုံးအမှတ်ရနေရအောင် ထိုးနှက်လိုက်ကြစို့"

  ရုတ်တရက်ဆိုသလို စုယန်၏မျက်လုံးများမှာ မှောင်မိုက်သွားသည်။ဤသည်မှာမိမိနှင့်ရင်းနှီးခဲ့‌ေသာ အဆိပ်ရှိ‌ေသာလျှာနှင့်စုယန် ဒါမှမဟုတ် သိမ်မွေ့ကာငဲ့ညှာတတ်သောစုယန်အသွင်မှ သိသိသာသာကွဲထွက်နေသည်။

  အဲ့ဒါကတိုက်ပွဲအတွက် စုယန်အသင့်ဖြစ်နေတာမလား။သူကအရမ်းနှစ်လိုဖွယ်ကောင်းတာပဲ။

  မိမိသည်ကိုယ့်ဘာသာကိုယ်မထိန်းချုပ်နိုင်တော့ပဲ မိမိ၏မတည်မငြိမ်ဖြစ်နေသောမျက်ဝန်းများဖြင့် စုယန်အားချစ်မြတ်နိုးစွာထပ်ကြည့်လိုက်သည်။မိမိမှာစုယန်၏အလန်းစားအမူအယာကိုလာမည့်နှစ်များကြာအောင်မေ့တော့မည်မဟုတ်ပေ။

  စုယန်၏ဥက္ကဌမိသားစုကို ဖျက်ဆီးရန်လုပ်ထုံးလုပ်နည်းအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

  "ပထမအဆင့်က မော့ရှောင်းထျန်၊ရီလီလီနဲ့ရှုသော်တို့ကို လုဝမ်ရွှယ်ရဲ့ဖြူစင်မှုသရုပ်ဖော်ဖို့အွန်လိုင်းကမ်ပိန်းတစ်ခုဖန်တီးဖို့ပဲ။သူတို့က လူ့အသိုင်းအဝိုင်းမှာနောက်လိုက်အများကြီး အတော်ရှိတဲ့လူတွေလေ။

  ဒုတိယအဆင့်ကလုဝမ်ရွှယ်ရဲ့ဘဝဆောင်ပုဒ်ကို ကမ္ဘာဆီချပြဖို့ပဲ။

  တတိယအဆင့်က လုဝမ်ရွှယ်နဲ့ဥက္ကဌကျိချန်တို့ကြားထဲကပတ်သက်မှုကို ဖော်ထုတ်ကြမယ်။ပန်းတိုင်ကတော့ ဥက္ကဌကျိချန်ကဒီအမှုအတွက်တာဝန်ရှိနေတယ်လို့ အခြားလူတွေကိုအယုံသွင်းဖို့ပဲ။လေနဲ့လှိုင်းတွေပြင်းပြင်းထန်ထန်ရိုက်ခတ်လာဖို့က အရေးအကြီးဆုံးပဲလေ။

  စတုတ္ထအချက်က ရီလီလီကရှေ့နေတစ်ဦးဖြစ်တဲ့အတွက် လုဝမ်ရွှယ်ရဲ့အမှုကိုအယူခံဝင်ဖို့ပဲ။ပြီးတော့ ဥက္ကဌကျိချန်ရဲ့ကားမောင်းသူနဲ့လက်အောက်ငယ်သားတွေကို သက်သေအထားနဲ့တကွဖမ်းခိုင်းထားတယ်"

  ပဉ္စမမြောက်အဆင့်သည် ဥက္ကဌကျိချန်အားတရားရုံးဆီသွားရန်အမိန့်ထုတ်ခြင်းဖြစ်သည်။ထိုအချိန်တွင် သူတို့ကော်ပိုရေးရှင်း၏စတော့ရှယ်ယာများမှာ သိသိသာသာကျဆင်းသွားပေလိမ့်မည်။သူတို့မှာ ငွေကြေးကျဆင်းမှုပြဿနာအားခံစားကြရလိမ့်မည်။

  ဆဌမအချက်နှင့်အရေးအကြီးဆုံးအဆင့်မှာ မီဖန်အားဥက္ကဌကျိချန်မှာဤအမှု၏တရားခံအစစ်ဖြစ်ကြောင်း ဖော်ထုတ်ရန်မျက်မြင်သက်သေအဖြစ် တရားရုံးတွင်ပေါ်ထွက်လာရန်ဖြစ်သည်။သူမသည် သူမ‌၌ရှိသော ဥက္ကဌကျိချန်၏မှတ်တမ်းများအား‌‌ေဖာ်ထုတ်ပြီး မိသားစုအတွက်သူမလုပ်ပေးခဲ့ရသည့်  ဒုစရိုက်ကိစ္စများအားလုံးကိုဝေမျှလိုက်သည်။

  ရလဒ်မှာပြောင်းလဲဖို့ခက်ခဲသွားပြီဖြစ်သည်။ဥက္ကဌကျိချန်မှမည်မျှထိစွမ်းအားကြီးနေစေကာမူ သူ့အားဆန့်ကျင်မည့် မီဖန်၌ရှိသောသက်သေအထောက်အထားများမှာ စစ်မှန်လွန်းပြီးငြင်းပယ်၍မရပါပေ။သူသည်ပြန်လှည့်ဖို့အခွင့်အရေးပင်မရှိတော့ပေ။

- - - - -

  မီဖန်သည်ရာဇဝတ်မှုတစ်ခုအား လုပ်ကြံဖန်တီးခဲ့သောကြောင့် သူမသည်အချုပ်ထဲရောက်သွားခဲ့သည်။သူမ၏ပြစ်ဒဏ်အားနောက်ပိုင်းတွင်ဆုံးဖြတ်မည်ဖြစ်သည်။

  သို့သော်ငြား ဒါရိုက်တာရွေ့ကိုမဖမ်းမိသေးသောကြောင့် မိမိမှာမိမိကိုယ်ထဲပြန်ဝင်လို့မရသေးပေ။ထို့ကြောင့်မိမိမှာ အမှုစစ်ဆေးခြင်းအား ဝိညာဉ်တစ်ခုအနေဖြင့်တက်‌ေရာက်ခဲ့ရသည်။

  တရားရုံးမှဥက္ကဌကျိချန်အားတရားခံအစစ်အဖြစ်ကြေငြာခဲ့ပြီး လုဝမ်ရွှယ်၏အမည်အားသန့်စင်ပေးခဲ့ချိန်တွင် လုကျိန့်ရန်၏မျက်ရည်များအား ဘယ်သောအခါမှမိမိမေ့ပျောက်တော့မည်မဟုတ်ပေ။ထပ်ပေါင်းရလျှင် မိမိမှာမီဖန်၏မျက်နှာထက်မှအပြုံးကိုလည်းဘယ်တော့မှမေ့တော့မည်မဟုတ်ပေ။သူမသည် နောက်ဆုံးတော့သူမ၏အပြစ်ရှိစိတ်မှလွတ်မြောက်သွားသည်ကိုမြင်လိုက်ရသည်။

  မိမိမှာစုယန်၏အစီအစဉ်သည်မည်မျှချောမွေ့နေသည်ကို အတော်လေးအံ့အားသင့်ရသည်။မူလက မိမိမှာလုဝမ်ရွှယ်နှင့်မျက်နှာချင်းဆိုင်ဆက်သွယ်နိုင်ခဲ့၍ သူ့ထက်စာလျှင်အကျိုးကျေးဇူးတစ်ခုပိုရှိခဲ့သည်ဟု တွေးနေခဲ့မိသည်။

  စုယန်ကတော့တစ်ကယ်ကို သည်းထိတ်ရင်ဖိုလူသတ်စာရေးဆရာတစ်ယောက်ပဲ။ငါ့အကြိုက်ပဲလေ။

  ထိတ်လန့်ရလောက်အောင်ပင် ဒါရိုက်တာရွေ့မှာ ၂၇ရက်နေ့မိမိမွေးနေ့တွင် ဖမ်းဆီးခံလိုက်ရသည်။

  မီဖန်သည်ဥက္ကဌကျိချန်၏ အလုပ်နှင့်မလျော်ကန်သည့်အပြုအမူကိုဖော်ထုတ်ခဲ့သလို ဒါရိုက်တာရွေ့၏ပြစ်မှုကိုလည်းဖော်ထုတ်ခဲ့သည်။ဒါရိုက်တာရွေ့သည် အလုပ်သမားများအားတရားမဝင်အလုပ်ထုတ်ခဲ့သည်၊အမျိုးသမီးလက်အောက်ဝန်ထမ်းများအားအဓမ္မပြုကျင့်ခဲ့ပြီး ဆေးသုံးခဲ့သည်။သူမသည်သူနှင့်မိမိကြားရှိမတော်တဆမှုကိုလည်းမျှဝေခဲ့သည်။

  ဒါရိုက်တာရွေ့မှဘာကြောင့်ဖမ်းမိခဲ့ရသည်ဆိုသည့် အကြောင်းအရင်းမှာ သူ၏လိင်ကိစ္စကင်းမဲ့နေသည်ကို မထိန်းနိုင်တော့ဘဲ သူ၏ရည်းစားဟောင်းထံဆက်သွယ်ခဲ့သောကြောင့်ဖြစ်သည်။ပြောရလျှင်သူ၏ရည်းစားဟောင်းကောင်မလေးသည် ရဲများအားခေါ်ခဲ့၍ သူအဖမ်းခံခဲ့ရသည်။

  ပြီးခဲ့သည့်၂၆နှစ်တွင် မိမိမွေးဖွားခဲ့သည်။၂၆ကြာခဲ့သည့်ယနေ့တွင် မိမိမှာပြန်လည်မွေးဖွားခဲ့သည်။

  မိမိဝိညာဉ်မှာကိုယ်ထဲဘယ်အချိန်ပြန်ရောက်သွားသည်ကို မိမိမသိခဲ့ပေ။သို့သော်မိမိနိုးလာချိန်တွင် မြင်လိုက်ရသည့်ပထမဆုံးသူမှာစုယန်ဖြစ်သည်။

  မိမိဝိညာဉ်တစ်ကောင်ဖြစ်နေစဉ်တွင် မိမိနိုးလာချိန်၌မှတ်ဉာဏ်များပျောက်ကွယ်သွားမည်ကို စိုးထိတ်ခဲ့ရသည်။ကံကောင်းထောက်မစွာပင် မိမိမှာရှီယုကဲ့သို့မှတ်ဉာဏ်အားလုံးမပျောက်ခဲ့ပေ။စုယန်၏အနမ်း၊စကားများနှင့်လုပ်ရပ်များအားလုံးကို မိမိစိတ်ထဲထာဝရမြှပ်နှံထားခဲ့သည်။

  မိမိမွေးနေ့အား သူဘယ်လိုမှတ်မိနေသည်ကိုမသိခဲ့ပေ။စုယန်သည်မိမိအတွက် ကိတ်တစ်လုံးအားတစ်ကယ်ပြင်ထားခဲ့သည်။ထိုသည်မှာစားပွဲပေါ်ရှိပြီး လက်ရှိ၌သူသည်မျက်လုံးများအားမှိတ်ကာ တိတ်တိတ်လေးဆုတောင်းနေသည်။

  မိမိသည်ပြုံးမိသွားကာ မိမိအားသူသတိပြုမိလာမည်ကိုစောင့်နေလိုက်သည်။

  မိမိမှမျက်လုံးများအား ထပ်ဖွင့်လိုက်သောအခါ စုယန်နှင့်မိမိသည်အကြည့်ချင်းဆုံသွားခဲ့သည်။သူ၏နှုတ်ခမ်းများမှာ တစ်ခုခုပြောချင်နေသလိုမျိုးတုန်ယင်နေသည်။သို့သော် အချိန်အတော်ကြာသည့်နောက်တွင် သူသည်စာကြောင်းတစ်ကြောင်းသာရေရွတ်ခဲ့သည်။

  "မင်းတစ်ကယ်နိုးပြီလား"

  "အွမ်း....."

  မိမိမှာအချိန်အတော်ကြာ လူသားဘာသာစကားအားမပြောခဲ့ရသည့်အတွက် အသံတစ်သံထွက်ရန်ကြိုးစားလိုက်တိုင်း မိမိလည်ချောင်းမှာလောင်မြိုက်နေသည်။ထိုသည်က မိမိအားဘာတစ်ခုမှထပ်ပြောခွင့်မပြုခဲ့ပေ။

  ငါ့ရဲ့စကားပြောနိုင်စွမ်းတွေဆုံးရှုံးသွားတာလား။မိမိမှာကြောက်လန့်သွားရသည်။

  "အခုစကားမပြောသေးနဲ့ဦး။ငါဆရာဝန်သွားခေါ်လိုက်ဦးမယ်။မလှုပ်နဲ့"

  စုယန်သည်လူနာခန်းအပြင်သို့ ယုန်လေးတစ်ကောင်လိုခုန်ဆွခုန်ဆွထွက်သွားခဲ့သည်။

  ဆရာဝန်မှရိုးရှင်းသည့်စစ်ဆေးမှုအချို့ဆောင်ရွက်ပြီးသည်နှင့် သူသည်စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။

  "မင်းအခုအဆင်ပြေသွားပါပြီ။မင်းကပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က ကောင်းကောင်းကုသမှုခံယူခဲ့တာပဲ။မင်းသေချာပေါက်အနာဂတ်ကောင်းကိုချီးမြှောက်ခံရမှာနော်"

  အွီး...အဲ့တော့ငါအဆင်ပြေပြီပေါ့။

  "ကိတ်ကကျွန်မအတွက်ပြင်ထားတာလား"

  ရေတစ်ခွက်သောက်ပြီးနောက် မိမိမှာနောက်ဆုံးတော့စကားလုံးအချို့ကို ညှစ်ထုတ်နိုင်သွားခဲ့သည်။

  "မင်းကငရဲတံခါးနားလျှောက်ခဲ့ရပြီး အခုကျ ကိစ္စတွေကိုစိတ်ကူးယဉ်နေတာပဲ။ငါကအဲ့ဒါကိုစားချင်လို့ပဲဝယ်လာခဲ့တာ"

  နင်ကအလေးအနက်ကြီးထားနေတာလား။ငါနိုးလာတာနဲ့ စုယန်ရဲ့သဘောထားကဘယ်လိုတောင်အများကြီးပြောင်းသွားနိုင်ရတာလဲ။အနည်းဆုံးတော့ ကောင်းကောင်းလိမ်လေ။ကိတ်ပေါ်မှာငါ့နာမည်ကြီးရှိနေတယ်ဟဲ့။ငါကန်းနေတယ်လို့နင်ထင်နေတာလား။

  "ကျွန်မစားချင်တယ်"

  မိမိသည်ကိတ်အား အား‌ေပျာ့စွာလက်ညှိုးထိုးပြလိုက်ပြီး မိမိ၏ပါပီမျက်လုံးလေးများဖြင့်သူ့အားကြည့်လိုက်သည်။

  "မရဘူး။မင်းကပျောက်ခါစရှိသေးတယ်။မင်းကို ချိုပြီးအဆီများတဲ့အရာတွေစားခွင့်မပြုဘူး။မင်းကိုကြည့်ဦး။မင်းမှာမျက်လုံးဖွင့်ဖို့လောက်ပဲအားရှိတာကို"

  စုယန်သည်မိမိ၏တောင်းဆိုမှုအားငြင်းလိုက်သည်။

  ဘာရယ်။ငါကသူ့ကိုငါ့ရဲ့ပါပီမျက်လုံးလေးတွေကိုတောင် ပြဖို့လုပ်ခဲ့တာလေ။

  မိမိမှာအလွန်စိတ်တိုနေပုံရ၍ စုယန်သည်မိမိအားစိတ်ချထားရန်ကြိုးပမ်းလိုက်သည်။

  "မင်းနေကောင်းလာရင် ငါနောက်ထပ်ကိတ်ဝယ်ပေးမယ်နော်..."

  "စုယန် ကျွန်မသတိလစ်နေတုန်းက စကားသံတွေကြားခဲ့ရတယ်။အဲ့ဒါကကျွန်မရဲ့အိပ်မက်ထဲကလား ဒါမှမဟုတ် အစစ်အမှန်လားဆိုတာကိုတော့ ကျွန်မမသိဘူး..."

  "ဘာစကားသံတွေလဲ"

  "ဝေဝေဝါးဝါးမျက်နှာနဲ့လူတစ်ယောက်က ကျွန်မကိုကြိုက်တယ်လို့ညင်ညင်သာသာလေးပြောခဲ့တာလေ။သူကကျွန်မကိုနမ်းလည်းနမ်းခဲ့တယ်..."

  စုယန်မှာမိမိစကားများအားကြားသည်နှင့် အေးခဲသွားသည်။

  အား....ဒါကိုသယ်လာဖို့ကအချိန်ကောင်းဟုတ်ပုံမရဘူး။မိမိသည်ထိုအတွက်အလွန်နောင်တရသွားသည်။အခုတော့ မိမိမှာ‌ေနွးထွေးနေသည့်လေထုအား သက်တောင့်သက်သာမရှိသည့်လေထုအဖြစ်ပြောင်းပစ်ခဲ့သည်။

  ထို့ကြောင့်မိမိသည်မြန်မြန်ခေါင်းယမ်းကာ ရူးသလိုဟန်ဆောင်လိုက်သည်။

  *အဟွတ် အဟွတ်*

  "ကျွန်မအိပ်မက်မက်နေတာလို့ထင်သားပဲ။ဟားဟား....ဝိုး ကျွန်မသတိလစ်နေတုန်းကနွေဦးအိပ်မက်မက်ခဲ့တာပဲ....ဟားဟား။ကျွန်မထင်တာတော့ ကျွန်မလုပ်သင့်....."

  "ငါမင်းကိုနမ်းလို့ရမလား"

  စုယန်၏အမူအယာမှာရုတ်ချည်းအတည်ပေါက်ဖြစ်သွားကာ မိမိစကားအားဖြတ်ပြောလာသည်။

  "အမ်"

  မိမိမှာစုယန်အားငေးရင်းစကားလုံးများပျောက်ဆုံးသွားရသည်။

  မိမိမတုန့်ပြန်နိုင်သေးခင်တွင် စုယန်သည်သူ၏ခုံမှထရပ်လာကာ သူ၏ညာလက်အားမိမိလည်ပင်းနောက်တွင် သာသာလေးထားလိုက်သည်။သူ၏နီမြန်းကာ တောက်ပြောင်နေသည့်နှုတ်ခမ်းလေးများသည် မိမိ၏နှုတ်ခမ်းသားလေးပေါ်ဆင်းသက်လာခဲ့သည်။

  စုယန်၏ရနံ့ကမိမိအားကြိုဆိုလာခဲ့သည်။ထိုသည်မှာသိမ်မွေ့သည့်ချဉ်းကပ်မှုပေမယ့် မိမိမှာအရူးတစ်ယောက်လို မျက်တောင်ခတ်နေဆဲပင်။မိမိသည်စုယန်၏တုန်ယင်နေသောမျက်တောင်များကို ကြည့်နေခဲ့သည်။

  မိမိတို့နှစ်ဦးသားမှာ ချိန်းတွေ့ကြရာတွင်အသစ်လေးများဖြစ်ကြသည်။မိမိတို့မှာနောက်တစ်ဆင့်ဘာလုပ်ရမည်ကိုမသိကြတော့ပေ။ထို့ကြောင့်မိမိတို့နှုတ်ခမ်းများမှာထိသာထိထားကြသည်။အချိန်အတော်ကြာပြီးနောက် မိမိမှာထပ်ထိန်းမထားနိုင်တော့၍ စုယန်အားဖွဖွလေးတွန်းထုတ်လိုက်သည်။

  "ဒါကရှင့်ရဲ့ပထမဆုံးအနမ်းမလား"

  "မဟုတ်ဘူး"

  စုယန်သည်သူ၏မျက်နှာအားဂရုစိုက်လွန်းပြီး (မျက်နှာအပျက်မခံတာ)လက်ပိုက်လိုက်သည်။

  "ဟမ်။ဒါဆိုရှင်ကဘာလို့စကေးမရှိလွန်းနေရတာလဲ"

  "ငါရဲ့ပထမဆုံးအနမ်းက မင်းကိုခိုးနမ်းလိုက်တဲ့အချိန်ပဲ..."

  စုယန်သည်ဝန်ခံခဲ့သည်။

  "အဲ့ဒါကိုထည့်မတွက်ဘူး"

  "အိုး အဲ့လိုဆိုလည်းကောင်းပြီလေ။မင်းလည်းပဲ ပထမဆုံးအနမ်းမလား"

  "အင်း"

  အခုတော့ မိမိတို့မှာဘာကြောင့်ကသိကအောက်ဖြစ်နေရသည်ကို နောက်ဆုံးတော့နားလည်သွားခဲ့ကြသည်။ခေတ္တကြာပြီးသော် စုယန်သည်ကသိကအောက်ဖြစ်ကာခေါင်းယမ်းလိုက်ပြီး မိမိသည်လည်းသူ့အားမကြည့်မိစေရန် ခေါင်းလှည့်လိုက်သည်။

  "မင်းအိပ်မက်ထဲကအနမ်းကဒီလိုမျိုးလား"

  စုယန်သည်ညင်သာစွာမေးလာသည်။သူ၏အသံသည် မိမိနှလုံးသားအားဝါဂွမ်းစလေးဖြင့်ကလိထိုးနေသည့်အလားပင်။

  မိမိသည်ပြုံးလိုက်ပြီး

  "အင်း။ရှင်ကကျွန်မအိပ်မက်ထဲကလူလို တောင့်တောင့်ကြီးပဲ။လုံးဝတိုးတက်မလာဘူး...."

  "လင်းယိရှင်း။ငါ့ရဲ့ကောင်မလေးဖြစ်ပေးပါ"

  စုယန်၏မျက်လုံးများမှာ စကြာဝဠာကြီးအလား လင်းလက်နေသည်။သူသည်မိမိအားနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေ၍ မိမိမှာမတတ်နိုင်ဘဲစုပ်ယူသွားခြင်းခံလိုက်ရသည်။

  မိမိမှာပြုစားခံလိုက်ရသလိုပင်။မိမိသည်ပြုံးလိုက်ပြီးစုယန်အတွက်အရာရာတစ်ကယ်ဖြစ်ချင်ခဲ့သည်။

  "ကောင်းပြီလေ"

Continue Reading

You'll Also Like

22.2K 2.1K 28
သူ(မ)တို့နိုင်ငံမှာ ကောလိပ်ဝင်ခွင့်တွေ ရပ်ဆိုင်းခဲ့တာ ခြောက်နှစ်ရှိပြီ ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဘယ်အချိန် ပြန်စမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပ...
22.9K 2.6K 29
Name - Seventy Couple's Daily Routine Type - Web novel (CN) Genre - romance Tags - childcare, 1970s, military , weak to strong Author (s) - Flowing s...
134K 17.9K 70
Title - F**k Off This Damn Money Short Title - FOTDM Original Author - Ban Li Zi ဒုတိယမျိုးဆက်ရဲ့ကြယ်ပွင့်ဖြစ်တဲ့ လီလင်းလင်းဟာ အသက်၁၅နှစ်မှာ သူမရဲ့ဓ...
57.7K 5.9K 61
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...