ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

Od jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) Více

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၅၁၄)

72 10 0
Od jellyflower1

အပိုင်း(၅၁၄)

ထျန်းရွှမ်က စိတ်ပျက်သော ဟန်ပန်အမူအရာဖြင့် မတ်တတ်ထရပ်ခြင်းကို လင်းရှောင်ယွမ် စောင့်ကြည့်နေသည်။ ထျန်းနင်က ဟန်ရှင်းအာကို သတ်နေသည်ဟု တစ်နိုင်ငံလုံး စွပ်စွဲခဲ့စဉ်က သူမ မည်သို့ တုံပြန်ခဲ့သနည်း။

သူမ အသံတစ်ပင် မထွက်ခဲ့ပေ။

ထျန်းနင်၏ သည်းခံနိုင်စွမ်းက ထျန်းရွှမ်ထက် သာလွန်သည်။ ထျန်းရွှမ်က ကောင်းစွာ သင်ယူခြင်း မရှိခဲ့ပုံပင်။

"ရှောင်ရွှမ် ပြောစရာရှိရင် ပွဲပြီးတဲ့အထိ စောင့်ပါ။ အိမ်ရောက်မှ ဆွေးနွေးလို့လည်းရတယ်"
ထျန်းအကြီးအကဲက ထျန်းရွှမ်၏စိတ်သဘောထားကို နားလည်သည်။ သူမကို မခံချင်စိတ် ဖြစ်အောင် အတင်းအဖျင်း ပြောဆိုကြ၍ သူတို့ရောက်နေသည့် အခြေအနေ၏ အရေးပါမှုကို လျစ်လျူရှုပြီး စိတ်ထဲရှိသည့်အတိုင်း ပြုမူနေခြင်း ဖြစ်သည်။

"ငါ ဆက်သည်းမခံနိုင်တော့ဘူး"
ထျန်းရွှမ် အော်ငေါက်သည်။
"ငယ်ငယ်တည်းက မိသားစုထဲမှာ ငါက အကြိုးစားဆုံးပဲ။ ထျန်းမိသားစုဝင်အနေနဲ့ အမြဲတမ်း ကြိုးစား အားထုတ်ရမယ်မှန်း သိနေလို့ ကိုယ့်တာဝန်ကိုယ် အပြည့်အဝ ယူတတ်အောင် အမြဲလေ့လာ သင်ယူခဲ့ပါတယ်။ အလုပ်ကို လေးလေးစားစား အမြဲလုပ်ကိုင်ခဲ့ပြီး တစ်ချက်လေးတောင် မငြီးခဲ့ဘူး"

"ဘာပဲလုပ်လုပ် ထျန်းမိသားစု ကောင်းကျိုးအတွက်ပဲ တွေးခဲ့တယ်။ ငါတို့မိသားစုရဲ့ရေမွှေးထုတ်ကုန်တွေ နာမည်ကျော်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပါရက်နဲ့ ထျန်းအုပ်စုရဲ့ စီအီအိုက ငါ့ကို ထျန်းအုပ်စုကနေ မောင်းထုတ်ခဲ့တယ်"

"ငါ ပြောချင်တဲ့ သဘောက ထျန်းမိသားစုအတွက် ဘာမဆို သည်းခံနိုင်ပေမဲ့ ဒီနားကသူတွေက မြေးကို နှိမ့်ချ ပြောနေတာ ဘိုးဘိုး မကြားတာလား။ ဒါက မျှတတယ်လို့ရော ဘိုးဘိုး ထင်ရဲ့လား။ မြေး အရမ်းအလုပ်ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါလေတောင် မချီးမွမ်း ကြဘူး။ အခုမှ ထျန်းနင်က ထျန်းအုပ်စုရဲ့ အလုပ်ကို ကူညီပေးရုံရှိသေးတယ်။ အားလုံးက သူ့ကို ထျန်းအုပ်စုရဲ့ မျှော်လင့်ချက်လို ဆက်ဆံကြတယ်။ ရှင်တို့တွေ ဘက်လိုက်နေတာ သိကြရဲ့လား"

ထျန်းရွှမ်က ယခုလိုစကားမျိုးကို ပြောချင်ခဲ့သည်မှာ ကြာနေပြီ ဖြစ်ကြောင်း ထျန်းအကြီးအကဲ သိနေခဲ့သည်။

စောစောက သူမကို ရန်စသော စကားများက သူမ၏ဒေါသကို ပို၍လောင်မြှိုက်စေသည်။

ပွဲအခမ်းအနား တစ်ခန်းလုံးက ပြဿနာရှာနေသော ထျန်းရွှမ်ကို အာရုံစိုက်နေကြသည်။ ထိုလူအုပ်စုထဲ စိတ်ရှုပ်ထွေးနေသော လင်းရှောင်ယွမ်လည်း ပါဝင်သည်။

သူမ ရူးနေသနည်း။

သူမ ရောက်နေသည့်နေရာကို ထည့်သွင်း စဉ်းစားခြင်း မရှိသနည်း။

"ဒီနေ့ပဲ အဖြေကို သိပ်သိချင်နေရင် အခုကိစ္စနဲ့ ပတ်သက်တဲ့ စကားတချို့ ပြောပေးမယ်။ နင်က ကလေးဘဝတည်းက မောက်မာတယ်။ အမြဲတမ်း ရှောင်နင်နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တယ်"

"ထျန်းနင်က အပြစ်ရှိတဲ့ ခံစားချက်နဲ့ နင့်ကို အမြဲအလျှော့ပေး ခဲ့လို့၊ နင့်အခုလို လင်းလက်ခွင့် ရတာလေ။ ထျန်းနင်က ညံ့ဖျင်းနေလို့ မဟုတ်ဘူး"

"နင်တို့တွေကို ငယ်ငယ်တုန်းက တစ်ကျောင်းတည်း အတူထားတယ်။ နင့်ဂုဏ်သိက္ခာ မကျဆင်းရအောင် ထျန်းနင်က နင့်ထက် အမြဲ အမှတ်နည်းအောင် စာဖြေတယ်။ နင့်ထက်မြင့်တဲ့ အဆင့်တောင် မယူဖူးဘူး။ နင် ဘာလို့ မသိရတာလဲ။ ဘာလို့လဲ"

"နောက်ဆုံး ရှောင်နင်မှာ ကြံရာ မရတဲ့ အဆုံး မိသားစုပိုင်အိမ်ကနေ ထွက်သွားခဲ့ပြီး ငါမကြိုက်တဲ့ အနုပညာ အလုပ်ကို လုပ်ကိုင်ရင်း မော်ဒယ် ဖြစ်လာခဲ့တယ်"

"ရှောင်ရွှမ် ၊ နင် ရောက်နေတဲ့နေရာက ဘယ်နေရာလဲ မသိဘူးလို့တော့ မပြောနဲ့"

"ဒါပေမဲ့ ကျွန်မက ထျန်းမိသားစုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တာလေ၊ ထျန်းမိသားစုအတွက် ဖန်တီးပေးခဲ့တဲ့ ရေမွှေးအများကြီးပဲ။ ထျန်းနင်က ဘာများ ဖန်တီးပေးခဲ့လို့လဲ။ လက်တွေ့စမ်းသပ်ခန်းကို သူ ဘယ်နှခေါက် သွားဖူးလို့လဲ။ ပြီးတော့ စမ်းသပ်ချက် ဘယ်နှခု လုပ်ဖူးလို့လဲ။ ရေမွှေးအကြောင်း လက်တွေ့ကျကျ သိလို့လား"

ထျန်းရွှမ်၏ခံစားချက်များက ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်။

ထျန်းမိသားစု နှင့် ထျန်းနင်က သူမကို အပြစ်ကြွေးတင်နေသည်ဟု လူတိုင်း ယူဆအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ပြဿနာရှာလျှင် လုံခြုံရေးသုံးပြီး အလွယ်တကူ မောင်းထုတ်ပစ်နိုင်သည်။ သို့သော်လည်း ထျန်းရွှမ်က ထျန်းမိသားစုဝင် ဖြစ်နေပြီး ကိုယ်ဝန်ဆောင် မိခင်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး စိတ်လိုက်မာန်ပါ မလုပ်ဆောင်ရဲပေ။ မည်သို့ပင်ဆိုစေကာမူ ထျန်းရွှမ်က ရင်ဆိုင်ရလွယ်ကူသူ မဟုတ်ပေ။

ထျန်းနင် နှင့် မို့ထင်တို့က ခပ်လှမ်းလှမ်း မှာ ထိုင်နေပြီး သူတို့အရှေ့မှ မြင်ကွင်းကို စောင့်ကြည့်နေသည်။

မို့ထင်က ထျန်းနင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှစ်သိမ့်သည်။

ထျန်းနင်၏ ဘဝက ထျန်းအိမ်တော်တွင် ခက်ခဲကြမ်းတမ်း လိမ့်မည်ဟု ကောင်းကောင်း သိသော်လည်း ထျန်းရွှမ်၏ ညှဉ်းပန်းမှုကို ယခုမျှလောက်အထိ ခါးစည်းခံရမည်ဟု မထင်ခဲ့ပေ။

"ထျန်းနင်က ထျန်းမိသားစုမှာ ဘယ်နှနှစ်များ နေခဲ့ဖူးလို့လဲ။ သူက လက်ထပ်သွားပြီလေ။ စကားထဲ ထည့်ပြောနေဖို့တောင် မလိုအပ်တော့ဘူး"

"နင်တို့တွေသာ ငါ့အပေါ် မရက်စက်ခဲ့ရင် အခုလို နေရာမျိုးမှာ ငါလည်း အခက်တွေ့အောင် လုပ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့နှလုံးသား တကယ့်ကို နာကျင်ရပြီးမတရားဆက်ဆံတယ် ခံစားရတယ်"

သာမန် ပွဲအခမ်းအနားက မိသားစုစစ်ပွဲ ကျင်းပသော စစ်တလင်း ဖြစ်သွားပြီး ထျန်းရွှမ်က သူ့အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ထျန်းအကြီးအကဲက သူမကို ချက်ချင်း ဖြေရှင်းချက် မပေးလျှင် အားလုံးကို သူမနှင့်အတူတူ အရှက်ရအောင် လုပ်ဆောင်လိမ့်မည်။

ထျန်းရွှမ်အတွက် ရှုံးစရာ ဘာမှ မရှိဟု ခံယူထားပုံပင်။

"ငါ နားမလည်နိုင်ဘူး။ ဘယ်လိုပဲ စဉ်းစား စဉ်းစား နားမလည်နိုင်ဘူး"

အခမ်းအနားမှူးက ပွဲကို အဆုံးသတ်ရန် ရှေ့ထွက်ပြောချင်သော်လည်း လူအုပ်စုထဲမှ အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"နင်က ဘာနားမလည်တာလဲ"
လူအုပ်စုကြားထဲ ထိုင်နေသူက ထျန်းနင်မှန်း မရိပ်ခင်က လူတိုင်းက အသံပိုင်ရှင်ကို လှည့်ကြည့်ကြသည်။

လျှာထိုးဦးထုပ်နှင့် အပေါ်အင်္ကျီကို ချွတ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ပေါ်မှာ လျော့တိလျောရဲ ခပ်ပွပွ ဝတ်စုံသာ ကျန်ခဲ့သည်။ ပုံမှန်အားဖြင့် ထျန်းနင်က သူမ၏ဝမ်းဗိုက်ကို ဖုံးကွယ်ထားတတ်သည်။

လူတိုင်းက သူမ စင်ပေါ်တက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေကြသည်။

"ဒီနေရာမှာ ထျန်းနင် တစ်ချိန်လုံး ရှိနေတယ်လို့ ဘယ်သူက ထင်မှာလဲ"

"ထျန်းနင် သူ့ကိုယ် တခြားသူ မှတ်မိသွားမှာ မလိုလားခဲ့ပုံပဲ။ ဒါပေမဲ့ အခုလိုဖြစ်နေတာကို ဆက်မကြည့်ချင်တော့လို့ ထင်ပါရဲ့"

"ထျန်းရွှမ်က ဘာကိစ္စကြောင့် မမျှတဘူးလို့ ခံစားရတာလဲ။ ထျန်းနင်ကို ကြည့်ကြစမ်းပါ။ ထျန်းနင်က သူ့ထက် အဆတစ်သောင်းမက
ပိုထူးချွန်တယ်"

ထျန်းနင် ရုတ်တရက် ပေါ်လာ၍ ပွဲတစ်ခုလုံး ညံသွားသည်။ ထျန်းနင်က တိုးတိုးလေး နေရန် ဟန်အမူအရာ ပြ၍ အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက ထျန်းနင်ကို လေးလေးနက်နက် ငေးစိုက်ကြည့်နေပြီး ငိုကြွေးနေသော ထျန်းရွှမ်ကို လျစ်လျူရှုထားသည်။

"နင်က ကြွက်လိုပဲ အမြဲပုန်းနေတယ်။ နင်က အရိပ်ထဲ ပုန်းနေပြီးမှ ငါ့စီက လုယူချင်တာ ရှိလို့ အခွင့်ကြုံတုန်း ထွက်လာတာလား"

"နင့်ကို ထျန်းအုပ်စုကနေ ဘာလို့ကန်ထုတ်ခဲ့လဲ တကယ် မသိသေးတာလား"
ထျန်းနင်က သူမနှင့် စကားစစ်ထိုးမည့် စိတ်ကူးမရှိ၍ အဓိကအချက်ကို တန်းပြောသည်။

"အမှန်တရားအတွက် မျက်ကန်းတစ္ဆေ ဖြစ်နေလို့လေ"

ထျန်းနင် ရယ်မောပြီး အေးစက်စက် အသံဖြင့် မေးမြန်းသည်။
"မေးခွန်း နည်းနည်း မေးလို့ရမလား။ နင် ဖြေနိုင်ရင် နင့်ကို CEOရာထူး ပေးလိုက်မယ်"

"ငါက ရေမွှေးအကြောင်း နားမလည်ဘူးလို့ နင် ပြောပေမဲ့ ဆွစ်ဇာလန်မှာ နင် ဆုရခဲ့တဲ့  'Night Spirit'ရေမွှေးကို ငါ ဖန်တီးခဲ့တာ နင် မေ့နေတာလား"

ထျန်းရွှမ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့မျက်နှာပေါ်တွင် တုန်လှုပ်သော အမူအရာ ဖြစ်ပေါ်လာသည်။

ထိုစဉ်အခိုက်အတန့် ထျန်းအကြီးအကဲလည်း တုန်လှုပ်နေသည်။ ထျန်းရွှမ် ဖန်တီးခဲ့သော နာမည်ကျော် ရေမွှေးက ထျန်းနင် ဖန်တီးထားသော လက်ရာ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ငါ"

"ငါ"

"ငါ့မှတ်စုစာအုပ်ထဲက အညွှန်းကို နင်ယူသွားတာ နင် မမှတ်မိတာလား။ ကြာနေပြီဆိုတော့ တခြားကိစ္စ ပြောကြတာပေါ့။ ထျန်းအိမ်တော်ကနေ ထွက်သွားတော့မှ နင်က ငါ့ ဖန်တီးမှုနဲ့ နာမည်ကောင်း ယူထားတာကို ငါ သိခွင့်ရတာလေ။ နင်လည်း မေ့သွားပြီလို့တော့မပြောသင့်ဘူး"

ထျန်းနင်က တစ်ခုပြီး တစ်ခု ဖော်ထုတ်လာသည်။

"ငါ ရှာဖွေခဲ့ပြီ နင်က ဘာလို့ နာမည်ကောင်း ယူရတာလဲ"

"နင်က အခုထိ အရှုံးကို လက်မခံချင်သေးဘူးလား။ ကောင်းပြီလေ ရေမွှေးအကြောင်း မပြောတော့ဘူး။ တခြားကိစ္စပြောကြတာပေါ့"

လူတိုင်းက ထျန်းရွှမ် ကိုယ်စား အရှက်ရမိသည်။

အပိုင်း(၅၁၄)
ပြီး၏။

Pokračovat ve čtení

Mohlo by se ti líbit

4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10M 517K 43
|| Featured FREE story with exclusive paid chapters - previously a paid story || When Haley discovers the truth behind Xavier, whose silence holds a...