ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

28K 2.5K 21

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Gpဝင်မယ့်ကလေးတွေအတွက်

Ch-84

77 8 0
By SuMon5383

ပရိုမိုးရှင်းရက်မလွန်ခင်၁၈၀၀ကျပ်တည်းနဲ့ ဂရုလာဝင်ထားကြနော်။

Ch-84  နှာခေါင်းသွေးယိုခြင်း

  ငါကြည့်သင့်လား မကြည့်သင့်ဘူးလား။

  မိမိသည်နားထင်အားလက်ချောင်းဖြင့်ဖွဖွလေးပွတ်သပ်လိုက်သည်။လက်ရှိမိမိမှာအကျင့်စာရိတ္တအသိပေးဆိုင်းဘုတ်၌ရပ်နေရသည်။ဤသည်မှာမိမိ၏အနာဂတ်နှင့်ဆက်နွှယ်နိုင်၍ မိမိမှာထိုသည်အားသေချာဂရုစိုက်တွေးတောရပေမည်။

  မိမိသည်၂၀၀ရာခိုင်နှုန်းသတိအပြည့်ဖြင့်ရေချိုးခန်းတံခါးတွင်ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။မိမိသည်ရေချိုးရာမှရေမှုန်ရေမွှားလေးများပေါ် အပြည့်အဝအာရုံစိုက်ထားသည်။

  စကားပုံမှာအလွန်မှန်လေသည်။ဘုရားသခင်ကမင်းဆီတံခါးပိတ်ထားခဲ့ရင် မင်းအတွက်အခြားပြတင်းပေါက်ကိုသူကသေချာပေါက်ဖွင့်ပေးထားလိမ့်မယ်။မိမိအလိုရှိသ၍ဘယ်အချိန်မဆို နံရံများအားဖြတ်သွားနိုင်သည့်အချက်မှာ ဘုရားသခင်မှမိမိအတွက်ဖန်တီးပေးထားခဲ့သည့်ပြတင်းပေါက်ဖြစ်သည်။

  ငါအဲ့ဒါကိုအလဟဿမလုပ်သင့်ဘူး။ငါအဲ့ဒါကိုစုယန်ရေချိုးတာ‌ချောင်းကြည့်ဖို့ သုံးလိုက်ရမယ်ဆိုရင်တောင်မှပေါ့.....

  မိမိဆေးရုံတွင်ရှိနေစဉ် စုယန်သည်လည်းမိမိကဲ့သို့တူညီသောလူနာခန်းတွင်သာအိပ်ခဲ့သည်။သူသည်အိပ်ရာတစ်ခုအားမှာခဲ့ပြီး နေ့ရောညပါမိမိဘေးတွင်ရှိနေခဲ့သည်။သူသည်လည်း ဒီမှာပင်ရေချိုး၊သွားတိုက်ပြီး အစာသုံးနပ်အားစားခဲ့သည်။ထိုသည်မှာသူသည်ဤလူနာခန်းထဲ၌ သူ့နေ့ရက်များအားအနားယူကုန်ဆုံးနေသည့်အလားပင်။

  အိုင်းယား။

  ဒါပေမယ့် မိန်းမသားတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ရေချိုးတာကိုချောင်းကြည့်တာက အတော်လေးမသင့်လျော်ဘူးလားလို့လေ။တစ်ကယ်တော့လည်း မမှန်ဘူးပဲ။ဘယ်လို‌ေန‌ေနငါသူ့ကို‌ကြည့်နေတာကိုဘယ်သူကမှတွေ့မှာမဟုတ်ဘူးလေ။ငါကဝိညာဉ်တစ်ခုပဲကို။ပြီးတော့ စုယန်ကငါ့ကိုကြိုက်တယ်လို့ဝန်ခံခဲ့ပြီး ခိုးနမ်းခဲ့တာပဲလေ။ငါဒီမှာလက်စားချေတော့မယ်။ဟုတ်ပြီ ဟုတ်ပြီ။ငါတို့ရဲ့လူ့အဖွဲ့အစည်းက သာတူညီမျှဆက်ဆံမှုနဲ့တရားမျှတမှုကိုသဘောကျကြတာပဲလေ။

  တရားမျှတမှုကသာလျှင် ဟန်ချက်ညီသောလူမှုအဖွဲ့အစည်းတစ်ခုအားဦးဆောင်သွားပေလိမ့်မည်။

  ဤသည်အားတွေးလိုက်ပြီး မိမိစိတ်မှာပျံ့လွှင့်လာသည်။မိမိသည်အရူးတစ်ယောက်လိုတဟီးဟီးမရယ်ပဲမနေနိုင်ခဲ့ပေ။

  မိမိသည်နံရံအားနောက်ပြန်မှီရန်လုပ်လိုက်သည်။သို့သော်မိမိမှာယခုဝိညာဉ်တစ်ခုဖြစ်နေ၍ နံရံအားတစ်ခါတည်းဖြတ်သွားခဲ့ကာ ရေချိုးခန်းထဲဝင်ချသွားသည်။

  အမ်။ငါကအဲ့ဒါကိုတွေးနေရုံရှိသေးပေမယ့် အထဲရောက်သွားပြီလား။ငါ-ငါအခုထိအဆင်သင့်မဖြစ်သေးဘူးလေ။

  မိမိသည်စုယန်၏ပုံရိပ်အားတိုက်ရိုက်ကြည့်မိသွားသည်။မိမိတို့ကြား၌ဝေဝါးသောမှန်ရှိနေပေမယ့် မိမိသည်စုယန်၏ကောင်းစွာတည်ဆောက်ထားသည့် ကိုယ်အပေါ်ပိုင်းအား မြင်နေရပြီး ထပ်ကာ....

  အားးးး

  မိမိမှာကျယ်ကျယ်လောင်လောင်အော်လိုက်မိသော်ငြား ထိုသည်ကိုမိမိသာကြားရလေသည်။မိမိသည်ကြမ်းပြင်မှခုန်ထကာ မိမိသွေးကြောများအားကျယ်အောင်လုပ်နေသည့်ဤနေရာမှ ထွက်ပြေးရန်လုပ်လိုက်သည်။

  သို့သော်တံခါးမှာပိတ်ဆို့ထားသည်။မိမိမထွက်နိုင်ခဲ့ပေ။

  ဘာလဲဟ။မိမိမှာထွက်သွားဖို့နံရံအားဖြတ်တိုက်သွားမိသည်။ငါကနံရံတွေကိုဖြတ်သွားနိုင်တယ် မဟုတ်ဘူး‌လား။

  ထိုအချိန်တွင် စုယန်မှာရေအားပိတ်ကာ သူ့ဆံပင်များပေါ်ခေါင်းလျှော်ရည်အားသုံးလိုက်သည်။

  မိမိ၏လှုပ်ရှားမှုများမှာရပ်တန့်သွားပြီး သူ့ဘက်ဆီ‌ေနာက်ထပ်လျှို့ဝှက်အကြည့်ပို့လွှတ်ခဲ့သည်။မိမိမှာရေစက်တစ်စက်သည် သူ၏နဖူးမှနေသူ၏မြင့်မားသောနှာခေါင်း‌ေပါ်ကျသွားပြီး သူ၏နီရဲကာတောက်ပြောင်‌ေန‌ေသာနှုတ်ခမ်းလေးများဆီလိမ့်ဆင်းသွားသည်ကို ကြည့်နေလိုက်သည်။ထို့နောက် ရေစက်လေးသည် သူ၏ညှပ်ရိုးနှင့် မြူတွင်းပျောက်ဆုံးသွားသည်။(ရေချိုးခန်းမှန်က အရေးကြီးတဲ့နေရာတွေနေရာမှာ ဝါးနေလို့ပါ)

  မိမိမှာရေစက်လေးအား အလွန်မနာလိုသွားရသည်။မိမိသည်တံထွေးမျိုချလိုက်ပြီး မိမိ၏ခုန်ပေါက်နေသောရင်ဘတ်အားထိန်းကိုင်ထားရသည်။ငါကဝိညာဉ်တစ်ခုမဟုတ်ဘူးလား။ငါကဘာလို့ရင်ခုန်နေရတာလဲ။

  မသိစိတ်အရ မိမိမျက်နှာထက်တွင် ရူးတူးတူးပေါကြောင်ကြောင်အမူအယာတစ်ခုရှိနေသည်။မိမိသည်နံရံအားမှီလိုက်ရင်း မိမိ၏မြင်ကွင်းအားကြည်နူးနေစဉ် နံရံအားထပ်ဖြတ်သွားပြန်ခဲ့သည်။

  ငါ့ကိုလာနောက်နေတာလား။ငါကတည်ငြိမ်နေရင်နံရံတွေကိုဖြတ်သွားနိုင်တာလား။

  မိမိသည်ပြတင်းပေါက်ဘက်လျှောက်သွားကာ လက်ပိုက်ပြီးအဝေးမှနေကြည့်လိုက်သည်။မိမိသည်အသက်ပြင်းပြင်းအကြိမ်အချို့ရှူလိုက်သည်။အဲ့ဒါကအနည်းဆုံး၄-၅စက္ကန့်တော့ရှိသင့်တယ်။ဒါပေမယ့်အဲ့ဒီမှတ်ဉာဏ်ကငါ့စိတ်ထဲထာဝရကျန်နေတော့မှာပဲ။

  မိမိမှာတွေးနေရင်း အိပ်ရာထက်ရှိ မိမိကိုယ်ကိုလှည့်ကြည့်လိုက်သည်။ငါသာနိုးလာခဲ့ရင်....ဘုရားရေ။

  ဘာတွေဖြစ်နေတာလဲ။ငါ့ဝိညာဉ်နဲ့ခန္ဓာကိုယ်က နှလုံးသားတစ်ခုတည်းဝေသုံးရတာလား။

  မိမိအိပ်ရာထက်တွင် မိမိမှာတစ်ကယ်ကြီးနှာခေါင်းသွေးများစီးကျနေသည်။နှာခေါင်းသွေး!!!

  အဲ့ဒါကငါမြင်လိုက်တဲ့ပြင်းထန်တဲ့မြင်ကွင်းကြောင့်လား။ငါ့ရဲ့တစ်ကယ့်ကိုယ်ကအဲ့ဒါကိုထိန်းမထားနိုင်ခဲ့ဘူးလား။

  ယခုတွင်မိမိနှာခေါင်းမှသွေးစီးကြောင်းနှစ်ကြောင်းစီးကျနေသည်။

  မိမိ၏ခေါင်းအုံးအဖြူမှာ အနီရောင်ဆိုးထားခဲ့သလိုပင်။

  သောက်ဂွပဲ။ဘုရားရေ။ရှက်စရာကောင်းလိုက်တာ။

  မိမိသည်မြန်မြန်ပြေးထွက်လာရင်း စိုးရိမ်တကြီးခြေဆောင့်လိုက်သည်။

  "လင်းယိရှင်း။နင်အဲ့အတိုင်းထိန်းထားရမယ်နော်။နင့်ကိုတစ်ခုခုကအနိုင်ကျင့်လာမှာကို နည်းနည်းလေးမှခွင့်ပြုပေးလို့မရဘူးနော်။နင်လုပ်နိုင်ပါတယ်"

  ဘာလုပ်သင့်လဲ။ဘယ်သူငါ့ကိုကယ်တင်နိုင်မလဲ။ငါကဒီမတိုင်ခင်ကသွေးတွေဆုံးရှုံးထားပြီးပြီလေ။စုယန်သာထွက်လာပြီး နှာခေါင်းသွေးတွေနဲ့ငါ့ကိုမြင်တဲ့အခါဆို သူဘယ်လိုတွေတွေးသွားမလဲ။

  သွေးစီးကြောင်းနှစ်ခုမှာ မိမိထင်ထားသည်ထက်ချောချောမွေ့မွေ့စီးဆင်းနေသည်။ထိုသည်မှာမိမိမျက်နှာထက် ထူးထူးဆန်းဆန်းအမှတ်အသားတစ်ခုချန်ထားရစ်ခဲ့သည်။ထိုသည်မှာမိမိနှာခေါင်းမှကျစ်ဆံမြီးနှစ်ဖက်ထွက်လာတော့မည့်အလားပင်။

  "စုယန်ရေ။ငါမင်းတို့ဆီလာလည်တယ်ဟေ့။မင်းငါ့ကိုလုပ်စေချင်တာတွေကို ငါလုပ်ပြီးသွားပြီကွ"

  ကျယ်လောင်သောအသံတစ်သံသည် အခန်းထဲဝင်ရောက်လာခဲ့သည်။မိမိမှာကြည့်စရာမလိုအောင်ပင် ထိုသည်ကရှန်ရှောက်ချင်မှန်းသိလေသည်။

  သူကဘာလို့ဒီအချိန်ကြီးဒီရောက်လာတာလဲ။စုယန်ကရေချိုးမပြီးသေးဘူးလေ။ငါကလည်းဘာတစ်ခုမှလုပ်လို့မရဘူးလေ။အဲ့ဒါကငါ့ရဲ့ကသိကအောက်ဖြစ်စရာကိုကမ္ဘာကြီးနဲ့ဝေမျှဖို့ရည်မှန်းထားတာဖြစ်နိုင်မလားပဲ။

  "မင်းရေချိုးနေတာလား"

  မိမိသည်တစ်စတစ်စနီးကပ်လာသည့် ရှန်ရှောက်ချင်၏အသံအားကြားနေရသည်။ကောင်းပြီလေ။မိမိသည်မျက်လုံးများအားမှိတ်ကာ ဤရက်စက်သည့်လက်တွေ့ဘဝကိုလက်ခံခဲ့သည်။ရှန်ရှောက်ချင်ကခေါင်းငုံ့ရယ်တော့မယ်ဆိုတာ ငါသိနေတယ်။

  ထင်သည့်အတိုင်းပင် ရှန်ရှောက်ချင်မှမိမိအားမြင်သည်နှင့် ဘာဖြစ်နေသည်အားစစ်ဆေးရန်ပြေးချလာသည်။ထိုသည်မှာနှာခေါင်းသွေးမှန်း သူသိလိုက်သည်နှင့် သူသည်မိမိအိပ်ရာအားလက်ညှိုးထိုးကာ ဟောဟဲဆိုက်အောင်ရယ်တော့သည်။

  "ဟားဟားဟားဟားဟား။ဘုရားရေ။အရမ်းရယ်ရတာပဲ။သတိလစ်နေတဲ့လူတစ်ယောက်နှာခေါင်းသွေးယိုတာကို ငါပထမဆုံးမြင်ဖူးတာပဲ။ဗက်ဟက်ဟက်ဟက်ဟက်ဟက်ဟက်"

  ရှန်ရှောက်ချင်သည်အဆက်မပြတ်ရယ်နေသည်။

  ငါ့ဘဝကဘာလို့စိတ်ဆင်းရဲစရာကောင်းရတာလဲ....ငါဒါကိုမှတ်ထားမယ် ရှန်ရှောက်ချင်။မိမိသည်သူ့ဆီချဉ်းကပ်ကာညစ်တစ်တစ်ကြည့်လိုက်သည်။

  နင်ရယ်လို့ဝပြီလား။ဝပြီဆို သွေးရပ်အောင်လို့တစ်ရှူးတစ်ခုအမြန်ဆွဲထုတ်လိုက်တော့။သွေးဆုံးရှုံးပြီးငါသေမှာကိုနင်ကကြည့်ချင်နေတာလား။သေနာကောင်ရဲ့။

  မိမိသည်သူ၏မျက်လုံးများအားထိုးဖို့လုပ်လိုက်သော်လည်း ဘာကိုမှမခံစားရပေ။ထိုသည်မှာမိမိ၏ဒေါသအားဖယ်ရှားရန် မိမိအတွက်မလုံလောက်ပေ။

  နောက်ဆုံးသူသည်ရယ်ပြီးသွားလေပြီ။ရှန်ရှောက်ချင်သည်တစ်ရှူးဘူးထဲမှ တစ်ရှူးနှစ်ရွက်အားပြီးစလွယ်ဆွဲထုတ်ကာ မိမိမျက်နှာပေါ်ရှိသွေးစက်များအား ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ထို့နောက် သူသည်တစ်ရှူးအားအချောင်းနှစ်ချောင်းဖြစ်အောင် လိမ်လိုက်ပြီး မိမိနှာခေါင်းပေါက်များထဲထိုးထည့်လိုက်သည်။

  ရေချိုးပြီးထွက်လာသည့်စုယန်မှာ ထိုအခိုက်အတန့်အားမျက်မြင်တွေ့လိုက်ရသည်။

  "မင်းဘာလုပ်နေတာလဲ"

  သူ့ခန္ဓာကိုယ်တွင် တဘတ်တစ်ထည်သာပတ်ထားလေသည်။

  "မင်းရဲ့သီးသန့်လက်ထောက်လေးကနှာခေါင်းသွေးယိုနေတာလေ။သွေးရပ်အောင် ငါသူမကိုကူညီပေးနေတာ"

  ရှန်ရှောက်ချင်သည် တစ်ရှူးဖြင့်မိမိနှာခေါင်းထဲလှည့်ဆော့နေသည်။

  "သတိလစ်နေတဲ့လူတစ်ယောက် နှာခေါင်းသွေးယိုတာကို ငါပထမဆုံးမြင်ဖူးတာပဲ"
  

Continue Reading

You'll Also Like

11.2K 1.3K 15
Horror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည...
22K 2.1K 28
သူ(မ)တို့နိုင်ငံမှာ ကောလိပ်ဝင်ခွင့်တွေ ရပ်ဆိုင်းခဲ့တာ ခြောက်နှစ်ရှိပြီ ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဘယ်အချိန် ပြန်စမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပ...
4.4K 844 18
A PJM fanfiction ✍story by blacklove.. ✨cover by Baby_gguk_ Published date :- 2021.11.30
64.7K 6.4K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...