ပရိုမိုးရှင်းရက်လေးမကုန်ခင် ၁၈၀၀ကျပ်တည်းနဲ့ဂရုလာဝင်လို့ရနေပြီနော်။
Ch-83 မီဖန်မှသူမမိခင်၏အုတ်ဂူဆီခရီးတစ်ခေါက်
စုယန်မှာသူမထံမှစာရွက်များအားမယူသည်ကိုတွေ့သည်နှင့် မီဖန်သည်ထိုသည်တို့မှာအမှိုက်တစ်စအလားလေထဲလွှင့်ပစ်လိုက်သည်။စာရွက်များမှာနေရာတိုင်း၌ပျံ့ကျဲကုန်သည်။မိမိမှာထိုပေါ်၌ဘာတွေရေးထားခဲ့သည်ကို သိချင်စိတ်ရှိသည်။
ကံကောင်းစွာပင် လေသည်ပြတင်းတံခါးမှနေဖြတ်သန်းတိုက်ခတ်လာပြီး မိမိမထိတွေ့နိုင်သည့်စာမျက်နှာများအားလှန်လှောခဲ့သည်။
မိမိသည်ကြမ်းပြင်ပေါ်လှဲချလိုက်ပြီး လေ၏ပုံမှန်မဟုတ်သောတိုက်ခတ်နှုန်းနောက်လိုက်ကာ မိမိတစ်ဘဝတာ၏ဒုက္ခအရောက်ဆုံးစာဖတ်ခြင်းကိုတွေ့ကြုံခံစားခဲ့ရသည်။ထိုသည်မှာ....မော့ရှောင်းထျန်၏ဖောက်ပြန်မှု၊ရီလီလီ၏လောင်းကစားကြွေး၊ဥက္ကဌကျိချန်၏အပတ်စဉ်ဘုရားကျောင်းခရီးစဉ်များနှင့် သူ၏လက်အောက်ငယ်သားများထံ ကုမ္ပဏီမှရန်ပုံငွေများလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်သောအချက်အလက်တို့ဖြစ်ကြသည်။
အားလုံးမှာသူတို့၏ညစ်ပတ်သောနောက်ကြောင်းများဖြစ်ကြသည်။ပြီးတော့ သူတို့အားလုံးမှာလိုအပ်နေသည့်အမှားများဖြစ်ကြသည်။
သူတို့ကိုအကျပ်ကိုင်ရာမှာ ဒီအချက်အလက်တွေသုံးဖို့ အဲ့ဒါကစုယန်ရဲ့အစီအစဉ်ထဲမှာတစ်လျှောက်လုံးရှိနေခဲ့တာဖြစ်နိုင်မလား။သူကငါ့ကိုရှုသော်အေပါ်ဘာလို့အာရုံစိုက်ထားေစချင်ခဲ့တာလဲဆိုေတာ့ သူနဲ့ပတ်သက်ပြီးအကျပ်ကိုင်လို့ရမယ့်မကောင်းတဲ့ကိစ္စတစ်ခုမှသူရှာမတွေ့နိုင်ခဲ့လို့ပေါ့လေ။
ဝိုး။ငါကအရမ်းဉာဏ်တုံးတာပဲ.....ငါသိထားခဲ့သင့်တယ် ငါကဘဝကိုအချည်းနှီးနေခဲ့တယ်ဆိုတာကိုလေ။
"ဒါကမင်းအကူအညီတောင်းတဲ့သဘောထားလား"
မီဖန်သည်စုယန်အား အာရုံစိုက်မည့်အစား သူမ၏အာရုံစိုက်မှုကိုမိမိပေါ်ပို့လာသည်။
"ဒါကကျွန်မကိုဖျက်ဆီးပစ်နိုင်တဲ့တစ်ခုခုပေါ့။အစက ကျွန်မမသေချင်ခဲ့တာမလို့ ရှင့်ဆီဒါကိုမပေးချင်ခဲ့ဘူးလေ။ဒါပေမယ့်ကျွန်မတို့မှာနောက်ထပ်နစ်နာသူရှိနေပြီ။ကျွန်မဒါကြီးကိုမြန်မြန်အဆုံးသတ်သွားစေဖို့တစ်ကယ်ေမျှာ်လင့်ပါတယ်"
မီဖန်ကစုယန်ရဲ့ရည်ရွယ်ချက်ကိုအစထဲကသိနေတာလား။ဒါမှမဟုတ် သူတို့ကတစ်ချိန်လုံးဥက္ကဌမိသားစုကို ဖော်ထုတ်ဖို့အသင်းအနေနဲ့အတူအလုပ်လုပ်နေကြတာလား။
မိမိမှာအလွန်ရှုပ်ထွေးနေသည်။မိမိ၏ဉာဏ်ရည်မှာနိမ့်ပါးပြီးဘာတွေဖြစ်နေသည်ကိုနားမလည်ခဲ့ပေ။လက်ရှိအခြေအနေကြီးကို ကျွန်မဆီဘယ်သူရှင်းပြပေးနိုင်မလဲဟင်။
"ခင်ဗျားကိုကျွန်တော်ယုံလို့ရနိုင်လောက်ပါတယ်နော်"
စုယန်သည်အချက်အလက်အားစိုက်ကြည့်နေခဲ့သည်။
မီဖန်သည်ခြောက်ကပ်ကပ်ရယ်လိုက်သည်။သူမ၏ရေခဲရိုက်မျက်နှာပေါ်တွင်ဝမ်းနည်းမှုပေါ်လာခဲ့ပြီး
"ရှင်ကျွန်မကိုယုံတာ မယုံတာကရှင့်အပိုင်းပါ။အဆုံးမှာတော့ကျွန်မကလုပ်သင့်တာကို လုပ်ခဲ့တာပဲလေ"
"ခင်ဗျားအသိစိတ်ကို ရှာတွေ့ဖို့ကလေ နည်းနည်းနောက်ကျမနေဘူးလား"
စုယန်သည်ခါးသက်စွာပြောလိုက်သည်။
မီဖန်၏လက်သည်တံခါးလက်ကိုင်ပေါ်ရှိနေသည်။စုယန်၏စကားကြောင့် သူမလက်မှာတန့်သွားခဲ့သည်။
အခန်းမှာသက်တောင့်သက်သာမရှိစွာတိတ်ဆိတ်သွားသည်။မီဖန်နဲ့စုယန်ကဒီလိုစိုးရိမ်စရာလေထုကိုဖန်တီးနိုင်တယ်ဆိုတာ ဘယ်သူကထင်ထားခဲ့မှာလဲ။မိမိမှာအသက်ရှူဖို့ကို မေ့လုနီးပါးပင်။
အိုး ဟုတ်သားပဲ။အခုအချိန်မှာ ငါအသက်ရှူနိုင်နိုင် မနိုင်နိုင်အရေးမကြီးတော့ဘူးဟ။
သို့သော်အသက်ရှူခြင်းမှာကိစ္စတစ်ခုမဟုတ်ပေ။ငါသာဒါကသူတို့ပတ်သက်မှုဆိုတာသိခဲ့ရင် မီဖန်ရဲ့စုယန်ကိုဆွဲဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်နေခဲ့ရမှာကိုမဟုတ်ဘူး။
"ဘယ်သူသိမလဲ။ကျွန်မကအဲ့ကောင်ဆိုးလေးကျွန်မဆီထပ်မလာစေချင်တော့ရုံလေးတင်ပါ။သူကျွန်မကိုတွေ့တဲ့အချိန်တိုင်း ကျွန်မကိုအပိုင်းပိုင်းဆွဲဖြဲချင်သလိုမျိုးသူကကြည့်နေခဲ့တာလေ။ကျွန်မလည်းထောင်ထဲမှာခဏလောက်တော့ သူ့ကိုရှောင်နေရမယ်လေ။ကျွန်မဉာဏ်မပြေးဘူးလား"
မီဖန်သည်စူးရှစွာပြုံးလိုက်သည်။
ထိုအခိုက်အတန့်၌ သူမသည်မိမိအရင်ကတစ်ခါမှမမြင်ဖူးခဲ့သည့်အားနည်းတဲ့ဘက်ခြမ်းကို ဖော်ပြလာသောကြောင့် သူမအတွက်မိမိမှာအနည်းငယ်စိတ်မကောင်းဖြစ်ရသည်။
စုယန်သည်နှုတ်ခမ်းတင်းတင်းစေ့ကာ ပြန်မဖြေခဲ့ပေ။သူသည်လှည့်လိုက်ကာ မိမိစောင်အစွန်းများအားအထဲသွင်းပေးလိုက်သည်။မီဖန်သည်သူ၏တုံ့ပြန်မှုကိုစောင့်မနေခဲ့ဘဲ ပြန်လှည့်မကြည့်တမ်းထွက်သွားခဲ့သည်။
မိမိမှာစုယန်အတွက်စိတ်ပူသော်ငြား မီဖန်ဘယ်သွားမည်ကိုသိချင်နေခဲ့သည်။ထို့ကြောင့် မိမိသည်သူမနောက်လိုက်သွားခဲ့သည်။
သရဲတစ်ကောင်ဖြစ်ရသည်မှာ ဘယ်လောက်အဆင်ပြေလှသည်ကို မိမိသိလိုက်ရသည်။မိမိမှာဘယ်တံခါးမှဖွင့်စရာမလိုခဲ့ပေ။မိမိသည်နံရံများအားဖြတ်သွားနိုင်ခဲ့ပြီး သတိပြုခြင်းမခံရပဲယာဉ်များပေါ်ထိုင်နိုင်သည်။သူမ၌သဲလွန်စရှိမေန၍ မိမိမှာသူမ၏ကားထိုင်ခုံတွင်တစ်ချိန်လုံးထိုင်ပြီး စူးစမ်းနေသည်။
မီဖန်၏ဦးတည်ရာမှာ လုကျိန့်ရန်၏အလုပ်နေရာဖြစ်သည်။
မိမိပါးစပ်မှာအကျယ်ကြီးပွင့်ဟသွားခဲ့ရသည်။မိမိမှာသူမအားတားချင်ခဲ့သည်။သူမရူးနေတာလား။သူမမှာလုကျိန့်ရန်ကိုသွားတွေ့ဖို့ခံစားချက်တွေရှိနေတယ်ပေါ့လေ။ပြောရရင် လုကျိန့်ရန်ကသူမအပေါ် ဆာလဖျူရစ်အက်စစ်လောင်းချဖို့ကြိုးစားခဲ့တဲ့လူလေ။မိမိမှာမစိုးရိမ်ပဲမနေခဲ့ပေ။
ထင်သည့်အတိုင်းပင် မီဖန်မှဆိုင်ထဲဝင်လာသည်နှင့် လုကျိန့်ရန်၏မျက်နှာအမူအယာမှာ ရွံ့ရှာစက်ဆုပ်သွားပုံပေါ်ခဲ့သည်။တစ်စက္ကန့်မတိုင်ခင်က သူသည်စားသုံးသူတစ်ဦးအားပြုံးပြနေခဲ့သည်။နောက်စက္ကန့်တွင်တော့ သူသည်စားသုံးသူ၏ဘီယာအားတိုက်ရိုက်ယူချကာ မီဖန့်အေပါ်ပက်ချလိုက်သည်။
လေထုမှာအေးခဲသွားသည်။လူတိုင်းမှာလုကျိန့်ရန်၏လုပ်ရပ်ကြောင့် ကြောင်အသွားကြသည်။သို့သော်ငြား မီဖန်သည်ဤကဲ့သို့ပြုမူပုံအားမျှော်လင့်ထားပုံရသလိုပြုမူခဲ့သည်။
"ခင်ဗျားကကျွန်တော့်ရှေ့ပေါ်လာရဲသေးတယ်နော်"
လုကျိန့်ရန်မှာအော်လိုက်သည်။မီဖန်သာအနားရှိနေသရွေ့ လုကျိန့်ရန်၏အမုန်းတရားဘားတန်းမှာပြည့်နေခဲ့သည်။
"တို့မင်းနဲ့စကားပြောချင်တယ်"
"ကျွန်တော်တို့ကြားမှာ ပြောစရာဘာမှမရှိဘူး။ခင်ဗျားသွားသေပြီး ကျွန်တော့်အဖေဆီကခွင့်လွှတ်ဖို့မတောင်းပန်သရွေ့ပေါ့။သူသာခင်ဗျားကိုခွင့်လွှတ်ဖို့ဆန္ဒရှိရင် ကျွန်တော်လည်းခင်ဗျားကိုခွင့်လွှတ်ပေးမယ်"
လုကျိန့်ရန်မှာမုန်းတီးနေသံဖြင့်ပြောခဲ့သည်။
မီဖန်သည်သူမအိတ်ထဲမှတစ်ရှူးထုတ်လိုက်ကာ သူမမျက်နှာပေါ်ရှိဘီယာအားတည်တည်ငြိမ်ငြိမ်သုတ်လိုက်သည်။ထို့နောက်သူမသည်လုကျိန့်ရန်ထံလေးလေးနက်နက်ပြောခဲ့သည်။
"အဲ့ဒါကမင်းအလိုရှိတာဆိုရင်ပေါ့။တို့ရဲ့တွက်ချက်မှုတွေအရတော့ တို့ရဲ့သေဆုံးချိန်ကအချိန်တိုအတွင်းရောက်လာသင့်ပြီ။မင်းစကားပြောချင်ရင်တော့ အဆင်ပြေပါတယ်။တို့အုတ်ဂူကိုလာဖို့မင်းကိုကြိုဆိုပါတယ်နော်"
"ခင်ဗျားဘာကိုဆိုလိုတာလဲ"
လုကျိန့်ရန်သည်မီဖန်၏စကားများကြောင့်ရှုပ်ထွေးသွားသည်။
"ခင်ဗျားရဲ့သေဆုံးချိန်က ချဉ်းကပ်လာပြီဆိုတာ?"
"မင်းအခုစကားပြောချင်သွားပြီလား"
"ခင်ဗျားလိုမိန်းမတွေက ဘာဖြစ်ဖြစ်အလိမ်အညာတွေချည်းပဲ။ထွက်သာသွားစမ်းပါ"
လုကျိန့်ရန်သည်လှည့်ထွက်ကာ ပြန်လှည့်မကြည့်ဘဲမီးဖိုခန်းထဲသို့ဝုန်းဒိုင်းကြဲဝင်သွားသည်။
မီဖန်သည်ဖွဖွလေးသက်ပြင်းချလိုက်သည်။သူမသည်လူတိုင်း၏အကြည့်များအားစိတ်ထဲမထားဘဲ ဆိုင်မှေနလမ်းလျှောက်ထွက်သွားသည်။အဆုံးတော့ သူမပြောချင်ခဲ့သည်တို့ကို လုကျိန့်ရန်အားဘယ်တုန်းကမှေပြာမသွားခဲ့ပေ။
သူမကိုယ်သူမမပြင်ဆင်ရသေးသောကြောင့် သူမသည် ဝမ်းနည်းသည့်ပုံရိပ်တစ်ခုလိုပုံပေါက်နေခဲ့သည်။မီဖန်သည်နောက်နေရာဆီအပြေးလေးဦးတည်လိုက်သည်။ထိုသည်မှာသူမကအနုပညာရှင်တစ်ယောက်နောက်အပြေးလိုက်နေသည့်အလားပင်။သူမသည်အနားယူရန်ပင်မရပ်ဘဲ ခရီးဆက်ခဲ့သည်။
သူမ၏နောက်ဆုံးဦးတည်ရာမှာ မြို့စွန်ရှိသုသာန်တစ်ခုဖြစ်သည်။
သူမကဘယ်သူ့ဆီသွားလည်တာလဲ။အဲ့ဒါလုဝမ်ရွှယ်လား။ဒါပေမယ့်ငါမှတ်မိတာကတော့ လုဝမ်ရွှမ်ရဲ့အုတ်ဂူကဒီမှာမရှိပါဘူး...
"မား။သမီး အမေ့ဆီလာလည်တယ်။သမီးမလာတာအတော်ကြာပြီမလား။အမေသမီးကိုလွမ်းနေလား။သမီးကိုခွင့်လွှတ်ပါနော်။ဒီနေ့တွေမှာ အလုပ်တွေအရမ်းကိုရှုပ်နေလို့ပါ။ပြီးတော့သမီးမှာ ကိုင်တွယ်ဖို့စိတ်ဖိစီးစရာကိစ္စတွေအများကြီးရှိနေတယ်"
မီဖန်သည်အမျိုးသမီး၏အုတ်ဂူရှေ့ဒူးထောက်ချလိုက်သည်။
"သမီးကြောင့် အခြားလူထိခိုက်ခဲ့ရတယ်....မား အမေသမီးကိုစိတ်ပျက်သွားပြီလား"
"တစ်ကယ်တော့သမီးလည်းဒီလိုမဖြစ်စေချင်ပါဘူး။ကိစ္စတွေကဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ သမီးမသိခဲ့ဘူး......မဟုတ်ဘူး။အဲ့ဒါမမှန်ဘူး"
မီဖန်သည်ခေါင်းယမ်းကာ သူမ၏နှုတ်ထွက်စကားများအားငြင်းလိုက်သည်။
"တစ်ကယ်တော့ ဒီလမ်းကိုလျှောက်ဖို့ဆုံးဖြတ်ချက်ချပြီးကတည်းက ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာ သမီးသိတယ်။လူတွေသမီးကိုဆူဆဲပြီးရွံ့ရှာကြမှာကိုလည်း စိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားပြီးပြီ"
"သမီးကဘာလို့ဒီလိုဖြစ်လာရတာလဲ။မား မှတ်မိသေးလား။သမီးငယ်ငယ်တုန်းကလေ မကောင်းမှုကိုဖော်ထုတ်မယ့်ဖြောင့်မတ်တဲ့သတင်းထောက်တစ်ယောက်ဖြစ်ချင်တယ်လို့ပြောခဲ့တာလေ"
"ဒါပေမယ့်...ပြီးခဲ့တဲ့တစ်နှစ်အဲ့ဒီမတော်တဆအမှုဖြစ်ခဲ့တာကစပြီး သမီးရဲ့လမ်းကြောင်းကမျှခြေဖြစ်နေပြီး တိုးတက်မှုကိုထိန်းချုပ်လို့မရတော့ဘူး"
ရုတ်ချည်းမီဖန်သည်သူမအိတ်အားမွှေနှောက်တော့သည်။အချိန်အတော်ကြာပြီးနောက် သူမ၏တုန်ယင်နေသောလက်များဖြင့်ဓာတ်ပုံတစ်ပုံအားဖော်ထုတ်ပြရန် အကြောင်းအရာအားလုံးအားရှင်းထုတ်လိုက်သည်။သူမသည်ထိုပုံအားအုတ်ဂူရှေ့၌ပြလိုက်ပြီး နာနာကျင်ကျင်ညည်းတွားတော့သည်။
"မြင်လား။သမီးမှာသက်သေရှိတယ်။တစ်ကြိမ်တော့ သမီးကသတင်းထောက်ကောင်းတစ်ဦးတစ်ကယ်ဖြစ်ခဲ့တယ်လေ။သမီး တစ်...တစ်ကယ်ကို....သတင်းထောက်ကောင်းတစ်ဦးဖြစ်ချင်ခဲ့တာပါ"
သူမသည်ငိုကြွေးတော့သည်။
မီဖန်၏အသံမှာအားနည်းသထက်အားနည်းလာသည်။
"ဒါပေမယ့် ဘာလို့လဲ။လက်တွေ့ဘဝကဘာကြောင့်ရက်စက်လွန်းရတာလဲ။ရက်စက်လွန်းလို့ သမီးကကိုယ့်ကိုကိုယ်လုံးဝသတ်ပစ်ခဲ့မိတာ။သတင်းထောက်ကောင်းမီဖန်က ဒီကမ္ဘာကနေထွက်သွားတာကြာခဲ့ပြီ။ကျန်နေခဲ့တာက ကိုယ်ကျိုးစီးပွားအတွက်ဆိုတာတွေနဲ့ပြည့်နေတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုကို သူမဆီကနေအမြတ်ထုတ်ခွင့်ပေးနေတဲ့လူပဲ"
အခုမှ ဘာကြောင့်မီဖန်သည်လုကျိန့်ရန်နှင့်သူမမိခင်ထံေတွ့ဖို့အပြေးအလွှားဖြစ်နေရသည်ကို တစ်နည်းနည်းဖြင့်မိမိနားလည်သွားခဲ့သည်။သူမကစုယန်အားစာရွက်စာတမ်းများပေးခဲ့သောကြောင့် စုယန်သည်အချိန်တိုတိုအတွင်းအရာတိုင်းကိုဖော်ထုတ်တော့မည်ဖြစ်သည်။ထိုသို့ဖြစ်လာသည်နှင့် ဥက္ကဌ၏မိသားစုမှာမီဖန်ကသူတို့အားသစ္စာဖောက်သွားခဲ့သည်ကို ကျိန်းသေသိသွားကြပေလိမ့်မည်။ထို့နောက်...ထုံးစံအတိုင်းသူမသည်မိမိ၏လက်ရှိအခြေအနေသို့ရောက်သွားပေလိမ့်မည်။မီဖန်ကဘာေကြာင့် သူမရဲ့နေ့ရက်တွေကိုနည်းနည်းပဲရှိတော့တယ်လို့ ခံစားနေရတယ်ဆိုတာက နားလည်နိုင်စရာပါပဲ။
အဆိုးဆုံးက ငါ့ကိုသေနတ်နဲ့ပစ်ခဲ့တဲ့လူ(ဒါရိုက်တာရွေ့)ကပြေးနေတုန်းပဲ။ရဲတွေနဲ့အလွတ်တန်းစုံထောက်တွေလည်း သူ့ရဲ့ဘယ်ခြေရာကိုမှခံလို့မရကြသေးဘူး။အကုန်လုံးထဲမှာအဲ့ဒါကကြောက်စရာအကောင်းဆုံးပဲ။
"အခုထိ တစ်ကြိမ်မှသမီးအဲ့လူဆီသွားမကြည့်ရသေးဘူး။သမီးမှာရှိတဲ့ အရမ်းကိုကြီးမားတဲ့အပြစ်ရှိစိတ်ေတွေကြာင့်လည်း ဖြစ်နိုင်တာပဲ။သမီးမှာသွားဖို့သတ္တိမရှိဘူး"
"မား အကုန်လုံးဖော်ထုတ်ခဲ့ရင် အဲ့ဒါကသမီးအဲ့လူကိုတွေ့ဖို့ အရည်အချင်းမှီပြီလို့ယူဆလို့ရပြီမလား။ဒါမှမဟုတ် အဲ့ကလေးပြောတာတစ်ကယ်ပဲလား - သမီးအမှားအတွက်ပေးဆပ်ဖို့ရာသေရမယ်လို့လေ"
"ဒီနေ့ အမေ့သမီးကသတင်းထောက်ကောင်းတစ်ဦးအဖြစ်တစ်ကြိမ်ဖြစ်ခဲ့တယ်ဆိုတာကို အမေ့ကိုသိစေချင်တာကြောင့်သမီးလာခဲ့တာလေ။ဒါပါပဲ...."
မီဖန်သည်သက်ပြင်းချလိုက်သည်။ထို့နောက်သူမသည်ဓာတ်ပုံအားယူကာ သူမမိခင်၏အုတ်ဂူအရှေ့တွင်ကျောက်တုံးတစ်တုံးကိုအပေါ်မှဖိ၍ထားခဲ့သည်။မိမိမျက်လုံးများထဲတွင် မီဖန်သည် သူမခြေထောက်များအားခဲဆွဲထားသလိုရွေ့နေခဲ့သည်။ခြေတစ်လှမ်းချင်းစီသည်ဖော်မပြနိုင်လောက်အောင် လေးလံနေသည်။
မိမိသည်မီဖန့်မိခင်၏အုတ်ဂူရှေ့တွင် ဂါရဝပြုလိုက်သည်။ပြောရလျှင် မိမိမှာအချိန်အကြာကြီးမီဖန်၏စကားဝိုင်းအားတိတ်တိတ်လေးခိုးနားထောင်ခဲ့သည်လေ။
မီဖန်ထွက်သွားသည်နှင့် မိမိသည်အုတ်ဂူဘက်ကိုင်းကာ ဓာတ်ပုံအားတစ်ချက်ကြည့်လိုက်သည်။ထိုပုံမှာ သူမမကျော်ကြားခင်ကဓာတ်ပုံဖြစ်သည်။ဓာတ်ပုံ၏နောက်ခံပေါ်မူတည်ရလျှင် ထိုသည်မှာကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုဖြစ်ပုံရသည်။သူမသည်ဓာတ်ပုံထဲ၌ ကျောင်းမှကျောင်းသားတစ်ဦးနှင့်ရှိနေသည်။
မီဖန်၏အမူအယာပေါ်အခြေခံရလျှင် သူမသည်အတွေ့အကြုံမရှိသေးပဲ သူမ၏အလုပ်ပေါ်ပြင်းပြသောခံစားချက်ရှိနေပုံပေါ်သည်။သူမမျက်နှာသည်ပျော်ရွှင်မှုဖြင့်ပြုံးနေခဲ့သည်။
သူမလက်မောင်းများထဲပွေ့ထားသောကလေးမှာ သူလည်ပင်းရှေ့တွင်ဖဲပြားလေးတစ်ခုရှိသည်။သူ့ကြည့်ရတာဘာလို့ရင်းနှီးနေရတာလဲ။သူ့ကြည့်ရတာ၁၂နှစ်၁၃နှစ်လောက်ရှိလောက်ပေမယ့် အရင်ကသူ့ကိုတစ်နေရာရာမှာမြင်ဖူးခဲ့သလိုခံစားနေရတယ်.....
အိုး။အဲ့ဒါဘယ်သူလဲဆိုတာငါသိပြီ။
အဲ့ဒါလုကျိန့်ရန်ပဲ.......