ပရိုမိုးရှင်းလေးမကုန်ခင် ၁၈၀၀တည်းနဲ့ဂရုအမြန်ဝင်ထားကြနော်။
Ch-82 စုယန်၏ဝန်ခံချက်
မိမိမှာဤအခြေအနေထိရောက်သွားခဲ့မည်ဟုထင်မထားခဲ့ပေ။သို့သော်ကျည်ဆန်ထွက်လာသည်နှင့် မိမိဦးနှောက်မှာတွေးပင်မတွေးတော့ချေ။မိမိကိုယ်မှာအရင်လှုပ်ရှားလိုက်သည်။မိမိသည်သူ့အတွက်ကျည်ဆန်အားသဘာဝကျကျပင်ပိတ်ဆို့ပေးလိုက်သည်။
ငါကဘယ်အချိန်ကတည်းကတအားကိုသွက်လာတာလဲ။
ဒါပေမယ့်အဲ့ဒါကိုငါနောင်တမရဘူး။
နောက်ဆုံးတော့ နောင်တရမှာမဟုတ်တဲ့တစ်ခုခုကိုငါလုပ်ခဲ့ပြီလေ...
မိမိရင်ဘတ်မှပြင်းထန်သောနာကျင်မှုကိုခံစားလိုက်ရချိန်တွင်တော့ မိမိမှာစုယန်၏လက်မောင်းများထဲလဲကျနေပြီဖြစ်သည်။အရာရာတိုင်းမှာ တစ်စထက်တစ်စမှုန်ရီဝေလာနေသည်။ထိုသည်မှာမိမိမျက်ရည်များလား ဒါမှမဟုတ် သတိကပ်မနေ၍လားတော့ မိမိမပြောနိုင်ပေ။
"လင်းယိရှင်း။လင်းယိရှင်း။သတိထားဦး။အိပ်ပျော်မသွားစေနဲ့"
စုယန်မှမိမိနာမည်အရင်းအားမသုံးသည်မှာအတော်ကြာခဲ့လေပြီ။သူသည်မိမိအား ဒီအတိုင်း'ေရွှငါးေလး'ဟုသာခေါ်ခဲ့သည်။ယခုအခါသူမှဤကဲ့သို့ပြုမူနေသည်မှာ မိမိအားအခြေအနေ၏ပြင်းထန်မှုကိုခံစားရအောင်လုပ်နေသည်။
ငါသေနတ်အပစ်ခံလိုက်ရတယ်။
"ငါ့နာမည်ကိုမသုံးနဲ့...အဲ့ဒါကအသည်းအသန်ဖြစ်နေတဲ့အသံပေါက်နေတယ်"
မိမိမှာဤစကားများအားထွက်ရန်ညှစ်ထုတ်လိုက်ရပြီး စုယန်၏မျက်နှာအားထိရန်မိမိလက်အားမြှောက်လိုက်သည်။မိမိမှာစိုစွတ်နေသောတစ်ခုခုအားခံစားလိုက်ရသည်။
သူငိုနတောလား။
သူဘာလို့ငိုနေတာလဲ။
နင်....မငိုပါနဲ့.....
ဤသည်မှာမိမိမှစုယန်၏မျက်ရည်များအား ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။သူငိုနေသည်အားကြည့်ရသည်မှာ မိမိကိုယ်တိုင်ငိုကြွေးရသည်ထက်ပိုနာကျင်ရလေသည်။ဒါမှမဟုတ် သေနတ်ဒဏ်ရာမှခံစားနေရသော နာကျင်မှုကြောင့်လည်းဖြစ်နိုင်လေသည်။
မိမိမှာနောက်ဆုံးတော့ သူ့လိုမရိုးရှင်းခဲ့ဘူးဆိုသည်အားနားလည်သွားခဲ့ရသည်။ငါသူ့ကိုချစ်တယ်။တစ်ဖြည်းဖြည်းချင်း မိမိသတိစမကပ်တော့ပေ။
"မင်းအဆင်ပြေမှာပါ။ငါမင်းကိုဘာမှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"
စုယန်သည်မိမိနားတွင်းအော်ပြောလိုက်သည်။သို့သော်အသံမှာမနီးကပ်ဘဲဝေးကွာလာနေသည်။
အရူးလေး။ငါကသာနင့်ဆီမှာဘာတစ်ခုမှဖြစ်ခွင့်မပြုမယ့်သူပါ.....
မိမိမှလုံးလုံးသတိမလစ်ခင်တွင် မိမိမှာစုယန်ထံတိတ်တိတ်လေးကတိတစ်ခုပြုခဲ့သည်။ငါကသူ့အတွက်အသက်ရှင်နေရမယ်။
- - - - -
သေနတ်ဒဏ်ရာသည်မိမိနှလုံးမှ၂စင်တီမီတာတွင်ရှိခဲ့သည်။ထို၂စင်တီမီတာကြောင့်သာ မိမိအသက်ရှင်ခဲ့ရသည်။
မိမိသည်မိမိလူနာခန်းထဲရှိခုံပေါ်ထိုင်ရင်း ဆေးရုံကုတင်ပေါ်ရှိမိမိကိုယ်တိုင်၏သတိမရှိသောကိုယ်ကိုကြည့်လိုက်ပြီး သရော်လိုက်သည်။
ငါကဝိညာဉ်လွှင့်သွားတဲ့အတွေ့အကြုံကို ကြုံတွေ့နေရတယ်လေ။
ဟုတ်တယ် ငါကဝိညာဉ်တစ်ခုဖြစ်လာတာ။ငါ့ကိုယ်ကအသက်ရှိတဲ့လက္ခဏာတွေပြနေသေးပေမယ့် ငါ့အသိစိတ်ကလွှင့်ထွက်လာခဲ့တာ။ငါကတစ်ခါကရှီယုဖြစ်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ။
မိမိမှဘယ်လောက်ပြဲလန်နေအောင်အော်နေစေကာမူ မည်သူမှမကြားနိုင်ခဲ့ကြပေ။အိုင်း....ဒါကသရဲတွေသဘာဝအတိုင်းကြုံတွေ့ရတဲ့အရာတွေပေါ့လေ။ပျင်းစရာကောင်းလိုက်တာ...
စုယန်သည်နေ့ရောညပါတစ်ချိန်လုံး *မိမိ* ဘေးတွင်ရှိနေခဲ့သည်။သူသည်ဘယ်တုန်းကမှထွက်မသွားခဲ့ပေ။သူသည်မိမိအားကျောပေးထား၍ မိမိမှာသူ၏မျက်နှာအမူအယာအားမမြင်နိုင်ခဲ့ပေ။
စုယန်၏ဂုဏ်ယူဝင့်ကြွားနေခဲ့သောခါးသည် ယခုတွင်ငူငူငိုင်ငိုင်ဖြစ်ကာကုန်းနေခဲ့သည်။သူကအပြစ်ရှိသလိုခံစားနေရလို့လား။
စုယန်မှဤကဲ့သို့ဖြစ်လေလေ သူ့အတွက်မိမိနှလုံးသားမှာနာကျင်ရလေလေပင်။
မတော်တဆမှုသည် မိမိ၏လုံးလုံးလျားလျားတွေးခေါ်ဖို့ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်ခဲ့ရသည်။သေချာသည်မှာ မိမိသည် စုယန်အားသေနတ်မှန်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
မိမိသည်သူ့အားပွေ့ဖက်ပြီးနှစ်သိမ့်ပေးချင်ခဲ့သည်။မိမိသည်သူ့နောက်ကျောအားဖွဖွလေးပုတ်ပေးချင်ခဲ့ပြီး အဆင်ပြေပါတယ်ဟုသူ့အားပြောချင်ခဲ့သည်။မိမိမှာတစ်ချိန်လုံးသူ့ဘေးတွင်ရှိနေခဲ့သည်။
သို့တိုင် မိမိမှာအလွန်ရိုးရှင်းသည့်တစ်ခုခုကိုပင်မလုပ်နိုင်ခဲ့ပေ။
မိမိသည်စုယန်နားချဉ်းကပ်ကာ သူ့ဘေးတွင်ဆောင့်ကြောင့်ထိုင်လိုက်သည်။မိမိသည်မေးစေ့အားလက်ဖြင့်ထောက်ကာ သူ့ကိုမြတ်နိုးစွာကြည့်လိုက်သည်။သူသည်မိမိ၏တည်ရှိမှုအားသတိမပြုမိသောကြောင့် မိမိမှာဘက်ပေါင်းစုံမှနေသူ့အားချစ်မြတ်နိုးစွာကြည့်နေနိုင်ခဲ့သည်။
စုယန်သည်ဒေါသတကြီးဖြစ်မနေတော့ပေ။လက်ရှိ၌သူသည် သူ၏တည်ငြိမ်မှုအားကိုယ်တိုင်ပြန်ပြောင်းခဲ့သည်။သို့သော်သူ၏သူငယ်အိမ်များမှာ အလွှာတစ်ခုပျောက်ဆုံးသွားပုံရသည်။ထိုသည်မှာတောက်ပမှုတို့ရှိမနေတော့ပုံပင်။
"လင်းယိရှင်း..."
စုယန်မှအစပြုလိုက်သည်။
"ဟမ်"
မိမိမှာစကားပြောလိုက်ပြီး ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။မိမိမှာစုယန်မှမိမိအားမြင်နိုင်သည်ဟုထင်ခဲ့သည်။မိမိမှာမျက်တောင်လုံးဝမခတ်ပဲ သူဆက်ပြောလာမည်ကိုစောင့်နေလိုက်သည်။
"မင်းအိပ်ပျော်နေတုန်းမှာ ငါဒါကိုတစ်ခါပဲပြောမှာနော်။မင်းအဲ့ဒါကိုကြားရသည်ဖြစ်စေ မကြားရသည်ဖြစ်စေ ငါကဒီတစ်ကြိမ်ပဲပြောတော့မှာ"
"အာ..."
အဲ့တော့သူငါ့ကိုလုံးဝမမြင်ရဘူးပေါ့...
နင်ပြောချင်တာပြောလေ။ငါနားထောင်နေတယ်။မိမိသည်သူ့ဘေးမှနေပြန်ဖြေခဲ့သည်။စုယန်မှာဘာတစ်ခုမှမကြားနိုင်သည်ကလွဲ၍ပေါ့။
"ငါမင်းကိုသဘောကျတယ်"
စုယန်၏အသံသည်မူမမှန်စွာညင်သာနေသည်။သူ၏အသံသည်ငှက်မွှေးလေးတစ်ချောင်းလိုပြောင်းသွားပြီး မိမိ၏ရေကန်လေးထဲညင်သာစွာနစ်မြောနေသည်။ထို့နောက် *တောက်* ဟူ၍လှိုင်းလေးတစ်ချက်ခတ်သွားသည်။
မိမိမှာမိမိနေရာမှာတင်အေးခဲသွားခဲ့သည်။မိမိမှာစကားလုံးများပျောက်ဆုံးသွားခဲ့သည်။သူကဘာလို့ရုတ်တရက်ကြီးထဝန်ခံနေတာလဲ။ရှုပ်ကုန်ပြီ။သူကငါသတိလစ်နေတာမလို့ပဲ ပြောနေတာလား။သူကဒါကိုငါသတိရပြီးနိုးလာတဲ့အခါမှငါ့ဆီပြောသင့်တာလေ။
ချက်ချင်းပင် မိမိသည်စိတ်ပျက်အားငယ်စွာ စုယန်၏ကော်လံအားဆွဲကိုင်ပြီးသူ့ကိုလှုပ်ခါပစ်လိုက်ချင်သည်။
"နင်ကဒါကိုဘာလို့ငါနိုးလာမှမပြောရတာလဲ။ဟမ်။ဒီလောက်အရေးကြီးတဲ့ကိစ္စကြီးကိုလေ"
"မင်းရဲ့ကဏ္ဍအပါအဝင် ငါကဥက္ကဌရဲ့မိသားစုဆီကနေအကုန်လုံးပြန်ယူပေးမယ်"
*ပြိုလဲကျ*ဒီအချိန်မှာဥက္ကဌရဲ့မိသားစုအကြောင်း ဘယ်သူကသောက်ဂရုစိုက်နေလို့လဲလို့။မိမိမှာမျက်လုံးလှိမ့်လိုက်သည်။
ပိုအရေးကြီးအချက်က စုယန်ကငါ့ကိုဝန်ခံခဲ့တယ်လို့။
သူကငါ့ကိုသဘောကျတယ်လို့ပြောလိုက်တာ ဟုတ်တယ်မလား။ငါနားကြားမလွဲပါဘူးနော်။
မိမိမှာဝိညာဉ်တစ်ခုဖြစ်လာ၍ အထင်မှားနေတာများလား။ဒါမှမဟုတ် ငါကအခြားလောကတစ်ခုထဲရောက်သွားတာလား။အခြားကမ္ဘာမှာရှိတဲ့ လင်းယိရှင်းနဲ့စုယန်က မတူဘူးလား။
ငါအဲ့ဒါကိုသူထပ်ပြောတာကြားချင်တယ်။
မိမိမှကောင်းကင်ဘုံဆီဆုတောင်းနေစဉ် စုယန်သည်ထရပ်လာပြီး မိမိတို့ကြားရှိအကွာအဝေးအား ဖြည်းဖြည်းချင်းကျုံ့သွားစေလိုက်သည်။မိမိတို့၏နှုတ်ခမ်းများမှာ နီးကပ်သထက်နီးကပ်လာနေသည်...
သူကငါ့ကိုနမ်းချင်နေတာလား။အခုမဟုတ်ဘူးနော်။ဟယ်လို။ငါဒီမှာရှိတယ်နော်။ငါဒီမှာရှိနေတယ်လို့။
မိမိသည်စိုးရိမ်တကြီးစုယန်၏ပေါင်းအား လှမ်းဆွဲလိုက်သော်ငြား မိမိသည်လေကိုသာဖမ်းဆုပ်မိလိုက်သည်။
"မဖြစ်ဘူးးးးး။မဖြစ်ဘူးးးးး။မဖြစ်ဘူးးးးးး"
မိမိသည်စူးေနေအာင်အော်လိုက်သည်။
အနည်းဆုံးတော့အဲ့ဒါကို ငါခံစားနိုင်မယ့်အချိန်မှလုပ်လေဟယ်။မိမိမှာငိုချင်ခဲ့သော်ငြား မျက်ရည်များမရှိပေ။မိမိသည်စိတ်ပျက်အားငယ်လွန်း၍ ကြမ်းပြင်ပေါ်စတင်လှိမ့်လိုက်တော့သည်။
ဒီအခြေအနေတွေအောက်မှာ နမ်းတာနဲ့မနမ်းတာကြားဘာကွာမှာမလို့လဲ။
သို့သော်တိုက်ခိုက်မှုမှာအသုံးမဝင်ပါပေ။မိမိသည်စုယန်မှမိမိအားနှုတ်ခမ်းလွှာချင်းဖွဖွလေးနမ်းလိုက်သည်ကိုသာ ဗလာသက်သက်ငေးကြည့်နေခဲ့ရသည်။
ငါ့ရဲ့ပထမဆုံးအနမ်းလေး....မိမိသည်မျက်နှာအားကာထားလိုက်သည်။
ငါကပထမဆုံးအနမ်းကို တစ်ကယ်မခံစားလိုက်ရပဲရခဲ့တာပေါ့လေ။ဘယ်လောက်အလဟဿဖြစ်လိုက်လဲနော်။
သတင်းကောင်းအနေနဲ့ စုယန်ကငါ့ကိုတစ်ကယ်သဘောကျတယ်မလား။သေစမ်း....ငါမသိတော့ဘူး။သူကကောင်းကောင်းဖုံးထားတာပဲ။ဒါပေမယ့်ငါကသူ့ကိုဖမ်းမိသွားသေးတယ်လေ။မွားဟားဟားဟား။
ဤသည်အားတွေးရင်းမိမိသည်စုယန်ထံ လိမ္မာပါးနပ်စွာပြုံးပြလိုက်သည်။
သူသည် *မိမိ* အားအလွန်ချစ်မြတ်နိုးစွာကြည့်နေသည်။
"ကျွန်မရှင်တို့ကိုနှောင့်ယှက်မိသွားလား"
အသံနောက်တွင်ဒေါက်မြင့်ဖိနပ်သံလိုက်ပါလာပြီး မီဖန်ထွက်ပေါ်လာသည်။မိမိသည်သူမအားတွေ့ရသည့်အတွက်အတော်လေးအံ့အားသင့်သွားရသည်။မိမိသည်မတ်တပ်ရပ်လိုက်ပြီး သူမဘေးသို့လွှင့်မြောလာလိုက်သည်။
"ခင်ဗျားရောက်လာလိမ့်မယ်ဆိုတာ ကျွန်တော်သိနေတယ်"
စုယန်သည်ဖြည်းဖြည်းချင်းထရပ်လိုက်သည်။သူ၏ပုံမှန်သိမ်မွေ့သည့်ပုံစံနှင့်ခြားနားနေသည်။သူ၏အသံမှာအေးစက်နေပြီး လေထုမှာသိသိသာသာပြောင်းလဲသွားသည်။
"ရှင်ကတစ်ကယ်ကြီးကျွန်မဆီတအားသတိထားနေဖို့လိုလို့လားရှင်။သူမဆီဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်မကဘာတစ်ခုမှလုပ်မထားဘူးလေ"
မီဖန်သည်တည်ငြိမ်စွာဖြေလာခဲ့သည်။ထို့နောက်သူမသည်ရှေ့သို့လှမ်းလာခဲ့သည်။
"ဒါကရှင်လိုချင်တဲ့အချက်အလက်"
စုယန်သည်မီဖန်ထံမှထုတ်ပိုးထားသည့်စာရွက်အားမယူခဲ့ပေ။သူသည်အေးစက်စက်ပြန်ဖြေခဲ့သည်။
"ခင်ဗျားကဒါကိုတစ်လျှောက်လုံးပြင်ဆင်ခဲ့တာပဲလေ။အဲ့ဒါကိုခင်ဗျားကကျွန်တော့ဆီဘာလို့အခုမှပေးရတာလဲ"