" ဗျူဟာပိုင်!!"
ဆေးရုံအခန်းတံခါးကို ခပ်ကြမ်းကြမ်း
ဖွင့်လိုက်တဲ့အချိန်မြင်လိုက်ရတာက
ကုတင်ပေါ်မှာထိုင်နေတဲ့သူနဲ့ ဘေးမှာ
အန်တီနဲ့အန်ကယ်။
အလွန်အမင်းဆိုင်ကယ်အရှိန်တင်ပြီး
ဆေးရုံရောက်တာနဲ့ ပြေးလာခဲ့သော
ကြောင့်သူ့ရင်ဘတ်တစ်ခုလုံးအသက်
လုရှုနေရသလို မောဟိုက်နေပြီး ဆေး
ရုံ ကုတင်ပေါ်မှာထိုင်နေသူကို...။
"နေစင်ပါလား အလောတကြီးနဲ့ ဘယ်လိုဖြစ်တာလဲ။လာလေ သား။ဒီမှာ မင်းအန်ကယ်လဲရောက်နေတာ"
"လာထိုင်လေ ကောင်လေး"
"အန်တီနဲ့အန်ကယ် ကျွန်တော် ဗျူဟာ
နဲ့ နှစ်ယောက်ထဲစကားခဏလောက်
ပြောလို့ရမလား။ခဏပါပဲ"
"ဘာအရေးတကြီးကိစ္စရှိလို့များလဲ
ကောင်လေး။ဒီမှာလည်း သားက ပြော
စရာရှိတယ်ဆိုလို့စောင့်နေတာ "
"ကျွန်တော် အချိန်ခဏလောက်
ပဲယူမှာပါ"
ဦးထင်ပိုင် ကသူ့ကိုစူးစမ်းနေဟန်ရှိသော်လည်း။
" သူငယ်ချင်းတွေ စကားပြောစရာရှိ
လို့ဖြစ်မယ်အစ်ကို။ခိုင်တို့ ခဏထွက်ပေးလိုက်ရအောင် ။အတော်ပဲ တာဝန်ကျဆရာဝန်ကိုမေးစရာရှိနေတာ အန်တီတို့ အပြင်ခဏထွက်လိုက်ဦးမယ်။ သူငယ်
ချင်းတွေ စကား ပြောလိုက်ကြ။အမေတို့ အပြင်ခဏထွက်အုံးမယ်နော်သား ပြန်
လာမှဆက်ပြောရအောင်"
အန်တီနီလာက ပြုံးလျက်ပင် ဦးထင်ပိုင်
ကိုခေါ်ပြီး အခန်းထဲကနေ သူ့ကိုနှုတ်
ဆက်ကာ ထွက်သွားပေးသည်။
"ဗျူဟာ"
ကုတင်အနားကိုသွားတော့ ခေါင်းငုံ့
နေရာကနေ သူ့ကိုအားအင်လျော့နေ
သည့်မျက်လုံးတွေနဲ့မော့ကြည့်သည်။
သူကိုယ်တိုင် မပြိုလဲမိအောင် စိတ်
ကိုတင်းပြီး လည်ပင်းကနေ
အသာဆွဲယူပွေ့ဖက်လိုက်တော့ ငြိမ်
နေလျက်သာ။
စကားစပြောဖို့အတွက် မနဲအား
တင်းယူလိုက်ရလျက်ပင်။
"ဘာမှမဖြစ်တော့ဘူးနော် ငါရှိတယ်
။ငါတစ်ယောက်လုံးရှိတယ်"
"အဖေနဲ့အမေကိုပြန်ခေါ်ပေး။ငါ ပြော
စရာစကားရှိတယ်"
" ပြောစရာမလိုဘူး။မလိုဘူးတော့ဘူး"
"နေစင်ဟန်"
"ငါတောင်းပန်ပါတယ်။ငါတောင်းပန်
တယ်နော် ပြောစရာမလိုဘူး "
ဆွဲဖက်ထားသည်ကိုအလျင်အမြန်ရုန်း
၍ သူ့ကို ငေးကြည့်လာတဲ့ မျက်ဝန်း
တွေဆီမှာမေးခွန်းတွေများစွာ။
ဒီအကြောင်းအရာကို
ဘယ်လိုမှလှည့်ပတ်ပြီးရှောင်လွှဲ
ပြောလို့မရတော့သည်မလို့။
"ဆန်းဆက်က ငါကနေတစ်ဆင့်မင်းကိုလူကြုံ ပြောခိုင်းလိုက်တယ်။မင်းကို
သူအနူးအညွှန့် တောင်းပန်ပါတယ်။
သူမင်းကိုပြောခဲ့တဲ့စကားတွေကို
အကုန် ပြန်ရုတ်သိမ်းလိုက်ပြီ။
မင်းဘာမှလုပ်ပေးစရာမလိုတော့
ဘူးတဲ့။ငါ့ကို အဲဒီလိုပြောခိုင်းလိုက်တယ်"
မျက်နှာသေနှင့်ပင် ငေးကြည့်နေ
သည်မှာပြောင်းလဲခြင်းမရှိ။
"သူမင်းကိုဘာတွေလုပ်ခိုင်းထားလို့
လဲ။ငါ့ကိုတစ်ခြားဘာမှမပြောပြဘူး။
အရေးတော့သိပ်မကြီးဘူးမလား။ငါ
ကသူလူကြုံမှာလိုက်လို့ လာပြောပြ
တာ။အဲ့တာဆိုရင်လေ ငါ ငါ ဆေးရုံ
ခဏပဲဝင်လာတာ ဒီနေ့အတန်းတက်
ရမယ့် အချိန်ကသိပ်မရလို့ငါ ဒီလောက်နဲ့ပဲ "
"ငါပြောမှာ!"
အနောက်ဆုတ်ဖို့လုပ်နေသည့် သူ့
ခြေလှမ်းတွေ ရပ်တန့်သွားရချိန်။
"ဘယ်သူ့ပယောဂမှမပါပဲ ငါကိုယ်တိုင်
ကိုကဝန်ခံချင်လို့ ပြောမှာ။ တစ်
လောကလုံးကို "
"ပြောစရာမလိုဘူး။မင်းမပြောရဘူး"
သူ့အသံက အနည်းငယ်ပင် ကျယ်လောင်သွားလိမ့်မည်။
"ဗျူဟာပိုင် ငါ့ကိုကြည့်။မပြောရဘူး
ပြောစရာမလိုဘူးလို့ငါပြောနေတယ်လေ "
" ဘာဖြစ်လို့ဒီလောက်အထိတားနေရတာလဲ။မင်းပြောတော့ဆန်းဆက်မှူးငါ့ကို ဘာတွေလုပ်ခိုင်းထားလဲ မင်းမသိဘူးဆို"
မျက်နှာမလွှဲစတမ်း
စူးစိုက်ကြည့်နေသူရဲ့အေးစက်သည့်
အသံ။
မျက်နှာမပျက်ယွင်းသွားအောင် လွန်စွာ
ထိန်းရလျက်ပင် လက်သီးကိုခပ်တင်းတင်းဆုပ်မိလျက်။
"ဆန်းဆက်နဲ့ငါတွဲနေပြီ!!"
ပြောင်းလဲသွားသည့် မျက်နှာကို ရင်
မဆိုင်ရဲတော့သည်မလို့ အကြည့်တွေကို နေရာမရရှောင်လွှဲရရင်းပင်။
"ဆန်းဆက် မင်းကိုငါနဲ့ပတ်သက်ပြီး
ဘာတွေ ပြောထားလဲတော့ငါမသိဘူး။
လုံးဝမသိဘူး။သူ မင်းကိုဘာပဲပြောထားထား ငါ့ကိုဘာမှမလုပ်ပါဘူး။သူ...သူ
ကငါ့ကိုဒီလောက်ချစ်တာ အခုလည်းငါ နားချလိုက်လို့ မင်းကိုထပ်ပြီးလာမရှုပ်
တော့ဘူးတဲ့ ။မင်းဆန်းဆက်ကြောင့် ဘာ
မှထပ်ပြီး ခေါင်းရှုပ်ခံစရာမလိုတော့
ဘူး။ငါတို့ နှစ်ယောက်အဆင်ပြေနေ
ပြီမလို့ မင်းလည်းမင်းလမ်းကိုမင်း
လျှောက် ငါတို့လည်း ငါတို့လမ်းကို
ဆက်လျှောက်မယ် "
ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာ
အမြန်ပြင်လွယ်လိုက်ရရင်းပင်။
" ငါသွားတော့မယ်နော်။ အတန်းချိန်နောက်ကျမှာစိုးလို့"
လှည့်မထွက်ရသေးခင်ပင် သူ့လက်
ကောက်ဝတ်ကို ဆုပ်ကိုင်လာသူ။
တင်းကြပ်လွန်းသောကြောင့် အသာ
ပြန်ရုန်းတာတောင် မရတဲ့အထိ။
" တစ်ကယ်ပဲတွဲနေပြီလား"
အသံကသူ့ကျောပင်အေးသွားသည်။
မျက်နှာတည်က စတွေ့တုန်းက ဗျူဟာပိုင်လိုမျိုး ဖြစ်နေပြီး ဒေါသထွက်နေပြီဆိုတာ သူသိတာနဲ့ ။
"ဟုတ်တယ် ဆန်းဆက်နဲ့ငါတွဲနေကြပြီ"
ချက်ချင်းပြန်ဖြေလိုက်ရင်း။
" ငါလည်းမထင်မှတ်ထားဘူး။ ဒီလိုအချိန်ကျမှ ငါတို့ရဲ့အပေးအယူက ဖြစ်မြောက်သွားလိမ့်မယ်လို့။
မင်းငါ့ကိုပြောခဲ့ဖူးတာမှတ်မိလား။
ဆန်းဆက်ကိုငါ့ဆီရောက်လာအောင်
လုပ်ပြီးရင် ဆက်ပဲတွဲတွဲ ဘာပဲလုပ်
လုပ်ကျန်တာ မင်းသဘောပါလို့ ပြော
ခဲ့တယ်လေ။အဲဒါကြောင့်လေမင်း
မှတ်မိပါ့မလားတော့မသိပေမဲ့ ငါက
ဆန်းဆက်ကို တကယ်သဘောကျ
နေတယ်ဆိုတာ မင်းကိုပြောပြဖူးတယ်မလား။ဆန်းဆက်ကလည်း ငါ့အတွက်နဲ့ တစ်ဖက်ကောင်မလေးကိုပါဖြတ်
လိုက်တဲ့အထိငါ့ကိုအရမ်း ဘယ်လို
ပြောရမလဲ။သူငါ့ကိုအရမ်းချစ်သွား
တာ။ အဲဒါကြောင့်လေ
ဆန်းဆက်နဲ့ငါကအခု တစ်ယောက်
ကိုတစ်ယောက် တစ်ကယ်စိတ်ရင်းနဲ့
သဘောကျနေတော့ ငါသူ့ကိုဆက်
တွဲလို့ရတယ်မလား။ဒါငါမင်းကို ခွင့်
တောင်းနေတာမဟုတ်ဘူး။အသိပေးတာ"
စကားတွေ ဆက်ထွက်လာအောင်
ကြိုးစားယူရင်းပင်။
" ငါ့အပိုင်းကတော့ ငါ တာဝန်ကျေ
ပြီးပြီ။ကျန်တာမင်းအပိုင်းပဲ။မင်း
အဲ့ကောင်မလေးနဲ့ ဇာတ်လမ်းဆက်ချင်
ရင်ဆက် မဆက်ချင်ရင်လည်း အခု
မင်းက အကုန်လုံးကိုအနိုင်ရတဲ့သူပဲ
မလို့အားလုံးက မင်းသဘောအတိုင်း
ပဲ။ မင်းကိုမမြင်ပဲ သူရွေးလိုက်တဲ့
သူက သူ့ကိုပစ်ပြီးယောက်ျားလေးတယောက်ကိုရွေးလိုက်တာနဲ့တင် အဲ့
ကောင်မလေးနောင်တတွေအကြီး
အကျယ်ရနေလောက်ပြီ။မင်းကအခု
အပေါ်စီးကနေပြီး အကုန်လုံးကိုချေချလိုက်။သူ့ထက်သာတဲ့ ကောင်မလေး
ကိုရှာပြီးဝတ်ရည်ဦးရှေ့မှာတွဲပြလိုက်
။ဝတ်ရည်ဦးကိုမေ့လိုက်တော့။မင်း
အခုသူတို့နှစ်ယောက်လုံးကို အနိုင်ရ
သွားပြီ။နောက်ဆုံးတော့ အကုန်လုံး
ငါတို့ အစီအစဉ်အတိုင်းဖြစ်လာတာပဲ။
ငါ မင်းကိုစိတ်မပျက်စေဘူးမလား"
မျက်နှာသေနှင့်ပင် စိုက်ကြည့်နေသူ။
" အဲ့တာဆိုရင် ငါ...ငါဒီရက်ပိုင်း အတန်းတွေပျက်ထားတော့ ရှင်းသန့်တို့နဲ့projectတစ်ခုစုလုပ်ရမှာမလို့ ငါ
စာတွေပြန်လိုက်ရအုံးမယ်။မင်းဆီ
ကို သိပ်လာနိုင်တော့မှာမဟုတ်ဘူး။
ငါ သွားတော့မယ်နော် ဆေးရုံကဆင်း
တဲ့အခါမင်းကျောင်းပြန်တက်မယ်မလား။မင်းအမြန်ဆုံး သက်သာလာပါစေလို့ မျှော်လင့်တယ် ငါသွားတော့မယ်"
ဆွဲကိုင်ထားတဲ့ လက်ကောက်ဝတ်ကို
မျက်နှာမပျက်အောင်ရုန်းနေပေမဲ့ ဖယ်
လို့မရ။ပိုပြီးတော့ တင်းတင်းကြပ်
ကြပ် ပြန်ဆွဲထားသည့်မလို့ မျက်လုံးစုံ
မှိတ်လျက်ပင် ဘယ်လက်နှင့်အား
ထည့်ကာဆွဲဖြုတ်လိုက်သည်။
" ငါအခုအချိန်ကစပြီး ဆန်းဆက်ကိုပဲ အချိန်ပေးတော့မှာ။မင်းနဲ့ငါ သူငယ်ချင်းတွေလို ဆက်ပြီး ရင်းနှီးနေတာကို
သိသွားရင်ဆန်းဆက် ကြိုက်မှာမ
ဟုတ်ဘူး ငါ့ကိုသူ တစ်မျိုးမထင်စေချင်ဘူး။ မင်းကျေးဇူးကြောင့်သူနဲ့ တွေ့ခဲ့ရပေမယ့် ရည်ရွယ်ချက်က သိပ် မကောင်း
ခဲ့ဘူးမလား။ အဲဒါကြောင့်သူ့ကိုအား
နာလို့ ငါမင်းနဲ့ထပ် မတွေ့ချင်တော့ဘူး။
ငါတို့အဆက်အသွယ်ဖြတ်ကြရအောင်။နားလည်ပေးမယ်မလား။သူငယ်ချင်းအချင်းချင်းဆိုတော့ မင်းနားလည်
ပေးမှရမယ်။ငါသွားပြီ"
အလျင်အမြန်ပင် လှည့်ထွက်ပြီး ခြေ
လှမ်းကြဲတွေနဲ့ အခန်းတံခါးဖွင့်ဖို့
အလုပ် ခုံတွေတွန်းတိုက်သံနှင့်အတူ
သူ့ကိုယ်က အနောက်ကနေ ပွေ့ဖက်ထားခြင်းကိုခံလိုက်ရသည်။
ဖက်တွယ်ထားတဲ့ လက်တွေကိုငုံ့ကြည့်တော့ ဆေးသွင်းထားတာကို ဆွဲဖြုတ်
ခဲ့တာကြောင့် လက်ဖမိုးကအပ်ရာမှာ
သွေးတွေတစ်စက်ပြီးတစ်ပြီးထွက်လာနေသည်။
" မင်းဘာလို့ အပ်ဆွဲဖြုတ်လိုက်တာလဲ ။လက်က သွေးတွေထွက်နေပြီ ငါ အခုပဲဆရာဝန်သွားခေါ်"
ရုန်းထွက်ဖို့လုပ်ပေမဲ့မရပဲ သူ့ပုခုံးပေါ်
မှာထင်ကျန်လာသည်က အနောက်က
နေ ပွေ့ဖက်ထားသူရဲ့ မျက်ရည်တွေ။
သူ့ပခုံးတစ်ဖက်ဆီကနားသယ်စပ်
ကိုခေါင်းကပိုတိုးလာပြီး ရှိုက်သံမထွက်အောင် ကြိတ်ငိုနေသလိုမျိုး အသံတွေနဲ့အတူ မျက်ရည်တွေ။အခု ဗျူဟာပိုင်
ငိုနေတယ်တဲ့လား။
"ငါဝန်ခံရမှာရှက်နေလို့မဟုတ်ဘူး။
ကြောက်နေတာလည်းမဟုတ်ဘူး"
ငိုနေရင်းနှင့်ပင်
အက်ကွဲနေသည့်အသံ။
"ငါ့အမေအပေါ် အားနာတဲ့စိတ်တစ်ခု
တည်းကြောင့်ပဲ ဖွင့်ပြောဖို့တွန့်ဆုတ်
နေတာ။ငါ့အမေသာအသိအမှတ်ပြု
ခြင်းမခံရတဲ့ငါ့ကို မျက်နှာလွှဲပစ်ခဲ့ရင်
ငါ အခုလိုမျိုး လူဖြစ်လာခဲ့မှာတောင်
မဟုတ်ဘူး။ အဲဒါကြောင့် အမေ့အပေါ် အပြစ်ကြီးသလို ခံစားနေရလို့"
ခေါင်းခါပြီး စိတ်ထဲကနေဆက်မပြောပါ
နဲ့တော့ဆိုတာကို ထပ်ခါ တောင်းပန်နေတဲ့ သူကိုယ်တိုင်လည်း မျက်ရည်ဝဲနေလျက်ပင်။
"မင်းဘာတွေပြော နေတာလဲငါနားမလည်နေဘူး စိတ်လည်းမဝင်စားဘူး။ငါ
သွားတော့မယ် ငါ့ကိုလွှတ်"
"တောင်းပန်တယ်။ ငါအရမ်းမှားခဲ့တယ်"
"နားမထောင်ချင်ဘူး ငါ့ကိုလွှတ်ပေး"
"ငါအခုအသက်ဆက်ရှင်ချင်စိတ်
တောင်မရှိတော့တဲ့အထိပဲ။ အရမ်း
နောင်တရတယ် ။ငါ့ကိုယ်ငါလည်း
အရမ်းမုန်းတယ်။
တစ်ကယ်တော့ဒီဓါးဒဏ်ရာက
ငါမင်းအပေါ်မျက်နှာပြရဲရုံလောက်ပဲ။
မင်းအရှေ့မှာရပ်နေဖို့ဆိုရင် ဒီထက်ပိုပြီးအချက်ပေါင်းများစွာအထိုးခံသင့်တယ်"
"ငါမကြားချင်ဘူး ဘာမှဆက်
မပြောနဲ့။ ငါ့ကိုဒုက္ခတွေလာမပေး
ပါနဲ့တော့။မင်းသူ့ကို ဒီလောက်ထိ
အနိုင်ပိုင်းရရင်ကျေနပ်ရောပေါ့ ဘာ
ထပ်ဖြစ်ချင်သေးတာလဲ ငါသူနဲ့အေး
အေးဆေးဆေးနေပါရစေ။ငါတို့နှစ်
ယောက်ကိုမနှောင့်ယှက်နဲ့။မင်းနဲ့ငါအေးအေးချမ်းချမ်းပဲနှုတ်ဆက်ကြရအောင်"
"မပေးနိုင်ဘူး သူမင်းကိုတစ်ကယ်
မချစ်ဘူး။ငါမင်းကို....ဘယ်သူ့ကိုမှ
မပေးနိုင်ဘူး"
သူ့ခန္ဓာကိုယ်တစ်ခုလုံးကချောက်ထဲ
အရှိန်ပြင်းပြင်း ပြုတ်ကျသွားသလိုပင်။
"မင်းဆေးရုံတက်ထားရတော့စိတ်
တွေ သိပ်မငြိမ်ဘူးထင်တယ်။ငါ့ကို
စိတ်မပူနဲ့ ဆန်းဆက်ကငါ့နာမည်သုံး
ပြီးမင်းကိုဘာတွေလုပ်ခိုင်းထားလဲငါ
မသိပေမဲ့ သူတစ်ကယ်မလုပ်ဘူးလို့
ငါပြောပြီးပြီလေ။ငါ့ကိုသူ အရမ်းချစ်တာ။အခုလည်းငါ့စကားနားထောင်ပြီး အ
ကုန်လုံးကိုလွှတ်ချလိုက်ပြီ သူ့မှာဘာ
အမုန်းဘာအငြိုးမှမရှိတော့ဘူး။ငါ့
ကိုပဲသူရွေးချယ်လိုက်တာ။
အဲ့တာကိုမင်းစိတ်ပူနေတယ်ဆိုရင်
တော့ ရတယ် မလိုဘူး။ အဲဒါငါတို့နှစ်ယောက်ကိစ္စ မင်းနဲ့မဆိုင်ဘူး"
"မင်းလည်းသိနေတယ်မလား။နေစင်ဟန်...ငါမင်းကို"
"မပြောနဲ့!!"
ခေါင်းခါရင်းပင် အသံကုန်အော်လိုက်ရသည်။
"ငါမကြား ချင်ဘူး။နား မထောင်ချင်
ဘူးလို့ပြောနေတယ်လေ "
" ပြောခွင့်ပေး ငါဘာကိုမှမမျှော်လင့်ဘူး။အရှက်မရှိသလို ဖြစ်နေတယ် မုန်းစရာကောင်းနေတယ်ဆိုတာလည်း ငါ့ကိုယ်ငါ
သိတယ်။ငါနဲ့ထိုက်တန်တဲ့အတွက်မင်း
ငါ့ကိုမုန်းချင်ရင်လည်းမုန်းနိုင်တယ်။ဒီ
ထက်ပိုပြီး နောင်တတွေထပ်မရချင်
တော့လို့အဲ့ဒီစကားတစ်ခွန်းတော့
ငါ မင်းကိုကိုယ်တိုင်ပြောခွင့်ပေး"
"မင်းအရမ်း တစ်ကိုယ်ကောင်းဆန်
တာပဲဗျူဟာပိုင်။ ငါမကြားချင်ဘူး
လို့ ပြောနေတယ်လေ မင်းပြောလိုက်ရင်လည်း ငါတို့နှစ်ယောက်ကြားမှာ ဘာမှပြောင်းလဲသွားဖို့မရှိဘူး။မင်းဒဏ်ရာ
ကြောင့်စိတ်တွေမတည်ငြိမ်သေးလို့
ဒီလိုဖြစ်နေတာ။မင်းကိုယ့်ကိုကိုယ်
အထင်တွေမှားနေပြီ။
မင်းဆက်ပြောမယ်ဆိုရင် ငါတို့ နှစ်
ယောက်ကြားမှာရှိတဲ့ သူငယ်ချင်းသံ
ယောဇဉ်ပါပျက်သွားရလိမ့်မယ်။မင်း
ငါ့ကိုခိုင်းထားတာတွေကို ငါဘယ်
တော့မှမမေ့နိုင်ဘူး ငါ့အတွက်အိမ်
မက်ဆိုးလိုပဲ။ဒီအတိုင်းဆိုရင် သူငယ်
ချင်းတွေအနေနဲ့ လမ်းခွဲလိုက်နိုင်ပေမဲ့ငါ
မကြားချင်တဲ့စကားကိုပြောမယ်
ဆိုရင် တော့ငါမင်းကိုတစ်သက်လုံး
မုန်းသွားမှာ!!"
မျက်ရည်တွေက သူ့ပုခုံးပေါ်က
အင်္ကျီစကိုထပ်ခါစိုစွတ်စေသည်။
ဝမ်းနည်းပက်လက်ဆိုသလိုမျိုးကို
အတော်ကြာရှိုက်ငိုနေပြီးမှ အားအင်မရှိတော့သလို ဖယ်ခွာသွားတဲ့လက်တွေ။
"အဲ့ဒါဆိုရင် ဒီအတိုင်းနေစင်ဟန်
အဖြစ်နဲ့ပဲဆက်ပြီးရှိနေပေးလို့မရ
ဘူးလား။ငါမင်းကို ဒီအတိုင်းလေးပဲ
အဝေးကနေငေးကြည့်ချင်နေလို့ သူ့
အနားကို မသွားလို့ရမလားနေစင်။ဒီအတိုင်း...မင်းအဖြစ်နဲ့ပဲ"
အသံက ကြိုးစားပြီးထွက်လာရုံလို့
ပြောရလောက်တဲ့အထိအက်ကွဲတိုးလျသည်။
ဝမ်းနည်းတကြီးထပ်ခါငိုနေသည်။
အနောက်မလှည့်ကြည့်မိအောင် ခက်
ခက်ခဲခဲအားယူရရင်းပင် အခန်းတံခါးလက်ကိုင်ကိုလှည့်၍ အလျင်အမြန်ပြေးထွက်လာခဲ့ရတာမလွယ်ကူ။
သူ့ဆီမှာလည်း ထပ်တူကျဆင်းနေခဲ့
ရသည့် မရပ်နိုင်တဲ့မျက်ရည်တွေက သူ့အတွက် ဖြတ်ရခက်ခဲ့သည့်ပထမဆုံး ရေစက်ပင်။
ခဏတာမှားယွင်းနေတဲ့ စိတ်ကိုအမြန်
မေ့ဖျောက်ပြီး မင်းပုံစံအတိုင်းအကုန်
လုံးကို အပေါ်စီးကနေကြည့်ပြလိုက်
ဗျူဟာပိုင်။
----------------
"ခိုင်"
ဧည့်ခန်းတွင် ငြိမ်သက်စွာထိုင်နေ
သည့် ဒေါ်ခိုင်နီလာ။
အကူကောင်မလေးက ယူလာပေးသည့်သံပုရာရည်ဖန်ခွက်ကို
ဒေါ်ခိုင်နီလာ အရှေ့စားပွဲပေါ် ခေါင်း
ငုံ့ကာတင်လိုက်သည်။
ဦးထင်ပိုင်မှာ ဒေါ်ခိုင်နီလာ မျက်နှာ
ချင်းဆိုင်တွင် ဝင်ထိုင်လျက်။
"နေကောင်းရဲ့လားခိုင်။သားဆေးရုံက
ဆင်းလာပြီးထဲက သားကိုပဲဂရုစိုက်နေမိတယ်။ခိုင်ရော မျက်နှာကမလန်းဘူး နေကောင်းရဲ့လား ဒီမှာခိုင့်အတွက်
အစ်ကိုဖျော်ပေးလာတာ"
"မီးဖိုချောင်က ဒေါ်ကြီးနဲ့ ကလေးမတွေအကုန်လုံးကို ထမင်းစားခန်းထဲမှာပဲ တစ်ချက်ထိုင်နေခိုင်းလိုက်။အန်တီ နဲ့မင်းတို့ဦး တိုင်ပင်စရာလေးရှိလို့"
"ဟုတ်ကဲ့အန်တီ"
အကူကောင်မလေး ဧည့်ခန်းထဲက
ထွက်သွားတာနဲ့။
"ကလေးမလေးတွေ အစ်ကို့ကို အရို
အသေမဲ့ နေပါ့မယ်။နောက်တစ်ခါမီးဖိုချောင်ထဲမဝင်နဲ့"
"သားအတွက်တောင် ဝင်ချက်သေးတာပဲ"
"သားကသား။ခိုင်ကခိုင်လေ"
"ခိုင်က ဘာဖြစ်နေလို့လဲ။သားက
အစ်ကို့သားဆိုရင် ခိုင်က
အစ်ကို့ရဲ့အမျိုးသမီး ဒီအိမ်ရဲ့အိမ်
ထောင်ရှင်မလေ။ခိုင့်အတွက်ဖျော်ပေး
တာ ကလေးမတွေကဘာလို့အရို
အသေမဲ့ရမှာလဲ"
ဘယ်တုန်းကမှ ကိုယ့်ကိုကိုယ် ဦးထင်ပိုင်
ရဲ့ အစစ်အမှန်အိမ်ထောင်ဖက်လို့
မခံစားခဲ့ရတာက ဒေါ်ခိုင်နီလာဒီလို
အချိန်မှာ ကိုယ့်နေရာကိုယ်သိနေ
သလိုဖြစ်သွားတယ်ထင်ပါတယ်။
ဦးထင်ပိုင်တစ်ခါမှ မပြောဖူးတဲ့ စကား
တွေပြောနေသော်လည်း ဒေါ်ခိုင်နီ
လာ အထွေအထူးမဖြစ်မိ။
"ခိုင်က နေကောင်းပြီးသားပါ။အစ်ကိုသာ ကိုယ့်ကိုကိုယ်ဂရုစိုက်"
"အစ်ကို့ကို ဂရုစိုက်ပေးရမှာကခိုင့်ရဲ့
တာဝန်ပဲလေ။အခု ခိုင်နေမကောင်းတော့ အစ်ကိုဂရုစိုက်ပေးမယ်၊။ခိုင်ခေါင်းမူးနေတယ်မလား "
"ခိုင်တို့ အိမ်ထောင်ရေး ဒီလောက်နဲ့ပဲ အဆုံးသတ်ကြရအောင်အစ်ကို"
ဒေါ်ခိုင်နီလာကို ပေးမလို့
သုံပုရာရည်ခွက်ကိုလက်လှမ်း
နေတဲ့ ဦးထင်ပိုင် မျက်နှာပျက်စွာဖြင့်။
"ခိုင် ဘာပြောတယ်"
"အခုအချိန်အထိ သား ဘေးနားမှာ
အဖေတစ်ယောက်အနေနဲ့ရှိနေပေးတဲ့အတွက် ကျေးဇူးတင်တယ်။အစ်ကို ခိုင်
တို့ သားအမိအတွက် အများကြီးပေး
ဆပ်ပြီးသွားပြီ။ တာဝန်ကျေတာ
ထက်ကိုပိုနေပါပြီ။ ခိုင် အစ်ကို့ကို
လက်လွှတ်ပေးလိုက်ပြီမလို့ ခိုင်တို့
လက်မှတ်ထိုးလိုက်ကြပြီးတာနဲ့ မိတ်ဆွေတွေလိုပဲ အဆက်အသွယ်လုပ်ရင်း သားအတွက် မိဘကောင်းတွေအဖြစ်
ဆက်ရှိပေးကြရအောင်"
" ဘယ်လိုစကားတွေပြောနေတာလဲခိုင်။အစ်ကိုသားကို ဘယ်လိုမျက်နှာပြရမှာလဲ။ သားဆေးရုံကဆင်းလာပြီးထဲက ခိုင့်စိတ်တွေအရမ်းပင်ပန်းနေတာအစ်ကို
သိပါတယ်။အစ်ကို့ကြောင့်ခိုင်
ခံစားခဲ့ရတာတွေကိုလည်းအစ်ကို
သိတယ်။ အစ်ကို့အပြစ်တွေက များ
လွန်းလို့ခိုင် ခွင့်မလွတ်နိုင်ဘူးဆို
တာဖြစ်သင့်ပါတယ်။ ဒါပေမယ့်
သားက ခိုင့်အတွက် အရေးအကြီးဆုံးပဲမလား။အစ်ကို အခုအချိန်ကစပြီး ခိုင်တို့သားအမိအတွက် ခင်ပွန်းကောင်းဖခင်ကောင်း တစ်ယောက်ဖြစ်စေရမယ်လို့ အစ်ကိုကတိပေးတယ်။ပြန်စဉ်းစားပေးပါခိုင်"
" စဉ်းစားစရာမလိုတော့ဘူး။ခိုင်
ဆုံးဖြတ်ပြီးသားကို ဘယ်တော့မှပြင်မှာမဟုတ်ဘူး"
"ခိုင်! မင်း"
"သူ ပြန်ရောက်နေတယ်ဆိုတော့
တွေ့ပြီးပြီပေါ့ အစ်ကို"
အေးဆေးစွာပင် ပြောလိုက်သည့်
ဒေါ်ခိုင်နီလာ။
ဦးထင်ပိုင် မျက်နှာမှာအံ့သြမှုအထင်းသား။
"ဖမ်းမိတဲ့တရားခံပြောတဲ့စကားကိုအစ်ကိုလက်မခံပေမဲ့ သူကသူ့တူ မပါကြောင်းတိုးတိုးတိတ်တိတ်လာဖြေရှင်းတော့
အစ်ကို တစ်ခါထဲ လက်ခံပေးလိုက်
တာပဲနော်။အစ်ကို အရမ်းတန်ဖိုးထား
တာပဲမလား"
"သူ့ကြောင့်လုံးဝမဟုတ်ဘူးနော်ခိုင်!!"
"ဆောရီး အစ်ကို"
ဒေါ်ခိုင်နီလာ လက်ပြကာ ခေါင်းငုံ့
သွားသည်ကြောင့် ဦးထင်ပိုင်ရပ်ပေးလိုက်သည်။
စကားနာထိုးမိမလိုဖြစ်သွားသည်ကို
ဒေါ်ခိုင်နီလာ စိတ်ထိန်း၍ပင်။
" ခိုင် အရမ်းပင်ပန်းနေပြီ။သားကို နည်းနည်းလေးတောင်ထပ်ပြီးစိတ်ရော လူရော အထိအခိုက်မခံနိုင်ဘူး။မိဘတွေမှာ
အမှားရှိနေရင်လည်းသားသမီးအပေါ်ကိုသက်ရောက်မှုရှိတယ်တဲ့။ဟုတ်သည်ရှိမဟုတ်သည်ရှိ ခိုင်လုပ်ခဲ့မိတဲ့အမှား
တွေက သားအပေါ်သာကျရောက်
သွားမယ်ဆိုရင် ခိုင်ရူးသွားလိမ့်မယ်။
သားကိုဒုတိယအကြိမ်အသက်လုနေရ
တဲ့အခြေအနေကိုမြင်ပြီးထဲက ခိုင်နားလည်သွားတယ်။သားအတွက်ဆိုပြီး ခိုင်က
မလာချင်တဲ့သူကို ခိုင်တို့ဘဝထဲ အ
တင်းဆွဲခေါ်ထားခဲ့မိတာတစ်ကယ်
တော့ခိုင့်ရဲ့အတ္တတွေကြောင့်ပဲ။
ခိုင့်ကြောင့်ပဲခိုင့်သားလေးက"
" ဘာတွေပြောနေတာလဲခိုင်။ခိုင့်မှာ ဘာအပြစ်မှမရှိဘူး။အကုန်အစ်ကို့ကြောင့်ပဲ။
ဘယ်သူတွေကိုပေးပျော်ဖို့အစ်ကိုတို့
မိသားစုကို ပြိုကွဲခံမှာလဲ။အစ်ကို
ကတိပေးတယ်။ခိုင်တစ်ယောက်တည်း ရင်ဆိုင်ရတဲ့ကိစ္စတွေ ခိုင်မျက်နှာငယ်
ရတာမျိုးတွေထပ်မရှိစေရဘူး ။
အခုအချိန်ကစပြီးသားအပေါ်ဖခင်မေတ္တာပေးဖို့အစ်ကို လစ်ဟင်းခဲ့သမျှအရာ
အားလုံးကိုပြင်ဆင်ပြီး အစ်ကိုတို့
မိသားစု အရင်လို"
"အခုအချိန်မှမပြင်ရင် ဘယ်တော့မှ
ပြင်လို့ရတော့မှာမဟုတ်ဘူးအစ်ကို။
အစ်ကိုအားနာစိတ်ကြောင့်ခိုင်တို့အနားမှာဆက်ရှိနေချင်တာလား အစ်ကို တကယ်လိုချင်နေတဲ့အရာလားဆိုတာကို
အစ်ကိုပြန်စဉ်းစား "
ဒေါ်ခိုင်နီလာ အနားသွားဖို့လုပ်နေ
သည့်ဦးထင်ပိုင် ဒေါ်ခိုင်နီလာ၏
မျက်ရည်ဝဲပြီးပြောလာသည့်စကားကြောင့် ငြိမ်သက်သွားသည်။
"ခိုင့်ဆီအစ်ကိုရောက်လာတဲ့နေ့ကို
မှတ်မိလား။ခိုင့်ရဲ့ မျှော်လင့်ချက်
တွေပျက်သုန်းခဲ့တဲ့နေ့ပေါ့။
သားရှိနေတာကိုအစ်ကို့ဘာသာသိပြီးနောင်တတွေနဲ့သားဆီ အပြေးလာတာကိုလိုချင်လို့အဲ့ဒီအတောအတွင်း ခိုင်
မပြောခဲ့တာ။အရာအားလုံးထက်
သားကိုအစ်ကိုကြိုဆိုပေးတာကိုခိုင်
လိုချင်ခဲ့တယ်။ဒါပေမဲ့အစ်ကိုကအဲ့ဒီ
အချိန်အထိတောင် တာဝန် ကျေပေး
မယ်ဆိုတဲ့ အပေးအယူထပ်မပိုခဲ့ဘူး။
အစ်ကိုဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်မှုတွေ
ကိုခိုင်ပြန်ပေးတာကိုမလိုချင်ဘူးဆိုရင်တောင်ခိုင်တို့သားအမိ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့သိမ်ငယ်မှုတွေအတွက်
အစ်ကိုလက်ခံပေးရလိမ့်မယ်"
ဒေါ်ခိုင်နီလာရဲ့ ပြတ်သားလှတဲ့စကားသံအဆုံး ဦးထင်ပိုင်မှာအသက်မဲ့သူ
လိုငြိမ်ကျလျက်သာ...။
------------------
နေ့လည်ပိုင်းအတန်းပြီးလို့ကျောင်း
အထဲကနေ ထွက်လာတဲ့အချိန် ကား
ပါကင်မှာ မြင်လိုက်ရတဲ့ ကားအမည်း
ရောင်ကြောင့် နေစင်ဟန် ခြေလှမ်း
တွေ တုန့်ဆိုင်းသွားသည်။
ဆေးရုံကဆင်းလာတာ တစ်ပတ်
လောက်ရှိပြီဆိုတာ သတင်းကြား
ပေမယ့် သူ ဆက်သွယ်ခြင်းမပြုသလို ဗျူဟာပိုင်ကလည်း သူ့ကိုတိုက်ရိုက်
မဆက်သွယ်ပါ။ အတန်းလာတက်
ရဲ့လားဆိုတာ မသိပေမယ့် အခု
လိုမျိုး သူအတန်းဆင်းချိန် ကား
ပါကင်မှာ ဗျူဟာပိုင်ရဲ့ကားက ရှိနေတတ်သည်။မှန်အမဲဖြစ်လို့ ကား
အထဲကိုမမြင်ရ။
စိတ်ကိုတင်းလျက်ပင် ကားပါကင်
ထဲဝင်ပြီး ခပ်လှမ်းလှမ်းက ကားအမည်းရောင်ကို ကျောခိုင်းလျက်ဆိုင်ကယ်
တစ်စီးဘေးမှာ မတ်တပ်ရပ်လိုက်ချိန်သူ့ဘေးကိုရောက်လာသူကတော့။
"နေစင်"
နူးညံ့သောအပြုံးနှင့် ဆန်းဆက်မှူး။
"ဒီတစ်ခါရော ငါဘယ်လိုနေပေးရမှာလဲ"
" ဘာမှလုပ်စရာမလိုဘူး။ငြိမ်ငြိမ်လေး
ဘေးမှာနေပေး။အနောက်ကိုလှည့်မကြည့်နဲ့"
သူ့ဘေးမှာ ယှဉ်တွဲရပ်နေရင်း ပြောနေတဲ့ကြားကနေ ဆန်းဆက် အနောက်ကိုတစ်ချက်လှည့်ကြည့်၍။
"အသံပါမကြားချင်လောက်တဲ့အထိ
ဖြစ်နေတဲ့ငါ့ကိုတောင် ချစ်သူလေးအဖြစ်ဟန်ဆောင်ဖို့အကူအညီ တောင်းရလောက်တဲ့အထိ ငါ့အစ်ကိုကမင်းအတွက် အ
ရေးပါလား။တစ်ကယ်ပဲ သူငယ်ချင်းဟုတ်ရဲ့လား"
"မင်းပါးစပ်ကိုပိတ်ထား!"
ရယ်သည်။သူ့ပုခုံးတစ်ဖက်ကို သိုင်း
ဖက်လာတဲ့လက်ကြောင့် ခပ်မာမာ
ကြည့်လိုက်ရချိန်။
"ယုံသွားဖို့ဒီလောက်ကတော့ ပီပြင်မှ
ရမယ်လေ။ငါကပါးတယ်ဆိုရင် ဗျူဟာ
ပိုင်ကငါ့ထက်ကိုလည်တဲ့ပန်ကာပဲ သူ
မသိတာဘာမှမရှိဘူး။ဒီလောက်မှ
မပီပြင်ရင် ရိပ်မိသွားလိမ့်မယ်"
မနှစ်သက်လွန်းသည့် အထိအတွေ့ကြောင့် နေရခက်မှု။
"မင်းလွတ်အောင်တော့ရှောင်။ ဒီကောင်
တစ်ကယ်ဖြစ်နေတာ။မင်းသာငါနဲ့တွဲနေတယ်ဆိုပြီး မညာထားရင် လုံးဝ
လွှတ်ပေးမဲ့ပုံမပေါ်ဘူး"
စိတ်ဆိုတာကလည်းထူးဆန်းသား။ဆန်းဆက်ကို သူတစ်ကယ်သဘောကျခဲ့ပါ
တယ်။ဒါပေမဲ့အခုတော့ မလွှဲသာ
လို့သာ ပတ်သက်နေရပြီး
လူရော အသံရော ဒီအထိအတွေ့
တွေကပါသူ့အတွက် စိတ်ကျဉ်းကျပ်စေသည်။
မှန်ချထားတဲ့ကားအထဲကသူ အခုပဲ
မြန်မြန်မောင်းထွက်သွားဖို့သာသူ
ဆုတောင်းနေရခြင်း။
"ငါ့အစ်ကိုအတွက်ငါ ပထမဆုံးစိတ်မကောင်းဖြစ်မိတာပဲ။ သူ့ကိုယ်သူ လွယ်
လွယ်နဲ့လက်ခံနိုင်လိမ့်မယ်လို့မထင်ထားဘူး။အထူးသဖြင့်သူ့အမေ။သူ့အမေကိုသူတော်တော်လေးချစ်တော့သူ့အမေအသည်းကိုထပ်ခွဲမဲ့သူကသူကိုယ်
တိုင်ဖြစ်နေတာတောင်မှရှေ့ဆက်
တိုးနေမယ်လို့ငါမထင်ထားတာ။
အန်တီနီလာကတော့ လက်ခံပေးနိုင်
မှာပါ။ဒါပေမဲ့ ငါ့အစ်ကိုကတော့
ဒီအိမ်မက်ဆိုးထဲကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။မင်းကိုရသွားရင်လည်း အဲ့ဒီအခါကျရင်သူ့စိတ်ကပေါ့ပေါ့ပါးပါးနဲ့ပဲ ယောက်ျားလေးတစ်ယောက်ကိုတွဲနိုင်
မလား traumaတွေနဲ့ရုန်းကန်နေရမလား ဘယ်လိုဖြစ်နေမလဲဆိုတာ စဉ်းစား
စရာပဲ။ရုန်းထွက်ဖို့ကြိုးစားပေမဲ့သူတို့သားအမိ ဒီသံသရာထဲမှာပဲ ပိတ်မိ
နေသလိုပေါ့"
"မင်းဘာတွေထပ်ပြီးကြံစည်နေတာလဲ"
ပုခုံးကို ဖက်ထားသည့်လက်ကိုပို၍တင်းကြပ်လာသည့် ဆန်းဆက်မှူး။
"အော် အိုကေ ငါ့စကားဆိုရင်မင်း နား
မဝင်မှန်းသိရက်နဲ့ ရှည်မိပြန်ပြီ။
ဗျူဟာပိုင် ယောက်ျားလေးတစ်
ယောက်နဲ့ပေါ်တင်တွဲချသွားရင် ငါ့အတွက်က နစ်နာစရာမရှိဘူးနော်။ ပိုပြီးတောင်ငါ
ကငါတို့ အမျိုးကြားမှာမျက်နှာရဦးမှာ။ငါအခု အကုန်လုံးကိုနားလည်သွားလို့ ငါ့မှာ ဘာအငြိုးမှမရှိတော့ဘူးလို့ပြောထား
တယ်မလား။ငါ ငယ်ငယ်လေးထဲက
နေအခုထိ အထင်လွဲခဲ့ပြီးအောက်ကို
ဆွဲချမိမလိုဖြစ်သွားတဲ့ငါ့အစ်ကို
အတွက် သူ့နေရာသူ့ပုံစံအတိုင်း ဘယ်
သူ့ကိုမှအောက်ကျမခံပဲ အမြင့်မှာပဲ ရှိ
နေစေချင်တာ။အိမ်မက်ဆိုးတွေနဲ့သူ့
ကိုယ်သူရင်ဆိုင်နိုင်မယ်ဆိုရင်
တော့ မင်းပါပါနေရင်တော့အကောင်းဆုံးပေါ့"
"ကျေးဇူးပဲ ဒါကငါတို့နှစ်ယောက်ကိစ္စ"
"အိုကေ ထပ်ပြီးဝင်မပါတော့ဘူး"
ပြုံးနေသည့်မျက်နှာ။ ဒီကောင်ဘယ်လိုတောင်သရုပ်ဆောင်ကောင်းတာလဲ။
အနောက်ကနေကြည့်လျင်
သူတို့နှစ်ယောက် ကြည်နူးစရာ
စကားတွေပြောနေသည်လို့ထင်လောက်သည်။ဆန်းဆက်မှူးနဲ့နီးကပ်လွန်းနေသည့်
အနေအထား။
သိပ်မကြာလိုက်ခင်မှာပဲ ကားစက်နှိုးသံ။
ဆန်းဆက်မှူးက သူ့ကို မျက်ခုံးပင့်
ပြချိန် သူတို့နဲ့ခပ်လှမ်းလှမ်းမှာ ရပ်
ထားတဲ့ကားက ကားပါကင်ကနေ ခပ်
ကြမ်းကြမ်းမောင်းထွက်သွားသည်။
သူကိုယ်တိုင်ရင်ထဲတင်းကြပ်နေ
သည့် ခံစားချက်နဲ့အတူ
ဆန်းဆက်မှူးဖက်ထားသည့် သူ့ပခုံး
ပေါ်ကလက်ကို ခပ်ကြမ်းကြမ်းဖယ်
ထုတ်လိုက်သည်။
"ဝိုး ဖြေးဖြေးပေါ့။နောက်လည်း
လူလိုရင် ခေါ်လို့ရတယ်နော်"
"ဆန်း! နေစင်!"
သူတို့အနားကို ရောက်လာသည့်
ဝတ်ရည်ဦး။စိတ်ကိုလျော့ထားသည်
က ဒီလင်မယားနှစ်ယောက်ကို တွဲ
မြင်လိုက်ရသည်နှင့်။
"ဗျူဟာပိုင် ဆေးသုံးတယ်ဆိုပြီး ခေါ်သွား
ခံရအောင်လုပ်တာ နင့်ရည်းစားဆို
တာ နင်အစထဲကသိနေတယ်ပေါ့ ဝတ်ရည်ဦး"
ဝတ်ရည်ဦးက မလုံမလဲဟန်ဖြစ်
သွားပေမယ့် ဆန်းဆက်မှူးကတော့သူ့အမျိုးသမီးဘေးမှာယှဉ်တွဲရပ်ပြီးပြုံး
မြဲပြုံးဆဲ။
" ကျေးဇူးပဲ ဗျူဟာပိုင်ကိုဟန်ဆောင်ပြီးတောင် ပြန်မကြိုက်ပေးလို့။နင်ကအဲ့
ဒီတစ်ခုတော့ ကောင်းတယ်"
"မင်းမှာ ငါ့ကောင်မလေးကို ဘာပြော
ပိုင်ခွင့်မှမရှိဘူးထင်တယ် နေ စင် ဟန်"
"ဆန်း!"
"အဲ့ဒီတော့ ဘာလဲ။နင့်မိဘတွေက ဆန်းဆက်မှူးကိုလက်မခံလို့ အခွင့်အရေးရ
တုန်းဗျူဟာပိုင်ကိုဆွဲချဖို့ နင်တို့နှစ်
ယောက်ပြတ်ချင်ဟန်ဆောင်ပြီးပေါင်း
ကြံကြတယ်ပေါ့။ငါနဲ့ဗျူဟာဘာတွေလုပ်ထားလည်းဆိုတာ အစထဲက သိရက်
နဲ့ ငါ့နာမည်သုံးပြီးဗျူဟာကိုခြိမ်း
ခြောက်ဖို့ လေ"
" ငါမှားပါတယ် နေစင်။ ဒါပေမယ့်ငါ့မှာ ဗျူဟာကိုထိခိုက်လိုစိတ်မရှိဘူး။
ဗျူဟာနင့်အပေါ်ဘယ်လိုသဘောထားလည်းဆိုတာ ငါတို့သိခဲ့လို့ လုပ်
လိုက်မိတာပါ။ဆန်းက ဗျူဟာ သာ
come outလုပ်လိုက်ရင်ငါ့မိဘတွေ
ဗျူဟာကိုအမြင်ပြောင်းပြီးသူ့ကို
လက်ခံလာလိမ့်မယ် ပြောလို့ ငါလက်ခံခဲ့တာ။သေချာပေါက် ငါ့အမှားကပါ
တာပေါ့။ ငါ့မိသားစုကြောင့် သူ့ကိုယ်သူသိမ်ငယ်နေရတဲ့ဆန်းကို ငါဘယ်လို
ငြင်းနိုင်မှာလဲ"
"ဘာ!!"
ဝတ်ရည်ဦးကို စူးစိုက်ကြည့်နေရာကနေ ချက်ချင်းပင်ဆန်းဆက်မှူးဆီဦး
တည်သွားရသည်။
" မင်းပါးစပ်ကထွက်လာတာက မင်း
ဦးငယ်အတွက်လို့ ပြောတယ်နော်။အခုကဘာလဲ မင်းဘာထပ်ပြောအုံးမလဲ။သူတစ်ပါး...မဟုတ်ဘူး မင်းအစ်ကို
ရဲ့ဖြစ်တည်မှုကို မင်း ယောက္ခမတွေ
ဆီက အထင်ကြီးခံရဖို့အတွက်နဲ့
မင်းချနင်းရက်တာလား။ နောက်ဆုံးတော့အဲဒီလိုလား"
မယုံကြည်နိုင် ဖြစ်နေသည့်သူ့မျက်နှာက များစွာပျက်ယွင်းနေလိမ့်မည်။
ဆန်းဆက်မှူးကလည်း အပြုံးတွေပျောက်ကွယ်သွားပြီး အရေးမကြီးဟန်နှင့်ပင်။
"ဟိုဟာဒီဟာ အကုန်လုံးစုသွားတဲ့
သဘောပေါ့။ငါရှင်းပြလဲ မင်းက
အပိုတွေလို့ပဲထင်မှာပဲ"
"ခွပ်!!"
အားပြင်းလှသည့် သူ့လက်သီး
ကြောင့် ဆန်းဆက်မှူး မျက်နှာပင်
လည်ထွက်သွားသည်။
"မင်းထက်သာနေလို့
အငုံ့စိတ်နဲ့ မနာလိုဖြစ်နေတဲ့ကောင်"
မင်း အကြံအစည်တွေ ဘယ်တော့မှမဖြစ်လာစေရဘူး"
" လခွမ်းထဲမှ ကျက်သရေမရှိတဲ့ဟာက သည်းခံနေတာကိုအကောင်းမှတ်"
"ဆန်း!မလုပ်နဲ့"
အသားနာသွားတာနဲ့ မျက်နှာက
ပြောင်းလဲသွားပြီး
သူ့ကို ပြန်ထိုးဖို့လုပ်နေသည်ကို ဝတ်
ရည်ဦးက အလယ်မှာရပ်ကာ သူ့
ရည်းစားကိုအတင်းဆွဲထားသည်။
ဝတ်ရည်ဦး ဆန်းဆက်မှူးကိုချစ်
တဲ့ပုံကတစ်ကယ်သြချလောက်
ပါတယ်။တစ်ကယ်။
"နင်ပြောတော့ဗျူဟာက နင့်အတွက်သူငယ်ချင်းကောင်းဆို နင်ဘယ်လို
လုပ်ရက်တာလဲ ဝတ်ရည်။ဗျူဟာ
မိသားစုအကြောင်း သူ့အဖေ
အကြောင်း နင်သိလား နင်သိရဲ့လား!"
ဆန်းဆက်မှူးကိုဆွဲထားရာကနေသူ့
ကိုလှည့်ကြည့်လာတဲ့ ဝတ်ရည်ဦး။
သူ့စကားကိုနားမလည်နေဟန်။
ရည်းစားလှည့်တာကိုပဲနားထောင်ပြီး
ဝတ်ရည်ကဘာမှမသိတာသေချာသွား
တာမလို့ ဒေါသမပုံချမိအောင် စိတ်
ပြန်ထိန်းလိုက်ရသည်။
"ဗျူဟာပိုင် အစထဲကနင့်ကိုမကြိုက်
ဘူးဆိုတာ သူကံတော်တော်ကြီးတာ
ပဲ။နင့်ထက်သာတဲ့ ကောင်မလေးနဲ့
သူတွဲမှာကို နင်စောင့်ကြည့်နေလိုက်"
" ငါဆဲမိတော့မယ် နေစင်ဟန်။
မပြောချင်လို့ကြည့်နေတာ။
မင်းမှာ ငါတို့ကို ဘာဝေဖန်ခွင့်မှ"
"ဆန်း! သူပြောပါစေ"
"နင်တို့ အကြံအစည်တွေ ဘယ်တော့မှမဖြစ်လာစေရဘူး။နင့်ရည်းစား ဘယ်တော့မှလိုက်မမှီမဲ့နေရာမှာ ဗျူဟာပိုင်ဆိုတဲ့
ကောင်က ရှိနေပြီးသား ဝတ်ရည်ဦး။
မိဘတွေသဘောတူတာက နင်တို့အတွက် သိပ်ကိုအရေးကြီးနေတယ်မလား။မင်းလည်းအချိုးပြေပြေနေ ဆန်းဆက်မှူး
မင်း ယောက္ခမတွေက ဘယ်သူလဲ
ဆိုတာငါသိတယ်။ဒီအတိုင်းတောင်
သဘောမကျတာသူတို့သမက်လောင်းရဲ့သောက်ကျင့်ကိုတော့သိသွားလို့
မဖြစ်ဘူးမလား"
အံ့သြလွန်းလို့
သည်းခံနိုင်စွမ်းမရှိတော့ဘူးဆို
တဲ့မျက်နှာနဲ့ဆန်းဆက်မှူး။
"ရေစက်ဆိုးကဒီလောက်နဲ့တင်တော်ရောပေါ့။နင်တို့ကို မြင်နေရတာတောင် ငါ
အရမ်းပင်ပန်းလွန်းလို့ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်ကြရ
အောင်"
သူ့ဆိုင်ကယ်ကို စက်နှိုးကာကားပါကင်ကနေ ခပ်မြန်မြန်ပင်မောင်းထွက်ခဲ့လိုက်
သည်။သူတစ်ခါမှဒီလိုမျိုးရန်မတွေ့ဖူးပါ။
သူကိုယ်တိုင်လည်းအမှားမကင်းပါရက်နဲ့ ဒေါသကိုမထိန်းနိုင် အကုန်လုံးကို နစ်နစ်နာနာပြန်လုပ်ချင်မိတဲ့အထိပင်။
-----------------
ဆောင်းဦးအစပိုင်းရဲ့ အငွေ့အသက်
တွေ လွှမ်းခြုံနေပြီးမြူတွေအုံ့မှိုင်း
နေသည့် မနက်ခင်း။မနက်ခြောက်နာရီ
အချိန်မလို့ နေစင်ဟန်ဆိုင်ကယ်
မောင်းနေရင်း နည်းနည်းအေးလာသည်အထိ။ဒီနေ့ကဆိုင်ပိတ်ရက်ဖြစ်ပေမဲ့
ကိုဖြိုးကဆိုင်ထဲမှာလုပ်ငန်းသုံး
သည့်ဖုန်းကျန်ခဲ့တယ်ဆိုပြီးသူ့ကို
မနက်စောစော သွားယူခိုင်းခြင်းပင်။
ဒီနေ့ မနက်orderပို့ဖို့
သွားစရာလည်းရှိတာနဲ့ကိုဖြိုးဆိုင်ကို
အရင်ဝင်မလို့ ဆိုင်ကယ်ကိုမနက်အ
စောကြီး ပုံမှန်အရှိန်ဖြင့် အိမ်ကနေ
မောင်းထွက်လာခဲ့သည်။
လမ်းမှာမြူတွေခပ်ပါးပါးသာရှိပေမဲ့
အဝေးက မြင်ကွင်းကိုတော့အနီးကပ်
မှမြင်နိုင်တာပင်။
ကိုဖြိုးဆိုင်ရှေ့ရောက်တဲ့အချိန်သူ
လမ်းပေါ်ကနေဆိုင်ကယ်ကိုဆိုင်အရှေ့နားကပ်ရပ်လိုက်စဉ်
မလှမ်းမကမ်းမှာပင်
မြင်လိုက်ရတဲ့ ကားတစ်စီး။
အမြင်တွေကပိုထင်ရှားလာပြီး
ပိတ်ထားတဲ့ဆိုင်ရှေ့ကခုံတန်းမှာထိုင်
နေရာကနေ ရပ်လာတဲ့သူတစ်ယောက်။
သူ ဘယ်လိုလုပ်ရမလဲ။အခုမှ ဆိုင်ကယ်
ပြန်မောင်းထွက်လို့လည်းမကောင်းသလို တစ်ဖက်သူကလည်း သူ့ကိုအတင်း
ဖမ်းဆွဲထားတာမဟုတ်။ခုံတန်းဘေး
မှာရပ်နေပြီး ဒီအတိုင်းစောင့်နေတာပင်။
ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး ခြေလှမ်း
ကြဲတွေနဲ့ အနားကိုခပ်မြန်မြန်လျှောက်သွားပြီး မျက်နှာချင်းဆိုင်လိုက်ရင်းပင်။
"မင်းဒီမှာဘာလုပ်နေတာလဲ။ငါလာ
မယ်ဆိုတာဘယ်လိုသိလဲ"
ခပ်မာမာ ပြောလိုက်ပေမယ့်။
"ငါမေးနေတယ်လေ။ကိုဖြိုးကို
ဘယ်လိုပြောလိုက်တာလဲ မင်းတမင်"
သူကသာစကားပြောနေပေမဲ့ ဗျူဟာပိုင်
ကတိတ်ဆိတ်နေပြီးဝတ်ထားတဲ့
အနွေးထည်ကိုချွတ်လိုက်သည်
။အနောက်ကနေ
သူ့ပုခုံးအပေါ်ခပ်ဖွဖွလွှမ်းခြုံလာတဲ့
အနွေးထည်။
"အေးတယ်လေ ဘာဖြစ်လို့အနွေးထည်
မဝတ်လာတာလဲ"
မျက်နှာချင်းမဆိုင်ရဲလောက်အောင်
အထိတစ်ခဏပင် အသံတိတ်သွားရသည်။
"ခဏနေ နေထွက်လာရင် ပူလာ
လိမ့်မယ်။မလိုဘူး"
"နေကောင်းရဲ့လား"
ခြုံထားပေးတဲ့ အနွေးထည်ကိုပြန်
ပေးဖို့လုပ်နေသည့်သူ့လက်တွေရပ်
တန့်သွားရသည်။
တည်ငြိမ်နေပေမဲ့လည်း စကားပြော
ထွက်ဖို့ခက်ခဲနေတဲ့မျက်နှာ။
ဒါ ပုံမှန်တွေ့နေကြ ဗျူဟာပိုင်
ပုံစံမှမဟုတ်ပဲ။
"ငါကနေကောင်းပြီးသား။မင်းရော
ဆေးရုံက ဆင်းပြီးတော့ အခြေအနေဘယ်လိုလဲ "
"စိတ်ပူနေတာလား"
မျက်နှာလွှဲရင်း
သူ့အကြည့်တို့ကနေရာပင်မရ ဖြစ်သွား
ရသည်။သူကသာမနေတတ်ဖြစ်နေ
ပေမဲ့ ပြောလိုက်တဲ့သူကနေသားတ
ကျပင်။ ဒီလောက် တွန်းထုတ်နေတာ
တောင်ဘယ်လိုဖြစ်လို့ မပြောရဲတဲ့
စကားမရှိရတာလဲ။
"ခုံတန်းမှာ ခဏလေးထိုင်စောင့်ပေး။
ခဏပဲ"
ဆိုင်ရှေ့ကသစ်သားထိုင်ခုံတန်းမှာသွား
ထိုင်လိုက်စဉ် ဗျူဟာပိုင်ရပ်ထားတဲ့
သူ့ကား တံခါးကိုဖွင့်နေသည်။ လက်ထဲမှာပါလာသည်က ဘူးကြီးတစ်ဘူး။ဘောင်း
ဘီအိတ်ကပ်ထဲတော့ဘာကိုထည့်လိုက်သည်မသိ။
အနားပြန်ရောက်လာတာနဲ့
ဘေးမှာ ဝင်ထိုင်လာတဲ့ ဗျူဟာပိုင်။
"နောက်လမင်းမွေးနေ့မလား"
အသံခပ်တိုးတိုး။
သူ့ကိုကြည့်နေမှန်းသိနေသော်လည်း
ဘေးကိုမျက်နှာမလှည့်ပဲသူလမ်းမ
ဘက်ကိုသာကြည့်နေလိုက်သည်။
"မွေးနေ့လက်ဆောင်ပေးမလို့"
"ရောက်မှမရောက်သေးတာ ။အခု
မလိုဘူးရတယ်"
"မင်းမွေးနေ့ကျရင်ငါ ဒီမှာရှိတော့
မှာမဟုတ်ဘူး"
ကိုယ့်ကိုကိုယ်တောင် မသိလိုက်ခင်ပဲ
မျက်နှာချင်း ဆိုင်မိရချိန်။
" ငါကျောင်းပြောင်းတော့မယ်"
"ကောင်းတာပေါ့! ဘယ်ကျောင်းလဲ"
"ငါပြန်လာခဲ့တဲ့နေရာက"
"foreignပြန်ထွက်မလို့လား။မင်းတစ်ယောက်တည်းလား။အန်တီရောပါလား"
"မပါဘူး။ဒီအရွယ်အထိအမေကိုအနောက်ကလိုက်ခိုင်းနေရအောင်ငါကကလေးလား"
ခေါင်းငုံ့သွားသည်။
အေးအေးဆေးဆေးနဲ့ပဲ မျက်နှာတစ်ချက်လေးမှ ပျက်ဟန်မပြတာကို အားပျက်သွားဟန် ရှိပေမယ့် အသာပြုံးလျက်ပင်။
"ဒီတစ်ခါတော့ အမေ့ကိုစိတ်ချသွားနိုင်ပြီလေ။ကျောင်းမပြီးမချင်းပြန်လာမှာမဟုတ်ဘူး။ကျောင်းပြီးရင်လည်း ပြန်လာချင်မှပြန်လာမှာ အမေ့ကိုပဲလှမ်းခေါ်လိုက်မယ် "
"အင်း ကောင်းတာပေါ့"
ခေါင်းငုံ့နေဆဲပင်။သူ့ဆီက တစ်စုံ
တစ်ရာ တားဆီးမှုကို မျှော်လင့်ချက်ပျောက်ဆုံးသည့်အလား။
ကိုင်ထားတဲ့ ဘူးကိုဖွင့်နေတော့ ကြည့်
လိုက်ချိန် အထဲမှာ ဖိနပ်တစ်စုံ။
ခုံတန်းမှာထိုင်နေရာကနေဖိနပ်ကိုကိုင်ပြီး ရုတ်တရက် သူ့အရှေ့ဗျူဟာပိုင်
ဆောင့်ကြောင့်ထိုင်ချလိုက်ချိန် ထရပ်
မိမလိုတောင်ဖြစ်သွားရသည်။
"ဘာလုပ်တာလဲမင်း"
ပြန်မဖြေပါ။ရုန်း နေတဲ့ကြားက
ခြေထောက်တွေကို ဆွဲယူပြီး
သူစီးလာတဲ့ ဖိနပ်အဟောင်းကို ချွတ်
သည်။အသစ်စက်စက်ဖိနပ်ကို ကိုယ်
တိုင်ခြေထောက်နှစ်ဖက်ကိုကိုင်ပြီး
ဝတ်ပေးနေတဲ့အချိန် ထထွက်လိုက်
ချင်ပေမဲ့ သူ မလုပ်နိုင်တော့ပါ။
" လူတစ်ယောက်ကလူတစ်ယောက်
ကိုဖိနပ် လက်ဆောင်ပေးတာကလွယ်
ကူပေမဲ့ ကိုယ်တိုင်ခြေထောက်ကိုကိုင်
ပြီးစီးပေးတာကတော့သိပ်မလွယ်ကူ
ဘူးမလား။ တကယ် ကိုယ့်အတွက် တစ်ယောက်တည်းရှိတယ်လို့သတ်
မှတ်ထားတဲ့သူကိုပဲ လုပ်ပေးနိုင်လိမ့်မယ်။
ငါ့လိုလူမျိုးဆိုရင်ပိုဆိုးတာပေါ့။အဲ့တာကြောင့် လုပ်ကြည့်ချင်လို့"
တိုးဖွဖွစကားသံ။
"နေရခက်ရင်လည်း ခဏပဲသည်းခံပေး"
ဖိနပ်ကြိုးတွေကို သေချာချည်နေပြီး
နှစ်ဖက်လုံးကို စိတ်ကြိုက်စီးပေးအပြီး စိတ်ကျေနပ်သွားသည့်အလား။
မော့ကြည့်လာတဲ့မျက်နှာကို အလျင်
အမြန် ရှောင်လွှဲလိုက်ရသည်။
"ဘေးမှာ လာပြန်ထိုင်"
ဘေးချင်းကပ်ပြန်ထိုင်နေပြီး နှစ်ယောက်လုံးကခုံတန်းရဲ့ထောင့်တစ်
ဖက်ဆီမှာ ကားလမ်းကိုပဲငေးကြည့်
လျက် အချိန်တခဏကြာသည်အထိ တိတ်ဆိတ်သွားမှု။
"ဆရာလုပ်တာတော့မဟုတ်ဘူး။ကိုယ့်
နိုင်ငံမဟုတ်တော့အဲ့ဒီမှာ လိမ်လိမ်မာ
မာနေ။ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်ကိုယ့်
ဘက်ကအမှားမပါစေနဲ့"
"ဒီမှာပဲ လိမ်လိမ်မာမာနေမယ်ဆိုရင်ရော
အမှားရှိခဲ့တာတွေကိုပြင်ဆင်ခွင့်ရနိုင်မလား"
သူ့တစ်ကိုယ်လုံးအေးခဲသွားရသည်။
ဘာစကားမှထပ်မထွက်မိအောင် ကြိုးစားရင်း ငြိမ်သက်ပြီးသာနေတဲ့အခါ ။
" မင်းကိုယ်တိုင်ဆုံးမမှတော့ ငါနားထောင်မှာပေါ့"
"ထပ်ပြီးဆရာလုပ်တာတော့မဟုတ်ဘူး ကောင်မလေးအသစ်ပါထား!"
မျက်နှာချင်းဆိုင်လိုက်ပြီး လိုအပ်တာ
ထက်ပိုပြီး တည်တင်းလျက်ပင်။
" အဲ့ဒီမှာ ကိုယ့်နိုင်ငံသားအချင်းချင်း
ကျောင်းလာတက်တဲ့သူတွေနဲ့တွေ့နိုင်
တာပဲ။ဝတ်ရည်ဦးကိုမေ့လိုက်တော့။
အဲ့ဒီမှာ မင်းနဲ့လိုက်ဖက်မဲ့
မင်းသဘောကျတဲ့ကောင်မလေးနဲ့တွဲ။
ဒါမှမဟုတ် အဲ့ဒီကအဖြူမလေးတွေ
ဆိုရင်လည်းရတာပဲ။မင်းသဘောကျဖို့
ပဲလိုတယ်။မင်းသာအချိုးပြေပြေနဲ့
ဆက်ဆံရင် မင်းအနားမှာဝိုင်းနေမဲ့
ကောင်မလေးတွေကြီးပဲ"
တည်ငြိမ်နေသည့်မျက်နှာ။ခံရခက်နေ
သလို ပြောချင်နေတဲ့စကားတွေကိုမြိုသိပ်နေရသည့်ဟန်နှင့် ။
" တစ်ကယ်တွဲရမှာလား"
" အင်း"
"ငါ့ကိုတော့ဘာမှပြောခွင့်မပေးပဲ မင်းကျတော့ သဘောရှိသလိုပြောနေတော့တာပဲနော်"
နာကျင်နေသည့်မျက်လုံးအကြည့်တို့နှင့် ကားလမ်းမဆီမျက်နှာလွှဲသွားသည်။
"နေကောင်းအောင်နေ ပျော်အောင်နေ။
မင်းရွေးချယ်ပြီးသွားပြီဆိုရင် စိတ်ချမ်းသာအောင်ထားခိုင်း ။အဝေးကပဲကြည့်
နေချင်ပေမဲ့ ငါဆက်မလုပ်နိုင်ဘူး။
တစ်ခြားတစ်ယောက်နဲ့မြင်နေရတာ
တော်တော်ခံစားရခက်တယ်။ဘာမှလည်းလုပ်လို့မရတော့ တစ်ယောက်ထဲကမ္ဘာပျက်ပြီးရူးတော့မလိုပဲ။အဲ့ကောင်နဲ့မင်းပျော်နေတာကိုထိုင်ကြည့်နိုင်ဖို့တော့ ငါ့မှာ
ပါရမီမပါဘူးထင်တယ်။ငါအရမ်းဆိုး
တယ်မလား"
အောက်နှုတ်ခမ်းကိုဖိကိုက်မိမတတ်
ပင်။အသံတိတ်နေရင်းသာ ခေါင်းငုံ့
လိုက်ချိန် ခြေထောက်မှာစီးထားတဲ့
ဖိနပ်တွေကြောင့် မျက်လုံးကိုအမြန်ပင် ပုတ်ခတ်လိုက်ရသည်။
"သူ့မိသားစုရှေ့မှာ မင်းလက်ကို
တွဲနိုင်မယ်လို့ထင်လား။
ကျန်တာငါဘာမှမပြောချင်ဘူး။အဲ့ကောင် မိသားစုဆီကနေအပြောခံနေရတဲ့အ
သံတော့ ငါ့ဆီမရောက်လာစေနဲ့။ငါ
ဘာလုပ်မိမလဲမသိနိုင်လို့"
"မင်းနဲ့မဆိုင်ဘူးလို့ပြောပြီးပြီမလား
။ငါတို့ကအခုမှကျောင်းတက်နေတဲ့
အရွယ်မှာတွဲနေတုန်းပဲ ရှိသေးတယ်။မိဘတွေကိုအသိပေးဖို့ဆိုတာအဝေးကြီး။ပြီးတော့ မင်းတစ်ခုခုကိုအထင်လွဲနေတုန်းပဲလားတော့မသိပေမဲ့ မင်းစိတ်ပူစရာမလိုအောင်သူကငါ့ကိုဂရုစိုက်ပြီးသား
။သူငါ့ကိုတစ်ဘဝလုံးစာတာဝန်ယူ
ပေးမယ်လို့မင်းကိုပြောခဲ့ပြီးသားမလား
။အဲ့တာက သူ့စိတ်ရင်းအမှန်ဖြစ်ပြီး
ကျန်တဲ့ကြောင်းအရာတွေကတော့
မင်းတို့ကြားကပြသနာတွေကြောင့်ပဲ။
ငါ့အတွက်နဲ့ဝတ်ရည်ကိုဖြတ်လိုက်
တာနဲ့တင်အဖြေဖြစ်နေပြီ။ငါတို့နှစ်
ယောက်ကြားမင်းဝင်မနှောက်ယှက်ပါနဲ့တော့။သူ့မိဘတွေသဘောမတူလဲ ငါတို့ကျောင်းပြီးတဲ့အခါအတူတူနေကြဖို့တောင်ပြောပြီးပြီ။မင်းနဲ့မဆိုင်တဲ့ကိစ္စတွေ
ထဲဝင်ပါဖို့မကြိုးစားနဲ့။မင်းဘဝနဲ့မင်း
....ငါ့ဘဝကသူ"
ဘာမှပြန်မပြောတော့ပါ။
မသိမသာ ပြန်ကြည့်လိုက်ချိန် ဗျူဟာပိုင်မျက်နှာမှာ ငြိမ်သက်နေပေမဲ့ မျက်လုံးတွေကနီရဲတော့မတတ် လက်လျော့ခြင်း
ကိုသာတတ်နိုင်သည့်နောင်တတွေ
ကိုပါမြင်နေရသည်။
" ငါ့ကြောင့် မင်းစိတ်ထိခိုက်နာကျင်
ခဲ့ရတာတွေ အနှောင့်အယှက်ဖြစ်ခဲ့
ရတာတွေအတွက် တောင်းပန်တယ်။နောက်ထပ်မင်းရှေ့မှာ ထပ်မပေါ်လာ
တော့ဘူး။ငါသွားပြီ"
နှုန်ဆက်စကားကိုပင်မစောင့်တော့ပဲ
ကျောခိုင်းကာ ထရပ်လိုက်ပြီးထွက်
သွားဖို့လုပ်နေသူ။
စိုးရိမ်စိတ်ကြောင့်
အမြန်ပင်ထရပ်၍ ။
"ဗျူဟာ"
ရပ်တန့်သွားတဲ့ခြေလှမ်းတွေ။
"ကားကိုဖြေးဖြေးမောင်း"
လှည့်ကြည့်လာသူ၏မျက်ဝန်းတွေ
ကနီရဲနေပြီး မျက်ရည်တွေပြည့်လျှံနေလျက်။
"ငါမရှိတော့ရင် မင်းအတွက် ပို
မကောင်းဘူးလား"
မျက်နှာလွှဲပြီး မျက်လုံးနှစ်ဖက်ကိုဖိပွတ်သည်။
"ဆောရီး"
ဗျူဟာပိုင်ရဲ့ဒီလိုပုံစံတွေကို မြင်နေ
ရတဲ့သူ့ဆီမှာ....။
"စိတ်မပူနဲ့ ကားကိုဖြေးဖြေးမောင်းပဲ
မောင်းမယ်။ ငါသွားတော့မယ်"
"ဗျူဟာ"
"ဘာလဲ ဘာပြောစရာရှိသေးလို့လဲ"
"ငါလည်းငါ့သူငယ်ချင်းကို ပြည်ပမှာကျောင်းသွားတက်တဲ့အထိမ်းအမှတ်
အနေနဲ့ လက်ဆောင်ပေးချင်လို့။
အခုဘာမှမပါလာဘူး။
နောက်မှငါဘုန်းပြည့်နဲ့ ထည့်ပေး"
"မင်းသာပေးချင်တယ်ဆိုရင် အခု
ငါလိုချင်တဲ့လက်ဆောင်ရှိတယ်"
အလွမ်းတွေနဲ့ပြည့်နေသလိုမျိုး စူးစိုက်
ကြည့်နေတဲ့မျက်ဝန်းတွေ။
"နောက်ဆုံးတစ်ခါအနေနဲ့ငါဆိုးလို့ရမလား"
ညာဘက်လက်ကောက်ဝတ်ကိုဖမ်း
ဆွဲလာပြီးသူ့ကိုယ်ကိုရုန်းလို့မရအောင်
အားနဲ့ဆွဲထားသည်။နောက်လက်
တစ်ဖက်ကခေါင်းကိုအနောက်က
နေကိုင်ထားပြီးသူတွန်းဖယ်ဖို့လုပ်
ပေမဲ့ ငုံ့ချလာတဲ့မျက်နှာနဲ့အတူ
ဖိကပ်သွားတဲ့နှုတ်ခမ်းတွေ။အားပါ
သည့်အပြင် သူနှုတ်ခမ်းပိတ်ထား
သည်ကို လျှာဖြင့်ဖွင့်ဟအောင်လုပ်၍ အသက်ရှုပင်ရပ်တော့မတတ်
နမ်းသည်။တစ်ရှိုက်မက်မက်အနမ်း
တွေနဲ့အတူသူ့ပါးပြင်ပေါ်ကိုကျလာသည့်မျက်ရည်တွေကြောင့် ရုန်းဖယ်နေခြင်းကို အားအင်လျော့စွာရပ်တန့်လိုက်မိ
သည်။တုန့်ပြန်ဖို့မတတ်နိုင်သည့်
အနမ်းတွေအနောက်ငြိမ်သက်နေရင်းသာ အသက်ရှုရန်လိုအပ်လာပြီးနှစ်ယောက်
လုံးရဲ့နှုတ်ခမ်းတွေထူပူလာသည့်
အချိန်မှပင် ခပ်ဖြေးဖြေးဖယ်ခွာသွားသည်။
သူလုပ်ချင်ရာလုပ်ပြီးသည့်တိုင် စိတ်
သက်ရာရပုံမရပဲ ပို၍ပင် နာကျင်
ခံစားနေရသည့်အကြည့်တို့ဖြင့်။
"ငါ့မျက်နှာကိုကြိုက်သလောက်ထိုး
လို့ ရတယ်"
နှုတ်ခမ်းကိုဖိပွတ်ပြီး နီးကပ်နေတဲ့
ရင်ဘတ်ကိုတွန်းပစ်လိုက်လျက်။
"သွားတော့ ငါ့အရှေ့မှာဘယ်တော့မှ
ထပ်မပေါ်လာစေနဲ့"
နာနာကျင်ကျင်ပင် မျက်ရည်တွေ
ကြားက ခံရခက်သလိုတစ်ချက်ပြုံးသည်။
"မင်းသိလား မင်းသိအောင်ငါတစ်
ခုတော့ပြောခဲ့ချင်တယ်"
မျက်ရည်တွေပြည့်နေသည့်မျက်ဝန်းတွေ။
"ကျန်တာတော့မသိပင်မဲ့ မင်းကိုတော့
လေငါ့အတွက်တစ်ယောက်ထဲသော
သူကမင်းဖြစ်နေခဲ့တာ သူများကို
ယုတ်မာမိလို့ ငါ့ကိုယ့်ကိုငါဝဋ်ပြန်လည်တယ်လို့တစ်ခါမှမတွေးဖူးဘူး။
မင်းကငါ့ရဲ့ဝဋ်မဟုတ်ဘူး။မင်းကငါ့ရဲ့"
"ဆက်မပြောနဲ့!"
"စိတ်ချ မင်းမကြားချင်ရင်ငါမပြော
ပါဘူး။မင်းကိုဖွင့်ပြောချင်တဲ့အဲ့ဒီစကား
ကငါ့အတွက်တန်ဖိုးရှိလွန်းလို့ ပိုင်ရှင်က
လက်မခံပဲနဲ့ ငါဘယ်တော့မှ
ထုတ်ပြောမှာမဟုတ်ဘူး"
မျက်နှာလွှဲသွားလျက်ပင် ဘောင်းဘီအိတ်ကပ်ထဲက ဘူးတစ်ဘူးကိုယူထုတ်လျက်။
"နောက်ထပ်မွေးနေ့လက်ဆောင်
တစ်ခု။ငါထွက်သွားမှဖွင့်ကြည့်လိုက်"
မျက်စိရှေ့ကဘူးအရွယ်အစားက
အထဲမှာဘာရှိလဲဆိုတာခန့်မှန်းစရာ
တောင်မလို။
"မင်းပေးပြီးသွားပြီ။ငါနောက်ထပ်
လက်မခံတော့ဘူး"
"မလိုချင်ရင် လွှင့်ပစ်လိုက်လို့
ရတယ်။ငါသွားတော့မယ် နေစင်။
.....တောင်းပန်တယ်"
နောက်ဆုံးစကားက အသံထွက်လာ
နိုင်ရုံဆို့နင့်ပြီး အားတင်းပြောနေရုံ။
လက်ကိုဆွဲယူပြီး လက်ဖဝါးထဲဘူး
ကိုထည့်ပေးသွားကာ နောက်ဆုံး
နှုတ်ဆက်သည့်အကြည့်တို့ဖြင့် ဗျူ
ဟာပိုင်နဲ့မတူအောင် မျက်ရည်တွေ
ကြားကနေ နှစ်နှစ်ခြိုက်ခြိုက်ပြုံး
ပြလျက်ခြေလှမ်းကြဲတွေနဲ့ ကားပေါ်တက်ကာမောင်းထွက်သွားသည်။
လက်ဖဝါးပေါ်ကဘူးလေးကိုကြည့်
ရင်းသူကိုယ်တိုင်လည်း ထပ်တူ
မျက်ရည်တွေ ကျဆင်းနေသလို ရင်
ဘတ်ကိုဖိလျက် အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း...။
--------------------------------------------------
အိမ်မက်တစ်ခုလို ဖြစ်နေသည့်
အမှောင်ထုထဲက လမ်းသွယ်လေးထဲမှာ
သူတစ်ယောက်တည်း။ ဟိုဘက်
ဒီဘက်ကြည့်နေပါသော်လည်း သူ့
ဘေးမှာ လူအရိပ်အယောင်ဆိုတာ
ဗလာနတ္ထိ။လမ်းသွယ်လေးမှာ
အင်္ကျီ အပါးလေးနဲ့ အလွန်အမင်း ချမ်း
အေးလာမှုကြောင့် ခံနိုင်ရည်မရှိတော့ဘဲ
လက် နှစ်ဖက်ကိုပိုက်လိုက်မိတဲ့အ
ချိန် သူ့ဆီကိုရောက်လာတဲ့ အ
နွေးဓါတ်တစ်ခု။
"နေစင် နေစင်!"
မျက်လုံးတွေဖွင့်လာတဲ့အချိန် စားပွဲပေါ် မှောက်အိပ်နေရာကနေအမြန်ခေါင်းထောင်ကြည့်တော့ အဲယားကွန်းအရှေ့မှာရပ်နေတဲ့ ဘုန်းပြည့်နဲ့ ရှင်းသန့်။
"မင်းကိုကြည့်လိုက်တိုင်း အချိန်ပိုရတာနဲ့ကျောင်းမှာဘယ်နမိနစ်ပဲဖြစ်ဖြစ်အိပ်ပျော်နေနိုင်တာပဲနော်"
ဘုန်းပြည့်က မျက်နှာတည်နှင့်ပင်။
" အအေးမိနေတယ်ဆိုနေစင် အဲယားကွန်းအရှေ့မှာ မအိပ်နေနဲ့လေ။ငါ့ဘေးမှာ
လာထိုင်ပါဆို"
"အော် အင်းခဏ အိပ်ပျော်သွားတာ။
လာခဲ့မယ်"
"ငါနဲ့စကား ခဏပြောရအောင်နေစင်။ အတန်းအပြင်ထွက်လာခဲ့"
ရှင်းသန့်ရဲ့ ပုခုံးကိုပုတ်ပြီးနှုတ်ဆက်ကာ ဘုန်းပြည့် သူတို့အတန်းထဲကနေ
ထွက်သွားသည်။ ရှင်းသန့်ကို ကြည့်လိုက်တော့လိုက်သွားလိုက်လေငါလည်း
ဘာမှ မသိဘူးဆိုတဲ့ မျက်နှာလေးနှင့်သာ။
အတန်းအပြင်ရောက်တော့ ဘုန်းပြည့်
က သူတို့အခန်းကနေ ထောင့်ဆုံး
အခန်းရှိရာလူရှင်းတဲ့နေရာအထိလျှောက်သွားသည်။
"မင်းမှာဒီအနွေးထည်တစ်ထည်ပဲ
ရှိတာလားနေစင်။တစ်မျိုးတော့
မထင်နဲ့ မင်းဒါပဲဝတ်နေလို့။ဒီ အနွေးထည်ကို ငါမြင်ဖူးနေသလိုပဲ "
နက်ပြာရောင်ခေါင်းစွပ်အနွေးထည်ကို မလုံမလဲနှင့်ပြန်ငုံ့ကြည့်မိရာမှ။
"ငါ...ငါ့မှာ အနွေးထည်သိပ်မရှိဘူး
လေ။ငါ့အမေဝယ်ပေးထားတာ"
"ငါဘယ်နေရာမှာလွတ်သွားလဲ
ဆိုတာ တစ်ချက်လောက်ပြောပြ
ပါလား။မနေ့ကဆန်းဆက်နဲ့ဝတ်ရည် လက်ကိုင်ပြီးအတူထိုင်နေတာကို စားသောက်ဆိုင်တစ်ခုမှာ ငါနဲ့ရှင်းသန့်တွေ့ခဲ့တယ်"
ဘုန်းပြည့်ရဲ့မာနေတဲ့အသံ။ ဗျူဟာပိုင်
ထွက်သွားထဲတည်းက ဘုန်းပြည့်က
သူ့ကိုအရင်ကလိုစကားများပြီး
စနောက်တာတွေ သိပ်မရှိတော့တဲ့
အထိ။ဒါကလည်း ဘုန်းပြည့် သူ့
သူငယ်ချင်း မရှိတော့လို့ငြိမ်သွားပြီး
စိတ်မကောင်းဖြစ်နေတာပါ။
ဆက်ဆံရေး ကြဲသွားတာမျိုးမဟုတ်။
"သူ့ကောင်မလေးနဲ့သူ ချိန်းတွေ့တာလေ ဘာဖြစ်လဲ"
အေးဆေးစွာပင် ပြန်ပြောလိုက်သည့်နောက်။
"ငါ ဆန်းဆက်နဲ့တစ်ကယ်တွဲနေတာ
မဟုတ်ဘူး။အစထဲကမတွဲခဲ့ဘူး"
အဆမတန်
ပျက်ယွင်းသွားတဲ့ ဘုန်းပြည့်မျက်နှာ။သူငယ်ချင်းတွေအပေါ်အရမ်းကောင်းတဲ့ ဘုန်းပြည့်ကိုအားနာမိရပေမယ့်။
"မင်းဘာလို့...ဘာလို့ညာထားရ
တာလဲနေစင်။
မင်းသာအဲ့ကောင်နဲ့မတွဲပြနေဘူး
ဆိုရင် ဗျူဟာထွက်သွားမှာ
မဟုတ်ဘူး။မင်း"
စကားသံရပ်သွားပြီး ဘုန်းပြည့်
အလွန်အမင်းယူကြုံးမရဖြစ်နေသည်။
သူ့ကိုစူးစိုက်ကြည့်လာပေမဲ့ ပါးစပ်
ပိတ်ကာရပ်သွားပြန်သည်။ ရှင်းပြ
စရာမလိုတော့အောင် ဘုန်းပြည့်နားလည်သွားပြီး ပေါက်ကွဲချင်နေလောက်တဲ့အထိ ဖြစ်နေပေမဲ့ စိတ်ထိခိုက်နေဟန်နှင့် ။
"အကုန်လုံးသွားကုန်ပြီ။သွားပြီ နေစင်
မင်းက ဗျူဟာအတွက်ညာတယ်။
ဗျူဟာက မင်းအတွက်....မင်းအတွက်!"
သိမ်ဝင်သွားတဲ့ အသံနဲ့အတူ။
" မင်းကသူ့ကို မဖြစ်စေချင်လို့
အဝေးကိုတွန်းလွှတ်နေပေမဲ့ ဗျူဟာက
သူ့မိသားစုကိုcome outလုပ်ပြီးမှထွက်သွားတာ အဲ့ဒါတွေမင်းသိလား "
အခန်းနံရံကို သူ့ကျောပြင်မှီလိုက်ရပြီး ခေါင်းတစ်ခုလုံးက ချာချာလည်သွား
သလိုပင်။မဟုတ်ဘူး။ မဟုတ်ဘူး
လေ။ မဖြစ်ရဘူး။
"ဘယ် ဘယ်အချိန်ကလဲ"
"ဆေးရုံမဆင်းခင် မင်းသူ့ကိုနောက်ဆုံး
လာတွေ့သွားတဲ့နေ့ထဲက။အဲ့ဒီနေ့မင်းပြန်သွားထဲကညရောက်တဲ့အထိငိုနေ
ပြီး သူ့မိဘတွေကိုဖွင့်ပြောခဲ့တာ။
အကုန်သိပြီးသားသူ့အဖေနဲ့အမေ
ကနေ သူ့အဘိုးအထိ"
သူ့ကမ္ဘာပျက်တယ်ဆိုတာ ဒါမျိုးထင်ပါတယ်။
"သူ့အမေ အရူးတစ်ပိုင်းပေါ့။ဗျူဟာ
အဲ့လိုဖြစ်သွားလို့တော့မဟုတ်ဘူး
။မိဘတွေကြားမှာ သူ့သားဘယ်လောက်အထိငယ်ငယ်ထဲက အဖေနဲ့တစ်ခြားယောကျာ်းလေးတစ်ယောက်ကြောင့် နာကျင်ခဲ့ရလည်းဆိုတာ အန်တီနီလာ
အသိဆုံးလေ။သူ့သားစိတ်ထိခိုက်မှာကိုကြောက်ပြီး သူ့သားကို ဖက်ဖက်ပြီး
ငိုတယ်ဆိုတာ အဲ့ဒီညကဆေးရုံမှာ
တညလုံး သူတို့သားအမိငိုနေကြတဲ့အထိပဲ"
ရင်ဘတ်တစ်ခုလုံးဆို့နစ်လာတာမှ
တစ်စုံတစ်ရာကသူ့ကိုနင်းခြေထား
ပစ်လိုက်သလို။
"သူ့အမေစိတ်မထိန်းနိုင်အောင် အရမ်း ပေါက်ကွဲသွားတယ်။အသိဝင်လာတာ
နဲ့ငြိမ်ကျနေတဲ့ဦးထင်ကို အကုန်လုံး
ပြောပြပလိုက်တာ။သူတို့သားက ငယ်ငယ်ထဲက စိတ်ပိုင်းဆိုင်ရာchild absue
အလုပ်ခံရပြီး သူ့အဖေအကြောင်း အ
ကုန်သိခဲ့တာ လို့ ။ဦးထင်လည်း မလဲ
ကျရုံတမယ်ပဲ။သူ့မိထွေးကိုသွားသတ်ဖို့ပါလုပ်နေလို့အန်တီိနီလာမနဲတားထားရ
တယ်။ဘိုးတော်နဲ့ဘွားတော်ကအ
သက်ကြီးနေပြီလေ။ကြားထဲကဘိုး
တော်ကိုသနားလို့"
"ဆေးရုံကဆင်းလာတော့သူ့အဖေ
နဲ့အမေ ဒီကောင့်ကိုမျက်စိအောက်က
တောင်အပျောက်မခံဘူး။ဦးထင်
လည်း သူ့သားကိုတော်တော်လေး
ချစ်တာပဲ။သူ့ကြောင့်များသူ့သားဒီ
လိုဖြစ်သွားရတာလားဆိုပြီး
ဗျူဟာရဲ့ရွေးချယ်မှုကိုလက်ခံနိုင်
ပေမဲ့ ငယ်ငယ်ထဲကရခဲ့တဲ့traumaတွေကြောင့် သူ့သားစိတ်ထိခိုက်ပြီးကိုယ်
မုန်းနေတဲ့အရာကိုမုန်းစွဲဖြစ်သွား
တာလို့လည်းထင်နေတယ်။သူ့မိဘတွေကလက်မခံပေးနိုင်စရာမရှိဘူး နှစ်ယောက်လုံးအဓိကစိုးရိမ်သွား
တာက ဗျူဟာရဲ့စိတ်အခြေအနေပေါ့။
သူ့အဖေနဲ့အမေက သူတို့သားကြောင့်
အရူးတစ်ပိုင်း သူတို့သားကတော့
မိဘတွေကိုတစ်စက်လေးမှ
ဂရုမစိုက်တော့ပဲမင်းကြောင့်"
မပြောနဲ့တော့။ ငါနားမထောင်ရဲတော့
လို့ မပြောပါနဲ့တော့ဆိုတဲ့စကားလုံး
က လည်ချောင်းထဲကနေထွက်မကျလာ။တစ်ကိုယ်လုံးတုန်လှုပ်ပြီး ကြောက်ရွှံ့စိတ်တွေက သူ့ကိုဝါးမြိုနေသလို။
"အန်တီနီလာ ဦးထင်ကို ကွာရှင်းခွင့်
တောင်းထားတယ်။ ဘာဖြစ်လို့လဲ
သိလား ဗျူဟာသူ့မိဘတွေကြောင့်ဒီလမ်း
ကိုရဲရဲကြီးမလျှောက်နိုင်မှာစိုးလို့။
သူ့သားရဲ့ရွေးချယ်မှုကိုအန်တီက
လက်ခံပေးတာထက်ကိုပိုတယ်။ဦးထင်ကတော့ သူ့သားအပေါ်အပြစ်ရှိတဲ့စိတ်ကြောင့် ကွာရှင်းခွင့်ကိုလက်မခံသေးဘူး။ဒီ
အတောအတွင်းသူတို့မိသားစု
အိမ်တွင်းရေးကတော်တော်လေး
ရိုက်ခတ်သွားတာ။ငါလည်းဝင်ပါချင်
ပေမဲ့ မင်းနဲ့ဆန်းဆက်ရဲ့ သတင်းကြား
ပြီးထဲက ငါဘာဆက်လုပ်ရမှန်းမ
သိပဲအားလျော့သွားတာ။
မိသားစုအရေးနဲ့လည်းဆိုင်နေ
တော့ တစ်ခုခုဆိုရင်အမှားပါသွားမှာ
လဲဆိုးတယ်။အခုတော့ ငါက
သူငယ်ချင်းမပီသခဲ့တာပဲ ငါက!"
သူ့ကိုယ်သူအပြစ်တင်နေပြီး နောင်တ အလွန်အမင်းရနေဟန်နှင့် ဘုန်းပြည့်။
သူကိုယ်တိုင်လည်း
စကားသံပင် မထွက်လာနိုင်အောင်
တုန်လှုပ်နေတဲ့ကြားမှ အသိစိတ်က
ဝင်လာချိန်။
"ဗျူဟာ come outလုပ်လိုက်တဲ့
ကိစ္စဆန်းဆက်သိလား!"
"မသိစရာအကြောင်းရှိမလား။
သူ့အဖေနဲ့အမေ တားနေပေမဲ့လည်း
မရဘူး။ဆေးရုံကဆင်းလာတာနဲ့
သူ့အဖေအမေအလစ်မှာ
သူ့အဘိုးဆီပါသွားပြောလိုက်တာ။
အိမ်အထိသွားပြောတော့ ချောင်းနေ
တဲ့ ဘွားတော်ကသိပြီပေါ့။အဲ့ဒီ တစ်
မျိုးလုံးဝမ်းသာလုံးဆို့ပြီး သူတို့အသိုင်းအဝိုင်းမှာ သတင်းလိုက်ဖြန့်
ကျတော့မှာ သူတို့ဟာကိုတော့ အမွှန်း
တင်ကြမယ်။အပျော်လွန်ပြီး
တစ်ခါထဲ သေသွားလောက်တယ်"
သူ ဆန်းဆက်မှူးကိုရှုံးပြန်ပြီ။ဘာလို့
မပြောပြတာလဲ။တွဲနေတယ်ဆိုပြီး
ဗျူဟာအရှေ့မှာ ဟန်ဆောင်ခိုင်း
တဲ့အချိန်ထဲက သိနေတာပေါ့။
ဝတ်ရည်နဲ့လည်းဗျူဟာ ထွက်သွား
တဲ့အချိန်မှ ပေါ်တင်publicမှာ
တွဲတယ်။
ဆက်လက်မရပ်တည်နိုင်တော့ပါ။အသည်းအသန်ပေါက်ကွဲပြီးငိုချင်
နေတာကို ထိန်းထားရ၍ ။
" ဗျူဟာပိုင်ဆိုတဲ့ကောင်က ဒီလိုမျိုးပဲဖြစ်ဖြစ် သက်သေပြခဲ့ချင်လို့ဖြစ်မှာပေါ့ မင်းယုံပြီလားနေစင်။
ဗျူဟာ မင်းကိုဘယ်လောက်
အထိချစ်တယ်ဆိုတာ"
" မပြောနဲ့!!"
အသံကျယ်နှင့်ပင်အော်မိသွားသည်။
မပြောနဲ့။ငါ မခံစားနိုင်လို့မပြောပါနဲ့။
"အခုဘယ်လိုလုပ်ရမလဲ။ဒီကောင်ကို
ငါပြန်ခေါ်လိုက်မယ်။ဒီကောင် မင်း
ညာထားတယ်ဆိုတာသိတာနဲ့ ချက်ချင်းပြန်လာမှာ ငါအခုပဲ "
"ဘုန်းပြည့်"
အလျင်အမြန်တားလိုက်ချိန်
ဖုန်းထုတ်နေပြီဖြစ်တဲ့ ဘုန်းပြည့်
မျက်နှာမှာ ရှုပ်ထွေးမှုတွေ။
"ငါ...ငါ့ခံစားချက်ကိုလည်းထည့်
တွက်ပါအုံး။ငါ့ကိုလည်းမေးအုံး မင်း
အခုပြန်ခေါ်လည်းငါသူ့ကိုလက်ခံနိုင်မှာမဟုတ်ဘူး။ငါဆန်းဆက်ကိုပဲချစ်
တာ။ဆန်းဆက်က ဝတ်ရည်ကို
မမေ့နိုင်လို့ ငါဘေးထွက် နေပေး
လိုက်တဲ့သဘောပဲ။ငါဆန်းဆက်ကို
ပဲမမေ့နိုင်ပဲချစ်နေမှာ။ဆန်းဆက်နဲ့
တွဲပြပြီးညာထားတာက ငါဗျူဟာအတွက် နောက်ဆုံးလုပ်ပေးနိုင်တာပဲ
။ ဗျူဟာပိုင်အပေါ် ငါသူငယ်ချင်းတစ်ယောက်ထက် ဘယ်တော့မှပိုမှာ
မဟုတ်ဘူး။မင်းက ဘယ်လိုတွေ
ထင်နေတာလဲ"
"ငါ့ကိုသာ သတ်လိုက်ပါတော့ဟာ "
"ဗျူဟာကဂေးမဟုတ်ဘူး ဘုန်းပြည့်။
သူကမိန်းကလေးတွေကိုပဲသဘောကျ
တာကို မင်းအသိဆုံး။အနေနီးလို့ဖြစ်သွားတာတစ်ခုပဲ ငါကလွဲပြီးတခြားဘယ်ယောကျာ်းလေးကိုမှသူ့ကိုယ်သူ
အထင်မှားမှာမဟုတ်ဘူး။အချိန်ကြာ
သွားရင် သူငါ့ကိုမေ့သွားပြီး မိန်းကလေးတစ်ယောက်နဲ့တွေ့သွားလိမ့်မယ်
။အဲ့ဒီလိုပဲဖြစ်မှာ"
"ငါဘာမှမသိတော့ဘူး။ငါသိတာ ဗျူဟာမင်းကို ချစ်တယ်။မင်းဘေးမှာ
ဘယ်ကောင်မှမရှိနေဘူးဆိုတာ
ငါဗျူဟာ ကိုပြောပြရလိမ့်မယ်"
"မင်းကသူ့သူငယ်ချင်းလေ ဘုန်းပြည့်
။မင်းအဲ့ဒီလိုမလုပ်ရက်ပါဘူး။အခုမှ
သူ့ဘဝက အေးချမ်းရုံလေးရှိသေးတာကို တစ်သက်လုံးနေခဲ့ရတဲ့traumaတွေ
ထဲမင်းသူ့ကိုပြန်တွန်းပို့မလို့လား။
တစ်ကယ့်လက်တွေ့ဆိုရင်သူရင်ဆိုင်
နိုင်မယ်လို့မင်းထင်လား"
"ဒါကမင်းသူ့ကိုတွန်းထုတ်နေရတဲ့အကြောင်းအရင်းပေါ့။သူမင်းကိုချစ်တယ်လေ။မင်းနဲ့သာဆိုရင် ရင်ဆိုင်နိုင်မှာ
ပေါ့။ချစ်လွန်းလို့ပဲ မပိုင်ဆိုင်ရမှန်းသိတာတောင်မင်းအတွက်စွန့်လွှတ်ရဲခဲ့တာလေ။
အဖြစ်မှန်တွေကိုသာ သိသွားရင်
ဒီကောင်ပိုလို့တောင်ရူးသွားလိမ့်မယ်။
မင်းကိုလွှတ်ပေးတော့မှာတောင်မ
ဟုတ်ဘူး။ငါပြောပြီးပြီလေ။ဗျူဟာပိုင်ဆို
တဲ့ကောင်က သူ့ကိုယ်သူတောင် ဟန်မဆောင်တတ်တာမင်းအသိဆုံး သူ
ရင်မဆိုင်ရဲတဲ့အရာဆိုရင်ဒီကောင်
ဖွင့်ပြောနိုင်ပါ့မလား။
ဒီကောင့်traumaကနည်းနည်းကြီး
နေမှန်းသိပေမဲ့ ဗျူဟာ မင်းကိုအရမ်းချစ်တာ။သိလား ငါစကားအကုန်ပြော
ရရင် သူ့အမေကိုတောင်ဂရုမစိုက်တော့
ပဲဖွင့်ပြောခဲ့တာ အမေမျက်နှာကိုတစ်ချက်အပျက်မခံတဲ့ကောင်ကလေ။အဲ့လောက်
ထိသားမိုက် လုပ်ခဲ့တာတောင် သူ့ကိုယ်
သူ မရင်ဆိုင်ရဲစရာအကြောင်းရှိပါ့
တော့မလား။မင်းကိုဘယ်သူ brainwashလိုက်တာလဲ!!"
"မိဘတွေဆိုတာ သားသမီးအကြောင်း
အသိဆုံးပဲ။မင်းပြောသလိုသာလွယ်ကူနေရင်သူ့မိဘတွေသူ့ကိုစိတ်မပူနေဘူး။
သူ့ဘေးမှာငါရှိနေပြီး သူ့ကိုယ်သူပြန်ကြောက်ရွံ့နေရမှာကိုမြင်ရတာထက်စာရင် အဝေးမှာပဲနေလိုက်တာက နှစ်ယောက်လုံးအတွက်အဖြေပဲ။အချိန်ကစကားပြောသွားမှာပါ။ အချိန်ကြာရင်သူငါ့ကိုမေ့သွား
လိမ့်မယ်။ဒီမှားယွင်းနေတဲ့စိတ်ခံစားမှုကနေ။မင်းကဗျူဟာအတွက်သူငယ်ချင်းကောင်းပဲဖြစ်ချင်တဲ့သူမလား ဘုန်းပြည့် မင်းမလုပ်ရက်ပါဘူး မင်းမလုပ်ရဲဘူး"
ဆက်ပြောဖို့ရန် မစွမ်းသာတော့သလို
ဘုန်းပြည့် မျက်နှာရဲလျက် ဒေါသတွေ
ကိုကြိတ်မှိတ်နေသည်။
တစ်ခဏ တိတ်ဆိတ်သွားပြီးမှ။
"အဲ့တာဆိုရင် မင်းကရော။ငါအကုန်
မြင်နေရတယ် နေစင်။မင်းကိုယ်တိုင်
ကရော အခု အေးချမ်းနေရဲ့လား။
တကယ်ပဲ ဗျူဟာကိုသူငယ်ချင်း
ထက် မပိုနိုင်ဘူးလား။ မင်းအစိုးရိမ်
လွန်နေပြီ။အခုtraumaတွေထဲမှာ
ပိတ်မိနေတာ ကဗျူဟာပိုင်မဟုတ်ပဲ
မင်းဖြစ်နေပြီနေစင်"
"ငါ သူ့ကိုသူငယ်ချင်း သံယောဇဉ်ထ က်ဘယ်တော့မှမပိုနိုင်ဘူးလို့ပြောပြီးပြီလေ။
ငါကဘာလို့မအေးချမ်းရမှာလဲ။ငါအခုအရမ်းကို ငါ့စိတ်ကအေးချမ်းပြီး
တည်ငြိမ်နေတာ ရေပြင်လိုပဲ"
" မင်းရဲ့ဆုံးဖြတ်ချက်အတွက် တစ်
ယောက်ကအဝေးမှာ နောင်တတွေနဲ့
ရှင်သန်နေရပြီးတစ်ယောက်က ကျန်
ခဲ့တဲ့နေရာမှာ ကိုယ့်ကိုကိုယ် ပျောက်ဆုံး
မသွားဖို့ငါမျှော်လင့်တယ်။ငါသွားပြီ"
ဘုန်းပြည့် အနားကနေထွက်သွား
တဲ့အခါ သူအရူးတစ်ယောက်လိုပင်
မခံနိုင်တော့စွာထပ်ခါပြုံးလိုက်သည်။
ငိုဖို့ရန်သူ့မှာမျက်ရည်တွေမရှိတော့ပါ။နာကျင်ရလွန်း၍ ခံနိုင်ရည်တွေလည်း
လွန်နေပြီဖြစ်သည်။
ကျောင်းအင်္ကျီကော်လန် လည်ပင်း
အထဲက ဆွဲကြိုးကို ထုတ်လိုက်ပြီး
အက်ႌအထဲဖြက္ကာ ႀကိဳးမွာဆြဲထားတဲ့
လက်စွပ်လေးကို ထပ်ခါပွတ်သပ်ရင်း။
ငါမင်းကို ကာကွယ်ပေးချင်တဲ့လမ်း
က မမှားယွင်းဘူးမလား။ မင်းငါ့
ဘေးနားမှာရှိနေပေမဲ့ အိပ်မက်ဆိုး
တွေနဲ့ပိတ်မိပြီး ကိုယ့်ကိုကိုယ့်ရင်ဆိုင်
နေရမယ့် အဖြစ်မျိုး ငါဘယ်တော့မှ
လက်ခံမှာမဟုတ်ဘူး။
ငါကမင်းကို အနိုင်ရစေချင်တယ်။
အမြင့်ဆုံးမှာပဲထားချင်တယ်။
ဒီမှားယွင်းတဲ့တွေ့ဆုံမှုကနေမင်းလွတ်မြောက်ပြီးငါကိုယ်တိုင်လည်း
လွတ်မြောက်နိုင်ပါစေလို့ဆုတောင်းရင်း.....
မင်း ဖွင့်ပြောချင်တဲ့စကားကိုငါ
ဒီတစ်သက်လုံးဘယ်တော့မှ
....ပြောခွင့်မပြုပါရစေနဲ့။
The End
******************************