Ch-80 စုယန်၏ရင်ခွင်တွင်းဝင်ထိုင်ခြင်း
မိမိမှာအခြားသူများကြားသွားမည်ကိုထိတ်လန့်၍အသက်အောင့်ထားရသည်။
အကန့်လေးသည်မကြီးမား၍ မိမိတို့နှစ်ဦးသားမှာလက်ချင်းချိတ်ထားရသည်။ထိတွေ့မှုမှာရှောင်လွဲ၍မရပေ။
မိမိသည်ခေါင်းမော့လိုက်ရာ စုယန်၏ခေါင်းသည်အကန့်ထဲမှထွက်နေသည်ကိုသိလိုက်ရသည်။မိမိသည်စိုးရိမ်တကြီးသူ့ခေါင်းအားငုံ့ရန်ညွှန်ပြလိုက်သည်။
စုယန်သည်နားလည်သွားပြီး ဘိုထိုင်ပေါ်ထိုင်ချရင်းမိမိထံအိုကေဟုလုပ်ပြလာသည်။
ထို့နောက်သူသည်မိမိ၏ခြေထောက်အားလက်ညှိုးထိုးပြလာသည်။အပြင်ရှိလူများသည်ထိုသည်မှာ အမျိုးသမီးဒေါက်ဖိနပ်မှန်းချက်ချင်းသိနိုင်ကြလိမ့်မည်။
"ကျွန်မဘယ်လိုလုပ်ရမလဲ"
မိမိသည်သူ့ထံပါးစပ်လှုပ်ရုံပြောလိုက်သည်။မိမိသာလှုပ်ရှားမှုတစ်ခုခုလုပ်လိုက်ပါက ဒေါက်ဖိနပ်များမှာအသံထွက်လာပေလိမ့်မည်။
သို့သော်စုယန်သည်အရေးပေါ်ကိစ္စများအားကိုင်တွယ်ရာတွင် မိမိထက်ပိုအားကောင်းလေသည်။သူသည်မိမိအားသူ၏ရင်ခွင်းတွင်းဆွဲသွင်းကာ သူ၏ပေါင်ပေါ်ထိုင်စေလိုက်သည်။မိမိ၏ဒေါက်ဖိနပ်များသည် ကြမ်းပြင်ပေါ် *ဒေါက် ဒေါက်* ဟူ၍နှစ်ချက်မြည်သွားသည်။
မိမိသည်အလျင်အမြန်ခြေကြွထားလိုက်သည်။ယခုတော့ မိမိမှာလက်တွေ့ကျကျပင် စုယန်၏ကိုယ်ပေါ်မှီနေရသည်။သူ၏နာကျင်နေသောအမူအယာအရ မိမိသည်သူမှတိတ်တိတ်လေးညည်းနေမည်ဆိုတာကို ပြောနိုင်လေသည်။
"အဲ့ဒါဘာသံလဲ"
လူတစ်ယောက်ကသံသယဖြင့်မေးလိုက်သည်။သူသည်မိမိတို့ဘက်ဆီစတင်ဦးတည်လာသည်။
"တစ်ယောက်ယောက်ရှိလား။ဒီမှာဘယ်သူမှမရှိဘူးမလား"
တစ်ယောက်ယောက်သည်မိမိတို့အခန်းအကန့်လေးအားခေါက်လာကာမေးလိုက်သည်။
"အာ...ဘာမှမဟုတ်ပါဘူး။ကျွန်တော်တစ်ခုခုပြုတ်ကျသွားလို့ပါ"
စုယန်သည်တည်တည်ငြိမ်ငြိမ်ပင်တုံ့ပြန်လိုက်သည်။
ထိုလူသည်ထပ်မမေးတော့ပဲ သူ့ကိစ္စကိုသာဆက်လုပ်လိုက်သည်။
မိမိတို့မှာဖမ်းမိမည်မှရှောင်လိုက်နိုင်သော်ငြား ယခုအချိန်တွင် စုယန်နှင့်မိမိသည်မလျော်ကန်သောအနေအထားဖြင့်ထိုင်နေရသည်။ထိုသည်မှာမသက်မသာဖြစ်စေသည်။အချိန်နှင့်အမျှ မိမိသည်သူ့အားကြည့်ရန် ခေါင်းမော့လိုက်မိသည်။မိမိမျက်လုံးများမှာတုန်ယင်နေပြီး နှလုံးခုန်နှုန်းမှာမြန်ဆန်နေခဲ့သည်။ကန့်သတ်ချက်အားချိုးဖြတ်ေပတော့မည်။
စုယန်အတွက်တော့ မိမိမှာသူ့ပေါင်ပေါ်အချိန်အကြာကြီးထိုင်နေရသောကြောင့် သူ့ခြေထောက်များမှာစတင်တုန်ယင်နေတော့သည်။
မိမိသည်သူ့အတွက်စိတ်မကောင်း၍ မိမိအလေးချိန်အားအခြားနေရာဆီရွှေ့ကာ သူ၏နာကျင်မှုအားလျော့နည်းစေရန်လုပ်လိုက်သည်။သို့သော်စုယန်သည်မိမိပုခုံးပေါ်သူ့လက်တင်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ ခေါင်းယမ်းပြလာသည်။သူသည်မိမိအားလျှောက်မလှုပ်စေချင်ခဲ့ပေ။
အသံများထပ်မရှိတော့မှ စုယန်သည်မိမိအားတွန်းထုတ်ကာ အကန့်အားသာသာလေးဖွင့်လိုက်သည်။
အနား၌မည်သူမှမရှိကြောင်းအတည်ပြုပြီးသည်နှင့် သူသည်မိမိအားသန့်စင်ခန်းထဲမှမြန်မြန်ခေါ်ထုတ်ကာ ဟိုတယ်မှထွက်လာခဲ့သည်။မိမိတို့မှာအခုအပြင်ဘက်ရှိဥယျာဉ်ထဲတွင်ဖြစ်သည်။
ကောင်းပြီလေ။ငါအဲ့ဒါကိုဝန်ခံရမယ်။မိမိတို့လျှောက်လာစဉ်တွင် မိမိစိတ်ထဲရှိသည့်တစ်ခုတည်းသောအရာမှာ မိမိလက်အားကိုင်ဆွဲထားသည့်စုယန်သာဖြစ်သည်။စုယန်ကငါ့လက်ကိုကိုင်ထားတယ်လို့။
မိမိသည်သူ့နောက်မှနေ ရှက်ရွံ့စွာပြုံးလိုက်သည်။ဤပျော်စရာခံစားချက်သည်မိမိချစ်မိသွားခြင်း၏ လက္ခဏာရပ်မှန်းမိမိသိလေသည်။သူကိုင်ဆွဲထားသည့်လက်မှာ ထုံထိုင်းကာပူထူနေသလိုခံစားခဲ့ရသည်။
"အခုကစပြီး ဒီမှာနေပြီးငါ့ကိုစောင့်နေ။ဘယ်မှထပ်မသွားနဲ့တော့နော်။ဒီမှာပဲနေ နေ။ငါပြန်လာခဲ့မယ်။ပြီးရင်ငါတို့အိမ်ကိုအတူပြန်ကြမယ်။နားလည်လား"
*ခေါင်းငြိမ့်*
မိမိသည်ရိုကျိုးစွာခေါင်းငြိမ့်ခဲ့သည်။ဒီခံစားချက်က ဖအေကသူ့ကလေးကိုလျှောက်မပြေးဖို့ပြောနေတဲ့ဇာတ်ကွက်နဲ့ ဘယ်လိုလုပ်လာတူနေရတာလဲ။
"ငါပြောခဲ့တာကိုနောက်တစ်ခေါက်ထပ်ပြော။မင်းမေ့သွားမှာကို ငါကြောက်လွန်းလို့ပါ ရွှေငါးလေးရယ်"
"ဘော့စ် ရှင်ကကျွန်မကိုဒီမှာပဲနေစေချင်တယ်။ရှင်ကမကြာခင်ပြန်လာမှာ။ပြီးတော့ကျွန်မတို့ေတွအိမ်ကိုအတူပြန်ကြမယ်"
မိမိသည်စုယန်၏စကားများအားနောက်တစ်ခေါက်ပြန်ပြောပြခဲ့သည်။သူသည်စိတ်ကျေနပ်စွာခေါင်းငြိမ့်ခဲ့သည်။
"အိုကေပြီ။စကားနားထောင်နော်။ခဏနေတွေ့မယ်"
စုယန်သည်ခြေတစ်ခါလှမ်းပြီးတိုင်း ဆယ်ကြိမ်လောက်လှည့်ကြည့်ခဲ့သည်။မိမိသည်စိတ်ထဲ၌ငိုရမလား ရယ်ရမလားမသိတော့ပေ။ငါကတစ်ကယ်ပဲသူ့ကိုတအားစိတ်ပူအောင်လုပ်နေမိတာလား။
စုယန်မှသူ့အမိန့်အားပေးသွားပြီးသည်နှင့် မိမိသည်ကိုယ့်ဘာသာကိုယ် ခိုင်ခိုင်မာမာထိန်းရမည်ဟုပြောလိုက်သည်။သို့သော်မကြာခင်မှာပင် အပြင်ဘက်၌စောင့်ရခြင်း၏ဆိုးကျိုးများအားသိလိုက်ရသည်။
ညအချိန်ရောက်လာပြီဖြစ်၍ မိမိပတ်လည်တွင်ပျံနေသောပိုးကောင်များစွာရှိနေသည်။အချိန်မရှိေသးခင်မှာပင် မိမိမှာဘယ်ရောညာမှနေ တိုက်ခိုက်ခံနေရသည်။
မိနစ်အနည်းငယ်အတွင်း ခြင်ငါးကောင်မှာမိမိလက်မောင်းပေါ်၌သေသွားပြီဖြစ်သည်။
မိမိမှာသူတို့အလောင်းများမှစ၍ကြက်သီးများထနေတော့သည်။
ခြင်တွေမရှိတဲ့နေရာတစ်ခုမှာငါသွားပုန်းနေသင့်လား။ဒါမှမဟုတ် စုယန်ကိုစောင့်နေတုန်းဒီမှာပဲဆက်နေရမလား။
အိုင်း...ဝေခွဲရခက်လိုက်တာ။
ထားလိုက်တော့။စုယန်ကသူ့ကိုဒီမှာပဲစောင့်နေလို့ပြောခဲ့မှတော့ ငါလည်းဒီမှာပဲနေတော့မယ်။
အဆုံးမသတ်ခင်အထိခြင်များနှင့်တိုက်ခိုက်ရန် မိမိစိတ်ပြင်ဆင်လိုက်ချိန်တွင် ရင်းနှီးသောအမျိုးသားအသံတစ်သံကအမှောင်ထဲမှထွက်ကေါ်လာခဲ့သည်။
"ဟယ်လို ကိုယ်တို့ထပ်တွေ့ကြပြန်ပြီ"
ဘယ်သူလဲဟ။
မိမိနားများမှာဆတ်ကနဲတုန်သွားသည်။အရမ်းမှောင်မည်းနေတာကြောင့်ဖြစ်မလား။ထိုအသံသည်အလွန်ကြောက်စရာကောင်းနေခဲ့သည်။မိမိမှာနောက်ကျောချမ်းလာသလိုပင်မခံစားရဘဲမနေတော့ပေ။
"မင်းကကိုယ့်ကိုမေ့သွားပြီလား။မင်းကြောင့်မလို့ အဲ့ညကမိန်းမလှလေးတွေအများကြီးကို ကိုယ်ငြင်းခဲ့ရတာ။ဒါပေမယ့်မင်းကကိုယ့်ကိုဖုန်းမခေါ်ခဲ့ဘူးလေ...ကိုယ်အရမ်းနာကျင်ရတာပဲ။ဒါပေမယ့်ကိုယ်တို့ထပ်တွေ့ကြပြန်ပြီ။ကိုယ်တို့ကရေစက်ဆုံကြတယ်လို့ ကိုယ်ထင်တယ်"
အဲ့ည။ဖုန်းခေါ်တာ။
ထိုသည်မှာမည်သူမှန်းမိမိသိလိုက်ချိန်တွင် ဒါရိုက်တာရွေ့၏မျက်နှာသည်မိမိမြင်ကွင်းထဲပေါ်လာခဲ့သည်။
အခုတော့မိမိမှာထွက်ပြေးဖို့အခွင့်အရေးမရှိတော့ပေ။
"မင်းကကိုယ့်ဟိုတယ်ကဝန်ထမ်းအလှလေးမလား။မင်းကဘာလို့ဒီရောက်နေတာလဲ"
ဒါရိုက်တာရွေ့သည် အေးစက်စက်အမူအယာဖြင့်မေးလိုက်သည်။သူသည်မိမိထံစလျှောက်လာသည်။
"ဒါကလည်းရှင့်ရဲ့ဟိုတယ်မလား။ကျွန်မ..ကျွန်မကပြောင်းရွှေ့ခံခဲ့ရတာ မန်နေဂျာ?"
လောလောလတ်လတ် မိမိလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဒါရိုက်တာရွေ့မှာလှည့်စားခံလိုက်ရမည့် အရူးတစ်ယောက်ဖြစ်ပါစေဟူ၍ပေ။
"မင်းကတစ်ကယ်ကြီးကိုယ့်ကိုအရူးလုပ်နေတာလား"
သေစမ်း။သူကငါ့ကိုဖြတ်မြင်နေတာပဲ...
"အဲ့တော့ မင်းကမီဖန့်နားကယင်ကောင်တွေထဲကတစ်ေကာင်ပေါ့လေ။ကိုယ့်မှာမင်းကိုကိုင်တွယ်ဖို့အချိန်မရှိဘူး။ဒါပေမယ့်ထပ်ခါ ထပ်ခါ မင်းကိုယ်မင်းဆက်သနေတယ်လေ။အဲ့တော့မှတော့ မင်းကိုယ့်ကိုအပြစ်တင်လို့မရဘူးနော်"
ဒါရိုက်တာရွေ့၏မျက်နှာမှာခက်ထန်နေပြီး နည်းနည်းရက်စက်သည့်ပုံပေါက်နေသည်။
မိမိမှာကြောက်ရွံ့သွားသည်။ဒါရိုက်တာရွေ့မှမိမိအားဘာလုပ်မည်ကိုတိတိကျကျမသေချာသော်ငြား တစ်ကယ်တော့ သူသည်ဗုဒ္ဓမဟုတ်မှန်းကိုတော့မိမိသိလေသည်။
"ရှင်ကဘ..ဘာကိုဆိုလိုတာလဲ"
မိမိတို့ကြားကျုံ့လာသည့်အကွာအဝေးအားစောင့်ကြည့်ရင်း မိမိမှာရပ်နေဆဲပင်။
"ကိုယ်ကလေ လူတွေနားတဝီဝီလုပ်နေတဲ့ယင်ကောင်တွေဆိုရင် စက်ဆုပ်တယ်။သူတို့ကိုဖယ်ရှားဖို့ ကိုယ်ဘာလုပ်သင့်လဲ"
ဒါရိုက်တာရွေ့မှာရုတ်ချည်းသူ၏လက်အားဆန့်ထုတ်လာသည်။မိမိမှာသူသည်မိမိအားရိုက်တော့မည်ဟုထင်လိုက်၍ ခေါင်းအားကာရန်လက်အားမြှောက်ကာဖျက်ကနဲနောက်ဆုတ်လိုက်မိသည်။
"မင်းကဘာတွေကြောက်နေတာလဲ"
ဒါရိုက်တာရွေ့မှာ နူးညံ့စွာတီးတိုးပြောလိုက်ရင်း မိမိ၏မြှောက်ထားသောလက်ကောက်ဝတ်အားကိုင်လိုက်သည်။သူသည်အေးစက်စက်ရယ်လိုက်သည်။
"ကိုယ်ကလူလူကြားထဲမင်းကိုအကြမ်းဖက်တဲ့နည်းသုံးမှာမဟုတ်ပါဘူးကွာ"
ထို့နောက်သူ၏ကြီးမားသောလက်သည်မိမိလက်ကောက်ဝတ်မှနေ မိမိဆံပင်ထံရောက်သွားပြီးသူ့လက်ချောင်းများဖြင့်လှည့်ပတ်ကစားနေသည်။
"ကိုယ်မင်းကိုဘယ်လိုကိုင်တွယ်ရမလဲ။ကိုယ်မင်းကိုသတ်လိုက်သင့်လား"
ထိုသည်မှာသူ့ကိုယ်သူမေးနေသည့်အလားပင်။
မိမိမှာဒါရိုက်တာရွေ့သည်တစ်ခုခုအားဆိုးရွားစွာပြောနေရင်းပြုံးနိုင်နေသည်ကို မယုံနိုင်ခဲ့ပေ။မိမိ၏ပင်ကိုယ်သိစိတ်ကသူနောက်နေတာမဟုတ်ဟုပြောနေသည်။သူသည်မိမိအားတစ်ကယ်သတ်ပစ်နိုင်သလို ဘယ်သူမှလည်းဖော်ထုတ်မည်မဟုတ်ပေ။
"မင်းကဘာလို့စကားတစ်ခွန်းမှမပြောတာလဲ"
ဒါရိုက်တာရွေ့သည်သူ၏လက်ေမာင်းနှစ်ဖက်အား မိမိပုခုံးနှစ်ဖက်ပေါ်ဖိထားရင်း မိမိနှင့်မျက်လုံးချင်းဆုံကြည့်ရန်ခေါင်းငုံ့လိုက်သည်။မိမိမှာမရဏအငွေ့အသက်ကိုပင်လုံးဝခံစားနေရသည်။
"ကိုယ့်ကိုပြောပါ ကိုယ်မင်းကိုဘယ်လိုလုပ်သင့်လဲလို့။ကိုယ့်နားမှာယင်ေကာင်ေတွကိုေတွ့ရတာက အရမ်းအနှောင့်အယှက်ဖြစ်တာပဲ..."
သူသည်ပျင်းတွဲတွဲပြောလာသည်။
အခုချိန်တွင် မိမိခေါင်းမှာရှုပ်ထွေးနေသည်။မိမိသည်ဘာမှမတွေးနိုင်တော့ပေ။မိမိ၏နောက်ခြေလှမ်းမှာ ဘာဖြစ်သင့်သည်ကိုပင် မသေချာတော့ပေ။လက်ရှိ၌မိမိမှာလင်ဗန်းတစ်ချပ်ေပါ်ရှိအသားလိုဖြစ်နေသည်။မိမိ၏တစ်ခုတည်းသောဆန္ဒမှာ စုယန်ပေါ်မလာဖို့ဖြစ်သည်။သူ့ကိုလည်းဒါရိုက်တာရွေ့မှရှာတွေ့သွားမည်ကို မိမိမလိုလားပေ။