🌺My cutie baby🌺[completed]

By pear721

73.7K 1.2K 26

ကိုကြီးနဲ့ကလေး More

🌺Part.1🌺
🌺Part.3🌺
🌺Part.4🌺
🌺Part.5🌺
🌺Part.6🌺
🌺Part.7🌺
🌺Part.8🌺
🌺Part.9🌺
🌺Part.10🌺
🌺Part.11🌺
🌺Part.12🌺
🌺Part.13🌺
🌺Part.14🌺
🌺Part.15🌺
🌺Part.16🌺
🌺Part.17🌺
🌺Final Part🌺

🌺Part.2🌺

3.4K 78 0
By pear721

Unicode

''အန်ကယ့်နာမည်ကဦးလင်းထင်ပါ ငွေ့ရည်ရဲ့အဖေလေ''

သဝဏ်သူ့နားရက်မှာအေးဆေးနေရမလားမှတ်ပေမယ့်ဟိုအရှုပ်ထုပ်မလေးရဲ့အဖေကအိမ်ကိုရောက်ချလာပြီပင်။

''ကျွန်တော့်နာမည်ကသဝဏ်ပါ အန်ကယ်ခဏလေးစောင့်ပါဦး ကျွန်တော့်ညီမသူ့ကိုသွားခေါ်နေပြီ''

ချက်ချင်းဆိုသလိုပဲငွေ့ရည်နဲ့အိမ့်မှူးကဧည့်ခန်းထဲရောက်လာပြီးငွေ့ရည်ကဆိုဖာမှာဝင်ထိုင်ကာအိမ့်မှူးကတော့ဦးလင်းထင်အတွက်​​ကော်ဖီသွားဖျော်ပေးလေ၏။

ငွေ့ရည်ကအဖေဖြစ်သူရှေ့မှာမျက်နှာကိုအတင်းဆူပုပ်ထားပြီး

''ဒက်ဒီဘာလာလုပ်တာလဲ''

''သမီးကိုလာခေါ်တာလေ ဒက်ဒီနဲ့ပြန်လိုက်ခဲ့ ဘာလို့သူများကိုဒုက္ခလာပေးနေတာလဲ''

''သူများမဟုတ်ပါဘူး ဒါသမီးသူငယ်ချင်း အိမ် ဒါကသမီးကိုကြီး''

သူ့ကိုကြီးနဲ့တောင်တွေ့နေသေး။ဒီငတိမကတော့။

''ဘာပဲဖြစ်ဖြစ်ပါသမီးရာ ဒက်ဒီနဲ့အိမ်ပြန်လိုက်ခဲ့ပါ''

''သမီးကိုပြန်လိုက်စေချင်ရင်ဒက်ဒီ့နောက်မိန်းမကိုအိမ်ပေါ်ကကန်ချလိုက်လေ ဒက်ဒီ့မိန်းမနဲ့ဒက်ဒီ့မယားပါသမီးတွေနဲ့အတူမနေနိုင်ဘူး''

''သမီးကလည်းကွာ မြသက်ကဒီလောက်သဘောကောင်းပြီးရွှေရည်နဲ့ငွေရည်ကလည်းဒီလောက်လိမ္မာတာကို''

''အဲဒါဒက်ဒီ့ရှေ့မို့ဟန်ဆောင်နေတာနေမှာပေါ့ သမီးကတော့မိထွေးနှိပ်စက်တဲ့ဘဝမှာမနေနိုင်ဘူး စင်ဒရဲလားလည်းအဖြစ်မခံနိုင်ဘူး သမီးဝတ္ထုတွေရုပ်ရှင်တွေထဲမှာမြင်ဖူးနေကျ အဲလိုမိထွေးနဲ့မယားပါသမီးတွေကမင်းသမီးကိုနှိပ်စက်နေကျ''

သူမစကားကြောင့်သဝဏ်ရယ်ချင်သွားပေမယ့်ရယ်တော့မရယ်မိခဲ့ပါ။

''အဲဒါကြောင့်ပြောတာပေါ့ ဝတ္ထုတွေဖတ်တာလျှော့ပါဆို မလိုချင်ဘူး သမီးအခုချက်ချင်းဒက်ဒီနဲ့ပြန်လိုက်ခဲ့''

ငွေ့ရည်ကချက်ချင်းပဲကြမ်းပေါ်လှဲချပြီးကိုယ်ကိုလူးလှိမ့်ကာခြေထောက်တွေကိုပွတ်၍

''မလိုက်ဘူး မလိုက်ဘူး လုံးဝမလိုက်ဘူး''

ဦးလင်းထင်မှာလည်းသမီးဖြစ်သူအပြုအမူကြောင့်မျက်စိပျက်မျက်နှာပျက်ဖြစ်သွားရသလိုသဝဏ်မှာလည်းဆွံ့အသွားရတာအမှန်ပင်။

သုံးနှစ်သမီးလိုစိတ်ကောက်ပြနေတဲ့သူမကဘုရားစူး19နှစ်ပါ။

''အေး မလိုက်နဲ့ နေခဲ့ တစ်သက်လုံးပြန်မလာနဲ့နင်''

ပြောပြီးဦးလင်းထင်ကဒေါကြီးမောကြီးနဲ့ဧည့်ခန်းထဲကထွက်သွားလေ၏။
ငွေ့ရည်သူမအဖေကိုလိုက်ကြည့်ရင်းမှအဖေဖြစ်သူအိမ်ထဲကထွက်သွားတာနဲ့သူမခေါင်းကိုတည့်လိုက်တော့ကိုကြီးကခါးနှစ်ဖက်ထောက်ကာသူမအားအပေါ်စီးကနေငုံ့ကြ​ည့်နေတာကြောင့်ငွေ့ရည်သွားဖြီးကာဖြင့်

''အဟဲ ကိုကြီး''

''မထတော့ဘူးလား ဒီမှာပဲအိပ်နေတော့မှာလား''

သူမချက်ချင်းပဲကြမ်းပေါ်မှကုန်းရုန်းထလိုက်ပြီး

''ကိုကြီး ငွေ့ရည်ဒီအိမ်မှာတစ်သက်လုံးနေလို့ရတယ်မလားဟင်''

''တစ်သက်လုံး''

''အွန်း ဒက်ဒီကတစ်သက်လုံးပြန်မလာနဲ့ပြောသွားတယ်လေ ဒက်ဒီကစိတ်ဆိုးသွားပြီ''

''မင်းကဒီလောက်ဆိုးနေတာကိုး''

''ကိုကြီးနော် ငွေ့ရည်ဘယ်မှာဆိုးနေလို့လဲ''

''အော်...''

''ကိုကြီးရဲ့အဲဒီ့အော်...ဆိုတဲ့လေသံကဘာလဲဆိုတာငွေ့ရည်သိတယ်နော်''

ကိုကြီးကစိတ်ပျက်လက်ပျက်ပုံနဲ့ခေါင်းရမ်းပြီးသူမရှေ့ကနေထွက်သွားလေ၏။

ဧည့်ခန်းရဲ့အကွယ်မှာကော်ဖီခွက်လေးကိုင်ကာရပ်နေသောအိမ့်မှူးမှာလည်းသူမကိုတောင်မလိုအပ်ပဲစကားအများကြီးမပြောတတ်တဲ့အစ်ကိုဖြစ်သူက ငွေ့ရည်ကိုမှစသလိုနောက်သလိုလေသံမျိုးရောစွက်ကာပြောဆိုနေတာကြောင့်သူမရင်ထဲသံသယတစ်ချို့ကိန်းအောင်းလာရလေသည်။

''ကိုကိုကမဟုတ်မှ...ဖြစ်တော့မဖြစ်နိုင်ပါဘူး သူတို့ကသိပ်လည်းမရင်းနှီးပဲနဲ့ ​ကြိုက်တော့လည်းဘာဖြစ်လဲလေ ငွေ့ရည်ဆိုရင်တော့လက်မခံနိုင်စရာမရှိပါဘူး''

အိမ့်မှူးကိုယ့်ဘာသာမေးကိုယ့်ဘာသာဖြေပြီးလက်ထဲကကော်ဖီအားမော့သောက်လိုက်တော့သည်။

🌺🌺

ငွေ့ရည်ရောက်နေတယ်ဆိုတဲ့သတင်းကြောင့်ထားထားမှာအိမ့်မှူးတို့အိမ်သို့ပထမဆုံးအကြိမ်အဖြစ်ရောက်လာလေ၏။

အိမ့်မှူးတို့အိမ်ကထင်မထားလောက်အောင်ကြီးကျယ်ခမ်းနားပြီးခြံကြီးကလည်းကျယ်ကာအတော်လေးအေးချမ်းသည်။

အိမ်ထဲရောက်သွားတော့လည်းပရိဘောဂတွေကအစအတော်လေးအဆင့်အတန်းမြင့်မားလှ၏။

''လှလိုက်တာ ဒီအိမ်မှာသာနေရရင်တော့''

သူမ တွေးနေတုန်းငွေ့ရည်နဲ့အိမ့်မှူးကသူမထံရောက်လာပြီး

''ထားထား စောင့်လိုက်ရလို့ဆောရီးပဲ''

''ရပါတယ်ဟ''

''နင်ဘာစားမလဲ''

''ဘာနေနေရပါတယ်''

သူမကိုဧည့်ခံနေသူကငွေ့ရည်သာဖြစ်ပြီးအိမ့်မှူးကတော့ဘာစကားမှမပြော။

''အိမ့်မှူး သူရောက်နေတာနင်ခေါင်းမကိုက်ဘူးလား''

''ကိုက်စရာလား သူရောက်နေတာငါကပိုတောင်ပျော်သေးတယ် သူရောက်လာမှအိမ်ကစိုပြေလာတာရယ်''

''ဟုတ်ပါပြီ''

ထားထားကခါးထိရှည်သောဆံနွယ်တွေနဲ့မြန်မာဝတ်စုံတွေပဲရွေးချယ်ဝတ်ဆင်တတ်ပြီးသူမအလှကလည်းမဟာဆန်သည်။

အိမ့်မှူးက

''နင်ခဏစောင့်ဦးနော် ငါနင့်အတွက်မုန့်သွားယူပေးမယ်''

''အင်း''

အိမ့်မှူးထွက်သွားတော့ထားထားက

''ကိုသဝဏ်နဲ့ရောအဆင်ပြေလား သူကဘာ်လိုလူမျိုးလဲဟင်''

''ကိုကြီးကအရမ်းတည်ငြိမ်ပြီးအရမ်းလည်းသဘောကောင်းတယ် ဒီနေ့သူ့နားရက်လေ သူအပေါ်ထပ်မှာရှိတယ်''

''ကိုကြီးတဲ့လား''

သူမစကားကြောင့်ငွေ့ရည်က

''အေးဟ ငါလည်းတွေ့တွေ့ချင်းခေါ်ချင်သလိုခေါ်လိုက်ပြီးအခုနှုတ်ကျိုးသွားတာ တစ်ခြားဘာအကန့်မှမရှိဘူးနော် နင့်စိတ်ထဲတစ်မျိုးမထင်နဲ့ဦး''

ဟုအသဲအသန်ရှင်းပြရသည်။

''အေးပါ ဘာမှမဖြစ်ပါဘူး''

ခဏကြာတော့အိမ့်မှူးကအသီးတွေကိတ်တွေနဲ့အအေးကိုယူကာဧည့်ခန်းထဲပြန်ရောက်လာ၏။

''ရော့ထားထား သုံးဆောင်ပါ''

''ကောင်မစုတ်လေး လေသံကိုက''

ထားထားကပြုံးရုံသာပြုံးလိုက်ပြီး

''နင်ညနေစာစားပြီးမှပြန်နော်''

ထားထားကဟန်ဆောင်ပန်ဆောင်ပင်မငြင်းပဲခေါင်းညိတ်ပြ၏။

ထိုစဥ်သဝဏ်ကအိမ်ပေါ်ထပ်ကဆင်းလာပြီးသူမတို့ကိုလှမ်းမြင်တော့

''ဧည့်သည်ရောက်နေတာလား''

''ဟုတ်တယ်ကိုကို အိမ်မှူးသူငယ်ချင်းပါ ဘာမှအရေးမကြီးပါဘူး''

''အင်း ကိုကိုညနေစာချက်လိုက်ဦးမယ်''

''ဟုတ်ကိုကို''

ထားထားမှာသဝဏ့်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်းမျက်နှာမှာအပြုံးရိပ်လေးတွေဖြတ်သန်းသွားရသည်။

ဘာလို့အဲလောက်ထိကြည့်ကောင်းနေရတာလဲနော်...။

____________

သဝဏ်ညနေစာချက်ပြုတ်နေတုန်းထားထားကသူ့အနားရောက်လာပြီး

''ကိုကြီး ထားထားကိုမှတ်မိလားဟင်''

သဝဏ်ကသူမကိုလှည့်ကြည့်ပြီးမှ

''ကိုသဝဏ်လောက်ဆိုရပါပြီ''

''အာ...ဟုတ် ဟုတ်ကဲ့''

သဝဏ်ကဆက်၍

''မင်းကိုမှတ်မိပါတယ်''

ခုနကသူ့စကားကြောင့်မျက်နှာပျက်ယွင်းသွားတဲ့ထားထားမှာချက်ချင်းဆိုသလိုပဲမျက်နှာလေးပြန်ပြီးရွှင်လန်းလာရကာ

''ဟုတ် ထားထား,ကိုသဝဏ့်ကိုဟင်းကူချက်ပေးရမလားဟင် ထားထားကဟင်းချက်အရမ်းဝါသနာပါတာ''

''နေပါစေ မလိုပါဘူး ကိုယ့်ဘာသာလုပ်နိုင်တယ်''

ထိုအချိန်တွင်ငွေ့ရည်နဲ့အိမ့်မှူးကမီးဖိုခန်းထဲဝင်လာပြီး

''နင်အဲဒါဘာလုပ်နေတာလဲထားထား''

အိမ််မှူးမျက်နှာကအနည်းငယ်အလိုမကျဖြစ်နေပြီပင်။

''ဘာမှမလုပ်ပါဘူး''

ငွေ့ရည်ကသဝဏ့်နားသွားကာ

''ကိုကြီး ငွေ့ရည်ဘာကူလုပ်ပေးရမလဲဟင်''

''မင်းကဘာလုပ်တတ်လို့လဲ''

သူမကမေးလေးကိုလက်ညှိုးနဲ့ထောက်ကာဟိုဟိုဒီဒီကြည့်ပြီးမှကြက်သွန်ဖြူထည့်ထားတဲ့ခွက်လေးကိုမြင်ပြီး

''ကြက်သွန်ဖြူခွာတတ်တယ်''

''တော်လိုက်တာ''

''ဟီးး တစ်ကယ်လား''

''ရွဲ့နေတာ''

''အမ်''

''မြန်မြန်ခွာလေ''

''yes sir''

ထားထားမှာချက်ချင်းပြောင်းလဲသွားသောသဝဏ့်အပြုအမူကြားမှာအတော်လေးမူပျက်သွားရသည်။

သူကသူမနဲ့အနီးကပ်ရှိမနေချင်လို့ဖြစ်မည်။

ဘာကြောင့်လဲ သူမကပုံတုံးနေလို့လားလို့ပြန်တွေးကြည့်တော့လည်းသူမအလှကလူတိုင်းငေးရတဲ့အလှမျိုး။

🌺🌺

သူတို့လေးယောက်ထမင်းလက်ဆုံစားပြီးကြတော့သဝဏ်ကပဲစားပြီးသားပန်းကန်တွေအားဒိုင်ခံဆေးပေးလေ၏။

သူအလုပ်သွားရင်သာအိမ့်မှူးကပဲအိမ်မှူကိစ္စတွေလုပ်ပေမယ့်သူအလုပ်နားရက်ဆိုသူကပဲအိမ်မှူကိစ္စအကုန်လုပ်ပေးသည်။

''ကိုသဝဏ် ထားထားလည်းပန်းကန်ကူဆေးပေးမယ်နော်''

''နေပါစေ''

''နေပါစေမလုပ်ပါနဲ့ ထားထားကဧည့်သည်လေ အားနာလို့ပါ ကူဆေးပေးမယ်နော်''

ပြောပြီးထားထားကသူ့ဘေးလာကပ်ရပ်တာမို့သူဘေးကိုနည်းနည်းတိုးပေးလိုက်၏။

''ငွေ့ရည်အိမ်ကိုရောက်လာတော့ကိုသဝဏ်ခေါင်းကိုက်နေရမှာပဲ သူကအရမ်းမွှေတာ အရမ်းလည်းဆိုးတာ''

''အင်း အစ်ကိုမြင်ပြီးပါပြီ သူဆိုးတာကတစ်မျိုးချစ်ဖို့ကောင်းပါတယ် သူ့ပုံစံကအပြစ်မရှိအပြစ်မသိတဲ့ကလေးတစ်ယောက်နဲ့တူတယ်''

ထားထားမှာဟန်ဆောင်ပန်ဆောင်ဖြင့်အားတင်းကာပြုံးရင်း

''သူ့ကိုအိမ်မှာဘယ်လောက်ကြာကြာခေါ်ထားမှာလဲဟင်''

''သူနေချင်သလောက်ပေါ့''

''တစ်သက်လုံးဆိုရင်ရော''

''မပြောတတ်ပါဘူး မင်းကဘာလို့သိချင်နေတာလဲ''

''ဒီ ဒီလိုပါပဲ''

ထိုအခိုက်...

''ထားထား နင်အဲဒါဘာလုပ်နေပြန်ပြီလဲ''

အသံလာကိုကြည့်လိုက်တော့အိမ့်မှူးကမျက်မှောင်အစုံကျုံ့ကာကြည့်ရင်း

''ငါကိုသဝဏ့်ကိုပန်းကန်ကူဆေးပေးနေတာ''

''မလိုပါဘူး ဧည့်သည်ကဧည့်သည်လိုနေလေ လာခဲ့''

အိမ့်မှူးစိတ်ထဲထားထားအခုလိုသူမအစ်ကိုနားကပ်နေတာစိတ်ထဲမနှစ်မြို့ပါ။
ကိုကို့ကိုလည်းတွေ့ရာမိန်းကလေးနဲ့မကြိုက်စေချင်တာသူမရဲ့အကြီးမားဆုံးဆန္ဒတစ်ခု။

သူမနဲ့ထားထားကငွေ့ရည်ကြောင့်သာခင်ခဲ့ကပေမယ့်သူမကပွင့်လင်းတဲ့ငွေ့ရည်ကိုပိုချစ်သည်။
ငွေ့ရည်ကကလေးစိတ်နဲ့ဆိုးနွဲ့ချင်ပေမယ့်စိတ်ရင်းကတစ်ကယ်ဖြူတဲ့သူ။

မျက်လုံးကိုကြည့်တာနဲ့အတွင်းစိတ်ကိုမြင်ရတဲ့ထိသူမပုံစံကရိုးစင်းသည်။

ထားထားကိုတော့သူငယ်ချင်းလိုခင်နိုင်ပေမယ့်သူမအစ်ကိုနားကပ်ခွင့်ပြုရလောက်တဲ့ထိတော့မခင်တွယ်နိုင်ပေ။
သူမကလှတယ်အေးတယ်ဆိုပေမယ့်အိမ့်မှူးစိတ်ထဲသူမကိုဘာသဘောမတွေ့မှန်းမသိ။

သူမရဲ့ယောက်မဖြစ်လာမယ့်သူကသူမစိတ်ထဲသဘောတွေသူပဲဖြစ်ရမည်။
မဟုတ်လို့ကတော့မရရအောင်ကိုဖျက်ပစ်မှာ။

🌺🌺

Zawgyi


''အန္ကယ့္နာမည္ကဦးလင္းထင္ပါ ေငြ႕ရည္ရဲ႕အေဖေလ''

သဝဏ္သူ႔နားရက္မွာေအးေဆးေနရမလားမွတ္ေပမယ့္ဟိုအရႈပ္ထုပ္မေလးရဲ႕အေဖကအိမ္ကိုေရာက္ခ်လာၿပီပင္။

''ကြၽန္ေတာ့္နာမည္ကသဝဏ္ပါ အန္ကယ္ခဏေလးေစာင့္ပါဦး ကြၽန္ေတာ့္ညီမသူ႔ကိုသြားေခၚေနၿပီ''

ခ်က္ခ်င္းဆိုသလိုပဲေငြ႕ရည္နဲ႔အိမ့္မႉးကဧည့္ခန္းထဲေရာက္လာၿပီးေငြ႕ရည္ကဆိုဖာမွာဝင္ထိုင္ကာအိမ့္မႉးကေတာ့ဦးလင္းထင္အတြက္​​ေကာ္ဖီသြားေဖ်ာ္ေပးေလ၏။

ေငြ႕ရည္ကအေဖျဖစ္သူေရွ႕မွာမ်က္ႏွာကိုအတင္းဆူပုပ္ထားၿပီး

''ဒက္ဒီဘာလာလုပ္တာလဲ''

''သမီးကိုလာေခၚတာေလ ဒက္ဒီနဲ႔ျပန္လိုက္ခဲ့ ဘာလို႔သူမ်ားကိုဒုကၡလာေပးေနတာလဲ''

''သူမ်ားမဟုတ္ပါဘူး ဒါသမီးသူငယ္ခ်င္း အိမ္ ဒါကသမီးကိုႀကီး''

သူ႔ကိုႀကီးနဲ႔ေတာင္ေတြ႕ေနေသး။ဒီငတိမကေတာ့။

''ဘာပဲျဖစ္ျဖစ္ပါသမီးရာ ဒက္ဒီနဲ႔အိမ္ျပန္လိုက္ခဲ့ပါ''

''သမီးကိုျပန္လိုက္ေစခ်င္ရင္ဒက္ဒီ့ေနာက္မိန္းမကိုအိမ္ေပၚကကန္ခ်လိုက္ေလ ဒက္ဒီ့မိန္းမနဲ႔ဒက္ဒီ့မယားပါသမီးေတြနဲ႔အတူမေနႏိုင္ဘူး''

''သမီးကလည္းကြာ ျမသက္ကဒီေလာက္သေဘာေကာင္းၿပီးေ႐ႊရည္နဲ႔ေငြရည္ကလည္းဒီေလာက္လိမၼာတာကို''

''အဲဒါဒက္ဒီ့ေရွ႕မို႔ဟန္ေဆာင္ေနတာေနမွာေပါ့ သမီးကေတာ့မိေထြးႏွိပ္စက္တဲ့ဘဝမွာမေနႏိုင္ဘူး စင္ဒရဲလားလည္းအျဖစ္မခံႏိုင္ဘူး သမီးဝတၳဳေတြ႐ုပ္ရွင္ေတြထဲမွာျမင္ဖူးေနက် အဲလိုမိေထြးနဲ႔မယားပါသမီးေတြကမင္းသမီးကိုႏွိပ္စက္ေနက်''

သူမစကားေၾကာင့္သဝဏ္ရယ္ခ်င္သြားေပမယ့္ရယ္ေတာ့မရယ္မိခဲ့ပါ။

''အဲဒါေၾကာင့္ေျပာတာေပါ့ ဝတၳဳေတြဖတ္တာေလွ်ာ့ပါဆို မလိုခ်င္ဘူး သမီးအခုခ်က္ခ်င္းဒက္ဒီနဲ႔ျပန္လိုက္ခဲ့''

ေငြ႕ရည္ကခ်က္ခ်င္းပဲၾကမ္းေပၚလွဲခ်ၿပီးကိုယ္ကိုလူးလွိမ့္ကာေျခေထာက္ေတြကိုပြတ္၍

''မလိုက္ဘူး မလိုက္ဘူး လုံးဝမလိုက္ဘူး''

ဦးလင္းထင္မွာလည္းသမီးျဖစ္သူအျပဳအမူေၾကာင့္မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္သြားရသလိုသဝဏ္မွာလည္းဆြံ႕အသြားရတာအမွန္ပင္။

သုံးႏွစ္သမီးလိုစိတ္ေကာက္ျပေနတဲ့သူမကဘုရားစူး19ႏွစ္ပါ။

''ေအး မလိုက္နဲ႔ ေနခဲ့ တစ္သက္လုံးျပန္မလာနဲ႔နင္''

ေျပာၿပီးဦးလင္းထင္ကေဒါႀကီးေမာႀကီးနဲ႔ဧည့္ခန္းထဲကထြက္သြားေလ၏။
ေငြ႕ရည္သူမအေဖကိုလိုက္ၾကည့္ရင္းမွအေဖျဖစ္သူအိမ္ထဲကထြက္သြားတာနဲ႔သူမေခါင္းကိုတည့္လိုက္ေတာ့ကိုႀကီးကခါးႏွစ္ဖက္ေထာက္ကာသူမအားအေပၚစီးကေနငုံ႔ၾက​ည့္ေနတာေၾကာင့္ေငြ႕ရည္သြားၿဖီးကာျဖင့္

''အဟဲ ကိုႀကီး''

''မထေတာ့ဘူးလား ဒီမွာပဲအိပ္ေနေတာ့မွာလား''

သူမခ်က္ခ်င္းပဲၾကမ္းေပၚမွကုန္း႐ုန္းထလိုက္ၿပီး

''ကိုႀကီး ေငြ႕ရည္ဒီအိမ္မွာတစ္သက္လုံးေနလို႔ရတယ္မလားဟင္''

''တစ္သက္လုံး''

''အြန္း ဒက္ဒီကတစ္သက္လုံးျပန္မလာနဲ႔ေျပာသြားတယ္ေလ ဒက္ဒီကစိတ္ဆိုးသြားၿပီ''

''မင္းကဒီေလာက္ဆိုးေနတာကိုး''

''ကိုႀကီးေနာ္ ေငြ႕ရည္ဘယ္မွာဆိုးေနလို႔လဲ''

''ေအာ္...''

''ကိုႀကီးရဲ႕အဲဒီ့ေအာ္...ဆိုတဲ့ေလသံကဘာလဲဆိုတာေငြ႕ရည္သိတယ္ေနာ္''

ကိုႀကီးကစိတ္ပ်က္လက္ပ်က္ပုံနဲ႔ေခါင္းရမ္းၿပီးသူမေရွ႕ကေနထြက္သြားေလ၏။

ဧည့္ခန္းရဲ႕အကြယ္မွာေကာ္ဖီခြက္ေလးကိုင္ကာရပ္ေနေသာအိမ့္မႉးမွာလည္းသူမကိုေတာင္မလိုအပ္ပဲစကားအမ်ားႀကီးမေျပာတတ္တဲ့အစ္ကိုျဖစ္သူက ေငြ႕ရည္ကိုမွစသလိုေနာက္သလိုေလသံမ်ိဳးေရာစြက္ကာေျပာဆိုေနတာေၾကာင့္သူမရင္ထဲသံသယတစ္ခ်ိဳ႕ကိန္းေအာင္းလာရေလသည္။

''ကိုကိုကမဟုတ္မွ...ျဖစ္ေတာ့မျဖစ္ႏိုင္ပါဘူး သူတို႔ကသိပ္လည္းမရင္းႏွီးပဲနဲ႔ ​ႀကိဳက္ေတာ့လည္းဘာျဖစ္လဲေလ ေငြ႕ရည္ဆိုရင္ေတာ့လက္မခံႏိုင္စရာမရွိပါဘူး''

အိမ့္မႉးကိုယ့္ဘာသာေမးကိုယ့္ဘာသာေျဖၿပီးလက္ထဲကေကာ္ဖီအားေမာ့ေသာက္လိုက္ေတာ့သည္။

🌺🌺

ေငြ႕ရည္ေရာက္ေနတယ္ဆိုတဲ့သတင္းေၾကာင့္ထားထားမွာအိမ့္မႉးတို႔အိမ္သို႔ပထမဆုံးအႀကိမ္အျဖစ္ေရာက္လာေလ၏။

အိမ့္မႉးတို႔အိမ္ကထင္မထားေလာက္ေအာင္ႀကီးက်ယ္ခမ္းနားၿပီးၿခံႀကီးကလည္းက်ယ္ကာအေတာ္ေလးေအးခ်မ္းသည္။

အိမ္ထဲေရာက္သြားေတာ့လည္းပရိေဘာဂေတြကအစအေတာ္ေလးအဆင့္အတန္းျမင့္မားလွ၏။

''လွလိုက္တာ ဒီအိမ္မွာသာေနရရင္ေတာ့''

သူမ ေတြးေနတုန္းေငြ႕ရည္နဲ႔အိမ့္မႉးကသူမထံေရာက္လာၿပီး

''ထားထား ေစာင့္လိုက္ရလို႔ေဆာရီးပဲ''

''ရပါတယ္ဟ''

''နင္ဘာစားမလဲ''

''ဘာေနေနရပါတယ္''

သူမကိုဧည့္ခံေနသူကေငြ႕ရည္သာျဖစ္ၿပီးအိမ့္မႉးကေတာ့ဘာစကားမွမေျပာ။

''အိမ့္မႉး သူေရာက္ေနတာနင္ေခါင္းမကိုက္ဘူးလား''

''ကိုက္စရာလား သူေရာက္ေနတာငါကပိုေတာင္ေပ်ာ္ေသးတယ္ သူေရာက္လာမွအိမ္ကစိုေျပလာတာရယ္''

''ဟုတ္ပါၿပီ''

ထားထားကခါးထိရွည္ေသာဆံႏြယ္ေတြနဲ႔ျမန္မာဝတ္စုံေတြပဲေ႐ြးခ်ယ္ဝတ္ဆင္တတ္ၿပီးသူမအလွကလည္းမဟာဆန္သည္။

အိမ့္မႉးက

''နင္ခဏေစာင့္ဦးေနာ္ ငါနင့္အတြက္မုန္႔သြားယူေပးမယ္''

''အင္း''

အိမ့္မႉးထြက္သြားေတာ့ထားထားက

''ကိုသဝဏ္နဲ႔ေရာအဆင္ေျပလား သူကဘာ္လိုလူမ်ိဳးလဲဟင္''

''ကိုႀကီးကအရမ္းတည္ၿငိမ္ၿပီးအရမ္းလည္းသေဘာေကာင္းတယ္ ဒီေန႔သူ႔နားရက္ေလ သူအေပၚထပ္မွာရွိတယ္''

''ကိုႀကီးတဲ့လား''

သူမစကားေၾကာင့္ေငြ႕ရည္က

''ေအးဟ ငါလည္းေတြ႕ေတြ႕ခ်င္းေခၚခ်င္သလိုေခၚလိုက္ၿပီးအခုႏႈတ္က်ိဳးသြားတာ တစ္ျခားဘာအကန္႔မွမရွိဘူးေနာ္ နင့္စိတ္ထဲတစ္မ်ိဳးမထင္နဲ႔ဦး''

ဟုအသဲအသန္ရွင္းျပရသည္။

''ေအးပါ ဘာမွမျဖစ္ပါဘူး''

ခဏၾကာေတာ့အိမ့္မႉးကအသီးေတြကိတ္ေတြနဲ႔အေအးကိုယူကာဧည့္ခန္းထဲျပန္ေရာက္လာ၏။

''ေရာ့ထားထား သုံးေဆာင္ပါ''

''ေကာင္မစုတ္ေလး ေလသံကိုက''

ထားထားကၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး

''နင္ညေနစာစားၿပီးမွျပန္ေနာ္''

ထားထားကဟန္ေဆာင္ပန္ေဆာင္ပင္မျငင္းပဲေခါင္းညိတ္ျပ၏။

ထိုစဥ္သဝဏ္ကအိမ္ေပၚထပ္ကဆင္းလာၿပီးသူမတို႔ကိုလွမ္းျမင္ေတာ့

''ဧည့္သည္ေရာက္ေနတာလား''

''ဟုတ္တယ္ကိုကို အိမ္မႉးသူငယ္ခ်င္းပါ ဘာမွအေရးမႀကီးပါဘူး''

''အင္း ကိုကိုညေနစာခ်က္လိုက္ဦးမယ္''

''ဟုတ္ကိုကို''

ထားထားမွာသဝဏ့္ကိုမ်က္စိတစ္ဆုံးလိုက္ၾကည့္ရင္းမ်က္ႏွာမွာအၿပဳံးရိပ္ေလးေတြျဖတ္သန္းသြားရသည္။

ဘာလို႔အဲေလာက္ထိၾကည့္ေကာင္းေနရတာလဲေနာ္...။

____________

သဝဏ္ညေနစာခ်က္ျပဳတ္ေနတုန္းထားထားကသူ႔အနားေရာက္လာၿပီး

''ကိုႀကီး ထားထားကိုမွတ္မိလားဟင္''

သဝဏ္ကသူမကိုလွည့္ၾကည့္ၿပီးမွ

''ကိုသဝဏ္ေလာက္ဆိုရပါၿပီ''

''အာ...ဟုတ္ ဟုတ္ကဲ့''

သဝဏ္ကဆက္၍

''မင္းကိုမွတ္မိပါတယ္''

ခုနကသူ႔စကားေၾကာင့္မ်က္ႏွာပ်က္ယြင္းသြားတဲ့ထားထားမွာခ်က္ခ်င္းဆိုသလိုပဲမ်က္ႏွာေလးျပန္ၿပီး႐ႊင္လန္းလာရကာ

''ဟုတ္ ထားထား,ကိုသဝဏ့္ကိုဟင္းကူခ်က္ေပးရမလားဟင္ ထားထားကဟင္းခ်က္အရမ္းဝါသနာပါတာ''

''ေနပါေစ မလိုပါဘူး ကိုယ့္ဘာသာလုပ္ႏိုင္တယ္''

ထိုအခ်ိန္တြင္ေငြ႕ရည္နဲ႔အိမ့္မႉးကမီးဖိုခန္းထဲဝင္လာၿပီး

''နင္အဲဒါဘာလုပ္ေနတာလဲထားထား''

အိမ္္မႉးမ်က္ႏွာကအနည္းငယ္အလိုမက်ျဖစ္ေနၿပီပင္။

''ဘာမွမလုပ္ပါဘူး''

ေငြ႕ရည္ကသဝဏ့္နားသြားကာ

''ကိုႀကီး ေငြ႕ရည္ဘာကူလုပ္ေပးရမလဲဟင္''

''မင္းကဘာလုပ္တတ္လို႔လဲ''

သူမကေမးေလးကိုလက္ညႇိဳးနဲ႔ေထာက္ကာဟိုဟိုဒီဒီၾကည့္ၿပီးမွၾကက္သြန္ျဖဴထည့္ထားတဲ့ခြက္ေလးကိုျမင္ၿပီး

''ၾကက္သြန္ျဖဴခြာတတ္တယ္''

''ေတာ္လိုက္တာ''

''ဟီးး တစ္ကယ္လား''

''႐ြဲ႕ေနတာ''

''အမ္''

''ျမန္ျမန္ခြာေလ''

''yes sir''

ထားထားမွာခ်က္ခ်င္းေျပာင္းလဲသြားေသာသဝဏ့္အျပဳအမူၾကားမွာအေတာ္ေလးမူပ်က္သြားရသည္။

သူကသူမနဲ႔အနီးကပ္ရွိမေနခ်င္လို႔ျဖစ္မည္။

ဘာေၾကာင့္လဲ သူမကပုံတုံးေနလို႔လားလို႔ျပန္ေတြးၾကည့္ေတာ့လည္းသူမအလွကလူတိုင္းေငးရတဲ့အလွမ်ိဳး။

🌺🌺

သူတို႔ေလးေယာက္ထမင္းလက္ဆုံစားၿပီးၾကေတာ့သဝဏ္ကပဲစားၿပီးသားပန္းကန္ေတြအားဒိုင္ခံေဆးေပးေလ၏။

သူအလုပ္သြားရင္သာအိမ့္မႉးကပဲအိမ္မႉကိစၥေတြလုပ္ေပမယ့္သူအလုပ္နားရက္ဆိုသူကပဲအိမ္မႉကိစၥအကုန္လုပ္ေပးသည္။

''ကိုသဝဏ္ ထားထားလည္းပန္းကန္ကူေဆးေပးမယ္ေနာ္''

''ေနပါေစ''

''ေနပါေစမလုပ္ပါနဲ႔ ထားထားကဧည့္သည္ေလ အားနာလို႔ပါ ကူေဆးေပးမယ္ေနာ္''

ေျပာၿပီးထားထားကသူ႔ေဘးလာကပ္ရပ္တာမို႔သူေဘးကိုနည္းနည္းတိုးေပးလိုက္၏။

''ေငြ႕ရည္အိမ္ကိုေရာက္လာေတာ့ကိုသဝဏ္ေခါင္းကိုက္ေနရမွာပဲ သူကအရမ္းေမႊတာ အရမ္းလည္းဆိုးတာ''

''အင္း အစ္ကိုျမင္ၿပီးပါၿပီ သူဆိုးတာကတစ္မ်ိဳးခ်စ္ဖို႔ေကာင္းပါတယ္ သူ႔ပုံစံကအျပစ္မရွိအျပစ္မသိတဲ့ကေလးတစ္ေယာက္နဲ႔တူတယ္''

ထားထားမွာဟန္ေဆာင္ပန္ေဆာင္ျဖင့္အားတင္းကာၿပဳံးရင္း

''သူ႔ကိုအိမ္မွာဘယ္ေလာက္ၾကာၾကာေခၚထားမွာလဲဟင္''

''သူေနခ်င္သေလာက္ေပါ့''

''တစ္သက္လုံးဆိုရင္ေရာ''

''မေျပာတတ္ပါဘူး မင္းကဘာလို႔သိခ်င္ေနတာလဲ''

''ဒီ ဒီလိုပါပဲ''

ထိုအခိုက္...

''ထားထား နင္အဲဒါဘာလုပ္ေနျပန္ၿပီလဲ''

အသံလာကိုၾကည့္လိုက္ေတာ့အိမ့္မႉးကမ်က္ေမွာင္အစုံက်ဳံ႕ကာၾကည့္ရင္း

''ငါကိုသဝဏ့္ကိုပန္းကန္ကူေဆးေပးေနတာ''

''မလိုပါဘူး ဧည့္သည္ကဧည့္သည္လိုေနေလ လာခဲ့''

အိမ့္မႉးစိတ္ထဲထားထားအခုလိုသူမအစ္ကိုနားကပ္ေနတာစိတ္ထဲမႏွစ္ၿမိဳ႕ပါ။
ကိုကို႔ကိုလည္းေတြ႕ရာမိန္းကေလးနဲ႔မႀကိဳက္ေစခ်င္တာသူမရဲ႕အႀကီးမားဆုံးဆႏၵတစ္ခု။

သူမနဲ႔ထားထားကေငြ႕ရည္ေၾကာင့္သာခင္ခဲ့ကေပမယ့္သူမကပြင့္လင္းတဲ့ေငြ႕ရည္ကိုပိုခ်စ္သည္။
ေငြ႕ရည္ကကေလးစိတ္နဲ႔ဆိုးႏြဲ႕ခ်င္ေပမယ့္စိတ္ရင္းကတစ္ကယ္ျဖဴတဲ့သူ။

မ်က္လုံးကိုၾကည့္တာနဲ႔အတြင္းစိတ္ကိုျမင္ရတဲ့ထိသူမပုံစံက႐ိုးစင္းသည္။

ထားထားကိုေတာ့သူငယ္ခ်င္းလိုခင္ႏိုင္ေပမယ့္သူမအစ္ကိုနားကပ္ခြင့္ျပဳရေလာက္တဲ့ထိေတာ့မခင္တြယ္ႏိုင္ေပ။
သူမကလွတယ္ေအးတယ္ဆိုေပမယ့္အိမ့္မႉးစိတ္ထဲသူမကိုဘာသေဘာမေတြ႕မွန္းမသိ။

သူမရဲ႕ေယာက္မျဖစ္လာမယ့္သူကသူမစိတ္ထဲသေဘာေတြသူပဲျဖစ္ရမည္။
မဟုတ္လို႔ကေတာ့မရရေအာက္ကိုဖ်က္ပစ္မွာ။

🌺🌺

Continue Reading

You'll Also Like

3.2K 102 12
ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်
5.2K 100 10
After Wonderlands x Showtime plan their next show Nene asks Rui about something he tends to do a lot. This leads to the Virtual Singers helping Rui a...
15.5K 298 22
အချစ်အမုန်းဟာသ ရောပြွှန်းထည့်ထားပါတယ်ရှင်.....
967 86 21
'တိမ္စိုင္ျပာျပာေလးလို ေလႏွင္ရာလြင့္ခ်င္ပါတယ္....ေငြ႔ရည္ဖြဲ႔လိုၿပိဳက်ျခင္းကေတာ့ ေမာင့္ ရင္ခြင္တစ္ခုထဲ၌သာေပါ့...' Start date-29. Sep. 2022 End date- U...