ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၉၈)

95 15 1
By jellyflower1

အပိုင်း(၄၉၈)

ထျန်းစီးပွားရေးအုပ်စု

ဒါရိုက်တာအဖွဲ့က အရေးပေါ် အစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ် ထျန်းရွှမ်က အစည်းအဝေးပွဲ တက်ရောက်လာ၍ အားလုံး အံ့ဩနေသည်။

ယခင်က ထျန်းရွှမ်ကို လူမသိ သူမသိ နေရာတွင် အလုပ်ခန့်ထား၍ ထျန်းရွှမ်က ကုမ္ပဏီပြန်ရောက်နေသည့် အကြောင်းကို ရှယ်ရာရှင်တချို့ မသိခဲ့ခြင်း ဖြစ်သည်။

ထျန်းရွှမ်က သူ့ကို ရှယ်ရာရှင်များ မယုံကြည်မှန်းလည်း သိနေသည်။ ထို့ကြောင့် ခေါင်းမာလွန်းသော အဘိုးကြီးများက သူမ၏အရည်အချင်းကို ယုံကြည်လက်ခံလာအောင် သူမ သက်သေပြရမည်။

"ဒီနေ့က ဘိုးဘိုးကိုယ်စား အစည်းအဝေးတက်ပေးတာပါ။ ရှင်တို့တွေ ပြောချင်တာရှိရင် ကျွန်မကိုပဲ ပြောပေးပါ"

ရှယ်ရာရှင်များက တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ကြသည်။ နောက်ဆုံးတော့ ထျန်းရွှမ်၏ ညာဘက်ခြမ်းမှာ ထိုင်နေသည့်  အသက် ၄၀ပတ်လည် လူအိုကြီးက သူ့ဝတ်စုံကို သေသပ်အောင် ပြင်ဆက်လျက် ဝင့်ကြွားသော အမူအရာဖြင့် စကားပြောသည်။
"ရှားသူဌေး ဘယ်အချိန် ပြန်လာမလဲ သိချင်တယ်။ ထျန်းစီးပွားရေး အုပ်စုလို ကုမ္ပဏီကြီးက ကြီးကြပ်မယ်သူ မရှိပဲ ဘယ်လို ရှေ့ဆက်ကြမလဲ"

ထျန်းရွှမ်က ခေါင်းငုံ့ထားလိုက်ပြီး မပြုံးခင် စက္ကန့်ပိုင်းမျှ တွေးတောနေသည်။
"အန်တီရှား သေလား ရှင်လား ငါတို့တွေလည်း သေသေချာချာ မသိသေးပါဘူး။ လူတိုင်းက ငါတို့ကို အချိန်ပေးဖို့ မျှော်လင့်ပါတယ်"

"အချိန်ပေးရမယ် ဟုတ်လား။ ဆွစ်ဇာလန်နဲ့ ပူးပေါင်းဖို့ ငါတို့ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံထားရလဲ မင်း သိလို့လား။ အခုလိုသာ ဆိုရင် ပယ်ဖျက်ခံရတော့မယ်။ ဒါကို ဘယ်သူက တာဝန်ယူပေးမှာလဲ"

"ထျန်းသခင်မလေး၊ မင်းအခက်အခဲကို ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့လို ရှယ်ရာရှင်တွေရဲ့ အကျိုးအမြတ်ကိုလည်း ထည့်စဉ်းစားပေးသင့်တယ်"
တခြားလူအိုကြီးက လက်ပိုက်ဟန် အနေအထားဖြင့် စကားဝင်ပြောသည်။
"ထျန်းမိသားစုက ကုမ္ပဏီကို ထိန်းချုပ်နိုင်ရင် ပြဿနာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစီးပွားရေးလုပ်ငန်းကို မင်းတို့မိသားစုက တည်ထောင်ခဲ့လို့ မင်းတို့က ရှယ်ရာအများဆုံး ပိုင်တာပဲ။ ဒါပေမဲ့ မင်းတို့အနေနဲ့ ငါတို့ကို ဖြေရှင်းချက် ပေးသင့်တယ်မလား။ ရှားသူဌေး ပြန်မလာနိုင်သေးရင်လည်း သူဌေးကြီးက သူ့ရာထူးကို ပြန်ယူသင့်တယ် မဟုတ်ဘူးလား"

"ငါ့အဘိုးက ခုနောက်ပိုင်း ကျန်းမာရေး သိပ်မကောင်းဘူးလေ"

"အွန်း၊ ဒုတိယသခင်မလေးက ဆရာဝန်ဆိုတော့ သူ့ကို ဖိအားပေးလို့ မရဘူး။ တတိယသခင်မလေး ဆိုရင်ရော။ ထျန်းနင်က ဖျော်ဖြေရေးလောကထဲက နုတ်ထွက်သွားတာ မကြာသေးဘူးလေ။ သူသာ ကုမ္ပဏီကို ခဏ အုပ်ချုပ်ပေးနိုင်ရင်လည်း အုပ်ချုပ်သူ မရှိတာထက် စာရင် ပိုမကောင်းဘူးလား"

ထျန်းရွှမ်၏မျက်ဝန်းများက မှောင်မိုက်နေသည်။ သူမ ပြန်ပြောခါနီး တခြားသော ရှယ်ရာရှင်က ရုတ်တရက် စကားဝင်ပြောသည်။
"အနုပညာသမားကို ကုမ္ပဏီ အုပ်ချုပ်ခိုင်းမလို့လား။ မင်း နောက်ပြောင်နေတာလား"

"ထျန်းနင်က ဖျော်ဖြေရေးလောကထဲက အနုပညာရှင် ဖြစ်ပေမဲ့ ကျော်ကြားမှု ရှိတယ်လေ။ ပြီးတော့ သူက လူကို လူလို ဆက်ဆံတတ်တယ်။ ဒါမို့ သူ့ကို ရွေးချယ်လိုက်တာ ပိုအကောင်းဆုံး မဖြစ်ဘူးလား"

"တော်လိုက်တော့။ လူတကာကို ဖျော်ဖြေရတဲ့ လူပြက်ကိုတော့ ငါတို့ ခေါင်းဆောင် မသတ်မှတ်နိုင်ဘူး။ သူများတွေက ငါတို့ကို လှောင်ရယ်နေမှာပေါ့"

"ဒါဆိုရင် မင်းက ဘယ်သူကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားလဲ"

ထျန်းနင်ကြောင့် ရှယ်ရာရှင်တချို့ ဒေါသထွက်နေသည်။ သူတို့က ထျန်းနင်၏ အသက်မွေးဝမ်းကြောင်း အလုပ်ကို  အထင်မကြီးကြပေ။

"ထျန်းနင်ကို လက်မခံချင်တဲ့သူ ဘယ်နှယောက်ရှိလဲ သိချင်မိတယ်။ ငါတို့သာ သူ့ကို ထျန်းအုပ်စုရဲ့ ခေါင်းဆောင်ခန့်လိုက်ရင် ငါတို့ ထျန်းအုပ်စု သိက္ခာကျမှာပေါ့။ အဲဒီအစား ပထမသခင်မလေးပဲ အုပ်ချုပ်တာ ပိုမကောင်းဘူးလား"

တချို့က ထျန်းရွှမ်ကို ရုတ်ခြည်း ဦးတည်ပြောလာ၍ ထျန်းရွှမ် ကိုယ်တိုင် အံ့အားသင့်နေသည်။

တကယ်တမ်း အခန်းထဲမှ လူအများစုက ထျန်းရွှမ်၏အားနည်းချက်ကို ကောင်းကောင်းသိကြသော်လည်း ထျန်းရွှမ်၏ အရှေ့မှာ မကောင်းကြောင်း ပြောရခြင်းက အဆင်မပြေလှချေ။

ထျန်းရွှမ်က သူတို့အတွေးကို သိနေ၍ ရိုးသားသော လေသံဖြင့် ပြုံးလျက်စကားပြောသည်။
"အရင်တုန်းက ငါ့မှာ အားနည်းချက်တွေ များခဲ့မှန်း သိပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ အောက်ခြေကနေ အလုပ်ပြန်လုပ်ပြီးနောက်ပိုင်း ပြုပြင်သင့်တာတွေကို ပြုပြင်ပြီး ထျန်းအုပ်စုအကြောင်း ပိုသိလာပါပြီ။ လူတိုင်းကို ပြောချင်တာက ခေါင်းဆောင်နေရာကို ဘယ်သူယူယူ ကျွန်မအတွက် ပြဿနာ မရှိဘူးဆိုတာ သိစေချင်ပါတယ်"

"ငါက ထျန်းနင်ကို ထောက်ခံတယ်"

"ငါကတော့ ပထမသခင်မလေးကို ထောက်ခံတယ်"

"ပထမသခင်မလေး"

"ငါ ကြားထားတဲ့ သတင်းအရတော့ ထျန်းနင်က ကုမ္ပဏီကို ကြီးကြပ်ဖို့ စိတ်မဝင်စားဘူးတဲ့။ သူဌေးကြီး ခဏခဏ ကမ်းလှမ်းတာတောင် ငါတို့လို အဘိုးအိုကြီးတွေနဲ့ အစည်းအဝေး ထိုင်ရမှာ ပျင်းရိသတဲ့။ ကြီးကြပ်တဲ့ အလုပ်ကို သူ စိတ်မဝင်စားဘူးလေ"

"သူ့ကို ထည့်မစဉ်းစားရင် ဘယ်သူ့ကို ထည့်စဉ်းစားစရာ ကျန်သေးလို့လဲ"

"ပထမသခင်မလေးသာ လွှဲပြောင်းယူနိုင်ရင် ငါတို့ စိတ်အေးရမှာပါ"

ဆွေးနွေးညှိနှိုင်းခြင်းက ထျန်းရွှမ် လိုချင်သည့် ရလဒ်သို့ ဦးတည်လာခဲ့သည်။ သို့သော်လည်း သူမက တည်ငြိမ်လျက် စကားပြန်ပြောသည်။
"ကျွန်မကို ယုံကြည်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အရင်တုန်းကဆို အမှားတွေ လုပ်ခဲ့မိတယ်"

"ဆုံးဖြတ်ချက်ချရ ခက်ခဲနေရင် မဲခွဲရွေးချယ်ရင် မကောင်းဘူးလား"

"အမှန်ပဲ မဲခွဲကြတာပေါ့"

လူတိုင်း သဘောတူလက်ခံပြီးနောက် ရှယ်ရာရှင်များက မျှတဆုံး နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ထျန်းရွှမ်က လူအများစုကို လာဘ်ထိုးထား၍ သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိသည်။ သို့သော်လည်း ရလဒ်က သရေကျနေ၍ သူမ မမျှော်လင့်ထားသော အခြေအနေ ဖြစ်နေသည်။

"မင်းတို့အားလုံးက ထျန်းနင်ကို မဲပေးတယ်ဆိုတော့  စိတ်ပျက်ဖွယ်ပဲ။ ခန္ဓာကိုယ် အသွေးအသားတွေကို အများမြင်အောင် ပြပြီး ထမင်းရှာစားနေတဲ့သူကို ငါတို့ထျန်းအုပ်စုရဲ့ ခေါင်းဆောင်ခန့်ဖို့ စဉ်းစားစရာလား"

"လူတိုင်း စိတ်အေးအေးထားပါ။ အခုချိန်မှာ ငါတို့လုပ်ရမယ့် အကောင်းဆုံးအပြုအမူက ဘိုးဘိုးရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ပဲ"
ထျန်းရွှမ်က အယဉ်ကျေးဆုံး တုံ့ပြန်သည်။
"ဘိုးဘိုးရဲ့ စကားကိုပဲ အတည်မှတ်ယူတာပေါ့"

"ဘယ်သူ့ကို ခေါင်းဆောင်ခန့်ဖို့ ထပ်စဉ်းစားရဦးမလဲ။ ထျန်းနင်ရဲ့ အရည်အချင်းကို ဘယ်သူ မြင်ဖူးထားလို့လဲ။ ဖျော်ဖြေရေးလောကမှာ အကောင်းဆုံး ရှင်သန်နိုင်ရုံနဲ့ စီးပွားရေးလုပ်ငန်းကို ကောင်းကောင်း ကြီးကြပ်နိုင်ရောလား"

"မင်းတို့ကောင်တွေက ထျန်းနင်ကို ခေါင်းဆောင်ခန့်ဖို့ အရမ်းစိတ်အား ထက်သန်နေရင်လည်း ငါ့ရှယ်ရာတွေ ရောင်းပစ်ဖို့ စဉ်းစားရတော့မယ်"

မဲခွဲရွေးချယ်ပြီးသော်လည်း လိုချင်သော ရလဒ် ထွက်မလာခဲ့ပေ။ သူတို့က ထျန်းရွှမ် နှင့် ထျန်းနင်ကြား ဝေခွဲရခက်နေသည်။ ထိုစဉ် ထျန်းအကြီးအကဲ ဖုန်းဆက်လာသည်။ သူတို့အားလုံး မကျေမနပ် ဖြစ်နေသော်လည်း သူတို့ဒေါသကို ထိန်းချုပ်လျက် ဖုန်းကိုင်လိုက်သည်။

"ယွီလင်းက ဆွစ်ဇာလန်မှာ ပြန်ပေးဆွဲခံရလို့ သေလား ရှင်လား မသိရသေးဘူး။ ထျန်းမိသားစု အကုန်လုံး သူဘယ်မှာရှိလဲ စုံစမ်းနေတယ်။ ဒါမို့ မနက်ဖြန်တော့ ထျန်းအုပ်စုရဲ့ ကြီးကြပ်သူ ဘယ်သူလဲဆိုတာ ငါ ကြေညာပေးမယ်။ ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ သံသယ မဝင်လောက်ပါဘူး"

ထျန်းရွှမ်က ခေါင်းငုံ့ထားပြီး သွေးအေးစွာ ပြုံးနေသည်။

"မနက်ဖြန် မင်းတို့အားလုံးနဲ့ အစည်းအဝေးထိုင်ဖို့ ငါ့မြေးမလေးကို လွှတ်လိုက်မယ်"

သူ့မြေးမလေးဟု ပြောလိုက်သော်လည်း နာမည်အတိအကျ မပြောခဲ့ပေ။

ရှယ်ရာရှင်များက ထျန်းအကြီးအကဲ၏စကားကို နားလည်မှုလွဲသွားပြီး ထျန်းရွှမ်ကို ခန့်အပ်လိုက်သည်ဟု ယူဆကာ လက်ခုပ်တီးကြသည်။

"ကောင်းတာပေါ့။ မော်ဒယ်က ဘေးဖယ်သင့်တာပဲ။ ဗြောင်းပြောရရင် ထျန်းနင်လို မော်ဒယ်က ယောက်ျားရဲ့ အရုပ်ပဲ ဖြစ်သင့်တာပါ။ ငါတို့ကုမ္ပဏီရဲ့ တံခါးပေါက်ကိုတောင် ခြေမချသင့်ဘူး"

"မင်းပြောတဲ့စကားကို မင်းဘာသာမင်း သေချာ မှတ်ထား"
ထျန်းနင်ကို ထောက်ခံသူတစ်ဦးက သတိပေးသည်။

"ဘိုးဘိုးက ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ မနက်ဖြန် အစည်းအဝေးပွဲမှာ ထပ်ဆုံကြတာပေါ့"

"မနက်ဖြန် ဘယ်သူ အစည်းအဝေးပွဲ တက်ရမလဲ မသေချာသေးပါဘူး။ မင်းတစ်ယောက်တည်းပဲ သူဌေးကြီးရဲ့ မြေးမှ မဟုတ်တာလေ"
တစ်စုံတစ်ယောက်က သူမကို ခနဲ့ပြီး ထွက်သွားသည်။ ဤစကားလုံးက ထျန်းရွှမ်ကို သေချာပေါက် နာကျင်စေသည်။

အပိုင်း(၄၉၈)
ပြီး၏။

Continue Reading

You'll Also Like

1.4M 108K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 124K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.4M 274K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
20.2K 2.7K 12
Only Love Can...Hurt Like This 💔