ဆေးရုံကားပါကင်မှာ ဆိုင်ကယ်ရပ်ပြီး ယူလာတဲ့အထုပ်နဲ့ လမ်းလျှောက်
လာတုန်း အန်တီ့ကို အနောက်ကကောင်မလေးတစ်ယောက်နဲ့အတူ
ဆေးရုံမြေညီထပ်ထဲဆင်းလာသည်
ကိုတွေ့လိုက်ရသည်။
ကားသမားက အန်တီထွက်လာတာနဲ့
ကားတံခါးဖွင့်ပေးနေပေမယ့် သူ့ကို
မြင်သွားတာနဲ့အန်တီက ဒရိုင်ဘာကို
လက်ပြပြီး စောင့်ထားခိုင်းသည်။
သူ့ကိုပြုံးပြပြီးကားဘေးမှာ ရပ်စောင့်
နေတဲ့ ဗျူဟာပိုင်အမေထံ မရဲတရဲနှင့်ပင်လှမ်းလာ၍ သက်ပြင်းတစ်ချက်ခိုးချ
ရတာပင်၊။မတွေ့အောင်အန်တီပြန်မယ့်အချိန်လာပါတယ်ဆိုမှအခုတော့ ထိပ်
တိုက်ပဲ။
" ဘာတွေယူလာပေးပြန်ပြီလဲသား။
အခန်းထဲမှာသားဘုန်းရောက်နေလို့
အန်တီကအခုအိမ်ခဏပြန်မလို့"
"ဘာမှ အထွေအထူးမဟုတ်ပါဘူး။
အသီးနည်းနည်းပါပဲ"
လက်ထဲကအိတ်ကိုအနောက်ပစ်လိုက်
သည့်တိုင် အန်တီကလိုက်ကြည့်ပြီး ပြုံးနေလျက်ပင်။
"နေစင်ဟန်နော် သားနာမည်က"
" ဟုတ်ပါတယ်အန်တီ"
"အန်တီ စိတ်နဲ့ကိုယ်မကပ်နေတာနဲ့ပဲ ဒီရက်ပိုင်း စကားတောင်သေချာမပြော
ဖြစ်ရဘူးကွယ်။သားလည်း ဒီရက်ပိုင်းကျောင်းတွေပျက်နေရမှာပဲ။
အခုထိ အိမ်မှာကောင်းကောင်းလည်း
ပြန်မနားရသေးဘူးမလား။ တစ်ချိန်လုံးဆေးရုံမှာပဲရှိနေတာ။ဒီနေ့ခဏဝင်
ကြည့်ပြီး အိမ်ပြန်နားရင်နားလိုက်
ပင်ပန်းနေမှာပေါ့။သား သူငယ်ချင်း အခြေအနေက စိတ်ချနေရပြီပဲ"
အံ့ဩစွာနှင့်ပင်ဖြစ်ရသည်။အန်တီက ဗျူဟာသတိမရလာထဲကနေ့တိုင်း
ဆေးရုံခန်းထဲမှာပဲသူ့သားကို စောင့်
ကြည့်နေတာမလား။သူ အိမ်မပြန်
တာကိုဘယ်လိုသိတာလဲ။
ဗျူဟာ ဆေးရုံရောက်လာတဲ့အချိန်
ထဲက အကုန်လုံးရှုပ်နေကြသည်မို့
အန်တီနဲ့ စကားသေချာမပြောဖြစ်သေး။ ဗျူဟာသူ့ကြောင့် မကျေနပ်ချက်နဲ့
ဓါးထိုးခံလိုက်ရသည်ကိုဘုန်းပြည့်
က ကြားထဲကနေထိန်ချန်၍
ဗျူဟာနဲ့ထွန်းမြတ် ကျောင်းမှာ
ကိစ္စလေးရှိလို့ စကားများဖူးတယ်
လို့သာ လူကြီးတွေကို ထွက်ဆိုထား၍
သူအခုချိန်အန်တီ့အရှေ့မှာမျက်နှာ
ပြရပ်နေရဲတာဖြစ်သည်။
"ကျွန်တော့်အတွက်က အပန်းမကြီး
ပါဘူး။အန်တီ လိုအပ်တာရှိရင် ဘာပဲဖြစ်ဖြစ် ခိုင်းနော် ကျွန်တော်အခန်း
အပြင်မှာ အမြဲရှိတယ်။ကျွန်တော့်မိဘ
တွေ ဗျူဟာကိုလာမကြည့်တာတော့
အန်တီ တစ်မျိုးမထင်စေချင်ဘူး။
အမေတို့စိတ်ပူမှာစိုးလို့ကျွန်တော် ဘာမှ
မပြောပြထားလို့"
" အန်တီနားလည်တယ်။သားမပြော
ချင်ရင်မပြောနဲ့ လူကြီးတွေသက်
သက်မဲ့စိတ်ပူနေရအုံးမယ်။
အဲဒီနေ့က သားပါဘာမှမဖြစ်သွား
လို့ တော်ပါသေးတယ် မဟုတ်ရင် သား
မိဘတွေကို အန်တီဘယ်လိုမျက်နှာ
ပြရမလဲဆိုတာ သိမှာတောင်
မဟုတ်ဘူး"
သူ့ကို အားနာနေဟန်ဖြစ်နေသည်
ကပင်အန်တီနီလာရှေ့သူပို၍
ခေါင်းငုံ့မိစေတာပင်။
ဗျူဟာနဲ့သူငယ်ချင်းတွေလို့ဘုန်းပြည့်ကပြောပြထားတော့ အဲဒီညက သူ
ဗျူဟာနဲ့barကိုအတူပါသွားတာလို့
အန်တီကထင်နေတာ။ မိဘချင်း
ကိုယ်ချင်းစာစွာ စိုးရိမ်ပေး မှုကပင်
အန်တီရဲ့ သဘောထားကိုပို၍ပေါ်လွင်စေသည်။သူ့သားကိုဘာလို့ဝင်မကူ
တာလဲ ဒီအတိုင်းရပ်ကြည့်နေတာ
လား ငါ့သားနေရာမင်းကဘာလို့မ
ဖြစ်ရတာလဲဆိုသည့် အပြစ်တင်မှု
က စဖြစ်ထဲက တစ်ကယ်ကို
စိတ်လေးနဲ့တောင်မရှိ။ သူဌေးတွေ
ဖြစ်ပေမဲ့ သားသမီးကိုယ်ချင်းစာ
ပြီးတန်းတူပင်။
အန်တီကသူ့ကိုပြန်၍ပင်အားနာနေတော့.....။
" ဗျူဟာကလေ သားကို တော်တော်
ခင်တဲ့ပုံပဲ။သားဘုန်းက လွဲပြီး ဗျူဟာ
မှာ ဒီလောက်ထိရင်းနှီးတဲ့ သူငယ်ချင်း
မရှိဘူး။သူအိမ်ပေါ်က ဆင်းနေတဲ့
အချိန် အန်တီ့ကို ဖုန်းဆက်တုန်းက
လည်း သားဘုန်းအိမ်မှာ ရှိနေတာ
သေချာလား အန်တီမေးတော့ သူ
ကောင်းမွန်နေရာဆီမှာရှိနေလို့ ဘာမှ
စိတ်မပူပါနဲ့တဲ့။သားက အဲဒီလိုကို
ပြောတာ "
လွန်ခဲ့တဲ့ရက်တွေကဆေးရုံအခန်း
ထဲကမထွက်ပဲသောကရောက်နေ
သည်နှင့်ခြားနားစွာ ဗျူဟာသတိရ
လာတာနဲ့ဆုတောင်းတွေပြည့်ဝသွား
သလိုအပြုံးတွေဝေနေသည့် မိခင်
တစ်ယောက်ရဲ့မျက်နှာ။
"ဗျူဟာကိုသားတို့အိမ်မှာ ခေါ်ထား
ပေးတာ သားကိုရောသားမိဘတွေ
ကိုပါအန်တီအရမ်းကျေးဇူးတင်တယ်။
အဲဒီကောင်လေးကလေ သူစိတ်
မကြည်ရင်နည်းနည်းဂျစ်တိုက်တတ်
လို့ သူငယ်ချင်းတွေဖြစ်တဲ့ သားနဲ့
သားဘုန်းတို့ကပဲနည်းနည်းသည်းခံ
ပေးနော်။ သူငယ်ချင်းအချင်းချင်း သက်သက်မဲ့ဗိုလ်ကျ အနိုင်ကျင့်တာ
မျိုးတော့ သူမလုပ်ပါဘူး။သားဘုန်း
ကတော့အဲ့ကောင်လေးအကြောင်းကို
သိပြီးသား။တစ်ကယ်လို့အဲ့ကောင်လေး အရမ်းဆိုးနေလို့ဗိုလ်ကျပြီးပြောမရ
တာတွေဘာတွေရှိရင်တော့အန်တီ့ကို
အားမနာပဲ လာပြော ကြားလားသား
။အန်တီဆုံးမပေးမယ်။အန်တီဖြင့်
သားမှာ သားဘုန်းကလွဲပြီး အပေါင်း
အသင်းသူငယ်ချင်း သိပ်မရှိလို့ အခုဘယ်လိုတောင်ဝမ်းသာမိမှန်း
မသိဘူးကွယ်"
တစ်ကယ်ကို စိတ်ထဲဘယ်လိုဖြစ်သွား
မှန်းမသိဘဲ အန်တီ့ဆီကမေတ္တာဓါတ်ကို ပေါင်းကူးရရှိလိုက်သလိုပင်။
မျက်နှာက ပြုံးနေပေမယ့် မျက်ရည်
တွေဝဲချင်တာကိုထိန်းရင်းပြောနေတဲ့
အန်တီက သူ့သား သူငယ်ချင်းအသစ်
တစ်ယောက်ရတာကို လွန်စွာပင်ပီတီ
ဖြစ်ပြီးကြည်နူးနေပုံကသူ့ကိုလာ
ရိုက်ခတ်သည်။
"ကျွန်တော်လည်းစကားနည်းလို့
ကျွန်တော့်မှာလည်း သူငယ်ချင်းသိပ်
မရှိပါဘူး။ကျွန်တော်က ပြန်ပြီး
ကျေးဇူးတင်ရမှာ။ဗျူဟာကအန်တီ
ကျွန်တော့်ကိုမှာထားစရာမလိုအောင်
နေတတ်ပါတယ်။ဘော်ဒါပီသပြီး သူ့သူငယ်ချင်းတွေဆိုရင်ဘာအခက်ခဲ
ပဲရှိရှိအမြဲကူလဲကူညီတတ်တယ်"
ထပ်ဆင့်အပြုံးတွေဝေနေတဲ့အန်တီနီလာ။
" မင်းသူငယ်ချင်း ဆေးရုံကဆင်း
လို့ရတဲ့အခါ သားဘုန်းနဲ့အိမ်ကိုလာ
ခဲ့နော်။သားတို့ကို အန်တီထမင်း
ဖိတ်ကျွေးချင်လို့"
"ဟုတ်ကဲ့ ကျွန်တော်တို့ကရပါတယ်။
အန်တီသာ အိမ်မှာပြန်ပြီးနားလိုက်အုံး
နော်။ဒီမှာကျွန်တော်နဲ့ဘုန်းပြည့် ရှိနေ
မယ် အန်တီညနေလောက်မှ ပြန်လာခဲ့
လို့ရတယ်"
" ကျေးဇူးပါပဲကွယ်။အန်တီသွားပြီ
နော်သားလေး ကိုယ့်ကိုကိုယ်လည်း
ဂရုစိုက်အုံး"
"ဟုတ်ကဲ့ အန်တီနီလာ"
သူ့ကိုထပ်ခါနှုတ်ဆက်ပြီး
အန်တီကားထဲဝင်ပြီးတာနဲ့ဒရိုင်ဘာက
ကားတံခါးကိုပိတ်ပြီးမောင်းထွက်သွားသည်။
ဗျူဟာ ဆေးရုံရောက်တဲ့ညထဲကနေ
အန်တီအခုမှ အိမ်ခဏပြန်နားတာကို
သူမြင်ရတာ။
အဖေဖြစ်တဲ့
ဦးထင်ပိုင်ဆိုရင်လည်း ဗျူဟာ
ခွဲစိတ်ခန်းထဲမဝင်ခင် ဆေးရုံအပြေးရောက်လာတာနဲ့ သတိမေ့နေတဲ့
ဗျူဟာပိုင်လက်ကိုကိုင်ပြီး
"ငါ့သားကိုဘယ်သူလုပ်တာလဲ"လို့
တစ်ခွန်းထဲပြောပြီး လူကြီးတန်မဲ့
မျက်ရည်ပါကျခဲ့တာ။
သူတို့ကို ဘာကြောင့်ဖြစ်ကြတာလဲလို့
တစ်ခွန်းမမေး"ဘယ်သူလုပ်တာလဲ"
လို့ပဲထပ်ခါမေးပြီး ဗျူဟာ အမှားကြောင့်ဖြစ်နေရင်တောင် ဦးထင်ပိုင်က
ထွန်းမြတ်ကိုထပ်တူ ပြန်လုပ်ချင်
သည့်ပုံစံဖြစ်နေခဲ့သည်။
ချစ်ရှာပါတယ်။အဖေရောအမေရော
က သူတို့သားကိုသိပ်ချစ်ကြတယ်။
ဒီမိသားစုလေးရေရှည်တည်မြဲသွား
မယ်ဆိုရင် သိပ်ကိုကောင်းမှာဖြစ်ပေမဲ့.....။
------------------
ဆေးရုံအခန်းထဲကို ဝင်လာတာနဲ့
ကုတင်ကိုမှီပြီးထိုင်နေတဲ့သူက သူ့ကို
တွေ့ချိန် ချက်ချင်းလှဲအိပ်တော့မလို့
ကုတင်ပေါ်ကပဲဆင်းတော့မလိုဖြစ်ပြီးမှ
မျက်နှာတည်နှင့်ပြန်ထိန်းသည်။
ကုတင်နဲ့ခပ်လှမ်းလှမ်း ပြတင်းပေါက်
အနားက ဆိုဖာပေါ်မှာထိုင်နေတဲ့
ဘုန်းပြည့်ကတော့ မျက်လုံးတချက်
ပင့်ကြည့်ပြီး။
"နေစင် လာခဲ့လေ"
ဘုန်းပြည့်ခေါ်တာပင်။ကုတင်ပေါ်က
သူကိုကြည့်လိုက်တော့ ဘယ်လက်နဲ့ချက်ချင်း ဖုန်းထုတ်ကြည့်နေသည်။
ညာလက်ကတော့ဆေးသွင်းထားလို့ပင်။
ဒါက တိုက်ဆိုင်တာမဖြစ်နိုင်တော့။
ဗျူဟာပိုင်ဘာဖြစ်နေတာလဲ။။
သတိရလာထဲကသူကလွဲပြီး ကျန်တဲ့
လူတွေအကုန်လုံးကို ကောင်းကောင်း
မွန်မွန်စကားပြောဆက်ဆံပေမဲ့ သူ
အခန်းထဲဝင်လာတာနဲ့ အိပ်နေရင်
အိပ်နေ၊ မအိပ်နေရင်လည်းချက်ချင်းကိုအနားယူရတော့မလိုလှဲချသည်။
သူစကားဆယ်ခွန်းလောက်ပြော
ရင်လည်း တစ်ခွန်းလောက်ပင်
ပြန်ပြောတာ။ဘုန်းပြည့်ကိုတော့ အမြင်ကြည်နေတာပဲဟာ။ ဘာဖြစ်နေတာ
လဲ။ သူ့ကို တမင်ရှောင်နေတာသေချာ
သွားပြီ။
"ဘယ်လက်နဲ့ဖုန်းသိပ်မကိုင်နဲ့နော်
ရင်ဘတ်နဲ့နီးနေတယ်"
သူ့ကိုအကြည့်တစ်ချက်တောင်မပို့လာ။ဒဏ်ရာက နှလုံးအနားမှာ ခွဲစိတ်
ထားရသည်မို့ သူကစိုးရိမ်မိတာပင်ပေမဲ့။
"ဟေ့ရောင် ရင်ဘတ်နဲ့နီးနေတယ်
လို့ နေစင်ပြောနေတယ်လေ မင်းကို ဆရာဝန်ဖုန်းပေးကိုင်ပြီလို့လား"
" ငါ့လက်ကျိုးနေတာမဟုတ်ဘူး"
ဗျူဟာပိုင်ကတော့ ဗျူဟာပိုင်ပါပဲ။
ဘုန်းပြည့်ကိုပဲ အဖက်လုပ်ပြီးစကား
ပြောနေသည်မို့ သူလဲပါလာတဲ့အိတ်
ကိုချပြီး လုပ်စရာရှိတာတွေလုပ်
ဖို့ပဲ ပြင်လိုက်တော့တယ်။
"နေစင် ဘာတွေဝယ်လာပြန်ပြီလဲ။ဒီမှာ အသီးတွေ ရှိနေတာပဲ"
" သိပ်အများကြီးမဟုတ်ပါဘူး"
"အတော်ပဲ ဒီကောင် ပန်းသစ်တော်သီး
စားချင်နေတယ်တဲ့ ငါ့ကိုခွဲခိုင်းနေတာ
။ မင်းပဲခွဲပေးလိုက်တော့ ငါဂိမ်းတစ်ပွဲလောက်ဆော့လိုက်အုံးမယ်"
"ဟေ့ရောင်"
ကုတင်ပေါ်ကနေ
ဘုန်းပြည့်ကိုဟန့်သည်။
" မစားချင်တော့ဘူး မခွဲနဲ့"
သူ့ကိုမကြည့်လာပေမဲ့ ဦးတည်ပြီး စကားပြန်ပြောပြီဆိုတာနဲ့တင်လှမ်း
ငေးမိရသည် ။
" သူမစားရင် ငါစားမယ် နေစင် ခွဲလိုက်"
" မင်းဒီပုံစံက လူနာလာစောင့်ပေးတာလား"
"အေးလေ ငါထိုင်နေပေးတယ်လေ
။ငါ့အနေအထားကြီးနဲ့ထိုင်နေပေး
တာနဲ့တင် ကျေးဇူးတင်လိုက်"
"ဘာလုပ်ဖို့ ထိုင်နေမလဲ ညောင်းတာပေါ့ မင်းတစ်ခါထဲလာလှဲလိုက်ကုတင်
ပေါ်မှာ ။ငါမင်းခုံမှာဆင်းထိုင်နေပေးမယ်"
"အဲ့ဒီလိုလုပ်ရမလား"
ဘေးကိုဟိုကြည့်ဒီကြည့်လုပ်ပြီး ကုတင်ဘေး စားပွဲပေါ်က သစ်ရှူးဘူးနဲ့
ဘုန်းပြည့်ကို လှမ်းပြီးဘယ်လက်နဲ့
ကောက်ပေါက်သည်။ သူ့မှာ မျက်လုံးပြူးကာ ချက်ချင်းပင် တားမလို့
လုပ်ပေမယ့်မမှီတော့။
"လက်ကို တအားမမြှောက်နဲ့ လှုပ်
လှုပ်ရှားရှားမလုပ်နဲ့ လေ ခွဲထားတဲ့
အနာ မကျက်ပဲ ပိုးဝင်သွားမယ်လို့
ဆရာဝန်မှာထားတယ်မလား။မင်း
နောက်တခါသာထပ်ခွဲရရင်အန်တီ
မေ့လဲဖို့ပဲရှိတော့တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် စကားနားမထောင်ရ
တာလဲ "
ကုတင်ဘေး ချက်ချင်းရောက်သွားရပြီး အသံကျယ်သွားတာကြောင့်ဆူသလိုတော့ဖြစ်သွားသည်။မျက်နှာချက်ချင်း
ငြိုးပြီး ဖုန်းကိုပါပိတ် ကုတင်ခေါင်း
ရင်းကိုကျောမှီထိုင်နေတော့ မနေတတ်
ပင် ဖြစ်သွားရတာကသူ။
" အဲဒီလိုမဟုတ်ဘူးလေ။အနာမကျက်
ပဲထပ်ခွဲရရင် မင်း နှစ်ခါနာမှာစိုးလို့ ပြောလိုက်တာ ဗျူဟာ ငါ"
" လွှတ်ထားလိုက် နေစင်။မင်းတစ်ချိန်လုံးယုယနေလို့ ဒီကောင်မင်းအားကိုးနဲ့ သောင်းကျန်းနေတာ။အလတ်ကြီးရှိသေးတယ် အဲ့လောက်ထိစိတ်ပူမနေနဲ့"
သူတို့အနောက်က ဘုန်းပြည့်ရဲ့
စကားသံ။အကြည့်ချင်းဆုံသွား
ပေမယ့် ခဏပါပဲ။ ကုတင်ကိုမှီထိုင်
နေရင်း မျက်လုံးတွေမှိတ်ချလိုက်
တာကြောင့် အလိုက်သတိပင်
အနားကခွာလိုက်ရသည်။ ဆေးရုံတက်
ရတာ ရက်ကြာနေပြီလေ။ အဲ့တာကြောင့် စိတ်ကလည်း လက်တဆစ်နဲ့ဗျူဟာပိုင်
ဆိုတော့ လှုပ်မရပြုမရနဲ့ မနေနိုင်
ဖြစ်နေရှာတာ။စိတ်မကြည်ဖြစ်နေ
တာကို ကိုယ်ချင်းစာပါတယ်။
"အယ် ဝတ်ရည်ဝယ်လာပေးတာတွေ
အရင်မခွဲဘူးလား နေစင်"
အခန်းအလယ်က စားပွဲရှည်မှာ
သစ်သီးတွေအခွံခွာနေတဲ့သူ့ကို
ဘုန်းပြည့်ကလှမ်းမေးသည်။
"ဆိုင်ရှင်က သူ့ဆိုင်ကအလုံးတွေက
အရမ်းချိုတယ်လို့ညွှန်းလိုက်လို့ ဒါပဲ
အရင်ခွဲလိုက်မယ်"
"အော် အိုကေ"
ကုတင်ပေါ်ကတစ်ယောက်ကို လှမ်းကြည့်တော့မျက်လုံးတွေမှိတ်ပြီးငြိမ်နေဆဲ။
ကိုယ်တွေဘက်က မှန်နေခဲ့တာတော့
မဟုတ်ပေမယ့် ဝတ်ရည်ဦးကလည်း
သူမှန်းလို့မရတဲ့တစ်ခုခုတော့တစ်ခု
ခုပဲ။ အဲဒါကြောင့် သူများဝယ်
လာတာ မကျွေးချင်တာ။
" ဗိုက်မဆာသေးဘူး ထားထားလိုက်"
" ခွာထားပြီးသားအသီးတွေက အခု
ခွဲအခုစားပဲကောင်းတယ် ။ တစ်ခုနှစ်ခုလောက် စားကြည့်ပါလား။နော်"
ကုတင်ဘေးမှာရပ်ပြီးဆက်သနေ
သည့်တိုင် အသံခပ်တိုးတိုးနဲ့ငြင်းသည်။
မျက်လုံးကိုဖွင့်လာပြီးသစ်သီးပန်းကန်ကိုတစ်ချက်တော့စောင်းကြည့်ပေးရင်း။
"ရေခဲသေတ္တာထဲ ထည့်ထားလိုက်"
"ဘာတွေဖြစ်နေကြတာလဲ သူမစားရင်
ငါ့ကိုပေး။ငါစားပါမယ်ဆို စားမယ့်
လူကျတော့ မကျွေးကြဘူး။တကယ်
ထဲမှ ပေး နေစင်ငါ့ကို"
ဘုန်းပြည့် လှမ်းတောင်းနေတော့
မကောင်းတတ်၍ ကမ်းပေးလိုက်ရသည်။ကျွေးချင်တာကတစ်ယောက်။
"အင်း ပန်းသစ်တော်သီးလေးက ချို
နေရောပဲ နေစင်။ ဆိုင်ရှင်မလိမ်ဘူး ။
လိမ္မော်သီးကအမျှင်တွေပါ ခွာထား
ပေးတာလား။စိတ်ရှည်လိုက်တာ မင်း
ကိုရမဲ့လူတော့တော်တော်ကံကောင်း
တာပဲ။ငါရှင်းသန့်နဲ့တွေ့တာ စောသွား
တယ်။မင်းကိုအရင်တွေ့ခဲ့ရမှာကွာ။
right person wrong time"
မျက်လုံးတဖက်ပါမှိတ်ပြလာတဲ့
ဘုန်းပြည့်ကြောင့်စနေမှန်းသိပေမဲ့။
"နောက်တစ်ခါထပ်ပြောပေးပါအုံး။
ငါ အသံသွင်းထားပြီး ရှင်းသန့်ကို
ပို့ပေးချင်လို့"
"အယ့် အဲ့လို မလုပ်ရဘူးလေ။
သည်းလေးကလဲ စိတ်လျှော့ စိတ်လျော့"
" ငါအိပ်တော့မယ်။ ဆူညံနေမယ်ဆိုရင် အကုန်လုံးထွက်သွား"
"ဟေ့ရောင် မင်းနေ့လည်ဆေးသောက်
ရအုံးမယ်လေ မအိပ်နဲ့အုံး။ ထမင်း
စားပြီး ဆေးသောက်ပြီးမှ
အိပ် အန်တီ သေချာမှာသွားတာ
ငါ့ကိုဆူလိမ့်မယ်"
ဘုန်းပြည့်ပါ ထိုင်ရာကနေထလာပြီး
နှစ်ယောက်လုံး သခင်လေးကိုခစား
ရတဲ့သူတွေလို ကုတင်ဘေးတစ်ဖက်တစ်ချက်မှာအသင့်အနေ
အထားနှင့်ရပ်နေရသည်။
" မင်းဆူခံမထိရင်ပြီးရောမလား နိုးလာမှ သောက်လိုက်မယ်။ ပြန်လိုက်တော့"
"မရဘူး။ ဆေးကအချိန်မှန်သောက်ရမှာ။ ခဏနေဆရာမလေးတွေလည်းလာ
ကြည့်အုံးမယ် မအိပ်နဲ့ထ။လူကဖြင့် ကောင်းကောင်းတောင်မတ်တပ်မရပ်နိုင်သေးဘူး။နောက်မှ အူတို"
"ဘာ!"
"နေစင် အခု ထမင်းထည့်လိုက်။
ထမင်းစားပွဲပေါ်မှာအန်တီထားသွား
တဲ့ဂျိုင့်တွေရှိတယ်"
"အင်း အခုထည့်လိုက်မယ်"
ပြန်လှည့်ကြည့်လိုက်တော့ သခင်လေးက
အကုန်လုံးကို မျက်နှာလွှဲထားသည်။
ဘုန်းပြည့် စလိုက်တာကို ဗျူဟာပိုင်
ငြိမ်ကျသွားတုန်း အမြန်ပင် ထမင်းပြေးထည့်ဖို့လုပ်ရတာပင်။
"ဟို ငါ...အိမ်ကနေကြက်သားဆန်ပြုတ်ယူလာပေးတယ်။တအားအရည်ကြဲ
မဟုတ်ဘူး ထမင်းပျော့ပျော့လိုပုံစံမျိုးပဲ။ ထမင်းမစားချင်ဘူးဆိုရင် ဆန်ပြုတ်
ပူနေတုန်းသောက်မလား။ အဲဒါထည့်
လိုက်ရမလား"
"မသောက်ချင်ဘူး"
"ငါ ချက်ထားတာမဟုတ်ဘူး။ငါ
မချက်တတ်ဘူး။အမေမနက်စောစောထချက်ပြီးထည့်ပေးလိုက်တာ မင်းနေမကောင်းဘူးလို့ပြောထားလို့"
အမေနဲ့ပြောလိုက်တော့ ချက်ချင်း
မျက်နှာကပြောင်းသွားသည်။
"နေစင် မင်းအမေချက်ခဲ့ပေးတာလား။ လူကြီးလက်ရာဆိုတော့ စားကောင်းမှာပဲ ။ငါလည်း ကြက်သားဆန်ပြုတ် ပူပူလေးသောက်ချင်နေတာ ။ မစားချင်တဲ့
လူကိုမကျွေးနဲ့ သူ့ကိုထမင်းသွားကျွေးလိုက်။ငါလည်းဘာမှမစားရသေးဘူး
ငါ့ကိုဆန်ပြုတ်တိုက် နေစင်"
"ငါစားမှာ ငါ့ဟာ"
အနောက်ကအသံကျယ်။
"တကူးတကချက်လာပေးတဲ့ ဒေါ်လေး
ကိုအားနာလို့ "
ကုတင်ပေါ်ကဂျစ်တိုက်နေတဲ့သူကို
ပစ်ထားလိုက်ပြီး သူနဲ့ဘုန်းပြည့်ခိုးပြုံး
လျက်ပင် ဆန်ပြုတ်ထည့်ဖို့ပြင်လိုက်သည်။
ကြက်သားဖတ်နိုင်းချင်းနဲ့ငရုတ်ကောင်း
အနံ့လေးမွှေးမွှေးလေးနဲ့ အမေ့လက်ရာဆန်ပြုတ်ပူပူလေးကိုသုံးဆောင်ပေး
နေတဲ့သူကိုဘေးမှာ စောင့်ပေးရင်း
ဂရုမစိုက်သလိုပင် အသံတိတ်နေ
နေရသည်။သူကြည့်နေရင် နေရခက်
မှာစိုးလို့ပင်။ ဒီအတိုင်းဆိုရင်တော့ သူ့ကိုတစ်ကယ် စိတ်ဆိုးနေတာပဲ။ ဗျူဟာပိုင် ဘယ်လောက်ထိဆိုးလည်းဆိုရင် သူ
စိတ်ဆိုးနေကြောင်းပြတာက သူ့ကို
လုံးဝလစ်လျူရှု သူ ဝယ်လာပေး
တာတွေကိုဘာမှမစား အဖက်လုပ်ပြီး
စကားတောင်မပြောတဲ့အထိ။ဟင်း
ဒီတစ်ယောက်နဲ့ တစ်ကယ်ခက်ပါလား။
စားလို့သောက်လို့ပြီးဆေးတိုက်ပြီးတော့ ဘုန်းပြည့်ကသူ့တာဝန်ပြီးသွား၍ အခန်းအပြင်ခဏလမ်းလျှောက်ထွက်သွားသည်။
နှစ်ယောက်တည်းစကားပြောဖို့ အခွင့်
အရေးရမလားလို့ သိမ်းစရာရှိတာ
တွေသိမ်းပေးပြီး ကုတင်အနားပြန်လာပါတယ်။သခင်လေးက စောင်ကို ခေါင်း
ထိမရောက်ရုံတမယ်ခြုံပြီး သူရှိတဲ့
ဘက်ကျောပေးကာဘေးစောင်းအိပ်
ချလိုက်ပြီဖြစ်သည်။
လူနာဘေးနား
လွတ်နေတဲ့ ကုတင်ပေါ်နေရာမှာ
ဖွဖွလေးဝင်ထိုင်ကာ။
"ဆေးသွင်းထားတဲ့လက်ကိုအရမ်း
မဆွဲထားနဲ့နော် ဘေးတစ်စောင်းက
ခဏပဲအိပ်"
အဖြေပြန်မလာ။
" ငါ့ကိုစိတ်ဆိုးနေတုန်းပဲလား"
" မင်းသဘောထားတာကို အရင်
မမေးဘဲနဲ့ အိမ်ပြန်ခိုင်းမိတာ တောင်းပန်
ပါတယ်။နှင်တဲ့သဘောမျိုးမဟုတ်ဘူးလေ..."
နှစ်ယောက်တည်းကြားရုံ ခပ်တိုးတိုး
ပြောနေပေမဲ့ ပြန်စာကမလာဆဲ။
" တစ်ကယ်တောင်းပန်တယ်။ငါ
သာ မင်းကိုမခေါ်သွားခဲ့ရင် အဲဒီကောင်နဲ့ တွေ့ပြီးမင်း အခုလိုဖြစ်မှာမဟုတ်ဘူး ။အကုန်ငါ့အပြစ်တွေ ငါ့ကြောင့်။မင်း
ဆေးရုံကနေဆင်းတဲ့အခါကျ နေကောင်းသွားခဲ့ရင် ငါ့အိမ်မှာလာပြန်နေရင်လာနေလေ။ငါ့အမေနဲ့အစ်မက မင်းပြန်
သွားတာ နှုတ်တောင်မဆက်သွားလို့
ဆိုပြီး ဝမ်းနည်းနေကြတယ်။အဖေ
ရောပဲ။ငါမှားသွားတယ်။ငါ့အမှားပါ။
မင်း နေကောင်းသွားတဲ့အခါကျရင်
ငါ့အိမ်မှာ ကြိုက်သလောက်လာ
နေလေ နော်။နော်"
ကျောပေးအိပ်နေတဲ့ကိုယ်က လှည့်
ကြည့်ဖို့နေနေသာသာ တစ်စက်လေး
မှမလှုပ်လာ။ဘာဖြစ်နေတာလဲ။
တကယ်ပဲစိတ်ဆိုးနေတာလား။အသက်
သေမှာကိုတောင် ဂရုမစိုက်ဘဲ ဓါးနဲ့
တော့အထိုးခံပေးပြီး အိမ်ပြန်ပို့တဲ့
ကိစ္စလေးကိုတော့အခုထိ ခွင့်မလွှတ်
နိုင်တာလား။
မင်းကတစ်ကယ် ကိုယ်လုပ်ချင်ရာကို
လုပ်တာပဲ ဗျူဟာပိုင်။
ထွန်းမြတ်က တစ်ချက်ထဲနောက်ဘဝ
ကူးအောင်အထိ ယုတ်မာသွားတာ
။နှလုံးကိုမထိပဲ နှလုံးဘေးနားမှာဓါးက
ရှပ်ထိသွားလို့သာ အခုလိုခွဲစိတ်မှုလုပ်
နိုင်တာပင်။သူ ပြန်တောင်မတွေးရဲဘူး။
အခုအချိန်ထိ ဗျူဟာပိုင်ကိုမြင်လိုက်
ရတဲ့ မြင်ကွင်းက သူ့ရင်ထဲမှာ ထိတ်လန့်ခြင်းများစွာနဲ့ အိမ်မက်ဆိုးလို
ဖျောက်ဖျက်မရဖြစ်နေတုန်းပဲ။
"ငါ....ငါ ဘယ်ကနေစပြီးကျေးဇူးတင်
စကား ပြောရမလဲဆိုတာတောင်မသိ
တော့ဘူး။.....မင်းသာငါ့ကို ထွန်းမြတ်
ခေါ်သွားတဲ့နေ့ အဲ့ဒီနေ့က လာမခေါ်
ပေးခဲ့ရင်"
"ကျေးဇူးတင်စရာမလိုဘူး အဲ့ဒီနေ့က
ဘုန်းပြည့်ခေါ်လို့မလွှဲသာပဲရောက်
သွားတာ။မင်းကိုကယ်လာတာ ငါ
မဟုတ်ဘူး ဘုန်းပြည့်။
ဒီလိုဖြစ်သွားတာကလည်း ထွန်းမြတ်နဲ့
ငါကအစထဲက တခန်းထဲဆိုတော့
ပြဿနာ ဖြစ်ထားတာတွေရှိလို့
အမြင်ကပ်ပုဒ်မနဲ့ငြိသွားတာ။မင်းနဲ့
ဘာမှမဆိုင်ဘူး။ငါမင်းကိုစိတ်ဆိုး
စရာကိစ္စလဲမရှိဘူး"
အခန်းတွင်းတခဏတိတ်ဆိတ်သွား
သည်။ကျောပေးထားတဲ့သူကို ငေးကြည့်ရင်းပေါ့.....။သူပြောတော့လည်း
သူ့စကားပဲပေါ့။
" ထားပါတော့။အဲဒါဆိုရင်အခုက
ဘာဖြစ်လို့လဲ။ဘာလို့ငါ့ကို အခုလို
စိမ်းကားနေတာလဲ။ ဒါမှမဟုတ် မင်းမှာ
ဘာစိတ်ညစ်စရာတွေရှိနေလို့လဲ။
ငါ့ကိုပြော။ ဘာမှမပြောပဲ
မင်းကငါ့ကိုအခုလိုရှောင်နေတော့ ငါနဲ့
မပတ်သက်ချင်တော့လို့များလားတောင်တွေးမိတယ်။ငါကပဲလိုက်ရောသ
လိုဖြစ်နေတော့လေ။မင်းကငါ့ကိုအခုလိုဆက်ဆံနေတော့ ငါတို့ကြားမှာ အခြေ
အနေကွာခြားမှုက သူငယ်ချင်းတွေ
ဆက်လုပ်ဖို့ငါ့ကိုသိမ်ငယ်စေတယ်။
မင်း ရှေ့လျှောက်ငါနဲ့မပတ်သက်ချင်
ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း
ပြော မင်းဆေးရုံကဆင်းတဲ့အခါငါ
မင်းဆီထပ်မလာတော့ဘူး"
"ဟုတ်တယ်....စိတ်ဆိုးနေတာ"
အသံက ခပ်တိုးတိုး။ကျောပေးထား
တဲ့သူကို ကြည့်ရင်း စိတ်ထဲကနေပဲ
ပြုံးမိတာပင်။
ဗျူဟာပိုင်ကို ဘယ်လိုကိုင်တွယ်ရမ
လဲဆိုတာတစ်ဖြည်းဖြည်း သိလာသလိုပဲ။
"အိမ်ပြန်ခိုင်းတဲ့ကိစ္စကို
စိတ်ဆိုးနေတာမလို့ မင်းနဲ့ စကား
အများကြီးမပြောချင်နေဘူး။ငါစိတ်
ပြေလာတဲ့အချိန်အထိ ခဏစောင့်ပေး"
"အခုမှပဲ စိတ်မကောင်းဖြစ်တာ
သက်သာသွားတော့တယ်။ ငါမှား
တာမလို့ စိတ်ဆိုးတာကကြိုက်သ
လောက်ဆက်ပြီး ဆိုးနေလို့ရတယ်။ငါနဲ့သူငယ်ချင်းဆက်မလုပ်ချင်တော့တာ မဟုတ်ဘူးဆိုရင်ရပြီ။မင်းစိတ်ဆိုး
ပြေလာမဲ့နေ့အထိ ငါကမင်းကျေနပ်
လာအောင်ချော့မှာမလို့ဒီလိုပဲ ဆက်ပြီး
ချေနေလို့ရပါတယ် သခင်လေးခင်ဗျ
သိလား"
" အိပ်ချင်နေပြီ"
" အွန်း အိပ်ချင်နေပြီ ဟုတ်လား။
အိပ်ရမှာပေါ့။ အဲ့တာဆိုရင် တစ်ရေး
အိပ်လိုက်တော့။ ငါနဲ့ဘုန်းပြည့်အပြင်
မှာရှိနေမယ်နော်။ခဏနေဘုန်းပြည့်
ကို ပြန်ဝင်လာခိုင်းလိုက်မယ် ငါကတော့အပြစ်ခံယူတဲ့အနေနဲ့တစ်နေ့လုံး
အပြင်မှာပဲစောင့်နေတော့မယ်"
ကုတင်ပေါ်ကအမြန်ဆင်းပြီး ကျော
ပေးထားတဲ့သူကိုတစ်ချက်ကြည့်
လိုက်တော့ပကတိ ငြိမ်သက်နေဆဲ။
ပြုံးမိရင်း စောင်ခြုံထားတာ နေရာကျအောင်လုပ်ပေးပြီး တိတ်တိတ်ဆိတ်ဆိတ်ပေးအိပ်လိုက်မလို့လုပ်ပြီးမှ ပြန်
ကြည့်ချိန် စိတ်ထဲမတင်မကျ ဖြစ်နေ
သည့်မလို့။
" ဗျူဟာ....ငါ ငါလေ"
အောက်နှုတ်ခမ်းကို ကိုက်မိမလိုဖြစ်ရင်း။
" ဘာမှမဟုတ်တော့ဘူး အိပ်လိုက်
တော့နော် ငါအပြင်ထွက်တဲ့အခါကျ
ပက်လက်ပြန်နေလိုက် ဒီအတိုင်း
မအိပ်လိုက်နဲ့"
ဆေးပိုက်တွေမလိမ်အောင်လုပ်
စောင်ကိုသေချာခြုံပေးခဲ့ပြီး အေးအေးဆေးဆေးအနားယူလို့ရ
အောင် အခန်းထဲကထွက်ဖို့ပြင်
လိုက်သည်။ ထပ်ပြီးစိတ်ရှုပ်နေပါဦး
မယ်။ ဆေးရုံကဆင်းတဲ့အခါကျမှပဲ
ပြောတော့မယ်။
မင်းသဘောမပါရင်မင်းအတွက်ဒါက
အရေးမကြီးတော့ဘူး တစ်ကယ်ပဲ
မလုပ်စေချင်တော့ဘူးဆိုရင် ငါက
မင်းခိုင်းစေတဲ့အတိုင်းပါပဲ ရပ်ပစ်
လိုက်ပါတော့မယ်လို့ပေါ့....။
-------------------
"ငါမင်းကို သူများ အိမ်တွင်းရေးကို
ပြောပြသင့်တာထက်ကိုစည်းဖောက်
ပြီးပြောပြပြီးသွားပြီ။မင်းအခုပြော
ဗျူဟာနဲ့မင်း ဘယ်လိုအပေးအယူ
ရှိနေတာလဲ။ မင်းတို့နှစ်ယောက်ကြား
မှာရှိတဲ့ကိစ္စတွေကဘာလဲ"
ဆေးရုံအခန်းအပြင်ကော်ရစ်တာ
ထောင့်စွန်းမှာ ဘုန်းပြည့်နဲ့သူ
စကားရပ်ပြောနေတာပင်။
နှစ်ခါစဉ်းစားစရာမလို။
ဝတ်ရည်ဦး ပြောပြသွားတဲ့စကားတွေကြောင့်သူဘုန်းပြည့်ကိုထုတ်ပြောမှကိုရတော့မည်။
" ဗျူဟာငါ့ကို ခိုင်းခဲ့တာ။ငါကိုယ်တိုင်
က သူ့ဆီကငွေကြေးအကူအညီ
ယူပြီး နှစ်ဦးသဘောတူနဲ့ပဲ။မတရား
ခိုင်းစေတာမျိုးမဟုတ်ဘူး"
" ဗျူဟာမင်းကို ဘာလုပ်ခိုင်းခဲ့တာလဲ"
"ဆန်းဆက်မှူးကို လိုက်ခိုင်းတာ။
ဆန်းဆက်ငါ့ကို တစ်ကယ်ကြိုက်သွား
ပြီး ဂေးဖြစ်သွားတဲ့အထိ"
ဘုန်းပြည့် ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။သက်ပြင်းပါတစ်ချက်ချရင်း
ကိုယ့်လူကို အပြစ်လည်းမတင်နိုင် မှန်
တယ်လို့လည်း မထောက်ခံပေး နိုင်သည့်မျက်နှာ ဖြစ်နေသည်။
" ဒါပေမဲ့ လွန်ခဲ့တဲ့လတုန်းကစပြီး ရုတ်တရက်ကြီးဒီကိစ္စ
ကိုရပ်ခိုင်းတယ်။သူ ဘာကိုအားနာ
သွားလဲတော့ငါမသိဘူး ငါကျောင်း
မှာဆန်းဆက်နဲ့နာမည်ပျက်စထွက်
တုန်းကစပြီး ရပ်ခိုင်းတာ။မလုပ်နဲ့
တော့တဲ့။သူငါ့ကို အားနာနေတယ်
ဆိုတာသိလို့
ငါ့သဘောနဲ့ငါပဲ ဆက်လုပ်ခဲ့တာ"
"ခဏလေး မင်းကိုဘယ်တုန်းက
ရပ်ခိုင်းခဲ့တာလဲ အတိအကျပြော"
ဘာမှမပြောချင်တော့အောင်
စိတ်ညစ်နေသည့်ပုံစံဖြစ်နေရာကနေ
ဘုန်းပြည့်ရဲ့ အသံကျယ်။
" ငါပြောနေတာကြားလား။ ဘယ်တုန်းကရပ်ခိုင်းခဲ့တာလဲ!!"
"ဆန်းဆက်နဲ့ဝတ်ရည် တွဲနေတယ်ဆို
ပြီးငါ့နာမည် ကျောင်းမှာမကောင်းသတင်းထွက်တုန်းကတစ်ကြိမ်၊ ဗျူဟာ ဆေးတွေသုံးတယ်ဆိုပြီး
ခေါ်သွားခံရပြီး ပြန်ရောက်လာတုန်း
က တစ်ကြိမ်။ မလုပ်နဲ့တော့တဲ့
ဆက်လုပ်စရာမလိုတော့ဘူးဆိုပြီး ငါ့ကို
ရပ်ခိုင်းခဲ့တာ။ငါ ငါက"
"ခဏလေး!!"
လက်ကာပြပြီး ဘုန်းပြည့်က တစ်စုံ
တစ်ခုကို အလွန်အမင်း တွေးတော
နေဟန်ရှိသည်။
" အဲ့တာကြောင့်လား။ငါထင်နေတာ
မမှားဘူး ဒီကောင်တစ်ခုခုကိုခြေ
ချုပ်မိနေပါတယ်လို့"
"ဘာ ဘာကိုလဲ"
"ဟုတ်တယ် အဲဒါကြောင့်ပဲ ။သေချာ
တယ် ငါတို့ခံနေရပြီ။ဆန်းဆက်မှူး
က ငါတို့ကိုနားလှည့်ပြီးပါးရိုက်နေတာ"
"မင်း ဘာကိုပြောချင်တာလဲ"
" ဗျူဟာရပ်ခိုင်းရင် အဲဒီအချိန်ထဲ
က မင်းရပ်လိုက်ပါလား။ ဘာလို့ရှေ့ဆက်တိုးနေတာလဲ။ဆန်းဆက်မှူးကိုမင်းအဲ့ဒီလောက်တောင်မွှန်နေလား။
ငါသိသွားပြီ။ဗျူဟာဒီလိုတွေဖြစ်
နေရတာတွေ အကုန်လုံးကမင်းကြောင့်၊
မင်းကြောင့်ပဲ နေစင်ဟန်"
"မင်း ဘာကို"
"ဆန်းဆက်မှူးက မင်းနဲ့ ခြိမ်းခြောက်ပြီး ဗျူဟာကို သူပြောသမျှနာခံခေါင်း
မဖော်နိုင်အောင်လုပ်နေတာ။
ဖျက်ဆီးပစ်နေတာ။ အဲဒီကောင်
က မကျေနပ်စိတ်များတယ်။တစ်သက်
လုံးသူတို့ အမျိုးအနွယ် ထဲမှာ မွေးစား
သားရဲ့ကလေးဆိုပြီးနိမ့်ကျခဲ့ရသမျှ
ဗျူဟာကို အောက်ဆုံးထိရောက်
အောင်ဆွဲချပြီး နေရာကောင်းဝင်
ယူမလို့လုပ်နေတာ။မင်းနဲ့ လုပ်ထားတာ!!"
"ဘာ"
ဘုန်းပြည့်ပြောသမျှကို တစ်ခုချင်းဆီ နားလည်လာအောင်မနဲပင်ပြန်လိုက်
နေရသည်။ဗျူဟာ တစ်ခုပြီးတစ်ခု
ဖြစ်နေတာတွေကတကယ်ပဲအကုန်
သူ့ကြောင့်...မဟုတ်ဘူးလေ
ဗျူဟာပိုင်လိုကောင်မျိုးက
ဘာအတွက်နဲ့။မဟုတ်ဘူး။
"ဘာလို့ငါလဲ။ဘာလို့ ငါနဲ့လဲ ဆန်းဆက် ခြိမ်းခြောက်တိုင်း ဗျူဟာပိုင်ဆိုတဲ့
ကောင်က ကြောက်နေရအောင်ငြိမ်ခံပြီးလိုက်လုပ်ပေးနေရအောင်ငါက သူ့
အတွက်ဘာတွေများအရေးပါ"
"ငါပြောမထွက်ဘူး။မင်းဘာသာ
သိရင်သိ မသိရင်လည်း အဲဒီကောင်
ပြောထွက်လာမဲ့ အချိန်ကျမှနားထောင်။
တစ်ကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ။
ဗျူဟာပိုင်ဆိုတဲ့ကောင် ငါ့ကို တော်တော်စိတ်ဒုက္ခပေးတယ်ဟာ!!"
စကားကိုဒေါသထွက်နေသလို
ဖြတ်ပြောပြီး အလွန်အမင်း စိတ်ညစ်
နေပုံရင်ခံနေပုံရတဲ့ဘုန်းပြည့်။
" ဗျူဟာမနိုးခင်ငါပြန်လာခဲ့မယ်"
"ဟေ့ရောင် ဘယ်သွားမလို့လဲ"
ဘုန်းပြည့်ကိုတစ်ချက်ပြန်လှည့်ကြည့်ရင်း။
"ရှင်းစရာရှိလို့"
သဘောပေါက်သွားတဲ့ ဘုန်းပြည့်ကိုကျောခိုင်းကာ တစ်စုံတစ်ယောက်နဲ့
တွေ့ဖို့သူ ဆေးရုံထဲကနေ ထွက်လာခဲ့
လိုက်သည်။
-----------------
Studioအရှေ့ကို ရောက်ရောက်ခြင်း
ဆိုင်ကယ်ရပ်လိုက်တာနဲ့ အပြင်မှာ
ရပ်စောင့်နေတဲ့ပုံရိပ်။သူ စိတ်မလောမိအောင် မနည်းပင်ထိန်းနေရသည်။
ရှင်းစရာရှိတာ ရှင်းကြရအောင် ဆန်းဆက်မှူး။
" ရောက်လာပြီးလား အထဲဝင်ရ
အောင်။မင်းဖုန်းဆက်ထဲက ထွက်စောင့်
နေတာ"
" မဝင်တော့ဘူး ငါသွားစရာရှိသေးလို့"
" အဲဒါဆိုရင်ဘာသောက်မလဲ တခုခုသောက်မလား။ အထဲမှာအအေးဘူး
တွေရှိတယ် သွားယူပေးမယ် "
"မသောက်တော့ဘူး ငါ မင်းနဲ့စကားပြောစရာရှိလို့လာတာ"
ပင်ကိုယ်နူးညံ့နေတဲ့ အပြုံးတွေ ပျောက်ကွယ်မလိုဖြစ်သွားပေမယ့်ချက်ချင်းပင် ထပ်မံ၍ပြုံးလျက်။
" ဘာပြောစရာရှိလို့လဲပြောလေ။
အရေးမကြီးရင် ဖုန်းဆက်လိုက်တာ
မဟုတ်ဘူး။ နေပူတယ်လေ။ ဒါမှမ
ဟုတ်ငါ့ကိုလာခိုင်းရင်လည်း"
"အနောက်ကနေလိုက်ခဲ့"
ဆိုင်ကယ်ပေါ်ကနေဆင်း၍studioအဆောက်အဦးရဲ့ဘေးဘက် ဘယ်သူ
မှမမြင်နိုင်သည့်နေရာသို့ဦးတည်လိုက်သည်။အခုလည်းအပြင်မှာဘယ်သူ
မှမရှိနေပေမဲ့လူမကြားနိုင်တဲ့နေရာဖြစ်စေချင်လို့ဖြစ်သည်။
"နေစင်"
"မင်းငါ့ကို barကိုလာဖို့ဖုန်းဆက်ခေါ်
တဲ့ညတုန်းက အဲဒီနေရာမှာ ထွန်းမြတ်
ကိုပါ ခေါ်ထားတယ်ဆိုတာဘာလို့မ
ပြောတာလဲ"
အပြုံးတွေက ချက်ချင်းမှေးမှိန်သွားသည်။
" ဘာပြောတယ်"
ဒီလိုအမေးခံရတာကို မယုံနိုင်ဖြစ်နေသည့်ပုံစံ။
"ငါကဘာလို့ အဲဒီကောင်ကိုခေါ်ထား
ရမှာလဲ။ မင်းနဲ့အကန့် တွေရှိထား
မှန်းသိရက်နဲ့ငါက အဲဒီကောင်နဲ့
ပတ်သက်စရာလား။ သူ့ဘာသာ တခြားသူငယ်ချင်းတွေဆီကနေသိပြီး
ရောက်လာတာ"
"အော်"
အကြောင်းသိနေပြီးသားမလို့
မအံ့သြနိုင်စွာနှင့်ပင်ဖြစ်ရသည်။
" ထွန်းမြတ်နဲ့မင်း အဆက်အသွယ်
လုံးဝမရှိဘူးပေါ့"
" ဘာဖြစ်နေတာလဲ နေစင်။ငါ့အပေါ်
ဘာကို စိတ်ထဲမတင်တကျဖြစ်တာ ရှိ
လို့လဲ။ မင်းစိတ်ထဲမှာ ဘာကိုမှမထား
နဲ့ ပြောစရာရှိတာကိုပြော အဲ့ဒါမှ ငါတို့
နှစ်ယောက်ကြားမှာ ယုံကြည်မှုတွေမပျက်ပြယ်မှာ "
" ဗျူဟာပိုင် ငါ့ဆီမှာ ရှိနေတာကို
မင်းသိနေတယ်။အဲ့တာကြောင့် ဝတ်
ရည်ကို အကြောင်းပြပြီး ဝတ်ရည်လာမယ်ဆိုတာကိုမင်းပြောတာ ဗျူဟာကို ငါခေါ်ထုတ်လာတဲ့အချိန် ထွန်းမြတ်နဲ့ဗျူဟာ
တွေ့အောင် မင်းတမင် စီစဉ်ထားတာ!!"
"ခဏလေး ခဏလေးပဲ"
အနောက်ကိုခြေလှမ်းဆုတ်ကာ မခံ
မရပ်နိုင် ဖြစ်နေသည့်ပုံစံကြောင့် ခဏရပ်ပေးလိုက်သည်။
" မင်းဆီကဒီလိုစကားမျိုးတွေ ကြားရမဲ့အစား အဲဒီညက ဓါးထိုးခံရတဲ့သူက ငါပဲဖြစ်လိုက်ချင်တော့တယ်"
မျက်လုံးတွေကစူးရဲစွာစိုက်ကြည့်
လျက် များစွာ နာကျင်နေဟန်။
" အဲဒါဆိုရင် မင်းငါ့ကိုအခုလို အထင်
လွဲနေမှာမဟုတ်ဘူး။ထွန်းမြတ် အဲဒီကောင်က ဗျူဟာပိုင်ကိုရန်ငြိုးရှိလို့ မြင်တာနဲ့ကိုသတ်ချင်နေတာ အဲ့တာသူတို့ကိစ္စ
လေ ငါကဘာလို့"
"ထွန်းမြတ် ဗျူဟာပိုင်ကိုရန်ငြိုးရှိ
တယ်ဆိုတာ မင်းကဘယ်လိုသိနေတာလဲ"
အေးဆေးစွာပြောလိုက်သည့်နောက်
သူ့ကိုစူးစိုက်ကြည့်နေသည့် ဆန်းဆက်ရဲ့ မျက်နှာမှာ ငြိမ်သက်သွားသည်။
"ဟုတ်တယ် ဝန်ခံတယ်။ မင်းကို
ထွန်းမြတ်လက်ထဲကနေခေါ်ထုတ်ခဲ့
တဲ့သူက ငါမဟုတ်ဘူး။ငါ အဲဒီကိစ္စကိုသေချာ သိတောင်မသိဘူး။ဘုန်းပြည့်
ကငါ့ကို နေစင်ဟန် ထွန်းမြတ်နဲ့ ပြဿနာ
ဖြစ်လို့ကူညီခဲ့တဲ့သူကမင်းလို့ ပြောခိုင်းတယ်။ အဲဒီတစ်ခွန်းပဲပြောပြတာ။ ဖြစ်ချင်တော့ မင်းကလည်း ငါ့ကို အရမ်းကျေးဇူးတင်နေပြီး အရမ်းကို ငါတို့နှစ်ယောက်ကြားမှာပိုပြီးရင်းနှီးသလို
ခံစားလာရတော့ငါ အလိုက်အထိုက်
နေလိုက်တာ။ဘုန်းပြည့်ကိုယ်တိုင်ကို
ကငါ့ကို နေစေဟန်ကို မင်းကူညီထား
တာလို့ပြောခိုင်းခဲ့တာ။သူတို့ကိုက
အသိမခံချင်ခဲ့တာ။ အဲဒါတွေမင်းသိရဲ့လား"
သူ့လက်တစ်ဖက်ကိုဆွဲယူကိုင်လာသည့် လက်ရဲ့အထိအတွေ့။
" ငါတို့နှစ်ယောက်ကြားမှာ ဖုံးကွယ်
မှုမရှိဘဲ တစ်ယောက်ကိုတစ်ယောက်
ပိုပြီးနားလည်လာအောင်နေကြမယ်
လို့ ကတိပေးထားတယ်လေ။ နောက်
ဆိုရင်မင်းကို အသေးအမွှားလေးကအစ ဖုံးကွယ်တာမျိုးမရှိစေရဘူး။ငါ သ
ဘောကျနေတဲ့သူက ငါ့ကို ကျေးဇူး
တင်တဲ့မျက်နှာနဲ့ အပြုံးတွေပေးနေ
တာ ငါ့ကို စိတ်ဝင်တစားနဲ့ ဂရုတစိုက်
ရှိနေတာတွေကို မလွန်ဆန်နိုင်လို့ငါ နေ
ရာဝင်ယူသလို ဖြစ်သွားတာလေး
တစ်ခုထဲပါ။နေစင် ငါ့ကိုကြည့်ပါအုံး"
ပါးတစ်ဖက်ကို အသာဆွဲယူပြီး မျက်လုံးချင်းဆုံစေသည်။ပေါက်ထွက်မတတ်
လူကိုကြည့်နေတဲ့ပုံက တော်ရုံလူဆို ဆန်းဆက်မှူးရဲ့ညို့ချက်တွေအောက်မှာ တစ်ခါတည်းလဲပြိုသွားနိုင်သည်။
"တွဲရအောင်။ ထပ်ပြီးမစောင့်နိုင်
တော့ဘူး။publicမှာ မင်းကငါ့ချစ်သူဆိုတာကို အကုန်လုံးသိအောင် တန်ဖိုး
ထားပြီး ချပြချင်တယ်။ တစ်ယောက်
လက်ကိုတစ်ယောက်တွဲပြီး လူတွေ
အလယ်မှာ ဂုဏ်ယူစွာနဲ့
လမ်းလျှောက်ချင်တယ်။တရား
ဝင် တွဲကြရအောင် နေစင်ဟန် မင်းနဲ့ငါ"
တခဏကြာသည်အထိ စက်ကွင်းထဲ
ရောက်နေသလို အကြည့်ချင်းဆုံ
နေရင်း သူ့နှုတ်ခမ်းတို့ကွေးရုံ
အသာပြုံးပြလိုက်လျက်။
" သွားသေလိုက်"
အံ့သြကြီးပြနေသည့် မယုံနိုင်သလို
မျက်နှာကပင်သူ့ကို ပို၍ဒေါသထွက်စေလျက်။
"ငါကလည်း မှန်တဲ့လူမဟုတ်ပေ
မယ့် အမှန်တကယ်ဆိုရင်ငါက တောင်း
ပန်ရမယ့်လူဆိုပေမယ့်လေ မင်းက
အခု ငါ့ထက်တောင် သရုပ်ဆောင်တာအရမ်းတော်နေတာမဟုတ်ဘူးလား
။ မင်းကအဆိုတော်လုပ်ရမှာမဟုတ်ဘူး မင်းသားလုပ်ရမှာ....မင်းသား"
"နေစင်"
" ငါ့ကိုကြိုက်တယ်ဟုတ်လား ပြောပါဦး welcomeမှာ စင်ပေါ်တက်ပြီး ငါတစ်ယောက်လုံးကို ဘေးမှာထားထား
တာတောင် မင်းကောင်မလေးနဲ့ပဲ
သက်ဆိုင်တဲ့သီချင်းကို ငါ့မျက်နှာ
ကြီးကြည့်ပြီးအောက်ကသူတွေကို
service ပေးနေတဲ့အကြောင်းလေး။ပြီးတော့ ဘာ!! မင်းကိုယ်တိုင် ငါ့အတွက် သီချင်းရေးထားတယ်ဟုတ်လား။ငါ့အကြောင်း တစ်လုံးတောင်မပါပဲ ဝတ်
ရည်ဦးကိုပဲ ပုံဖော်ပြီးရေးထားတယ်ဆိုတာကို မသိရအောင်အထိတော့ ငါမတုံး
သေးဘူး။ငါ့ကို အထင်သေးတာက
ရပါတယ် ကိုယ့်ကို တစ်ကယ် သ
ဘောကျနေတာဟုတ်မဟုတ်ကို
တောင်မသိတဲ့ ငတုံးလို့တော့
မထင်နဲ့ပေါ့။ သောက်ခွက်ပြောင်တာ
တော်ရုံပဲကောင်းတယ်"
ဆုပ်ကိုင်ထားတဲ့လက်ကို ခပ်ကြမ်းကြမ်း
ဖယ်ထုတ်လိုက်ရင်း။
"မင်းသိနေခဲ့တယ်မလား။ငါမင်း
အနားကို ဘာရည်ရွယ်ချက်နဲ့ချည်း
ကပ်လာတယ်ဆိုတာ။မင်းအတွက်ကရယ်စရာ ဟာသဖြစ်နေလောက်ပေမယ့် ဟုတ်တယ် ငါမင်းကို တကယ်
သဘောကျမိခဲ့တယ်
မင်းဘက်ကပြန်ပြီး ဘာရည်ရွယ်
ချက်နဲ့ငါ့ကို ဆွဲထားလဲမသိပေမယ့်
အခုတော့မရတော့ဘူး။ငါမင်းမှာ
ဒီလောက်ထိငါ့ကိုပြန်အသုံးချမဲ့
အကြံဆိုးတွေရှိနေတာမသိခဲ့ဘူး။
ထွန်းမြတ်ကို လူယုံလုပ်ပြီး ဗျူဟာပိုင်
ကို မင်းဘာတွေလုပ်ခိုင်းခဲ့တာလဲ။
ငါ့ကိုပြန် အသုံးချပြီး ဘာတွေကြံ
စည်မလို့ကြိုးစားနေတာလဲ။သေသွား
နိုင်တယ်....။ ဗျူဟာပိုင်အဲ့ဒီညက
ကံသာမဆိုစလောက်လေးမကောင်း
နေရင်အသက်ပါသေသွားနိုင်တယ်
မင်းသိလား!!"
"ငါထွန်းမြတ်ကိုဘာလူယုံမှမလုပ်ခဲ့ဘူး။ဗျူဟာပိုင်ကို ဓါးနဲ့အသေထိုးရမယ်လို့ငါခိုင်းစေတာလည်းတစ်ခုမှ မရှိဘူး ။ငါလုပ်စရာလား။ငါ့အစ်ကိုလေ မင်းငါ့ကိုအဲ့ဒီလောက်ထိလူမဆန်တဲ့ကောင်"
"ဟုတ်တယ် မင်းမခိုင်းဘူး ထားပါတော့။လုပ်ရဲအောင်တော့ မြောက်ပေးခဲ့တယ်
မလား။ ဒီလိုဖြစ်လာဖို့ မင်းမျှော်လင့်
နေတာမလား။အနောက်မှာ မင်းမရှိ
နေရင် ထွန်းမြတ်ဆိုတဲ့ကောင်က
ဗျူဟာပိုင်အနားတောင်ကပ်ရဲမှာ
မဟုတ်ဘူး။မင်းအားကိုးနဲ့ ဒီကောင်ဒီလောက်ထိသွေးရဲသွားတာ!!"
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဒေါသ
ကြောင့် စကားအကုန် ပြောထွက်
သွားတာပင်။ ဆက်မငြင်းတော့ပဲ
လှောင်သလိုရယ်လိုက်သည့်ပုံစံက
ပင် သူမမြင်ဖူးသည့် ပုံစံအသစ်ပေမယ့် ဆန်းဆက်မှူးကတော့ယဥ်ပါးနေသည့်ဟန်။ ထင်ထားသလိုပဲဖြစ်နေပေမယ့် စိတ်ကိုလျော့ထားပေမဲ့သူ အဆင်ပြေမနေဘူး။
"နည်းနည်းတော့ အံ့သြမိသွားတယ်။
ထင်ထားသလောက် ပျင်းစရာကောင်း
မနေဘူးပဲ နေစင်ဟန်"
ပြောင်းလဲသွားတဲ့အပြုံးကပင် သူ့အတွက် ရင်နာစရာကောင်းလွန်းလှသည်။
" မင်းကိုမင်းအရမ်းအထင်ကြီးလွန်း
နေပြီ။ငါ အခုအချိန်အထိ မင်းဘေး
မှာနေနေတယ်ဆိုတာ ဗျူဟာပိုင်
အတွက်ပဲ။ဗျူဟာကိုအနိုင်ရစေချင်
လို့။ငါမင်းကိုသဘောကျနေရုံပဲ။
မရမကအသည်းအသန်အရူးအမူး
မင်းမှမင်း ဖြစ်နေတာမဟုတ်ဘူး။
မင်းကိုငါမေတ္တာနဲ့သဘောကျနေ
တာတောင်မှမင်းက ငါ့အတွက် ဗျူဟာအပေါ်ထားတဲ့သူငယ်ချင်းသံယောဇဥ်နဲ့ယှဉ်လိုက်ရင် ခြေဖျားတောင်မမှီဘူး။
အဲဒါငါအရှင်းဆုံးပြောပြတာ။
မင်းဘာလုပ်ဖို့ကြိုးစားနေလဲမသိပေမယ့် အခုအချိန်ကစပြီး ဗျူဟာပိုင်ကို
ငါ့နာမည်သုံးပြီးဘာမှထပ် ခြိမ်းခြောက်
ဖို့မစဉ်းစားနဲ့။မင်းလုပ်ရဲရင်ထပ်
လုပ် ကြည့်လိုက်"
" အဲဒီကောင်ကဘာတွေများကောင်း
နေလို့လဲ။ငါကမင်းအတွက်လုပ်ပေး
တာ။သူမင်းကိုလူမဆန်တာတွေလုပ်
ခိုင်းခဲ့တာလေ။ငါက သူလုပ်ခဲ့သမျှ
တွေကိုတန်ပြန် ခံစားရအောင်ပဲလုပ်
နေတာ ငါလုပ်နေတာတွေအကုန်လုံးက"
" တော်ပါတော့"
မျက်ရည်မကျအောင်ထိန်းရင်း
အသံကျယ်အော်လိုက်မိပြီးတဲ့နောက် ။
" ဟန်ဆောင်နေရတာမပင်ပန်းသေး
ဘူးလား ဆန်းဆက်။ငါတို့ ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင် မင်းဘာသာမင်း ဘယ်သူ့အတွက်ပဲလုပ်လုပ် ငါမင်း
ကို ပြောစရာကုန်ပြီ။မင်းနဲ့ငါ ဒီလောက်နဲ့ပဲ"
"ဟုတ်တယ် ငါ ဟန်ဆောင်နေတယ်
ပဲထားပါတော့။ငါက မင်းတို့လုပ်သ
မျှကိုအရင်ခံရတဲ့သူပါ။ငါက ဒီအတိုင်း
ပဲငြိမ်ခံနေရမှာလား။ဗျူဟာပိုင်ငါ့အပေါ် ဘယ်လောက်ထိကောက်ကျစ်ယုတ်မာခဲ့တယ်ဆိုတာ မင်းအသိဆုံးပဲ။မင်း
အပေါ်ကိုလည်း ဒီလောက်တောင်မှ အောက်တန်းကျထားတာ အနည်းဆုံး
တော့ငါက မင်းသဘောကျနေတဲ့
လူလေ ဘာလို့ငါ့ဘက်မှာမနေပဲ သူ့ကို
ရွေးရတာလဲ။ဘာလို့"
" ဟုတ်တယ်။သူလည်း ကောင်းတဲ့
အထဲမှာမပါဘူး။ဒါပေမယ့် မင်းသိလား"
ဆန်းဆက်မှူးကိုစူးစိုက်ကြည့်လျက်ပင်။
" ဗျူဟာပိုင်က ငါ့အတွက်တော့ မကောင်းတဲ့လူတွေထဲကမှကောင်းတဲ့သူ။ မင်းကတော့.....ခွဲကြည့်ရင်အထဲမှာဘာရှိ
နေလဲသိနေလို့ ငါနောက်တကြိမ်ပြန်
ကိုင်မကြည့်ချင်တဲ့ ကျီးအာသီးလိုမျိုးပဲ"
ပြုံးသည်။ဟာသတစ်ခုကိုကြားလိုက်ရ
သလိုမျိုး ဟက်ဟက်ပက်ပင်ရယ်ပြီး
နောက် သူ့လည်ပင်းကိုဆုပ်ကိုင်
ညှစ်လာတဲ့ ဆန်းဆက်ရဲ့လက်။
"ငါက အရမ်းသဘောကောင်းမိသွား
တယ်ထင်တယ်။ဘာအဆင့်ရှိလဲ။ မိန်းကလေးတစ်ယောက်ဆီကနေသူ့ရည်းစားကို ပြန်ပြီးစနိုက်ကျော်တဲ့
အဆင့်အတန်းနဲ့ကောင်က ဘာအဆင့်
ရှိလို့မင်းကများငါ့ကို"
သူ့ထက်လူကောင်ပိုကြီးပြီးအားက
သန်သောကြောင့် လည်ပင်းကိုညှစ်ထား
တဲ့လက်နှစ်ဖက်ရဲ့အောက်မှာ ဘယ်လို
မှမရုန်းနိုင်။အဆောက်အဦးအကွယ်
မှာဖြစ်နေတော့ အကူအညီတောင်းဖို့
ဘယ်သူမှမရှိ။လက်တွေနဲ့ အင်အားရှိသလောက်ဖယ်ဖ်ု့ကြိုးစားပေမဲ့ အသက်
ရှုလို့မရ ပါးစပ်ကအသံပါမထွက်
နိုင်တော့ပဲ တစ်ကိုယ်လုံးပျော့ကျပြီး
အသက်ရှုရပ်ပြီလို့ ကိုယ့်ကိုကိုယ်
ထင်နေသည့်အချိန်မှပင် ဆန်းဆက်
က သူ့ကိုလွှတ်ချလိုက်သည်။
ချက်ချင်းပင်ကြမ်းပြင်ပေါ်လဲကျပြီး
အသက်ရှုရပ်မလိုဖြစ်၍အပြင်းအထန်
အမောဖောက်နေသည်ကို ပုံစံမပျက်
အောင် စိတ်တင်းထားရသည်။
မရှုနိုင်မကယ်ဖြစ်နေသည့်သူ့ကို ငုံ့
ကြည့်နေသည့် ဆန်းဆက်မှူးက
အေးဆေးစွာနှင့်ပင်။
"ငါတို့ အမျိုးအနွယ်အကြောင်း
မင်း ဘာသိလဲ။ဘာမှမသိပဲနဲ့ ဒီ ပါး
စပ်က လက်လွတ်စပယ် စကားတွေ
မထွက်လာသင့်ဘူးလေ။မင်းအမြင်မှာ
အခုငါက အရမ်း ကြောက်စရာကောင်း
သွားပြီမလား။ငါ ပြောတဲ့စကားတွေ
ကို မင်းယုံမှာလည်းမဟုတ်တော့ ငါ
မရှင်းပြချင်တော့ဘူး။
ငါမင်းကို ဒီလောက်အထိလုပ်ဖို့
စိတ်ကူးမရှိဘူး။မင်းငါ့အပေါ်လိမ်ညာ
ထားတာတွေအတွက်လို့ပဲ
သတ်မှတ်လိုက်။ပြန်တော့"
ချက်ချင်းပင် နေစင်ဟန် မာန်တင်း
လျက်ထရပ်လိုက်သည်။မျက်နှာကို
ပို၍တင်းလျက်ပင်။
"မင်း ဘယ်လောက်ပဲကြိုးစားကြိုးစား ဗျူဟာပိုင်ဖြစ်မလာနိုင်ဘူး။မင်းကမင်း
ပဲ မို့လို့"
သူ့ပုခုံးကိုတိုက်၍ အနားကနေ
ထွက်သွားတဲ့ နေစင်ဟန်။လူက
သွေးမရှိတော့သလိုပျော့ခွေသွားတာ
တောင် မျက်နှာတစ်ချက်မပျက်
တောင်းပန်တယ်ဆိုတဲ့စကားတစ်ခွန်း
မထွက်လာပဲ ကြိတ်ခံပြနေတာ။
ချက်ချင်းအောက်ဆီဂျင်တောင်ပြေးရှုလောက်ရတဲ့ အခြေအနေမှာ ဘာမှမဖြစ်သလိုဟန်ဆောင်ပြပြီး
သွေးအေးစွာ ဆိုင်ကယ်မောင်း၍
ပင် ထွက်သွားသည်။
ဟက်။ ဗျူဟာပိုင်အတွက် ဒီလောက်
တောင် မိုက်ပြရဲတာလား။
နေစင်ဟန် ထွက်သွားတာနဲ့သူဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်၍ နံပါတ်
တစ်ခုကို ဆက်သွယ်လိုက်သည်။ထိပ်ဆုံး
ကိုရောက်နေတဲ့ဒေါသစိတ်ကြောင့်
ဘာကိုမှမမြင်နိုင်တော့ပေ။
"ဘာလဲ"
"နေစင် ငါ့ဆီအခုပဲလာသွားတယ်။
ငါတို့နှစ်ယောက် ဒီနေ့ကစပြီးရင်ဘတ်
ချင်းအနီးစပ်ဆုံး ချစ်သူတွေအဖြစ်နဲ့
တွဲနေကြပြီ"
တစ်ဖက်က ပြန်စကားမလာတော့ပဲ တိတ်ဆိတ်သွားမှု။
"မင်းအခု ကြာကူလီကောင်ဖြစ်နေပြီ
ဆိုတာ ကိုယ့်ကိုကိုယ်သိရဲ့လား။ ငါ့ကောင်လေးနဲ့ ဝေးဝေးမှာနေ ဒဏ်ရာကို
အကြောင်းပြပြီး သူများကောင်လေး
ယုယတာခံပြီးသားရည်တများများနဲ့
ကြိတ်ပုန်းမနေနဲ့။ဒါနဲ့ မင်းစိတ်ကအခုဘယ်လိုလဲ အပေါ်လားအောက်က
လား မင်းပုံစံကြီးနဲ့အောက်ဘက်က
စိတ်ဖြစ်နေတာတော့မဟုတ်ဘူး
မလား။ မင်းအဖေကတော့သူ့သား သူ့လမ်းစဉ်လိုက်လို့ သေချာပေါက်
ဘယ်နေရာကပဲဖြစ်ဖြစ် သဘောကျ
မယ်ဆိုပေမဲ့ မင်းအမေကတော့ နှစ်ခါပြန်သွေးတက်သေသွားနိုင်တယ်နော်"
" ငါမင်းကိုအချိန်ပေးထားတာ မနက်ဖြန်နောက်ဆုံးပဲ။ပြောစရာရှိတာကိုမြန်မြန်
ဖွင့်ပြော မင်းက ယောက်ျားတွေကိုကြိုက်တဲ့ ကြိတ်ဂေးကောင်ဆိုတာ မင်းမိဘ
တွေကိုရောဘိုးတော်ကိုပါ အမြန်ဆုံး
ဝန်ခံ။မဟုတ်ရင် နေစင်ဟန်ကိုငါ့ကုတင်
ပေါ်ဆွဲတင်ပြီးလုပ်ပြီးတာနဲ့ရစရာ
မရှိအောင်လူတွေတံတွေးခွက်မှာ
ပစ်ချခဲ့မယ်။ငါအခုစောက်ရမ်းဒေါသ
ထွက်နေလို့ ဘာမှမလုပ်မိခင် အချိန်
မဆွဲပဲမင်းသရုပ်အမှန်ကိုဝန်ခံလိုက်တော့ ကြားလား သောက်ခြောက်!!"
အသံလှိုင်းရဲ့ ကျယ်လောင်မှုက သူ့ရဲ့
ဒေါသအနေအထားကို ပို၍သိသာ
စေလိမ့်မည်။
*******************************
ေဆး႐ုံကားပါကင္မွာ ဆိုင္ကယ္ရပ္ၿပီး ယူလာတဲ့အထုပ္နဲ႔ လမ္းေလွ်ာက္
လာတုန္း အန္တီ့ကို အေနာက္ကေကာင္မေလးတစ္ေယာက္နဲ႔အတူ
ေဆး႐ုံေျမညီထပ္ထဲဆင္းလာသည္
ကိုေတြ႕လိုက္ရသည္။
ကားသမားက အန္တီထြက္လာတာနဲ႔
ကားတံခါးဖြင့္ေပးေနေပမယ့္ သူ႕ကို
ျမင္သြားတာနဲ႔အန္တီက ဒ႐ိုင္ဘာကို
လက္ျပၿပီး ေစာင့္ထားခိုင္းသည္။
သူ႕ကိုျပဳံးျပၿပီးကားေဘးမွာ ရပ္ေစာင့္
ေနတဲ့ ဗ်ဴဟာပိုင္အေမထံ မရဲတရဲႏွင့္ပင္လွမ္းလာ၍ သက္ျပင္းတစ္ခ်က္ခိုးခ်
ရတာပင္၊။မေတြ႕ေအာင္အန္တီျပန္မယ့္အခ်ိန္လာပါတယ္ဆိုမွအခုေတာ့ ထိပ္
တိုက္ပဲ။
" ဘာေတြယူလာေပးျပန္ၿပီလဲသား။
အခန္းထဲမွာသားဘုန္းေရာက္ေနလို႔
အန္တီကအခုအိမ္ခဏျပန္မလို႔"
"ဘာမွ အေထြအထူးမဟုတ္ပါဘူး။
အသီးနည္းနည္းပါပဲ"
လက္ထဲကအိတ္ကိုအေနာက္ပစ္လိုက္
သည့္တိုင္ အန္တီကလိုက္ၾကည့္ၿပီး ျပဳံးေနလ်က္ပင္။
"ေနစင္ဟန္ေနာ္ သားနာမည္က"
" ဟုတ္ပါတယ္အန္တီ"
"အန္တီ စိတ္နဲ႔ကိုယ္မကပ္ေနတာနဲ႔ပဲ ဒီရက္ပိုင္း စကားေတာင္ေသခ်ာမေျပာ
ျဖစ္ရဘူးကြယ္။သားလည္း ဒီရက္ပိုင္းေက်ာင္းေတြပ်က္ေနရမွာပဲ။
အခုထိ အိမ္မွာေကာင္းေကာင္းလည္း
ျပန္မနားရေသးဘူးမလား။ တစ္ခ်ိန္လုံးေဆး႐ုံမွာပဲ႐ွိေနတာ။ဒီေန႔ခဏဝင္
ၾကည့္ၿပီး အိမ္ျပန္နားရင္နားလိုက္
ပင္ပန္းေနမွာေပါ့။သား သူငယ္ခ်င္း အေျခအေနက စိတ္ခ်ေနရၿပီပဲ"
အံ့ဩစြာႏွင့္ပင္ျဖစ္ရသည္။အန္တီက ဗ်ဴဟာသတိမရလာထဲကေန႔တိုင္း
ေဆး႐ုံခန္းထဲမွာပဲသူ႕သားကို ေစာင့္
ၾကည့္ေနတာမလား။သူ အိမ္မျပန္
တာကိုဘယ္လိုသိတာလဲ။
ဗ်ဴဟာ ေဆး႐ုံေရာက္လာတဲ့အခ်ိန္
ထဲက အကုန္လုံး႐ႈပ္ေနၾကသည္မို႔
အန္တီနဲ႔ စကားေသခ်ာမေျပာျဖစ္ေသး။ ဗ်ဴဟာသူ႕ေၾကာင့္ မေက်နပ္ခ်က္နဲ႔
ဓါးထိုးခံလိုက္ရသည္ကိုဘုန္းျပည့္
က ၾကားထဲကေနထိန္ခ်န္၍
ဗ်ဴဟာနဲ႔ထြန္းျမတ္ ေက်ာင္းမွာ
ကိစၥေလး႐ွိလို႔ စကားမ်ားဖူးတယ္
လို႔သာ လူႀကီးေတြကို ထြက္ဆိုထား၍
သူအခုခ်ိန္အန္တီ့အေ႐ွ႕မွာမ်က္ႏွာ
ျပရပ္ေနရဲတာျဖစ္သည္။
"ကြၽန္ေတာ္႕အတြက္က အပန္းမႀကီး
ပါဘူး။အန္တီ လိုအပ္တာ႐ွိရင္ ဘာပဲျဖစ္ျဖစ္ ခိုင္းေနာ္ ကြၽန္ေတာ္အခန္း
အျပင္မွာ အၿမဲ႐ွိတယ္။ကြၽန္ေတာ္႕မိဘ
ေတြ ဗ်ဴဟာကိုလာမၾကည့္တာေတာ့
အန္တီ တစ္မ်ိဳးမထင္ေစခ်င္ဘူး။
အေမတို႔စိတ္ပူမွာစိုးလို႔ကြၽန္ေတာ္ ဘာမွ
မေျပာျပထားလို႔"
" အန္တီနားလည္တယ္။သားမေျပာ
ခ်င္ရင္မေျပာနဲ႔ လူႀကီးေတြသက္
သက္မဲ့စိတ္ပူေနရအုံးမယ္။
အဲဒီေန႔က သားပါဘာမွမျဖစ္သြား
လို႔ ေတာ္ပါေသးတယ္ မဟုတ္ရင္ သား
မိဘေတြကို အန္တီဘယ္လိုမ်က္ႏွာ
ျပရမလဲဆိုတာ သိမွာေတာင္
မဟုတ္ဘူး"
သူ႕ကို အားနာေနဟန္ျဖစ္ေနသည္
ကပင္အန္တီနီလာေ႐ွ႕သူပို၍
ေခါင္းငုံ႔မိေစတာပင္။
ဗ်ဴဟာနဲ႔သူငယ္ခ်င္းေတြလို႔ဘုန္းျပည့္ကေျပာျပထားေတာ့ အဲဒီညက သူ
ဗ်ဴဟာနဲ႔barကိုအတူပါသြားတာလို႔
အန္တီကထင္ေနတာ။ မိဘခ်င္း
ကိုယ္ခ်င္းစာစြာ စိုးရိမ္ေပး မႈကပင္
အန္တီရဲ႕ သေဘာထားကိုပို၍ေပၚလြင္ေစသည္။သူ႕သားကိုဘာလို႔ဝင္မကူ
တာလဲ ဒီအတိုင္းရပ္ၾကည့္ေနတာ
လား ငါ့သားေနရာမင္းကဘာလို႔မ
ျဖစ္ရတာလဲဆိုသည့္ အျပစ္တင္မႈ
က စျဖစ္ထဲက တစ္ကယ္ကို
စိတ္ေလးနဲ႔ေတာင္မ႐ွိ။ သူေဌးေတြ
ျဖစ္ေပမဲ့ သားသမီးကိုယ္ခ်င္းစာ
ၿပီးတန္းတူပင္။
အန္တီကသူ႕ကိုျပန္၍ပင္အားနာေနေတာ့.....။
" ဗ်ဴဟာကေလ သားကို ေတာ္ေတာ္
ခင္တဲ့ပုံပဲ။သားဘုန္းက လြဲၿပီး ဗ်ဴဟာ
မွာ ဒီေလာက္ထိရင္းႏွီးတဲ့ သူငယ္ခ်င္း
မ႐ွိဘူး။သူအိမ္ေပၚက ဆင္းေနတဲ့
အခ်ိန္ အန္တီ့ကို ဖုန္းဆက္တုန္းက
လည္း သားဘုန္းအိမ္မွာ ႐ွိေနတာ
ေသခ်ာလား အန္တီေမးေတာ့ သူ
ေကာင္းမြန္ေနရာဆီမွာ႐ွိေနလို႔ ဘာမွ
စိတ္မပူပါနဲ႔တဲ့။သားက အဲဒီလိုကို
ေျပာတာ "
လြန္ခဲ့တဲ့ရက္ေတြကေဆး႐ုံအခန္း
ထဲကမထြက္ပဲေသာကေရာက္ေန
သည္ႏွင့္ျခားနားစြာ ဗ်ဴဟာသတိရ
လာတာနဲ႔ဆုေတာင္းေတြျပည့္ဝသြား
သလိုအျပဳံးေတြေဝေနသည့္ မိခင္
တစ္ေယာက္ရဲ႕မ်က္ႏွာ။
"ဗ်ဴဟာကိုသားတို႔အိမ္မွာ ေခၚထား
ေပးတာ သားကိုေရာသားမိဘေတြ
ကိုပါအန္တီအရမ္းေက်းဇူးတင္တယ္။
အဲဒီေကာင္ေလးကေလ သူစိတ္
မၾကည္ရင္နည္းနည္းဂ်စ္တိုက္တတ္
လို႔ သူငယ္ခ်င္းေတြျဖစ္တဲ့ သားနဲ႔
သားဘုန္းတို႔ကပဲနည္းနည္းသည္းခံ
ေပးေနာ္။ သူငယ္ခ်င္းအခ်င္းခ်င္း သက္သက္မဲ့ဗိုလ္က် အႏိုင္က်င့္တာ
မ်ိဳးေတာ့ သူမလုပ္ပါဘူး။သားဘုန္း
ကေတာ့အဲ့ေကာင္ေလးအေၾကာင္းကို
သိၿပီးသား။တစ္ကယ္လို႔အဲ့ေကာင္ေလး အရမ္းဆိုးေနလို႔ဗိုလ္က်ၿပီးေျပာမရ
တာေတြဘာေတြ႐ွိရင္ေတာ့အန္တီ့ကို
အားမနာပဲ လာေျပာ ၾကားလားသား
။အန္တီဆုံးမေပးမယ္။အန္တီျဖင့္
သားမွာ သားဘုန္းကလြဲၿပီး အေပါင္း
အသင္းသူငယ္ခ်င္း သိပ္မ႐ွိလို႔ အခုဘယ္လိုေတာင္ဝမ္းသာမိမွန္း
မသိဘူးကြယ္"
တစ္ကယ္ကို စိတ္ထဲဘယ္လိုျဖစ္သြား
မွန္းမသိဘဲ အန္တီ့ဆီကေမတၱာဓါတ္ကို ေပါင္းကူးရ႐ွိလိုက္သလိုပင္။
မ်က္ႏွာက ျပဳံးေနေပမယ့္ မ်က္ရည္
ေတြဝဲခ်င္တာကိုထိန္းရင္းေျပာေနတဲ့
အန္တီက သူ႕သား သူငယ္ခ်င္းအသစ္
တစ္ေယာက္ရတာကို လြန္စြာပင္ပီတီ
ျဖစ္ၿပီးၾကည္ႏူးေနပုံကသူ႕ကိုလာ
႐ိုက္ခတ္သည္။
"ကြၽန္ေတာ္လည္းစကားနည္းလို႔
ကြၽန္ေတာ္႕မွာလည္း သူငယ္ခ်င္းသိပ္
မ႐ွိပါဘူး။ကြၽန္ေတာ္က ျပန္ၿပီး
ေက်းဇူးတင္ရမွာ။ဗ်ဴဟာကအန္တီ
ကြၽန္ေတာ္႕ကိုမွာထားစရာမလိုေအာင္
ေနတတ္ပါတယ္။ေဘာ္ဒါပီသၿပီး သူ႕သူငယ္ခ်င္းေတြဆိုရင္ဘာအခက္ခဲ
ပဲ႐ွိ႐ွိအၿမဲကူလဲကူညီတတ္တယ္"
ထပ္ဆင့္အျပဳံးေတြေဝေနတဲ့အန္တီနီလာ။
" မင္းသူငယ္ခ်င္း ေဆး႐ုံကဆင္း
လို႔ရတဲ့အခါ သားဘုန္းနဲ႔အိမ္ကိုလာ
ခဲ့ေနာ္။သားတို႔ကို အန္တီထမင္း
ဖိတ္ေကြၽးခ်င္လို႔"
"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ကရပါတယ္။
အန္တီသာ အိမ္မွာျပန္ၿပီးနားလိုက္အုံး
ေနာ္။ဒီမွာကြၽန္ေတာ္နဲ႔ဘုန္းျပည့္ ႐ွိေန
မယ္ အန္တီညေနေလာက္မွ ျပန္လာခဲ့
လို႔ရတယ္"
" ေက်းဇူးပါပဲကြယ္။အန္တီသြားၿပီ
ေနာ္သားေလး ကိုယ့္ကိုကိုယ္လည္း
ဂ႐ုစိုက္အုံး"
"ဟုတ္ကဲ့ အန္တီနီလာ"
သူ႕ကိုထပ္ခါႏႈတ္ဆက္ၿပီး
အန္တီကားထဲဝင္ၿပီးတာနဲ႔ဒ႐ိုင္ဘာက
ကားတံခါးကိုပိတ္ၿပီးေမာင္းထြက္သြားသည္။
ဗ်ဴဟာ ေဆး႐ုံေရာက္တဲ့ညထဲကေန
အန္တီအခုမွ အိမ္ခဏျပန္နားတာကို
သူျမင္ရတာ။
အေဖျဖစ္တဲ့
ဦးထင္ပိုင္ဆိုရင္လည္း ဗ်ဴဟာ
ခြဲစိတ္ခန္းထဲမဝင္ခင္ ေဆး႐ုံအေျပးေရာက္လာတာနဲ႔ သတိေမ့ေနတဲ့
ဗ်ဴဟာပိုင္လက္ကိုကိုင္ၿပီး
"ငါ့သားကိုဘယ္သူလုပ္တာလဲ"လို႔
တစ္ခြန္းထဲေျပာၿပီး လူႀကီးတန္မဲ့
မ်က္ရည္ပါက်ခဲ့တာ။
သူတို႔ကို ဘာေၾကာင့္ျဖစ္ၾကတာလဲလို႔
တစ္ခြန္းမေမး"ဘယ္သူလုပ္တာလဲ"
လို႔ပဲထပ္ခါေမးၿပီး ဗ်ဴဟာ အမွားေၾကာင့္ျဖစ္ေနရင္ေတာင္ ဦးထင္ပိုင္က
ထြန္းျမတ္ကိုထပ္တူ ျပန္လုပ္ခ်င္
သည့္ပုံစံျဖစ္ေနခဲ့သည္။
ခ်စ္႐ွာပါတယ္။အေဖေရာအေမေရာ
က သူတို႔သားကိုသိပ္ခ်စ္ၾကတယ္။
ဒီမိသားစုေလးေရ႐ွည္တည္ၿမဲသြား
မယ္ဆိုရင္ သိပ္ကိုေကာင္းမွာျဖစ္ေပမဲ့.....။
------------------
ေဆး႐ုံအခန္းထဲကို ဝင္လာတာနဲ႔
ကုတင္ကိုမွီၿပီးထိုင္ေနတဲ့သူက သူ႕ကို
ေတြ႕ခ်ိန္ ခ်က္ခ်င္းလွဲအိပ္ေတာ့မလို႔
ကုတင္ေပၚကပဲဆင္းေတာ့မလိုျဖစ္ၿပီးမွ
မ်က္ႏွာတည္ႏွင့္ျပန္ထိန္းသည္။
ကုတင္နဲ႔ခပ္လွမ္းလွမ္း ျပတင္းေပါက္
အနားက ဆိုဖာေပၚမွာထိုင္ေနတဲ့
ဘုန္းျပည့္ကေတာ့ မ်က္လုံးတခ်က္
ပင့္ၾကည့္ၿပီး။
"ေနစင္ လာခဲ့ေလ"
ဘုန္းျပည့္ေခၚတာပင္။ကုတင္ေပၚက
သူကိုၾကည့္လိုက္ေတာ့ ဘယ္လက္နဲ႔ခ်က္ခ်င္း ဖုန္းထုတ္ၾကည့္ေနသည္။
ညာလက္ကေတာ့ေဆးသြင္းထားလို႔ပင္။
ဒါက တိုက္ဆိုင္တာမျဖစ္ႏိုင္ေတာ့။
ဗ်ဴဟာပိုင္ဘာျဖစ္ေနတာလဲ။။
သတိရလာထဲကသူကလြဲၿပီး က်န္တဲ့
လူေတြအကုန္လုံးကို ေကာင္းေကာင္း
မြန္မြန္စကားေျပာဆက္ဆံေပမဲ့ သူ
အခန္းထဲဝင္လာတာနဲ႔ အိပ္ေနရင္
အိပ္ေန၊ မအိပ္ေနရင္လည္းခ်က္ခ်င္းကိုအနားယူရေတာ့မလိုလွဲခ်သည္။
သူစကားဆယ္ခြန္းေလာက္ေျပာ
ရင္လည္း တစ္ခြန္းေလာက္ပင္
ျပန္ေျပာတာ။ဘုန္းျပည့္ကိုေတာ့ အျမင္ၾကည္ေနတာပဲဟာ။ ဘာျဖစ္ေနတာ
လဲ။ သူ႕ကို တမင္ေ႐ွာင္ေနတာေသခ်ာ
သြားၿပီ။
"ဘယ္လက္နဲ႔ဖုန္းသိပ္မကိုင္နဲ႔ေနာ္
ရင္ဘတ္နဲ႔နီးေနတယ္"
သူ႕ကိုအၾကည့္တစ္ခ်က္ေတာင္မပို႔လာ။ဒဏ္ရာက ႏွလုံးအနားမွာ ခြဲစိတ္
ထားရသည္မို႔ သူကစိုးရိမ္မိတာပင္ေပမဲ့။
"ေဟ့ေရာင္ ရင္ဘတ္နဲ႔နီးေနတယ္
လို႔ ေနစင္ေျပာေနတယ္ေလ မင္းကို ဆရာဝန္ဖုန္းေပးကိုင္ၿပီလို႔လား"
" ငါ့လက္က်ိဳးေနတာမဟုတ္ဘူး"
ဗ်ဴဟာပိုင္ကေတာ့ ဗ်ဴဟာပိုင္ပါပဲ။
ဘုန္းျပည့္ကိုပဲ အဖက္လုပ္ၿပီးစကား
ေျပာေနသည္မို႔ သူလဲပါလာတဲ့အိတ္
ကိုခ်ၿပီး လုပ္စရာ႐ွိတာေတြလုပ္
ဖို႔ပဲ ျပင္လိုက္ေတာ့တယ္။
"ေနစင္ ဘာေတြဝယ္လာျပန္ၿပီလဲ။ဒီမွာ အသီးေတြ ႐ွိေနတာပဲ"
" သိပ္အမ်ားႀကီးမဟုတ္ပါဘူး"
"အေတာ္ပဲ ဒီေကာင္ ပန္းသစ္ေတာ္သီး
စားခ်င္ေနတယ္တဲ့ ငါ့ကိုခြဲခိုင္းေနတာ
။ မင္းပဲခြဲေပးလိုက္ေတာ့ ငါဂိမ္းတစ္ပြဲေလာက္ေဆာ့လိုက္အုံးမယ္"
"ေဟ့ေရာင္"
ကုတင္ေပၚကေန
ဘုန္းျပည့္ကိုဟန္႔သည္။
" မစားခ်င္ေတာ့ဘူး မခြဲနဲ႔"
သူ႕ကိုမၾကည့္လာေပမဲ့ ဦးတည္ၿပီး စကားျပန္ေျပာၿပီဆိုတာနဲ႔တင္လွမ္း
ေငးမိရသည္ ။
" သူမစားရင္ ငါစားမယ္ ေနစင္ ခြဲလိုက္"
" မင္းဒီပုံစံက လူနာလာေစာင့္ေပးတာလား"
"ေအးေလ ငါထိုင္ေနေပးတယ္ေလ
။ငါ့အေနအထားႀကီးနဲ႔ထိုင္ေနေပး
တာနဲ႔တင္ ေက်းဇူးတင္လိုက္"
"ဘာလုပ္ဖို႔ ထိုင္ေနမလဲ ေညာင္းတာေပါ့ မင္းတစ္ခါထဲလာလွဲလိုက္ကုတင္
ေပၚမွာ ။ငါမင္းခုံမွာဆင္းထိုင္ေနေပးမယ္"
"အဲ့ဒီလိုလုပ္ရမလား"
ေဘးကိုဟိုၾကည့္ဒီၾကည့္လုပ္ၿပီး ကုတင္ေဘး စားပြဲေပၚက သစ္႐ွဴးဘူးနဲ႔
ဘုန္းျပည့္ကို လွမ္းၿပီးဘယ္လက္နဲ႔
ေကာက္ေပါက္သည္။ သူ႕မွာ မ်က္လုံးျပဴးကာ ခ်က္ခ်င္းပင္ တားမလို႔
လုပ္ေပမယ့္မမွီေတာ့။
"လက္ကို တအားမေျမႇာက္နဲ႔ လႈပ္
လႈပ္႐ွား႐ွားမလုပ္နဲ႔ ေလ ခြဲထားတဲ့
အနာ မက်က္ပဲ ပိုးဝင္သြားမယ္လို႔
ဆရာဝန္မွာထားတယ္မလား။မင္း
ေနာက္တခါသာထပ္ခြဲရရင္အန္တီ
ေမ့လဲဖို႔ပဲ႐ွိေတာ့တယ္။ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ စကားနားမေထာင္ရ
တာလဲ "
ကုတင္ေဘး ခ်က္ခ်င္းေရာက္သြားရၿပီး အသံက်ယ္သြားတာေၾကာင့္ဆူသလိုေတာ့ျဖစ္သြားသည္။မ်က္ႏွာခ်က္ခ်င္း
ၿငိဳးၿပီး ဖုန္းကိုပါပိတ္ ကုတင္ေခါင္း
ရင္းကိုေက်ာမွီထိုင္ေနေတာ့ မေနတတ္
ပင္ ျဖစ္သြားရတာကသူ။
" အဲဒီလိုမဟုတ္ဘူးေလ။အနာမက်က္
ပဲထပ္ခြဲရရင္ မင္း ႏွစ္ခါနာမွာစိုးလို႔ ေျပာလိုက္တာ ဗ်ဴဟာ ငါ"
" လႊတ္ထားလိုက္ ေနစင္။မင္းတစ္ခ်ိန္လုံးယုယေနလို႔ ဒီေကာင္မင္းအားကိုးနဲ႔ ေသာင္းက်န္းေနတာ။အလတ္ႀကီး႐ွိေသးတယ္ အဲ့ေလာက္ထိစိတ္ပူမေနနဲ႔"
သူတို႔အေနာက္က ဘုန္းျပည့္ရဲ႕
စကားသံ။အၾကည့္ခ်င္းဆုံသြား
ေပမယ့္ ခဏပါပဲ။ ကုတင္ကိုမွီထိုင္
ေနရင္း မ်က္လုံးေတြမွိတ္ခ်လိုက္
တာေၾကာင့္ အလိုက္သတိပင္
အနားကခြာလိုက္ရသည္။ ေဆး႐ုံတက္
ရတာ ရက္ၾကာေနၿပီေလ။ အဲ့တာေၾကာင့္ စိတ္ကလည္း လက္တဆစ္နဲ႔ဗ်ဴဟာပိုင္
ဆိုေတာ့ လႈပ္မရျပဳမရနဲ႔ မေနႏိုင္
ျဖစ္ေန႐ွာတာ။စိတ္မၾကည္ျဖစ္ေန
တာကို ကိုယ္ခ်င္းစာပါတယ္။
"အယ္ ဝတ္ရည္ဝယ္လာေပးတာေတြ
အရင္မခြဲဘူးလား ေနစင္"
အခန္းအလယ္က စားပြဲ႐ွည္မွာ
သစ္သီးေတြအခြံခြာေနတဲ့သူ႕ကို
ဘုန္းျပည့္ကလွမ္းေမးသည္။
"ဆိုင္႐ွင္က သူ႕ဆိုင္ကအလုံးေတြက
အရမ္းခ်ိဳတယ္လို႔ၫႊန္းလိုက္လို႔ ဒါပဲ
အရင္ခြဲလိုက္မယ္"
"ေအာ္ အိုေက"
ကုတင္ေပၚကတစ္ေယာက္ကို လွမ္းၾကည့္ေတာ့မ်က္လုံးေတြမွိတ္ၿပီးၿငိမ္ေနဆဲ။
ကိုယ္ေတြဘက္က မွန္ေနခဲ့တာေတာ့
မဟုတ္ေပမယ့္ ဝတ္ရည္ဦးကလည္း
သူမွန္းလို႔မရတဲ့တစ္ခုခုေတာ့တစ္ခု
ခုပဲ။ အဲဒါေၾကာင့္ သူမ်ားဝယ္
လာတာ မေကြၽးခ်င္တာ။
" ဗိုက္မဆာေသးဘူး ထားထားလိုက္"
" ခြာထားၿပီးသားအသီးေတြက အခု
ခြဲအခုစားပဲေကာင္းတယ္ ။ တစ္ခုႏွစ္ခုေလာက္ စားၾကည့္ပါလား။ေနာ္"
ကုတင္ေဘးမွာရပ္ၿပီးဆက္သေန
သည့္တိုင္ အသံခပ္တိုးတိုးနဲ႔ျငင္းသည္။
မ်က္လုံးကိုဖြင့္လာၿပီးသစ္သီးပန္းကန္ကိုတစ္ခ်က္ေတာ့ေစာင္းၾကည့္ေပးရင္း။
"ေရခဲေသတၱာထဲ ထည့္ထားလိုက္"
"ဘာေတြျဖစ္ေနၾကတာလဲ သူမစားရင္
ငါ့ကိုေပး။ငါစားပါမယ္ဆို စားမယ့္
လူက်ေတာ့ မေကြၽးၾကဘူး။တကယ္
ထဲမွ ေပး ေနစင္ငါ့ကို"
ဘုန္းျပည့္ လွမ္းေတာင္းေနေတာ့
မေကာင္းတတ္၍ ကမ္းေပးလိုက္ရသည္။ေကြၽးခ်င္တာကတစ္ေယာက္။
"အင္း ပန္းသစ္ေတာ္သီးေလးက ခ်ိဳ
ေနေရာပဲ ေနစင္။ ဆိုင္႐ွင္မလိမ္ဘူး ။
လိေမၼာ္သီးကအမွ်င္ေတြပါ ခြာထား
ေပးတာလား။စိတ္႐ွည္လိုက္တာ မင္း
ကိုရမဲ့လူေတာ့ေတာ္ေတာ္ကံေကာင္း
တာပဲ။ငါ႐ွင္းသန္႔နဲ႔ေတြ႕တာ ေစာသြား
တယ္။မင္းကိုအရင္ေတြ႕ခဲ့ရမွာကြာ။
right person wrong time"
မ်က္လုံးတဖက္ပါမွိတ္ျပလာတဲ့
ဘုန္းျပည့္ေၾကာင့္စေနမွန္းသိေပမဲ့။
"ေနာက္တစ္ခါထပ္ေျပာေပးပါအုံး။
ငါ အသံသြင္းထားၿပီး ႐ွင္းသန္႔ကို
ပို႔ေပးခ်င္လို႔"
"အယ့္ အဲ့လို မလုပ္ရဘူးေလ။
သည္းေလးကလဲ စိတ္ေလွ်ာ့ စိတ္ေလ်ာ့"
" ငါအိပ္ေတာ့မယ္။ ဆူညံေနမယ္ဆိုရင္ အကုန္လုံးထြက္သြား"
"ေဟ့ေရာင္ မင္းေန႔လည္ေဆးေသာက္
ရအုံးမယ္ေလ မအိပ္နဲ႔အုံး။ ထမင္း
စားၿပီး ေဆးေသာက္ၿပီးမွ
အိပ္ အန္တီ ေသခ်ာမွာသြားတာ
ငါ့ကိုဆူလိမ့္မယ္"
ဘုန္းျပည့္ပါ ထိုင္ရာကေနထလာၿပီး
ႏွစ္ေယာက္လုံး သခင္ေလးကိုခစား
ရတဲ့သူေတြလို ကုတင္ေဘးတစ္ဖက္တစ္ခ်က္မွာအသင့္အေန
အထားႏွင့္ရပ္ေနရသည္။
" မင္းဆူခံမထိရင္ၿပီးေရာမလား ႏိုးလာမွ ေသာက္လိုက္မယ္။ ျပန္လိုက္ေတာ့"
"မရဘူး။ ေဆးကအခ်ိန္မွန္ေသာက္ရမွာ။ ခဏေနဆရာမေလးေတြလည္းလာ
ၾကည့္အုံးမယ္ မအိပ္နဲ႔ထ။လူကျဖင့္ ေကာင္းေကာင္းေတာင္မတ္တပ္မရပ္ႏိုင္ေသးဘူး။ေနာက္မွ အူတို"
"ဘာ!"
"ေနစင္ အခု ထမင္းထည့္လိုက္။
ထမင္းစားပြဲေပၚမွာအန္တီထားသြား
တဲ့ဂ်ိဳင့္ေတြ႐ွိတယ္"
"အင္း အခုထည့္လိုက္မယ္"
ျပန္လွည့္ၾကည့္လိုက္ေတာ့ သခင္ေလးက
အကုန္လုံးကို မ်က္ႏွာလႊဲထားသည္။
ဘုန္းျပည့္ စလိုက္တာကို ဗ်ဴဟာပိုင္
ၿငိမ္က်သြားတုန္း အျမန္ပင္ ထမင္းေျပးထည့္ဖို႔လုပ္ရတာပင္။
"ဟို ငါ...အိမ္ကေနၾကက္သားဆန္ျပဳတ္ယူလာေပးတယ္။တအားအရည္ႀကဲ
မဟုတ္ဘူး ထမင္းေပ်ာ့ေပ်ာ့လိုပုံစံမ်ိဳးပဲ။ ထမင္းမစားခ်င္ဘူးဆိုရင္ ဆန္ျပဳတ္
ပူေနတုန္းေသာက္မလား။ အဲဒါထည့္
လိုက္ရမလား"
"မေသာက္ခ်င္ဘူး"
"ငါ ခ်က္ထားတာမဟုတ္ဘူး။ငါ
မခ်က္တတ္ဘူး။အေမမနက္ေစာေစာထခ်က္ၿပီးထည့္ေပးလိုက္တာ မင္းေနမေကာင္းဘူးလို႔ေျပာထားလို႔"
အေမနဲ႔ေျပာလိုက္ေတာ့ ခ်က္ခ်င္း
မ်က္ႏွာကေျပာင္းသြားသည္။
"ေနစင္ မင္းအေမခ်က္ခဲ့ေပးတာလား။ လူႀကီးလက္ရာဆိုေတာ့ စားေကာင္းမွာပဲ ။ငါလည္း ၾကက္သားဆန္ျပဳတ္ ပူပူေလးေသာက္ခ်င္ေနတာ ။ မစားခ်င္တဲ့
လူကိုမေကြၽးနဲ႔ သူ႕ကိုထမင္းသြားေကြၽးလိုက္။ငါလည္းဘာမွမစားရေသးဘူး
ငါ့ကိုဆန္ျပဳတ္တိုက္ ေနစင္"
"ငါစားမွာ ငါ့ဟာ"
အေနာက္ကအသံက်ယ္။
"တကူးတကခ်က္လာေပးတဲ့ ေဒၚေလး
ကိုအားနာလို႔ "
ကုတင္ေပၚကဂ်စ္တိုက္ေနတဲ့သူကို
ပစ္ထားလိုက္ၿပီး သူနဲ႔ဘုန္းျပည့္ခိုးျပဳံး
လ်က္ပင္ ဆန္ျပဳတ္ထည့္ဖို႔ျပင္လိုက္သည္။
ၾကက္သားဖတ္ႏိုင္းခ်င္းနဲ႔င႐ုတ္ေကာင္း
အနံ႔ေလးေမႊးေမႊးေလးနဲ႔ အေမ့လက္ရာဆန္ျပဳတ္ပူပူေလးကိုသုံးေဆာင္ေပး
ေနတဲ့သူကိုေဘးမွာ ေစာင့္ေပးရင္း
ဂ႐ုမစိုက္သလိုပင္ အသံတိတ္ေန
ေနရသည္။သူၾကည့္ေနရင္ ေနရခက္
မွာစိုးလို႔ပင္။ ဒီအတိုင္းဆိုရင္ေတာ့ သူ႕ကိုတစ္ကယ္ စိတ္ဆိုးေနတာပဲ။ ဗ်ဴဟာပိုင္ ဘယ္ေလာက္ထိဆိုးလည္းဆိုရင္ သူ
စိတ္ဆိုးေနေၾကာင္းျပတာက သူ႕ကို
လုံးဝလစ္လ်ဴ႐ႈ သူ ဝယ္လာေပး
တာေတြကိုဘာမွမစား အဖက္လုပ္ၿပီး
စကားေတာင္မေျပာတဲ့အထိ။ဟင္း
ဒီတစ္ေယာက္နဲ႔ တစ္ကယ္ခက္ပါလား။
စားလို႔ေသာက္လို႔ၿပီးေဆးတိုက္ၿပီးေတာ့ ဘုန္းျပည့္ကသူ႕တာဝန္ၿပီးသြား၍ အခန္းအျပင္ခဏလမ္းေလွ်ာက္ထြက္သြားသည္။
ႏွစ္ေယာက္တည္းစကားေျပာဖို႔ အခြင့္
အေရးရမလားလို႔ သိမ္းစရာ႐ွိတာ
ေတြသိမ္းေပးၿပီး ကုတင္အနားျပန္လာပါတယ္။သခင္ေလးက ေစာင္ကို ေခါင္း
ထိမေရာက္႐ုံတမယ္ျခဳံၿပီး သူ႐ွိတဲ့
ဘက္ေက်ာေပးကာေဘးေစာင္းအိပ္
ခ်လိုက္ၿပီျဖစ္သည္။
လူနာေဘးနား
လြတ္ေနတဲ့ ကုတင္ေပၚေနရာမွာ
ဖြဖြေလးဝင္ထိုင္ကာ။
"ေဆးသြင္းထားတဲ့လက္ကိုအရမ္း
မဆြဲထားနဲ႔ေနာ္ ေဘးတစ္ေစာင္းက
ခဏပဲအိပ္"
အေျဖျပန္မလာ။
" ငါ့ကိုစိတ္ဆိုးေနတုန္းပဲလား"
" မင္းသေဘာထားတာကို အရင္
မေမးဘဲနဲ႔ အိမ္ျပန္ခိုင္းမိတာ ေတာင္းပန္
ပါတယ္။ႏွင္တဲ့သေဘာမ်ိဳးမဟုတ္ဘူးေလ..."
ႏွစ္ေယာက္တည္းၾကား႐ုံ ခပ္တိုးတိုး
ေျပာေနေပမဲ့ ျပန္စာကမလာဆဲ။
" တစ္ကယ္ေတာင္းပန္တယ္။ငါ
သာ မင္းကိုမေခၚသြားခဲ့ရင္ အဲဒီေကာင္နဲ႔ ေတြ႕ၿပီးမင္း အခုလိုျဖစ္မွာမဟုတ္ဘူး ။အကုန္ငါ့အျပစ္ေတြ ငါ့ေၾကာင့္။မင္း
ေဆး႐ုံကေနဆင္းတဲ့အခါက် ေနေကာင္းသြားခဲ့ရင္ ငါ့အိမ္မွာလာျပန္ေနရင္လာေနေလ။ငါ့အေမနဲ႔အစ္မက မင္းျပန္
သြားတာ ႏႈတ္ေတာင္မဆက္သြားလို႔
ဆိုၿပီး ဝမ္းနည္းေနၾကတယ္။အေဖ
ေရာပဲ။ငါမွားသြားတယ္။ငါ့အမွားပါ။
မင္း ေနေကာင္းသြားတဲ့အခါက်ရင္
ငါ့အိမ္မွာ ႀကိဳက္သေလာက္လာ
ေနေလ ေနာ္။ေနာ္"
ေက်ာေပးအိပ္ေနတဲ့ကိုယ္က လွည့္
ၾကည့္ဖို႔ေနေနသာသာ တစ္စက္ေလး
မွမလႈပ္လာ။ဘာျဖစ္ေနတာလဲ။
တကယ္ပဲစိတ္ဆိုးေနတာလား။အသက္
ေသမွာကိုေတာင္ ဂ႐ုမစိုက္ဘဲ ဓါးနဲ႔
ေတာ့အထိုးခံေပးၿပီး အိမ္ျပန္ပို႔တဲ့
ကိစၥေလးကိုေတာ့အခုထိ ခြင့္မလႊတ္
ႏိုင္တာလား။
မင္းကတစ္ကယ္ ကိုယ္လုပ္ခ်င္ရာကို
လုပ္တာပဲ ဗ်ဴဟာပိုင္။
ထြန္းျမတ္က တစ္ခ်က္ထဲေနာက္ဘဝ
ကူးေအာင္အထိ ယုတ္မာသြားတာ
။ႏွလုံးကိုမထိပဲ ႏွလုံးေဘးနားမွာဓါးက
႐ွပ္ထိသြားလို႔သာ အခုလိုခြဲစိတ္မႈလုပ္
ႏိုင္တာပင္။သူ ျပန္ေတာင္မေတြးရဲဘူး။
အခုအခ်ိန္ထိ ဗ်ဴဟာပိုင္ကိုျမင္လိုက္
ရတဲ့ ျမင္ကြင္းက သူ႕ရင္ထဲမွာ ထိတ္လန္႔ျခင္းမ်ားစြာနဲ႔ အိမ္မက္ဆိုးလို
ေဖ်ာက္ဖ်က္မရျဖစ္ေနတုန္းပဲ။
"ငါ....ငါ ဘယ္ကေနစၿပီးေက်းဇူးတင္
စကား ေျပာရမလဲဆိုတာေတာင္မသိ
ေတာ့ဘူး။.....မင္းသာငါ့ကို ထြန္းျမတ္
ေခၚသြားတဲ့ေန႔ အဲ့ဒီေန႔က လာမေခၚ
ေပးခဲ့ရင္"
"ေက်းဇူးတင္စရာမလိုဘူး အဲ့ဒီေန႔က
ဘုန္းျပည့္ေခၚလို႔မလႊဲသာပဲေရာက္
သြားတာ။မင္းကိုကယ္လာတာ ငါ
မဟုတ္ဘူး ဘုန္းျပည့္။
ဒီလိုျဖစ္သြားတာကလည္း ထြန္းျမတ္နဲ႔
ငါကအစထဲက တခန္းထဲဆိုေတာ့
ျပႆနာ ျဖစ္ထားတာေတြ႐ွိလို႔
အျမင္ကပ္ပုဒ္မနဲ႔ၿငိသြားတာ။မင္းနဲ႔
ဘာမွမဆိုင္ဘူး။ငါမင္းကိုစိတ္ဆိုး
စရာကိစၥလဲမ႐ွိဘူး"
အခန္းတြင္းတခဏတိတ္ဆိတ္သြား
သည္။ေက်ာေပးထားတဲ့သူကို ေငးၾကည့္ရင္းေပါ့.....။သူေျပာေတာ့လည္း
သူ႕စကားပဲေပါ့။
" ထားပါေတာ့။အဲဒါဆိုရင္အခုက
ဘာျဖစ္လို႔လဲ။ဘာလို႔ငါ့ကို အခုလို
စိမ္းကားေနတာလဲ။ ဒါမွမဟုတ္ မင္းမွာ
ဘာစိတ္ညစ္စရာေတြ႐ွိေနလို႔လဲ။
ငါ့ကိုေျပာ။ ဘာမွမေျပာပဲ
မင္းကငါ့ကိုအခုလိုေ႐ွာင္ေနေတာ့ ငါနဲ႔
မပတ္သက္ခ်င္ေတာ့လို႔မ်ားလားေတာင္ေတြးမိတယ္။ငါကပဲလိုက္ေရာသ
လိုျဖစ္ေနေတာ့ေလ။မင္းကငါ့ကိုအခုလိုဆက္ဆံေနေတာ့ ငါတို႔ၾကားမွာ အေျခ
အေနကြာျခားမႈက သူငယ္ခ်င္းေတြ
ဆက္လုပ္ဖို႔ငါ့ကိုသိမ္ငယ္ေစတယ္။
မင္း ေ႐ွ႕ေလွ်ာက္ငါနဲ႔မပတ္သက္ခ်င္
ဘူးဆိုရင္လည္း ပြင့္ပြင့္လင္းလင္း
ေျပာ မင္းေဆး႐ုံကဆင္းတဲ့အခါငါ
မင္းဆီထပ္မလာေတာ့ဘူး"
"ဟုတ္တယ္....စိတ္ဆိုးေနတာ"
အသံက ခပ္တိုးတိုး။ေက်ာေပးထား
တဲ့သူကို ၾကည့္ရင္း စိတ္ထဲကေနပဲ
ျပဳံးမိတာပင္။
ဗ်ဴဟာပိုင္ကို ဘယ္လိုကိုင္တြယ္ရမ
လဲဆိုတာတစ္ျဖည္းျဖည္း သိလာသလိုပဲ။
"စိတ္ဆိုးေနတာမလို႔ မင္းနဲ႔ စကား
အမ်ားႀကီးမေျပာခ်င္ေနဘူး။ငါစိတ္
ေျပလာတဲ့အခ်ိန္အထိ ခဏေစာင့္ေပး"
"အခုမွပဲ စိတ္မေကာင္းျဖစ္တာ
သက္သာသြားေတာ့တယ္။ ငါမွား
တာမလို႔ စိတ္ဆိုးတာကႀကိဳက္သ
ေလာက္ဆက္ၿပီး ဆိုးေနလို႔ရတယ္။ငါနဲ႔သူငယ္ခ်င္းဆက္မလုပ္ခ်င္ေတာ့တာ မဟုတ္ဘူးဆိုရင္ရၿပီ။မင္းစိတ္ဆိုး
ေျပလာမဲ့ေန႔အထိ ငါကမင္းေက်နပ္
လာေအာင္ေခ်ာ့မွာမလို႔ဒီလိုပဲ ဆက္ၿပီး
ေခ်ေနလို႔ရပါတယ္ သခင္ေလးခင္ဗ်
သိလား"
" အိပ္ခ်င္ေနၿပီ"
" အြန္း အိပ္ခ်င္ေနၿပီ ဟုတ္လား။
အိပ္ရမွာေပါ့။ အဲ့တာဆိုရင္ တစ္ေရး
အိပ္လိုက္ေတာ့။ ငါနဲ႔ဘုန္းျပည့္အျပင္
မွာ႐ွိေနမယ္ေနာ္။ခဏေနဘုန္းျပည့္
ကို ျပန္ဝင္လာခိုင္းလိုက္မယ္ ငါကေတာ့အျပစ္ခံယူတဲ့အေနနဲ႔တစ္ေန႔လုံး
အျပင္မွာပဲေစာင့္ေနေတာ့မယ္"
ကုတင္ေပၚကအျမန္ဆင္းၿပီး ေက်ာ
ေပးထားတဲ့သူကိုတစ္ခ်က္ၾကည့္
လိုက္ေတာ့ပကတိ ၿငိမ္သက္ေနဆဲ။
ျပဳံးမိရင္း ေစာင္ျခဳံထားတာ ေနရာက်ေအာင္လုပ္ေပးၿပီး တိတ္တိတ္ဆိတ္ဆိတ္ေပးအိပ္လိုက္မလို႔လုပ္ၿပီးမွ ျပန္
ၾကည့္ခ်ိန္ စိတ္ထဲမတင္မက် ျဖစ္ေန
သည့္မလို႔။
" ဗ်ဴဟာ....ငါ ငါေလ"
ေအာက္ႏႈတ္ခမ္းကို ကိုက္မိမလိုျဖစ္ရင္း။
" ဘာမွမဟုတ္ေတာ့ဘူး အိပ္လိုက္
ေတာ့ေနာ္ ငါအျပင္ထြက္တဲ့အခါက်
ပက္လက္ျပန္ေနလိုက္ ဒီအတိုင္း
မအိပ္လိုက္နဲ႔"
ေဆးပိုက္ေတြမလိမ္ေအာင္လုပ္
ေစာင္ကိုေသခ်ာျခဳံေပးခဲ့ၿပီး ေအးေအးေဆးေဆးအနားယူလို႔ရ
ေအာင္ အခန္းထဲကထြက္ဖို႔ျပင္
လိုက္သည္။ ထပ္ၿပီးစိတ္႐ႈပ္ေနပါဦး
မယ္။ ေဆး႐ုံကဆင္းတဲ့အခါက်မွပဲ
ေျပာေတာ့မယ္။
မင္းသေဘာမပါရင္မင္းအတြက္ဒါက
အေရးမႀကီးေတာ့ဘူး တစ္ကယ္ပဲ
မလုပ္ေစခ်င္ေတာ့ဘူးဆိုရင္ ငါက
မင္းခိုင္းေစတဲ့အတိုင္းပါပဲ ရပ္ပစ္
လိုက္ပါေတာ့မယ္လို႔ေပါ့....။
-------------------
"ငါမင္းကို သူမ်ား အိမ္တြင္းေရးကို
ေျပာျပသင့္တာထက္ကိုစည္းေဖာက္
ၿပီးေျပာျပၿပီးသြားၿပီ။မင္းအခုေျပာ
ဗ်ဴဟာနဲ႔မင္း ဘယ္လိုအေပးအယူ
႐ွိေနတာလဲ။ မင္းတို႔ႏွစ္ေယာက္ၾကား
မွာ႐ွိတဲ့ကိစၥေတြကဘာလဲ"
ေဆး႐ုံအခန္းအျပင္ေကာ္ရစ္တာ
ေထာင့္စြန္းမွာ ဘုန္းျပည့္နဲ႔သူ
စကားရပ္ေျပာေနတာပင္။
ႏွစ္ခါစဥ္းစားစရာမလို။
ဝတ္ရည္ဦး ေျပာျပသြားတဲ့စကားေတြေၾကာင့္သူဘုန္းျပည့္ကိုထုတ္ေျပာမွကိုရေတာ့မည္။
" ဗ်ဴဟာငါ့ကို ခိုင္းခဲ့တာ။ငါကိုယ္တိုင္
က သူ႕ဆီကေငြေၾကးအကူအညီ
ယူၿပီး ႏွစ္ဦးသေဘာတူနဲ႔ပဲ။မတရား
ခိုင္းေစတာမ်ိဳးမဟုတ္ဘူး"
" ဗ်ဴဟာမင္းကို ဘာလုပ္ခိုင္းခဲ့တာလဲ"
"ဆန္းဆက္မႉးကို လိုက္ခိုင္းတာ။
ဆန္းဆက္ငါ့ကို တစ္ကယ္ႀကိဳက္သြား
ၿပီး ေဂးျဖစ္သြားတဲ့အထိ"
ဘုန္းျပည့္ ဘာမွျပန္မေျပာႏိုင္ျဖစ္သြားသည္။သက္ျပင္းပါတစ္ခ်က္ခ်ရင္း
ကိုယ့္လူကို အျပစ္လည္းမတင္ႏိုင္ မွန္
တယ္လို႔လည္း မေထာက္ခံေပး ႏိုင္သည့္မ်က္ႏွာ ျဖစ္ေနသည္။
" ဒါေပမဲ့ လြန္ခဲ့တဲ့လတုန္းကစၿပီး ႐ုတ္တရက္ႀကီးဒီကိစၥ
ကိုရပ္ခိုင္းတယ္။သူ ဘာကိုအားနာ
သြားလဲေတာ့ငါမသိဘူး ငါေက်ာင္း
မွာဆန္းဆက္နဲ႔နာမည္ပ်က္စထြက္
တုန္းကစၿပီး ရပ္ခိုင္းတာ။မလုပ္နဲ႔
ေတာ့တဲ့။သူငါ့ကို အားနာေနတယ္
ဆိုတာသိလို႔
ငါ့သေဘာနဲ႔ငါပဲ ဆက္လုပ္ခဲ့တာ"
"ခဏေလး မင္းကိုဘယ္တုန္းက
ရပ္ခိုင္းခဲ့တာလဲ အတိအက်ေျပာ"
ဘာမွမေျပာခ်င္ေတာ့ေအာင္
စိတ္ညစ္ေနသည့္ပုံစံျဖစ္ေနရာကေန
ဘုန္းျပည့္ရဲ႕ အသံက်ယ္။
" ငါေျပာေနတာၾကားလား။ ဘယ္တုန္းကရပ္ခိုင္းခဲ့တာလဲ!!"
"ဆန္းဆက္နဲ႔ဝတ္ရည္ တြဲေနတယ္ဆို
ၿပီးငါ့နာမည္ ေက်ာင္းမွာမေကာင္းသတင္းထြက္တုန္းကတစ္ႀကိမ္၊ ဗ်ဴဟာ ေဆးေတြသုံးတယ္ဆိုၿပီး
ေခၚသြားခံရၿပီး ျပန္ေရာက္လာတုန္း
က တစ္ႀကိမ္။ မလုပ္နဲ႔ေတာ့တဲ့
ဆက္လုပ္စရာမလိုေတာ့ဘူးဆိုၿပီး ငါ့ကို
ရပ္ခိုင္းခဲ့တာ။ငါ ငါက"
"ခဏေလး!!"
လက္ကာျပၿပီး ဘုန္းျပည့္က တစ္စုံ
တစ္ခုကို အလြန္အမင္း ေတြးေတာ
ေနဟန္႐ွိသည္။
" အဲ့တာေၾကာင့္လား။ငါထင္ေနတာ
မမွားဘူး ဒီေကာင္တစ္ခုခုကိုေျခ
ခ်ဳပ္မိေနပါတယ္လို႔"
"ဘာ ဘာကိုလဲ"
"ဟုတ္တယ္ အဲဒါေၾကာင့္ပဲ ။ေသခ်ာ
တယ္ ငါတို႔ခံေနရၿပီ။ဆန္းဆက္မႉး
က ငါတို႔ကိုနားလွည့္ၿပီးပါး႐ိုက္ေနတာ"
"မင္း ဘာကိုေျပာခ်င္တာလဲ"
" ဗ်ဴဟာရပ္ခိုင္းရင္ အဲဒီအခ်ိန္ထဲ
က မင္းရပ္လိုက္ပါလား။ ဘာလို႔ေ႐ွ႕ဆက္တိုးေနတာလဲ။ဆန္းဆက္မႉးကိုမင္းအဲ့ဒီေလာက္ေတာင္မႊန္ေနလား။
ငါသိသြားၿပီ။ဗ်ဴဟာဒီလိုေတြျဖစ္
ေနရတာေတြ အကုန္လုံးကမင္းေၾကာင့္၊
မင္းေၾကာင့္ပဲ ေနစင္ဟန္"
"မင္း ဘာကို"
"ဆန္းဆက္မႉးက မင္းနဲ႔ ၿခိမ္းေျခာက္ၿပီး ဗ်ဴဟာကို သူေျပာသမွ်နာခံေခါင္း
မေဖာ္ႏိုင္ေအာင္လုပ္ေနတာ။
ဖ်က္ဆီးပစ္ေနတာ။ အဲဒီေကာင္
က မေက်နပ္စိတ္မ်ားတယ္။တစ္သက္
လုံးသူတို႔ အမ်ိဳးအႏြယ္ ထဲမွာ ေမြးစား
သားရဲ႕ကေလးဆိုၿပီးနိမ့္က်ခဲ့ရသမွ်
ဗ်ဴဟာကို ေအာက္ဆုံးထိေရာက္
ေအာင္ဆြဲခ်ၿပီး ေနရာေကာင္းဝင္
ယူမလို႔လုပ္ေနတာ။မင္းနဲ႔ လုပ္ထားတာ!!"
"ဘာ"
ဘုန္းျပည့္ေျပာသမွ်ကို တစ္ခုခ်င္းဆီ နားလည္လာေအာင္မနဲပင္ျပန္လိုက္
ေနရသည္။ဗ်ဴဟာ တစ္ခုၿပီးတစ္ခု
ျဖစ္ေနတာေတြကတကယ္ပဲအကုန္
သူ႕ေၾကာင့္...မဟုတ္ဘူးေလ
ဗ်ဴဟာပိုင္လိုေကာင္မ်ိဳးက
ဘာအတြက္နဲ႔။မဟုတ္ဘူး။
"ဘာလို႔ငါလဲ။ဘာလို႔ ငါနဲ႔လဲ ဆန္းဆက္ ၿခိမ္းေျခာက္တိုင္း ဗ်ဴဟာပိုင္ဆိုတဲ့
ေကာင္က ေၾကာက္ေနရေအာင္ၿငိမ္ခံၿပီးလိုက္လုပ္ေပးေနရေအာင္ငါက သူ႕
အတြက္ဘာေတြမ်ားအေရးပါ"
"ငါေျပာမထြက္ဘူး။မင္းဘာသာ
သိရင္သိ မသိရင္လည္း အဲဒီေကာင္
ေျပာထြက္လာမဲ့ အခ်ိန္က်မွနားေထာင္။
တစ္ကယ္ပဲ ဘာေတြျဖစ္ကုန္တာလဲ။
ဗ်ဴဟာပိုင္ဆိုတဲ့ေကာင္ ငါ့ကို ေတာ္ေတာ္စိတ္ဒုကၡေပးတယ္ဟာ!!"
စကားကိုေဒါသထြက္ေနသလို
ျဖတ္ေျပာၿပီး အလြန္အမင္း စိတ္ညစ္
ေနပုံရင္ခံေနပုံရတဲ့ဘုန္းျပည့္။
" ဗ်ဴဟာမႏိုးခင္ငါျပန္လာခဲ့မယ္"
"ေဟ့ေရာင္ ဘယ္သြားမလို႔လဲ"
ဘုန္းျပည့္ကိုတစ္ခ်က္ျပန္လွည့္ၾကည့္ရင္း။
"႐ွင္းစရာ႐ွိလို႔"
သေဘာေပါက္သြားတဲ့ ဘုန္းျပည့္ကိုေက်ာခိုင္းကာ တစ္စုံတစ္ေယာက္နဲ႔
ေတြ႕ဖို႔သူ ေဆး႐ုံထဲကေန ထြက္လာခဲ့
လိုက္သည္။
-----------------
Studioအေ႐ွ႕ကို ေရာက္ေရာက္ျခင္း
ဆိုင္ကယ္ရပ္လိုက္တာနဲ႔ အျပင္မွာ
ရပ္ေစာင့္ေနတဲ့ပုံရိပ္။သူ စိတ္မေလာမိေအာင္ မနည္းပင္ထိန္းေနရသည္။
႐ွင္းစရာ႐ွိတာ ႐ွင္းၾကရေအာင္ ဆန္းဆက္မႉး။
" ေရာက္လာၿပီးလား အထဲဝင္ရ
ေအာင္။မင္းဖုန္းဆက္ထဲက ထြက္ေစာင့္
ေနတာ"
" မဝင္ေတာ့ဘူး ငါသြားစရာ႐ွိေသးလို႔"
" အဲဒါဆိုရင္ဘာေသာက္မလဲ တခုခုေသာက္မလား။ အထဲမွာအေအးဘူး
ေတြ႐ွိတယ္ သြားယူေပးမယ္ "
"မေသာက္ေတာ့ဘူး ငါ မင္းနဲ႔စကားေျပာစရာ႐ွိလို႔လာတာ"
ပင္ကိုယ္ႏူးညံ့ေနတဲ့ အျပဳံးေတြ ေပ်ာက္ကြယ္မလိုျဖစ္သြားေပမယ့္ခ်က္ခ်င္းပင္ ထပ္မံ၍ျပဳံးလ်က္။
" ဘာေျပာစရာ႐ွိလို႔လဲေျပာေလ။
အေရးမႀကီးရင္ ဖုန္းဆက္လိုက္တာ
မဟုတ္ဘူး။ ေနပူတယ္ေလ။ ဒါမွမ
ဟုတ္ငါ့ကိုလာခိုင္းရင္လည္း"
"အေနာက္ကေနလိုက္ခဲ့"
ဆိုင္ကယ္ေပၚကေနဆင္း၍studioအေဆာက္အဦးရဲ႕ေဘးဘက္ ဘယ္သူ
မွမျမင္ႏိုင္သည့္ေနရာသို႔ဦးတည္လိုက္သည္။အခုလည္းအျပင္မွာဘယ္သူ
မွမ႐ွိေနေပမဲ့လူမၾကားႏိုင္တဲ့ေနရာျဖစ္ေစခ်င္လို႔ျဖစ္သည္။
"ေနစင္"
"မင္းငါ့ကို barကိုလာဖို႔ဖုန္းဆက္ေခၚ
တဲ့ညတုန္းက အဲဒီေနရာမွာ ထြန္းျမတ္
ကိုပါ ေခၚထားတယ္ဆိုတာဘာလို႔မ
ေျပာတာလဲ"
အျပဳံးေတြက ခ်က္ခ်င္းေမွးမွိန္သြားသည္။
" ဘာေျပာတယ္"
ဒီလိုအေမးခံရတာကို မယုံႏိုင္ျဖစ္ေနသည့္ပုံစံ။
"ငါကဘာလို႔ အဲဒီေကာင္ကိုေခၚထား
ရမွာလဲ။ မင္းနဲ႔အကန္႔ ေတြ႐ွိထား
မွန္းသိရက္နဲ႔ငါက အဲဒီေကာင္နဲ႔
ပတ္သက္စရာလား။ သူ႕ဘာသာ တျခားသူငယ္ခ်င္းေတြဆီကေနသိၿပီး
ေရာက္လာတာ"
"ေအာ္"
အေၾကာင္းသိေနၿပီးသားမလို႔
မအံ့ၾသႏိုင္စြာႏွင့္ပင္ျဖစ္ရသည္။
" ထြန္းျမတ္နဲ႔မင္း အဆက္အသြယ္
လုံးဝမ႐ွိဘူးေပါ့"
" ဘာျဖစ္ေနတာလဲ ေနစင္။ငါ့အေပၚ
ဘာကို စိတ္ထဲမတင္တက်ျဖစ္တာ ႐ွိ
လို႔လဲ။ မင္းစိတ္ထဲမွာ ဘာကိုမွမထား
နဲ႔ ေျပာစရာ႐ွိတာကိုေျပာ အဲ့ဒါမွ ငါတို႔
ႏွစ္ေယာက္ၾကားမွာ ယုံၾကည္မႈေတြမပ်က္ျပယ္မွာ "
" ဗ်ဴဟာပိုင္ ငါ့ဆီမွာ ႐ွိေနတာကို
မင္းသိေနတယ္။အဲ့တာေၾကာင့္ ဝတ္
ရည္ကို အေၾကာင္းျပၿပီး ဝတ္ရည္လာမယ္ဆိုတာကိုမင္းေျပာတာ ဗ်ဴဟာကို ငါေခၚထုတ္လာတဲ့အခ်ိန္ ထြန္းျမတ္နဲ႔ဗ်ဴဟာ
ေတြ႕ေအာင္ မင္းတမင္ စီစဥ္ထားတာ!!"
"ခဏေလး ခဏေလးပဲ"
အေနာက္ကိုေျခလွမ္းဆုတ္ကာ မခံ
မရပ္ႏိုင္ ျဖစ္ေနသည့္ပုံစံေၾကာင့္ ခဏရပ္ေပးလိုက္သည္။
" မင္းဆီကဒီလိုစကားမ်ိဳးေတြ ၾကားရမဲ့အစား အဲဒီညက ဓါးထိုးခံရတဲ့သူက ငါပဲျဖစ္လိုက္ခ်င္ေတာ့တယ္"
မ်က္လုံးေတြကစူးရဲစြာစိုက္ၾကည့္
လ်က္ မ်ားစြာ နာက်င္ေနဟန္။
" အဲဒါဆိုရင္ မင္းငါ့ကိုအခုလို အထင္
လြဲေနမွာမဟုတ္ဘူး။ထြန္းျမတ္ အဲဒီေကာင္က ဗ်ဴဟာပိုင္ကိုရန္ၿငိဳး႐ွိလို႔ ျမင္တာနဲ႔ကိုသတ္ခ်င္ေနတာ အဲ့တာသူတို႔ကိစၥ
ေလ ငါကဘာလို႔"
"ထြန္းျမတ္ ဗ်ဴဟာပိုင္ကိုရန္ၿငိဳး႐ွိ
တယ္ဆိုတာ မင္းကဘယ္လိုသိေနတာလဲ"
ေအးေဆးစြာေျပာလိုက္သည့္ေနာက္
သူ႕ကိုစူးစိုက္ၾကည့္ေနသည့္ ဆန္းဆက္ရဲ႕ မ်က္ႏွာမွာ ၿငိမ္သက္သြားသည္။
"ဟုတ္တယ္ ဝန္ခံတယ္။ မင္းကို
ထြန္းျမတ္လက္ထဲကေနေခၚထုတ္ခဲ့
တဲ့သူက ငါမဟုတ္ဘူး။ငါ အဲဒီကိစၥကိုေသခ်ာ သိေတာင္မသိဘူး။ဘုန္းျပည့္
ကငါ့ကို ေနစင္ဟန္ ထြန္းျမတ္နဲ႔ ျပႆနာ
ျဖစ္လို႔ကူညီခဲ့တဲ့သူကမင္းလို႔ ေျပာခိုင္းတယ္။ အဲဒီတစ္ခြန္းပဲေျပာျပတာ။ ျဖစ္ခ်င္ေတာ့ မင္းကလည္း ငါ့ကို အရမ္းေက်းဇူးတင္ေနၿပီး အရမ္းကို ငါတို႔ႏွစ္ေယာက္ၾကားမွာပိုၿပီးရင္းႏွီးသလို
ခံစားလာရေတာ့ငါ အလိုက္အထိုက္
ေနလိုက္တာ။ဘုန္းျပည့္ကိုယ္တိုင္ကို
ကငါ့ကို ေနေစဟန္ကို မင္းကူညီထား
တာလို႔ေျပာခိုင္းခဲ့တာ။သူတို႔ကိုက
အသိမခံခ်င္ခဲ့တာ။ အဲဒါေတြမင္းသိရဲ႕လား"
သူ႕လက္တစ္ဖက္ကိုဆြဲယူကိုင္လာသည့္ လက္ရဲ႕အထိအေတြ႕။
" ငါတို႔ႏွစ္ေယာက္ၾကားမွာ ဖုံးကြယ္
မႈမ႐ွိဘဲ တစ္ေယာက္ကိုတစ္ေယာက္
ပိုၿပီးနားလည္လာေအာင္ေနၾကမယ္
လို႔ ကတိေပးထားတယ္ေလ။ ေနာက္
ဆိုရင္မင္းကို အေသးအမႊားေလးကအစ ဖုံးကြယ္တာမ်ိဳးမ႐ွိေစရဘူး။ငါ သ
ေဘာက်ေနတဲ့သူက ငါ့ကို ေက်းဇူး
တင္တဲ့မ်က္ႏွာနဲ႔ အျပဳံးေတြေပးေန
တာ ငါ့ကို စိတ္ဝင္တစားနဲ႔ ဂ႐ုတစိုက္
႐ွိေနတာေတြကို မလြန္ဆန္ႏိုင္လို႔ငါ ေန
ရာဝင္ယူသလို ျဖစ္သြားတာေလး
တစ္ခုထဲပါ။ေနစင္ ငါ့ကိုၾကည့္ပါအုံး"
ပါးတစ္ဖက္ကို အသာဆြဲယူၿပီး မ်က္လုံးခ်င္းဆုံေစသည္။ေပါက္ထြက္မတတ္
လူကိုၾကည့္ေနတဲ့ပုံက ေတာ္႐ုံလူဆို ဆန္းဆက္မႉးရဲ႕ညိဳ႕ခ်က္ေတြေအာက္မွာ တစ္ခါတည္းလဲၿပိဳသြားႏိုင္သည္။
"တြဲရေအာင္။ ထပ္ၿပီးမေစာင့္ႏိုင္
ေတာ့ဘူး။publicမွာ မင္းကငါ့ခ်စ္သူဆိုတာကို အကုန္လုံးသိေအာင္ တန္ဖိုး
ထားၿပီး ခ်ျပခ်င္တယ္။ တစ္ေယာက္
လက္ကိုတစ္ေယာက္တြဲၿပီး လူေတြ
အလယ္မွာ ဂုဏ္ယူစြာနဲ႔
လမ္းေလွ်ာက္ခ်င္တယ္။တရား
ဝင္ တြဲၾကရေအာင္ ေနစင္ဟန္ မင္းနဲ႔ငါ"
တခဏၾကာသည္အထိ စက္ကြင္းထဲ
ေရာက္ေနသလို အၾကည့္ခ်င္းဆုံ
ေနရင္း သူ႕ႏႈတ္ခမ္းတို႔ေကြး႐ုံ
အသာျပဳံးျပလိုက္လ်က္။
" သြားေသလိုက္"
အံ့ၾသႀကီးျပေနသည့္ မယုံႏိုင္သလို
မ်က္ႏွာကပင္သူ႕ကို ပို၍ေဒါသထြက္ေစလ်က္။
"ငါကလည္း မွန္တဲ့လူမဟုတ္ေပ
မယ့္ အမွန္တကယ္ဆိုရင္ငါက ေတာင္း
ပန္ရမယ့္လူဆိုေပမယ့္ေလ မင္းက
အခု ငါ့ထက္ေတာင္ သ႐ုပ္ေဆာင္တာအရမ္းေတာ္ေနတာမဟုတ္ဘူးလား
။ မင္းကအဆိုေတာ္လုပ္ရမွာမဟုတ္ဘူး မင္းသားလုပ္ရမွာ....မင္းသား"
"ေနစင္"
" ငါ့ကိုႀကိဳက္တယ္ဟုတ္လား ေျပာပါဦး welcomeမွာ စင္ေပၚတက္ၿပီး ငါတစ္ေယာက္လုံးကို ေဘးမွာထားထား
တာေတာင္ မင္းေကာင္မေလးနဲ႔ပဲ
သက္ဆိုင္တဲ့သီခ်င္းကို ငါ့မ်က္ႏွာ
ႀကီးၾကည့္ၿပီးေအာက္ကသူေတြကို
service ေပးေနတဲ့အေၾကာင္းေလး။ၿပီးေတာ့ ဘာ!! မင္းကိုယ္တိုင္ ငါ့အတြက္ သီခ်င္းေရးထားတယ္ဟုတ္လား။ငါ့အေၾကာင္း တစ္လုံးေတာင္မပါပဲ ဝတ္
ရည္ဦးကိုပဲ ပုံေဖာ္ၿပီးေရးထားတယ္ဆိုတာကို မသိရေအာင္အထိေတာ့ ငါမတုံး
ေသးဘူး။ငါ့ကို အထင္ေသးတာက
ရပါတယ္ ကိုယ့္ကို တစ္ကယ္ သ
ေဘာက်ေနတာဟုတ္မဟုတ္ကို
ေတာင္မသိတဲ့ ငတုံးလို႔ေတာ့
မထင္နဲ႔ေပါ့။ ေသာက္ခြက္ေျပာင္တာ
ေတာ္႐ုံပဲေကာင္းတယ္"
ဆုပ္ကိုင္ထားတဲ့လက္ကို ခပ္ၾကမ္းၾကမ္း
ဖယ္ထုတ္လိုက္ရင္း။
"မင္းသိေနခဲ့တယ္မလား။ငါမင္း
အနားကို ဘာရည္႐ြယ္ခ်က္နဲ႔ခ်ည္း
ကပ္လာတယ္ဆိုတာ။မင္းအတြက္ကရယ္စရာ ဟာသျဖစ္ေနေလာက္ေပမယ့္ ဟုတ္တယ္ ငါမင္းကို တကယ္
သေဘာက်မိခဲ့တယ္
မင္းဘက္ကျပန္ၿပီး ဘာရည္႐ြယ္
ခ်က္နဲ႔ငါ့ကို ဆြဲထားလဲမသိေပမယ့္
အခုေတာ့မရေတာ့ဘူး။ငါမင္းမွာ
ဒီေလာက္ထိငါ့ကိုျပန္အသုံးခ်မဲ့
အၾကံဆိုးေတြ႐ွိေနတာမသိခဲ့ဘူး။
ထြန္းျမတ္ကို လူယုံလုပ္ၿပီး ဗ်ဴဟာပိုင္
ကို မင္းဘာေတြလုပ္ခိုင္းခဲ့တာလဲ။
ငါ့ကိုျပန္ အသုံးခ်ၿပီး ဘာေတြၾကံ
စည္မလို႔ႀကိဳးစားေနတာလဲ။ေသသြား
ႏိုင္တယ္....။ ဗ်ဴဟာပိုင္အဲ့ဒီညက
ကံသာမဆိုစေလာက္ေလးမေကာင္း
ေနရင္အသက္ပါေသသြားႏိုင္တယ္
မင္းသိလား!!"
"ငါထြန္းျမတ္ကိုဘာလူယုံမွမလုပ္ခဲ့ဘူး။ဗ်ဴဟာပိုင္ကို ဓါးနဲ႔အေသထိုးရမယ္လို႔ငါခိုင္းေစတာလည္းတစ္ခုမွ မ႐ွိဘူး ။ငါလုပ္စရာလား။ငါ့အစ္ကိုေလ မင္းငါ့ကိုအဲ့ဒီေလာက္ထိလူမဆန္တဲ့ေကာင္"
"ဟုတ္တယ္ မင္းမခိုင္းဘူး ထားပါေတာ့။လုပ္ရဲေအာင္ေတာ့ ေျမာက္ေပးခဲ့တယ္
မလား။ ဒီလိုျဖစ္လာဖို႔ မင္းေမွ်ာ္လင့္
ေနတာမလား။အေနာက္မွာ မင္းမ႐ွိ
ေနရင္ ထြန္းျမတ္ဆိုတဲ့ေကာင္က
ဗ်ဴဟာပိုင္အနားေတာင္ကပ္ရဲမွာ
မဟုတ္ဘူး။မင္းအားကိုးနဲ႔ ဒီေကာင္ဒီေလာက္ထိေသြးရဲသြားတာ!!"
ဟုတ္သည္႐ွိ မဟုတ္သည္႐ွိ ေဒါသ
ေၾကာင့္ စကားအကုန္ ေျပာထြက္
သြားတာပင္။ ဆက္မျငင္းေတာ့ပဲ
ေလွာင္သလိုရယ္လိုက္သည့္ပုံစံက
ပင္ သူမျမင္ဖူးသည့္ ပုံစံအသစ္ေပမယ့္ ဆန္းဆက္မႉးကေတာ့ယဥ္ပါးေနသည့္ဟန္။ ထင္ထားသလိုပဲျဖစ္ေနေပမယ့္ စိတ္ကိုေလ်ာ့ထားေပမဲ့သူ အဆင္ေျပမေနဘူး။
"နည္းနည္းေတာ့ အံ့ၾသမိသြားတယ္။
ထင္ထားသေလာက္ ပ်င္းစရာေကာင္း
မေနဘူးပဲ ေနစင္ဟန္"
ေျပာင္းလဲသြားတဲ့အျပဳံးကပင္ သူ႕အတြက္ ရင္နာစရာေကာင္းလြန္းလွသည္။
" မင္းကိုမင္းအရမ္းအထင္ႀကီးလြန္း
ေနၿပီ။ငါ အခုအခ်ိန္အထိ မင္းေဘး
မွာေနေနတယ္ဆိုတာ ဗ်ဴဟာပိုင္
အတြက္ပဲ။ဗ်ဴဟာကိုအႏိုင္ရေစခ်င္
လို႔။ငါမင္းကိုသေဘာက်ေန႐ုံပဲ။
မရမကအသည္းအသန္အ႐ူးအမူး
မင္းမွမင္း ျဖစ္ေနတာမဟုတ္ဘူး။
မင္းကိုငါေမတၱာနဲ႔သေဘာက်ေန
တာေတာင္မွမင္းက ငါ့အတြက္ ဗ်ဴဟာအေပၚထားတဲ့သူငယ္ခ်င္းသံေယာဇဥ္နဲ႔ယွဥ္လိုက္ရင္ ေျခဖ်ားေတာင္မမွီဘူး။
အဲဒါငါအ႐ွင္းဆုံးေျပာျပတာ။
မင္းဘာလုပ္ဖို႔ႀကိဳးစားေနလဲမသိေပမယ့္ အခုအခ်ိန္ကစၿပီး ဗ်ဴဟာပိုင္ကို
ငါ့နာမည္သုံးၿပီးဘာမွထပ္ ၿခိမ္းေျခာက္
ဖို႔မစဥ္းစားနဲ႔။မင္းလုပ္ရဲရင္ထပ္
လုပ္ ၾကည့္လိုက္"
" အဲဒီေကာင္ကဘာေတြမ်ားေကာင္း
ေနလို႔လဲ။ငါကမင္းအတြက္လုပ္ေပး
တာ။သူမင္းကိုလူမဆန္တာေတြလုပ္
ခိုင္းခဲ့တာေလ။ငါက သူလုပ္ခဲ့သမွ်
ေတြကိုတန္ျပန္ ခံစားရေအာင္ပဲလုပ္
ေနတာ ငါလုပ္ေနတာေတြအကုန္လုံးက"
" ေတာ္ပါေတာ့"
မ်က္ရည္မက်ေအာင္ထိန္းရင္း
အသံက်ယ္ေအာ္လိုက္မိၿပီးတဲ့ေနာက္ ။
" ဟန္ေဆာင္ေနရတာမပင္ပန္းေသး
ဘူးလား ဆန္းဆက္။ငါတို႔ ဒီေလာက္နဲ႔ပဲ ေတာ္လိုက္ၾကရေအာင္ မင္းဘာသာမင္း ဘယ္သူ႕အတြက္ပဲလုပ္လုပ္ ငါမင္း
ကို ေျပာစရာကုန္ၿပီ။မင္းနဲ႔ငါ ဒီေလာက္နဲ႔ပဲ"
"ဟုတ္တယ္ ငါ ဟန္ေဆာင္ေနတယ္
ပဲထားပါေတာ့။ငါက မင္းတို႔လုပ္သ
မွ်ကိုအရင္ခံရတဲ့သူပါ။ငါက ဒီအတိုင္း
ပဲၿငိမ္ခံေနရမွာလား။ဗ်ဴဟာပိုင္ငါ့အေပၚ ဘယ္ေလာက္ထိေကာက္က်စ္ယုတ္မာခဲ့တယ္ဆိုတာ မင္းအသိဆုံးပဲ။မင္း
အေပၚကိုလည္း ဒီေလာက္ေတာင္မွ ေအာက္တန္းက်ထားတာ အနည္းဆုံး
ေတာ့ငါက မင္းသေဘာက်ေနတဲ့
လူေလ ဘာလို႔ငါ့ဘက္မွာမေနပဲ သူ႕ကို
ေ႐ြးရတာလဲ။ဘာလို႔"
" ဟုတ္တယ္။သူလည္း ေကာင္းတဲ့
အထဲမွာမပါဘူး။ဒါေပမယ့္ မင္းသိလား"
ဆန္းဆက္မႉးကိုစူးစိုက္ၾကည့္လ်က္ပင္။
" ဗ်ဴဟာပိုင္က ငါ့အတြက္ေတာ့ မေကာင္းတဲ့လူေတြထဲကမွေကာင္းတဲ့သူ။ မင္းကေတာ့.....ခြဲၾကည့္ရင္အထဲမွာဘာ႐ွိ
ေနလဲသိေနလို႔ ငါေနာက္တႀကိမ္ျပန္
ကိုင္မၾကည့္ခ်င္တဲ့ က်ီးအာသီးလိုမ်ိဳးပဲ"
ျပဳံးသည္။ဟာသတစ္ခုကိုၾကားလိုက္ရ
သလိုမ်ိဳး ဟက္ဟက္ပက္ပင္ရယ္ၿပီး
ေနာက္ သူ႕လည္ပင္းကိုဆုပ္ကိုင္
ညႇစ္လာတဲ့ ဆန္းဆက္ရဲ႕လက္။
"ငါက အရမ္းသေဘာေကာင္းမိသြား
တယ္ထင္တယ္။ဘာအဆင့္႐ွိလဲ။ မိန္းကေလးတစ္ေယာက္ဆီကေနသူ႕ရည္းစားကို ျပန္ၿပီးစႏိုက္ေက်ာ္တဲ့
အဆင့္အတန္းနဲ႔ေကာင္က ဘာအဆင့္
႐ွိလို႔မင္းကမ်ားငါ့ကို"
သူ႕ထက္လူေကာင္ပိုႀကီးၿပီးအားက
သန္ေသာေၾကာင့္ လည္ပင္းကိုညႇစ္ထား
တဲ့လက္ႏွစ္ဖက္ရဲ႕ေအာက္မွာ ဘယ္လို
မွမ႐ုန္းႏိုင္။အေဆာက္အဦးအကြယ္
မွာျဖစ္ေနေတာ့ အကူအညီေတာင္းဖို႔
ဘယ္သူမွမ႐ွိ။လက္ေတြနဲ႔ အင္အား႐ွိသေလာက္ဖယ္ဖ္ု႔ႀကိဳးစားေပမဲ့ အသက္
႐ႈလို႔မရ ပါးစပ္ကအသံပါမထြက္
ႏိုင္ေတာ့ပဲ တစ္ကိုယ္လုံးေပ်ာ့က်ၿပီး
အသက္႐ႈရပ္ၿပီလို႔ ကိုယ့္ကိုကိုယ္
ထင္ေနသည့္အခ်ိန္မွပင္ ဆန္းဆက္
က သူ႕ကိုလႊတ္ခ်လိုက္သည္။
ခ်က္ခ်င္းပင္ၾကမ္းျပင္ေပၚလဲက်ၿပီး
အသက္႐ႈရပ္မလိုျဖစ္၍အျပင္းအထန္
အေမာေဖာက္ေနသည္ကို ပုံစံမပ်က္
ေအာင္ စိတ္တင္းထားရသည္။
မ႐ႈႏိုင္မကယ္ျဖစ္ေနသည့္သူ႕ကို ငုံ႔
ၾကည့္ေနသည့္ ဆန္းဆက္မႉးက
ေအးေဆးစြာႏွင့္ပင္။
"ငါတို႔ အမ်ိဳးအႏြယ္အေၾကာင္း
မင္း ဘာသိလဲ။ဘာမွမသိပဲနဲ႔ ဒီ ပါး
စပ္က လက္လြတ္စပယ္ စကားေတြ
မထြက္လာသင့္ဘူးေလ။မင္းအျမင္မွာ
အခုငါက အရမ္း ေၾကာက္စရာေကာင္း
သြားၿပီမလား။ငါ ေျပာတဲ့စကားေတြ
ကို မင္းယုံမွာလည္းမဟုတ္ေတာ့ ငါ
မ႐ွင္းျပခ်င္ေတာ့ဘူး။
ငါမင္းကို ဒီေလာက္အထိလုပ္ဖို႔
စိတ္ကူးမ႐ွိဘူး။မင္းငါ့အေပၚလိမ္ညာ
ထားတာေတြအတြက္လို႔ပဲ
သတ္မွတ္လိုက္။ျပန္ေတာ့"
ခ်က္ခ်င္းပင္ ေနစင္ဟန္ မာန္တင္း
လ်က္ထရပ္လိုက္သည္။မ်က္ႏွာကို
ပို၍တင္းလ်က္ပင္။
"မင္း ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား ဗ်ဴဟာပိုင္ျဖစ္မလာႏိုင္ဘူး။မင္းကမင္း
ပဲ မို႔လို႔"
သူ႕ပုခုံးကိုတိုက္၍ အနားကေန
ထြက္သြားတဲ့ ေနစင္ဟန္။လူက
ေသြးမ႐ွိေတာ့သလိုေပ်ာ့ေခြသြားတာ
ေတာင္ မ်က္ႏွာတစ္ခ်က္မပ်က္
ေတာင္းပန္တယ္ဆိုတဲ့စကားတစ္ခြန္း
မထြက္လာပဲ ႀကိတ္ခံျပေနတာ။
ခ်က္ခ်င္းေအာက္ဆီဂ်င္ေတာင္ေျပး႐ႈေလာက္ရတဲ့ အေျခအေနမွာ ဘာမွမျဖစ္သလိုဟန္ေဆာင္ျပၿပီး
ေသြးေအးစြာ ဆိုင္ကယ္ေမာင္း၍
ပင္ ထြက္သြားသည္။
ဟက္။ ဗ်ဴဟာပိုင္အတြက္ ဒီေလာက္
ေတာင္ မိုက္ျပရဲတာလား။
ေနစင္ဟန္ ထြက္သြားတာနဲ႔သူေဘာင္းဘီအိတ္ကပ္ထဲကဖုန္းကိုထုတ္၍ နံပါတ္
တစ္ခုကို ဆက္သြယ္လိုက္သည္။ထိပ္ဆုံး
ကိုေရာက္ေနတဲ့ေဒါသစိတ္ေၾကာင့္
ဘာကိုမွမျမင္ႏိုင္ေတာ့ေပ။
"ဘာလဲ"
"ေနစင္ ငါ့ဆီအခုပဲလာသြားတယ္။
ငါတို႔ႏွစ္ေယာက္ ဒီေန႔ကစၿပီးရင္ဘတ္
ခ်င္းအနီးစပ္ဆုံး ခ်စ္သူေတြအျဖစ္နဲ႔
တြဲေနၾကၿပီ"
တစ္ဖက္က ျပန္စကားမလာေတာ့ပဲ တိတ္ဆိတ္သြားမႈ။
"မင္းအခု ၾကာကူလီေကာင္ျဖစ္ေနၿပီ
ဆိုတာ ကိုယ့္ကိုကိုယ္သိရဲ႕လား။ ငါ့ေကာင္ေလးနဲ႔ ေဝးေဝးမွာေန ဒဏ္ရာကို
အေၾကာင္းျပၿပီး သူမ်ားေကာင္ေလး
ယုယတာခံၿပီးသားရည္တမ်ားမ်ားနဲ႔
ႀကိတ္ပုန္းမေနနဲ႔။ဒါနဲ႔ မင္းစိတ္ကအခုဘယ္လိုလဲ အေပၚလားေအာက္က
လား မင္းပုံစံႀကီးနဲ႔ေအာက္ဘက္က
စိတ္ျဖစ္ေနတာေတာ့မဟုတ္ဘူး
မလား။ မင္းအေဖကေတာ့သူ႕သား သူ႕လမ္းစဥ္လိုက္လို႔ ေသခ်ာေပါက္
ဘယ္ေနရာကပဲျဖစ္ျဖစ္ သေဘာက်
မယ္ဆိုေပမဲ့ မင္းအေမကေတာ့ ႏွစ္ခါျပန္ေသြးတက္ေသသြားႏိုင္တယ္ေနာ္"
" ငါမင္းကိုအခ်ိန္ေပးထားတာ မနက္ျဖန္ေနာက္ဆုံးပဲ။ေျပာစရာ႐ွိတာကိုျမန္ျမန္
ဖြင့္ေျပာ မင္းက ေယာက်္ားေတြကိုႀကိဳက္တဲ့ ႀကိတ္ေဂးေကာင္ဆိုတာ မင္းမိဘ
ေတြကိုေရာဘိုးေတာ္ကိုပါ အျမန္ဆုံး
ဝန္ခံ။မဟုတ္ရင္ ေနစင္ဟန္ကိုငါ့ကုတင္
ေပၚဆြဲတင္ၿပီးလုပ္ၿပီးတာနဲ႔ရစရာ
မ႐ွိေအာင္လူေတြတံေတြးခြက္မွာ
ပစ္ခ်ခဲ့မယ္။ငါအခုေစာက္ရမ္းေဒါသ
ထြက္ေနလို႔ ဘာမွမလုပ္မိခင္ အခ်ိန္
မဆြဲပဲမင္းသ႐ုပ္အမွန္ကိုဝန္ခံလိုက္ေတာ့ ၾကားလား ေသာက္ေျခာက္!!"
အသံလိႈင္းရဲ႕ က်ယ္ေလာင္မႈက သူ႕ရဲ႕
ေဒါသအေနအထားကို ပို၍သိသာ
ေစလိမ့္မည္။
*******************************