Unicode
ချင်ယွီ က သိပ်နားမလည်စွာဖြင့်
"ဘာအကြောင်းလဲ?အလုပ်လား?"
ဟဲကျင့် :"ဟုတ်တယ် မင်းက ဂိိမ်းထဲမှာ host ဆက်လုပ်မှာလား?"
ချင်ယွီကခေါင်းခါပြလိုက်သည်။ရေသေသည်
လည်းတူညီသောမေးခွန်းကိုမေးခဲ့ပြီး အခုလည်းသူတူညီသောအဖြေကိုပဲဖြေခဲ့လေသည်။
"ဒါကငါ့ဝါသနာပါပဲ ရှင်သန်နေထိုင်ဖို့အတွက်တော့ ဒါကိုငါမှီခိုမှာမဟုတ်ဘူး"
ဟဲကျင့်: "ဒါဆို မင်းရဲ့နောက်ထပ်အစီအစဥ်ကဘာလဲ?"
"အမ်း..."
ချင်ယွီကသူ့ရဲ့ တင်းနစ်ဘောလုံးကိုပစ်လိုက်ပြီး သူ့အကြည့်တွေကဘောလုံးအထက်အောက်ခုန်နေတာဆီကိုလိုက်သွားလျက်ပြောလာသည်။
"ဘွဲ့ရပြီးရင် အဖေက သူ့ကို ကူညီစေချင်ပေမယ့် ရိုးရိုးသားသားပြောရရင်တော့ ငါ ဘာလုပ်ရမယ်ဆိုတာကို မတွေးဖူးဘူး"
ဟဲကျင့်: "မင်းအဖေက မင်းကိုဘာကူညီစေချင်တာလဲ?"
ချင်ယွီ: "သူ့ကုမ္ပဏီက မော်တော်ယာဉ်အစိတ်အပိုင်းတွေ ကိုအဓိက supply လုပ်တာလေ တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ xx ဘရိတ်စနစ် အစိတ်အပိုင်းတွေရဲ့ supplier ပေါ့"
ချင်ယွီ မှဖော်ပြခဲ့သော နာမည်သည် လူသိများသော ဂျာမန်မော်တော်ကားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီးတော့သူအံ့သြသွားကာမေးလိုက်သည်။
"မင်း mechanic ကို သင်တာက မင်းအဖေလုပ်ငန်းနဲ့ စပ်ဆက်နေလို့လား?"
"ဒီလိုပါပဲ ဒါပေမယ့်မတူတာတွေတော့ရှိတုန်းပဲ။တကယ်လို့ သူ့ကိုငါကူရင်တောင် စက်ပစ္စည်းနဲ့ဆိုင် တာမဟုတ်ဘူးငါ စီးပွါးရေးပဲလေ့လာမှာ"
သူကပုခုံးတွန့်ကာဖြင့်
"အဲဒါနဲ့ယှဉ်ရင် ငါတကယ်လုပ်ချင်တဲ့ဟာကိုပဲလုပ် ဖို့ပိုများတယ် startup company တစ်ခုထောင်တာလိုမျိုးပေါ့ ငါတကယ်လို့ သူ့ဆီမှာသာလုပ်ချင်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲကလုပ်ပြီးလောက်ပြီ ငါဘွဲ့ရအောင်တောင်စောင့်စရာမလိုဘူး"
ဟဲကျင့်: "ဒါဆို မင်းအဲ့လိုမလုပ်ရင် မင်းအဖေ ဘယ်လိုလုပ်မှာလဲ?"
"သူ့မှာ နောက်ထပ်သားတစ်ယောက်ရှိတယ်လေ မဟုတ်ဘူးလား?"
ချင်ယွီ က ပြုံးပြီး တင်းနစ်ဘောလုံးကို မကစားတော့ဘဲ ဆုပ်ကိုင်လိုက်သည်။ သူ ဟဲကျင့်ကိုလှည့် ကြည့်လိုက်၍
"ယောက်ျားတွေက သူတို့ကိုယ်သူတို့ အားကိုးရမယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား?"
"..."
ဟဲကျင့် သည် သူနှင့်ချင်ယွီ အကြား ကြီးမားသော ခြားနားမှုများ ရှိနေသည်ဟု အမြဲတွေးခဲ့သည်။ ချင်ယွီ သည် ငယ်သော်လည်း လုပ်နိုင်စွမ်းရှိပြီး ထက်မြက်သူဖြစ်သည်။ သူ့မှာ ကောင်းမွန်တဲ့ နောက်ခံလည်းရှိတယ်။ သူ့မိဘများနှင့် စစ်အေးတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး အနာဂတ်အတွက် ပူ
ပန်နေရသည့် သူနဲ့မတူပေ။
သုတေသနပညာရှင်တစ်ယောက်ဖြစ်ဖို့ကလည်း စိတ်ကူးကောင်းပေမယ့် ဒါက ဟဲကျင့်လိုချင်တဲ့အရာတော့မဟုတ်ဘူး။ သို့သော် ဒီအကြံအစည်ကို စွန့်လွှတ်ပြီး အပြင်မှာအလုပ်ရှာလို့အဆင်မပြေ
ရင်ရောသူဘာလုပ်ရမလဲ?"
ချင်ယွီကသူ့ကိုကြည့်ကာပြောလာသည်။
"မင်းအလုပ်တွေကြောင်းစဉ်းစားနေတာလား?"
ဒီဟာကိုပြောတဲ့အချိန်မှာတော့ချင်ယွီစိတ်လှုပ်ရှားလာခဲ့သည်။
"မင်း မင်းမိသားစုနဲ့ အဆက်အသွယ်ပြန်လုပ်နေတာလား?"
ဟဲကျင့် က ခေါင်းခါလိုက်ပြီး "ဟင့်အင်း"
ချင်ယွီ က သက်ပြင်းတစ်ချက်ချလိုက်ပြီးဟဲကျင့်နဲ့ သူ့မိသားစုနဲ့ ဆက်ဆံရေးကို လုံးဝဖြတ်တောက်နိုင် ခဲ့ပြီး ဟဲကျင့် နဲ့ ထာဝရရှိနေနိုင်ရင် အရမ်းကောင်းမှာပဲလို့ တစ်ကိုယ်ကောင်းဆန်စွာ တွေးခဲ့လေသည်။
"ဒါဆို မင်းဘာတွေစဉ်းစားနေတာလဲ?"
ချင်ယွီက သူ့ခါးကိုဖက်ကာဖြင့် သွေးဆောင်လာလေသည်။
"ငါ့ကိုပြောကြည့်လေ မင်းအတွက် ငါဆုံးဖြတ်ပေးမယ်"
ကွင်းမှာ တခြားလူတွေ ရှိခဲ့ပါ၏။ ဟဲကျင့် က အရမ်းကြောက်သွားတဲ့အတွက် သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပါမောက္ခဟောင်က သုတေသနလုပ်ဖို့ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ချက်ရှိမရှိ မေးခဲ့တယ်"
"အဲ့ဒါကတော်တော်ကောင်းတယ် မင်းမလိုချင်ဘူးလား?"
ဟဲကျင့်ဘွဲ့ရပြီး နှစ်အနည်းငယ်ကြာအောင်ဟွားတက္ကသိုလ် မှာ ဆက်နေနိုင်ရင် ကောင်းမယ်လို့ ချင်ယွီက တွေးခဲ့သည်။ သူအရင်ဘွဲ့ရခဲ့ရင် သူတို့ တက္ကသိုလ်အနီးမှာ တိုက်ခန်းငှားနိုင်တယ်လေ။ဟဲကျင့်ကသူ့ ပညာကိုဆက်လက်သင်ယူနိုင်ပြီး သူကတော့အလုပ်နဲ့ အခြားကုန်ကျစရိတ်များအတွက် ပေးဆောင် နိုင်မည်ဖြစ်သည်။
ဟဲကျင့်: "ဒါပေမယ့် ငါပိုက်ဆံအများကြီး ရှာနိုင်မှာမဟုတ်ဘူး သုတေသီတွေရဲ့ လစာကအဲ့လောက်ထိမများဘူး"
ချင်ယွီ: "ဘာလို့ အလောတကြီးပိုက်ဆံရှာမှာတုန်း? မင်း အခု ပိုက်ဆံ ပြတ်နေတာမှမဟုတ်တာ"
ဟဲကျင့်က ချင်ယွီကိုဘယ်လိုရှင်းပြရမလဲမသိချေ။အခုသူ့မှာပိုက်ဆံရှိတယ်ဆိုပေမယ့်လည်းယွမ် 390,000 က သူ့ကသူ့အခြေအနေကိုတည်ငြိမ်အောင်မလုပ်ပေးနိုင်ဘူးလေ။သူသူ့ဘာသူပိုက်ဆံရှာချင် တယ် ပြီးတော့ ဂိမ်းထဲက ကံပေါ်မှာပဲမမှီခိုနေချင် ဘူး။သူအဲ့လိုလုပ်မှပဲ သူကသူ့ကိုယ်သူရပ်တည်နိုင် တယ်ဆိုတာကို သူ့အမေကိုသက်သေပြရာရောက်မှာလေ။တကယ်လို့သူသာပညာဆက်သင်ဖို့ရွေးလိုက်ရင် သူဆင်းဆင်းရဲရဲပဲနေနေရမှာ။
ချင်ယွီ က ပေါ့ပေါ့ပါးပါးပြောလာသည်။
"မင်းလုပ်ချင်တာကို လုပ်ပါ။ ငါကမင်းကိုပျော်စေချင်ရုံပါပဲ။ မင်းကငါ့မိန်းမလေ မင်းအလုပ်မလုပ်ရင်တောင် ငါကပိုက်ဆံရှာပြီး မင်းရဲ့အသက်မွေး
ဝမ်းကြောင်းကို ထောက်ပံ့ပေးနိုင်တုန်းပဲလေ"
ဤသည်မှာ အလွန်ပျော်ဝင်ဖွယ်ကောင်းသော စကားဖြစ်သင့်သော်လည်း ဟဲကျင့် ကတော့ ၎င်းကို မတူညီသောပုံစံဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ သူကသူ့မာနရဲ့အလွှမ်းမိုးခံလိုက်ရပြီးအစောကြေဖို့ခက် သွားရော ။ သူက အေးစက်စွာပြောလိုက်တော့တယ်
"ဒီအကြောင်း မပြောနဲ့တော့ ပြန်ကြရအောင်။"
ချင်ယွီကတုန်လှုပ်သွားရပြီး ဟဲကျင့် ဒေါသထွက် အောင် သူဘာအမှားလုပ်မိသွားလဲ မသိချေ။သူသည် ဟဲကျင့်နောက်သို့ ကလေးမလေးတစ်ယောက်လို လိုက်သွားခဲ့သည်။ အိပ်ဆောင်သို့ရောက် သောအခါဟဲကျင့် သည်စကားတစ်ခွန်းမှမပြောပဲ သူ့အခန်းသို့ ပြန်ဖို့လုပ်လေသည်။ ချင်ယွီသည်
လည်း အနည်းငယ် စိတ်တိုသွားပြီး ဟဲကျင့်၏ ပုခုံးကို ဆွဲကိုင်လိုက်၍မေးလိုက်တော့သည်။
"ဘာဖြစ်တာလဲ?"
ချင်ယွီ က သူ့လက်ကို လွှတ်လိုက်စဉ်တွင် ဟဲကျင့် ကသူ့နှုတ်ခမ်းကို နည်းနည်းလှုပ်လိုက်ပြီး ချင်ယွီကိုပြောချင်ခဲ့သည်။
"ငါ မင်းငါ့ကိုငွေရေးကြေးရေးထောက်ပံ့တာမျိုးမလိုချင်ဘူး ငါလည်းယောကျ်ားလေးပဲ ကိုယ့်ဟာကိုရပ်တည်ချင်တယ်"
ဒါပေမယ့် သူအဲ့လိုပြောလုနီးနီးမှာပဲ ဟဲကျင့် ရုတ်တရက်ပဲမပြောချင်တော့ပေ။ဟဲကျင့်မှာငွေရေးကြေးရေးအတွက် ချင်ယွီနဲ့စကားများရတာအကြိမ်နည်းငယ်ရှိနေပြီဖြစ်ကာသူတကယ်ကြီးစကားမများချင်တော့ချေ။
ဟဲကျင့် က သက်ပြင်းချလိုက်ပြီး သူကိုယ်တိုင်လည်း တုံ့ပြန်မှုလွန်ကဲသွားသည်ကို သိလိုက်ပါ၏။ သူကခေါင်းငုံ့ကာဖြင့်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ငါစိတ်အခြေအနေမကောင်းလို့ ခဏလောက် တစ်ယောက်တည်း နေချင်တယ်"
ချင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။ ဟဲကျင့် က သူ့ကို ဆူပူရင်ချင်ယွီက ရှင်းပြပြီး တောင်းပန်နိုင်တယ်။ ဒါပေမယ့် အခု သူ အရမ်းအေးစက်ပြီး ဝေးဝေးနေတော့ သူတကယ်ဘာလုပ်နိုင်မှာတဲ့လဲ?
"ကောင်းပြီ နောက်မှ ဖုန်းဆက်လိုက်မယ်"
ဒါ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပါပဲ။
ထို့နောက် နှစ်ယောက်သား ကိုယ့်အခန်းကိုယ်ပြန်ခဲ့ကြသည်။
ချင်ယွီသည် ချက်ချင်း အိပ်ရာမဝင်ခဲ့ပေ။ သူ ခဏတာ အိပ်ယာပေါ်မှာ လဲလျောင်းနေစဉ် ဟဲကျင့်က နှင်းလျှောစီးချင်တယ်လို့ပြောခဲ့ဖူးတာကို သူရုတ်တရက်သတိရသွားကာဖြင့် စတင်ရှာဖွေတော့
သည်။
အချက်အလက်အချို့ရှာပြီးနောက် မတ်လကုန်တွင် SnowTown တွင် နှင်းများထူထပ်နေပြီဆိုတာသူသိခဲ့ရလေသည်။ ကြာကြာစောင့်မယ့်အစား ဒီအပတ်ပိတ်ရက်မှာ သူတို့အဲဒီကိုသွားရမယ်။
သူသည် ခရီးသွားအေဂျင်စီများစွာကို ဖုန်းအနည်းငယ်ခေါ်ဆိုကာ ဖြင့်ကြိုတင်မေးမြန်းခဲ့သည်။ ထို့နောက် သူက ဟုန်တုန်ယွမ်ကိုစာပို့လိုက်သည်။
"မျောက်၊ ကြာသပတေးနဲ့ သောကြာနေ့တွေရဲ့ သင်ခန်းစာတွေက အရေးကြီးလား?"
ဟုန်တုန်ယွမ်: "ကြာသပတေးနေ့ မနက်ခင်းမှာ ပရော်ဖက်ရှင်နယ် အတန်းရှိတယ်နေ့လည်မှာ အတန်းမရှိဘူး။ သောကြာနေ့ကတော့ ကျူတိုရီရယ်တွေရှိတယ်။ ဘာလို့လဲ?"
ချင်ယွီ:"အဲ့ဒီအတန်းတွေ မတက်ရင်ရော အဆင်ပြေလား?"
ဟုန်တုန်ယွမ်: "ကြာသပတေးရဲ့ အတန်းကတော့ပျက်လို့အဆင်မပြေလောက်ဘူး သောကြာ 2 ခုကတော့ အဆင်ပြေတယ်။လူတော်တော်များများလဲမတက်ကြဘူးလေပြီးတော့ ပါမောက္ခကလဲ တကယ်ကြီးဂရုမစိုက်ဘူး....ဘာလို့လဲ?"
ချင်ယွီ:" ငါ ဟဲကျင့်ကို ရွှယ်ရှင်း SnowTownမှာ နှင်းလျှောစီးဖို့ခေါ်သွားပေးမလို့ သုံးလေးရက်လောက်ကြာလိမ့်မယ်။"
ဟုန်တုန်ယွမ်: "..." သေစမ်း!
ချင်ယွီ: "အဲ့အတွက် ငါသူ့ကိုကြာသာပတေးနေ့ နေ့လည်မှာခေါ်သွားမလို့ သူငါ့အစီအစဉ်ကိုမသိသေးဘူး သွားမပြောနဲ့နော်"
ဟုန်တုန်ယွမ်က တွေးမိလိုက်သည်။ဘယ်လိုတောင် ကျွမ်းကျင်တာလဲ! မိန်းကလေးတွေ...ယောကျ်ားလေးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုသူ အတိအကျသိတယ်!သဲလွန်စမရှိတဲ့ဟဲကျင့် သူ လှည့်ကြည့်လိုက်ပြီးအားကျရမလား သနားရမလားဆိုတာတောင် သူမသေချာတော့ပါဘူးနော်
ဗုဒ္ဓဟူးနေ့ညတွင် နှစ်ယောက်သား ညစာစားကြသောအခါ ချင်ယွီက ရုတ်တရက်ပြောလာလေသည်။
"မနက်ဖြန် down jacket ဝတ်ဖို့သတိရနော်"
မတ်လရောက်နေပြီဖြစ်ကာ ပို၍ပူနွေးလာလေပြီပင်။ဟဲကျင့် သည် လွန်ခဲ့သည့် တစ်ပတ်ခန့်က သူ့ရဲ့ down jacket ကိုသိမ်းလိုက်ပြီဖြစ်သည်။သူနားမလည်ပေ။
"မနက်ဖြန် အပူချိန်ကျမှာမလို့လား?"
ချင်ယွီ: "မနက်ဖြန် ငါမင်းကိုတနေရာရာခေါ်သွားမလို့ အဲ့မှာပိုအေးလိမ့်မယ်"
ဟဲကျင့်: "ဘယ်နေရာလဲ?"
ချင်ယွီ: "ဒါက လျှို့ဝှက်ချက်ပဲ"
ဟဲကျင့်က သူလျှို့ဝှက်နေတာကိုမြင်ပြီး ချင်ယွီဘာစီစဉ်နေလဲဆိုတာမသိတဲ့အတွက်ကြောင့် ပြုံးသာပြုံးပြလိုက်တော့၏။
နောက်တစ်နေ့မနက်တွင် ဟဲကျင့် သူ့စာသင်ခန်းမှ ထွက်လာချိန်တွင် ချင်ယွီထံမှ ချက်ချင်းဖုန်းလက်ခံရရှိခဲ့သည်။ချင်ယွီ က သူ့ပစ္စည်းတွေကို ချက်ချင်းထုပ်ပိုးပြီး သူ့ ID ကိုပါယူပြီး အရှေ့ဂိတ်တံခါးကိုလာခဲ့ဖို့နဲ့ သူအဲ့မှာစောင့်နေပြီဖြစ်ကြောင်းပြောလာခဲ့သည်
ဟဲကျင့်က သူ့အဆောင်ကို အမြန်ပဲပြန်သွားချိန်တွင်တော့ ဟုန်တုန်ယွမ်က သိနေတာတောင် ဘယ်သွာမလို့လဲလို့မေးနေတုန်းပဲ
"ကျင့်ကော မင်း ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ?"
ဟဲကျင့်က ရှုပ်ထွေးနေပုံရပြီး "ချင်ယွီ က ငါ့ကိုရှာနေလို့"
ဟုန်တုန်ယွမ် က ခေါင်းညိတ်ကာဖြင့် အနည်းငယ်အပြစ်ရှိစိတ်ဖြင့်ပြောလာခဲ့သည်။
"ထူထူဝတ်သွားနော် ဉီးထုပ်တို့ မာဖလာတို့လည်းယူသွားဉီး"
ဟဲကျင့်: "..." ဒီမျောက်က တစ်ခုခုကို သိပုံရတယ်။
သိပ်မကြာခင်မှာပဲ ဟုန်တုန်ယွမ်က လုံးဝပျောက်ကွယ်သွားခဲ့တယ်။ ဟဲကျင့် သည် ဆွံ့အခဲ့ရသည်။ သူက ဗီရိုကိုဖွင့်ပြီး အတွင်းမှာရှိတဲ့ပစ္စည်းတွေကို လှန်လိုက်၍ ချင်ယွီက သူနဲ့အတူ ဝယ်ထားတဲ့ မာဖလာကို ထုတ်ယူလိုက်ပါ၏။သူ့ မျက်နှာနီမြန်းလျက် အဲ့ဒါကိုပတ်ပြီးနောက်မှာတော့အရှေ့ဘက်ဂိတ်တံခါးဆီသို့ ပြေးသွားတော့လေသည်။
သူသွားရာလမ်းတွင် ဟဲကျင့်က ချင်ယွီက သူ့ကို ဘယ်ကိုခေါ်သွားမယ်ဆိုတာ မှန်းဆနေခဲ့သည်။ကူမင် ရေကန် ဖြစ်နိုင်လောက်လား? အဲ့ကိုသွားဖို့က တကယ်ကိုအေးတဲ့ ရာသီဉတုနော်.....
ချင်ယွီ သည် ရှည်လျားပြီးကျယ်ပြန့်သော အပြာရင် သားရေ down jacket ကိုဝတ်ဆင်ထားခဲ့သည်။သူက BMW suv တစ်စီး၏ဘေးတွင် သူ့ကို စတိုင် ကျကျစောင့်နေစဉ် လမ်းတစ်လျှောက်ရှိ ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ဟဲကျင့် က ခပ်ဝေးဝေးမှာနေပြီး ရှက်နေပုံလည်းရလေရဲ့...
ဘာလို့ဒီလူကကြည့်ကောင်းဖို့ကိုကြိုးစားနေရတာလဲ?
သူ ချဉ်းကပ်လာသောအခါ ချင်ယွီက ပြုံးပြီး SUV ရဲ့နောက်ခန်းထဲကိုတွန်းထည့်လိုက်ပြီးနောက်သူပါဝင်ထိုင်လာလေသည်။အရှေ့မှာတော့ယာဉ်မောင်းရှိနေခဲ့သည်။ဟဲကျင့်ကထူးဆန်းစွာဖြင့်
"ငါတို့ဘယ်သွားမလို့လဲ?"
ယာဉ်မောင်းက ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး မကြာခင်မှာသူတို့အဝေးပြေးလမ်းမကြီးပေါ် ရောက်သွားခဲ့သည်။ ရှင်းပါတယ်.. သူတို့ ကူ
မင်ကန်ကို သွားနေတာမဟုတ်ဘူး..။
ချင်ယွီ သည် ကားမောင်းသူကို ဂရုမစိုက်ဘဲ ဟဲကျင့် ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာဖြင့် တီးတိုးဆိုလာခဲ့သည်။
"မင်းရောက်ရင် သဘောကျသွားမယ့်နေရာတစ်နေရာကိုခေါ်သွားနေတာ"
ဟဲကျင့် ဟာ ဆိုးရွားတဲ့ ခံစားချက်ကို ခံစားလိုက်ရ၏...
သူသွားချင်တဲ့ တစ်နေရာရာ? ချင်ယွီက သူ့ကိုနှင်းလျှောစီးဖို့ ခေါ်သွားနေတာများလား?
ဒါပေမယ့် နေပါဉီး သူတို့ဘယ်မှာသွားစီကြမှာလဲ?A မြို့မှာ နှင်းလျှောစီးလို့ရတဲ့နေရာ ဘယ်နားရှိလို့လဲ?
ဟဲကျင့်က မဖြေပဲပြုံးပဲပြုံးနေတဲ့ ချင်ယွီကိုဆက်မေးလေသည်။မိနစ်လေးဆယ်လောက်ကြာတော့ သူတို့ ချန်နန်း လေဆိပ်ကို ရောက်လာခဲ့သည်။ဟဲကျင့်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ချင်ယွီရဲ့လက်မောင်းများကိုဆုပ်ကိုင်ထားလေသည်
"ငါတို့ ဘယ် ဘယ်သွားမလို့လဲ?"
ချင်ယွီ က သူ့ကို ကားပေါ်ကနေ ဆွဲချလိုက်ကာ လေဆိပ် check-in ကောင်တာသို့ အတူတူ သွားခဲ့ကြပြီး လေယာဉ်လက်မှတ်တွေ ယူဖို့ ID ကတ်ကို အသုံးပြုခဲ့ကြလေသည်။ဟဲကျင့် က လက်မှတ်တွေကို ကြည့်ရင်း သူတို့ဟာပင်ကိုသွားနေတယ်ဆိုတာကိုသိလိုက်ရပြီးတော့ သူ လုံးဝ အံ့အား သင့်သွားတော့သည်။
မိနစ် 50 အကြာတွင် လေယာဉ်သည် ထွက်ခွာခဲ့သည်။ သူတို့သည် လုံခြုံရေး check-in အချိန် လေးဆယ့်ငါးမိနစ်ကြိုတင်ပြီး ထိုနေရာကို အောင်မြင်စွာ ရောက်ရှိလာခဲ့ခြင်းပင်။ ကြည့်ရတာတော့ ချင်ယွီက ဟဲကျင့်အတွက် စဉ်းစားဖို့အချိန်တောင်မပေးချင်ပုံရပါ၏။ဒါကြီးကရူးချင်စရာပဲ!
ကြောက်ရွံ့စွာဖြင့် ပြတင်းပေါက်မှဆင့် သေးငယ်သွားကာဖြင့် ဝေးကွာလာသောမြို့ကို ကြည့်လိုက်သည်။ သူ့ဘေးတွင်တော့ သူနှင့်ရင်းနှီးသည့် ချင်ယွီတစ်ယောက်သာ ရှိလေသည်။ ဟဲကျင့်က ဘယ်သွားမလို့လဲဆိုတာကိုမေးတာရပ်လိုက်တော့ပြီး သူရှုပ်ထွေးစွာဖြင့်သာပြောလာခဲ့သည်။
"ငါမနက်ဖန် အတန်တွေရှိသေးတယ် ငါတို့ဘယ်အချိန်ပြန်လာမှာလဲ?"
နောက်ဆုံးမှာတော့ချင်ယွီ ကသူ့ကိုပြောလာသည်။
"ငါတို့ SnowTown မှာ နှင်းလျှောစီးဖို့ သွားမှာ တနင်္ဂနွေနေ့ ပြန်လာမယ်လေ"
ဟဲကျင့် ရဲ့ မှန်းဆချက်က မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး သူနည်းနည်းတော့ စိတ်ဆိုးသွားကာဖြင့်
"ဘာလို့ ငါနဲ့ အရင် မတိုင်ပင်တာလဲ?"
ချင်ယွီက သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး "surprise ဖြစ်သွားအောင်လို့လေ"
ဟဲကျင့်အတွက်တော့ အဲ့ဒါက surprise မဟုတ်ပဲ shock ဖြစ်စရာပဲ!
ဟဲကျင့် သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုံးဝမရှိခဲ့ပေ။သူကသူ့ထိုင်ခုံမှာ သက်တောင့်သက်သာမရှိစွာ တွန့်လိမ်လိုက်ပြီး
"ဒါဆို ငါတို့အဲဒီမှာ ညအိပ်မှာလား?ငါဘာမှလည်းမယူလာရဘူး လဲဝတ်စရာအဝတ်တွေတောင်ပါမလာဘူး..."
သူကသူ့ရဲ့ နောက်ပိတ်ဖိနပ်လေးကိုကြည့်ကာဖြင့် သေလောက်အောင်စိုးရိမ်သွားရသည်။ချင်ယွီကသူ့ကိုဆိုင်းမဆင့်ဘုံမဆင့်ကြီးခေါ်လာတာ သူတို့တော့အေးခဲပြီးသေတော့မှာပဲ!ဒါပေမယ့်လည်း သူတို့ကအခုလေယာဉ်ပေါ်တောင်ရောက်နေပြီလေ သူတို့တွေ Demon God ထဲကလို အတောင်ဖြန့်ပြီး ပျံပြီးထွကိပြေးလို့ရနေတာလဲမဟုတ်ဘူး။သူချင်ယွီနောက်ကိုလိုက်ရုံပဲရှိတော့တာပဲ
ချင်ယွီက သူ့ကိုနှစ်သိမ့်လာလေသည်။
"စိတ်မပူပါ နဲ့ငါ အကုန်ပြင်ဆင်ပြီးသားပါ"
ဟဲကျင့် က သူတို့နှစ်ယောက်ဟာ လေယာဉ်ပေါ်မှာ ခရီးဆောင်အိတ်အနည်းဆုံးပါတဲ့ လူနှစ်ယောက်လို့ တွက်လိုက်သည်။ ငွေသားအချို့နှင့် ID ကတ်မှလွဲပြီးသူဘာမှမယူခဲ့ဘူးလေ!
လေယာဉ်ပေါ်တွင် နေ့လယ်စာစားပြီး နှစ်နာရီကြာ လေယာဉ်စီးပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဟာပင်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ဟာပင်၏ အပူချိန်သည် ခြောက်သွေ့သောလေသာရှိသည့်A မြို့နှင့် ဆင်တူသည်။
သူတို့ လေယာဉ်ပေါ်ကဆင်းချိန်မှာတော့ ချင်ယွီသည် ဖုန်းခေါ်ပြီး ဟဲကျင့်ကို ချက်ချင်းဆွဲခေါ်သွားခဲ့သည်။ ခရီးသွားအေဂျင်စီ၏ တာဝန်ရှိသူသည် သူတို့ကို အပြင်တွင် စောင့်နေပြီဖြစ်သည်။ ချင်ယွီ မှ မှာယူသောကားသည်သူတို့အတွက်သာ ဝန်ဆောင်မှုပေးသည်။
"Mr. ချင် မင်းမှာထားသမျှ အဆင်သင့်ဖြစ်နေပြီ။ မင်းရဲ့ ခရီးဆောင်အိတ်တွေကို ကားထဲထည့်ထားလိုက်ပါ။ ဒါက ကားမောင်းသမား Mr. ရှ ပါ၊ မင်းကို ဝန်ဆောင်မှုပေးမယ့် သူတစ်ယောက်ရှိမယ့် ရွှယ်ရှင်းကို မောင်းပို့ဖို့တာဝန်ရှိသူပါ။ပြီးတော့ မင်းရဲ့
လက်ပတ်ကိုဖွင့်ထားပေးဖို့ သတိရပါ။"
အဲ့နောက်မှာတော့ ထိုလူကထွက်သွားခဲ့တော့သည်။
သူတို့နှစ်ယောက် ကားပေါ်တက်လာပြီးနောက်တွင်တော့ နောက်ထိုင်ခုံမှာ တူညီသည့် အနက်ရောင် တောင်တက်အိတ်နှစ်လုံးနဲ့ ဘေးနားမှာ ဖိနပ်သေတ္တာကြီးနှစ်လုံးကို တွေ့လိုက်ရလေရဲ့။
ချင်ယွီ သည် နှင်းလျှောစီးဝတ်စုံများ၊ အနွေးဘောင်းဘီများ၊ ဦးထုပ်များ၊ မျက်နှာဖုံးများ၊ လက်အိတ်များ၊ ခြေအိတ်များ၊ ရိုးရှင်းသောရေချိုးခန်းသုံးပစ္စည်းများ... နှင့် အတွင်းခံများပါရှိသော အိတ်ကိုဖွင့်လိုက်သည်။
ဟဲကျင့် လည်း ကျောပိုးအိတ်ကို လှန်ကြည့်နေရင်း အတွင်းခံဘောင်းဘီကို မြင်လိုက်ရချိန်မှာတော့ နားရွက်တွေ ပူလာသလိုတောင် ခံစားလိုက်ရပါတယ် နော်...
ဒီသုံးရက်အတွင်းမှာ အတူတူ အိပ်ကြရမှာလား?
ခရီးသွားအေဂျင်စီသည် သူ့လိုအပ်ချက်အတိုင်း အရာအားလုံးကို ဝယ်ယူပေးခဲ့ကြောင်း ချင်ယွီတွေ့ခဲ့ရသည်။ သူက ကျေကျေနပ်နပ်ဖြင့်ကျောပိုးအိတ်ကို ဇစ်ပိတ်လိုက်ပြီး ဘေးက ဖိနပ်သေတ္တာကို စစ်ကြည့်တော့ နှင်းလျှောစီးဖို့ ဘွတ်ဖိနပ်နှစ်စုံရှိနေပြီး တစ်ရံကပိုကြီးပြီး တစ်ရံကပိုသေးပြီးတော့ နှစ်ခုလုံးက ဆင်တူလေးဖြစ်သည်။ချင်ယွီက 39 size ကိုယူကာဖြင့် ဟဲကျင့်ကို ကမ်းပေးလိုက်သည်။
"ဝတ်ကြည့်ကြည့်ဉီး
ဟဲကျင့်:"..."
ချင်ယွီ က ဘွတ်ဖိနပ်ကို ထိုင်ခုံကြားမှာ ချထားပြီး ပြောလာခဲ့သည်။
"မင်းရဲ့size အတိုင်းငါ ဝယ်ထားတာပဲ"
ခရီးသွားအေဂျင်စီမှ တာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ ဝန်ထမ်းများသည် ဤsize ကိုရှာဖွေရန် brand ပေါင်းစုံကိုရှာဖွေခဲ့ရတယ်လို့ဆိုလေ၏
ချင်ယွီသည် ပြီးခဲ့သည့် စာသင်နှစ်တွင် ရတ်ကတ်ဝယ်ရန် ခေါ်သွားသောအခါ မြေအောက်ရထားပေါ်တွင် ၎င်း၏ဖိနပ်အရွယ်အစားကို မေးမြန်းခဲ့ကြောင်း မကြာမီတွင် ဟဲကျင့် သတိရသွားရသည်။ ဒါပေမယ့်လည်း အဲ့တုန်းက သူတစ် size ပိုကြီးတာပြောလိုက်မိတယ်ထင်တာပဲနော်... (=_=)
ဟဲကျင့် က ကုန်းကာဖြင့် သူ့ဖိနပ်ကို ချွတ်လိုက်တယ်။ချင်ယွီ ၏ အကြည့်အောက်တွင် သူသည် ဤဖိနပ်များကို အလွယ်တကူ ၀တ်ဆင်လိုက်သည်.. ဒါပေမယ့်လည်းအသိအသာကြီးကို အဲ့ဒါတွေက သူ့အတွက်နည်းနည်းတော့ကြီးနေလေရဲ့....
"ဘယ်လိုနေလဲ?"
"အာ..." သူ့ထောင်ချောက်သူမိသွားတဲ့ဟဲကျင့်က ရှက်ရှက်နဲ့ပဲ
"အဆင်ပြေပါတယ်"
တကယ်တော့ ဟဲကျင့်ကအဲ့လောက်ကွာတယ်လို့လဲမထင်ပါဘူးနော် ဖိနပ်ထဲကသားမွေးတွေကအရမ်းထူတယ်။တကယ်လို့ အဲ့ဒါတွေနဲ့တောင်မရဘူးဆိုလဲ သူ့ကျောပိုးအိတ်ထဲမှာခြေအိတ်အစုံလိုက်တွေရှိသေးတယ် သူအဲ့ဒါတွေကို နှစ်ခုထပ်ဝတ်လိုက်ရုံပေါ့...(=_=)
သူတို့ ရွှယ်ရှင်းသို့ ရောက်ရန် လေးနာရီကျော်ကြာခဲ့လေသည်။
ချင်ယွီ: "ငါတို့ ဒီကိုရောက်နေပြီပဲ အရမ်းကြီးတွေးပူမနေနဲ့ တစ်ခုခုအရေးကြီးတာရှိရင် မင်းကိုပြောဖို့ ငါဟုန်တုန်ယွမ်ကိုပြောထားလိုက်မယ် ပြီးတော့ ငါတို့တွေ ဒီ3 ရက်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်နော် အိုခေ?"
ဟဲကျင့် :"..." ဟုန်တုန်ယွမ်က တကယ်ကြီးကို အကုန်လုံးကိုသိနေတာ!
"ပျော်ပျော်နေပါ!"
လူနှစ်ယောက်သည် တူညီသောမာဖလာကို ၀တ်ဆင်ထားကြပြီး ချင်ယွီက ပျော်ရွှင်စွာဖြင့် ဟဲကျင့်နားသွားကာဖြင့်သူ့ကိုစနောက်တော့သည်
ဟဲကျင့် အနည်းငယ် ယားယံလာသဖြင့် ပြုံး၍သူ့ကို တွန်းလိုက်သည်။
"ကလေးမဆန်စမ်းပါနဲ့..."
အမှန်ပဲလေ ဒီကိုတောင်ရောက်နေပြီပဲ ပျော်ပျော်မနေပဲ ဘာများလုပ်နိုင်ဉီးမှာတဲ့လဲ?
"ဒါကို ဘယ်တုန်းက စီစဉ်ထားတာလဲ?"
ချင်ယွီ: "တနင်္လာနေ့တုန်းက မင်း အကြောင်းပြချက်မရှိဘဲ ဒေါသထွက်နေခဲ့တုန်းကပေါ့"
ဟဲကျင့် အံ့သြသွားသည်။ အဲဒါကို တွေးလိုက်တော့ နည်းနည်းတော့ အပြစ်ရှိသလို ခံစားလိုက်ရပါ၏။ သူက ချင်ယွီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ငါ အဆင်ပြေပါတယ်စဉ်းစားဖို့ အချိန်လိုရုံလေးပါ"
ဒီအချိန်မှာတော့ ဟဲကျင့်ဟာ စိတ်ပိုင်းဆိုင်ရာ ပိုတည်ငြိမ်လာသလို ကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း တွေးမနေတော့ဘူး။ သူသည် ဤခရီးကို စတင်မျှော်လင့်နေပြီဖြစ်သည်။
ကားထဲမှာနွေးထွေးနေလေသည်။ အချိန်အတော်ကြာပြီးနောက်တွင်တော့ နှစ်ယောက်လုံး အိပ်ငိုက်လာတော့သည်။ တလမ်းလုံး အတူတူ အိပ်လိုက်လာကြလေရဲ့။ယာဉ်မောင်းက သူတို့ကိုferry ရပ်ရာနေရာသို့ လိုက်ပို့ပေးခဲ့ပြီး လက်မှတ် တွေပါဝယ်ပေးကာ cable ကားပေါ်တက်သည်အထိကြည့်ပြီးကာမှပြန်သွားခဲ့လေသည်။
သူတို့ ရွှယ်ရှင်းကို ရောက်တော့ညရှစ်နာရီရှိနေပြီပင်။ ကောင်းကင်ကြီးက အခု လုံးဝကို မှောင်နေခဲ့သည်။ ၎င်းတို့ကို ကြိုဆိုသူမှာ ဒေသခံ ခရီးသွားအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရွာသားတစ်ဦးဖြစ်သည်။ သူသည် မစ္စတာဆန်းဟုခေါ်သော ဉီးလေးကြီးဖြစ်သည်။ သူသည် ချင်ယွီနှင့် ဟဲကျင့်တို့ကို တည်းခိုရာနေရာသို့ ဦးစွာ ခေါ်သွားခဲ့သည်။
ဟဲကျင့်သည်အဝေးကို လှမ်းကြည့်လိုက်ရာ သူ့ရှေ့က ကမ္ဘာကြီး တစ်ခုလုံး နှင်းထူထူတွေ ဖုံးလွှမ်းနေပုံရပြီး သစ်သားအိမ်ခေါင်မိုးပေါ်မှာ နှင်းခမောက်ဝိုင်းလေး နဲ့ marshmallow နဲ့ တူတဲ့ အနီရောင် မီးပုံးတွေ ကိုချိတ်ဆွဲထားလျက်ရှိနေသည်မှာ နှင်းထူထပ်နေသည့်မြေပြင်ကိုတောင် အနီရောင် သန်းနေစေပါ၏။
အရာအားလုံးသည် နတ်သမီးပုံပြင်ထဲကလိုပင် သူတို့ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်နေပုံရသည်။ သူတို့သည် ဤနေရာကို ချက်ချင်းပဲ သဘောကျသွားခဲ့ကြသည်။
သူတို့က မိသားစု အဆောင်မှာ တည်းခိုကြတာပင်။ သေချာတာပေါ့ အခြေအနေတွေက ကြယ်ပွင့်ဟိုတယ်နဲ့ မယှဉ်နိုင်ပေမယ့် ဒီဧရိယာထဲမှာတော့ အကောင်းဆုံးလည်း ဖြစ်လေသည်။ တစ်ညတာအတွက် ယွမ်ခုနစ်ရာရှစ်ရာ ထိကုန်တယ်လေ။
ဉီးလေးဆန်းက အခန်းထဲသို့ ခေါ်သွားပြီး
"မင်းတို့ရဲ့ပစ္စည်းတွေကို အခန်းထဲမှာထားထားခဲ့နော် ဉီးလေးမင်းတို့ကိုညစာစားဖို့ တခါထဲခေါ်သွားပေးမယ်"
မီးသွေးမီးမွှေးထားရာမှတောက်လောက်နေသည့် နွေးထွေးသောလိမ္မော်ရောင် မီးလေးရှိနေလေသည်။မှန်ပြတင်းပေါက်တစ်ခုရှိပြီးအပြင်မှာနှင်းများဖြင့်ဖုံးလွှမ်းနေခဲ့သည်။အခန်းသည် သပ်ရပ်ပုံရကာ အိပ်ရာတစ်ခုထည်းသာပါလေသည်။
ချင်ယွီ သည် သူ့ပစ္စည်းများကို ချပြီးနောက်တွင် ပတ်ပတ်လည်ကို လှည့်ကြည့်ကာဖြင့်ပြောလာလေသည်။
"ဒီအခန်းက ဆူညံသံတွေကို တားဆီးနိုင်လောက်လား?"
Zawgyi
127:Snowtownကိုေခၚသြားမယ္
ခ်င္ယြီ က သိပ္နားမလည္စြာျဖင့္
"ဘာအေၾကာင္းလဲ?အလုပ္လား?"
ဟဲက်င့္ :"ဟုတ္တယ္ မင္းက ဂိိမ္းထဲမွာ host ဆက္လုပ္မွာလား?"
ခ်င္ယြီကေခါင္းခါျပလိုက္သည္။ေရေသသည္
လည္းတူညီေသာေမးခြန္းကိုေမးခဲ့ၿပီး အခုလည္းသူတူညီေသာအေျဖကိုပဲေျဖခဲ့ေလသည္။
"ဒါကငါ့ဝါသနာပါပဲ ရွင္သန္ေနထိုင္ဖို႔အတြက္ေတာ့ ဒါကိုငါမွီခိုမွာမဟုတ္ဘူး"
ဟဲက်င့္: "ဒါဆို မင္းရဲ႕ေနာက္ထပ္အစီအစဥ္ကဘာလဲ?"
"အမ္း..."
ခ်င္ယြီကသူ႔ရဲ႕ တင္းနစ္ေဘာလုံးကိုပစ္လိုက္ၿပီး သူ႔အၾကည့္ေတြကေဘာလုံးအထက္ေအာက္ခုန္ေနတာဆီကိုလိုက္သြားလ်က္ေျပာလာသည္။
"ဘြဲ႕ရၿပီးရင္ အေဖက သူ႔ကို ကူညီေစခ်င္ေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ေတာ့ ငါ ဘာလုပ္ရမယ္ဆိုတာကို မေတြးဖူးဘူး"
ဟဲက်င့္: "မင္းအေဖက မင္းကိုဘာကူညီေစခ်င္တာလဲ?"
ခ်င္ယြီ: "သူ႔ကုမၸဏီက ေမာ္ေတာ္ယာဥ္အစိတ္အပိုင္းေတြ ကိုအဓိက supply လုပ္တာေလ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ xx ဘရိတ္စနစ္ အစိတ္အပိုင္းေတြရဲ႕ supplier ေပါ့"
ခ်င္ယြီ မွေဖာ္ျပခဲ့ေသာ နာမည္သည္ လူသိမ်ားေသာ ဂ်ာမန္ေမာ္ေတာ္ကားအမွတ္တံဆိပ္တစ္ခုျဖစ္ၿပီးေတာ့သူအံ့ၾသသြားကာေမးလိုက္သည္။
"မင္း mechanic ကို သင္တာက မင္းအေဖလုပ္ငန္းနဲ႔ စပ္ဆက္ေနလို႔လား?"
"ဒီလိုပါပဲ ဒါေပမယ့္မတူတာေတြေတာ့ရွိတုန္းပဲ။တကယ္လို႔ သူ႔ကိုငါကူရင္ေတာင္ စက္ပစၥည္းနဲ႔ဆိုင္ တာမဟုတ္ဘူးငါ စီးပြါးေရးပဲေလ့လာမွာ"
သူကပုခုံးတြန႔္ကာျဖင့္
"အဲဒါနဲ႔ယွဥ္ရင္ ငါတကယ္လုပ္ခ်င္တဲ့ဟာကိုပဲလုပ္ ဖို႔ပိုမ်ားတယ္ startup company တစ္ခုေထာင္တာလိုမ်ိဳးေပါ့ ငါတကယ္လို႔ သူ႔ဆီမွာသာလုပ္ခ်င္ရင္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ထဲကလုပ္ၿပီးေလာက္ၿပီ ငါဘြဲ႕ရေအာင္ေတာင္ေစာင့္စရာမလိုဘူး"
ဟဲက်င့္: "ဒါဆို မင္းအဲ့လိုမလုပ္ရင္ မင္းအေဖ ဘယ္လိုလုပ္မွာလဲ?"
"သူ႔မွာ ေနာက္ထပ္သားတစ္ေယာက္ရွိတယ္ေလ မဟုတ္ဘူးလား?"
ခ်င္ယြီ က ၿပဳံးၿပီး တင္းနစ္ေဘာလုံးကို မကစားေတာ့ဘဲ ဆုပ္ကိုင္လိုက္သည္။ သူ ဟဲက်င့္ကိုလွည့္ ၾကည့္လိုက္၍
"ေယာက္်ားေတြက သူတို႔ကိုယ္သူတို႔ အားကိုးရမယ္လို႔ မင္းပဲေျပာခဲ့တာမဟုတ္ဘူးလား?"
"..."
ဟဲက်င့္ သည္ သူႏွင့္ခ်င္ယြီ အၾကား ႀကီးမားေသာ ျခားနားမႈမ်ား ရွိေနသည္ဟု အၿမဲေတြးခဲ့သည္။ ခ်င္ယြီ သည္ ငယ္ေသာ္လည္း လုပ္ႏိုင္စြမ္းရွိၿပီး ထက္ျမက္သူျဖစ္သည္။ သူ႔မွာ ေကာင္းမြန္တဲ့ ေနာက္ခံလည္းရွိတယ္။ သူ႔မိဘမ်ားႏွင့္ စစ္ေအးတိုက္ပြဲက ဆက္လက္ျဖစ္ပြားေနၿပီး အနာဂတ္အတြက္ ပူ
ပန္ေနရသည့္ သူနဲ႔မတူေပ။
သုေတသနပညာရွင္တစ္ေယာက္ျဖစ္ဖို႔ကလည္း စိတ္ကူးေကာင္းေပမယ့္ ဒါက ဟဲက်င့္လိုခ်င္တဲ့အရာေတာ့မဟုတ္ဘူး။ သို႔ေသာ္ ဒီအႀကံအစည္ကို စြန႔္လႊတ္ၿပီး အျပင္မွာအလုပ္ရွာလို႔အဆင္မေျပ
ရင္ေရာသူဘာလုပ္ရမလဲ?"
ခ်င္ယြီကသူ႔ကိုၾကည့္ကာေျပာလာသည္။
"မင္းအလုပ္ေတြေၾကာင္းစဥ္းစားေနတာလား?"
ဒီဟာကိုေျပာတဲ့အခ်ိန္မွာေတာ့ခ်င္ယြီစိတ္လႈပ္ရွားလာခဲ့သည္။
"မင္း မင္းမိသားစုနဲ႔ အဆက္အသြယ္ျပန္လုပ္ေနတာလား?"
ဟဲက်င့္ က ေခါင္းခါလိုက္ၿပီး "ဟင့္အင္း"
ခ်င္ယြီ က သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးဟဲက်င့္နဲ႔ သူ႔မိသားစုနဲ႔ ဆက္ဆံေရးကို လုံးဝျဖတ္ေတာက္ႏိုင္ ခဲ့ၿပီး ဟဲက်င့္ နဲ႔ ထာဝရရွိေနႏိုင္ရင္ အရမ္းေကာင္းမွာပဲလို႔ တစ္ကိုယ္ေကာင္းဆန္စြာ ေတြးခဲ့ေလသည္။
"ဒါဆို မင္းဘာေတြစဥ္းစားေနတာလဲ?"
ခ်င္ယြီက သူ႔ခါးကိုဖက္ကာျဖင့္ ေသြးေဆာင္လာေလသည္။
"ငါ့ကိုေျပာၾကည့္ေလ မင္းအတြက္ ငါဆုံးျဖတ္ေပးမယ္"
ကြင္းမွာ တျခားလူေတြ ရွိခဲ့ပါ၏။ ဟဲက်င့္ က အရမ္းေၾကာက္သြားတဲ့အတြက္ သူ႔ကို အလ်င္အျမန္ တြန္းထုတ္လိုက္ၿပီး
"လြန္ခဲ့တဲ့ ရက္အနည္းငယ္က ပါေမာကၡေဟာင္က သုေတသနလုပ္ဖို႔ ေက်ာင္းဆက္တက္ဖို႔ ရည္႐ြယ္ခ်က္ရွိမရွိ ေမးခဲ့တယ္"
"အဲ့ဒါကေတာ္ေတာ္ေကာင္းတယ္ မင္းမလိုခ်င္ဘူးလား?"
ဟဲက်င့္ဘြဲ႕ရၿပီး ႏွစ္အနည္းငယ္ၾကာေအာင္ဟြားတကၠသိုလ္ မွာ ဆက္ေနႏိုင္ရင္ ေကာင္းမယ္လို႔ ခ်င္ယြီက ေတြးခဲ့သည္။ သူအရင္ဘြဲ႕ရခဲ့ရင္ သူတို႔ တကၠသိုလ္အနီးမွာ တိုက္ခန္းငွားႏိုင္တယ္ေလ။ဟဲက်င့္ကသူ႔ ပညာကိုဆက္လက္သင္ယူႏိုင္ၿပီး သူကေတာ့အလုပ္နဲ႔ အျခားကုန္က်စရိတ္မ်ားအတြက္ ေပးေဆာင္ ႏိုင္မည္ျဖစ္သည္။
ဟဲက်င့္: "ဒါေပမယ့္ ငါပိုက္ဆံအမ်ားႀကီး ရွာႏိုင္မွာမဟုတ္ဘူး သုေတသီေတြရဲ႕ လစာကအဲ့ေလာက္ထိမမ်ားဘူး"
ခ်င္ယြီ: "ဘာလို႔ အေလာတႀကီးပိုက္ဆံရွာမွာတုန္း? မင္း အခု ပိုက္ဆံ ျပတ္ေနတာမွမဟုတ္တာ"
ဟဲက်င့္က ခ်င္ယြီကိုဘယ္လိုရွင္းျပရမလဲမသိေခ်။အခုသူ႔မွာပိုက္ဆံရွိတယ္ဆိုေပမယ့္လည္းယြမ္ 390,000 က သူ႔ကသူ႔အေျခအေနကိုတည္ၿငိမ္ေအာင္မလုပ္ေပးႏိုင္ဘူးေလ။သူသူ႔ဘာသူပိုက္ဆံရွာခ်င္ တယ္ ၿပီးေတာ့ ဂိမ္းထဲက ကံေပၚမွာပဲမမွီခိုေနခ်င္ ဘူး။သူအဲ့လိုလုပ္မွပဲ သူကသူ႔ကိုယ္သူရပ္တည္ႏိုင္ တယ္ဆိုတာကို သူ႔အေမကိုသက္ေသျပရာေရာက္မွာေလ။တကယ္လို႔သူသာပညာဆက္သင္ဖို႔ေ႐ြးလိုက္ရင္ သူဆင္းဆင္းရဲရဲပဲေနေနရမွာ။
ခ်င္ယြီ က ေပါ့ေပါ့ပါးပါးေျပာလာသည္။
"မင္းလုပ္ခ်င္တာကို လုပ္ပါ။ ငါကမင္းကိုေပ်ာ္ေစခ်င္႐ုံပါပဲ။ မင္းကငါ့မိန္းမေလ မင္းအလုပ္မလုပ္ရင္ေတာင္ ငါကပိုက္ဆံရွာၿပီး မင္းရဲ႕အသက္ေမြး
ဝမ္းေၾကာင္းကို ေထာက္ပံ့ေပးႏိုင္တုန္းပဲေလ"
ဤသည္မွာ အလြန္ေပ်ာ္ဝင္ဖြယ္ေကာင္းေသာ စကားျဖစ္သင့္ေသာ္လည္း ဟဲက်င့္ ကေတာ့ ၎ကို မတူညီေသာပုံစံျဖင့္ အဓိပၸာယ္ဖြင့္ဆိုခဲ့သည္။ သူကသူ႔မာနရဲ႕အလႊမ္းမိုးခံလိုက္ရၿပီးအေစာေၾကဖို႔ခက္ သြားေရာ ။ သူက ေအးစက္စြာေျပာလိုက္ေတာ့တယ္
"ဒီအေၾကာင္း မေျပာနဲ႔ေတာ့ ျပန္ၾကရေအာင္။"
ခ်င္ယြီကတုန္လႈပ္သြားရၿပီး ဟဲက်င့္ ေဒါသထြက္ ေအာင္ သူဘာအမွားလုပ္မိသြားလဲ မသိေခ်။သူသည္ ဟဲက်င့္ေနာက္သို႔ ကေလးမေလးတစ္ေယာက္လို လိုက္သြားခဲ့သည္။ အိပ္ေဆာင္သို႔ေရာက္ ေသာအခါဟဲက်င့္ သည္စကားတစ္ခြန္းမွမေျပာပဲ သူ႔အခန္းသို႔ ျပန္ဖို႔လုပ္ေလသည္။ ခ်င္ယြီသည္
လည္း အနည္းငယ္ စိတ္တိုသြားၿပီး ဟဲက်င့္၏ ပုခုံးကို ဆြဲကိုင္လိုက္၍ေမးလိုက္ေတာ့သည္။
"ဘာျဖစ္တာလဲ?"
ခ်င္ယြီ က သူ႔လက္ကို လႊတ္လိုက္စဥ္တြင္ ဟဲက်င့္ ကသူ႔ႏႈတ္ခမ္းကို နည္းနည္းလႈပ္လိုက္ၿပီး ခ်င္ယြီကိုေျပာခ်င္ခဲ့သည္။
"ငါ မင္းငါ့ကိုေငြေရးေၾကးေရးေထာက္ပံ့တာမ်ိဳးမလိုခ်င္ဘူး ငါလည္းေယာက်္ားေလးပဲ ကိုယ့္ဟာကိုရပ္တည္ခ်င္တယ္"
ဒါေပမယ့္ သူအဲ့လိုေျပာလုနီးနီးမွာပဲ ဟဲက်င့္ ႐ုတ္တရက္ပဲမေျပာခ်င္ေတာ့ေပ။ဟဲက်င့္မွာေငြေရးေၾကးေရးအတြက္ ခ်င္ယြီနဲ႔စကားမ်ားရတာအႀကိမ္နည္းငယ္ရွိေနၿပီျဖစ္ကာသူတကယ္ႀကီးစကားမမ်ားခ်င္ေတာ့ေခ်။
ဟဲက်င့္ က သက္ျပင္းခ်လိုက္ၿပီး သူကိုယ္တိုင္လည္း တုံ႔ျပန္မႈလြန္ကဲသြားသည္ကို သိလိုက္ပါ၏။ သူကေခါင္းငုံ႔ကာျဖင့္ေတာင္းပန္လိုက္သည္။
"ေတာင္းပန္ပါတယ္ ငါစိတ္အေျခအေနမေကာင္းလို႔ ခဏေလာက္ တစ္ေယာက္တည္း ေနခ်င္တယ္"
ခ်င္ယြီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဟဲက်င့္ က သူ႔ကို ဆူပူရင္ခ်င္ယြီက ရွင္းျပၿပီး ေတာင္းပန္ႏိုင္တယ္။ ဒါေပမယ့္ အခု သူ အရမ္းေအးစက္ၿပီး ေဝးေဝးေနေတာ့ သူတကယ္ဘာလုပ္ႏိုင္မွာတဲ့လဲ?
"ေကာင္းၿပီ ေနာက္မွ ဖုန္းဆက္လိုက္မယ္"
ဒါ သူလုပ္ႏိုင္တဲ့ တစ္ခုတည္းေသာ အရာပါပဲ။
ထို႔ေနာက္ ႏွစ္ေယာက္သား ကိုယ့္အခန္းကိုယ္ျပန္ခဲ့ၾကသည္။
ခ်င္ယြီသည္ ခ်က္ခ်င္း အိပ္ရာမဝင္ခဲ့ေပ။ သူ ခဏတာ အိပ္ယာေပၚမွာ လဲေလ်ာင္းေနစဥ္ ဟဲက်င့္က ႏွင္းေလွ်ာစီးခ်င္တယ္လို႔ေျပာခဲ့ဖူးတာကို သူ႐ုတ္တရက္သတိရသြားကာျဖင့္ စတင္ရွာေဖြေတာ့
သည္။
အခ်က္အလက္အခ်ိဳ႕ရွာၿပီးေနာက္ မတ္လကုန္တြင္ SnowTown တြင္ ႏွင္းမ်ားထူထပ္ေနၿပီဆိုတာသူသိခဲ့ရေလသည္။ ၾကာၾကာေစာင့္မယ့္အစား ဒီအပတ္ပိတ္ရက္မွာ သူတို႔အဲဒီကိုသြားရမယ္။
သူသည္ ခရီးသြားေအဂ်င္စီမ်ားစြာကို ဖုန္းအနည္းငယ္ေခၚဆိုကာ ျဖင့္ႀကိဳတင္ေမးျမန္းခဲ့သည္။ ထို႔ေနာက္ သူက ဟုန္တုန္ယြမ္ကိုစာပို႔လိုက္သည္။
"ေမ်ာက္၊ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြရဲ႕ သင္ခန္းစာေတြက အေရးႀကီးလား?"
ဟုန္တုန္ယြမ္: "ၾကာသပေတးေန႔ မနက္ခင္းမွာ ပေရာ္ဖက္ရွင္နယ္ အတန္းရွိတယ္ေန႔လည္မွာ အတန္းမရွိဘူး။ ေသာၾကာေန႔ကေတာ့ က်ဴတိုရီရယ္ေတြရွိတယ္။ ဘာလို႔လဲ?"
ခ်င္ယြီ:"အဲ့ဒီအတန္းေတြ မတက္ရင္ေရာ အဆင္ေျပလား?"
ဟုန္တုန္ယြမ္: "ၾကာသပေတးရဲ႕ အတန္းကေတာ့ပ်က္လို႔အဆင္မေျပေလာက္ဘူး ေသာၾကာ 2 ခုကေတာ့ အဆင္ေျပတယ္။လူေတာ္ေတာ္မ်ားမ်ားလဲမတက္ၾကဘူးေလၿပီးေတာ့ ပါေမာကၡကလဲ တကယ္ႀကီးဂ႐ုမစိုက္ဘူး....ဘာလို႔လဲ?"
ခ်င္ယြီ:" ငါ ဟဲက်င့္ကို ႐ႊယ္ရွင္း SnowTownမွာ ႏွင္းေလွ်ာစီးဖို႔ေခၚသြားေပးမလို႔ သုံးေလးရက္ေလာက္ၾကာလိမ့္မယ္။"
ဟုန္တုန္ယြမ္: "..." ေသစမ္း!
ခ်င္ယြီ: "အဲ့အတြက္ ငါသူ႔ကိုၾကာသာပေတးေန႔ ေန႔လည္မွာေခၚသြားမလို႔ သူငါ့အစီအစဥ္ကိုမသိေသးဘူး သြားမေျပာနဲ႔ေနာ္"
ဟုန္တုန္ယြမ္က ေတြးမိလိုက္သည္။ဘယ္လိုေတာင္ ကြၽမ္းက်င္တာလဲ! မိန္းကေလးေတြ...ေယာက်္ားေလးေတြကို ဘယ္လိုကိုင္တြယ္ရမယ္ဆိုတာကိုသူ အတိအက်သိတယ္!သဲလြန္စမရွိတဲ့ဟဲက်င့္ သူ လွည့္ၾကည့္လိုက္ၿပီးအားက်ရမလား သနားရမလားဆိုတာေတာင္ သူမေသခ်ာေတာ့ပါဘူးေနာ္
ဗုဒၶဟူးေန႔ညတြင္ ႏွစ္ေယာက္သား ညစာစားၾကေသာအခါ ခ်င္ယြီက ႐ုတ္တရက္ေျပာလာေလသည္။
"မနက္ျဖန္ down jacket ဝတ္ဖို႔သတိရေနာ္"
မတ္လေရာက္ေနၿပီျဖစ္ကာ ပို၍ပူေႏြးလာေလၿပီပင္။ဟဲက်င့္ သည္ လြန္ခဲ့သည့္ တစ္ပတ္ခန႔္က သူ႔ရဲ႕ down jacket ကိုသိမ္းလိုက္ၿပီျဖစ္သည္။သူနားမလည္ေပ။
"မနက္ျဖန္ အပူခ်ိန္က်မွာမလို႔လား?"
ခ်င္ယြီ: "မနက္ျဖန္ ငါမင္းကိုတေနရာရာေခၚသြားမလို႔ အဲ့မွာပိုေအးလိမ့္မယ္"
ဟဲက်င့္: "ဘယ္ေနရာလဲ?"
ခ်င္ယြီ: "ဒါက လွ်ိဳ႕ဝွက္ခ်က္ပဲ"
ဟဲက်င့္က သူလွ်ိဳ႕ဝွက္ေနတာကိုျမင္ၿပီး ခ်င္ယြီဘာစီစဥ္ေနလဲဆိုတာမသိတဲ့အတြက္ေၾကာင့္ ၿပဳံးသာၿပဳံးျပလိုက္ေတာ့၏။
ေနာက္တစ္ေန႔မနက္တြင္ ဟဲက်င့္ သူ႔စာသင္ခန္းမွ ထြက္လာခ်ိန္တြင္ ခ်င္ယြီထံမွ ခ်က္ခ်င္းဖုန္းလက္ခံရရွိခဲ့သည္။ခ်င္ယြီ က သူ႔ပစၥည္းေတြကို ခ်က္ခ်င္းထုပ္ပိုးၿပီး သူ႔ ID ကိုပါယူၿပီး အေရွ႕ဂိတ္တံခါးကိုလာခဲ့ဖို႔နဲ႔ သူအဲ့မွာေစာင့္ေနၿပီျဖစ္ေၾကာင္းေျပာလာခဲ့သည္
ဟဲက်င့္က သူ႔အေဆာင္ကို အျမန္ပဲျပန္သြားခ်ိန္တြင္ေတာ့ ဟုန္တုန္ယြမ္က သိေနတာေတာင္ ဘယ္သြာမလို႔လဲလို႔ေမးေနတုန္းပဲ
"က်င့္ေကာ မင္း ဘာလို႔ ဒီေလာက္အလ်င္လိုေနတာလဲ?"
ဟဲက်င့္က ရႈပ္ေထြးေနပုံရၿပီး "ခ်င္ယြီ က ငါ့ကိုရွာေနလို႔"
ဟုန္တုန္ယြမ္ က ေခါင္းညိတ္ကာျဖင့္ အနည္းငယ္အျပစ္ရွိစိတ္ျဖင့္ေျပာလာခဲ့သည္။
"ထူထူဝတ္သြားေနာ္ ဉီးထုပ္တို႔ မာဖလာတို႔လည္းယူသြားဉီး"
ဟဲက်င့္: "..." ဒီေမ်ာက္က တစ္ခုခုကို သိပုံရတယ္။
သိပ္မၾကာခင္မွာပဲ ဟုန္တုန္ယြမ္က လုံးဝေပ်ာက္ကြယ္သြားခဲ့တယ္။ ဟဲက်င့္ သည္ ဆြံ႕အခဲ့ရသည္။ သူက ဗီ႐ိုကိုဖြင့္ၿပီး အတြင္းမွာရွိတဲ့ပစၥည္းေတြကို လွန္လိုက္၍ ခ်င္ယြီက သူနဲ႔အတူ ဝယ္ထားတဲ့ မာဖလာကို ထုတ္ယူလိုက္ပါ၏။သူ႔ မ်က္ႏွာနီျမန္းလ်က္ အဲ့ဒါကိုပတ္ၿပီးေနာက္မွာေတာ့အေရွ႕ဘက္ဂိတ္တံခါးဆီသို႔ ေျပးသြားေတာ့ေလသည္။
သူသြားရာလမ္းတြင္ ဟဲက်င့္က ခ်င္ယြီက သူ႔ကို ဘယ္ကိုေခၚသြားမယ္ဆိုတာ မွန္းဆေနခဲ့သည္။ကူမင္ ေရကန္ ျဖစ္ႏိုင္ေလာက္လား? အဲ့ကိုသြားဖို႔က တကယ္ကိုေအးတဲ့ ရာသီဉတုေနာ္.....
ခ်င္ယြီ သည္ ရွည္လ်ားၿပီးက်ယ္ျပန႔္ေသာ အျပာရင္ သားေရ down jacket ကိုဝတ္ဆင္ထားခဲ့သည္။သူက BMW suv တစ္စီး၏ေဘးတြင္ သူ႔ကို စတိုင္ က်က်ေစာင့္ေနစဥ္ လမ္းတစ္ေလွ်ာက္ရွိ ေက်ာင္းသားမ်ား၏ အာ႐ုံကို ဆြဲေဆာင္ခဲ့သည္။ ဟဲက်င့္ က ခပ္ေဝးေဝးမွာေနၿပီး ရွက္ေနပုံလည္းရေလရဲ႕...
ဘာလို႔ဒီလူကၾကည့္ေကာင္းဖို႔ကိုႀကိဳးစားေနရတာလဲ?
သူ ခ်ဥ္းကပ္လာေသာအခါ ခ်င္ယြီက ၿပဳံးၿပီး SUV ရဲ႕ေနာက္ခန္းထဲကိုတြန္းထည့္လိုက္ၿပီးေနာက္သူပါဝင္ထိုင္လာေလသည္။အေရွ႕မွာေတာ့ယာဥ္ေမာင္းရွိေနခဲ့သည္။ဟဲက်င့္ကထူးဆန္းစြာျဖင့္
"ငါတို႔ဘယ္သြားမလို႔လဲ?"
ယာဥ္ေမာင္းက ကားကို အရွိန္ျပင္းျပင္းနဲ႔ ေမာင္းလာၿပီး မၾကာခင္မွာသူတို႔အေဝးေျပးလမ္းမႀကီးေပၚ ေရာက္သြားခဲ့သည္။ ရွင္းပါတယ္.. သူတို႔ ကူ
မင္ကန္ကို သြားေနတာမဟုတ္ဘူး..။
ခ်င္ယြီ သည္ ကားေမာင္းသူကို ဂ႐ုမစိုက္ဘဲ ဟဲက်င့္ ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားကာျဖင့္ တီးတိုးဆိုလာခဲ့သည္။
"မင္းေရာက္ရင္ သေဘာက်သြားမယ့္ေနရာတစ္ေနရာကိုေခၚသြားေနတာ"
ဟဲက်င့္ ဟာ ဆိုး႐ြားတဲ့ ခံစားခ်က္ကို ခံစားလိုက္ရ၏...
သူသြားခ်င္တဲ့ တစ္ေနရာရာ? ခ်င္ယြီက သူ႔ကိုႏွင္းေလွ်ာစီးဖို႔ ေခၚသြားေနတာမ်ားလား?
ဒါေပမယ့္ ေနပါဉီး သူတို႔ဘယ္မွာသြားစီၾကမွာလဲ?A ၿမိဳ႕မွာ ႏွင္းေလွ်ာစီးလို႔ရတဲ့ေနရာ ဘယ္နားရွိလို႔လဲ?
ဟဲက်င့္က မေျဖပဲၿပဳံးပဲၿပဳံးေနတဲ့ ခ်င္ယြီကိုဆက္ေမးေလသည္။မိနစ္ေလးဆယ္ေလာက္ၾကာေတာ့ သူတို႔ ခ်န္နန္း ေလဆိပ္ကို ေရာက္လာခဲ့သည္။ဟဲက်င့္က အနည္းငယ္ စိတ္လႈပ္ရွားသြားၿပီး ခ်င္ယြီရဲ႕လက္ေမာင္းမ်ားကိုဆုပ္ကိုင္ထားေလသည္
"ငါတို႔ ဘယ္ ဘယ္သြားမလို႔လဲ?"
ခ်င္ယြီ က သူ႔ကို ကားေပၚကေန ဆြဲခ်လိုက္ကာ ေလဆိပ္ check-in ေကာင္တာသို႔ အတူတူ သြားခဲ့ၾကၿပီး ေလယာဥ္လက္မွတ္ေတြ ယူဖို႔ ID ကတ္ကို အသုံးျပဳခဲ့ၾကေလသည္။ဟဲက်င့္ က လက္မွတ္ေတြကို ၾကည့္ရင္း သူတို႔ဟာပင္ကိုသြားေနတယ္ဆိုတာကိုသိလိုက္ရၿပီးေတာ့ သူ လုံးဝ အံ့အား သင့္သြားေတာ့သည္။
မိနစ္ 50 အၾကာတြင္ ေလယာဥ္သည္ ထြက္ခြာခဲ့သည္။ သူတို႔သည္ လုံၿခဳံေရး check-in အခ်ိန္ ေလးဆယ့္ငါးမိနစ္ႀကိဳတင္ၿပီး ထိုေနရာကို ေအာင္ျမင္စြာ ေရာက္ရွိလာခဲ့ျခင္းပင္။ ၾကည့္ရတာေတာ့ ခ်င္ယြီက ဟဲက်င့္အတြက္ စဥ္းစားဖို႔အခ်ိန္ေတာင္မေပးခ်င္ပုံရပါ၏။ဒါႀကီးက႐ူးခ်င္စရာပဲ!
ေၾကာက္႐ြံ႕စြာျဖင့္ ျပတင္းေပါက္မွဆင့္ ေသးငယ္သြားကာျဖင့္ ေဝးကြာလာေသာၿမိဳ႕ကို ၾကည့္လိုက္သည္။ သူ႔ေဘးတြင္ေတာ့ သူႏွင့္ရင္းႏွီးသည့္ ခ်င္ယြီတစ္ေယာက္သာ ရွိေလသည္။ ဟဲက်င့္က ဘယ္သြားမလို႔လဲဆိုတာကိုေမးတာရပ္လိုက္ေတာ့ၿပီး သူရႈပ္ေထြးစြာျဖင့္သာေျပာလာခဲ့သည္။
"ငါမနက္ဖန္ အတန္ေတြရွိေသးတယ္ ငါတို႔ဘယ္အခ်ိန္ျပန္လာမွာလဲ?"
ေနာက္ဆုံးမွာေတာ့ခ်င္ယြီ ကသူ႔ကိုေျပာလာသည္။
"ငါတို႔ SnowTown မွာ ႏွင္းေလွ်ာစီးဖို႔ သြားမွာ တနဂၤေႏြေန႔ ျပန္လာမယ္ေလ"
ဟဲက်င့္ ရဲ႕ မွန္းဆခ်က္က မွန္ကန္ေၾကာင္း သက္ေသျပခဲ့ၿပီး သူနည္းနည္းေတာ့ စိတ္ဆိုးသြားကာျဖင့္
"ဘာလို႔ ငါနဲ႔ အရင္ မတိုင္ပင္တာလဲ?"
ခ်င္ယြီက သူ႔လက္ကိုဆုပ္ကိုင္လိုက္ၿပီး "surprise ျဖစ္သြားေအာင္လို႔ေလ"
ဟဲက်င့္အတြက္ေတာ့ အဲ့ဒါက surprise မဟုတ္ပဲ shock ျဖစ္စရာပဲ!
ဟဲက်င့္ သည္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈ လုံးဝမရွိခဲ့ေပ။သူကသူ႔ထိုင္ခုံမွာ သက္ေတာင့္သက္သာမရွိစြာ တြန႔္လိမ္လိုက္ၿပီး
"ဒါဆို ငါတို႔အဲဒီမွာ ညအိပ္မွာလား?ငါဘာမွလည္းမယူလာရဘူး လဲဝတ္စရာအဝတ္ေတြေတာင္ပါမလာဘူး..."
သူကသူ႔ရဲ႕ ေနာက္ပိတ္ဖိနပ္ေလးကိုၾကည့္ကာျဖင့္ ေသေလာက္ေအာင္စိုးရိမ္သြားရသည္။ခ်င္ယြီကသူ႔ကိုဆိုင္းမဆင့္ဘုံမဆင့္ႀကီးေခၚလာတာ သူတို႔ေတာ့ေအးခဲၿပီးေသေတာ့မွာပဲ!ဒါေပမယ့္လည္း သူတို႔ကအခုေလယာဥ္ေပၚေတာင္ေရာက္ေနၿပီေလ သူတို႔ေတြ Demon God ထဲကလို အေတာင္ျဖန႔္ၿပီး ပ်ံၿပီးထြကိေျပးလို႔ရေနတာလဲမဟုတ္ဘူး။သူခ်င္ယြီေနာက္ကိုလိုက္႐ုံပဲရွိေတာ့တာပဲ
ခ်င္ယြီက သူ႔ကိုႏွစ္သိမ့္လာေလသည္။
"စိတ္မပူပါ နဲ႔ငါ အကုန္ျပင္ဆင္ၿပီးသားပါ"
ဟဲက်င့္ က သူတို႔ႏွစ္ေယာက္ဟာ ေလယာဥ္ေပၚမွာ ခရီးေဆာင္အိတ္အနည္းဆုံးပါတဲ့ လူႏွစ္ေယာက္လို႔ တြက္လိုက္သည္။ ေငြသားအခ်ိဳ႕ႏွင့္ ID ကတ္မွလြဲၿပီးသူဘာမွမယူခဲ့ဘူးေလ!
ေလယာဥ္ေပၚတြင္ ေန႔လယ္စာစားၿပီး ႏွစ္နာရီၾကာ ေလယာဥ္စီးၿပီးေနာက္ မ်က္စိတစ္မွိတ္အတြင္း ဟာပင္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၾကသည္။ ဟာပင္၏ အပူခ်ိန္သည္ ေျခာက္ေသြ႕ေသာေလသာရွိသည့္A ၿမိဳ႕ႏွင့္ ဆင္တူသည္။
သူတို႔ ေလယာဥ္ေပၚကဆင္းခ်ိန္မွာေတာ့ ခ်င္ယြီသည္ ဖုန္းေခၚၿပီး ဟဲက်င့္ကို ခ်က္ခ်င္းဆြဲေခၚသြားခဲ့သည္။ ခရီးသြားေအဂ်င္စီ၏ တာဝန္ရွိသူသည္ သူတို႔ကို အျပင္တြင္ ေစာင့္ေနၿပီျဖစ္သည္။ ခ်င္ယြီ မွ မွာယူေသာကားသည္သူတို႔အတြက္သာ ဝန္ေဆာင္မႈေပးသည္။
"Mr. ခ်င္ မင္းမွာထားသမွ် အဆင္သင့္ျဖစ္ေနၿပီ။ မင္းရဲ႕ ခရီးေဆာင္အိတ္ေတြကို ကားထဲထည့္ထားလိုက္ပါ။ ဒါက ကားေမာင္းသမား Mr. ရွ ပါ၊ မင္းကို ဝန္ေဆာင္မႈေပးမယ့္ သူတစ္ေယာက္ရွိမယ့္ ႐ႊယ္ရွင္းကို ေမာင္းပို႔ဖို႔တာဝန္ရွိသူပါ။ၿပီးေတာ့ မင္းရဲ႕
လက္ပတ္ကိုဖြင့္ထားေပးဖို႔ သတိရပါ။"
အဲ့ေနာက္မွာေတာ့ ထိုလူကထြက္သြားခဲ့ေတာ့သည္။
သူတို႔ႏွစ္ေယာက္ ကားေပၚတက္လာၿပီးေနာက္တြင္ေတာ့ ေနာက္ထိုင္ခုံမွာ တူညီသည့္ အနက္ေရာင္ ေတာင္တက္အိတ္ႏွစ္လုံးနဲ႔ ေဘးနားမွာ ဖိနပ္ေသတၱာႀကီးႏွစ္လုံးကို ေတြ႕လိုက္ရေလရဲ႕။
ခ်င္ယြီ သည္ ႏွင္းေလွ်ာစီးဝတ္စုံမ်ား၊ အေႏြးေဘာင္းဘီမ်ား၊ ဦးထုပ္မ်ား၊ မ်က္ႏွာဖုံးမ်ား၊ လက္အိတ္မ်ား၊ ေျခအိတ္မ်ား၊ ႐ိုးရွင္းေသာေရခ်ိဳးခန္းသုံးပစၥည္းမ်ား... ႏွင့္ အတြင္းခံမ်ားပါရွိေသာ အိတ္ကိုဖြင့္လိုက္သည္။
ဟဲက်င့္ လည္း ေက်ာပိုးအိတ္ကို လွန္ၾကည့္ေနရင္း အတြင္းခံေဘာင္းဘီကို ျမင္လိုက္ရခ်ိန္မွာေတာ့ နား႐ြက္ေတြ ပူလာသလိုေတာင္ ခံစားလိုက္ရပါတယ္ ေနာ္...
ဒီသုံးရက္အတြင္းမွာ အတူတူ အိပ္ၾကရမွာလား?
ခရီးသြားေအဂ်င္စီသည္ သူ႔လိုအပ္ခ်က္အတိုင္း အရာအားလုံးကို ဝယ္ယူေပးခဲ့ေၾကာင္း ခ်င္ယြီေတြ႕ခဲ့ရသည္။ သူက ေက်ေက်နပ္နပ္ျဖင့္ေက်ာပိုးအိတ္ကို ဇစ္ပိတ္လိုက္ၿပီး ေဘးက ဖိနပ္ေသတၱာကို စစ္ၾကည့္ေတာ့ ႏွင္းေလွ်ာစီးဖို႔ ဘြတ္ဖိနပ္ႏွစ္စုံရွိေနၿပီး တစ္ရံကပိုႀကီးၿပီး တစ္ရံကပိုေသးၿပီးေတာ့ ႏွစ္ခုလုံးက ဆင္တူေလးျဖစ္သည္။ခ်င္ယြီက 39 size ကိုယူကာျဖင့္ ဟဲက်င့္ကို ကမ္းေပးလိုက္သည္။
"ဝတ္ၾကည့္ၾကည့္ဉီး
ဟဲက်င့္:"..."
ခ်င္ယြီ က ဘြတ္ဖိနပ္ကို ထိုင္ခုံၾကားမွာ ခ်ထားၿပီး ေျပာလာခဲ့သည္။
"မင္းရဲ႕size အတိုင္းငါ ဝယ္ထားတာပဲ"
ခရီးသြားေအဂ်င္စီမွ တာဝန္ခံတစ္ဦး၏ ေျပာၾကားခ်က္အရ ဝန္ထမ္းမ်ားသည္ ဤsize ကိုရွာေဖြရန္ brand ေပါင္းစုံကိုရွာေဖြခဲ့ရတယ္လို႔ဆိုေလ၏
ခ်င္ယြီသည္ ၿပီးခဲ့သည့္ စာသင္ႏွစ္တြင္ ရတ္ကတ္ဝယ္ရန္ ေခၚသြားေသာအခါ ေျမေအာက္ရထားေပၚတြင္ ၎၏ဖိနပ္အ႐ြယ္အစားကို ေမးျမန္းခဲ့ေၾကာင္း မၾကာမီတြင္ ဟဲက်င့္ သတိရသြားရသည္။ ဒါေပမယ့္လည္း အဲ့တုန္းက သူတစ္ size ပိုႀကီးတာေျပာလိုက္မိတယ္ထင္တာပဲေနာ္... (=_=)
ဟဲက်င့္ က ကုန္းကာျဖင့္ သူ႔ဖိနပ္ကို ခြၽတ္လိုက္တယ္။ခ်င္ယြီ ၏ အၾကည့္ေအာက္တြင္ သူသည္ ဤဖိနပ္မ်ားကို အလြယ္တကူ ၀တ္ဆင္လိုက္သည္.. ဒါေပမယ့္လည္းအသိအသာႀကီးကို အဲ့ဒါေတြက သူ႔အတြက္နည္းနည္းေတာ့ႀကီးေနေလရဲ႕....
"ဘယ္လိုေနလဲ?"
"အာ..." သူ႔ေထာင္ေခ်ာက္သူမိသြားတဲ့ဟဲက်င့္က ရွက္ရွက္နဲ႔ပဲ
"အဆင္ေျပပါတယ္"
တကယ္ေတာ့ ဟဲက်င့္ကအဲ့ေလာက္ကြာတယ္လို႔လဲမထင္ပါဘူးေနာ္ ဖိနပ္ထဲကသားေမြးေတြကအရမ္းထူတယ္။တကယ္လို႔ အဲ့ဒါေတြနဲ႔ေတာင္မရဘူးဆိုလဲ သူ႔ေက်ာပိုးအိတ္ထဲမွာေျခအိတ္အစုံလိုက္ေတြရွိေသးတယ္ သူအဲ့ဒါေတြကို ႏွစ္ခုထပ္ဝတ္လိုက္႐ုံေပါ့...(=_=)
သူတို႔ ႐ႊယ္ရွင္းသို႔ ေရာက္ရန္ ေလးနာရီေက်ာ္ၾကာခဲ့ေလသည္။
ခ်င္ယြီ: "ငါတို႔ ဒီကိုေရာက္ေနၿပီပဲ အရမ္းႀကီးေတြးပူမေနနဲ႔ တစ္ခုခုအေရးႀကီးတာရွိရင္ မင္းကိုေျပာဖို႔ ငါဟုန္တုန္ယြမ္ကိုေျပာထားလိုက္မယ္ ၿပီးေတာ့ ငါတို႔ေတြ ဒီ3 ရက္ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းၾကမယ္ေနာ္ အိုေခ?"
ဟဲက်င့္ :"..." ဟုန္တုန္ယြမ္က တကယ္ႀကီးကို အကုန္လုံးကိုသိေနတာ!
"ေပ်ာ္ေပ်ာ္ေနပါ!"
လူႏွစ္ေယာက္သည္ တူညီေသာမာဖလာကို ၀တ္ဆင္ထားၾကၿပီး ခ်င္ယြီက ေပ်ာ္႐ႊင္စြာျဖင့္ ဟဲက်င့္နားသြားကာျဖင့္သူ႔ကိုစေနာက္ေတာ့သည္
ဟဲက်င့္ အနည္းငယ္ ယားယံလာသျဖင့္ ၿပဳံး၍သူ႔ကို တြန္းလိုက္သည္။
"ကေလးမဆန္စမ္းပါနဲ႔..."
အမွန္ပဲေလ ဒီကိုေတာင္ေရာက္ေနၿပီပဲ ေပ်ာ္ေပ်ာ္မေနပဲ ဘာမ်ားလုပ္ႏိုင္ဉီးမွာတဲ့လဲ?
"ဒါကို ဘယ္တုန္းက စီစဥ္ထားတာလဲ?"
ခ်င္ယြီ: "တနလၤာေန႔တုန္းက မင္း အေၾကာင္းျပခ်က္မရွိဘဲ ေဒါသထြက္ေနခဲ့တုန္းကေပါ့"
ဟဲက်င့္ အံ့ၾသသြားသည္။ အဲဒါကို ေတြးလိုက္ေတာ့ နည္းနည္းေတာ့ အျပစ္ရွိသလို ခံစားလိုက္ရပါ၏။ သူက ခ်င္ယြီရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး
"ငါ အဆင္ေျပပါတယ္စဥ္းစားဖို႔ အခ်ိန္လို႐ုံေလးပါ"
ဒီအခ်ိန္မွာေတာ့ ဟဲက်င့္ဟာ စိတ္ပိုင္းဆိုင္ရာ ပိုတည္ၿငိမ္လာသလို ေက်ာင္းနဲ႔ပတ္သက္တဲ့ ကိစၥေတြကိုလည္း ေတြးမေနေတာ့ဘူး။ သူသည္ ဤခရီးကို စတင္ေမွ်ာ္လင့္ေနၿပီျဖစ္သည္။
ကားထဲမွာေႏြးေထြးေနေလသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ေတာ့ ႏွစ္ေယာက္လုံး အိပ္ငိုက္လာေတာ့သည္။ တလမ္းလုံး အတူတူ အိပ္လိုက္လာၾကေလရဲ႕။ယာဥ္ေမာင္းက သူတို႔ကိုferry ရပ္ရာေနရာသို႔ လိုက္ပို႔ေပးခဲ့ၿပီး လက္မွတ္ ေတြပါဝယ္ေပးကာ cable ကားေပၚတက္သည္အထိၾကည့္ၿပီးကာမွျပန္သြားခဲ့ေလသည္။
သူတို႔ ႐ႊယ္ရွင္းကို ေရာက္ေတာ့ညရွစ္နာရီရွိေနၿပီပင္။ ေကာင္းကင္ႀကီးက အခု လုံးဝကို ေမွာင္ေနခဲ့သည္။ ၎တို႔ကို ႀကိဳဆိုသူမွာ ေဒသခံ ခရီးသြားေအဂ်င္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ ႐ြာသားတစ္ဦးျဖစ္သည္။ သူသည္ မစၥတာဆန္းဟုေခၚေသာ ဉီးေလးႀကီးျဖစ္သည္။ သူသည္ ခ်င္ယြီႏွင့္ ဟဲက်င့္တို႔ကို တည္းခိုရာေနရာသို႔ ဦးစြာ ေခၚသြားခဲ့သည္။
ဟဲက်င့္သည္အေဝးကို လွမ္းၾကည့္လိုက္ရာ သူ႔ေရွ႕က ကမာၻႀကီး တစ္ခုလုံး ႏွင္းထူထူေတြ ဖုံးလႊမ္းေနပုံရၿပီး သစ္သားအိမ္ေခါင္မိုးေပၚမွာ ႏွင္းခေမာက္ဝိုင္းေလး နဲ႔ marshmallow နဲ႔ တူတဲ့ အနီေရာင္ မီးပုံးေတြ ကိုခ်ိတ္ဆြဲထားလ်က္ရွိေနသည္မွာ ႏွင္းထူထပ္ေနသည့္ေျမျပင္ကိုေတာင္ အနီေရာင္ သန္းေနေစပါ၏။
အရာအားလုံးသည္ နတ္သမီးပုံျပင္ထဲကလိုပင္ သူတို႔ေရွ႕တြင္ တိတ္ဆိတ္ၿငိမ္သက္ေနပုံရသည္။ သူတို႔သည္ ဤေနရာကို ခ်က္ခ်င္းပဲ သေဘာက်သြားခဲ့ၾကသည္။
သူတို႔က မိသားစု အေဆာင္မွာ တည္းခိုၾကတာပင္။ ေသခ်ာတာေပါ့ အေျခအေနေတြက ၾကယ္ပြင့္ဟိုတယ္နဲ႔ မယွဥ္ႏိုင္ေပမယ့္ ဒီဧရိယာထဲမွာေတာ့ အေကာင္းဆုံးလည္း ျဖစ္ေလသည္။ တစ္ညတာအတြက္ ယြမ္ခုနစ္ရာရွစ္ရာ ထိကုန္တယ္ေလ။
ဉီးေလးဆန္းက အခန္းထဲသို႔ ေခၚသြားၿပီး
"မင္းတို႔ရဲ႕ပစၥည္းေတြကို အခန္းထဲမွာထားထားခဲ့ေနာ္ ဉီးေလးမင္းတို႔ကိုညစာစားဖို႔ တခါထဲေခၚသြားေပးမယ္"
မီးေသြးမီးေမႊးထားရာမွေတာက္ေလာက္ေနသည့္ ေႏြးေထြးေသာလိေမၼာ္ေရာင္ မီးေလးရွိေနေလသည္။မွန္ျပတင္းေပါက္တစ္ခုရွိၿပီးအျပင္မွာႏွင္းမ်ားျဖင့္ဖုံးလႊမ္းေနခဲ့သည္။အခန္းသည္ သပ္ရပ္ပုံရကာ အိပ္ရာတစ္ခုထည္းသာပါေလသည္။
ခ်င္ယြီ သည္ သူ႔ပစၥည္းမ်ားကို ခ်ၿပီးေနာက္တြင္ ပတ္ပတ္လည္ကို လွည့္ၾကည့္ကာျဖင့္ေျပာလာေလသည္။
"ဒီအခန္းက ဆူညံသံေတြကို တားဆီးႏိုင္ေလာက္လား?"