ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

471K 80K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။

1.6K 189 10
By Jiji_laura

Unicode

အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။

[အဲဒါကို ငါတို့ရဲ့ ဟန်းနီးမွန်းအဖြစ် ယူဆလို့ရတယ်]

ပထမလလယ်တွင်၊ ကုဖေးတိသည် သူ၏ဆယ့်ကိုးနှစ်မြောက်မွေးနေ့ကို ကျောက်စိမ်းအိမ်တော်တွင် ကျင်းပခဲ့သည်။

အဲဒီနောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလကြာခဲ့ပြီး နွေရာသီဟာ တိတ်တဆိတ်ရောက်လာခဲ့လေ၏။ စုယန်၏ နှစ်ဆယ်နှစ်ပြည့်မွေးနေ့သည် ပဉ္စမလဆန်းပိုင်းဖြစ်သည်။

သိုင်းပညာရှင်တစ်ယောက်အဖြစ် စုယန်၏ သရဖူဆောင်းသည့် အခမ်းအနားသည် တော်ဝင်မျိုးနွယ်များလောက် ခမ်းနားခြင်း မရှိခဲ့ပေ။ သူသည် ရိုးရှင်းသော ပြင်ဆင်မှုများနှင့် ရိုးရှင်းသောအဝတ်အစားများအတွက် ကျောက်စိမ်းအိမ်တော်ရှိ ရှစ်ရှုန်းနှင့် ရှစ်ကျဲများကို အကူအညီ တောင်းဆိုခဲ့သည်။

စုယန်သည် အခမ်းအနား၏ အဓိက ဂုဏ်ပြုဧည့်သည်တော်အနေဖြင့် ရှစ်ဇွင်းချင်းပေါ်ကို ဖိတ်ကြားပြီး သရဖူဆောင်းပေးသည့်တာဝန်ကို ထမ်းဆောင်စေချင်ခဲ့သည်။ မမျှော်လင့်ဘဲ ချင်းပေါ်က ချက်ချင်း ငြင်းဆန်ခဲ့လေ၏။

"တစ်ယောက်ယောက်က မင်းကို သရဖူဆောင်းပေးဖို့အချိန်မီ ပေါ်လာပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ နှစ်ရက်လောက်စောင့်လိုက်ပါ"

ချင်းပေါ် က ပြုံးပြီး ဆိုသည်။

"ဆဋ္ဌမလအစောပိုင်းမှာ သိုင်းပညာအထွေထွေ စည်းဝေးပွဲကျင်းပလိမ့်မယ်။ လောလောဆယ် ပြန်လာသင့်တဲ့သူတွေက အလယ်ပိုင်းလွင်ပြင်ကို အမြန်သွားဖို့ ပြင်ဆင်နေကြပါပြီ"

မျှော်လင့်ထားသည့်အတိုင်း စုယန်၏ မွေးနေ့မတိုင်မီ သုံးရက်အလိုတွင် လော့ယွီနှင့် ချင်ကျန်းယွဲ့တို့သည် ကျောက်စိမ်းအိမ်တော်သို့ ရောက်ရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အဲ့လော့ကွေး၏အခြေအနေကို လုံခြုံစေရန်အတွက် လော့ယင်ကို ကူညီပေးခဲ့ပြီးနောက် ယွီချုံးတောင်ထိပ်သို့ ပြန်သွားတော့မည်ဖြစ်သည်။ စုယန် မွေးနေ့ရောက်ခါနီးတွင် သူတို့သည် မေ့ကျူးတောင်ကို ဖြတ်သွားလက်စနှင့် ဝင်ခဲ့ကြခြင်းဖြစ်လေသည်။

စုယန်၏မွေးနေ့အကြိုတွင် စုဟွိုက်ကျူးနှင့် ကုရော့ဟိုင်တို့သည် ကျောက်စိမ်းအိမ်တော်သို့ အတူတကွရောက်ရှိခဲ့ကြသည်။ သူတို့သည် စုယန်၏ သရဖူဆောင်းသည့် အခမ်းအနားကို တက်ရောက်ရန် လာရောက်ခဲ့ခြင်း ဖြစ်လေ၏။ ဖူလင်းယွင်နှင့် ဖန်ရှီတို့လည်း သူတို့နှင့်အတူ လိုက်ပါလာခဲ့သည်။

ကျောက်စိမ်းအိမ်တော်မှ နှစ်နှစ်ဆယ်ကြာ ဝေးကွာခဲ့သော လူကြီးအများအပြားသည် ယခုအခါ အလည်အပတ်အဖြစ် ပြန်လာခဲ့ကြသည်။ သူတို့သည် ချီအဘိုးအိုးနှင့်တွေ့ဆုံခဲ့ပြီး ထိုစဉ်က သူတို့နှင့် မျိုးဆက်တူခဲ့သော ဝမ်ခဲ့ကိုလည်း နှုတ်ဆက်ခဲ့သည်။ တိလင်းနှင့် မော့ယွင်ကဲ့သို့သော မျိုးဆက်သစ်လူငယ်အချို့သည် လူကြီးများအား အရိုအသေပြုခဲ့ကြပြီး တိလင်းသည် ဧည့်ခန်းသို့ လမ်းပြခဲ့လေ၏။

ဖူလင်းယွင်နှင့် ဖန်ရှီတို့သည် စုယန်နှင့် ကုဖေးတိတို့နှင့်လက်ဖက်ရည်အတူသောက်ရန် စီစဉ်ခဲ့သည်။ သူတို့သည် သိုင်းပညာအသိုင်းအဝိုင်းအတွင်း လက်ရှိအခြေအနေများအကြောင်း သတင်းများကို ယူဆောင်လာခဲ့ကြသည်။

"သိုင်းပညာအထွေထွေ စည်းဝေးပွဲက သိပ်မလိုတော့ဘူး။ အခုအချိန်မှာ ဂိုဏ်းခွဲအားလုံးက စည်းဝေးပွဲမှာ အကျိုးအမြတ်များများရဖို့ ပြင်ဆင်နေကြပြီ" ဖူလင်းယွင်က ဆို၏။

"ရှစ်ဖူက မဟာမိတ်ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ပြီး ဦးလေးရွှီကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ထန်းယွင်စံအိမ်ရဲ့တပ်ဖွဲ့တွေကို စုစည်းပြီး ချန်ဖုန်းရွာကို အားဖြည့်ပေးလိမ့်မယ်။ ရှစ်ဖူက ဌာနခွဲတွေမှာ အသီးသီး တာဝန်ပေးအပ်ထားတဲ့ ရှစ်ရှုန်းတွေ အားလုံးကိုလည်း ပြန်ခေါ်ဖို့ ရည်ရွယ်ထားပါတယ်"

"ရှစ်ရှုန်းတွေကို ပြန်ခေါ်မှာလား?" ကုဖေးတိက ပြောသည်။

"အဖေက စံအိမ်သခင်အသစ်ကို ခန့်အပ်ချင်နေတာ ဖြစ်နိုင်တယ်"

ဖူလင်းယွင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"နင်က စုယန်နဲ့ လိုက်ပြေးသွားပြီ။ ရှစ်ဖူက ဘာတတ်နိုင်မှာလဲ? ဒါ့အပြင်၊ နင့်ကို မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်က ဖြားယောင်းသွေးဆောင်ခဲ့တယ်ဆိုတဲ့ ကောလဟာလကလည်း မှေးမှိန်သွားပါပြီ။ မင်းပြန်လာပြီး ထန်းယွင်စံအိမ်ကို တာဝန်ယူချင်ရင်တောင် ရှစ်ဖူက ထောက်ခံပေးမှာမဟုတ်ဘူး"

ထို့နောက် သူမက ဘေးတွင်ထိုင်နေသော စုယန်ကို တစေ့တစောင်းခိုးကြည့်ကာ ပြုံးလိုက်သည်။

"နင်တို့တွေ ဒီလောကကြီးရဲ့ အရှုပ်အထွေးတွေနဲ့ ဝေးကွာနေတဲ့နေရာမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါ။ ထန်းယွင်စံအိမ်က ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေခဲ့ရင် နင်တို့တွေ ပစ်မထားဘူးလို့ ငါယုံကြည်ပါတယ်"

"လိုအပ်ရင် ငါအသင့်ရှိနေမှာပါ" ကုဖေးတိက ပြောခဲ့သည်။

"မှန်တယ်၊ တစ်ခုခုဖြစ်ရင် ငါတို့ သေချာပေါက် ကူညီဖို့ လာခဲ့မယ်" စုယန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ခဏနေတော့ ကုဖေးတိက ဆို၏။

"မင်းကရော ဘယ်လိုလဲ? နောက်စံအိမ်သခင် ရာထူးအတွက် ပြိုင်ဖို့ စိတ်ကူးမရှိဘူးလား?"

ဖူလင်းယွင်က နှုတ်ခမ်းကို စူလိုက်ပြီး ပြောလေသည်။

"ငါက မိန်းကလေးတစ်ယောက်ပါ။ ငါစံအိမ်သခင်ဖြစ်လာရင်တောင် ကောလဟာလတွေနဲ့ အပြောအဆိုခံရတာတွေ လျော့ပါးသွားမှာမဟုတ်ဘူး။ ဒါ့အပြင် ငါဖန်အာနဲ့ လက်ထပ်ချင်တယ်။ ထန်းယွင်စံအိမ်မှာ လက်ထပ်မယ်ဆိုရင်တောင် အတင်းအဖျင်းပြောသူတွေကို ရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး။ ဒီစိတ်ရှုပ်စရာ အရှုပ်အထွေးတွေကို ကိုင်တွယ်ရာမှာ ငါက စိတ်မရှည်ဘူး။ ဒါကြောင့် ဘယ်ရှစ်ရှုန်းကို ရွေးရွေး အရေးမကြီးပါဘူး"

ကုဖေးတိက အံ့သြသွားသည်။

"အိုး! မင်းတို့နှစ်ယောက်လက်ထပ်တော့မှာလား? ရက်ချိန်းရောသတ်မှတ်ပြီးပြီလား?"

ဖူလင်းယွင်က နည်းနည်းလေးမှ ရှက်ရွံ့မနေဘဲ ပြောလိုက်သည်။

"သိုင်းပညာ အထွေထွေစည်းဝေးပွဲအပြီး သတ္တမလ နှောင်းပိုင်းလောက်မှာ ဖြစ်လိမ့်မယ်။ နင်တို့နှစ်ယောက် ငါ့မင်္ဂလာပွဲကို လာတက်ရမယ်နော်"

စုယန်က ချက်ချင်း ပြုံးလိုက်ပြီး ဆိုသည်။

"ဒါပေါ့။ ငါတို့သေချာပေါက်လာတက်မှာပါ!"

ဖူလင်းယွင်က ဆက်လက်ပြောသည်။

"နောက်ပြီးရင် ငါ့တူလေးရဲ့ တစ်လပြည့်ပွဲလည်း ရှိသေးတယ်။ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာ နင်တို့နှစ်ယောက်စလုံး ထန်းယွင်စံအိမ်ထဲကို ခိုးဝင်ပြီး တိတ်တဆိတ် တက်နိုင်တယ်"

ကုဖေးတိက ရယ်ရယ်မောမောနဲ့ စုယန်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။

"ဒီကိစ္စက အရေးမကြီးပါဘူး။ အချိန်တန်ရင် ငါတို့ ဆွေးနွေးလို့ရတယ်"

မနက်ဖြန်သည် စုယန်၏ နှစ်ဆယ်နှစ်ပြည့်မွေးနေ့ဖြစ်သည်။ ဝိညာဉ်သွေးကျိန်စာမှ အန္တရာယ်တစုံတရာရှိနေသေးသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ မနက်ဖြန်မှသာ အမှန်တကယ် ရှင်းသွားမည်ဖြစ်သည်။

ဤရှေးခေတ်ကာလတွင် တိကျသောအချိန်တိုင်းတာသည့်ကိရိယာမရှိသဖြင့် စုယန်သည် သူ၏မွေးနေ့ကိုကျင်းပဖို့ သန်းခေါင်ယံအချိန်ကို စောင့်ရန်စိတ်မ၀င်စားခဲ့ပေ။ သူသည် မနက်ဖြန်အတွက် အားပြည့်နေစေရန် စောစောအိပ်ရာဝင်ခဲ့သည်။

ကုဖေးတိသည် အိပ်မပျော်တဲ့ဝေဒနာကို ခံစားခဲ့ရသည်။

သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စုယန်၏ ဘေးတွင် လှဲလျောင်းနေ၏။ သူသည် စုယန်၏ အေးမြသောလက်ကောက်ဝတ်ကို ကိုင်ထားပြီး သူ၏သွေးခုန်နှုန်းကို သေချာစမ်းသပ်နေသည်။ အိပ်ပျော်နေသော စုယန်၏ အသက်ရှုသံများသည် ပေါ့ပါးပြီး တည်ငြိမ်နေပါ၏။ ကုဖေးတိသည် စုယန်၏ ပါးပြင်တွင် နားကို ကပ်ထားပြီး အသက်ရှုသံများဆီသို့ ငြိမ်သက်စွာ အာရုံစိုက်နေသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်က တဖြည်းဖြည်း ထွန်းလင်းလာသည်။ အိပ်ပျော်နေဆဲ စုယန်သည် မသိစိတ်က သူ၏လက်ကို ကုဖေးတိ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်လေသည်။

ထိုမှသာ ကုဖေးတိသည် သက်ပြင်းတစ်ချက်ချကာ ပေါ့ပါးစွာ ရယ်မောလိုက်လေ၏။ သူသည် စုယန်၏ လက်ချောင်းများကို ဆုပ်ကိုင်ကာ မျက်လုံးများမှိတ်ပြီး အိပ်ပျော်သွားတော့လေသည်။
......

စုယန်၏ သရဖူဆောင်းသည့် အခမ်းအနားကို သူ၏ မွေးနေ့ပွဲနှင့်အတူ ကျင်းပမည်ဖြစ်သည်။ ကျောက်စိမ်းအိမ်တော်တွင် လူကြီးများမှလွဲ၍ ဧည့်သည်များ များများစားစားမရှိပေ။ ကျန်သည်များမှာ ရှစ်ရှုန်း၊ ရှစ်ကျဲများဖြစ်ပြီး အခမ်းအနားက ရိုးရှင်းခဲ့ပေသည်။

ထုံးစံအတိုင်း၊ ချင်းပေါ်သည် ကိုယ်တိုင်ကိုယ်ကျ ပေါ်မလာဘဲ အစိမ်းရောင် ငှက်ငယ်လေးမှ ပေးပို့သော စာတစ်စောင်သာ ရှိခဲ့ပြီး ၎င်းတွင် သရဖူဆောင်းခြင်း အခမ်းအနားအတွက် ဂုဏ်ပြုစကားများ ရေးသားထားသည်။ ကုဖေးတိက ၎င်းကို အသံထွက်ဖတ်ခဲ့၏။ ဂုဏ်ပြုဧည့်သည်တော်အဖြစ် ကုရော့ဟိုင်က စုယန်ကို သရဖူဆောင်းပေးခဲ့ပြီး ဖခင်ဖြစ်သူ စုဟွိုက်ကျူးက
စုယန်အား ဒုတိယအမည် ပေးအပ်ခဲ့သည်။

စုယန်သည် စုဟွိုက်ကျူးရှေ့မှာ ဒူးထောက်လိုက်ပြီး စုဟွိုက်ကျူးက ဆိုသည်

"ဒီမင်္ဂလာရှိတဲ့ရက်ကောင်းရက်မြတ်မှာ မင်းကို ဝူကျို့ဆိုတဲ့ အမည်ကို ပေးအပ်တယ်..."

(ဝူကျို့- အပြစ်ကင်းစင်သော)

စုယန်က လေးလေးစားစား သုံးကြိမ်ဂါဝရပြုပြီးနောက် သရဖူ အခမ်းအနားသည် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ထို့နောက် မကြာမီတွင် လူတိုင်းက မွေးနေ့ပွဲကိုစတင်ခဲ့လေသည်။

ပွဲပြီးသည်နှင့် စုယန်နှင့် ကုဖေးတိသည် စုဟွိုက်ကျူးကိုရှာဖွေခဲ့သည်။

"အကြီးအကဲ အခု ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက ကူအဆိပ်ကို ဖယ်ထုတ်နိုင်ပြီ။ ဘာလို့ ဒီအခွင့်အရေးကို မယူတာလဲ?" ကုဖေးတိကမေးလိုက်၏။

စုဟွိုက်ကျူးက ဆိုသည်။

"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အတွင်းအားကို ငါထိန်းထားနေသ၍ ဒီကူအဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိ နှိမ်နင်းနိုင်သေးတယ်"

အနားတွင်ရှိနေသည့် ကုရော့ဟိုင်က ပြောလာ၏။

"ဒီကူအဆိပ်က မင်းရဲ့ခန္ဓာကိုယ်မှာရှိနေသ၍ ကောင်းတဲ့အရာမဟုတ်ဘူး။ ဖြစ်နိုင်ရင် အမြန်ဆုံး ဖြေရှင်းရမယ်"

စုယန်က ချက်ချင်း ခေါင်းညိတ်သည်။

"မှန်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အခု မီးတောက်ဖြူကူကိုပိုင်ဆိုင်ထားပြီး နည်းပညာကိုလည်း လေ့ကျင့်ပြီးပြီ။ အခုအားလုံး ကျောက်စိမ်းအိမ်တော်မှာ ရှိနေတုန်း ကူအဆိပ်ကို ဒီမှာ တစ်ခါတည်းမောင်းထုတ်လိုက်တာ ပိုကောင်းပါတယ်။ ပြီးတော့ ချင်း... ရှစ်ဇွင်းရှိနေတုန်းမလို့ ပြဿနာတစ်ခုခု ပေါ်လာရင်လည်း စိုးရိမ်စရာ မလိုဘူး"

စုဟွိုက်ကျူးသည် စုယန်ကို အချိန်အကြာကြီး စိုက်ကြည့်ကာ ပြုံးလိုက်သည်။

"ကောင်းပြီ"

ဘေးကင်းစေရန်အတွက် သူတို့သည် စုယန်၏ နှစ်ဆယ်နှစ်ပြည့်မွေးနေ့တွင် ကူအဆိပ်ကို ဖယ်ရှားခြင်းမပြုခဲ့ဘဲ ၎င်းတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်စေရန် ရက်အနည်းငယ်ကြာ အနားယူခဲ့သည်။

ကုဖေးတိသည် ဝီရိယစိုက်ထုတ်ပြီး ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်၊ စုယန်နှင့် ကုဖေးတိ၏ ယင်နှင့် ယန် အတွင်းအားများသည် မျှမျှတတဖြစ်နေပြီဖြစ်ပြီး မီးကူကို နှိမ်နင်းရန် လုံလောက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကူဖယ်ရှားသည့်နေ့၌ တိလင်းက ရှစ်ဇွင်းရဲ့စာကို ယူဆောင်လာပြီး လော့ယွီ၊ စုယန် ၊ ကုဖေးတိနဲ့ သူတို့ရဲ့ ဖခင်တွေကို ကျောက်စိမ်းကြေးမုံရေကန် ကမ်းနားရှိ သီးသန့်တည်းခိုခန်းတစ်ခုဆီ ပို့ဆောင်ခဲ့သည်။ ဤတည်းခိုခန်းအတွင်း ကျောက်စိမ်းကြေးမုံရေကန်မှ ခတ်ယူထားသော အေးမြသည့်ရေကန်တစ်ခုရှိပြီး စုဟွိုက်ကျူး၏ ကူအဆိပ်ကို တားဆီးရန် အနည်းငယ်ကူညီပေးနိုင်သည်။

စုဟွိုက်ကျူးသည် သူ၏အဝတ်အစားများကို ချွတ်ကာ ရေကန်ထဲသို့ ဝင်လိုက်သည်။ ကုဖေးတိသည် သူ့ရှေ့တွင်ရပ်နေပြီး လက်တစ်ဖက်ကို ရင်ဘတ်အလယ်ဗဟိုတွင်တင်ကာ ကျန်တစ်ဖက်ကို သူ၏ဝမ်းဗိုက်နေရာတွင် တင်ထားသည်။

စုယန်က ကုဖေးတိကို အနောက်ကနေ သိုင်းဖက်ထားပြီး ကုဖေးတိ၏ လက်ဖမိုးများပေါ်၌ သူ၏လက်ဖဝါးများကို ထပ်တင်လိုက်လေသည်။ သူတို့သည် သူတို့၏ အတွင်းအားများကို အတူတကွ ဖြန့်ကျက်ကာ မီးတောက်ဖြူကူကို စုဟွိုက်ကျူး၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း တွန့်ပို့ခဲ့သည်။

စုဟွိုက်ကျူးက မျက်လုံးကို အနည်းငယ်မှိတ်ကာ အံကြိတ်လိုက်၏။ နွေရာသီတွင် ရေကန်များသည် အေးခဲဆဲဖြစ်သော်လည်း သူ၏ခေါင်းသည် ချွေးများဖြင့် ရွှဲနစ်နေသည်။ သို့သည့်တိုင် နာကျင်မှုကြောင့် ညည်းညူသံသည် သူ၏သွားများကြားမှ စိမ့်မထွက်လာခဲ့ပေ။

ကူထုတ်ပယ်ခြင်းလုပ်ငန်းစဉ်သည် တိုတောင်းသည် မဟုတ်ပါ။ အောင်မြင်မှုကိုအာမခံရန်အတွက် စုဟွိုက်ကျူးသည်သတိလစ်မသွားဘဲ အမြဲနိုးကြားနေရန်လိုအပ်သည်။ စုဟွိုက်ကျူးသည် မျက်လုံးများကိုမှိတ်ထားပြီး အချိန်အတော်ကြာ တောင့်ခံနေသည်ကိုတွေ့လိုက်ရသဖြင့် ကုရော့ဟိုင်သည် မနေနိုင်တော့ဘဲ ရေကန်ထဲသို့ ဆင်းကာ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

ကံကောင်းထောက်မစွာ ကူဖယ်ရှားခြင်းလုပ်ငန်းစဥ်သည် အလွန်ချောမွေ့စွာ တိုးတက်ခဲ့ပြီး လော့ယွီ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ အချစ်ကူသည် စုဟွိုက်ကျူး၏ခန္ဓာကိုယ်မှ ထွက်လာလိုက်သည်နှင့် ချက်ချင်းဆိုသလို မီးတောက်ဖြူကူ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

စုဟွိုက်ကျူး၏ မျက်နှာသည် ဖြူဖျော့နေသည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး စုယန်နှင့် ကုဖေးတိအား "ကျေးဇူးတင်ပါတယ်" ဟုပြောကာ ချက်ချင်း သတိလစ်သွားခဲ့၏။

ကုရော့ဟိုင်က ချက်ချင်းပဲ သူ့ကို ကမ်းပေါ်ကို ခေါ်သွားပြီး စုယန်နဲ့ ကုဖေးတိအား ကောင်းကောင်းအနားယူရန် သတိပေးလိုက်သည်။ ပြီးနောက် စုဟွိုက်ကျူးအား သယ်ဆောင်သွားတော့၏။ လော့ယွီသည် စုဟွိုက်ကျူး၏ သွေးခုန်နှုန်းကို စစ်ဆေးရန် ၎င်းတို့နှစ်ဦးနောက်မှ အမြန်လိုက်ခဲ့သည်။

ကုဖေးတိနှင့် စုယန်တို့သည် မတ်တပ်မရပ်နိုင်လောက်အောင် အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ရေကူးကန်အနားမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားကြ၏။

စုယန်သည် တုန်ရီနေသည်အထိ အေးစက်နေခဲ့သည်။ ကုဖေးတိက သက်ပြင်းချပြီး သူ့အဝတ်အစားနဲ့ ဆံပင်တွေကို ခြောက်အောင် ကူညီပေးလိုက်သည်။ ပြီးနောက် စုယန်ကို ပွေ့ချီကာ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြန်သယ်သွားခဲ့၏။

အစိမ်းရောင်ငှက်ငယ်လေးတစ်ကောင်သည် အချိန်အတော်ကြာအောင် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် အတောင်ပံတွေကိုဖြန့်ကာ ရုတ်တရက် တောထဲသို့ ပျံသန်းသွားလေ၏။ ၎င်းသည်ပုလဲစံအိမ်တော်၏ ပြတင်းပေါက်မှဝင်ကာ အစိမ်းဝတ်အမျိုးသမီးတစ်ဦး၏ ပခုံးပေါ်၌ နားလိုက်သည်။

ချင်းပေါ်က ပြုံးလိုက်ပြီး သူမ၏လက်ကို မြှောက်ကာ ငှက်ကလေးကို ပွတ်သပ်လိုက်၏။

"...... သွားကြရအောင်"
......

နောက်တစ်နေ့အစောပိုင်းတွင် ချင်ကျန်းယွဲ့နှင့် လော့ယွီသည် ကျောက်စိမ်းအိမ်တော်မှ ယွီချုံးတောင်ထိပ်သို့ပြန်သွားခဲ့ကြသည်။ ဖူလင်းယွင်နှင့် ဖန်ရှီတို့ကလည်း နှုတ်ဆက်ခဲ့ကြ၏။ သူတို့သည် မင်္ဂလာမဆောင်မီ အတူတူ ခရီးသွားရန် ရည်ရွယ်ထားပြီး ထန်းယွင်စံအိမ်သို့ ပြန်လာခဲ့ကြသည်။

စုဟွိုက်ကျူးနဲ့ ကုရော့ဟိုင်တို့လည်း ထွက်ခွာချင်ပေမယ့် ချီအဘိုးအိုက သူ့တို့ကို ရက်အနည်းငယ်ဆက်နေပြီး အနားယူရန် တောင်းဆိုခဲ့လေသည်။ ချီအဘိုးအိုသည် စုဟွိုက်ကျူးအား အပ်စိုက်ကုထုံး ပြုလုပ်ပေးချင်ခဲ့သည်။ ဤနှစ်များအတွင်း စုဟွိုက်ကျူးသည် အဲ့လော့ကွေး၏ အချစ်ကူကို အတင်းအကြပ်တားစီးရန် သမားရိုးကျမဟုတ်သောနည်းလမ်းများကို အသုံးပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် သူသည် ကူအဆိပ်ကို နှိုးဆွမိခဲ့ပြီး သူ၏ မယ်ရီဒီယန်များကို ပျက်စီးစေခဲ့၏။ ကုသခြင်းသည် သူ၏ ဒဏ်ရာများကိုသာ သက်သာစေနိုင်ပြီး သိုင်းပညာတွင် တိုးတက်မှုရရှိရန် ခက်ခဲသော အချိန်ကာလတစ်ခုကို ဖြတ်ကျော်ရအုံးမည် ဖြစ်ပေသည်။

စုဟွိုက်ကျူးသည် သူ၏ မယ်ရီဒီယန်များကို ကုသရန် ချီအဘိုးအို၏ ခြံဝင်းအတွင်းတွင် ရှိနေစဉ် ကုရော့ဟိုင်သည် ကုဖေးတိနှင့် စုယန်တို့ကို နေ့တိုင်း တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဓားပညာ လေ့ကျင့်ပေးခဲ့သည်။

"မင်းတို့နှစ်ယောက်က စိတ်ပိုင်းဆိုင်ရာ နည်းလမ်းနဲ့အတွင်းအားတွေကို လုံးဝ ပေါင်းစည်းထားပြီးပြီ။ မင်းတို့ ဝီရိယရှိရှိ လေ့ကျင့်နေသမျှ ကာလပတ်လုံး မင်းတို့ရဲ့အတွင်းအားတွေက ပိုအားကောင်းလာပြီး မင်းတို့ကို ဘယ်သူကမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး"

"ဒါပေမယ့် သိုင်းလောကမှာ မင်းတို့ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေက နည်းပါးတယ်၊ မင်းတို့မှာ လုံလောက်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့အတွက် နည်းနည်း အန္တရာယ်များသေးတယ်"

"သိုင်းလောကရဲ့ပြဿနာတွေကို ဝင်မစွက်ဖက်ဘဲ ကျောက်စိမ်းအိမ်တော်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေမယ်ဆိုရင်တောင် သတိမလျော့လိုက်နဲ့ ..... အနာဂတ်မှာ ဝင်ရောက်စွက်ဖက်ဖို့လိုလာရင် အဲဒီလိုလုပ်နိုင်ဖို့ အစွမ်းအစရှိထားရမယ်"

ကုဖေးတိနှင့် စုယန်တို့သည် အကြံဉာဏ်ကို လက်ခံရရှိခဲ့သည်။

ရက်အနည်းငယ်ကြာပြီး သိုင်းပညာအသိုင်းအဝိုင်း၏ အထွေထွေစည်းဝေးပွဲ နီးကပ်လာသောအခါ ချီအဘိုးအိုသည် နောက်ဆုံးတွင် ၎င်းတို့အား ထွက်ခွာခွင့်ပြုခဲ့သည်။ ထိုအခါ ကုရော့ဟိုင်နှင့် စုဟွိုက်ကျူးတို့သည် ကျောက်စိမ်းအိမ်တော်မှ ထွက်ခွာပြီး အငြင်းပွားမှုများ တဖြည်းဖြည်း တိုးလာနေသည့် သိုင်းပညာ အသိုင်းအဝိုင်းသို့ ပြန်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ဖူလင်းယွင်သည် ကုဖေးတိနှင့် စုယန်တို့ကို မင်္ဂလာပွဲတက်ရန် ဖိတ်ကြားခဲ့သည်။

ရွှီယွင်ကျန်း၏ ဇနီးသည် အကြီးဆုံးသားကို မွေးဖွားခဲ့ပြီး တစ်လပြည့်အခမ်းအနားသည် ဖူလင်းယွင်၏ မင်္ဂလာဆောင်နှင့် လဝက်မျှသာ ဝေးကွာကြောင်း ဖိတ်ကြားချက်တွင် ဖော်ပြထားသည်။

ယခုနှစ် သိုင်းပညာ အသိုင်းအဝိုင်း၏ အထွေထွေ စည်းဝေးပွဲ၌ ချန်ဖုန်းရွာသည် မျှော်လင့်ထားသည့်အတိုင်း အလယ်ပိုင်းလွင်ပြင်အသိုင်းအဝိုင်း၏ ခေါင်းဆောင်အဖြစ် ထန်းယွင်စံအိမ်နေရာကို အစားထိုးရယူခဲ့သည်။ ရွှီမိသားစု၏ အကြီးအကဲသည် မဟာမိတ်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ သူပထမဆုံးလုပ်ခဲ့သည်မှာ ဝူကျန်းမန်၊ မိစ္ဆာဂိုဏ်းနဲ့ အဲ့လော့ကွေးတို့ကြားက ပူးပေါင်းကြံစည်မှုအားလုံးကို သက်သေပြခဲ့ခြင်းဖြစ်၏။ ထို့အပြင် ဂိုဏ်းပေါင်းစုံနှင့် ကျောင်းတော်များတွင် ချထားသည့် ဝူကျန်းမန်၏ သူလျှိုအများအပြားကိုလည်း သုတ်သင်ခဲ့သည်။

"တော်ဝင်ခုံရုံးက အဲ့လော့ကွေးနဲ့ အိမ်ထောင်ရေးမဟာမိတ်ဖွဲ့တော့မယ်တဲ့။ မင်းသမီး သန်းယန်က လက်ရှိအဲ့လော့ကွေးရဲ့ဘုရင်အသစ် အဲ့လော့ယင်နဲ့ လက်ထပ် ထိမ်းမြားမှာဖြစ်ပြီး အခမ်းအနားကို လာမယ့် နွေဦးရာသီမှာ ကျင်းပလိမ့်မယ်"

ကုဖေးတိသည် စာကိုဖတ်ပြီးသည်နှင့် စုယန်ကိုကြည့်ရင်း ပြုံးလိုက်သည်။

"ကိုယ်တို့ရဲ့ အတွင်းအားတွေလည်း တည်ငြိမ်သွားပြီဆိုတော့ ကိုယ်တို့ထွက်သွားလို့ရပြီ။ လင်းယွင်ရဲ့ မင်္ဂလာပွဲနဲ့ ဝေ့ချီရှုန်းရဲ့သားလေး တစ်လပြည့် အခမ်းအနားကို တက်ပြီး ဆောင်းရာသီရောက်ရင် ယွီလျန်နှင်းတောင်ကို အတူတူ ခရီးထွက်ကြမယ်လေ။ မင်း နှင်းတွေနဲ့ ဆော့ရတာ ပျော်တယ်မလား? အခု နှင်းထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ပြီ"

စုယန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

"အဲဒါကို မင်း မှတ်မိသေးတာလား? အဲဒီတုန်းက ငါ နှင်းတွေနဲ့ အရမ်းဆော့ချင်ပေမယ့် ငါ့ရဲ့ရောဂါကြောင့် မထိနိုင်ခဲ့ဘူး။ အခုတော့ အဆင်ပြေသွားပြီ။ အဲဒါကို ငါတို့ရဲ့ ဟန်းနီးမွန်းအဖြစ် ယူဆလို့ရတယ်"

ကုဖေးတိက နားမလည်ခဲ့ပေ။

"ဟန်းနီးမွန်း? အဲဒါဘာကိုဆိုလိုတာလဲ?"

စုယန်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး ပြန်မဖြေပေ။

ကုဖေးတိက ထပ်မေးချင်သော်လည်း ရုတ်တရတ်ဆိုသလို တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံက သူ့အာရုံကို ဖမ်းစားသွားသည်။ သူက စုယန်ရဲ့ ရင်ဘတ်ကို ချက်ခြင်း ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

စုယန်က သူ့အမူအရာ အပြောင်းအလဲကို ဖမ်းမိလိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ကုဖေးတိသည် စုယန်၏လည်ပင်းမှာဆွဲထားသော အနီရောင်ပိုးကြိုးကိုဖြည်လိုက်ပြီး ငှက်ဥလေးကို သူ၏ လက်ဖဝါးပေါ် တင်လိုက်သည်။ စုယန်သည် ၎င်းကို အနီးကပ်စစ်ဆေးခဲ့ပြီး ငှက်ဥ၏တစ်ဖက်ခြမ်းတွင် အက်ကွဲကြောင်း သေးသေးလေးပေါ်လာသည်ကို သတိပြုမိလိုက်သည်။

"ပေါက်တော့မယ်!" စုယန် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပြောလိုက်သည်။

"အရင်တုန်းက ဖိမိခဲ့ဖူးပေမယ့် ကံကောင်းထောက်မစွာ မကွဲခဲ့ဘူး။ ဒီငှက်ဥလေးက မာကြောလို့ ကျေးဇူးတောင်တင်မိသေးတယ်။ ဒါပေမယ့် အခုကြည့်ပါအုံး.. ဒီအကောင်ပေါက်လေးက ရုန်းထွက်နိုင်ပါ့မလား?"

"စိတ်မပူပါနဲ့။ အခွံမှာ အက်ကွဲကြောင်းလေးတွေ ရှိတယ်။ သူထွက်လာနိုင်မှာပါ" ကုဖေးတိက စုယန်အား နှစ်သိမ့်ပေးလိုက်၏။

သူတို့နှစ်ဦးသည် ငှက်ဥသေးသေးလေးကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ အသက်ရှုမဝဖြစ်လာကြသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သေးငယ်သောနှုတ်သီးလေးသည် အခွံကိုဖောက်ပြီး ထွက်လာလေ၏။

သို့သော် စုယန် ပျော်ရွှင်ချိန်မရမီ စူးရှတောက်ပသော အလင်းတန်းတစ်ခု ရုတ်ချည်းပေါ်လာပြီး သူတို့မျက်လုံးများကို အလိုလိုမှိတ်ထားလိုက်ရသည်။

သူတို့ နှစ်ယောက် မျက်လုံးပြန်ဖွင့်လိုက်ရာ ငှက်ဥလေးသည် ရှိမနေတော့ပေ။ ယင်းအစား လက်ဖဝါးအရွယ် အစိမ်းရောင် ကြက်တူရွေးတစ်ကောင်ရှိနေခဲ့သည်။

စုယန် "......"

ကုဖေးတိ "......"

သူတို့နှစ်ယောက်လုံး ခဏတာ စကားမပြောဖြစ်ကြပေ။

အချိန်အတော်ကြာပြီးနောက်၊ ကုဖေးတိက သက်ပြင်းချလိုက်ပြီးဆို၏။

"မင်းနဲ့ရှစ်ဇွင်း တစ်ချိန်က နေထိုင်ခဲ့တဲ့ ကမ္ဘာကြီးက အရမ်းထူးဆန်းတာပဲ..."

စုယန်က ပြန်မဖြေပေ။

သူက ကြက်တူရွေးကို ဗြောင်ကျကျ စိုက်ကြည့်နေပြီး သူ့ခေါင်းထဲမှာ မြည်လာသည့် ထူးဆန်းသော အသံကို ချေဖျက်ရန် အချိန်အတော်ကြာခဲ့ပါသည်။

ကုဖေးတိက သူ့ကို အကြိမ်ပေါင်းများစွာ စိုးရိမ်တကြီးခေါ်လိုက်မှသာ စုယန်သည် အသိစိတ်ပြန်ဝင်လာပြီး စိတ်ပူနေသော ကုဖေးတိကို ကြည့်လိုက်သည်။

ကုဖေးတိ : "မင်းအဆင်ပြေရဲ့လား?"

စုယန် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ၏နှုတ်ခမ်းထောင့်ကို ရုတ်တရက် ပင့်မြှောက်လိုက်ပြီး တဖြည်းဖြည်း တောက်ပသော အပြုံးတစ်ခုပေါ်လာလေ၏။

သူက ကုဖေးတိကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး ဆိုလေသည်။

"ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး! ဘယ်တော့မှပဲ!"

_ပြီးပါပြီ_

_9.3.24

Thank for reading ❣️

Zawgyi

အခန္း-၁၂၀ ဘယ္ေတာ့မွခြဲေတာ့ဘူး

[အဲဒါကို ငါတို႔ရဲ႕န္းနီးမြန္းအျစ္ ယူဆလို႔ရယ္]

ပထမလလယ္တြင္၊ ကုေဖးတိသည္ သူ၏ဆယ့္ကိုးႏွစ္ေျမာက္ေမြးေန႕ကို ေက်ာက္စိမ္းအိမ္ေတာ္တြင္ က်င္းပခဲ့သည္။

အဲဒီေနာက္ မ်က္စိတစ္မွိတ္အတြင္းမွာပဲ သုံးလၾကာခဲ့ၿပီး ေႏြရာသီဟာ တိတ္တဆိတ္ေရာက္လာခဲ့ေလ၏။ စုယန္၏ ႏွစ္ဆယ္ႏွစ္ျပည့္ေမြးေန႕သည္ ပၪၥမလဆန္းပိုင္းျဖစ္သည္။

သိုင္းပညာရွင္တစ္ေယာက္အျဖစ္ စုယန္၏ သရဖူေဆာင္းသည့္ အခမ္းအနားသည္ ေတာ္ဝင္မ်ိဳးႏြယ္မ်ားေလာက္ ခမ္းနားျခင္း မရွိခဲ့ေပ။ သူသည္ ရိုးရွင္းေသာ ျပင္ဆင္မႈမ်ားႏွင့္ ရိုးရွင္းေသာအဝတ္အစားမ်ားအတြက္ ေက်ာက္စိမ္းအိမ္ေတာ္ရွိ ရွစ္ရႈန္းႏွင့္ ရွစ္က်ဲမ်ားကို အကူအညီ ေတာင္းဆိုခဲ့သည္။

စုယန္သည္ အခမ္းအနား၏ အဓိက ဂုဏ္ျပဳဧည့္သည္ေတာ္အေနျဖင့္ ရွစ္ဇြင္းခ်င္းေပၚကို ဖိတ္ၾကားၿပီး သရဖူေဆာင္းေပးသည့္တာဝန္ကို ထမ္းေဆာင္ေစခ်င္ခဲ့သည္။ မေမွ်ာ္လင့္ဘဲ ခ်င္းေပၚက ခ်က္ခ်င္း ျငင္းဆန္ခဲ့ေလ၏။

"တစ္ေယာက္ေယာက္က မင္းကို သရဖူေဆာင္းေပးဖို႔အခ်ိန္မီ ေပၚလာပါလိမ့္မယ္။ စိတ္ရွည္ရွည္နဲ႕ ႏွစ္ရက္ေလာက္ေစာင့္လိုက္ပါ"

ခ်င္းေပၚ က ၿပဳံးၿပီး ဆိုသည္။

"ဆ႒မလအေစာပိုင္းမွာ သိုင္းပညာအေထြေထြ စည္းေဝးပြဲက်င္းပလိမ့္မယ္။ ေလာေလာဆယ္ ျပန္လာသင့္တဲ့သူေတြက အလယ္ပိုင္းလြင္ျပင္ကို အျမန္သြားဖို႔ ျပင္ဆင္ေနၾကပါၿပီ"

ေမွ်ာ္လင့္ထားသည့္အတိုင္း စုယန္၏ ေမြးေန႕မတိုင္မီ သုံးရက္အလိုတြင္ ေလာ့ယြီႏွင့္ ခ်င္က်န္းယြဲ႕တို႔သည္ ေက်ာက္စိမ္းအိမ္ေတာ္သို႔ ေရာက္ရွိခဲ့သည္။ သူတို႔ႏွစ္ဦးစလုံးသည္ အဲ့ေလာ့ေကြး၏အေျခအေနကို လုံၿခဳံေစရန္အတြက္ ေလာ့ယင္ကို ကူညီေပးခဲ့ၿပီးေနာက္ ယြီခ်ဳံးေတာင္ထိပ္သို႔ ျပန္သြားေတာ့မည္ျဖစ္သည္။ စုယန္ ေမြးေန႕ေရာက္ခါနီးတြင္ သူတို႔သည္ ေမ့က်ဴးေတာင္ကို ျဖတ္သြားလက္စႏွင့္ ဝင္ခဲ့ၾကျခင္းျဖစ္ေလသည္။

စုယန္၏ေမြးေန႕အႀကိဳတြင္ စုဟြိုက္က်ဴးႏွင့္ ကုေရာ့ဟိုင္တို႔သည္ ေက်ာက္စိမ္းအိမ္ေတာ္သို႔ အတူတကြေရာက္ရွိခဲ့ၾကသည္။ သူတို႔သည္ စုယန္၏ သရဖူေဆာင္းသည့္ အခမ္းအနားကို တက္ေရာက္ရန္ လာေရာက္ခဲ့ျခင္း ျဖစ္ေလ၏။ ဖူလင္းယြင္ႏွင့္ ဖန္ရွီတို႔လည္း သူတို႔ႏွင့္အတူ လိုက္ပါလာခဲ့သည္။

ေက်ာက္စိမ္းအိမ္ေတာ္မွ ႏွစ္ႏွစ္ဆယ္ၾကာ ေဝးကြာခဲ့ေသာ လူႀကီးအမ်ားအျပားသည္ ယခုအခါ အလည္အပတ္အျဖစ္ ျပန္လာခဲ့ၾကသည္။ သူတို႔သည္ ခ်ီအဘိုးအိုးႏွင့္ေတြ႕ဆုံခဲ့ၿပီး ထိုစဥ္က သူတို႔ႏွင့္ မ်ိဳးဆက္တူခဲ့ေသာ ဝမ္ခဲ့ကိုလည္း ႏႈတ္ဆက္ခဲ့သည္။ တိလင္းႏွင့္ ေမာ့ယြင္ကဲ့သို႔ေသာ မ်ိဳးဆက္သစ္လူငယ္အခ်ိဳ႕သည္ လူႀကီးမ်ားအား အရိုအေသျပဳခဲ့ၾကၿပီး တိလင္းသည္ ဧည့္ခန္းသို႔ လမ္းျပခဲ့ေလ၏။

ဖူလင္းယြင္ႏွင့္ ဖန္ရွီတို႔သည္ စုယန္ႏွင့္ ကုေဖးတိတို႔ႏွင့္လက္ဖက္ရည္အတူေသာက္ရန္ စီစဥ္ခဲ့သည္။ သူတို႔သည္ သိုင္းပညာအသိုင္းအဝိုင္းအတြင္း လက္ရွိအေျခအေနမ်ားအေၾကာင္း သတင္းမ်ားကို ယူေဆာင္လာခဲ့ၾကသည္။

"သိုင္းပညာအေထြေထြ စည္းေဝးပြဲက သိပ္မလိုေတာ့ဘူး။ အခုအခ်ိန္မွာ ဂိုဏ္းခြဲအားလုံးက စည္းေဝးပြဲမွာ အက်ိဳးအျမတ္မ်ားမ်ားရဖို႔ ျပင္ဆင္ေနၾကၿပီ" ဖူလင္းယြင္က ဆို၏။

"ရွစ္ဖူက မဟာမိတ္ေခါင္းေဆာင္ရာထူးကို စြန႔္လႊတ္ၿပီး ဦးေလး႐ႊီကို လႊဲေျပာင္းေပးဖို႔ ဆုံးျဖတ္ခဲ့တယ္။ ၿပီးေတာ့ ထန္းယြင္စံအိမ္ရဲ႕တပ္ဖြဲ႕ေတြကို စုစည္းၿပီး ခ်န္ဖုန္း႐ြာကို အားျဖည့္ေပးလိမ့္မယ္။ ရွစ္ဖူက ဌာနခြဲေတြမွာ အသီးသီး တာဝန္ေပးအပ္ထားတဲ့ ရွစ္ရႈန္းေတြ အားလုံးကိုလည္း ျပန္ေခၚဖို႔ ရည္႐ြယ္ထားပါတယ္"

"ရွစ္ရႈန္းေတြကို ျပန္ေခၚမွာလား?" ကုေဖးတိက ေျပာသည္။

"အေဖက စံအိမ္သခင္အသစ္ကို ခန႔္အပ္ခ်င္ေနတာ ျဖစ္နိုင္တယ္"

ဖူလင္းယြင္က သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။

"နင္က စုယန္နဲ႕ လိုက္ေျပးသြားၿပီ။ ရွစ္ဖူက ဘာတတ္နိုင္မွာလဲ? ဒါ့အျပင္၊ နင့္ကို မိစာၦဂိုဏ္းရဲ႕သခင္ငယ္က ျဖားေယာင္းေသြးေဆာင္ခဲ့တယ္ဆိုတဲ့ ေကာလဟာလကလည္း ေမွးမွိန္သြားပါၿပီ။ မင္းျပန္လာၿပီး ထန္းယြင္စံအိမ္ကို တာဝန္ယူခ်င္ရင္ေတာင္ ရွစ္ဖူက ေထာက္ခံေပးမွာမဟုတ္ဘူး"

ထို႔ေနာက္ သူမက ေဘးတြင္ထိုင္ေနေသာ စုယန္ကို တေစ့တေစာင္းခိုးၾကည့္ကာ ၿပဳံးလိုက္သည္။

"နင္တို႔ေတြ ဒီေလာကႀကီးရဲ႕ အရႈပ္အေထြးေတြနဲ႕ ေဝးကြာေနတဲ့ေနရာမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းၾကပါ။ ထန္းယြင္စံအိမ္က ခက္ခဲတဲ့ အေျခအေနမွာ ေရာက္ေနခဲ့ရင္ နင္တို႔ေတြ ပစ္မထားဘူးလို႔ ငါယုံၾကည္ပါတယ္"

"လိုအပ္ရင္ ငါအသင့္ရွိေနမွာပါ" ကုေဖးတိက ေျပာခဲ့သည္။

"မွန္တယ္၊ တစ္ခုခုျဖစ္ရင္ ငါတို႔ ေသခ်ာေပါက္ ကူညီဖို႔ လာခဲ့မယ္" စုယန္က ၿပဳံးကာ ေခါင္းညိတ္လိုက္သည္။

ခဏေနေတာ့ ကုေဖးတိက ဆို၏။

"မင္းကေရာ ဘယ္လိုလဲ? ေနာက္စံအိမ္သခင္ ရာထူးအတြက္ ၿပိဳင္ဖို႔ စိတ္ကူးမရွိဘူးလား?"

ဖူလင္းယြင္က ႏႈတ္ခမ္းကို စူလိုက္ၿပီး ေျပာေလသည္။

"ငါက မိန္းကေလးတစ္ေယာက္ပါ။ ငါစံအိမ္သခင္ျဖစ္လာရင္ေတာင္ ေကာလဟာလေတြနဲ႕ အေျပာအဆိုခံရတာေတြ ေလ်ာ့ပါးသြားမွာမဟုတ္ဘူး။ ဒါ့အျပင္ ငါဖန္အာနဲ႕ လက္ထပ္ခ်င္တယ္။ ထန္းယြင္စံအိမ္မွာ လက္ထပ္မယ္ဆိုရင္ေတာင္ အတင္းအဖ်င္းေျပာသူေတြကို ေရွာင္လြဲလို႔ရမွာ မဟုတ္ပါဘူး။ ဒီစိတ္ရႈပ္စရာ အရႈပ္အေထြးေတြကို ကိုင္တြယ္ရာမွာ ငါက စိတ္မရွည္ဘူး။ ဒါေၾကာင့္ ဘယ္ရွစ္ရႈန္းကို ေ႐ြးေ႐ြး အေရးမႀကီးပါဘူး"

ကုေဖးတိက အံ့ၾသသြားသည္။

"အိုး! မင္းတို႔ႏွစ္ေယာက္လက္ထပ္ေတာ့မွာလား? ရက္ခ်ိန္းေရာသတ္မွတ္ၿပီးၿပီလား?"

ဖူလင္းယြင္က နည္းနည္းေလးမွ ရွက္႐ြံ႕မေနဘဲ ေျပာလိုက္သည္။

"သိုင္းပညာ အေထြေထြစည္းေဝးပြဲအၿပီး သတၱမလ ေႏွာင္းပိုင္းေလာက္မွာ ျဖစ္လိမ့္မယ္။ နင္တို႔ႏွစ္ေယာက္ ငါ့မဂၤလာပြဲကို လာတက္ရမယ္ေနာ္"

စုယန္က ခ်က္ခ်င္း ၿပဳံးလိုက္ၿပီး ဆိုသည္။

"ဒါေပါ့။ ငါတို႔ေသခ်ာေပါက္လာတက္မွာပါ!"

ဖူလင္းယြင္က ဆက္လက္ေျပာသည္။

"ေနာက္ၿပီးရင္ ငါ့တူေလးရဲ႕ တစ္လျပည့္ပြဲလည္း ရွိေသးတယ္။ ဒီႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္းမွာ နင္တို႔ႏွစ္ေယာက္စလုံး ထန္းယြင္စံအိမ္ထဲကို ခိုးဝင္ၿပီး တိတ္တဆိတ္ တက္နိုင္တယ္"

ကုေဖးတိက ရယ္ရယ္ေမာေမာနဲ႕ စုယန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဆိုသည္။

"ဒီကိစၥက အေရးမႀကီးပါဘူး။ အခ်ိန္တန္ရင္ ငါတို႔ ေဆြးေႏြးလို႔ရတယ္"

မနက္ျဖန္သည္ စုယန္၏ ႏွစ္ဆယ္ႏွစ္ျပည့္ေမြးေန႕ျဖစ္သည္။ ဝိညာဥ္ေသြးက်ိန္စာမွ အႏၲရာယ္တစုံတရာရွိေနေသးသည္ျဖစ္ေစ မရွိေတာ့သည္ျဖစ္ေစ မနက္ျဖန္မွသာ အမွန္တကယ္ ရွင္းသြားမည္ျဖစ္သည္။

ဤေရွးေခတ္ကာလတြင္ တိက်ေသာအခ်ိန္တိုင္းတာသည့္ကိရိယာမရွိသျဖင့္ စုယန္သည္ သူ၏ေမြးေန႕ကိုက်င္းပဖို႔ သန္းေခါင္ယံအခ်ိန္ကို ေစာင့္ရန္စိတ္မ၀င္စားခဲ့ေပ။ သူသည္ မနက္ျဖန္အတြက္ အားျပည့္ေနေစရန္ ေစာေစာအိပ္ရာဝင္ခဲ့သည္။

ကုေဖးတိသည္ အိပ္မေပ်ာ္တဲ့ေဝဒနာကို ခံစားခဲ့ရသည္။

သူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ စုယန္၏ ေဘးတြင္ လွဲေလ်ာင္းေန၏။ သူသည္ စုယန္၏ ေအးျမေသာလက္ေကာက္ဝတ္ကို ကိုင္ထားၿပီး သူ၏ေသြးခုန္ႏႈန္းကို ေသခ်ာစမ္းသပ္ေနသည္။ အိပ္ေပ်ာ္ေနေသာ စုယန္၏ အသက္ရႈသံမ်ားသည္ ေပါ့ပါးၿပီး တည္ၿငိမ္ေနပါ၏။ ကုေဖးတိသည္ စုယန္၏ ပါးျပင္တြင္ နားကို ကပ္ထားၿပီး အသက္ရႈသံမ်ားဆီသို႔ ၿငိမ္သက္စြာ အာ႐ုံစိုက္ေနသည္။

ျပတင္းေပါက္အျပင္ဘက္ရွိ ေကာင္းကင္က တျဖည္းျဖည္း ထြန္းလင္းလာသည္။ အိပ္ေပ်ာ္ေနဆဲ စုယန္သည္ မသိစိတ္က သူ၏လက္ကို ကုေဖးတိ၏ ရင္ဘတ္ေပၚသို႔ တင္လိုက္ၿပီး တစ္စုံတစ္ခုကို ေရ႐ြတ္လိုက္ေလသည္။

ထိုမွသာ ကုေဖးတိသည္ သက္ျပင္းတစ္ခ်က္ခ်ကာ ေပါ့ပါးစြာ ရယ္ေမာလိုက္ေလ၏။ သူသည္ စုယန္၏ လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္ကာ မ်က္လုံးမ်ားမွိတ္ၿပီး အိပ္ေပ်ာ္သြားေတာ့ေလသည္။
......

စုယန္၏ သရဖူေဆာင္းသည့္ အခမ္းအနားကို သူ၏ ေမြးေန႕ပြဲႏွင့္အတူ က်င္းပမည္ျဖစ္သည္။ ေက်ာက္စိမ္းအိမ္ေတာ္တြင္ လူႀကီးမ်ားမွလြဲ၍ ဧည့္သည္မ်ား မ်ားမ်ားစားစားမရွိေပ။ က်န္သည္မ်ားမွာ ရွစ္ရႈန္း၊ ရွစ္က်ဲမ်ားျဖစ္ၿပီး အခမ္းအနားက ရိုးရွင္းခဲ့ေပသည္။

ထုံးစံအတိုင္း၊ ခ်င္းေပၚသည္ ကိုယ္တိုင္ကိုယ္က် ေပၚမလာဘဲ အစိမ္းေရာင္ ငွက္ငယ္ေလးမွ ေပးပို႔ေသာ စာတစ္ေစာင္သာ ရွိခဲ့ၿပီး ၎တြင္ သရဖူေဆာင္းျခင္း အခမ္းအနားအတြက္ ဂုဏ္ျပဳစကားမ်ား ေရးသားထားသည္။ ကုေဖးတိက ၎ကို အသံထြက္ဖတ္ခဲ့၏။ ဂုဏ္ျပဳဧည့္သည္ေတာ္အျဖစ္ ကုေရာ့ဟိုင္က စုယန္ကို သရဖူေဆာင္းေပးခဲ့ၿပီး ဖခင္ျဖစ္သူ စုဟြိုက္က်ဴးက
စုယန္အား ဒုတိယအမည္ ေပးအပ္ခဲ့သည္။

စုယန္သည္ စုဟြိုက္က်ဴးေရွ႕မွာ ဒူးေထာက္လိုက္ၿပီး စုဟြိုက္က်ဴးက ဆိုသည္

"ဒီမဂၤလာရွိတဲ့ရက္ေကာင္းရက္ျမတ္မွာ မင္းကို ဝူက်ိဳ႕ဆိုတဲ့ အမည္ကို ေပးအပ္တယ္..."

(ဝူက်ိဳ႕- အျပစ္ကင္းစင္ေသာ)

စုယန္က ေလးေလးစားစား သုံးႀကိမ္ဂါဝရျပဳၿပီးေနာက္ သရဖူ အခမ္းအနားသည္ ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။

ထို႔ေနာက္ မၾကာမီတြင္ လူတိုင္းက ေမြးေန႕ပြဲကိုစတင္ခဲ့ေလသည္။

ပြဲၿပီးသည္ႏွင့္ စုယန္ႏွင့္ ကုေဖးတိသည္ စုဟြိုက္က်ဴးကိုရွာေဖြခဲ့သည္။

"အႀကီးအကဲ အခု ခင္ဗ်ားရဲ႕ခႏၶာကိုယ္ထဲက ကူအဆိပ္ကို ဖယ္ထုတ္နိုင္ၿပီ။ ဘာလို႔ ဒီအခြင့္အေရးကို မယူတာလဲ?" ကုေဖးတိကေမးလိုက္၏။

စုဟြိုက္က်ဴးက ဆိုသည္။

"ဘာပဲျဖစ္ျဖစ္ ငါ့ရဲ႕အတြင္းအားကို ငါထိန္းထားေနသ၍ ဒီကူအဆိပ္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ႏွိမ္နင္းနိုင္ေသးတယ္"

အနားတြင္ရွိေနသည့္ ကုေရာ့ဟိုင္က ေျပာလာ၏။

"ဒီကူအဆိပ္က မင္းရဲ႕ခႏၶာကိုယ္မွာရွိေနသ၍ ေကာင္းတဲ့အရာမဟုတ္ဘူး။ ျဖစ္နိုင္ရင္ အျမန္ဆုံး ေျဖရွင္းရမယ္"

စုယန္က ခ်က္ခ်င္း ေခါင္းညိတ္သည္။

"မွန္တယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က အခု မီးေတာက္ျဖဴကူကိုပိုင္ဆိုင္ထားၿပီး နည္းပညာကိုလည္း ေလ့က်င့္ၿပီးၿပီ။ အခုအားလုံး ေက်ာက္စိမ္းအိမ္ေတာ္မွာ ရွိေနတုန္း ကူအဆိပ္ကို ဒီမွာ တစ္ခါတည္းေမာင္းထုတ္လိုက္တာ ပိုေကာင္းပါတယ္။ ၿပီးေတာ့ ခ်င္း... ရွစ္ဇြင္းရွိေနတုန္းမလို႔ ျပႆနာတစ္ခုခု ေပၚလာရင္လည္း စိုးရိမ္စရာ မလိုဘူး"

စုဟြိုက္က်ဴးသည္ စုယန္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ကာ ၿပဳံးလိုက္သည္။

"ေကာင္းၿပီ"

ေဘးကင္းေစရန္အတြက္ သူတို႔သည္ စုယန္၏ ႏွစ္ဆယ္ႏွစ္ျပည့္ေမြးေန႕တြင္ ကူအဆိပ္ကို ဖယ္ရွားျခင္းမျပဳခဲ့ဘဲ ၎တို႔၏ ခႏၶာကိုယ္ ႀကံ့ခိုင္ေစရန္ ရက္အနည္းငယ္ၾကာ အနားယူခဲ့သည္။

ကုေဖးတိသည္ ဝီရိယစိုက္ထုတ္ၿပီး ရက္ေပါင္းမ်ားစြာ ေလ့က်င့္ၿပီးေနာက္၊ စုယန္ႏွင့္ ကုေဖးတိ၏ ယင္ႏွင့္ ယန္ အတြင္းအားမ်ားသည္ မွ်မွ်တတျဖစ္ေနၿပီျဖစ္ၿပီး မီးကူကို ႏွိမ္နင္းရန္ လုံေလာက္ၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။

ကူဖယ္ရွားသည့္ေန႕၌ တိလင္းက ရွစ္ဇြင္းရဲ႕စာကို ယူေဆာင္လာၿပီး ေလာ့ယြီ၊ စုယန္ ၊ ကုေဖးတိနဲ႕ သူတို႔ရဲ႕ ဖခင္ေတြကို ေက်ာက္စိမ္းေၾကးမုံေရကန္ ကမ္းနားရွိ သီးသန႔္တည္းခိုခန္းတစ္ခုဆီ ပို႔ေဆာင္ခဲ့သည္။ ဤတည္းခိုခန္းအတြင္း ေက်ာက္စိမ္းေၾကးမုံေရကန္မွ ခတ္ယူထားေသာ ေအးျမသည့္ေရကန္တစ္ခုရွိၿပီး စုဟြိုက္က်ဴး၏ ကူအဆိပ္ကို တားဆီးရန္ အနည္းငယ္ကူညီေပးနိုင္သည္။

စုဟြိုက္က်ဴးသည္ သူ၏အဝတ္အစားမ်ားကို ခြၽတ္ကာ ေရကန္ထဲသို႔ ဝင္လိုက္သည္။ ကုေဖးတိသည္ သူ႕ေရွ႕တြင္ရပ္ေနၿပီး လက္တစ္ဖက္ကို ရင္ဘတ္အလယ္ဗဟိုတြင္တင္ကာ က်န္တစ္ဖက္ကို သူ၏ဝမ္းဗိုက္ေနရာတြင္ တင္ထားသည္။

စုယန္က ကုေဖးတိကို အေနာက္ကေန သိုင္းဖက္ထားၿပီး ကုေဖးတိ၏ လက္ဖမိုးမ်ားေပၚ၌ သူ၏လက္ဖဝါးမ်ားကို ထပ္တင္လိုက္ေလသည္။ သူတို႔သည္ သူတို႔၏ အတြင္းအားမ်ားကို အတူတကြ ျဖန႔္က်က္ကာ မီးေတာက္ျဖဴကူကို စုဟြိုက္က်ဴး၏ ခႏၶာကိုယ္ထဲသို႔ တျဖည္းျဖည္း တြန႔္ပို႔ခဲ့သည္။

စုဟြိုက္က်ဴးက မ်က္လုံးကို အနည္းငယ္မွိတ္ကာ အံႀကိတ္လိုက္၏။ ေႏြရာသီတြင္ ေရကန္မ်ားသည္ ေအးခဲဆဲျဖစ္ေသာ္လည္း သူ၏ေခါင္းသည္ ေခြၽးမ်ားျဖင့္ ႐ႊဲနစ္ေနသည္။ သို႔သည့္တိုင္ နာက်င္မႈေၾကာင့္ ညည္းၫူသံသည္ သူ၏သြားမ်ားၾကားမွ စိမ့္မထြက္လာခဲ့ေပ။

ကူထုတ္ပယ္ျခင္းလုပ္ငန္းစဥ္သည္ တိုေတာင္းသည္ မဟုတ္ပါ။ ေအာင္ျမင္မႈကိုအာမခံရန္အတြက္ စုဟြိုက္က်ဴးသည္သတိလစ္မသြားဘဲ အၿမဲနိုးၾကားေနရန္လိုအပ္သည္။ စုဟြိုက္က်ဴးသည္ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး အခ်ိန္အေတာ္ၾကာ ေတာင့္ခံေနသည္ကိုေတြ႕လိုက္ရသျဖင့္ ကုေရာ့ဟိုင္သည္ မေနနိုင္ေတာ့ဘဲ ေရကန္ထဲသို႔ ဆင္းကာ သူ႕လက္ကို ဆုပ္ကိုင္ထားလိုက္သည္။

ကံေကာင္းေထာက္မစြာ ကူဖယ္ရွားျခင္းလုပ္ငန္းစဥ္သည္ အလြန္ေခ်ာေမြ႕စြာ တိုးတက္ခဲ့ၿပီး ေလာ့ယြီ၏ ေမွ်ာ္လင့္ခ်က္ထက္ ေက်ာ္လြန္သြားခဲ့သည္။ အခ်စ္ကူသည္ စုဟြိုက္က်ဴး၏ခႏၶာကိုယ္မွ ထြက္လာလိုက္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို မီးေတာက္ျဖဴကူ၏ ဝါးၿမိဳျခင္းကို ခံလိုက္ရသည္။

စုဟြိုက္က်ဴး၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့ေနသည္။ သူသည္ မ်က္လုံးမ်ားကို ျဖည္းညွင္းစြာဖြင့္လိုက္ၿပီး စုယန္ႏွင့္ ကုေဖးတိအား "ေက်းဇူးတင္ပါတယ္" ဟုေျပာကာ ခ်က္ခ်င္း သတိလစ္သြားခဲ့၏။

ကုေရာ့ဟိုင္က ခ်က္ခ်င္းပဲ သူ႕ကို ကမ္းေပၚကို ေခၚသြားၿပီး စုယန္နဲ႕ ကုေဖးတိအား ေကာင္းေကာင္းအနားယူရန္ သတိေပးလိုက္သည္။ ၿပီးေနာက္ စုဟြိုက္က်ဴးအား သယ္ေဆာင္သြားေတာ့၏။ ေလာ့ယြီသည္ စုဟြိုက္က်ဴး၏ ေသြးခုန္ႏႈန္းကို စစ္ေဆးရန္ ၎တို႔ႏွစ္ဦးေနာက္မွ အျမန္လိုက္ခဲ့သည္။

ကုေဖးတိႏွင့္ စုယန္တို႔သည္ မတ္တပ္မရပ္နိုင္ေလာက္ေအာင္ အလြန္ပင္ ပင္ပန္းႏြမ္းနယ္ေနခဲ့သည္။ ေရကူးကန္အနားမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ေပြ႕ဖက္ထားၾက၏။

စုယန္သည္ တုန္ရီေနသည္အထိ ေအးစက္ေနခဲ့သည္။ ကုေဖးတိက သက္ျပင္းခ်ၿပီး သူ႕အဝတ္အစားနဲ႕ ဆံပင္ေတြကို ေျခာက္ေအာင္ ကူညီေပးလိုက္သည္။ ၿပီးေနာက္ စုယန္ကို ေပြ႕ခ်ီကာ ေႏြဦးသက္ဝင္ဥယ်ာဥ္သို႔ ျပန္သယ္သြားခဲ့၏။

အစိမ္းေရာင္ငွက္ငယ္ေလးတစ္ေကာင္သည္ အခ်ိန္အေတာ္ၾကာေအာင္ တိတ္တဆိတ္ ေစာင့္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ အေတာင္ပံေတြကိုျဖန႔္ကာ ႐ုတ္တရက္ ေတာထဲသို႔ ပ်ံသန္းသြားေလ၏။ ၎သည္ပုလဲစံအိမ္ေတာ္၏ ျပတင္းေပါက္မွဝင္ကာ အစိမ္းဝတ္အမ်ိဳးသမီးတစ္ဦး၏ ပခုံးေပၚ၌ နားလိုက္သည္။

ခ်င္းေပၚက ၿပဳံးလိုက္ၿပီး သူမ၏လက္ကို ျမႇောက္ကာ ငွက္ကေလးကို ပြတ္သပ္လိုက္၏။

"...... သြားၾကရေအာင္"
......

ေနာက္တစ္ေန႕အေစာပိုင္းတြင္ ခ်င္က်န္းယြဲ႕ႏွင့္ ေလာ့ယြီသည္ ေက်ာက္စိမ္းအိမ္ေတာ္မွ ယြီခ်ဳံးေတာင္ထိပ္သို႔ျပန္သြားခဲ့ၾကသည္။ ဖူလင္းယြင္ႏွင့္ ဖန္ရွီတို႔ကလည္း ႏႈတ္ဆက္ခဲ့ၾက၏။ သူတို႔သည္ မဂၤလာမေဆာင္မီ အတူတူ ခရီးသြားရန္ ရည္႐ြယ္ထားၿပီး ထန္းယြင္စံအိမ္သို႔ ျပန္လာခဲ့ၾကသည္။

စုဟြိုက္က်ဴးနဲ႕ ကုေရာ့ဟိုင္တို႔လည္း ထြက္ခြာခ်င္ေပမယ့္ ခ်ီအဘိုးအိုက သူ႕တို႔ကို ရက္အနည္းငယ္ဆက္ေနၿပီး အနားယူရန္ ေတာင္းဆိုခဲ့ေလသည္။ ခ်ီအဘိုးအိုသည္ စုဟြိုက္က်ဴးအား အပ္စိုက္ကုထုံး ျပဳလုပ္ေပးခ်င္ခဲ့သည္။ ဤႏွစ္မ်ားအတြင္း စုဟြိုက္က်ဴးသည္ အဲ့ေလာ့ေကြး၏ အခ်စ္ကူကို အတင္းအၾကပ္တားစီးရန္ သမားရိုးက်မဟုတ္ေသာနည္းလမ္းမ်ားကို အသုံးျပဳခဲ့သည္။ ထိုသို႔လုပ္ေဆာင္ရာတြင္ သူသည္ ကူအဆိပ္ကို ႏွိုးဆြမိခဲ့ၿပီး သူ၏ မယ္ရီဒီယန္မ်ားကို ပ်က္စီးေစခဲ့၏။ ကုသျခင္းသည္ သူ၏ ဒဏ္ရာမ်ားကိုသာ သက္သာေစနိုင္ၿပီး သိုင္းပညာတြင္ တိုးတက္မႈရရွိရန္ ခက္ခဲေသာ အခ်ိန္ကာလတစ္ခုကို ျဖတ္ေက်ာ္ရအုံးမည္ ျဖစ္ေပသည္။

စုဟြိုက္က်ဴးသည္ သူ၏ မယ္ရီဒီယန္မ်ားကို ကုသရန္ ခ်ီအဘိုးအို၏ ၿခံဝင္းအတြင္းတြင္ ရွိေနစဥ္ ကုေရာ့ဟိုင္သည္ ကုေဖးတိႏွင့္ စုယန္တို႔ကို ေန႕တိုင္း ေတြ႕ဆုံခဲ့ၿပီး ၎တို႔ႏွစ္ဦးကို ဓားပညာ ေလ့က်င့္ေပးခဲ့သည္။

"မင္းတို႔ႏွစ္ေယာက္က စိတ္ပိုင္းဆိုင္ရာ နည္းလမ္းနဲ႕အတြင္းအားေတြကို လုံးဝ ေပါင္းစည္းထားၿပီးၿပီ။ မင္းတို႔ ဝီရိယရွိရွိ ေလ့က်င့္ေနသမွ် ကာလပတ္လုံး မင္းတို႔ရဲ႕အတြင္းအားေတြက ပိုအားေကာင္းလာၿပီး မင္းတို႔ကို ဘယ္သူကမွ အနိုင္ယူနိုင္မွာ မဟုတ္ေတာ့ဘူး"

"ဒါေပမယ့္ သိုင္းေလာကမွာ မင္းတို႔ျဖတ္သန္းခဲ့တဲ့ေန႕ရက္ေတြက နည္းပါးတယ္၊ မင္းတို႔မွာ လုံေလာက္တဲ့ တိုက္ပြဲအေတြ႕အႀကဳံမရွိတဲ့အတြက္ နည္းနည္း အႏၲရာယ္မ်ားေသးတယ္"

"သိုင္းေလာကရဲ႕ျပႆနာေတြကို ဝင္မစြက္ဖက္ဘဲ ေက်ာက္စိမ္းအိမ္ေတာ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနမယ္ဆိုရင္ေတာင္ သတိမေလ်ာ့လိုက္နဲ႕ ..... အနာဂတ္မွာ ဝင္ေရာက္စြက္ဖက္ဖို႔လိုလာရင္ အဲဒီလိုလုပ္နိုင္ဖို႔ အစြမ္းအစရွိထားရမယ္"

ကုေဖးတိႏွင့္ စုယန္တို႔သည္ အႀကံဉာဏ္ကို လက္ခံရရွိခဲ့သည္။

ရက္အနည္းငယ္ၾကာၿပီး သိုင္းပညာအသိုင္းအဝိုင္း၏ အေထြေထြစည္းေဝးပြဲ နီးကပ္လာေသာအခါ ခ်ီအဘိုးအိုသည္ ေနာက္ဆုံးတြင္ ၎တို႔အား ထြက္ခြာခြင့္ျပဳခဲ့သည္။ ထိုအခါ ကုေရာ့ဟိုင္ႏွင့္ စုဟြိုက္က်ဴးတို႔သည္ ေက်ာက္စိမ္းအိမ္ေတာ္မွ ထြက္ခြာၿပီး အျငင္းပြားမႈမ်ား တျဖည္းျဖည္း တိုးလာေနသည့္ သိုင္းပညာ အသိုင္းအဝိုင္းသို႔ ျပန္လာခဲ့သည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဖူလင္းယြင္သည္ ကုေဖးတိႏွင့္ စုယန္တို႔ကို မဂၤလာပြဲတက္ရန္ ဖိတ္ၾကားခဲ့သည္။

႐ႊီယြင္က်န္း၏ ဇနီးသည္ အႀကီးဆုံးသားကို ေမြးဖြားခဲ့ၿပီး တစ္လျပည့္အခမ္းအနားသည္ ဖူလင္းယြင္၏ မဂၤလာေဆာင္ႏွင့္ လဝက္မွ်သာ ေဝးကြာေၾကာင္း ဖိတ္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။

ယခုႏွစ္ သိုင္းပညာ အသိုင္းအဝိုင္း၏ အေထြေထြ စည္းေဝးပြဲ၌ ခ်န္ဖုန္း႐ြာသည္ ေမွ်ာ္လင့္ထားသည့္အတိုင္း အလယ္ပိုင္းလြင္ျပင္အသိုင္းအဝိုင္း၏ ေခါင္းေဆာင္အျဖစ္ ထန္းယြင္စံအိမ္ေနရာကို အစားထိုးရယူခဲ့သည္။ ႐ႊီမိသားစု၏ အႀကီးအကဲသည္ မဟာမိတ္ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့သည္။ သူပထမဆုံးလုပ္ခဲ့သည္မွာ ဝူက်န္းမန္၊ မိစာၦဂိုဏ္းနဲ႕ အဲ့ေလာ့ေကြးတို႔ၾကားက ပူးေပါင္းႀကံစည္မႈအားလုံးကို သက္ေသျပခဲ့ျခင္းျဖစ္၏။ ထို႔အျပင္ ဂိုဏ္းေပါင္းစုံႏွင့္ ေက်ာင္းေတာ္မ်ားတြင္ ခ်ထားသည့္ ဝူက်န္းမန္၏ သူလွ်ိုအမ်ားအျပားကိုလည္း သုတ္သင္ခဲ့သည္။

"ေတာ္ဝင္ခုံ႐ုံးက အဲ့ေလာ့ေကြးနဲ႕ အိမ္ေထာင္ေရးမဟာမိတ္ဖြဲ႕ေတာ့မယ္တဲ့။ မင္းသမီး သန္းယန္က လက္ရွိအဲ့ေလာ့ေကြးရဲ႕ဘုရင္အသစ္ အဲ့ေလာ့ယင္နဲ႕ လက္ထပ္ ထိမ္းျမားမွာျဖစ္ၿပီး အခမ္းအနားကို လာမယ့္ ေႏြဦးရာသီမွာ က်င္းပလိမ့္မယ္"

ကုေဖးတိသည္ စာကိုဖတ္ၿပီးသည္ႏွင့္ စုယန္ကိုၾကည့္ရင္း ၿပဳံးလိုက္သည္။

"ကိုယ္တို႔ရဲ႕ အတြင္းအားေတြလည္း တည္ၿငိမ္သြားၿပီဆိုေတာ့ ကိုယ္တို႔ထြက္သြားလို႔ရၿပီ။ လင္းယြင္ရဲ႕ မဂၤလာပြဲနဲ႕ ေဝ့ခ်ီရႈန္းရဲ႕သားေလး တစ္လျပည့္ အခမ္းအနားကို တက္ၿပီး ေဆာင္းရာသီေရာက္ရင္ ယြီလ်န္ႏွင္းေတာင္ကို အတူတူ ခရီးထြက္ၾကမယ္ေလ။ မင္း ႏွင္းေတြနဲ႕ ေဆာ့ရတာ ေပ်ာ္တယ္မလား? အခု ႏွင္းထဲမွာ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားနိုင္ၿပီ"

စုယန္က က်ယ္ေလာင္စြာ ရယ္ေမာလိုက္၏။

"အဲဒါကို မင္း မွတ္မိေသးတာလား? အဲဒီတုန္းက ငါ ႏွင္းေတြနဲ႕ အရမ္းေဆာ့ခ်င္ေပမယ့္ ငါ့ရဲ႕ေရာဂါေၾကာင့္ မထိနိုင္ခဲ့ဘူး။ အခုေတာ့ အဆင္ေျပသြားၿပီ။ အဲဒါကို ငါတို႔ရဲ႕ ဟန္းနီးမြန္းအျဖစ္ ယူဆလို႔ရတယ္"

ကုေဖးတိက နားမလည္ခဲ့ေပ။

"ဟန္းနီးမြန္း? အဲဒါဘာကိုဆိုလိုတာလဲ?"

စုယန္က လွ်ို႔ဝွက္စြာ ၿပဳံးလိုက္ၿပီး ျပန္မေျဖေပ။

ကုေဖးတိက ထပ္ေမးခ်င္ေသာ္လည္း ႐ုတ္တရတ္ဆိုသလို တစ္စုံတစ္ခု ကြဲအက္သြားသည့္ အသံက သူ႕အာ႐ုံကို ဖမ္းစားသြားသည္။ သူက စုယန္ရဲ႕ ရင္ဘတ္ကို ခ်က္ျခင္း ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္၏။

စုယန္က သူ႕အမူအရာ အေျပာင္းအလဲကို ဖမ္းမိလိုက္ၿပီး ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ?"

ကုေဖးတိသည္ စုယန္၏လည္ပင္းမွာဆြဲထားေသာ အနီေရာင္ပိုးႀကိဳးကိုျဖည္လိုက္ၿပီး ငွက္ဥေလးကို သူ၏ လက္ဖဝါးေပၚ တင္လိုက္သည္။ စုယန္သည္ ၎ကို အနီးကပ္စစ္ေဆးခဲ့ၿပီး ငွက္ဥ၏တစ္ဖက္ျခမ္းတြင္ အက္ကြဲေၾကာင္း ေသးေသးေလးေပၚလာသည္ကို သတိျပဳမိလိုက္သည္။

"ေပါက္ေတာ့မယ္!" စုယန္ စိတ္လႈပ္ရွားစြာျဖင့္ ခ်က္ခ်င္းေျပာလိုက္သည္။

"အရင္တုန္းက ဖိမိခဲ့ဖူးေပမယ့္ ကံေကာင္းေထာက္မစြာ မကြဲခဲ့ဘူး။ ဒီငွက္ဥေလးက မာေၾကာလို႔ ေက်းဇူးေတာင္တင္မိေသးတယ္။ ဒါေပမယ့္ အခုၾကည့္ပါအုံး.. ဒီအေကာင္ေပါက္ေလးက ႐ုန္းထြက္နိုင္ပါ့မလား?"

"စိတ္မပူပါနဲ႕။ အခြံမွာ အက္ကြဲေၾကာင္းေလးေတြ ရွိတယ္။ သူထြက္လာနိုင္မွာပါ" ကုေဖးတိက စုယန္အား ႏွစ္သိမ့္ေပးလိုက္၏။

သူတို႔ႏွစ္ဦးသည္ ငွက္ဥေသးေသးေလးကို စိုက္ၾကည့္ရင္း စိတ္လႈပ္ရွားစြာ အသက္ရႈမဝျဖစ္လာၾကသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ ေသးငယ္ေသာႏႈတ္သီးေလးသည္ အခြံကိုေဖာက္ၿပီး ထြက္လာေလ၏။

သို႔ေသာ္ စုယန္ ေပ်ာ္႐ႊင္ခ်ိန္မရမီ စူးရွေတာက္ပေသာ အလင္းတန္းတစ္ခု ႐ုတ္ခ်ည္းေပၚလာၿပီး သူတို႔မ်က္လုံးမ်ားကို အလိုလိုမွိတ္ထားလိုက္ရသည္။

သူတို႔ ႏွစ္ေယာက္ မ်က္လုံးျပန္ဖြင့္လိုက္ရာ ငွက္ဥေလးသည္ ရွိမေနေတာ့ေပ။ ယင္းအစား လက္ဖဝါးအ႐ြယ္ အစိမ္းေရာင္ ၾကက္တူေ႐ြးတစ္ေကာင္ရွိေနခဲ့သည္။

စုယန္ "......"

ကုေဖးတိ "......"

သူတို႔ႏွစ္ေယာက္လုံး ခဏတာ စကားမေျပာျဖစ္ၾကေပ။

အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ ကုေဖးတိက သက္ျပင္းခ်လိဳက္ၿပီးဆို၏။

"မင္းနဲ႕ရွစ္ဇြင္း တစ္ခ်ိန္က ေနထိုင္ခဲ့တဲ့ ကမာၻႀကီးက အရမ္းထူးဆန္းတာပဲ..."

စုယန္က ျပန္မေျဖေပ။

သူက ၾကက္တူေ႐ြးကို ေျဗာင္က်က် စိုက္ၾကည့္ေနၿပီး သူ႕ေခါင္းထဲမွာ ျမည္လာသည့္ ထူးဆန္းေသာ အသံကို ေခ်ဖ်က္ရန္ အခ်ိန္အေတာ္ၾကာခဲ့ပါသည္။

ကုေဖးတိက သူ႕ကို အႀကိမ္ေပါင္းမ်ားစြာ စိုးရိမ္တႀကီးေခၚလိုက္မွသာ စုယန္သည္ အသိစိတ္ျပန္ဝင္လာၿပီး စိတ္ပူေနေသာ ကုေဖးတိကို ၾကည့္လိုက္သည္။

ကုေဖးတိ : "မင္းအဆင္ေျပရဲ႕လား?"

စုယန္ တစ္ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ သူ၏ႏႈတ္ခမ္းေထာင့္ကို ႐ုတ္တရက္ ပင့္ျမႇောက္လိုက္ၿပီး တျဖည္းျဖည္း ေတာက္ပေသာ အၿပဳံးတစ္ခုေပၚလာေလ၏။

သူက ကုေဖးတိကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္ၿပီး ဆိုေလသည္။

"ငါတို႔ ဘယ္ေတာ့မွ မခြဲေတာ့ဘူး! ဘယ္ေတာ့မွပဲ!"

_ၿပီးပါၿပီ_

_9.3.24

Thank for reading ❣️

Continue Reading

You'll Also Like

57.3K 8.7K 31
• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fan...
98K 8.6K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
193K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
76.9K 13K 29
This is not my own story. It is my translation work. All Credits to original author. Associated name- 反派天生嗜甜 Type-Web novel Author-封玖 Status in C...