Unicode
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
[လူငယ်လေး... သိပ်လောဘမကြီးနဲ့]
နောက်တစ်နေ့အစောပိုင်းတွင်၊ ကုဖေးတိသည် စုယန်နှင့်အတူ ကျောက်စိမ်းအိမ်တော်အနောက်ဘက်ရှိကြိုးတံတားကိုဖြတ်၍ ရှစ်ဇွင်းအား ဂါရဝပြုရန်အတွက် ပုလဲစံအိမ်တော်သို့ လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ယောက်စလုံး ပုလဲစံအိမ်တော် အပြင်ဘက်သို့ရောက်သောအခါ၊ ချင်းပေါ်သည် စုယန်နှင့်စကားပြောလိုသောကြောင့် ဦးစွာထွက်ခွာရန် ကုဖေးတိကိုညွှန်ကြားခဲ့သည်။ ကုဖေးတိသည် အနည်းငယ်စိတ်မသက်မသာဖြစ်နေသော်လည်း၊ ရှစ်ဇွင်း၏အမိန့်ကိုလေးစားရန်မှတပါးရွေးချယ်စရာမရှိတော့ဘဲ ချိုင့်ဝှမ်းအပြင်ဘက် ကြိုးတံတားထိပ်တွင်စောင့်ရန် ထွက်ခွာသွားခဲ့သည်။
စုယန်က ပုလဲစံအိမ်တော်အဝင်ဝကို ရောက်သည့်အခါတိုက်ဆိုင်စွာ တိလင်းက တံခါးကို အတွင်းကနေ တွန်းဖွင့်လိုက်လေသည်။
စုယန်ရဲ့ ခြေသံကို ကြားလိုက်သည်နှင့် တိလင်းက ခေတ္တရပ်လိုက်ပြီး "မင်းရောက်ပြီလား?" ဟု မေးလေ၏။
စုယန်က "ဟုတ်ကဲ့" ဟု ပြန်ဖြေကာ တိလင်းအား လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ တိလင်းက စုယန်ဝင်နိုင်ရန် လမ်းဖယ်ပေးလိုက်သည်။ သူမက ခဏစဉ်းစားပြီးနောက် စုယန်၏နောက်မှ လိုက်သွားခဲ့လေ၏။
ချင်းပေါ် လှည့်ကြည့်လိုက်ရာ သူတို့နှစ်ယောက်စလုံး အိမ်ထဲကို တစ်ချိန်တည်း ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူမက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"တိလင်း မင်းမှာ တခြားကိစ္စရှိလို့လား?"
တိလင်းက ခေါင်းငုံ့လိုက်ပြီး ဆိုသည်။
"ဟုတ်ပါတယ် ရှစ်ဇွင်း။ ရှစ်ဇွင်းရဲ့ ဒီတစ်ခေါက် ခရီးက ပြန်လာမယ့်အချိန်ကို အတိအကျမသိရသေးဘူး။ နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်အနည်းငယ်လည်းဖြစ်နိုင်တယ်။ ဒီတပည့်က ကျောက်စိမ်းအိမ်တော်ကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ယုံကြည်မှုမရှိပါဘူး။ အခု စုရှစ်တိနဲ့ ကုရှစ်တိတို့ ပြန်ရောက်နေပြီဆိုတော့ သူတို့ကို ဝိုင်းကူညီခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်"
ထိုစကားကိုကြားသောအခါ စုယန်သည် နားမလည်နိုင်ဘဲ ထိတ်လန့်သွားသည်။
ချင်းပေါ်၏ အကြည့်များက သူ့အပေါ် တစ်ခဏမျှ ကျဆင်းသွားသည်။ သူမက ပြုံးပြီးဆို၏။
"ကောင်းပါတယ်၊ သူတို့နှစ်ယောက်စလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတယ်။ ကျောက်စိမ်းအိမ်တော်ရဲ့ ကြီးကြပ်မှုနဲ့ လည်ပတ်မှုမှာ မင်းကို ကူညီဖို့ သူတို့အတွက် မခက်ခဲလောက်ပါဘူး"
ရှစ်ဇွင်း၏သဘောတူညီချက်ကိုရရှိခဲ့ပြီး တိလင်းသည် ချက်ချင်းပင် ကျေးဇူးတင်စကားပြောကြားကာ ထွက်ခွာသွားခဲ့သည်။
စုယန်သည် သူတို့နှစ်ဦးကြား ဆွေးနွေးညှိနှိုင်းမှုကြောင့် လုံးလုံးလျားလျား ရှုပ်ထွေးသွားခဲ့သည်။ တိလင်း ခပ်လှမ်းလှမ်းသို့ ရောက်သွားသည်ကို မြင်သောအခါ၊ သူက ချင်းပေါ်ဘက်သို့ လှည့်ကာ ဆို၏။
"မဟုတ်သေးပါဘူး။ ကျွန်တော်က ဒီကိုဆန္ဒတစ်ခု တောင်းဆိုဖို့ လာခဲ့တာပါ။ ဘယ်လိုဖြစ်ပြီး တာဝန်တစ်ခုရသွားတာလဲ?"
"မင်းရဲ့ မူလဇစ်မြစ်က ထူးခြားတယ်။ ဒါကြောင့် မင်းက ပိုပြီး စွမ်းဆောင်နိုင်တဲ့အတွက် ပိုကြိုးစားဖို့ လိုလိမ့်မယ်" ချင်းပေါ်က ရယ်လိုက်ပြီး ဆိုသည်။
"မင်း လိုချင်တာကို ဆုံးဖြတ်ပြီးပြီလား?"
စုယန်က ချောင်းဟန့်လိုက်ပြီး "အိုး... ကျွန်တော်ဆုံးဖြတ်ပြီးပြီ" ဟုဆိုသည်။
ချင်းပေါ်က ပြုံးလိုက်၏။
"မင်းရဲ့ဆန္ဒက မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ကျိန်စာကို ဖြေရှင်းဖို့ မဟုတ်လား?"
စုယန် : "မှန်တယ်၊ ကျွန်တော် ဒီကျိန်စာကို ဖယ်ရှားပစ်ချင်တယ်"
ထိုသို့ပြောပြီးနောက် ချင်းပေါ်၏လေးနက်သောအမူအရာကို သတိပြုမိကာ သူချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ? အဲဒါက မဖြစ်နိုင်ဘူးလား?"
ချင်းပေါ်သည် သူမ၏ပခုံးပေါ်ရှိ အစိမ်းရောင်ငှက်ငယ်ကို ကျီစားရန် လက်ကိုမြှောက်ကာ ပြုံးလိုက်သည်။
"မင်းရဲ့ကျိန်စာက ပြဿနာမရှိပါဘူး။ ဒီကမ္ဘာကြီးက လက်တွေ့ကမ္ဘာနဲ့ ကွဲပြားပေမယ့် သိုင်းပညာလောကကို အခြေခံထားတယ်။ ကျိန်စာဆိုတဲ့အရာတွေကို မင်းယုံကြည်ရင် အဲဒါတွေက တကယ်တည်ရှိတယ်။ မယုံကြည်ရင် မရှိဘူး။ ဖေးဖေးက မင်းရဲ့ခန္ဓာကိုယ်ပြဿနာအတွက် ဖြေရှင်းနည်းကို ရှာထားပြီးသားဆိုတော့ ကျိန်စာက အောင်မြင်မှာမဟုတ်တော့ဘူး"
သူမက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ဆက်ပြော၏။
"ဒါ့အပြင် ငါ့ဝတ္ထုထဲမှာ စုယန်က ကျိန်စာကြောင့် မသေခဲ့ပါဘူး။ မင်းအဲဒါကိုမမှတ်မိဘူးလား?"
ချင်းပေါ် စကားကြားသောအခါမှသာ စုယန်သည် မူရင်းဝတ္ထုတွင် မိစ္ဆာဂိုဏ်း၏သခင်ငယ်သည် ဝိညာဉ်သွေးကျိန်စာကြောင့် သေဆုံးခြင်းမရှိသည်ကို သတိရသွားသည်။ နောက်ဆုံးတွင်၊ ကုဖေးတိသည် သူ့ကို ကယ်တင်ခဲ့သည်။
မူရင်းဝတ္ထုတွင်လည်း ကုဖေးတိသည် မီးတောက်ဖြူကူကို ရယူနိုင်ခဲ့သည်။ မိစ္ဆာဂိုဏ်း၏သခင်ငယ်က အလွန်အေးစက်သော အတွင်းအား၏ ညှင်းပန်းမှုကို ခံစားရင်း သေဆုံးသွားမည်ကို သူရပ်မကြည့်နိုင်ခဲ့ပေ။ထို့ကြောင့် သူသည် ဇာမဏီ၏ကပ်ဆိုးမီးတောက်ကို တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။ သူတို့ရဲ့အခြေအနေတွေဟာ စုယန်နဲ့ ကုဖေးတိတို့ရဲ့ လက်ရှိအခြေအနေနဲ့ ဆင်တူပါသည်။ သူတို့နှစ်ယောက်သည် အချင်းချင်းရဲ့ ပြင်းထန်တဲ့အတွင်းအားတွေကို တားဆီးဖို့အတွက် နှစ်ကိုယ်တူကျင့်ကြံရမည်ဖြစ်ပေသည်။
"ဒါကြောင့် အဲဒါမဟုတ်ဘဲ တခြားဆန္ဒကိုတောင်းဆိုလို့ရတယ်။ ဒီနေ့ မပြောနိုင်သေးဘူးဆိုရင် ပြန်သွားပြီး ဖြည်းဖြည်းချင်း စဉ်းစားပါ။ ဒါပေမယ့် သရဖူမဆောင်းခင်အချိန်အတွင်း ငါ့ကိုပြောရမယ်"
ထိုစကားကိုကြားတော့ စုယန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ဘာလို့သရဖူမဆောင်းခင်လဲ? ကျွန်တော်မယုံရင် ကျိန်စာဆိုတာ မရှိဘူးလို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား?"
ချင်းပေါ်က ပြုံးလိုက်ပြီး ဆိုသည်။
"ငါစိုးရိမ်မိတာက မင်း သရဖူဆောင်းတဲ့အခါ ဒီကမ္ဘာကြီးရဲ့ ဇာတ်ကြောင်းက ဆုံးသွားမှာကိုပဲ။ ဒါဆို ငါထွက်သွားရလိမ့်မယ်။ အဲဒီမတိုင်ခင် မင်းရဲ့ဆန္ဒကို မပြောနိုင်ရင် နောင်မှာ မင်းငါ့ကို ပြန်တွေ့ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
စုယန် ရုတ်တရက် သဘောပေါက်သွားသည်။
မိစ္ဆာဂိုဏ်း၏သခင်ငယ်၏သရဖူဆောင်းခြင်းအခမ်းအနားပြီးဆုံးသောအခါ မူရင်းဝတ္ထု၏ ဇာတ်လမ်းဇာတ်ကြောင်းသည်လည်း ပြီးဆုံးသွားပါသည်။ ချင်းပေါ်သည် ဤနေရာတွင် စာရေးဆရာအဖြစ် ပေါ်ထွက်လာသော်လည်း၊ သူမသည် ၎င်း၏ စည်းမျဉ်းများဖြင့် ကန့်သတ်ခံထားရမည်မှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်သည်နှင့် သူမထွက်ခွာသွားရမည်ဖြစ်၏။
ကျောက်စိမ်းအိမ်တော်၏ ယာယီရာထူးပြောင်းရွှေ့မှုနှင့်ပတ်သက်၍ တိလင်းသည် အစောပိုင်းကပြောခဲ့သေးသည်။ ၎င်းကို ယာယီဟု ဆိုသော်လည်း၊ ချင်းပေါ်သည် တိလင်းကို ကျောက်စိမ်းအိမ်တော်၏ ဆက်ခံသူအဖြစ် မှတ်ယူထားပြီးဖြစ်သည်။
"ဒါဆို........စာရေးဆရာက သူတို့ဖန်တီးထားတဲ့ ဇာတ်ကောင်တွေရဲ့ဆက်တင်ကို ပြောင်းလဲနိုင်တာပေါ့"
စုယန်က ခဏစဉ်းစားပြီး မေးလိုက်သည်။
"ကျွန်တော်သာ ထာဝရအသက်ကို လိုချင်ရင် အဲဒါကို ဖြည့်ဆည်းပေးနိုင်မလား?"
"ရတာပေါ့" ချင်းပေါ်က ဆို၏။
"ဒါပေမယ့် ထာဝရအသက်ကို ရွေးချယ်ဖို့ ငါမင်းကို အကြံမပေးချင်ဘူး။ ကုဖေးတိရဲ့ ဆက်တင်ကို ငါမပြောင်းနိုင်ဘူး။ ထာဝရအသက်ကို ရွေးချယ်ခဲ့ရင် မင်းက ဒီကမ္ဘာမှာ ထာဝရသောင်တင်နေလိမ့်မယ်။ မင်းက သူအသက်ကြီးပြီး သေသွားတာ၊ မင်းပတ်ဝန်းကျင်က လူတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို စောင့်ကြည့်နေရလိမ့်မယ်။ နောက်ဆုံးတော့ မင်းအတွက် အဲဒါက နာကျင်စေလိမ့်မယ်"
စုယန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်က ခင်ဗျားရဲ့လုပ်ဆောင်နိုင်စွမ်းကို မေးကြည့်ရုံပါ"
ချင်းပေါ်က ပြုံးပြီး ပြောလေ၏။
"သီအိုရီအရပြောရရင် စာပေမှာ အကောင်ထည်ဖော်နိုင်တဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်နေသရွေ့ အဲဒါကို ငါလုပ်နိုင်တယ်။ မှော်ဆန်တာတွေတောင် ဖြစ်နိုင်တယ်"
စုယန်က ခဏလောက် စဉ်းစားလိုက်ပြီး မေးလာသည်။
"ဥပမာ စိတ်ဖတ်နိုင်တာတို့၊ ကျောက်တွေကို ရွှေအဖြစ်ပြောင်းနိုင်တာတို့၊ သေတဲ့လူတွေကို ပြန်ရှင်သန်စေနိုင်တာတို့ရော ဖြစ်နိုင်လား?"
ချင်းပေါ်က သူမလက်တွေကို ဖြန့်လိုက်ပြီးဆိုသည်။
"မင်းက ဒီအရည်အချင်းတွေကို လိုချင်တာ သေချာတယ်ဆိုရင်တော့ မဖြစ်နိုင်တာမဟုတ်ပါဘူး"
"ဒါဆို ကျွန်တော်ကုဖေးတိကို ခေတ်သစ်ကမ္ဘာဆီ ခေါ်သွားချင်ရင် ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် သူ့ဝိညာဉ်ကို မတူညီတဲ့ကမ္ဘာဆီ ခေါ်သွားနိုင်မယ့် စွမ်းအားမျိုးဆိုရင်ရော?"
ချင်းပေါ် "......"
ခဏတိတ်ဆိတ်သွားပြီးနောက် ချင်းပေါ်က စုယန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"လူငယ်လေး... သိပ်လောဘမကြီးနဲ့"
စုယန်က နှုတ်ခမ်းကို စူလိုက်ပြီး ဆိုသည်။
"ဘာလို့လဲ? အဲဒီလိုလုပ်လို့မရဘူးလား?"
ချင်းပေါ် : "ငါက စာရေးဆရာတစ်ယောက်ပါ။ ငါဖန်တီးထားတဲ့ ဇာတ်ကောင်တွေကို ငါထိန်းချုပ်နိုင်ပေမယ့် မင်းရဲ့ဆန္ဒက ကမ္ဘာနှစ်ခုကို လွှမ်းမိုးနေတယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါ့အပြင် မင်းကို မတော်တဆ ဒီကမ္ဘာထဲကို ဆွဲခေါ်မိခဲ့တယ်... မင်းဒီကို ဘယ်လိုရောက်လာခဲ့တာလဲဆိုတာ ငါကိုယ်တိုင်တောင် နားမလည်ဘူး"
စုယန်သည် ဤဆန္ဒက အမှန်တကယ်ပင် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် သူသည် ထိုသို့သောစွမ်းရည်မျိုးကို အမှန်တကယ်လိုချင်ပေသည်။ ထို့ကြောင့် သူကမေးလိုက်၏။
"အဲဒါကို ခင်ဗျားစမ်းကြည့်ဖူးလား? စမ်းကြည့်လို့ မရရင်တော့ ထားလိုက်ပါ။ ကျွန်တော်ပြန်သွားပြီး နောက်ထပ်ဆန္ဒတစ်ခု ထပ်စဉ်းစားမယ်"
ချင်းပေါ်က ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါမင်းအတွက် စမ်းကြည့်ပေးမယ်။ ဒါပေမယ့် ကျရှုံးခဲ့ရင် မင်းနောက်ထပ်ဆန္ဒကို ထပ်တောင်းဆိုလို့ မရတော့ဘူး"
ထိုစကားကိုကြားတော့ စုယန်က သူ့နှုတ်ခမ်းကို ကိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူက ပြတ်ပြတ်သားသား ပြောလိုက်၏။
"ကိစ္စမရှိဘူး။ စမ်းကြည့်လိုက်ပါ"
ချင်းပေါ်က မျက်လုံးများကို မှိတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမက မျက်လုံးကိုဖွင့်လိုက်ပြီး စုယန်အား မေးလိုက်၏။
"အပြောင်းအလဲတစ်ခုခု ခံစားရလား?"
စုယန် အံ့အားသင့်သွားပြီး ခေါင်းခါလိုက်သည်။
"ဘယ်လို အပြောင်းအလဲမျိုးလဲ?"
ချင်းပေါ်က သက်ပြင်းချလိုက်လေ၏။
"ကြည့်ရတာ ဒါကအလုပ်မဖြစ်ပုံရတယ်.."
သူမ စကားမဆုံးမီတွင် သူမ၏ပခုံးပေါ်၌ တည်တည်ငြိမ်ငြိမ်ရှိနေသည့် အစိမ်းရောင်ငှက်ငယ်လေးသည် အနည်းငယ်စိတ်လှုပ်ရှားနေသကဲ့သို့ စုယန်၏ မျက်လုံးများရှေ့သို့ တရွေ့ရွေ့ ပျံဝဲလာသည်။
စုယန်က အနည်းငယ် စိတ်ရှုပ်ထွေးနေသေးပြီး မသိစိတ်က သူ့လက်ဖဝါးကို ဖြန့်ပေးလိုက်သည်။
သူက ချင်းပေါ်ကိုကြည့်ပြီး မေးလိုက်၏။
"ဘာဖြစ်နေတာလဲ?"
ချင်းပေါ်သည် ငှက်ငယ်ကို သံသယဖြင့် စိုက်ကြည့်နေသည်။ သူမ ခန့်မှန်းလို့မရသေးခင်မှာပဲ စုယန်ရဲ့ လက်ဖဝါးပေါ်၌ အတောင်ပံခတ်နေသော ငှက်ငယ်လေးသည် ပုလဲနှင့်တူသော အဖြူရောင် ငှက်ဥလေး တစ်ဥကို ဥချလိုက်လေ၏။
စုယန် "......"
ချင်းပေါ် "......"
ထို့နောက်မှာတော့ အစိမ်းရောင်ငှက်ငယ်လေးဟာ ချင်းပေါ်ရဲ့ ပခုံးဆီကို ပျံသန်းသွားပြီး အရင်က ဘာမှ မဖြစ်ခဲ့သလိုမျိုး ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။
စုယန်က သူ့လက်ဖဝါးပေါ်ရှိ ငှက်ဥကို ခဏလောက် တိတ်တဆိတ် စစ်ဆေးပြီးနောက် ချင်းပေါ်အား မေးလိုက်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ?"
ချင်းပေါ်သည် ငှက်ဥကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။သူမသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။
"လောလောဆယ်တော့ ငါလည်း မသိသေးဘူး။ ဒါပေမယ့် မင်းရဲ့ဆန္ဒက ကုန်ဆုံးသွားတာတော့ သေချာတယ်။ ဒါကြောင့် ဒီငှက်ဥက သက်သက်ပဲ...... ရှောင်ဆွေ့ရဲ့ဇစ်မြစ်က အံ့ဩစရာကောင်းတယ်။ ဒီငှက်ဥပေါက်တဲ့အခါမှ ဘာလဲဆိုတာ သိရလိမ့်မယ်"
သူမက ငှက်ဥကို လက်ညှိုးဖြင့် ညွှန်လိုက်သည်။ အနီရောင်ပိုးချည်တစ်ကြိုးထွက်လာပြီး ငှက်ဥကို ရစ်ပတ်လိုက်ကာ ဆွဲသီးအဖြစ်ပြောင်းလဲသွားစေ၏။
"ဒါဘယ်တော့ပေါက်မလဲဆိုတာတော့ မသိဘူး။ ကိုယ်နဲ့မကွာ ဆောင်ထားလိုက်ပါ"
စုယန်က ငှက်ဥကို လည်ပင်းမှာ ဆွဲလိုက်ပြီး တိတ်တဆိတ် ရပ်နေလိုက်သည်။ ခဏကြာတော့ သူကဆို၏။
"ဒါဆို ကျွန်တော်ပြန်လို့ရပြီလား?"
ချင်းပေါ်ကလည်း ထိုငှက်ဥကို ဘာလုပ်ရမယ်ဆိုတာ မသေချာတဲ့အတွက် သူမက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ မင်းပြန်လို့ရပြီ။ ငါရက်အနည်းငယ်တော့ ပုလဲစံအိမ်တော်မှာ ရှိနေအုံးမယ်။ တစ်ခုခုဖြစ်သွားရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်။ တကယ်လို့ ငါမရှိရင်လည်း စာချန်ထားခဲ့။ ငါပြန်လာရင် မင်းကိုလာရှာမယ်"
ချင်းပေါ်က တစ်ခုခုကို ရုတ်တရတ်သတိရပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ ဒါကို ဖေးဖေးဆီ ပေးပေးပါ"
သူမ၏ လက်ဖဝါးကို လှန်လိုက်ရာ သူမ၏လက်ထဲတွင် စာအုပ်တစ်အုပ် ပေါ်လာသည်။ မျက်နှာဖုံးတွင် 'ဇာမဏီ၏ကပ်ဆိုးမီးတောက်' ဟူသော စာသားကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။
"ပြဿနာတွေကို ဖြေရှင်းဖို့ မင်းတို့နှစ်ယောက် ဒီနည်းစနစ်ကို ကျင့်သုံးနိုင်တယ်။ မင်းတို့ နှစ်ကိုယ်တူ ကျင့်ကြံဖို့ သတိရပါ!"
စုယန်က ချင်းပေါ်ရဲ့လက်ထဲက စာအုပ်ကိုယူလိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
ချင်းပေါ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး မေးလေ၏။
"မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်?"
စုယန် : "ဘာမှမဟုတ်ပါဘူး...မင်းက နားလည်လွယ်တဲ့ စာရေးဟန်ကို အသုံးပြုပြီး သူတို့ မင်းကို သံသယဝင်မှာ မစိုးရိမ်တာကြောင့် ငါအံ့ဩနေတာ။ ဒါပေမယ့် မင်းစကားပြောတာ ဘာလို့ဒီလောက်နူးညံ့ပြေပြစ်ရတာလဲ?"
ထိုမေးခွန်းကို ကြားသောအခါ၊ ချင်းပေါ်သည် သူမ၏နဖူးပေါ်တွင် လက်ကိုတင်လိုက်ပြီး ညည်းညူလိုက်သည်။
"ဒါက စနစ် ချို့ယွင်းမှုကြောင့်ပါ။ ငါကွန်ပလိန်းတက်ချင်နေတာ ကြာပြီ......"
"စာတွေရေးတဲ့အခါ ကန့်သတ်ချက်တွေ သိပ်မရှိဘူး၊ ဒါပေမယ့် သုံးဖို့အတွက် စာလုံးတွေကို လဲလှယ်ဖို့ လိုအပ်ပြီး အများကြီး ပြောင်းလဲလို့မရဘူး။ ငါမင်းကို ဘယ်လိုရှင်းပြရမလဲ? တကယ်တော့ သူတို့နဲ့ စကားပြောတဲ့အခါ ငါပြောချင်တာကို မပြောနိုင်ဘူး။စနစ်က ရွေးချယ်မှုတွေ ပေးလိမ့်မယ်။ ငါက ရွေးချယ်ပြီးရင် ညွှန်ကြားချက်တွေကိုလိုက်နာရတယ်... အဲဒါက ငါ့ကို ခေါင်းကိုက်စေတယ်"
ဤရှင်းပြချက်ကို ကြားလိုက်ပြီးနောက် စုယန်သည် မည်သို့တုံ့ပြန်ရမှန်း မသိပေ။
သူသည် ချင်းပေါ်ကို လက်ပြနှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ပုလဲစံအိမ်တော်မှ ထွက်ခွာပြီးနောက် စူယန်သည် ကြိုးတံတားသို့ အမြန်ပြန်လာခဲ့သည်။
သူပြန်ထွက်လာတာကိုမြင်တော့ ကုဖေးတိက ချက်ချင်းပြေးလာပြီး မေးလေ၏။
"ဘယ်လိုလဲ? ကျိန်စာကို ဖျက်နိုင်လား?"
"အင်း" စုယန်က ပြုံးပြီး ပြောလိုက်သည်။
"ကျိန်စာအတွက် စိတ်ပူစရာ မလိုတော့ဘူး။ ငါတို့ အချိန်အကြာကြီး အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီ"
ကုဖေးတိ: "တကယ်ဟုတ်လို့လား?"
စုယန်က သူကိုင်ထားသည့် 'ဇာမဏီ၏ကပ်ဆိုးမီးတောက်' စာအုပ်ကို ကုဖေးတိအား ပေးရင်း ရယ်မောလိုက်သည်။
"ကြည့်စမ်း၊ ရှစ်ဇွင်းက ဒီစာအုပ်ကို ပေးခဲ့တယ်။ အခု ငါပြောတာကို ယုံပြီလား?"
ကုဖေးတိသည် စာအုပ်ကိုယူလိုက်ပြီး သူ့မျက်လုံးများတွင် တက်ကြွမှုအပြည့်ဖြစ်နေသည်။ သူ၏စိတ်လှုပ်ရှားမှုကို ခက်ခက်ခဲခဲ ဖုံးကွယ်ပြီး စုယန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရန်ပြင်လိုက်၏။
"ဟေ့ဟေ့! သတိထား!"
စုယန်သည် ဤတစ်ကြိမ်တွင် ကုဖေးတိကို ပြန်လည်ပွေ့ဖက်ရန် အဆင်မပြေခဲ့ပေ။ သူသည် သူ့ရင်ဘတ်ကို မဖိမိမီ ကုဖေးတိအား တံတောင်ဆစ်ဖြစ် တွန်းထုတ်လိုက်၏။
ကုဖေးတိက ရှုပ်ထွေးသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
စုယန်က သူ့လည်ပင်းက ဆွဲကြိုးကို စစ်ဆေးလိုက်သည်။ ငှက်ဥလေး ဘေးကင်းသည်ကို မြင်သောအခါ သူသက်ပြင်းတစ်ချက်ချလိုက်၏။
စုယန်က ကုဖေးတိအား ငှက်ဥကို ပြလိုက်သည်။
"ဒါက ရှစ်ဇွင်းရဲ့ အစိမ်းရောင်ငှက်ငယ်လေးရဲ့ဥပဲ။ ရှစ်ဇွင်းက ငါ့ကိုစောင့်ရှောက်ဖို့ ပေးခဲ့တာ။ မကွဲသွားအောင် ကောင်းကောင်းကာကွယ်ဖို့ လိုတယ်..."
ကုဖေးတိသည် ငှက်ဥကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
ခဏအကြာတွင် သူက ပြောလိုက်၏။
"အဲဒီငှက်က ထူးခြားပြီး ဒီဥကလည်း ထူးခြားမှာ သေချာတယ်။ အခုပဲ တိလင်း ရှစ်ကျဲ ဖြတ်သွားတာ ကိုယ်တွေ့လိုက်ရတယ်။ သူမက ရက်ပိုင်းလောက်နေရင် ရှစ်ဇွင်းက ကျောက်စိမ်းအိမ်တော်ကနေ ထွက်သွားမယ်လို့ ပြောခဲ့တယ်။ ရှစ်ဇွင်းက ဒါကို မင်းကို ပေးလိုက်တာက... မင်းကို ကျောက်စိမ်းအိမ်တော်ကို လက်လွှဲပေးချင်တာကို ဆိုလိုတာများလား?"
စုယန်သည် ထိုသို့မဟုတ်သော်လည်း ထိုကဲ့သို့ယူဆနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်၊ ချင်းပေါ်သည် ကျောက်စိမ်းအိမ်တော်၏သခင်အသစ်အတွက် တိလင်းကို ပို၍သဘောကျခဲ့သည်။
စုယန်က ပြုံးလိုက်ပြီး ဆို၏။
"ရှစ်ဇွင်းက ဘာမှမပြောခဲ့ပါဘူး၊ ဒါကြောင့် အခုကစပြီး နောင်ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနဲ့။ ဒီငှက်ဥ ပေါက်လာတော့မှ ကြည့်ကြတာပေါ့။ လောလောဆယ်တော့... နွေဦးသက်ဝင်ဥယျာဉ်ကို ပြန်သွားပြီး ဒီနည်းပညာကို လေ့ကျင့်လိုက်ရအောင်။ ငါ့မွေးနေ့ပြီးတာနဲ့ ငါတို့ မိစ္ဆာဂိုဏ်းချုပ်ကို ဆက်သွယ်ပြီး သူ့ကို ကူအဆိပ်ဖယ်ရှားဖို့ကူညီပေးရမယ်"
ကုဖေးတိ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် လက်ဆယ်ချောင်းကို ယှက်နွယ်ကာ နွေဦးသက်ဝင် ဥယျာဉ်သို့ ပြန်ခဲ့ကြလေ၏။
_9.3.24
Thank for reading ❣️
Zawgyi
အခန္း-၁၁၉ ထူးဆန္းေသာ ငွက္ဥ။
[လူငယ္ေလး... သိပ္ေလာဘမႀကီးနဲ႕]
ေနာက္တစ္ေန႕အေစာပိုင္းတြင္၊ ကုေဖးတိသည္ စုယန္ႏွင့္အတူ ေက်ာက္စိမ္းအိမ္ေတာ္အေနာက္ဘက္ရွိႀကိဳးတံတားကိုျဖတ္၍ ရွစ္ဇြင္းအား ဂါရဝျပဳရန္အတြက္ ပုလဲစံအိမ္ေတာ္သို႔ လိုက္ပါသြားခဲ့သည္။
သူတို႔ႏွစ္ေယာက္စလုံး ပုလဲစံအိမ္ေတာ္ အျပင္ဘက္သို႔ေရာက္ေသာအခါ၊ ခ်င္းေပၚသည္ စုယန္ႏွင့္စကားေျပာလိုေသာေၾကာင့္ ဦးစြာထြက္ခြာရန္ ကုေဖးတိကိုၫႊန္ၾကားခဲ့သည္။ ကုေဖးတိသည္ အနည္းငယ္စိတ္မသက္မသာျဖစ္ေနေသာ္လည္း၊ ရွစ္ဇြင္း၏အမိန႔္ကိုေလးစားရန္မွတပါးေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ခ်ိဳင့္ဝွမ္းအျပင္ဘက္ ႀကိဳးတံတားထိပ္တြင္ေစာင့္ရန္ ထြက္ခြာသြားခဲ့သည္။
စုယန္က ပုလဲစံအိမ္ေတာ္အဝင္ဝကို ေရာက္သည့္အခါတိုက္ဆိုင္စြာ တိလင္းက တံခါးကို အတြင္းကေန တြန္းဖြင့္လိုက္ေလသည္။
စုယန္ရဲ႕ ေျခသံကို ၾကားလိုက္သည္ႏွင့္ တိလင္းက ေခတၱရပ္လိုက္ၿပီး "မင္းေရာက္ၿပီလား?" ဟု ေမးေလ၏။
စုယန္က "ဟုတ္ကဲ့" ဟု ျပန္ေျဖကာ တိလင္းအား လက္သီးဆုပ္ ႏႈတ္ဆက္လိုက္သည္။ တိလင္းက စုယန္ဝင္နိုင္ရန္ လမ္းဖယ္ေပးလိုက္သည္။ သူမက ခဏစဥ္းစားၿပီးေနာက္ စုယန္၏ေနာက္မွ လိုက္သြားခဲ့ေလ၏။
ခ်င္းေပၚ လွည့္ၾကည့္လိုက္ရာ သူတို႔ႏွစ္ေယာက္စလုံး အိမ္ထဲကို တစ္ခ်ိန္တည္း ဝင္လာသည္ကို ေတြ႕လိုက္ရေလသည္။ သူမက အံ့အားသင့္စြာျဖင့္ ေမးလိုက္၏။
"တိလင္း မင္းမွာ တျခားကိစၥရွိလို႔လား?"
တိလင္းက ေခါင္းငုံ႕လိုက္ၿပီး ဆိုသည္။
"ဟုတ္ပါတယ္ ရွစ္ဇြင္း။ ရွစ္ဇြင္းရဲ႕ ဒီတစ္ေခါက္ ခရီးက ျပန္လာမယ့္အခ်ိန္ကို အတိအက်မသိရေသးဘူး။ ႏွစ္အနည္းငယ္ ဒါမွမဟုတ္ ဆယ္စုႏွစ္အနည္းငယ္လည္းျဖစ္နိုင္တယ္။ ဒီတပည့္က ေက်ာက္စိမ္းအိမ္ေတာ္ကို တစ္ေယာက္တည္း စီမံခန႔္ခြဲဖို႔ ယုံၾကည္မႈမရွိပါဘူး။ အခု စုရွစ္တိနဲ႕ ကုရွစ္တိတို႔ ျပန္ေရာက္ေနၿပီဆိုေတာ့ သူတို႔ကို ဝိုင္းကူညီခြင့္ျပဳဖို႔ ေတာင္းဆိုခ်င္ပါတယ္"
ထိုစကားကိုၾကားေသာအခါ စုယန္သည္ နားမလည္နိုင္ဘဲ ထိတ္လန႔္သြားသည္။
ခ်င္းေပၚ၏ အၾကည့္မ်ားက သူ႕အေပၚ တစ္ခဏမွ် က်ဆင္းသြားသည္။ သူမက ၿပဳံးၿပီးဆို၏။
"ေကာင္းပါတယ္၊ သူတို႔ႏွစ္ေယာက္စလုံးက ငယ္ငယ္႐ြယ္႐ြယ္နဲ႕ အလားအလာရွိတယ္။ ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ ႀကီးၾကပ္မႈနဲ႕ လည္ပတ္မႈမွာ မင္းကို ကူညီဖို႔ သူတို႔အတြက္ မခက္ခဲေလာက္ပါဘူး"
ရွစ္ဇြင္း၏သေဘာတူညီခ်က္ကိုရရွိခဲ့ၿပီး တိလင္းသည္ ခ်က္ခ်င္းပင္ ေက်းဇူးတင္စကားေျပာၾကားကာ ထြက္ခြာသြားခဲ့သည္။
စုယန္သည္ သူတို႔ႏွစ္ဦးၾကား ေဆြးေႏြးညွိႏွိုင္းမႈေၾကာင့္ လုံးလုံးလ်ားလ်ား ရႈပ္ေထြးသြားခဲ့သည္။ တိလင္း ခပ္လွမ္းလွမ္းသို႔ ေရာက္သြားသည္ကို ျမင္ေသာအခါ၊ သူက ခ်င္းေပၚဘက္သို႔ လွည့္ကာ ဆို၏။
"မဟုတ္ေသးပါဘူး။ ကြၽန္ေတာ္က ဒီကိုဆႏၵတစ္ခု ေတာင္းဆိုဖို႔ လာခဲ့တာပါ။ ဘယ္လိုျဖစ္ၿပီး တာဝန္တစ္ခုရသြားတာလဲ?"
"မင္းရဲ႕ မူလဇစ္ျမစ္က ထူးျခားတယ္။ ဒါေၾကာင့္ မင္းက ပိုၿပီး စြမ္းေဆာင္နိုင္တဲ့အတြက္ ပိုႀကိဳးစားဖို႔ လိုလိမ့္မယ္" ခ်င္းေပၚက ရယ္လိုက္ၿပီး ဆိုသည္။
"မင္း လိုခ်င္တာကို ဆုံးျဖတ္ၿပီးၿပီလား?"
စုယန္က ေခ်ာင္းဟန႔္လိုက္ၿပီး "အိုး... ကြၽန္ေတာ္ဆုံးျဖတ္ၿပီးၿပီ" ဟုဆိုသည္။
ခ်င္းေပၚက ၿပဳံးလိုက္၏။
"မင္းရဲ႕ဆႏၵက မင္းရဲ႕ ခႏၶာကိုယ္ေပၚက က်ိန္စာကို ေျဖရွင္းဖို႔ မဟုတ္လား?"
စုယန္ : "မွန္တယ္၊ ကြၽန္ေတာ္ ဒီက်ိန္စာကို ဖယ္ရွားပစ္ခ်င္တယ္"
ထိုသို႔ေျပာၿပီးေနာက္ ခ်င္းေပၚ၏ေလးနက္ေသာအမူအရာကို သတိျပဳမိကာ သူခ်က္ခ်င္းပင္ စိုးရိမ္ထိတ္လန႔္သြားခဲ့သည္။
"ဘာျဖစ္လို႔လဲ? အဲဒါက မျဖစ္နိုင္ဘူးလား?"
ခ်င္းေပၚသည္ သူမ၏ပခုံးေပၚရွိ အစိမ္းေရာင္ငွက္ငယ္ကို က်ီစားရန္ လက္ကိုျမႇောက္ကာ ၿပဳံးလိုက္သည္။
"မင္းရဲ႕က်ိန္စာက ျပႆနာမရွိပါဘူး။ ဒီကမာၻႀကီးက လက္ေတြ႕ကမာၻနဲ႕ ကြဲျပားေပမယ့္ သိုင္းပညာေလာကကို အေျခခံထားတယ္။ က်ိန္စာဆိုတဲ့အရာေတြကို မင္းယုံၾကည္ရင္ အဲဒါေတြက တကယ္တည္ရွိတယ္။ မယုံၾကည္ရင္ မရွိဘူး။ ေဖးေဖးက မင္းရဲ႕ခႏၶာကိုယ္ျပႆနာအတြက္ ေျဖရွင္းနည္းကို ရွာထားၿပီးသားဆိုေတာ့ က်ိန္စာက ေအာင္ျမင္မွာမဟုတ္ေတာ့ဘူး"
သူမက ေပါ့ပါးစြာ ရယ္ေမာလိုက္ၿပီး ဆက္ေျပာ၏။
"ဒါ့အျပင္ ငါ့ဝတၳဳထဲမွာ စုယန္က က်ိန္စာေၾကာင့္ မေသခဲ့ပါဘူး။ မင္းအဲဒါကိုမမွတ္မိဘူးလား?"
ခ်င္းေပၚ စကားၾကားေသာအခါမွသာ စုယန္သည္ မူရင္းဝတၳဳတြင္ မိစာၦဂိုဏ္း၏သခင္ငယ္သည္ ဝိညာဥ္ေသြးက်ိန္စာေၾကာင့္ ေသဆုံးျခင္းမရွိသည္ကို သတိရသြားသည္။ ေနာက္ဆုံးတြင္၊ ကုေဖးတိသည္ သူ႕ကို ကယ္တင္ခဲ့သည္။
မူရင္းဝတၳဳတြင္လည္း ကုေဖးတိသည္ မီးေတာက္ျဖဴကူကို ရယူနိုင္ခဲ့သည္။ မိစာၦဂိုဏ္း၏သခင္ငယ္က အလြန္ေအးစက္ေသာ အတြင္းအား၏ ညွင္းပန္းမႈကို ခံစားရင္း ေသဆုံးသြားမည္ကို သူရပ္မၾကည့္နိုင္ခဲ့ေပ။ထို႔ေၾကာင့္ သူသည္ ဇာမဏီ၏ကပ္ဆိုးမီးေတာက္ကို တိတ္တဆိတ္ ေလ့က်င့္ခဲ့သည္။ သူတို႔ရဲ႕အေျခအေနေတြဟာ စုယန္နဲ႕ ကုေဖးတိတို႔ရဲ႕ လက္ရွိအေျခအေနနဲ႕ ဆင္တူပါသည္။ သူတို႔ႏွစ္ေယာက္သည္ အခ်င္းခ်င္းရဲ႕ ျပင္းထန္တဲ့အတြင္းအားေတြကို တားဆီးဖို႔အတြက္ ႏွစ္ကိုယ္တူက်င့္ႀကံရမည္ျဖစ္ေပသည္။
"ဒါေၾကာင့္ အဲဒါမဟုတ္ဘဲ တျခားဆႏၵကိုေတာင္းဆိုလို႔ရတယ္။ ဒီေန႕ မေျပာနိုင္ေသးဘူးဆိုရင္ ျပန္သြားၿပီး ျဖည္းျဖည္းခ်င္း စဥ္းစားပါ။ ဒါေပမယ့္ သရဖူမေဆာင္းခင္အခ်ိန္အတြင္း ငါ့ကိုေျပာရမယ္"
ထိုစကားကိုၾကားေတာ့ စုယန္က မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။
"ဘာလို႔သရဖူမေဆာင္းခင္လဲ? ကြၽန္ေတာ္မယုံရင္ က်ိန္စာဆိုတာ မရွိဘူးလို႔ ခင္ဗ်ားေျပာခဲ့တယ္မဟုတ္လား?"
ခ်င္းေပၚက ၿပဳံးလိုက္ၿပီး ဆိုသည္။
"ငါစိုးရိမ္မိတာက မင္း သရဖူေဆာင္းတဲ့အခါ ဒီကမာၻႀကီးရဲ႕ ဇာတ္ေၾကာင္းက ဆုံးသြားမွာကိုပဲ။ ဒါဆို ငါထြက္သြားရလိမ့္မယ္။ အဲဒီမတိုင္ခင္ မင္းရဲ႕ဆႏၵကို မေျပာနိုင္ရင္ ေနာင္မွာ မင္းငါ့ကို ျပန္ေတြ႕ဖို႔ အခြင့္အေရး ရွိေတာ့မွာ မဟုတ္ဘူး"
စုယန္ ႐ုတ္တရက္ သေဘာေပါက္သြားသည္။
မိစာၦဂိုဏ္း၏သခင္ငယ္၏သရဖူေဆာင္းျခင္းအခမ္းအနားၿပီးဆုံးေသာအခါ မူရင္းဝတၳဳ၏ ဇာတ္လမ္းဇာတ္ေၾကာင္းသည္လည္း ၿပီးဆုံးသြားပါသည္။ ခ်င္းေပၚသည္ ဤေနရာတြင္ စာေရးဆရာအျဖစ္ ေပၚထြက္လာေသာ္လည္း၊ သူမသည္ ၎၏ စည္းမ်ဥ္းမ်ားျဖင့္ ကန႔္သတ္ခံထားရမည္မွာ ေသခ်ာပါသည္။ ဇာတ္လမ္းအဆုံးသတ္သည္ႏွင့္ သူမထြက္ခြာသြားရမည္ျဖစ္၏။
ေက်ာက္စိမ္းအိမ္ေတာ္၏ ယာယီရာထူးေျပာင္းေ႐ႊ႕မႈႏွင့္ပတ္သက္၍ တိလင္းသည္ အေစာပိုင္းကေျပာခဲ့ေသးသည္။ ၎ကို ယာယီဟု ဆိုေသာ္လည္း၊ ခ်င္းေပၚသည္ တိလင္းကို ေက်ာက္စိမ္းအိမ္ေတာ္၏ ဆက္ခံသူအျဖစ္ မွတ္ယူထားၿပီးျဖစ္သည္။
"ဒါဆို........စာေရးဆရာက သူတို႔ဖန္တီးထားတဲ့ ဇာတ္ေကာင္ေတြရဲ႕ဆက္တင္ကို ေျပာင္းလဲနိုင္တာေပါ့"
စုယန္က ခဏစဥ္းစားၿပီး ေမးလိုက္သည္။
"ကြၽန္ေတာ္သာ ထာဝရအသက္ကို လိုခ်င္ရင္ အဲဒါကို ျဖည့္ဆည္းေပးနိုင္မလား?"
"ရတာေပါ့" ခ်င္းေပၚက ဆို၏။
"ဒါေပမယ့္ ထာဝရအသက္ကို ေ႐ြးခ်ယ္ဖို႔ ငါမင္းကို အႀကံမေပးခ်င္ဘူး။ ကုေဖးတိရဲ႕ ဆက္တင္ကို ငါမေျပာင္းနိုင္ဘူး။ ထာဝရအသက္ကို ေ႐ြးခ်ယ္ခဲ့ရင္ မင္းက ဒီကမာၻမွာ ထာဝရေသာင္တင္ေနလိမ့္မယ္။ မင္းက သူအသက္ႀကီးၿပီး ေသသြားတာ၊ မင္းပတ္ဝန္းက်င္က လူေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတာကို ေစာင့္ၾကည့္ေနရလိမ့္မယ္။ ေနာက္ဆုံးေတာ့ မင္းအတြက္ အဲဒါက နာက်င္ေစလိမ့္မယ္"
စုယန္က ေခါင္းညိတ္လိုက္သည္။
"ကြၽန္ေတာ္က ခင္ဗ်ားရဲ႕လုပ္ေဆာင္နိုင္စြမ္းကို ေမးၾကည့္႐ုံပါ"
ခ်င္းေပၚက ၿပဳံးၿပီး ေျပာေလ၏။
"သီအိုရီအရေျပာရရင္ စာေပမွာ အေကာင္ထည္ေဖာ္နိုင္တဲ့ သတ္မွတ္ခ်က္တစ္ခု ျဖစ္ေနသေ႐ြ႕ အဲဒါကို ငါလုပ္နိုင္တယ္။ ေမွာ္ဆန္တာေတြေတာင္ ျဖစ္နိုင္တယ္"
စုယန္က ခဏေလာက္ စဥ္းစားလိုက္ၿပီး ေမးလာသည္။
"ဥပမာ စိတ္ဖတ္နိုင္တာတို႔၊ ေက်ာက္ေတြကို ေ႐ႊအျဖစ္ေျပာင္းနိုင္တာတို႔၊ ေသတဲ့လူေတြကို ျပန္ရွင္သန္ေစနိုင္တာတို႔ေရာ ျဖစ္နိုင္လား?"
ခ်င္းေပၚက သူမလက္ေတြကို ျဖန႔္လိုက္ၿပီးဆိုသည္။
"မင္းက ဒီအရည္အခ်င္းေတြကို လိုခ်င္တာ ေသခ်ာတယ္ဆိုရင္ေတာ့ မျဖစ္နိုင္တာမဟုတ္ပါဘူး"
"ဒါဆို ကြၽန္ေတာ္ကုေဖးတိကို ေခတ္သစ္ကမာၻဆီ ေခၚသြားခ်င္ရင္ ဘယ္လိုလုပ္မလဲ? ဒါမွမဟုတ္ သူ႕ဝိညာဥ္ကို မတူညီတဲ့ကမာၻဆီ ေခၚသြားနိုင္မယ့္ စြမ္းအားမ်ိဳးဆိုရင္ေရာ?"
ခ်င္းေပၚ "......"
ခဏတိတ္ဆိတ္သြားၿပီးေနာက္ ခ်င္းေပၚက စုယန္၏ ပုခုံးကို ပုတ္ကာ ေျပာလိုက္သည္။
"လူငယ္ေလး... သိပ္ေလာဘမႀကီးနဲ႕"
စုယန္က ႏႈတ္ခမ္းကို စူလိုက္ၿပီး ဆိုသည္။
"ဘာလို႔လဲ? အဲဒီလိုလုပ္လို႔မရဘူးလား?"
ခ်င္းေပၚ : "ငါက စာေရးဆရာတစ္ေယာက္ပါ။ ငါဖန္တီးထားတဲ့ ဇာတ္ေကာင္ေတြကို ငါထိန္းခ်ဳပ္နိုင္ေပမယ့္ မင္းရဲ႕ဆႏၵက ကမာၻႏွစ္ခုကို လႊမ္းမိုးေနတယ္။ ဒါဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ? ဒါ့အျပင္ မင္းကို မေတာ္တဆ ဒီကမာၻထဲကို ဆြဲေခၚမိခဲ့တယ္... မင္းဒီကို ဘယ္လိုေရာက္လာခဲ့တာလဲဆိုတာ ငါကိုယ္တိုင္ေတာင္ နားမလည္ဘူး"
စုယန္သည္ ဤဆႏၵက အမွန္တကယ္ပင္ မျဖစ္နိုင္ေၾကာင္း သေဘာေပါက္သြားၿပီး သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။
သို႔ေသာ္ သူသည္ ထိုသို႔ေသာစြမ္းရည္မ်ိဳးကို အမွန္တကယ္လိုခ်င္ေပသည္။ ထို႔ေၾကာင့္ သူကေမးလိုက္၏။
"အဲဒါကို ခင္ဗ်ားစမ္းၾကည့္ဖူးလား? စမ္းၾကည့္လို႔ မရရင္ေတာ့ ထားလိုက္ပါ။ ကြၽန္ေတာ္ျပန္သြားၿပီး ေနာက္ထပ္ဆႏၵတစ္ခု ထပ္စဥ္းစားမယ္"
ခ်င္းေပၚက ကူကယ္ရာမဲ့ ေခါင္းညိတ္လိုက္သည္။
"ဒါဆို ငါမင္းအတြက္ စမ္းၾကည့္ေပးမယ္။ ဒါေပမယ့္ က်ရႈံးခဲ့ရင္ မင္းေနာက္ထပ္ဆႏၵကို ထပ္ေတာင္းဆိုလို႔ မရေတာ့ဘူး"
ထိုစကားကိုၾကားေတာ့ စုယန္က သူ႕ႏႈတ္ခမ္းကို ကိုက္ၿပီး ခဏေလာက္ စဥ္းစားလိုက္သည္။ ေနာက္ဆုံးတြင္ သူက ျပတ္ျပတ္သားသား ေျပာလိုက္၏။
"ကိစၥမရွိဘူး။ စမ္းၾကည့္လိုက္ပါ"
ခ်င္းေပၚက မ်က္လုံးမ်ားကို မွိတ္လိုက္သည္။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူမက မ်က္လုံးကိုဖြင့္လိုက္ၿပီး စုယန္အား ေမးလိုက္၏။
"အေျပာင္းအလဲတစ္ခုခု ခံစားရလား?"
စုယန္ အံ့အားသင့္သြားၿပီး ေခါင္းခါလိုက္သည္။
"ဘယ္လို အေျပာင္းအလဲမ်ိဳးလဲ?"
ခ်င္းေပၚက သက္ျပင္းခ်လိဳက္ေလ၏။
"ၾကည့္ရတာ ဒါကအလုပ္မျဖစ္ပုံရတယ္.."
သူမ စကားမဆုံးမီတြင္ သူမ၏ပခုံးေပၚ၌ တည္တည္ၿငိမ္ၿငိမ္ရွိေနသည့္ အစိမ္းေရာင္ငွက္ငယ္ေလးသည္ အနည္းငယ္စိတ္လႈပ္ရွားေနသကဲ့သို႔ စုယန္၏ မ်က္လုံးမ်ားေရွ႕သို႔ တေ႐ြ႕ေ႐ြ႕ ပ်ံဝဲလာသည္။
စုယန္က အနည္းငယ္ စိတ္ရႈပ္ေထြးေနေသးၿပီး မသိစိတ္က သူ႕လက္ဖဝါးကို ျဖန႔္ေပးလိုက္သည္။
သူက ခ်င္းေပၚကိုၾကည့္ၿပီး ေမးလိုက္၏။
"ဘာျဖစ္ေနတာလဲ?"
ခ်င္းေပၚသည္ ငွက္ငယ္ကို သံသယျဖင့္ စိုက္ၾကည့္ေနသည္။ သူမ ခန႔္မွန္းလို႔မရေသးခင္မွာပဲ စုယန္ရဲ႕ လက္ဖဝါးေပၚ၌ အေတာင္ပံခတ္ေနေသာ ငွက္ငယ္ေလးသည္ ပုလဲႏွင့္တူေသာ အျဖဴေရာင္ ငွက္ဥေလး တစ္ဥကို ဥခ်လိဳက္ေလ၏။
စုယန္ "......"
ခ်င္းေပၚ "......"
ထို႔ေနာက္မွာေတာ့ အစိမ္းေရာင္ငွက္ငယ္ေလးဟာ ခ်င္းေပၚရဲ႕ ပခုံးဆီကို ပ်ံသန္းသြားၿပီး အရင္က ဘာမွ မျဖစ္ခဲ့သလိုမ်ိဳး ၿငိမ္သက္စြာ တည္ရွိေနခဲ့သည္။
စုယန္က သူ႕လက္ဖဝါးေပၚရွိ ငွက္ဥကို ခဏေလာက္ တိတ္တဆိတ္ စစ္ေဆးၿပီးေနာက္ ခ်င္းေပၚအား ေမးလိုက္သည္။
"ဒါက ဘာအဓိပၸာယ္လဲ?"
ခ်င္းေပၚသည္ ငွက္ဥကို ေစ့ေစ့စပ္စပ္ ၾကည့္လိုက္၏။သူမသည္ အခ်ိန္အေတာ္ၾကာေအာင္ တုံ႕ဆိုင္းေနခဲ့သည္။
"ေလာေလာဆယ္ေတာ့ ငါလည္း မသိေသးဘူး။ ဒါေပမယ့္ မင္းရဲ႕ဆႏၵက ကုန္ဆုံးသြားတာေတာ့ ေသခ်ာတယ္။ ဒါေၾကာင့္ ဒီငွက္ဥက သက္သက္ပဲ...... ေရွာင္ေဆြ႕ရဲ႕ဇစ္ျမစ္က အံ့ဩစရာေကာင္းတယ္။ ဒီငွက္ဥေပါက္တဲ့အခါမွ ဘာလဲဆိုတာ သိရလိမ့္မယ္"
သူမက ငွက္ဥကို လက္ညွိုးျဖင့္ ၫႊန္လိုက္သည္။ အနီေရာင္ပိုးခ်ည္တစ္ႀကိဳးထြက္လာၿပီး ငွက္ဥကို ရစ္ပတ္လိုက္ကာ ဆြဲသီးအျဖစ္ေျပာင္းလဲသြားေစ၏။
"ဒါဘယ္ေတာ့ေပါက္မလဲဆိုတာေတာ့ မသိဘူး။ ကိုယ္နဲ႕မကြာ ေဆာင္ထားလိုက္ပါ"
စုယန္က ငွက္ဥကို လည္ပင္းမွာ ဆြဲလိုက္ၿပီး တိတ္တဆိတ္ ရပ္ေနလိုက္သည္။ ခဏၾကာေတာ့ သူကဆို၏။
"ဒါဆို ကြၽန္ေတာ္ျပန္လို႔ရၿပီလား?"
ခ်င္းေပၚကလည္း ထိုငွက္ဥကို ဘာလုပ္ရမယ္ဆိုတာ မေသခ်ာတဲ့အတြက္ သူမက ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။
"ေကာင္းၿပီ မင္းျပန္လို႔ရၿပီ။ ငါရက္အနည္းငယ္ေတာ့ ပုလဲစံအိမ္ေတာ္မွာ ရွိေနအုံးမယ္။ တစ္ခုခုျဖစ္သြားရင္ ငါ့ကို အခ်ိန္မေ႐ြး လာရွာလို႔ရတယ္။ တကယ္လို႔ ငါမရွိရင္လည္း စာခ်န္ထားခဲ့။ ငါျပန္လာရင္ မင္းကိုလာရွာမယ္"
ခ်င္းေပၚက တစ္ခုခုကို ႐ုတ္တရတ္သတိရၿပီး ေျပာလိုက္သည္။
"ဟုတ္သားပဲ ဒါကို ေဖးေဖးဆီ ေပးေပးပါ"
သူမ၏ လက္ဖဝါးကို လွန္လိုက္ရာ သူမ၏လက္ထဲတြင္ စာအုပ္တစ္အုပ္ ေပၚလာသည္။ မ်က္ႏွာဖုံးတြင္ 'ဇာမဏီ၏ကပ္ဆိုးမီးေတာက္' ဟူေသာ စာသားကို ရွင္းရွင္းလင္းလင္းျမင္နိုင္၏။
"ျပႆနာေတြကို ေျဖရွင္းဖို႔ မင္းတို႔ႏွစ္ေယာက္ ဒီနည္းစနစ္ကို က်င့္သုံးနိုင္တယ္။ မင္းတို႔ ႏွစ္ကိုယ္တူ က်င့္ႀကံဖို႔ သတိရပါ!"
စုယန္က ခ်င္းေပၚရဲ႕လက္ထဲက စာအုပ္ကိုယူလိုက္ၿပီး တစ္စုံတစ္ခုကို ေရ႐ြတ္လိုက္သည္။
ခ်င္းေပၚက မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ေမးေလ၏။
"မင္းငါ့ကို ဘယ္လိုေခၚလိုက္တယ္?"
စုယန္ : "ဘာမွမဟုတ္ပါဘူး...မင္းက နားလည္လြယ္တဲ့ စာေရးဟန္ကို အသုံးျပဳၿပီး သူတို႔ မင္းကို သံသယဝင္မွာ မစိုးရိမ္တာေၾကာင့္ ငါအံ့ဩေနတာ။ ဒါေပမယ့္ မင္းစကားေျပာတာ ဘာလို႔ဒီေလာက္ႏူးညံ့ေျပျပစ္ရတာလဲ?"
ထိုေမးခြန္းကို ၾကားေသာအခါ၊ ခ်င္းေပၚသည္ သူမ၏နဖူးေပၚတြင္ လက္ကိုတင္လိုက္ၿပီး ညည္းၫူလိုက္သည္။
"ဒါက စနစ္ ခ်ိဳ႕ယြင္းမႈေၾကာင့္ပါ။ ငါကြန္ပလိန္းတက္ခ်င္ေနတာ ၾကာၿပီ......"
"စာေတြေရးတဲ့အခါ ကန႔္သတ္ခ်က္ေတြ သိပ္မရွိဘူး၊ ဒါေပမယ့္ သုံးဖို႔အတြက္ စာလုံးေတြကို လဲလွယ္ဖို႔ လိုအပ္ၿပီး အမ်ားႀကီး ေျပာင္းလဲလို႔မရဘူး။ ငါမင္းကို ဘယ္လိုရွင္းျပရမလဲ? တကယ္ေတာ့ သူတို႔နဲ႕ စကားေျပာတဲ့အခါ ငါေျပာခ်င္တာကို မေျပာနိုင္ဘူး။စနစ္က ေ႐ြးခ်ယ္မႈေတြ ေပးလိမ့္မယ္။ ငါက ေ႐ြးခ်ယ္ၿပီးရင္ ၫႊန္ၾကားခ်က္ေတြကိုလိုက္နာရတယ္... အဲဒါက ငါ့ကို ေခါင္းကိုက္ေစတယ္"
ဤရွင္းျပခ်က္ကို ၾကားလိုက္ၿပီးေနာက္ စုယန္သည္ မည္သို႔တုံ႕ျပန္ရမွန္း မသိေပ။
သူသည္ ခ်င္းေပၚကို လက္ျပႏႈတ္ဆက္ၿပီးေနာက္ ထြက္ခြာသြားခဲ့သည္။
ပုလဲစံအိမ္ေတာ္မွ ထြက္ခြာၿပီးေနာက္ စူယန္သည္ ႀကိဳးတံတားသို႔ အျမန္ျပန္လာခဲ့သည္။
သူျပန္ထြက္လာတာကိုျမင္ေတာ့ ကုေဖးတိက ခ်က္ခ်င္းေျပးလာၿပီး ေမးေလ၏။
"ဘယ္လိုလဲ? က်ိန္စာကို ဖ်က္နိုင္လား?"
"အင္း" စုယန္က ၿပဳံးၿပီး ေျပာလိုက္သည္။
"က်ိန္စာအတြက္ စိတ္ပူစရာ မလိုေတာ့ဘူး။ ငါတို႔ အခ်ိန္အၾကာႀကီး အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနနိုင္ၿပီ"
ကုေဖးတိ: "တကယ္ဟုတ္လို႔လား?"
စုယန္က သူကိုင္ထားသည့္ 'ဇာမဏီ၏ကပ္ဆိုးမီးေတာက္' စာအုပ္ကို ကုေဖးတိအား ေပးရင္း ရယ္ေမာလိုက္သည္။
"ၾကည့္စမ္း၊ ရွစ္ဇြင္းက ဒီစာအုပ္ကို ေပးခဲ့တယ္။ အခု ငါေျပာတာကို ယုံၿပီလား?"
ကုေဖးတိသည္ စာအုပ္ကိုယူလိုက္ၿပီး သူ႕မ်က္လုံးမ်ားတြင္ တက္ႂကြမႈအျပည့္ျဖစ္ေနသည္။ သူ၏စိတ္လႈပ္ရွားမႈကို ခက္ခက္ခဲခဲ ဖုံးကြယ္ၿပီး စုယန္အား သူ႕ရင္ခြင္ထဲသို႔ ဆြဲသြင္းကာ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ရန္ျပင္လိုက္၏။
"ေဟ့ေဟ့! သတိထား!"
စုယန္သည္ ဤတစ္ႀကိမ္တြင္ ကုေဖးတိကို ျပန္လည္ေပြ႕ဖက္ရန္ အဆင္မေျပခဲ့ေပ။ သူသည္ သူ႕ရင္ဘတ္ကို မဖိမိမီ ကုေဖးတိအား တံေတာင္ဆစ္ျဖစ္ တြန္းထုတ္လိုက္၏။
ကုေဖးတိက ရႈပ္ေထြးသြားၿပီး ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ?"
စုယန္က သူ႕လည္ပင္းက ဆြဲႀကိဳးကို စစ္ေဆးလိုက္သည္။ ငွက္ဥေလး ေဘးကင္းသည္ကို ျမင္ေသာအခါ သူသက္ျပင္းတစ္ခ်က္ခ်လိဳက္၏။
စုယန္က ကုေဖးတိအား ငွက္ဥကို ျပလိုက္သည္။
"ဒါက ရွစ္ဇြင္းရဲ႕ အစိမ္းေရာင္ငွက္ငယ္ေလးရဲ႕ဥပဲ။ ရွစ္ဇြင္းက ငါ့ကိုေစာင့္ေရွာက္ဖို႔ ေပးခဲ့တာ။ မကြဲသြားေအာင္ ေကာင္းေကာင္းကာကြယ္ဖို႔ လိုတယ္..."
ကုေဖးတိသည္ ငွက္ဥကို သံသယစိတ္ျဖင့္ ၾကည့္လိုက္သည္။
ခဏအၾကာတြင္ သူက ေျပာလိုက္၏။
"အဲဒီငွက္က ထူးျခားၿပီး ဒီဥကလည္း ထူးျခားမွာ ေသခ်ာတယ္။ အခုပဲ တိလင္း ရွစ္က်ဲ ျဖတ္သြားတာ ကိုယ္ေတြ႕လိုက္ရတယ္။ သူမက ရက္ပိုင္းေလာက္ေနရင္ ရွစ္ဇြင္းက ေက်ာက္စိမ္းအိမ္ေတာ္ကေန ထြက္သြားမယ္လို႔ ေျပာခဲ့တယ္။ ရွစ္ဇြင္းက ဒါကို မင္းကို ေပးလိုက္တာက... မင္းကို ေက်ာက္စိမ္းအိမ္ေတာ္ကို လက္လႊဲေပးခ်င္တာကို ဆိုလိုတာမ်ားလား?"
စုယန္သည္ ထိုသို႔မဟုတ္ေသာ္လည္း ထိုကဲ့သို႔ယူဆနိုင္မည္ဟု မေမွ်ာ္လင့္ထားခဲ့ေပ။ သို႔ေသာ္၊ ခ်င္းေပၚသည္ ေက်ာက္စိမ္းအိမ္ေတာ္၏သခင္အသစ္အတြက္ တိလင္းကို ပို၍သေဘာက်ခဲ့သည္။
စုယန္က ၿပဳံးလိုက္ၿပီး ဆို၏။
"ရွစ္ဇြင္းက ဘာမွမေျပာခဲ့ပါဘူး၊ ဒါေၾကာင့္ အခုကစၿပီး ေနာင္ဘာျဖစ္မယ္ဆိုတာ မခန႔္မွန္းနဲ႕။ ဒီငွက္ဥ ေပါက္လာေတာ့မွ ၾကည့္ၾကတာေပါ့။ ေလာေလာဆယ္ေတာ့... ေႏြဦးသက္ဝင္ဥယ်ာဥ္ကို ျပန္သြားၿပီး ဒီနည္းပညာကို ေလ့က်င့္လိုက္ရေအာင္။ ငါ့ေမြးေန႕ၿပီးတာနဲ႕ ငါတို႔ မိစာၦဂိုဏ္းခ်ဳပ္ကို ဆက္သြယ္ၿပီး သူ႕ကို ကူအဆိပ္ဖယ္ရွားဖို႔ကူညီေပးရမယ္"
ကုေဖးတိ ေခါင္းညိတ္လိုက္သည္။ သူတို႔ႏွစ္ဦးသည္ လက္ဆယ္ေခ်ာင္းကို ယွက္ႏြယ္ကာ ေႏြဦးသက္ဝင္ ဥယ်ာဥ္သို႔ ျပန္ခဲ့ၾကေလ၏။
_9.3.24
Thank for reading ❣️