Unicode
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
[သူတို့က ငယ်ရွယ်တဲ့ အိမ်ထောင်သည် စုံတွဲတွေလို ထင်ထင်ရှားရှား ပရောပရည်လုပ်နေကြတာပဲ!]
စုယန်နှင့် ကုဖေးတိတို့သည် နှစ်ကိုယ်တူကျင့်ကြံခြင်းနည်းလမ်းကို အောင်မြင်စွာရရှိခဲ့ပြီး နှစ်သစ်ကူးအကြိုကာလသည် နီးကပ်လာခဲ့သည်။ သူတို့သည် ပြန်သွားရန် အလျင်စလိုမရှိခဲ့ကြပေ။
နှစ်ယောက်သား ကျွင်းယိုတောင်ခြေရွာ၌ ခြံဝင်းငယ်တစ်ခုကို ငှားခဲ့ကြသည်။ နှစ်သစ်ကူးအကြိုနေ့သို့ နီးကပ်လာသောကြောင့် သူတို့နှစ်ဦးသည် နောက်ဆုံးစျေးဖွင့်သည့်နေ့တွင် စျေးဝယ်ထွက်ခဲ့ကြပြီး ကျောက်စိမ်းအိမ်တော်သို့မပြန်မီ အတူတကွ ဖြတ်ကျော်ရန် ပြင်ဆင်နေကြပါသည်။
နှစ်သစ်ကူးနေ့၌ စုယန်နှင့် ကုဖေးတိသည် အပြင်မထွက်ခဲ့ကြပေ။ သူတို့သည် နှစ်သစ်ကူးအငွေ့အသက်လေးရစေရန် ဤလူသူမရှိသည့် ခြံဝင်းကို အလှဆင်ရန် စီစဉ်ခဲ့ကြသည်။
ဥပမာအားဖြင့် နှစ်သစ်ကူးဆုတောင်းစာများ ချိတ်ဆွဲခြင်း၊ '福'ဖူ (ကောင်းချီး)ဟူသော စကားလုံးကို အနီရောင် စာရွက်ပေါ်တွင်ရေးကာ အိမ်တံခါး၊ နံရံနှင့် ပြတင်းပေါက်များတွင် ကပ်ခြင်းများကို ပြုလုပ်ခဲ့သည်။
စုယန်၏ လက်ရေးလှစွမ်းရည်မှာ ညံ့ဖျင်းသောကြောင့် စုတ်ချက်များသည် ရောယှက်နေပြီး အပြင်လူများသည် မည်သည့်စာလုံးကို ရေးထားကြောင်း မသိနိုင်ပေ။ ထို့ကြောင့် နှစ်သစ်ကူးဆုတောင်းစာနှင့် 'ဖူ'စာလုံးများကို ကုဖေးတိအား ရေးသားရန် တာဝန်ပေးအပ်ခဲ့ရသည်။
ကုဖေးတိအတွက် ၎င်းဟာ မခက်ခဲပါချေ။ သူသည် ယမန်နှစ်က သူ၏မိသားစုရေးခဲ့သည့်အတိုင်း ဆုတောင်းစာကိုရေးခဲ့ပြီး စုယန်အား ကော်သုတ်ပေးရန် အကူအညီတောင်းခဲ့သည်။ သို့သော် စုယန်က ကော်သုတ်တံနဲ့ မရင်းနှီးဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် တစ်ခါသုတ်လိမ်းလိုက်တိုင်း စာရွက်ကို ရွေ့မသွားစေရန် လက်ဖြင့်ဖိထားရသည်။ ရလဒ်အနေဖြင့် စာရွက်သည် တွန့်ကြေသွားကာ ကော်များသည် အနီရောင်စက္ကူထောင့်မှ ယိုစိမ့်လာပြီး သူ့လက်များကို အနီရောင်ဆိုးဆေးများ ပေကျံသွားစေသည်။
ကုဖေးတိသည် မကူညီခဲ့ဘဲ ဘေးမှာရပ်ကြည့်ကာ ရယ်မောနေလေ၏။
အခက်အခဲများစွာဖြင့် ကော်သုတ်လိမ်းပြီးနောက် ကုဖေးတိသည် ၎င်းအား အိမ်တံခါးတွင်ကပ်ရန် သူ့ထံမှ ယူခဲ့သည်။ စုယန်က သူ့လက်တွေကို ကြည့်ပြီး ကုဖေးတိအား ရေဆေးရန် ကူညီခိုင်းမည်အပြု ကုဖေးတိက ပြောလာသည်။
"ရှောင်ရှောင် ကြည့်ပါအုံး။ ဒီအနေအထားဆိုရပြီလား?"
"ဒီထက်နည်းနည်းပိုမြှင့်လိုက်ရင်ကောင်းမယ်"
စုယန်သည် အနားသို့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီး စာရွက်ကို အသေအချာ ကပ်နေသော ကုဖေးတိကို ကြည့်လိုက်သည်။ သူက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ဆို၏။
"အင်း၊ ဒါဆိုရပြီ။ ပြီးပြည့်စုံတယ်။ မင်းပြီးရင် ငါ့ကိုလာကူညီပေးအုံး"
ကုဖေးတိက စုယန်ဘက်သို့ လှည့်ကာ မေးသည်။
"ဘာကူညီပေးရမလဲ?"
စုယန်သည် သူ၏ နီရဲနေသောလက်များဖြင့် ကုဖေးတိ၏ပါးပြင်ပေါ်၌ ကြောင်နှုတ်ခမ်းမွှေးသုံးချောင်းကို ရေးဆွဲလိုက်လေ၏။
"ဒါ ခုနက ငါ့ကိုမကူညီခဲ့တဲ့အတွက်ပဲ!" သူက ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ပြီးတော့ ငါ့ကို ရယ်တဲ့အတွက်ရော!"
ကုဖေးတိက သူ့ကို နောက်ပြောင်ခွင့်ပေးထားကာ ပြုံးလိုက်သည်။
"လျှောက်ဆော့မနေနဲ့။ မင်းရဲ့လက်ကိုမဆေးခင် ကျန်တဲ့စာရွက်တွေကို ကော်သုတ်လိုက်အုံး"
စုယန် "......"
စုယန်က နှုတ်ခမ်းစူလိုက်ပြီး လက်ကိုမြှောက်ကာ ကုဖေးတိ၏မျက်ခုံးကြားတွင် အနီစက်လေးတစ်ခု တို့လိုက်သည်။
သူတို့နှစ်ဦးသည် အချင်းချင်း စနောက်ပြီးနောက် ခဏအကြာတွင် စာရွက်အားလုံးကို လိုက်ကပ်လိုက်ကြသည်။
ထိုအချိန်တွင် အမျိုးသမီးသိုင်းပညာရှင် နှစ်ယောက်သည် ခြံဝင်းရှေ့မှ ဖြတ်သွားကြ၏။ အိမ်အဝင်ဝတွင် ရယ်မောပျော်ရွှင်စွာ ဆော့ကစားနေသည့် ကောင်လေးနှစ်ယောက်ကို တွေ့လိုက်သောအခါတွင် သူတို့ မရယ်ဘဲမနေနိုင်ပေ။
"ဒီတည်းခိုခန်းမှာနေတဲ့ ညီအစ်ကိုတွေက တော်တော်ဆက်ဆံရေးကောင်းပုံရတယ်" အမျိုးသမီးတစ်ဦးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
အခြားအမျိုးသမီးက စုယန်ကို ကြည့်လိုက်ပြီးဆို၏။
"ဘယ်သူက ညီအစ်ကိုတွေလဲ? အဲဒီ အလှလေးက ယောက်ျားအသွင်ဆောင်ထားတဲ့ မိန်းမတစ်ယောက်ပဲ ဖြစ်ရမယ်........ သူတို့က ငယ်ရွယ်တဲ့ အိမ်ထောင်သည် စုံတွဲတွေလို ထင်ထင်ရှားရှား ပရောပရည်လုပ်နေကြတာပဲ!"
"ဟုတ်တယ် နင်ပြောတာမှန်မယ်ထင်တယ်!"
စုယန် "......"
ကုဖေးတိ "......"
ထို 'အိမ်ထောင်သည်စုံတွဲငယ်' သည် တီးတိုးစကားသံများကို ကြားလိုက်ရပြီး မပြုံးဘဲမနေနိုင်ခဲ့ပေ။
သူတို့သည် အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြပြီး ရေခတ်ကာ လက်များနှင့် မျက်နှာကို အတူတူ ဆေးကြောခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် နှစ်သစ်ကူးညစာအတွက် ဘာစားရမည်ကို စိုးရိမ်လာကြသည်။
စုယန်သည် အချိန်တစ်ခုကြာအောင် တစ်ယောက်တည်း နေထိုင်ခဲ့ပြီး ရိုးရှင်းသော ဟင်းလျာများကို ချက်ပြုတ်တတ်သော်လည်း ဤရှေးဟောင်းအိမ်ရှိ မြေသားမီးဖိုကို လုံးဝအသုံးမပြုနိုင်ခဲ့ပေ။ ထို့အပြင် မြေသားမီးဖိုသည် ကြော်လှော်ရန် မသင့်လျော်ပေ။ များသောအားဖြင့် ပြုတ်ဖို့သာ အသုံးပြုနိုင်သည်။
"မင်း ဒီမီးဖိုကို ဘယ်လိုသုံးရမယ်ဆိုတာ သိတယ်မဟုတ်လား?" စုယန်က မီးဖိုနားမှာ ငုတ်တုတ်ထိုင်ရင်း ကုဖေးတိကို မေးလိုက်သည်။
"မသိဘူး" ကုဖေးတိက ခပ်မြန်မြန်ဖြေသည်။
"မင်းတို့အိမ်မှာ ဒီလိုမြေသားမီးဖို မသုံးဘူးလား? ဒါဘယ်လိုမှမဖြစ်နိုင်ဘူး!" စုယန်က မယုံကြည်ပေ။
ကုဖေးတိသည် စုယန် နံဘေးတွင် ထိုင်ကာ သူနှင့်အတူ မီးဖိုကို စစ်ဆေးခဲ့သည်။ သူက ပေါ့ပေါ့ပါးပါး ဆိုလေ၏။
"ကိုယ်မီးဖိုချောင်ထဲကို တစ်ခါမှ မရောက်ဖူးပေမယ့် မီးဖိုတွေအားလုံးက အတူတူပဲဖြစ်မယ်ထင်တယ်"
စုယန်က ခဏလောက် နှုတ်ဆိတ်နေပြီးနောက် ပြောလေ၏။
"......မထူးဆန်းပါဘူးလေ။ မင်းက ငယ်ငယ်ကတည်းက သခင်လေးတစ်ယောက်ဖြစ်ခဲ့တာပဲ"
ကုဖေးတိက ရယ်မောလိုက်ပြီး ထင်းအနည်းငယ်ကို ကောက်ယူကာ မီးဖိုအောက်သို့ ထည့်လိုက်သည်။ ထို့နောက် မီးညှိပြီး မီးဖိုအား အပူပေးလိုက်၏။
စုယန်သည် ခြောက်သွေ့သော အပူရှိန်ကြောင့် မြေအိုးကွဲသွားခြင်းမှ ကာကွယ်ရန် အိုးကို ရေအနည်းငယ်ဖြည့်လိုက်သည်။
"ဒါဆို မင်းက မီးညှိနည်းကိုတော့ သိသေးတာပေါ့"
ကုဖေးတိက ဆိုသည်။
"အဲဒါကို ဒီလိုလုပ်ရတာလို့ ကိုယ်ထင်တာပဲ"
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် စုယန်သည် ဖက်ထုပ်အချို့ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကုဖေးတိသည် ဖြည့်စွက်စာများကို ပြင်ဆင်ရန် ညွှန်ကြားခံရပြီး စုယန်သည် ကြီးလေးသောတာဝန်ဖြစ်သည့် ဂျုံကို ဆုပ်နယ်ရန် တာဝန်ယူခဲ့သည်။ ကံကောင်းထောက်မစွာ၊ ကုဖေးတိသည် ယခင်က မချက်ပြုတ်ဖူးသော်လည်း ဟင်းချက်ပစ္စည်းများကိုအသုံးပြုရာတွင် အလွန်ကျွမ်းကျင်ပါသည်။ ဖြည့်စွက်စာများကို မှန်ကန်မျှတအောင် လှီးဖြတ်ရန် လုံလောက်သည့် လက်နှင့် လက်ကောက်ဝတ်ကို ပိုင်ဆိုင်ထားသည်။
စုယန်သည် ဖက်ထုပ်ထုတ်နည်းကို ကုဖေးတိအား သင်ပေးခဲ့သည်။ ကုဖေးတိသည် လိမ္မာပါးနပ်ပြီး စုယန်၏ လုပ်ထုံးလုပ်နည်းကို ကြည့်ရုံဖြင့် လွယ်လင့်တကူ သင်ယူနိုင်ခဲ့သည်။
စုယန်သည် သူ၏သင်ယူနိုင်စွမ်းကို သတိပြုမိပြီး နှုတ်ခမ်းများကို တွန့်ကွေးကာ မချီးကျူးဘဲမနေနိုင်ပေ။
"...... ဇာတ်လိုက်ကတော့ အမြဲအံ့မခန်းပါပဲ"
ကုဖေးတိက ပြုံးပြီး မေးလိုက်သည်။
"အဲဒါကဘာကိုဆိုလိုချင်တာလဲ?"
စုယန်က ကုဖေးတိကို ပြုံးပြလိုက်ပြီး ပြန်မဖြေပေ။
သူတို့နှစ်ဦးသည် အပေးအယူမျှစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ တစ်ယောက်က အစာထည့်ပြီး နောက်တစ်ယောက်က ဖက်ထုပ်ထုတ်လေ၏။ ဤသို့ဖြင့် များမကြာမီအချိန်တွင် အိုးတစ်လုံးစာ ဖက်ထုပ်များကို အပြီးသတ်နိုင်ခဲ့လေသည်။
စုယန်က လက်ကျန်ဂျုံသားကို ခေါက်ဆွဲဖြစ်အောင် လုပ်လိုက်ပြီး ဆို၏။
"တကယ်တော့ ငါဖက်ထုပ်စားတိုင်း လက်ကျန်ဂျုံသားကနေလုပ်ထားတဲ့ ခေါက်ဆွဲကို စားရတာ သဘောကျတယ်...။ ဘာလို့မှန်းမသိပေမယ့် အဲဒီခေါက်ဆွဲက ပုံမှန်နဲ့မတူဘဲ အရမ်းစားကောင်းတယ်"
ကုဖေးတိက ပြုံးလိုက်ပြီး ဆိုလေသည်။
"အဲဒါဆို မင်းက အဲဒီခေါက်ဆွဲတွေစား။ ကိုယ်က ဖက်ထုပ်စားမယ်"
စုယန်က ရယ်မောလိုက်ပြီးဆို၏။
"မင်းက အခုတော့ ငါ့အပေါ်မှာ ကြင်နာမှုတွေ လျော့နည်းလာပြီပေါ့လေ!"
ကုဖေးတိကလည်း သဘောကျစွာ ရယ်မောလိုက်သည်။
စုယန်က ဖက်ထုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပြုတ်နေတာကို သတိပြုမိပြီး ကုဖေးတိက မေးလိုက်၏။
"ဒီလိုပြောပုံအရ မင်းအတိတ်က ဖက်ထုပ်တွေကို အများကြီး စားခဲ့ဖူးပုံရတယ်။ မင်းရဲ့စားဝတ်နေရေးက မဆိုးခဲ့ဘူးမဟုတ်လား?"
ကုဖေးတိက စုယန်၏အတိတ်ဘဝအကြောင်းမေးသည်မှာ ပထမဆုံး အကြိမ်ပင်ဖြစ်သည်။
စုယန်သည် ပြန်ဖြေခဲ့၏။
"တကယ်တော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ အနည်းဆုံး ငါ့မှာ ကိုယ်ပိုင်တိုက်ခန်းရှိပြီး ငွေရေးကြေးရေးလည်း ပြည့်စုံတယ်။ ငယ်ငယ်ကတည်းက ငါ့ပတ်ဝန်းကျင်က လူတွေက ငါ့ကို ကောင်းကောင်းဆက်ဆံကြတယ်။ မကောင်းတဲ့လူတွေ ဒါမှမဟုတ် အခက်အခဲတွေနဲ့လည်း တစ်ခါမှ မကြုံဖူးဘူး။ ငါပျော်တာ ဘာမဆို လုပ်နိုင်တယ်... အခု ငါပြန်စဉ်းစားကြည့်လိုက်တော့ ငါ့မှာ ကောင်းမွန်တဲ့ဘဝတစ်ခု ရှိခဲ့တာပါလား"
"ဒါဆို မင်းအသက်ဘယ်လောက်ရှိပြီလဲ" ကုဖေးတိက ထပ်မေးသည်။
"ငါဒီကိုစရောက်တုန်းက အသက်နှစ်ဆယ့်တစ်နှစ်ရှိပြီ။ငါ့ဝိညာဉ်ရဲ့အသက်ကိုအခြေခံပြီး တွက်မယ်ဆိုရင် အခုအသက်နှစ်ဆယ့်လေးနှစ်လောက်ဖြစ်လိမ့်မယ်"
"နှစ်ဆယ့်တစ်နှစ်.. ဒါဆို သရဖူဆောင်းပြီးပြီပဲ......" ကုဖေးတိက ခဏတာ ရေရွတ်လိုက်ပြီးနောက် တွန့်ဆုတ်စွာ မေးလာသည်။
"မင်း... အိမ်ထောင်ပြုဖူးလား?"
စုယန်သည် ထိုမေးခွန်းကိုကြားသောအခါ မျက်နှာပေါ်တွင် အပြုံးကြီးကြီးတစ်ခု ပေါ်လာသည်။
"ဘာလို့ အခုမှ လာမေးတာလဲ? နည်းနည်းနောက်ကျနေပြီလို့ မထင်ဘူးလား?"
ကုဖေးတိက ဆိုလေ၏။
"ကိုယ်ဒါကို အရင်က မမေးရဲခဲ့ဘူး"
"မမေးရဲတဲ့ တခြားဘာတွေရှိသေးလဲ? မင်းမေးသမျှ ငါဖြေပေးမယ်လေ"
ကုဖေးတိက စုယန်ကို စိုက်ကြည့်လိုက်သည်။
"ဒါဆို မင်းအိမ်ထောင်ပြုဖူးလား?"
"မပြုဖူးဘူး" စုယန်က ပြုံးပြီးပြောလိုက်သည်။
"ဟိုကလူတွေက အိမ်ထောင်ပြုတာနောက်ကျကြတယ်။ အသက်သုံးဆယ်လောက်မှ အိမ်ထောင်ပြုကြတာများတယ်... ငါတို့ဆီမှာ လူအများစုက နှစ်ဆယ့်တစ်နှစ်မှာမှ ကျောင်းပြီးကြတာလေ။ သူတို့ ဘယ်လိုလုပ် အိမ်ထောင်ချက်ချင်းပြုနိုင်မှာလဲ? ဒါ့အပြင်....ငါကြိုက်တဲ့သူနဲ့လည်း မတွေ့ခဲ့ရဘူး"
ဤအဖြေကိုကြားသောအခါ၊ ကုဖေးတိသည် စုယန်အား ကြည်လင်ရွှင်လန်းသောအမူအရာဖြင့် စူးစိုက်ကြည့်နေသည်။
တခဏချင်းမှာပဲ သူ တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။
"ကြားရတာ မင်းရဲ့မွေးရပ်မြေက အလယ်ပိုင်းလွင်ပြင်နဲ့ တော်တော်ကွဲပြားမယ့်ပုံပဲ... မင်းရဲ့ဇာတိက ဘယ်မှာလဲ?"
စုယန်က ပြုံးလိုက်သည်။
"ငါ့ရဲ့ မွေးရပ်မြေက အရမ်းထူးခြားတဲ့ နေရာတစ်ခုပဲ"
သူက အိုးအဖုံးကိုဖွင့်ကာ ဖက်ထုပ်များကို မွှေလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ ဆို၏။
"ဒီမီးဖိုကို ဥပမာယူပြီးပြောမယ်။ ငါ့မွေးရပ်မြေမှာဆိုရင် ခလုတ်တစ်ခုကို လှည့်လိုက်ရုံနဲ့ မီးတောက်လာလိမ့်မယ်။ မီးတောက်မပါပဲ ချက်ပြုတ်နိုင်တဲ့ မီးဖိုတွေနဲ့ အိုးတွေတောင် ရှိသေးတယ်။ ဒါ အံ့ဩစရာကောင်းတယ် မဟုတ်လား?"
ကုဖေးတိသည် အံ့ဩသွားခြင်းမရှိဘဲ ထိုအစား တစ်ခုခုကို တွေးမိကာ ရယ်မောလိုက်လေ၏။
"ဒါကြောင့် မင်းက မီးမမွှေးတတ်တာတောင် ဖက်ထုပ်စားဖူးတာကို!"
သူက စုယန် ဘာမှပြန်မပြောနိုင်ခင်မှာ ဆက်ပြောလိုက်သည်။
"မင်းရဲ့မွေးရပ်မြေမှာ အလင်းရောင်ရဖို့ မိီးတိုင်ထွန်းစရာလဲ မလိုဘူးမလား?"
စုယန်က အံ့အားသင့်သွား၏။
"မင်းဘယ်လိုသိတာလဲ?"
ကုဖေးတိက ဆိုလေသည်။
"ကိုယ်တို့ ကျောက်စိမ်းအိမ်တော်မှာတုန်းက မင်း မီးတိုင်မထွန်းတတ်တာကို မှတ်မိနေသေးတယ်"
စုယန် "......"
စုယန်က သက်ပြင်းချလိုက်ပြီး မေးလေသည်။
"ချစ်ရှစ်တိလေး.. ငါပြောသမျှကို မင်းတကယ်ယုံတာပဲလား?"
ကုဖေးတိက ဆိုသည်။
"မင်းပြောသမျှ ကိုယ်ယုံတယ်"
စုယန်သည် အချိန်အတော်ကြာအောင် ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။
သူသည် ကြယ်များကဲ့သို့ တောက်ပနေသော ကုဖေးတိ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ၎င်းတို့တွင် သူ့အား သရော်လှောင်ပြောင်မှု အရိပ်အမြွက်မျှပင် မရှိပါ။
ရုတ်တရက် စုယန်သည် သူ၏ကမ္ဘာကြီးအကြောင်းအားလုံးကို ကုဖေးတိအား ရှင်းပြရန် စိတ်အားထက်သန်လာခဲ့သည်။
သူသည် သူ၏ကမ္ဘာသို့ ပြန်သွားနိုင်မည်လားဆိုသည်ကို မသိပါ။ သူ ကုဖေးတိကို ခေါ်ဆောင်သွားနိုင်မည်လားဆိုသည်ကိုလည်း မသိပါချေ။
စူးရှသော အသံတစ်ခုက စုယန်ကို အတွေးကမ္ဘာထဲက ဆွဲထုတ်လိုက်သည်။
သူက အဖုံးကိုဖွင့်ဖို့ လက်လှမ်းလိုက်သော်လည်း ကုဖေးတိက သူ့ထက် ပိုမြန်ခဲ့သည်။
ပြင်ပလေအေးကို ထိတွေ့လိုက်သောအခါ အိုးအတွင်းရှိ ဆူပွက်နေသော အမြှုပ်များသည် တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ စုယန်သည် သူ့ဘေးက ရေအေးပန်းကန်ကို ကောက်ယူလိုက်ပြီး အိုးထဲကို ရေတစ်ဝက်ခန့် ထည့်လိုက်သည်။ ပွက်ပွက်ဆူနေသော ဖက်ထုပ်စွပ်ပြုတ်ရည်သည် ချက်ချင်းငြိမ်သက်သွားလေ၏။
သရဖူဆောင်းသည့်အခမ်းအနား အောင်မြင်စွာ ပြီးမြောက်သည့်အခါမှသာ ကုဖေးတိအား သူ၏ကမ္ဘာအကြောင်း ပြောပြမည်ဟု စုယန် ဆုံးဖြတ်ခဲ့လေသည်။
စုယန်ကိုယ်တိုင်က ဖက်ထုပ်ကို မကြာခဏ မချက်ဖူးသော်လည်း ဤတစ်ကြိမ်မှာတော့ ထူးထူးခြားခြား အောင်မြင်ခဲ့ပါသည်။ ဖက်ထုပ်ရဲ့ အသားက အနေတော်ဖြစ်ပြီး အရသာကလည်း မှန်ပေ၏။ ပမာဏကလည်း သူတို့နှစ်ယောက်စလုံး ဗိုက်ပြည့်ဖို့ လုံလောက်ပါသည်။
ဖက်ထုပ်များကို စားသောက်ပြီးနောက် ခေါက်ဆွဲနဲ့ စွပ်ပြုတ်ရည်ကို အညီအမျှ ခွဲလိုက်ကြသည်။
"ဘယ်လိုလဲ? ဒီခေါက်ဆွဲတွေက ပုံမှန်ခေါက်ဆွဲတွေထက် အရသာပိုရှိတယ် မဟုတ်လား?" စုယန်က မေးလိုက်သည်။
ကုဖေးတိက "ကိုယ်မသိဘူး" ဟုပြန်ဖြေ၏။
စုယန်: "ဟမ်? မင်းဘာလို့မသိတာလဲ?"
ကုဖေးတိက ဆိုသည်။
"နောက်တစ်ခါ မင်းက ကိုယ့်အတွက် ပုံမှန်ခေါက်ဆွဲချက်ပေးလေ။ ဒါမှ အရသာကို နှိုင်းယှဉ်ကြည့်လို့ရမှာပေါ့"
စုယန်က သဘောမတူပေ။
"ဘာလို့ ငါကချက်ပေးရမှာလဲ? မင်းခေါက်ဆွဲ မစားဖူးဘူးလား"
ကုဖေးတိ: "မင်းလုပ်ပေးတဲ့ခေါက်ဆွဲက တခြားခေါက်ဆွဲတွေနဲ့ ကွဲပြားမှာသေချာတယ်"
စုယန်သည် အနည်းငယ် ရှုပ်ထွေးသွားပြီး သူဆိုလိုသည်ကို ချက်ချင်း နားမလည်နိုင်ခဲ့ပေ။
ကုဖေးတိက ဆက်ပြောသည်။
"မင်းချက်ပြုတ်ထားတဲ့ ဖက်ထုပ်ခေါက်ဆွဲကို မင်းချက်ပြုတ်ထားတဲ့ ခေါက်ဆွဲနဲ့ပဲ နှိုင်းယှဉ်နိုင်တယ်။ အခြားဘယ်သူလုပ်တဲ့ခေါက်ဆွဲဖြစ်ဖြစ် ကိုယ့်အတွက် အရသာရှိမှာမဟုတ်တော့ဘူး"
စုယန်က သူ့စကားကိုကြားတော့ ပီတိတွေဖြစ်သွားပြီး သူ့နှလုံးသားလေး နွေးထွေးသွားလေသည်။ သို့သော် သူသည် မထီမဲ့မြင်ပြုဟန်ဆောင်ကာ နှုတ်ခမ်းကို တွန့်ချိုးပြီး ပြောလိုက်လေ၏။
"မင်းပါးစပ်က ဒီစကားတွေပဲ ပြောတတ်တာလား......"
ကုဖေးတိက ပြုံးလိုက်ပြီး ပြန်မဖြေဘဲ ဟင်းရည်ကို ငုံ့သောက်နေလေသည်။
ထိုညတွင် သူတို့နှစ်ဦးသည် ခြံဝင်းထဲ၌ စကားစမြည်ပြောရင်း နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်။
နှစ်သစ်ကူးအကြိုညတွင် ကောင်းကင်၌ လကို မမြင်ရပေ။ သို့သော် ကောင်းကင်၌ ပြန့်ကျဲနေသည့် မရေမတွက်နိုင်သော ကြယ်ပွင့်များက ပို၍ပင် တောက်ပနေခဲ့ပါ၏။
"ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာအောင် သိကျွမ်းခဲ့ကြပေမယ့် ဒါက ကိုယ်တို့အတွက် ပထမဦးဆုံးသော နှစ်သစ်ကူးပွဲတော်ပဲ" ကုဖေးတိက ဆိုသည်။
"အဲဒီတုန်းက ကိုယ်က ပုလဲစံအိမ်တော်ထဲဝင်ခဲ့ပြီး နှစ်သစ်ကူးကို မင်းနဲ့အတူ မဖြတ်သန်းနိုင်ခဲ့ဘူး။ တွေးကြည့်လိုက်တော့ တကယ်နှမျောစရာကောင်းတယ်"
စုယန်က သေရည်ခွက်ကိုကိုင်ထားပြီး ကုဖေးတိရဲ့ ပခုံးပေါ် မှီကာ ခပ်တိုးတိုး ရယ်လိုက်သည်။ "ပထမအကြိမ်ဆိုတာရှိရင် ဒုတိယအကြိမ်ဆိုတာလည်း ရှိလိမ့်မယ်။ နောင်အကြိမ်တွေလည်း အများကြီးရှိလာဦးမှာပါ။ နှမျောစရာဘာရှိလို့လဲ?"
ကုဖေးတိသည် စုယန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ကြယ်ရောင်ကောင်းကင်သည် သူ၏မျက်လုံးများကို ရောင်ပြန်ဟပ်နေပြီး အဆုံးမရှိသော အလှတရားများ ပျံ့လွင့်နေသကဲ့သို့ပင်။
"မင်းပြောခဲ့တဲ့စကားတွေကို ပြန်ရုတ်သိမ်းလို့မရဘူးနော်"
စုယန်က ပြန်မဖြေဘဲ ပြုံးလိုက်ပြီး ကုဖေးတိရဲ့လည်တိုင်ကိုဖက်ကာ နှုတ်ခမ်းများကို နမ်းလိုက်လေသည်။
_6.3.24
Thank for reading ❣️
Zawgyi
အခန္း-၁၁၅ ပထမဆုံးအႀကိမ္ အတူတကြႏွစ္သစ္ကူးျခင္း။
[သူတို႔က ငယ္႐ြယ္တဲ့ အိမ္ေထာင္သည္ စုံတြဲေတြလို ထင္ထင္ရွားရွား ပေရာပရည္လုပ္ေနၾကတာပဲ!]
စုယန္ႏွင့္ ကုေဖးတိတို႔သည္ ႏွစ္ကိုယ္တူက်င့္ႀကံျခင္းနည္းလမ္းကို ေအာင္ျမင္စြာရရွိခဲ့ၿပီး ႏွစ္သစ္ကူးအႀကိဳကာလသည္ နီးကပ္လာခဲ့သည္။ သူတို႔သည္ ျပန္သြားရန္ အလ်င္စလိုမရွိခဲ့ၾကေပ။
ႏွစ္ေယာက္သား ကြၽင္းယိုေတာင္ေျခ႐ြာ၌ ၿခံဝင္းငယ္တစ္ခုကို ငွားခဲ့ၾကသည္။ ႏွစ္သစ္ကူးအႀကိဳေန႕သို႔ နီးကပ္လာေသာေၾကာင့္ သူတို႔ႏွစ္ဦးသည္ ေနာက္ဆုံးေစ်းဖြင့္သည့္ေန႕တြင္ ေစ်းဝယ္ထြက္ခဲ့ၾကၿပီး ေက်ာက္စိမ္းအိမ္ေတာ္သို႔မျပန္မီ အတူတကြ ျဖတ္ေက်ာ္ရန္ ျပင္ဆင္ေနၾကပါသည္။
ႏွစ္သစ္ကူးေန႕၌ စုယန္ႏွင့္ ကုေဖးတိသည္ အျပင္မထြက္ခဲ့ၾကေပ။ သူတို႔သည္ ႏွစ္သစ္ကူးအေငြ႕အသက္ေလးရေစရန္ ဤလူသူမရွိသည့္ ၿခံဝင္းကို အလွဆင္ရန္ စီစဥ္ခဲ့ၾကသည္။
ဥပမာအားျဖင့္ ႏွစ္သစ္ကူးဆုေတာင္းစာမ်ား ခ်ိတ္ဆြဲျခင္း၊ '福'ဖူ (ေကာင္းခ်ီး)ဟူေသာ စကားလုံးကို အနီေရာင္ စာ႐ြက္ေပၚတြင္ေရးကာ အိမ္တံခါး၊ နံရံႏွင့္ ျပတင္းေပါက္မ်ားတြင္ ကပ္ျခင္းမ်ားကို ျပဳလုပ္ခဲ့သည္။
စုယန္၏ လက္ေရးလွစြမ္းရည္မွာ ညံ့ဖ်င္းေသာေၾကာင့္ စုတ္ခ်က္မ်ားသည္ ေရာယွက္ေနၿပီး အျပင္လူမ်ားသည္ မည္သည့္စာလုံးကို ေရးထားေၾကာင္း မသိနိုင္ေပ။ ထို႔ေၾကာင့္ ႏွစ္သစ္ကူးဆုေတာင္းစာႏွင့္ 'ဖူ'စာလုံးမ်ားကို ကုေဖးတိအား ေရးသားရန္ တာဝန္ေပးအပ္ခဲ့ရသည္။
ကုေဖးတိအတြက္ ၎ဟာ မခက္ခဲပါေခ်။ သူသည္ ယမန္ႏွစ္က သူ၏မိသားစုေရးခဲ့သည့္အတိုင္း ဆုေတာင္းစာကိုေရးခဲ့ၿပီး စုယန္အား ေကာ္သုတ္ေပးရန္ အကူအညီေတာင္းခဲ့သည္။ သို႔ေသာ္ စုယန္က ေကာ္သုတ္တံနဲ႕ မရင္းႏွီးဟု သူ မေမွ်ာ္လင့္ထားခဲ့ေပ။ သူသည္ တစ္ခါသုတ္လိမ္းလိုက္တိုင္း စာ႐ြက္ကို ေ႐ြ႕မသြားေစရန္ လက္ျဖင့္ဖိထားရသည္။ ရလဒ္အေနျဖင့္ စာ႐ြက္သည္ တြန႔္ေၾကသြားကာ ေကာ္မ်ားသည္ အနီေရာင္စကၠဴေထာင့္မွ ယိုစိမ့္လာၿပီး သူ႕လက္မ်ားကို အနီေရာင္ဆိုးေဆးမ်ား ေပက်ံသြားေစသည္။
ကုေဖးတိသည္ မကူညီခဲ့ဘဲ ေဘးမွာရပ္ၾကည့္ကာ ရယ္ေမာေနေလ၏။
အခက္အခဲမ်ားစြာျဖင့္ ေကာ္သုတ္လိမ္းၿပီးေနာက္ ကုေဖးတိသည္ ၎အား အိမ္တံခါးတြင္ကပ္ရန္ သူ႕ထံမွ ယူခဲ့သည္။ စုယန္က သူ႕လက္ေတြကို ၾကည့္ၿပီး ကုေဖးတိအား ေရေဆးရန္ ကူညီခိုင္းမည္အျပဳ ကုေဖးတိက ေျပာလာသည္။
"ေရွာင္ေရွာင္ ၾကည့္ပါအုံး။ ဒီအေနအထားဆိုရၿပီလား?"
"ဒီထက္နည္းနည္းပိုျမႇင့္လိုက္ရင္ေကာင္းမယ္"
စုယန္သည္ အနားသို႔ ေျခလွမ္းႏွစ္လွမ္းလွမ္းၿပီး စာ႐ြက္ကို အေသအခ်ာ ကပ္ေနေသာ ကုေဖးတိကို ၾကည့္လိုက္သည္။ သူက မ်က္လုံးကို ေမွးက်ဥ္းလိုက္ၿပီး ဆို၏။
"အင္း၊ ဒါဆိုရၿပီ။ ၿပီးျပည့္စုံတယ္။ မင္းၿပီးရင္ ငါ့ကိုလာကူညီေပးအုံး"
ကုေဖးတိက စုယန္ဘက္သို႔ လွည့္ကာ ေမးသည္။
"ဘာကူညီေပးရမလဲ?"
စုယန္သည္ သူ၏ နီရဲေနေသာလက္မ်ားျဖင့္ ကုေဖးတိ၏ပါးျပင္ေပၚ၌ ေၾကာင္ႏႈတ္ခမ္းေမႊးသုံးေခ်ာင္းကို ေရးဆြဲလိုက္ေလ၏။
"ဒါ ခုနက ငါ့ကိုမကူညီခဲ့တဲ့အတြက္ပဲ!" သူက ေဒါသထြက္ဟန္ေဆာင္ကာ ေျပာလိုက္သည္။
"ၿပီးေတာ့ ငါ့ကို ရယ္တဲ့အတြက္ေရာ!"
ကုေဖးတိက သူ႕ကို ေနာက္ေျပာင္ခြင့္ေပးထားကာ ၿပဳံးလိုက္သည္။
"ေလွ်ာက္ေဆာ့မေနနဲ႕။ မင္းရဲ႕လက္ကိုမေဆးခင္ က်န္တဲ့စာ႐ြက္ေတြကို ေကာ္သုတ္လိုက္အုံး"
စုယန္ "......"
စုယန္က ႏႈတ္ခမ္းစူလိုက္ၿပီး လက္ကိုျမႇောက္ကာ ကုေဖးတိ၏မ်က္ခုံးၾကားတြင္ အနီစက္ေလးတစ္ခု တို႔လိုက္သည္။
သူတို႔ႏွစ္ဦးသည္ အခ်င္းခ်င္း စေနာက္ၿပီးေနာက္ ခဏအၾကာတြင္ စာ႐ြက္အားလုံးကို လိုက္ကပ္လိုက္ၾကသည္။
ထိုအခ်ိန္တြင္ အမ်ိဳးသမီးသိုင္းပညာရွင္ ႏွစ္ေယာက္သည္ ၿခံဝင္းေရွ႕မွ ျဖတ္သြားၾက၏။ အိမ္အဝင္ဝတြင္ ရယ္ေမာေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနသည့္ ေကာင္ေလးႏွစ္ေယာက္ကို ေတြ႕လိုက္ေသာအခါတြင္ သူတို႔ မရယ္ဘဲမေနနိုင္ေပ။
"ဒီတည္းခိုခန္းမွာေနတဲ့ ညီအစ္ကိုေတြက ေတာ္ေတာ္ဆက္ဆံေရးေကာင္းပုံရတယ္" အမ်ိဳးသမီးတစ္ဦးက အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
အျခားအမ်ိဳးသမီးက စုယန္ကို ၾကည့္လိုက္ၿပီးဆို၏။
"ဘယ္သူက ညီအစ္ကိုေတြလဲ? အဲဒီ အလွေလးက ေယာက္်ားအသြင္ေဆာင္ထားတဲ့ မိန္းမတစ္ေယာက္ပဲ ျဖစ္ရမယ္........ သူတို႔က ငယ္႐ြယ္တဲ့ အိမ္ေထာင္သည္ စုံတြဲေတြလို ထင္ထင္ရွားရွား ပေရာပရည္လုပ္ေနၾကတာပဲ!"
"ဟုတ္တယ္ နင္ေျပာတာမွန္မယ္ထင္တယ္!"
စုယန္ "......"
ကုေဖးတိ "......"
ထို 'အိမ္ေထာင္သည္စုံတြဲငယ္' သည္ တီးတိုးစကားသံမ်ားကို ၾကားလိုက္ရၿပီး မၿပဳံးဘဲမေနနိုင္ခဲ့ေပ။
သူတို႔သည္ အိမ္ထဲသို႔ ျပန္ဝင္ခဲ့ၾကၿပီး ေရခတ္ကာ လက္မ်ားႏွင့္ မ်က္ႏွာကို အတူတူ ေဆးေၾကာခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ သူတို႔ႏွစ္ဦးသည္ ႏွစ္သစ္ကူးညစာအတြက္ ဘာစားရမည္ကို စိုးရိမ္လာၾကသည္။
စုယန္သည္ အခ်ိန္တစ္ခုၾကာေအာင္ တစ္ေယာက္တည္း ေနထိုင္ခဲ့ၿပီး ရိုးရွင္းေသာ ဟင္းလ်ာမ်ားကို ခ်က္ျပဳတ္တတ္ေသာ္လည္း ဤေရွးေဟာင္းအိမ္ရွိ ေျမသားမီးဖိုကို လုံးဝအသုံးမျပဳနိုင္ခဲ့ေပ။ ထို႔အျပင္ ေျမသားမီးဖိုသည္ ေၾကာ္ေလွာ္ရန္ မသင့္ေလ်ာ္ေပ။ မ်ားေသာအားျဖင့္ ျပဳတ္ဖို႔သာ အသုံးျပဳနိုင္သည္။
"မင္း ဒီမီးဖိုကို ဘယ္လိုသုံးရမယ္ဆိုတာ သိတယ္မဟုတ္လား?" စုယန္က မီးဖိုနားမွာ ငုတ္တုတ္ထိုင္ရင္း ကုေဖးတိကို ေမးလိုက္သည္။
"မသိဘူး" ကုေဖးတိက ခပ္ျမန္ျမန္ေျဖသည္။
"မင္းတို႔အိမ္မွာ ဒီလိုေျမသားမီးဖို မသုံးဘူးလား? ဒါဘယ္လိုမွမျဖစ္နိုင္ဘူး!" စုယန္က မယုံၾကည္ေပ။
ကုေဖးတိသည္ စုယန္ နံေဘးတြင္ ထိုင္ကာ သူႏွင့္အတူ မီးဖိုကို စစ္ေဆးခဲ့သည္။ သူက ေပါ့ေပါ့ပါးပါး ဆိုေလ၏။
"ကိုယ္မီးဖိုေခ်ာင္ထဲကို တစ္ခါမွ မေရာက္ဖူးေပမယ့္ မီးဖိုေတြအားလုံးက အတူတူပဲျဖစ္မယ္ထင္တယ္"
စုယန္က ခဏေလာက္ ႏႈတ္ဆိတ္ေနၿပီးေနာက္ ေျပာေလ၏။
"......မထူးဆန္းပါဘူးေလ။ မင္းက ငယ္ငယ္ကတည္းက သခင္ေလးတစ္ေယာက္ျဖစ္ခဲ့တာပဲ"
ကုေဖးတိက ရယ္ေမာလိုက္ၿပီး ထင္းအနည္းငယ္ကို ေကာက္ယူကာ မီးဖိုေအာက္သို႔ ထည့္လိုက္သည္။ ထို႔ေနာက္ မီးညွိၿပီး မီးဖိုအား အပူေပးလိုက္၏။
စုယန္သည္ ေျခာက္ေသြ႕ေသာ အပူရွိန္ေၾကာင့္ ေျမအိုးကြဲသြားျခင္းမွ ကာကြယ္ရန္ အိုးကို ေရအနည္းငယ္ျဖည့္လိုက္သည္။
"ဒါဆို မင္းက မီးညွိနည္းကိုေတာ့ သိေသးတာေပါ့"
ကုေဖးတိက ဆိုသည္။
"အဲဒါကို ဒီလိုလုပ္ရတာလို႔ ကိုယ္ထင္တာပဲ"
အခ်ိန္အေတာ္ၾကာေအာင္ စဥ္းစားၿပီးေနာက္ စုယန္သည္ ဖက္ထုပ္အခ်ိဳ႕ကို လုပ္ရန္ ဆုံးျဖတ္လိုက္သည္။
ကုေဖးတိသည္ ျဖည့္စြက္စာမ်ားကို ျပင္ဆင္ရန္ ၫႊန္ၾကားခံရၿပီး စုယန္သည္ ႀကီးေလးေသာတာဝန္ျဖစ္သည့္ ဂ်ဳံကို ဆုပ္နယ္ရန္ တာဝန္ယူခဲ့သည္။ ကံေကာင္းေထာက္မစြာ၊ ကုေဖးတိသည္ ယခင္က မခ်က္ျပဳတ္ဖူးေသာ္လည္း ဟင္းခ်က္ပစၥည္းမ်ားကိုအသုံးျပဳရာတြင္ အလြန္ကြၽမ္းက်င္ပါသည္။ ျဖည့္စြက္စာမ်ားကို မွန္ကန္မွ်တေအာင္ လွီးျဖတ္ရန္ လုံေလာက္သည့္ လက္ႏွင့္ လက္ေကာက္ဝတ္ကို ပိုင္ဆိုင္ထားသည္။
စုယန္သည္ ဖက္ထုပ္ထုတ္နည္းကို ကုေဖးတိအား သင္ေပးခဲ့သည္။ ကုေဖးတိသည္ လိမၼာပါးနပ္ၿပီး စုယန္၏ လုပ္ထုံးလုပ္နည္းကို ၾကည့္႐ုံျဖင့္ လြယ္လင့္တကူ သင္ယူနိုင္ခဲ့သည္။
စုယန္သည္ သူ၏သင္ယူနိုင္စြမ္းကို သတိျပဳမိၿပီး ႏႈတ္ခမ္းမ်ားကို တြန႔္ေကြးကာ မခ်ီးက်ဴးဘဲမေနနိုင္ေပ။
"...... ဇာတ္လိုက္ကေတာ့ အၿမဲအံ့မခန္းပါပဲ"
ကုေဖးတိက ၿပဳံးၿပီး ေမးလိုက္သည္။
"အဲဒါကဘာကိုဆိုလိုခ်င္တာလဲ?"
စုယန္က ကုေဖးတိကို ၿပဳံးျပလိုက္ၿပီး ျပန္မေျဖေပ။
သူတို႔ႏွစ္ဦးသည္ အေပးအယူမွ်စြာ ညွိႏွိုင္းေဆာင္႐ြက္ခဲ့ၾကသည္။ တစ္ေယာက္က အစာထည့္ၿပီး ေနာက္တစ္ေယာက္က ဖက္ထုပ္ထုတ္ေလ၏။ ဤသို႔ျဖင့္ မ်ားမၾကာမီအခ်ိန္တြင္ အိုးတစ္လုံးစာ ဖက္ထုပ္မ်ားကို အၿပီးသတ္နိုင္ခဲ့ေလသည္။
စုယန္က လက္က်န္ဂ်ဳံသားကို ေခါက္ဆြဲျဖစ္ေအာင္ လုပ္လိုက္ၿပီး ဆို၏။
"တကယ္ေတာ့ ငါဖက္ထုပ္စားတိုင္း လက္က်န္ဂ်ဳံသားကေနလုပ္ထားတဲ့ ေခါက္ဆြဲကို စားရတာ သေဘာက်တယ္...။ ဘာလို႔မွန္းမသိေပမယ့္ အဲဒီေခါက္ဆြဲက ပုံမွန္နဲ႕မတူဘဲ အရမ္းစားေကာင္းတယ္"
ကုေဖးတိက ၿပဳံးလိုက္ၿပီး ဆိုေလသည္။
"အဲဒါဆို မင္းက အဲဒီေခါက္ဆြဲေတြစား။ ကိုယ္က ဖက္ထုပ္စားမယ္"
စုယန္က ရယ္ေမာလိုက္ၿပီးဆို၏။
"မင္းက အခုေတာ့ ငါ့အေပၚမွာ ၾကင္နာမႈေတြ ေလ်ာ့နည္းလာၿပီေပါ့ေလ!"
ကုေဖးတိကလည္း သေဘာက်စြာ ရယ္ေမာလိုက္သည္။
စုယန္က ဖက္ထုပ္ေတြကို ကြၽမ္းကြၽမ္းက်င္က်င္ ျပဳတ္ေနတာကို သတိျပဳမိၿပီး ကုေဖးတိက ေမးလိုက္၏။
"ဒီလိုေျပာပုံအရ မင္းအတိတ္က ဖက္ထုပ္ေတြကို အမ်ားႀကီး စားခဲ့ဖူးပုံရတယ္။ မင္းရဲ႕စားဝတ္ေနေရးက မဆိုးခဲ့ဘူးမဟုတ္လား?"
ကုေဖးတိက စုယန္၏အတိတ္ဘဝအေၾကာင္းေမးသည္မွာ ပထမဆုံး အႀကိမ္ပင္ျဖစ္သည္။
စုယန္သည္ ျပန္ေျဖခဲ့၏။
"တကယ္ေတာ့ မဆိုးဘူးလို႔ေျပာလို႔ရပါတယ္။ အနည္းဆုံး ငါ့မွာ ကိုယ္ပိုင္တိုက္ခန္းရွိၿပီး ေငြေရးေၾကးေရးလည္း ျပည့္စုံတယ္။ ငယ္ငယ္ကတည္းက ငါ့ပတ္ဝန္းက်င္က လူေတြက ငါ့ကို ေကာင္းေကာင္းဆက္ဆံၾကတယ္။ မေကာင္းတဲ့လူေတြ ဒါမွမဟုတ္ အခက္အခဲေတြနဲ႕လည္း တစ္ခါမွ မႀကဳံဖူးဘူး။ ငါေပ်ာ္တာ ဘာမဆို လုပ္နိုင္တယ္... အခု ငါျပန္စဥ္းစားၾကည့္လိုက္ေတာ့ ငါ့မွာ ေကာင္းမြန္တဲ့ဘဝတစ္ခု ရွိခဲ့တာပါလား"
"ဒါဆို မင္းအသက္ဘယ္ေလာက္ရွိၿပီလဲ" ကုေဖးတိက ထပ္ေမးသည္။
"ငါဒီကိုစေရာက္တုန္းက အသက္ႏွစ္ဆယ့္တစ္ႏွစ္ရွိၿပီ။ငါ့ဝိညာဥ္ရဲ႕အသက္ကိုအေျခခံၿပီး တြက္မယ္ဆိုရင္ အခုအသက္ႏွစ္ဆယ့္ေလးႏွစ္ေလာက္ျဖစ္လိမ့္မယ္"
"ႏွစ္ဆယ့္တစ္ႏွစ္.. ဒါဆို သရဖူေဆာင္းၿပီးၿပီပဲ......" ကုေဖးတိက ခဏတာ ေရ႐ြတ္လိုက္ၿပီးေနာက္ တြန႔္ဆုတ္စြာ ေမးလာသည္။
"မင္း... အိမ္ေထာင္ျပဳဖူးလား?"
စုယန္သည္ ထိုေမးခြန္းကိုၾကားေသာအခါ မ်က္ႏွာေပၚတြင္ အၿပဳံးႀကီးႀကီးတစ္ခု ေပၚလာသည္။
"ဘာလို႔ အခုမွ လာေမးတာလဲ? နည္းနည္းေနာက္က်ေနၿပီလို႔ မထင္ဘူးလား?"
ကုေဖးတိက ဆိုေလ၏။
"ကိုယ္ဒါကို အရင္က မေမးရဲခဲ့ဘူး"
"မေမးရဲတဲ့ တျခားဘာေတြရွိေသးလဲ? မင္းေမးသမွ် ငါေျဖေပးမယ္ေလ"
ကုေဖးတိက စုယန္ကို စိုက္ၾကည့္လိုက္သည္။
"ဒါဆို မင္းအိမ္ေထာင္ျပဳဖူးလား?"
"မျပဳဖူးဘူး" စုယန္က ၿပဳံးၿပီးေျပာလိုက္သည္။
"ဟိုကလူေတြက အိမ္ေထာင္ျပဳတာေနာက္က်ၾကတယ္။ အသက္သုံးဆယ္ေလာက္မွ အိမ္ေထာင္ျပဳၾကတာမ်ားတယ္... ငါတို႔ဆီမွာ လူအမ်ားစုက ႏွစ္ဆယ့္တစ္ႏွစ္မွာမွ ေက်ာင္းၿပီးၾကတာေလ။ သူတို႔ ဘယ္လိုလုပ္ အိမ္ေထာင္ခ်က္ခ်င္းျပဳနိုင္မွာလဲ? ဒါ့အျပင္....ငါႀကိဳက္တဲ့သူနဲ႕လည္း မေတြ႕ခဲ့ရဘူး"
ဤအေျဖကိုၾကားေသာအခါ၊ ကုေဖးတိသည္ စုယန္အား ၾကည္လင္႐ႊင္လန္းေသာအမူအရာျဖင့္ စူးစိုက္ၾကည့္ေနသည္။
တခဏခ်င္းမွာပဲ သူ တစ္ခုခုကို သတိရသြားၿပီး ေမးလိုက္၏။
"ၾကားရတာ မင္းရဲ႕ေမြးရပ္ေျမက အလယ္ပိုင္းလြင္ျပင္နဲ႕ ေတာ္ေတာ္ကြဲျပားမယ့္ပုံပဲ... မင္းရဲ႕ဇာတိက ဘယ္မွာလဲ?"
စုယန္က ၿပဳံးလိုက္သည္။
"ငါ့ရဲ႕ ေမြးရပ္ေျမက အရမ္းထူးျခားတဲ့ ေနရာတစ္ခုပဲ"
သူက အိုးအဖုံးကိုဖြင့္ကာ ဖက္ထုပ္မ်ားကို ေမႊလိုက္ၿပီး လွ်ို႔ဝွက္ဆန္းၾကယ္ဟန္ေဆာင္ကာ ဆို၏။
"ဒီမီးဖိုကို ဥပမာယူၿပီးေျပာမယ္။ ငါ့ေမြးရပ္ေျမမွာဆိုရင္ ခလုတ္တစ္ခုကို လွည့္လိုက္႐ုံနဲ႕ မီးေတာက္လာလိမ့္မယ္။ မီးေတာက္မပါပဲ ခ်က္ျပဳတ္နိုင္တဲ့ မီးဖိုေတြနဲ႕ အိုးေတြေတာင္ ရွိေသးတယ္။ ဒါ အံ့ဩစရာေကာင္းတယ္ မဟုတ္လား?"
ကုေဖးတိသည္ အံ့ဩသြားျခင္းမရွိဘဲ ထိုအစား တစ္ခုခုကို ေတြးမိကာ ရယ္ေမာလိုက္ေလ၏။
"ဒါေၾကာင့္ မင္းက မီးမေမႊးတတ္တာေတာင္ ဖက္ထုပ္စားဖူးတာကို!"
သူက စုယန္ ဘာမွျပန္မေျပာနိုင္ခင္မွာ ဆက္ေျပာလိုက္သည္။
"မင္းရဲ႕ေမြးရပ္ေျမမွာ အလင္းေရာင္ရဖို႔ မိီးတိုင္ထြန္းစရာလဲ မလိုဘူးမလား?"
စုယန္က အံ့အားသင့္သြား၏။
"မင္းဘယ္လိုသိတာလဲ?"
ကုေဖးတိက ဆိုေလသည္။
"ကိုယ္တို႔ ေက်ာက္စိမ္းအိမ္ေတာ္မွာတုန္းက မင္း မီးတိုင္မထြန္းတတ္တာကို မွတ္မိေနေသးတယ္"
စုယန္ "......"
စုယန္က သက္ျပင္းခ်လိဳက္ၿပီး ေမးေလသည္။
"ခ်စ္ရွစ္တိေလး.. ငါေျပာသမွ်ကို မင္းတကယ္ယုံတာပဲလား?"
ကုေဖးတိက ဆိုသည္။
"မင္းေျပာသမွ် ကိုယ္ယုံတယ္"
စုယန္သည္ အခ်ိန္အေတာ္ၾကာေအာင္ ေျပာစရာစကား ေပ်ာက္ဆုံးသြားခဲ့သည္။
သူသည္ ၾကယ္မ်ားကဲ့သို႔ ေတာက္ပေနေသာ ကုေဖးတိ၏ မ်က္လုံးမ်ားကို စိုက္ၾကည့္လိုက္သည္။ ၎တို႔တြင္ သူ႕အား သေရာ္ေလွာင္ေျပာင္မႈ အရိပ္အႁမြက္မွ်ပင္ မရွိပါ။
႐ုတ္တရက္ စုယန္သည္ သူ၏ကမာၻႀကီးအေၾကာင္းအားလုံးကို ကုေဖးတိအား ရွင္းျပရန္ စိတ္အားထက္သန္လာခဲ့သည္။
သူသည္ သူ၏ကမာၻသို႔ ျပန္သြားနိုင္မည္လားဆိုသည္ကို မသိပါ။ သူ ကုေဖးတိကို ေခၚေဆာင္သြားနိုင္မည္လားဆိုသည္ကိုလည္း မသိပါေခ်။
စူးရွေသာ အသံတစ္ခုက စုယန္ကို အေတြးကမာၻထဲက ဆြဲထုတ္လိုက္သည္။
သူက အဖုံးကိုဖြင့္ဖို႔ လက္လွမ္းလိုက္ေသာ္လည္း ကုေဖးတိက သူ႕ထက္ ပိုျမန္ခဲ့သည္။
ျပင္ပေလေအးကို ထိေတြ႕လိုက္ေသာအခါ အိုးအတြင္းရွိ ဆူပြက္ေနေသာ အျမႇုပ္မ်ားသည္ တေျဖးေျဖး ေပ်ာက္ကြယ္သြားခဲ့သည္။ စုယန္သည္ သူ႕ေဘးက ေရေအးပန္းကန္ကို ေကာက္ယူလိုက္ၿပီး အိုးထဲကို ေရတစ္ဝက္ခန့္ ထည့္လိုက္သည္။ ပြက္ပြက္ဆူေနေသာ ဖက္ထုပ္စြပ္ျပဳတ္ရည္သည္ ခ်က္ခ်င္းၿငိမ္သက္သြားေလ၏။
သရဖူေဆာင္းသည့္အခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္သည့္အခါမွသာ ကုေဖးတိအား သူ၏ကမာၻအေၾကာင္း ေျပာျပမည္ဟု စုယန္ ဆုံးျဖတ္ခဲ့ေလသည္။
စုယန္ကိုယ္တိုင္က ဖက္ထုပ္ကို မၾကာခဏ မခ်က္ဖူးေသာ္လည္း ဤတစ္ႀကိမ္မွာေတာ့ ထူးထူးျခားျခား ေအာင္ျမင္ခဲ့ပါသည္။ ဖက္ထုပ္ရဲ႕ အသားက အေနေတာ္ျဖစ္ၿပီး အရသာကလည္း မွန္ေပ၏။ ပမာဏကလည္း သူတို႔ႏွစ္ေယာက္စလုံး ဗိုက္ျပည့္ဖို႔ လုံေလာက္ပါသည္။
ဖက္ထုပ္မ်ားကို စားေသာက္ၿပီးေနာက္ ေခါက္ဆြဲနဲ႕ စြပ္ျပဳတ္ရည္ကို အညီအမွ် ခြဲလိုက္ၾကသည္။
"ဘယ္လိုလဲ? ဒီေခါက္ဆြဲေတြက ပုံမွန္ေခါက္ဆြဲေတြထက္ အရသာပိုရွိတယ္ မဟုတ္လား?" စုယန္က ေမးလိုက္သည္။
ကုေဖးတိက "ကိုယ္မသိဘူး" ဟုျပန္ေျဖ၏။
စုယန္: "ဟမ္? မင္းဘာလို႔မသိတာလဲ?"
ကုေဖးတိက ဆိုသည္။
"ေနာက္တစ္ခါ မင္းက ကိုယ့္အတြက္ ပုံမွန္ေခါက္ဆြဲခ်က္ေပးေလ။ ဒါမွ အရသာကို ႏွိုင္းယွဥ္ၾကည့္လို႔ရမွာေပါ့"
စုယန္က သေဘာမတူေပ။
"ဘာလို႔ ငါကခ်က္ေပးရမွာလဲ? မင္းေခါက္ဆြဲ မစားဖူးဘူးလား"
ကုေဖးတိ: "မင္းလုပ္ေပးတဲ့ေခါက္ဆြဲက တျခားေခါက္ဆြဲေတြနဲ႕ ကြဲျပားမွာေသခ်ာတယ္"
စုယန္သည္ အနည္းငယ္ ရႈပ္ေထြးသြားၿပီး သူဆိုလိုသည္ကို ခ်က္ခ်င္း နားမလည္နိုင္ခဲ့ေပ။
ကုေဖးတိက ဆက္ေျပာသည္။
"မင္းခ်က္ျပဳတ္ထားတဲ့ ဖက္ထုပ္ေခါက္ဆြဲကို မင္းခ်က္ျပဳတ္ထားတဲ့ ေခါက္ဆြဲနဲ႕ပဲ ႏွိုင္းယွဥ္နိုင္တယ္။ အျခားဘယ္သူလုပ္တဲ့ေခါက္ဆြဲျဖစ္ျဖစ္ ကိုယ့္အတြက္ အရသာရွိမွာမဟုတ္ေတာ့ဘူး"
စုယန္က သူ႕စကားကိုၾကားေတာ့ ပီတိေတြျဖစ္သြားၿပီး သူ႕ႏွလုံးသားေလး ေႏြးေထြးသြားေလသည္။ သို႔ေသာ္ သူသည္ မထီမဲ့ျမင္ျပဳဟန္ေဆာင္ကာ ႏႈတ္ခမ္းကို တြန႔္ခ်ိဳးၿပီး ေျပာလိုက္ေလ၏။
"မင္းပါးစပ္က ဒီစကားေတြပဲ ေျပာတတ္တာလား......"
ကုေဖးတိက ၿပဳံးလိုက္ၿပီး ျပန္မေျဖဘဲ ဟင္းရည္ကို ငုံ႕ေသာက္ေနေလသည္။
ထိုညတြင္ သူတို႔ႏွစ္ဦးသည္ ၿခံဝင္းထဲ၌ စကားစျမည္ေျပာရင္း ႏွစ္သစ္ကူးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခဲ့ၾကသည္။
ႏွစ္သစ္ကူးအႀကိဳညတြင္ ေကာင္းကင္၌ လကို မျမင္ရေပ။ သို႔ေသာ္ ေကာင္းကင္၌ ျပန႔္က်ဲေနသည့္ မေရမတြက္နိုင္ေသာ ၾကယ္ပြင့္မ်ားက ပို၍ပင္ ေတာက္ပေနခဲ့ပါ၏။
"ကိုယ္တို႔ တစ္ေယာက္နဲ႕တစ္ေယာက္ ႏွစ္အေတာ္ၾကာေအာင္ သိကြၽမ္းခဲ့ၾကေပမယ့္ ဒါက ကိုယ္တို႔အတြက္ ပထမဦးဆုံးေသာ ႏွစ္သစ္ကူးပြဲေတာ္ပဲ" ကုေဖးတိက ဆိုသည္။
"အဲဒီတုန္းက ကိုယ္က ပုလဲစံအိမ္ေတာ္ထဲဝင္ခဲ့ၿပီး ႏွစ္သစ္ကူးကို မင္းနဲ႕အတူ မျဖတ္သန္းနိုင္ခဲ့ဘူး။ ေတြးၾကည့္လိုက္ေတာ့ တကယ္ႏွေမ်ာစရာေကာင္းတယ္"
စုယန္က ေသရည္ခြက္ကိုကိုင္ထားၿပီး ကုေဖးတိရဲ႕ ပခုံးေပၚ မွီကာ ခပ္တိုးတိုး ရယ္လိုက္သည္။ "ပထမအႀကိမ္ဆိုတာရွိရင္ ဒုတိယအႀကိမ္ဆိုတာလည္း ရွိလိမ့္မယ္။ ေနာင္အႀကိမ္ေတြလည္း အမ်ားႀကီးရွိလာဦးမွာပါ။ ႏွေမ်ာစရာဘာရွိလို႔လဲ?"
ကုေဖးတိသည္ စုယန္ကို စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။ ၾကယ္ေရာင္ေကာင္းကင္သည္ သူ၏မ်က္လုံးမ်ားကို ေရာင္ျပန္ဟပ္ေနၿပီး အဆုံးမရွိေသာ အလွတရားမ်ား ပ်ံ့လြင့္ေနသကဲ့သို႔ပင္။
"မင္းေျပာခဲ့တဲ့စကားေတြကို ျပန္႐ုတ္သိမ္းလို႔မရဘူးေနာ္"
စုယန္က ျပန္မေျဖဘဲ ၿပဳံးလိုက္ၿပီး ကုေဖးတိရဲ႕လည္တိုင္ကိုဖက္ကာ ႏႈတ္ခမ္းမ်ားကို နမ္းလိုက္ေလသည္။
_6.3.24
Thank for reading ❣️