ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

637K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

176 ~ 180

920 73 0
By Fiendyy

(Unicode)


အခန်း [ ၁၇၆ ]

သူကပဲ သူမကို ထွက်သွားစေချင်သတဲ့..

သူမ မြင်နေတာတော့ လုချီယွမ်ကမှ ထွက်သွားသင့်တဲ့သူပါ..

အခြေအနေနဲ့ အချိန်အခါကိုမကြည့်ဘဲ ပြောချင်တာတွေလည်း လျှောက်ပြောသေးသည်။

“ အဟွန်း လုပ်တုန်းကလုပ်ပြီး လူပြောခံရမှာ ကြောက်နေတာလား ”

သူက ဘာကိစ္စဂရုစိုက်ရမှာလဲ သူနဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်တာ..

သတင်းထောက်တွေ ကြားသွားရင် ကံဆိုးမယ့်သူက တုလင်းနဲ့ လုမန်ပဲ..

ဒီသတင်းသာပျံ့သွားရင် လုချီနဲ့ပတ်သက်ပြီး ထကြွနေတဲ့ ကောလာဟလတွေ လျှော့တောင်လျှော့သွားနိုင်သေးတယ်..

သို့သော် လုမန်က အဘယ်သူနည်း။ 

ခုဆို PR ဌာနမှာ တရားဝင် ဝန်ထမ်းဖြစ်နေပြီ။ လုချီယွမ်ဘာလုပ်ချင်တယ်ဆိုတာကို သူမ ချက်ချင်း ခန့်မှန်းမိနိုင်၏။

သူဟာ သမီးတစ်ယောက်အတွက် အခြားသမီးတစ်ယောက်ရဲ့နာမည်ကို ရောင်းဝယ်ဖောက်ကားပစ်ရလည်း မမှုတဲ့သူ.. 

လုမန် ဟားတိုက်ရယ်မောပစ်လိုက်၏။
ဒါ လုချီယွမ်ရဲ့ပုံစံပဲ မဟုတ်ဘူးလား..

ထိုစဥ်ကလည်း လုချီ ထောင်ကျဖို့ မလိုခဲ့ပေမယ့် လုချီရဲ့နာမည်ဂုဏ်သတင်းအတွက် သူသည် သူမကို ထောင်ကျအောင် အမှုဆင်ခဲ့၏။

ခုလည်း အဲ့ဒီလိုပဲ.. ဘယ်အရပ်ကိုဦးတည်နေသလဲ..

လုပ်သမျှက အဓိပ္ပာယ်မရှိတာတွေချည်းပဲ..

“ နင်ဟာလေ အရှက်ကို မရှိဘူး။ အဲဒါကြောင့် ဟန်ကျိုးလီ နင့်ကို မကြိုက်တာ။ အဲ့ဒါတောင် နင်က တုလင်းကို ဖြားယောင်းလိုက်သေးတယ်။ တကယ်လို့ ဖြားယောင်းချင်တယ်ဆိုရင်တောင်မှ အာဏာပါဝါရှိတဲ့လူကို ဖြားယောင်းပေါ့။ ခုတော့ နာမည်မရှိတော့တဲ့လူကို ဖြားယောင်းတယ်တဲ့.. အဲ့ဒါ ဘာလဲ။ နင်လုပ်တတ်တာအဲ့ဒါပဲလား! ”
လုချီယွမ်၏အသံသည် ကျယ်လောင်လာ၏။

“ အော်ပါ ကြိုက်သလောက်အော် ”
လုချီယွမ်ကြံစည်နေတာတွေကို လုမန် သိသည်။ သူက အော်ကြီးဟစ်ကျယ်တွေပြောပြီး လူတွေအာရုံစိုက်အောင် လုပ်ချင်တာမဟုတ်လား..

“ လုချီက အဖေ့သမီး၊ အိမ်ထောင်ရှိလျက်နဲ့ ဇနီးသည်ရဲ့ညီမလုပ်သူနဲ့ ဖောက်ပြန်၊ တရားဝင်ဇနီးကိုပစ်ပြီး အမြှောင်မကိုလက်ထပ်၊ ခုတောင်မှ သမီးအရင်းလို့ အသိအမှတ်မပြုရဲတာတွေ၊ ပြီးတော့ လုချီက ဖောက်ပြန်ပြီး ရလာခဲ့တဲ့ကလေးဆိုတာတွေ အဲ့ဒါတွေကို လူတွေသိသွားစေချင်တယ်ဆိုရင် ရှင်ဆက်ပြီးတော့အော်နိုင်တယ်! ”
လုမန် အံကြိတ်ပြီး ပြောလိုက်၏။

တစ်ခါသေဖူးပြီးမှ ဒီလိုစကားတွေပြောထွက်လိုက်နိုင်သည်။ လုချီယွမ်မျက်နှာ ပျက်ယွင်း ထိတ်လန့်သွားတာတွေကိုလည်း မြင်လိုက်ရ၏။

လုချီယွမ် အံ့သြတုန်လှုပ်ထိတ်လန့်ကြောက်ရွံ့သွားခြင်းသည် လုချီအတွက် သူကိုယ်တိုင်အတွက် ရင်ထဲမကောင်း၍ဖြစ်သည်။

တကယ်ဆို သူဟာ အတ္တသမား..

“ အရူးချီးပန်းစကားတွေ!! ”
လေသံကတော့ လျော့သွား၏။

“ ကျွန်မပြောတာ အရူးချီးပန်းစကားတွေ ဟုတ်မဟုတ်ကို အဖေ အသိဆုံးမဟုတ်လား ”
လုမန်က မျက်နှာလေးမော့ကာ အေးတိအေးစက် ပြုံးသည်။
“ ဆက်အော်လေ ”

လုချီယွမ် နှုတ်ခမ်းတွေ ခပ်စေ့စေ့ ပိတ်ထားရင်း ကျိခနဲ အံကြိတ်လိုက်ပြီးမှ
” အခုချက်ချင်း ငါနဲ့လိုက်ခဲ့စမ်း! နင်က ဘာကိစ္စ ဒီလိုပွဲမျိုးကို လာတက်တာလဲ။ ဒါ နင့်လိုလူတွေအတွက် နေရာမဟုတ်ဘူး! ”

စကားဆုံးသည်နှင့် လုမန်ကို ဆွဲခေါ်သွားသည်။

အတိတ်ဘဝက မီချန်းစုံဆီကနေ ကိုယ်ခံပညာတွေ လုမန် သင်ယူထားပေမယ့် ပင်ကိုခန္ဓာကိုယ်အခြေအနေကြောင့် သွက်လက်လျင်မြန်သော ပုံစံကိုပဲ သုံးနိုင်သည်။

ကိုယ်ခံပညာတွေ လေ့လာဖူးသည်ဆိုပေမယ့် အားချင်း ယှဥ်မည်ဆိုလျှင် လုမန် လုချီယွမ်နှင့် မယှဥ်နိုင်။

ရုန်းရင်းကန်ရင်းဖြင့် လုချီယွမ်ဆွဲခေါ်ရာအတိုင်း သိုင်းကွက်နင်းပြီး ပါသွားခဲ့၏။

ထိုစဥ် ဘယ်ကဘယ်လိုရောက်လာမှန်းမသိသည့် လက်တစ်ဖက်က လုချီယွမ်လက်ကောက်ဝတ်ကို ဖမ်းဆုပ်လာသည်။

“ လွှတ်လိုက်! ”
အေးတိအေးစက်နဲ့တိုးလျသော ဒေါသသံတစ်သံ ဘေးဘက်ကနေ ထွက်ပေါ်လာသည်။ 

လုချီယွမ် ကြောင်အမ်းအမ်းဖြစ်ပြီး မော့ကြည့်လိုက်တော့ သူ့လက်ကောက်ဝတ်ကို ကိုင်ထားတာက ဟန်ကျိုးလီ..

“ သခင်လေးဟန်ပါလား .. ဒီမှာ သမီးလုပ်သူနဲ့ ပြောစရာလေးရှိလို့လေ ”

သူ ပြုံးပြီး ပြောလိုက်ပေမယ့် ဟန်ကျိုးလီမျက်နှာက ခက်ထန်နေဆဲဖြစ်ကာ လက်ကိုလည်း တင်းနေအောင် ဆုပ်ပြီး ဖိအားပေးသည်။ လုချီယွမ် နာလို့ လက်သီးဆုပ်က ပြေသွား၏။

ထိုအခါ လုမန်က သူမလက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ဟန်ကျိုးလီနောက်မှာ အမြန် ဝင်ပုန်းလိုက်သည်။

“ သခင်လေးဟန် .. မင်း များသွားပြီထင်တယ်။ ဒါ ငါနဲ့ ငါ့သမီးကြားက ကိစ္စပါ။ မင်းက သူ့အထက်လူကြီး ဖြစ်နေရင်တောင်မှ ငါတို့ကိုယ်ရေးကိုယ်တာကိုတော့ ဝင်စွက်ဖက်လို့မရဘူးနော်! ”
လုချီယွမ် မျက်နှာအမူအရာတွေ ပြောင်းလဲပျက်ယွင်းနေခဲ့ကာ မျက်လုံးအကြည့်တို့က ဟန်ကျိုးလီနှင့် လုမန်ဆီမှာ မသင်္ကာသလို ဝဲနေခဲ့၏။

လုမန်သာ ဟန်ကျိုးလီနဲ့ ဘာမှပတ်သက်မှုမရှိဘူးဆိုရင် အချိန်တိုင်း လုမန်ကို ကူညီတဲ့သူက ဘာဖြစ်လို့ ဟန်ကျိုးလီပဲဖြစ်နေရတာလဲ..

ဟန်ကျိုးလီက သူ့ကို မသိကျိုးကျွံပြုကာ ဖုန်းကို တန်းထုတ်လိုက်သည်။
“ ကျင်းဟန် ငါရယ် ”

“ အင်း အစ်ကိုဟန် ဘာဖြစ်လို့လဲ ခုနက ရုတ်တရက်ကြီး ထွက်သွားတာ ”
နန်ကျင်းဟန်က ဖုန်းထဲကနေ ပြန်မေး၏။

အခန်း [ ၁၇၇ ]

“ ငါ လူသုံးယောက်ကို မောင်းထုတ်ချင်တယ်။ အခုချက်ချင်း ”
ဟန်ကျိုးလီ ခပ်မာမာပဲ ပြောလိုက်၏။

စောစောက သူ အပြင်မှာထိုင်နေရင်း လုမန်ကိုသေချာစောင့်ကြည့်နေခဲ့တာဖြစ်သည်။

နောက်ကနေ လုချီယွမ်လိုက်သွားတာမြင်တော့ ရှချင်းယန်နှင့် လုချီလည်း ပါလာမည်ဆိုတာကို တွက်မိလိုက်၏။

“ အခုလား ”
နန်ကျင်းဟန် အံ့သြသွားသည်။
“ အစ်ကိုပြောတာ ဒီညလာတဲ့ဧည့်သည်တွေကိုလားဟင် ”

“ ဟုတ်တယ်။ အရေးပါအရာရောက်တဲ့သူတွေတော့မဟုတ်ပါဘူး။ မင်း လုချီအကြောင်းတွေကို သိတယ်မို့လား ”
ဟန်ကျိုးလီက မေးရင်း လုချီယွမ်ကိုလည်း အေးစက်စက်နိုင်စွာ ကြည့်လိုက်သေးသည်။

လုချီယွမ် မျက်လုံးပြူးသွား၏။

သူတို့မှာ ဖိတ်စာတွေရှိသည်။ သူတို့ထိုင်ခုံနေရာတွေကို အွန်လိုင်းမှာပင် ဖော်ပြထားပြီးဖြစ်၏။

နန်ယင်း ပရဟိတပွဲညမှာ ဧည့်သည်တွေကို မောင်းထုတ်သည် ဆိုတာမျိုးလည်း ယခင်က ကြားပင် မကြားဖူးပါချေ။

ဖိတ်စာကမ်းပြီး ဖိတ်တယ်ဆိုကတည်းက ဧည့်သည်တွေကို အစီအစဥ်မှူးတွေက သေချာရွေးချယ်ပြီးမှ ကန့်သတ်ဖိတ်ကြတာဖြစ်သည်။ လူတွေကိုဖိတ်ပြီးမှ ဘာလို့ မောင်းထုတ်ရမှာလဲ။

ဟန်ကျိုးလီ မီဒီယာတွေကို ပွက်လောရိုက်သွားစေချင်တာလား! 

“ သိတယ်လေ ”
နန်ကျင်းဟန်သည် တစ်ပြည်လုံးမှာ အကြီးမားဆုံး မီဒီယာလုပ်ငန်းဖြစ်သည့် နန်ယင်းကော်ပိုရေးရှင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် လုချီသတင်းတွေနှင့်ပတ်သက်ပြီး မသိနိုင်စရာ အကြောင်း လုံးဝ မရှိချေ။
“ ဘာဖြစ်လို့လဲ ”

“ မင်းတို့ပရဟိတပွဲက တော်တော့်ကို ပေါပေါပဲပဲနိုင်တာပဲကွ။ လူပေါင်းစုံ ဖိတ်တယ် ”
ဟန်ကျိုးလီသည် နန်ကျင်းဟန်အပေါ်မှာလည်း အားနာခြင်းမရှိ။
“ ဒီနေ့ လုချီက သူ့အဖေနဲ့ သူ့အမေကိုပါ ဒီကို ခေါ်လာခဲ့တာ။ ပြောချင်တာကကွာ.. အဲ့ဒီသုံးယောက်ကို ငါ မကြိုက်ဘူး ”

“…”
နန်ကျင်းဟန် ချွေးပင်ဆို့ချင်လာ၏။
“ အစ်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် သူတို့ လုပ်လိုက်လို့လားဟင် ”

ဟန်ကျိုးလီ လုချီယွမ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ လုချီယွမ်ရဲ့လက်ရှိမျက်နှာအမူအရာဟာ ငိုတာထက်ပင် ပိုပြီးတော့ အရုပ်ဆိုးနေပါသည်။ 

ဟန်ကျိုးလီ အကြည့်လွှဲသွားချိန်မှာ လုချီယွမ်က လုမန်ကို ခပ်စူးစူး စိုက်ကြည့်၏။

ဒီသမီးက သူ့ကို ပြဿနာတွေပဲပေးတာပါလား!

နှစ်ယောက်လုံးက သမီးတွေပေမယ့် ဘာဖြစ်လို့ ဒီဟာမလေးက လုချီနဲ့ လုံးဝ မတူရတာလဲ..

လုချီက စဥ်းစားတွေးခေါ်မှုရှိသည်။ ဘာဖြစ်ဖြစ် မလုပ်ခင်မှာ သူ့အတွက် အရင်တွေးပေး၏။ 

လုမန်ကတော့ သူပြောသမျှကို ဆန့်ကျင်သည်။ ကောင်းတာရယ်လို့ ဆွေးနွေးတိုင်ပင်လို့မရ။

သင်းကြောင့်ပဲ သူ ဟန်ကျိုးလီနဲ့ ငြိသွားတာ!..

လုချီယွမ် နားမလည်ပေ။ ဟန်ကျိုးလီက လုမန်ကို မကြိုက်ဘူးဆိုရင် ဘာဖြစ်လို့ အမြဲတမ်းလိုလို လိုက်ကူညီပေးနေတာလဲ။

မဟုတ်မှလွဲရော ဟန်ကော်ပိုရေးရှင်းမှာ အလုပ်လုပ်နေတုန်း လုမန် သူ့မကောင်းကြောင်းတွေများ ပြောထားလေသလား..

ငယ်ငယ်လေးကတည်းက လုမန်က သူ့အတွက် ကံမကောင်းခဲ့ပေ။

ရှချင်းဝေ သူ့ဇနီးအဖြစ်ရှိခဲ့ချိန်မှာလည်း သူ့စီးပွားရေးခရီးလမ်းဟာ ကြမ်းတမ်းခဲ့သည်။

လုချီကို မွေးပြီးမှသာ သူ့လုပ်ငန်းတွေကျယ်ပြန့်လာပြီး ကုမ္ပဏီက ကြီးမားလာခဲ့တာဖြစ်သည်။ 

သူ့အတွက် လုချီက ကံကောင်းစေသော အဆောင်ဆိုလျှင် လုမန်က ကံဆိုးခြင်းတွေပဲ ဆောင်ကြဥ်းပေးတတ်သူ။

ပြီးတော့ ရှချင်းယန်ကလည်း အမြဲ ပြောတတ်ပါသည်။ သူ့စီးပွားတွေဟာ လုချီကိုရပြီးမှ ကြီးပွားတိုးတက်လာတာဖြစ်သတဲ့။ နေ့တိုင်း ထိုစကားတွေချည်း ကြားနေရပြီးသည့်နောက်မှာ သူဟာ ထိုစကားကို သက်ဝင်ယုံကြည်လာခဲ့၏။ လုချီဟာ တကယ်ပဲ သူ့အတွက် ကံကောင်းစေသော အဆောင်ဖြစ်သည်။

ဒီည လုမန်အတွက်နဲ့ ဟန်ကျိုးလီ သူ့ကို ပြဿနာရှာလာတာကို ကြုံလိုက်ရသည့်အခါ ရှချင်းယန်ပြောတာတွေကို သူ အမှတ်ရသွားသည်။

တကယ်ပါ လုမန်က သူ့ရဲ့ပျက်စီးကိန်းပဲ!

“ အခုက ပရဟိတပွဲ ဟုတ်တယ်မို့လား။ အဲ့ဒီသုံးယောက်က စာရိတ္တကောင်းတာမဟုတ်ဘူး ”

နန်ကျင်းဟန် : “…”

အဲ့ဒီအကြောင်းပြချက်က တကယ် လက်ခံလို့ရပါရဲ့လား..

“ ငါက ဘာဖြစ်လို့ စာရိတ္တမကောင်းရမှာလဲကွ! ”
လုချီယွမ် ရှူးရှူးရှဲရှဲ ဒေါသတွေဖြစ်ပြီး လုမန်ကို လက်ညှိုးထိုးစွပ်စွဲတော့၏။
“ သူကမှ အရှက်မရှိတဲ့သူ။ တွေ့ကရာယောက်ျားကို ဖြားယောင်းတယ်။ ငယ်ရည်းစားကတောင် သူ့ကို မလိုချင်လို့ ပစ်သွားတာ! ”

နားထောင်နေရင်း ဟန်ကျိုးလီ ဒေါသတွေပေါက်ကွဲကာ လက်သီးဆုပ်ပြီး လုချီယွမ်မျက်နှာကို တည့်တည့်လွှဲထိုးပစ်လိုက်မိ၏။

လုချီယွမ် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ လက်မောင်းကိုအားပြုပြီး ထောက်လိုက်သဖြင့် လက်မောင်းတစ်ခုလုံး ထုံသွားခဲ့၏။

မျက်နှာဆိုလျှင်လည်း စုတ်ပြတ်ကွဲထွက်သွားပြီလား ထင်ရအောင် စူးခနဲ ဖျင်းခနဲ နာနေသည်။ ပါးစပ်ထဲမှာပြည့်လာသည့် သွေးရဲ့ငန်ငြိငြိအရသာကိုလည်း ခံစားမိလိုက်ကာ

“ အဟွတ်!.. အဟွတ်!.. ”
လုချီယွမ်ပါးစပ်ထဲကနေ သွေးတွေစီးကျလာ၏။ လျှာနဲ့ ထိုးကြည့်လိုက်တော့ အံသွားတွေ နဲ့နေသည်။

“ မင်း.. မင်း ငါ့ကို ထိုးတယ်! ”
လုချီယွမ် သူ့ပါးစပ်ကို လက်နဲ့အုပ်ထားရင်း ဒေါသတကြီး မေးလိုက်သည်။
“ ငါပြောတာဘာမှားလို့လဲ! မင်းကို လုမန်နဲ့ဝေးဝေးမှာနေဖို့ အကြံပေးချင်တယ်။ သူက ကံဆိုးမ! ကံဆိုးခြင်းတွေပဲ ဆောင်ကြဥ်းပေးတယ်! ”

အခန်း [ ၁၇၈ ]

“ လာပြန်ပြီ ခင်ဗျား မဟုတ်ကဟုတ်ကတွေ ”
ဟန်ကျိုးလီ ချက်ချင်းပဲ အနားရောက်သွားကာ လုချီယွမ်ကို ကန်ပြီး မြေပေါ်မှောက်အောင်လုပ်ပစ်လိုက်သည်။

လုချီယွမ် ဘယ်လောက်ရုန်းရုန်း အချည်းနှီးပဲဖြစ်၏။ သူ့မှာ မခံချိမခံသာဖြစ်လွန်းလို့ လုမန်ကိုသာ မဲပြီး ကြိမ်းနိုင်သည်။
“ နင်ကန်းနေလား! ငါ့ကို သူ ဘယ်လိုဆက်ဆံနေသလဲဆိုတာ နင် မမြင်ဘူးလား!! ”

လုမန် ဟက်ခနဲသာရယ်ပြီး မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။

ဒီလိုအလှည့်အပြောင်းဖြစ်သွားတာတွေကို သူမ မယုံကြည်နိုင်သေး။

“ သမီးမိုက်! ”

“ အစ်ကို အဲ့ဒီဘက်မှာဘာတွေဖြစ်နေတာလဲ ”

“ တစ်လောကမှ ထွက်ထားတဲ့ လုချီသတင်းကို မင်းသိပြီးလောက်မှာပါ။ အဲ့တော့ မင်းအစ်ကိုကိုကူညီစမ်းပါဦး။ လုချီနဲ့သူ့မိဘတွေကို ထွက်သွားခိုင်းလိုက်။ ပြီးတော့ နောက်ကို အဲ့ဒီလိုလူတွေကို ပရဟိပွဲကို မဖိတ်ပါနဲ့ ”

“ ဟုတ်ကဲ့ ”
ဟန်ကျိုးလီ တောင်းဆိုတာကို နန်ကျင်းဟန်လုပ်ပေးဖို့ မခက်ပေ။

လုချီသည် အရေးမပါသောသူဖြစ်ပြီး သူ့အချိန်တွေနှင့် မထိုက်တန်ချေ။

အနုပညာမှာ အကျော်အမော် တစ်ယောက်ဖြစ်နေလျှင်ပင် သူတို့မျက်လုံးထဲမှာတော့ သေးသေးကွေးကွေးသာဖြစ်သည်။

လုချီဆိုရင် ဝေးရောပေါ့..

“ သန့်စင်ခန်းဧရိယာကို လူလွှတ်လိုက်။ လုချီယွမ် ဒီမှာ ရှိနေတယ်။ လက်ရှိအနေအထားအရတော့ သူ့ပုံစံက ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်သွားချင်ပုံမရဘူး ” 

လုချီယွမ် ချက်ချင်း ကုန်းထလိုက်သည်။ သူ့မှာ ဒေါသဖြစ်လွန်းလို့ တဆတ်ဆတ်တုန်နေလျက်။
“ ငါတို့ကို မောင်းထုတ်ရအောင် မင်းမှာ ဘာလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ။ ဟန်ကျိုးလီဆိုတာနဲ့ပဲ မင်း လုပ်ချင်တာလုပ်လို့ရကောလား ”

“ ခင်ဗျား စိတ်ပါရင် မီဒီယာတွေကို ပြောပြလို့ရတယ်။ ကိစ္စမရှိဘူး။ ကျုပ်ကတော့ ဘယ်မီဒီယာလုပ်ငန်းက သတင်းဖြန့်ချိရဲသလဲဆိုတာကိုစောင့်ကြည့်မယ်။ နောက်ပြီး လုချီကို ဒီအသိုင်းအဝိုင်းကနေ ပျောက်ကွယ်သွားစေချင်တာဆိုရင် အခု ဆက်အော်လို့ရတယ်နော် ”

လုချီယွမ်မျက်နှာ ရဲခနဲ ဖြစ်သွား၏။ ပါးစပ်ပေါက်လည်း ချက်ချင်း ပိတ်သွားသည်။

လုမန် မဲ့ပြုံးပြုံးလိုက်တော့သည်။ လုချီယွမ်ကို ဤကဲ့သို့ ကြင်နာ သဘောကောင်းသော ဖခင်ဖြစ်သည်ဟု မထင်ထားမိပေ။

လုချီအတွက် သူ့ကိုယ်သူ ပြဿနာတက်ခံ၏။ 

မရှေးမနှောင်းတွင် ဧည့်ကြိုနေရာမှ လုံခြုံရေးနှစ်ယောက် အပြေးရောက်လာပြီး လုချီယွမ်ကို ပွဲထဲကနေ ဆွဲထုတ်သွားသည်။

“ ငါ့မှာ ဖိတ်စာရှိတယ်ကွ! မင်းက ဘာမို့လို့ ဒီလိုလုပ်တာလဲ!! ”
လုချီယွမ် စတင်အော်ဟစ်တော့၏။

သို့သော်လည်း ပါးစပ်ကနေ အော်ဟစ်တာလောက်ပဲ သူ တတ်နိုင်သည်။ ဟန်ကျိုးလီကိုရော နန်ကျင်းဟန်ကိုရော သူ မယှဥ်နိုင်။

အလားတူအချိန်တွင်ပဲ အခြားသော လုံခြုံရေးအစောင့်နှစ်ဦးကလည်း လုချီတို့စားပွဲဆီကို သွားနေကြသည်။

“ ညည်းအဖေ ဘာဖြစ်လို့ ပြန်မလာသေးတာလဲ မသိဘူး ”
ရှချင်းယန် လုချီယွမ်ကို ပတ်ရှာကြည့်၏။

“ လုမန်က စကားနားမထောင်လို့နေမှာပေါ့ ”
တစ်ဝိုင်းတည်းထိုင်နေကြသည့် လူတွေလည်း တော်တော်များများ ရှိနေသည်မို့ ပြောချင်သလိုပြောလို့မရဘဲ လေသံတိုးတိုးနဲ့ ပြောလိုက်ရကာ
“ ဒီတစ်ခါရော ဘယ်လိုနည်းလမ်းတွေသုံးခဲ့သလဲမှမသိတာ ဒီပွဲကို သူ့ဟာနဲ့သူ တက်ရဖို့ဆို ခက်မှာလေ လွယ်လွယ်ထွက်သွားပါ့မလား ”

“ မဒမ်လု မစ္စလု ”
စောဝေက လုံခြုံရေးတွေခေါ်ပြီး ရောက်လာ၏။

“ အစ်မစော ”
လုချီ ချက်ချင်းပဲ ထရပ်လိုက်ကာ စောဝေ လာနှုတ်ဆက်လို့ အံ့သြခြင်းလည်း ဖြစ်သွားသည်။ စောစောက လျစ်လျူရှုထားခဲ့သည်မို့ နောက်မှ လူကိုယ်တိုင်လာနှုတ်ဆက်လိမ့်မည်ဟု တကယ် မမျှော်လင့်ထားမိချေ။

ဝင်ကြွားစွာနဲ့ လုချီ ရင်ဘတ်လေးကော့သွား၏။ သူမ အချိန်ခဏလေးပဲ နိမ့်ကျသွားတာ.. ခုကြည့်ပါလား ဒီလောကမှာနေရာရှိနေသေးတယ်...

စောဝေက ပြုံးပြုံးဖြင့်ပဲ
“ အပြင်ကို ခဏလောက် လိုက်ခဲ့ပေးပါနော် ”

နောက်မှာ လုံခြုံရေးနှစ်ယောက် ပါလာပေမယ့် စောဝေက ယဥ်ကျေးစွာ ခေါ်ပြောခဲ့သဖြင့် လုချီ နည်းနည်းလေးမှ သံသယမဝင်ဘဲ ရှချင်းယန်နှင့်အတူ စောဝေခေါ်သည့်နောက်သို့ လိုက်သွားခဲ့သည်။

“ မိန်းကလေးလု အားတော့နာပါတယ်။ ဒီတစ်ခါ အစီအစဥ်မှူးတွေက အမှားလုပ်မိသွားတယ်။ တကယ်တော့ မင်းက ဖိတ်ကြားခံ စာရင်းထဲမှာ မပါပါဘူး။ တို့လူတွေကို ချက်ချင်း လိုက်ပို့ခိုင်းလိုက်မယ် ”
ရုတ်တရက် စောဝေ လေသံတွေ ပြောင်းသွားသည်။ အရင်ကလိုလှိုက်လှဲပျူငှာခြင်းမရှိတော့။ တကယ်ဆို သူမဟာ ဖက်ရှင်လောကမှာ နာမည်ကြီးသည်။ ထိပ်တန်းအနုပညာရှင်တွေပင်လျှင် သူမအပေါ်မှာ ယဥ်ကျေးကြရ၏။

ထို့ကြောင့် ခုလိုပြောလိုက်ခြင်းအတွက် လုချီ မုန်းသွားမည်ဆိုလျှင်ပင် သူမ ဂရုမစိုက်ပါ။

ပြီးတော့ ဒီတစ်ခါမှာ နန်ကျင်းဟန်က တိုက်ရိုက်အမိန့်ပေးသွားတာဖြစ်၏။ 

လေသံက အပြစ်တင်ချင်သည့်ပုံပါ။ သူမက ဖိတ်ကြားရေးပိုင်းအတွက် တာဝန်ရှိသူ ဖြစ်၍ သတင်းပုတ်ဗရပွနှင့် လုချီကို ဖိတ်ကြားခဲ့လို့  အပြစ်တင်ချင်တာမျိုး။

ထို့ကြောင့် စောဝေကလည်း လုချီကို ပြန်ပြီးတော့ အပြစ်တင်လိုက်သည်။ 

အခန်း [ ၁၇၉ ]

တကယ်ဆို လက်ဦးဧည့်သည်စာရင်းမှာ လုချီနာမည် မပါပေ။ သို့ပေမယ့် နှစ်စဥ်နှစ်တိုင်းမှာ တချို့သော အနုပညာရှင်တွေက ဖိတ်စာကမ်းဖို့တာဝန်ရှိသည့် သူမရဲ့လက်အောက်ငယ်သားတွေဆီကနေ ဖိတ်စာရဖို့ နည်းလမ်းပေါင်းစုံကို သုံးကြသည်။

နှစ်တိုင်း ဖိတ်စာကတ် နှစ်ခု သုံးခုလောက်ကတော့ ယိုစိမ့်ပေါက်ကြားတတ်မြဲ ဆိုပေမယ့် ဒါဟာ ပုံမှန်လိုပဲ ဖြစ်နေသည်။

ခုနှစ်လည်း လက်အောက်ခံတစ်ဦးက လုချီကို ဖိတ်ကြားဖို့ ပြောဆိုလာသည့်အခါ စောဝေ သဘောတူခဲ့သည်။ လုချီ သတင်းပုတ်ဗရပွနှင့်ဆိုတာကိုသိပေမယ့် လုချီရဲ့မကောင်းသတင်းက လတ်တလောမှာ လူကြိုက်များနေသဖြင့် ပရဟိတပွဲညကို လူစည်သွားစေနိုင်သည်။

သို့သော်လည်း နန်ကျင်းဟန်က ဒါကို သတိထားမိသွားပြီး သူမကို ကောင်းစွာ မလုပ်ဆောင်သည့်အတွက် ကြိမ်းမောင်းလာခဲ့၏။

ထို့ကြောင့် လုချီ မုန်းမှာကို စောင့်မနေတော့ဘဲ စောဝေ အရင်စပြီး မုန်းလိုက်သည်။

မကောင်းသတင်းတွေ အများကြီးထွက်နေမှန်း သိရင် ဘာဖြစ်လို့ ပြဿနာထပ်ရှာဖို့ ကြိုးစားရတာလဲ..

ဒီလောက်တောင် မသိတတ်ဘူးလား..

လုချီ ဘာမှမပြောနိုင်ခင် ရှချင်းယန်က အရင်ထပေါက်ကွဲလေ၏။
“ နင်ဘာပြောလိုက်တယ်။ နင်က အမှားလုပ်မိတယ်လို့ပြောပြီး နှင်တာလား။ ဖိတ်စာမှာ ချီချီ့နာမည်ရေးထားတယ်။ စားပွဲပေါ်က နာမည်ပြားတွေမှာတောင် ငါတို့နာမည်တွေပါတယ်။ အဲ့ဒါကို မှားတာပါလို့ ဘယ်လိုပြောတာလဲ ”

“ အမေ့ ”
လုချီက ရှချင်းယန်ရဲ့လက်မောင်းကို ဆွဲဆုပ်လိုက်ကာ
“ အမေ ဘာမှမပြောပါနဲ့ ”

သူမအနေဖြင့်တော့ ခုချိန်မှာ စောဝေကို စော်ကားမော်ကားတွေပြောလို့ မဖြစ်ပေ။

ဒါပေမဲ့လည်း ကိုယ့်ကိုစော်ကားလာတာကိုတော့ ဘယ်လိုငြိမ်ခံနေနိုင်ပါ့မလဲ..

“ အစ်မစော .. အစ်မကို ကျွန်မ အမြဲတမ်း အထင်ကြီးလေးစားခဲ့ရတာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပါပဲ။ အမှားတစ်ခုပါလို့ပြောရုံနဲ့ ဒါကြီးက ပြီးမသွားနိုင်ဘူးလေ ”
လုချီမျက်လုံးမှာ မျက်ရည်တွေပြည့်အိုင်လာ၏။
“ အမှန်အတိုင်းပဲပြောပြပါ ကျွန်မတို့ကို ထွက်သွားစေချင်တဲ့ အကြောင်းပြချက်က ဘာလဲ ”

ပရဟိတပွဲကို လာခဲ့ပေမယ့် မောင်းထုတ်ခံရတဲ့အကြောင်း လူတွေသိသွားခဲ့ရင် အနုပညာအသိုင်းအဝိုင်းမှာ သူမ ဘယ်လိုများခရီးဆက်နိုင်မှာလဲ..

နောက်ဆို ဘယ်သူဖြစ်ဖြစ် ကိုယ့်ကို ကျော်ခွသွားကြတော့မှာပေါ့! 

စောဝေက နန်ကျင်းဟန်နာမည်ကို ထုတ်ပြောမည်မဟုတ်ပေ။
“ တကယ်မှားသွားတာပါ။ ဒီတစ်ခါ တို့တွေရဲ့အမှားပါ။ မင်း စိတ်မပူပါနဲ့။ ဒီအကြောင်းကို အပြင်လူတွေကို မပြောပြပါဘူး ”

“ ဟေ့အေ မသွားနိုင်ဘူး! ”
အခြေအနေက အကြိတ်အနယ် ဖြစ်နေခဲ့တာကို ရှချင်းယန် နားမလည်ပေ။

သူမသည် အနုပညာလောကအကြောင်း များများစားစား မသိသော သူဌေးကတော်တစ်ဦးသာဖြစ်သည်။

လုချီရဲ့အလုပ်အကိုင်ကို လုချီယွမ်က စီမံတာဖြစ်ပြီး ရှချင်းယန်သည် အနုပညာလောကမှာ စောဝေ ဘယ်လိုအနေအထားရှိသည်ဆိုတာကိုပင် မသိပေ။

သူမအထင်မှာ စောဝေဟာ မဂ္ဂဇင်းတိုက်တစ်ခုမှ အရေးမပါသော အယ်ဒီတာချုပ်ပဲ ဖြစ်သည်။

“ နင်ကဘာမို့လို့ ငါတို့ကိုထွက်သွားခိုင်းတာလဲ။ နှင်ချင်တာကိုများ မှားသွားတာပါတဲ့လား။ ရှင်းစမ်း! ဟွန့် .. ငါတို့မိသားစုက ဒီအလိမ်အညာကို ငြိမ်ခံနေမယ်များ ထင်နေလား!! ”

“ အမေ တော်ပြီလို့ ”
လုချီက တားချင်ယောင်ဆောင်၏။

သူမသည် စောဝေအမျက်ထွက်အောင်မလုပ်ရဲပေမယ့် ဒီလိုလာလုပ်တာကိုတော့ ငြိမ်ခံမနေနိုင်။ သို့ဖြစ်ပါ၍ လူကောင်းပမာ တားချင်ယောင်ဆောင်ပြီး ရှချင်းယန်ကိုပဲ ကြိမ်းမောင်းခိုင်းထားလိုက်၏။

ထို့အတွက် လုချီဘက်က အရှုံးလုံးဝမရှိပါချေ။

စောဝေ အေးစက်စက်နိုင်စွာ ပြုံးလိုက်သည်။
“ ရှင် သမီးကောင်းလေး မွေးထားတာပဲနော် ”

လုချီ ကြံနေတာတွေကို စောဝေရိပ်မိသည်။

ရှချင်းယန်ကသာ သတိမထားမိဘဲ လုချီလက်တွေကို တွန်းပစ်ပုတ်ဖယ်လိုက်ရင်း
“ ဝင်မရှုပ်နဲ့စမ်း။ ညည်းက စိတ်ကောင်းရှိလွန်းအားကြီးတယ်။ အဲ့ဒါကြောင့် သူများအနိုင်ကျင့်တာကို ခံရတာ။ အစကတော့ ဟိုလုမန်က အနိုင်ကျင့်တယ်။ ခု မလောက်လေးမလောက်စား အယ်ဒီတာချုပ်က လာအနိုင်ကျင့်နေပြန်ပြီ! ”

“ တော်လောက်ပြီ! ”
လုချီယွမ် မောင်းထုတ်ခံရလို့ ပင်မဝင်ပေါက်ကို ရောက်နေပြီ ဖြစ်သည်။ ထွက်တော့မည့်အချိန်မှာပဲ ရှချင်းယန်နဲ့လုချီပါ ထွက်လာရတာကို တွေ့လိုက်ရ၏။

ရှချင်းယန်က အရှက်မရှိစွာဖြင့် ကြွားဝါခြင်းတောင် ပြုနေသေးသည်။

ခါတိုင်းဆို ဣန္ဒြေရှိပြီး အနေအထိုင်ပိရိလွန်းလို့ ခုလို မိုက်မဲလိမ့်မယ်ဆိုတာ တွေးလို့ပင်မရ။

သူ့မှာ ခြေလှမ်းကျဲကြီးတွေနဲ့ ရှချင်းယန်ကို သွားဆွဲလိုက်ရကာ..
“ မင်း ဘာတွေလျှောက်ပြောနေတာလဲ! ”

“ ကျွန်မ.. ”

လုချီ ရှချင်းယန်ကို လှမ်းဆွဲလိုက်၏။
“ အမေ ထပ်မပြောတော့နဲ့ ”

လုချီယွမ် စိတ်ပျက်ပျက်နဲ့ စောဝေကို ကြည့်ပြီး လုချီဘက်ကို လှည့်လိုက်ကာ.. 
“ သွားမယ် ”

ရှချင်းယန်က တစ်ခုခုပြောဖို့ ပါးစပ်ကလေးပြင်လိုက်ပေမယ့် လုချီက ရုတ်တရက် ဆွဲခေါ်သွားသဖြင့် လိုက်ရုံပဲ ရှိတော့သည်။

“ အဖေ့ ဘာဖြစ်တာလဲ။ အဖေရယ် လုမန်ကို သွားရှာတာမဟုတ်ဘူးလား။ ဘာဖြစ်လို့ အပြင်ကနေ ပြန်လာတာလဲ ”

အခန်း [ ၁၈၀ ]

“ ကားပေါ်ရောက်မှ ပြောမယ် ”
လက်ရှိမှာ လုချီယွမ် ဒေါသထွက်နေသည်မို့ လူမြင်ကွင်းမှာ စကားပြောဆိုဖို့ မကောင်းပေ။ 

သို့သော် ဟိုတယ်အပေါက်ကနေ ထွက်သည်နှင့် သတင်းထောက်အုပ်ကြီးက ဝိုင်းအုံလာမည်ဟု မည်သူထင်ထားမိမည်နည်း။

“ လုချီ လေလံပွဲက မစသေးဘူးလေ ဘာဖြစ်လို့ အစောကြီး ထွက်လာတာလဲ ”

“ အတွင်းသတင်းရထားတယ် တကယ်တော့ ခင်ဗျားကို မဖိတ်ထားဘူးဆို အဲ့ဒါ ဟုတ်လား ”

“ လုချီ ပြောပါဦး ”

“ နင်တို့ဘာလုပ်တာလဲ! သွားကြစမ်း! သွားကြ! ”
ရှချင်းယန်က ကင်မရာတွေဆီကနေ လုချီကို ကာကွယ်ပေးဖို့ ကြိုးစားသည်။

သို့ပေမယ့် သတင်းထောက်တွေက အများကြီးမို့ အားလုံးကို သူမ ဘယ်လိုလုပ်ကာဆီးနိုင်မှာလဲ။ လုချီမျက်နှာတည့်တည့်ကိုမှ ပြုံတိုးနေသည့် အတော်ရှည်သော ကင်မရာတွေလည်းရှိနေကာ..

ရလဒ်အနေဖြင့် လုချီနဖူးနှင့် မေးရိုးနေရာတွေ ခိုက်မိသွားသည်။

“ ဖယ်စမ်း အကုန်လုံး လုံခြုံရေးတွေဘယ်ရောက်ကုန်လဲ ”
လုချီ ဒေါသထွက်သွားသည်မို့ အနုပညာပုံရိပ်ကို ထိန်းသိမ်းဖို့လည်း အာရုံမစိုက်နိုင်တော့။ 

ဒီသတင်းထောက်တွေ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ကြီးသိသွားရတာလဲ!!

“ မမစော လုချီနဲ့သူ့မိဘတွေ အပြင်မှာ သတင်းထောက်တွေ ဝိုင်းတာခံလိုက်ရပြီ။ ကျွန်မတို့.. ”

“ နေပါစေ ငါတို့အကူအညီကို သူတို့ မလိုဘူး ”
စောဝေမျက်နှာ တည်တင်းနေသည်။

ခုနက ရှချင်းယန် စိတ်ကြီးဝင်ပြီး ဘာတွေပြောသွားခဲ့သလဲ..

မလောက်လေးမလောက်စား အယ်ဒီတာချုပ်တဲ့ သူတို့လုမိသားစုကို စော်ကားလို့မရပါဘူးတဲ့..

ဒီလောက်ကြီးကျယ်မြင့်မြတ်နေမှတော့ ဘာဖြစ်လို့ သူတို့အကူအညီကို လိုဦးမှာလဲ!

အခြေအနေနဲ့ပတ်သက်ပြီး နန်ကျင်းဟန်ဆီမှာ သွားတင်ပြလိုက်သည်။

သတင်းရတာနှင့် နန်ကျင်းဟန်သည် ဟန်ကျိုးလီဆီကို ချက်ချင်း ဖုန်းဆက်၏။
“ အစ်ကိုဟန် ကျွန်တော်မောင်းထုတ်လိုက်ပြီ အစ်ကို အခု ဘယ်မှာလဲ ”

“ မောင်းထုတ်ပြီးပြီဆိုရင် ရပြီ ”
ဟန်ကျိုးလီ တခြားဘာမှမပြောပြဘဲ ဒီတိုင်း ဖုန်းချသွား၏။ 

နန်ကျင်းဟန်မှာတော့ ဖုန်းကို စိုက်ကြည့်ရင်း ဆွံ့အစွာ ကျန်ခဲ့လျက်
“ ဟင်း ဒီအစ်ကိုတွေကတော့ လိုရင်သုံး မလိုရင် ဂျောင်း လုပ်တော့တာချည်းပဲ ”

တွေးကြည့်လိုက်မှ ခုနက ဟန်ကျိုးလီပြောသွားတာဘာပါလိမ့်..

သန့်စင်ခန်းနားမှာ ဆိုလား..

နန်ကျင်းဟန် ထရပ်ပြီး သန့်စင်ခန်းဘက်ကို သွားလိုက်သည်။

***

လုမန်ရဲ့လက်ကောက်ဝတ်လေးကို မယူကြည့်လိုက်တော့ လက်ချောင်းရာတွေနှင့် နီရဲနေကာ ဟန်ကျိုးလီ သုန်မှုန်သွား၏။

“ ခုနက ထိုးလိုက်တာနည်းသွားတယ် ကျွတ် ”

“ ရပါတယ် နီနေတယ်ထင်ရပေမယ့် အဲ့လောက်ကြီးလည်း မနာပါဘူး ”
သူမအရေပြားပေါ်မှာ အမှတ်အသားတွေချန်ရစ်ခဲ့ဖို့ လွယ်ကူသည်။

ဟန်ကျိုးလီ နှုတ်ခမ်းတွေ မဲ့ကျနေ၏။

“ ပြန်သွားရင် ကိုယ်နဲ့ လာထိုင်တော့ ”

ဒါမှ အတွေးအခေါ်နည်းတဲ့လူတွေ သူ့ကောင်မလေးကို လွယ်လွယ်အနိုင်ကျင့်လို့ရတယ်လို့ မထင်ကြတော့မှာ။

“ ခုံတွေက နေရာချပြီးသားကြီးလေ။ ဘယ်လိုလုပ်ထိုင်လို့ရမှာတုံး။ အဟက် ရှင့်စားပွဲမှာထိုင်တဲ့လူတွေက တကယ့်ဘစ်ဘော့စ်တွေချည်းပဲနော်။ သူတို့တွေကို ဘယ်လို မောင်းထုတ်မလဲ။ နောက်ပြီး ကျွန်မက တုလင်းနောက်ကို လိုက်ဖို့လိုတယ်။ အဲ့ဒါ ကျွန်မအလုပ်ပဲ ”

“ မင်း အနိုင်ကျင့်ခံရမှာစိုးလို့ပါ ”
ဟန်ကျိုးလီသည် သုန်မှုန်စွာဖြင့် လုမန်လက်ကို မ၍ နှုတ်ခမ်းတွေနဲ့ ထိကပ်ကာ လက်ချောင်းရာတွေအားလုံးကို လိုက်နမ်း၏။ 

စိုစိုအိအိခံစားချက်သည် လက်ကောက်ဝတ်ကို ဝါဂွမ်းစိုစိုဖြင့် ပွတ်တိုက်နေသကဲ့သို့ဖြစ်ကာ ယားကျိကျိနှင့် ပျော့အိနူးညံ့နေလျက်။

“ ဟာ! ”
နန်ကျင်းဟန် ရောက်ရောက်ချင်း ထိုမြင်ကွင်းကို တွေ့ပြီး မှင်တက်သွား၏။
“ အစ်ကိုဟန် စင်ဂယ်ဘဝက ကျွတ်သွားပြီလား ”

ဟန်ကျိုးလီ “…”

ဒီကောင် ဘာလာလုပ်တာလဲ!

အခြေအနေနဲ့ အချိန်အခါကို နားမလည်ဘူးလား

ကောင်မလေးနဲ့ တွဲမြင်လိုက်ရင် အလိုက်တသိ ဂျောင်းတော့ပေါ့ ဘာဖြစ်လို့ ဝင်နှောင့်တာလဲ!!

“ မင်းဘာလာလုပ်တာလဲ ”

“…”

လေသံက မနှစ်မြို့သံနှင့်မို့ နန်ကျင်းဟန် လည်နင်သွားသည်။

“ ဘာတွေများ ဖြစ်နေလဲလို့ လာကြည့်တာပါ။ ဒါပေမဲ့ မရီးနဲ့ ရှိနေမယ်လို့ မထင်ထားဘူးလေ။ အစ်ကိုက ရှင်းရှင်းမှ မပြောသွားဘဲ ”

ပြောပြီး အနားလျှောက်လာကာ..
“ တွေ့ရတာဝမ်းသာပါတယ် မရီး ကျွန်တော်က နန်ကျင်းဟန်ပါ ”

သူ ခေါ်ဆိုပုံကြောင့် လုမန် ရှက်တော့သွား၏။ 
“ ဟုတ်ကဲ့ လုမန်လို့ခေါ်ပါတယ် ”

လုမန်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သဖြင့် နန်ကျင်းဟန်က ဟန်ကျိုးလီကို မျက်စမျက်နတွေပစ်ပြသည်။
“ အစ်ကိုဟန် တကယ်ကြီးလုပ်လိုက်တာပေါ့! ဘယ်တုန်းကလဲ။ ဘာဖြစ်လို့ မပြောပြတာလဲ ”

~~~~

(Zawgyi)

အခန္း [ ၁၇၆ ]

သူကပဲ သူမကို ထြက္သြားေစခ်င္သတဲ့..

သူမ ျမင္ေနတာေတာ့ လုခ်ီယြမ္ကမွ ထြက္သြားသင့္တဲ့သူပါ..

အေျခအေနနဲ႔ အခ်ိန္အခါကိုမၾကည့္ဘဲ ေျပာခ်င္တာေတြလည္း ေလ်ွာက္ေျပာေသးသည္။

“ အဟြန္း လုပ္တုန္းကလုပ္ၿပီး လူေျပာခံရမွာ ေၾကာက္ေနတာလား ”

သူက ဘာကိစၥဂရုစိုက္ရမွာလဲ သူနဲ႔ဆိုင္တဲ့ကိစၥမွမဟုတ္တာ..

သတင္းေထာက္ေတြ ၾကားသြားရင္ ကံဆိုးမယ့္သူက တုလင္းနဲ႔ လုမန္ပဲ..

ဒီသတင္းသာပ်ံ့သြားရင္ လုခ်ီနဲ႔ပတ္သက္ၿပီး ထႂကြေနတဲ့ ေကာလာဟလေတြ ေလ်ွာ့ေတာင္ေလ်ွာ့သြားႏိုင္ေသးတယ္..

သို႔ေသာ္ လုမန္က အဘယ္သူနည္း။ 

ခုဆို PR ဌာနမွာ တရားဝင္ ဝန္ထမ္းျဖစ္ေနၿပီ။ လုခ်ီယြမ္ဘာလုပ္ခ်င္တယ္ဆိုတာကို သူမ ခ်က္ခ်င္း ခန္႔မွန္းမိႏိုင္၏။

သူဟာ သမီးတစ္ေယာက္အတြက္ အျခားသမီးတစ္ေယာက္ရဲ့နာမည္ကို ေရာင္းဝယ္ေဖာက္ကားပစ္ရလည္း မမႈတဲ့သူ.. 

လုမန္ ဟားတိုက္ရယ္ေမာပစ္လိုက္၏။
ဒါ လုခ်ီယြမ္ရဲ့ပံုစံပဲ မဟုတ္ဘူးလား..

ထိုစဥ္ကလည္း လုခ်ီ ေထာင္က်ဖို႔ မလိုခဲ့ေပမယ့္ လုခ်ီရဲ့နာမည္ဂုဏ္သတင္းအတြက္ သူသည္ သူမကို ေထာင္က်ေအာင္ အမႈဆင္ခဲ့၏။

ခုလည္း အဲ့ဒီလိုပဲ.. ဘယ္အရပ္ကိုဦးတည္ေနသလဲ..

လုပ္သမ်ွက အဓိပၸာယ္မရိွတာေတြခ်ည္းပဲ..

“ နင္ဟာေလ အရွက္ကို မရိွဘူး။ အဲဒါေၾကာင့္ ဟန္က်ိဳးလီ နင့္ကို မႀကိဳက္တာ။ အဲ့ဒါေတာင္ နင္က တုလင္းကို ျဖားေယာင္းလိုက္ေသးတယ္။ တကယ္လို႔ ျဖားေယာင္းခ်င္တယ္ဆိုရင္ေတာင္မွ အာဏာပါဝါရိွတဲ့လူကို ျဖားေယာင္းေပါ့။ ခုေတာ့ နာမည္မရိွေတာ့တဲ့လူကို ျဖားေယာင္းတယ္တဲ့.. အဲ့ဒါ ဘာလဲ။ နင္လုပ္တတ္တာအဲ့ဒါပဲလား! ”
လုခ်ီယြမ္၏အသံသည္ က်ယ္ေလာင္လာ၏။

“ ေအာ္ပါ ႀကိဳက္သေလာက္ေအာ္ ”
လုခ်ီယြမ္ႀကံစည္ေနတာေတြကို လုမန္ သိသည္။ သူက ေအာ္ႀကီးဟစ္က်ယ္ေတြေျပာၿပီး လူေတြအာရံုစိုက္ေအာင္ လုပ္ခ်င္တာမဟုတ္လား..

“ လုခ်ီက အေဖ့သမီး၊ အိမ္ေထာင္ရိွလ်က္နဲ႔ ဇနီးသည္ရဲ့ညီမလုပ္သူနဲ႔ ေဖာက္ျပန္၊ တရားဝင္ဇနီးကိုပစ္ၿပီး အေျမႇာင္မကိုလက္ထပ္၊ ခုေတာင္မွ သမီးအရင္းလို႔ အသိအမွတ္မျပဳရဲတာေတြ၊ ၿပီးေတာ့ လုခ်ီက ေဖာက္ျပန္ၿပီး ရလာခဲ့တဲ့ကေလးဆိုတာေတြ အဲ့ဒါေတြကို လူေတြသိသြားေစခ်င္တယ္ဆိုရင္ ရွင္ဆက္ၿပီးေတာ့ေအာ္ႏိုင္တယ္! ”
လုမန္ အံႀကိတ္ၿပီး ေျပာလိုက္၏။

တစ္ခါေသဖူးၿပီးမွ ဒီလိုစကားေတြေျပာထြက္လိုက္ႏိုင္သည္။ လုခ်ီယြမ္မ်က္ႏွာ ပ်က္ယြင္း ထိတ္လန္႔သြားတာေတြကိုလည္း ျမင္လိုက္ရ၏။

လုခ်ီယြမ္ အံ့ၾသတုန္လႈပ္ထိတ္လန္႔ေၾကာက္ရြံ႔သြားျခင္းသည္ လုခ်ီအတြက္ သူကိုယ္တိုင္အတြက္ ရင္ထဲမေကာင္း၍ျဖစ္သည္။

တကယ္ဆို သူဟာ အတၲသမား..

“ အရူးခ်ီးပန္းစကားေတြ!! ”
ေလသံကေတာ့ ေလ်ာ့သြား၏။

“ ကြၽန္မေျပာတာ အရူးခ်ီးပန္းစကားေတြ ဟုတ္မဟုတ္ကို အေဖ အသိဆံုးမဟုတ္လား ”
လုမန္က မ်က္ႏွာေလးေမာ့ကာ ေအးတိေအးစက္ ၿပံဳးသည္။
“ ဆက္ေအာ္ေလ ”

လုခ်ီယြမ္ ႏႈတ္ခမ္းေတြ ခပ္ေစ့ေစ့ ပိတ္ထားရင္း က်ိခနဲ အံႀကိတ္လိုက္ၿပီးမွ
” အခုခ်က္ခ်င္း ငါနဲ႔လိုက္ခဲ့စမ္း! နင္က ဘာကိစၥ ဒီလိုပြဲမ်ိဳးကို လာတက္တာလဲ။ ဒါ နင့္လိုလူေတြအတြက္ ေနရာမဟုတ္ဘူး! ”

စကားဆံုးသည္ႏွင့္ လုမန္ကို ဆြဲေခၚသြားသည္။

အတိတ္ဘဝက မီခ်န္းစံုဆီကေန ကိုယ္ခံပညာေတြ လုမန္ သင္ယူထားေပမယ့္ ပင္ကိုခႏၶာကိုယ္အေျခအေနေၾကာင့္ သြက္လက္လ်င္ျမန္ေသာ ပံုစံကိုပဲ သံုးႏိုင္သည္။

ကိုယ္ခံပညာေတြ ေလ့လာဖူးသည္ဆိုေပမယ့္ အားခ်င္း ယွဥ္မည္ဆိုလ်ွင္ လုမန္ လုခ်ီယြမ္ႏွင့္ မယွဥ္ႏိုင္။

ရုန္းရင္းကန္ရင္းျဖင့္ လုခ်ီယြမ္ဆြဲေခၚရာအတိုင္း သိုင္းကြက္နင္းၿပီး ပါသြားခဲ့၏။

ထိုစဥ္ ဘယ္ကဘယ္လိုေရာက္လာမွန္းမသိသည့္ လက္တစ္ဖက္က လုခ်ီယြမ္လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လာသည္။

“ လႊတ္လိုက္! ”
ေအးတိေအးစက္နဲ႔တိုးလ်ေသာ ေဒါသသံတစ္သံ ေဘးဘက္ကေန ထြက္ေပၚလာသည္။ 

လုခ်ီယြမ္ ေၾကာင္အမ္းအမ္းျဖစ္ၿပီး ေမာ့ၾကည့္လိုက္ေတာ့ သူ႔လက္ေကာက္ဝတ္ကို ကိုင္ထားတာက ဟန္က်ိဳးလီ..

“ သခင္ေလးဟန္ပါလား .. ဒီမွာ သမီးလုပ္သူနဲ႔ ေျပာစရာေလးရိွလို႔ေလ ”

သူ ၿပံဳးၿပီး ေျပာလိုက္ေပမယ့္ ဟန္က်ိဳးလီမ်က္ႏွာက ခက္ထန္ေနဆဲျဖစ္ကာ လက္ကိုလည္း တင္းေနေအာင္ ဆုပ္ၿပီး ဖိအားေပးသည္။ လုခ်ီယြမ္ နာလို႔ လက္သီးဆုပ္က ေျပသြား၏။

ထိုအခါ လုမန္က သူမလက္ေကာက္ဝတ္ကို ပြတ္သပ္ရင္း ဟန္က်ိဳးလီေနာက္မွာ အျမန္ ဝင္ပုန္းလိုက္သည္။

“ သခင္ေလးဟန္ .. မင္း မ်ားသြားၿပီထင္တယ္။ ဒါ ငါနဲ႔ ငါ့သမီးၾကားက ကိစၥပါ။ မင္းက သူ႔အထက္လူႀကီး ျဖစ္ေနရင္ေတာင္မွ ငါတို႔ကိုယ္ေရးကိုယ္တာကိုေတာ့ ဝင္စြက္ဖက္လို႔မရဘူးေနာ္! ”
လုခ်ီယြမ္ မ်က္ႏွာအမူအရာေတြ ေျပာင္းလဲပ်က္ယြင္းေနခဲ့ကာ မ်က္လံုးအၾကည့္တို႔က ဟန္က်ိဳးလီႏွင့္ လုမန္ဆီမွာ မသကၤာသလို ဝဲေနခဲ့၏။

လုမန္သာ ဟန္က်ိဳးလီနဲ႔ ဘာမွပတ္သက္မႈမရိွဘူးဆိုရင္ အခ်ိန္တိုင္း လုမန္ကို ကူညီတဲ့သူက ဘာျဖစ္လို႔ ဟန္က်ိဳးလီပဲျဖစ္ေနရတာလဲ..

ဟန္က်ိဳးလီက သူ႔ကို မသိက်ိဳးကြၽံျပဳကာ ဖုန္းကို တန္းထုတ္လိုက္သည္။
“ က်င္းဟန္ ငါရယ္ ”

“ အင္း အစ္ကိုဟန္ ဘာျဖစ္လို႔လဲ ခုနက ရုတ္တရက္ႀကီး ထြက္သြားတာ ”
နန္က်င္းဟန္က ဖုန္းထဲကေန ျပန္ေမး၏။

အခန္း [ ၁၇၇ ]

“ ငါ လူသံုးေယာက္ကို ေမာင္းထုတ္ခ်င္တယ္။ အခုခ်က္ခ်င္း ”
ဟန္က်ိဳးလီ ခပ္မာမာပဲ ေျပာလိုက္၏။

ေစာေစာက သူ အျပင္မွာထိုင္ေနရင္း လုမန္ကိုေသခ်ာေစာင့္ၾကည့္ေနခဲ့တာျဖစ္သည္။

ေနာက္ကေန လုခ်ီယြမ္လိုက္သြားတာျမင္ေတာ့ ရွခ်င္းယန္ႏွင့္ လုခ်ီလည္း ပါလာမည္ဆိုတာကို တြက္မိလိုက္၏။

“ အခုလား ”
နန္က်င္းဟန္ အံ့ၾသသြားသည္။
“ အစ္ကိုေျပာတာ ဒီညလာတဲ့ဧည့္သည္ေတြကိုလားဟင္ ”

“ ဟုတ္တယ္။ အေရးပါအရာေရာက္တဲ့သူေတြေတာ့မဟုတ္ပါဘူး။ မင္း လုခ်ီအေၾကာင္းေတြကို သိတယ္မို႔လား ”
ဟန္က်ိဳးလီက ေမးရင္း လုခ်ီယြမ္ကိုလည္း ေအးစက္စက္ႏိုင္စြာ ၾကည့္လိုက္ေသးသည္။

လုခ်ီယြမ္ မ်က္လံုးျပဴးသြား၏။

သူတို႔မွာ ဖိတ္စာေတြရိွသည္။ သူတို႔ထိုင္ခံုေနရာေတြကို အြန္လိုင္းမွာပင္ ေဖာ္ျပထားၿပီးျဖစ္၏။

နန္ယင္း ပရဟိတပြဲညမွာ ဧည့္သည္ေတြကို ေမာင္းထုတ္သည္ ဆိုတာမ်ိဳးလည္း ယခင္က ၾကားပင္ မၾကားဖူးပါေခ်။

ဖိတ္စာကမ္းၿပီး ဖိတ္တယ္ဆိုကတည္းက ဧည့္သည္ေတြကို အစီအစဥ္မွဴးေတြက ေသခ်ာေရြးခ်ယ္ၿပီးမွ ကန္႔သတ္ဖိတ္ၾကတာျဖစ္သည္။ လူေတြကိုဖိတ္ၿပီးမွ ဘာလို႔ ေမာင္းထုတ္ရမွာလဲ။

ဟန္က်ိဳးလီ မီဒီယာေတြကို ပြက္ေလာရိုက္သြားေစခ်င္တာလား! 

“ သိတယ္ေလ ”
နန္က်င္းဟန္သည္ တစ္ျပည္လံုးမွာ အႀကီးမားဆံုး မီဒီယာလုပ္ငန္းျဖစ္သည့္ နန္ယင္းေကာ္ပိုေရးရွင္းကို ပိုင္ဆိုင္ထားသူ ျဖစ္သျဖင့္ လုခ်ီသတင္းေတြႏွင့္ပတ္သက္ၿပီး မသိႏိုင္စရာ အေၾကာင္း လံုးဝ မရိွေခ်။
“ ဘာျဖစ္လို႔လဲ ”

“ မင္းတို႔ပရဟိတပြဲက ေတာ္ေတာ့္ကို ေပါေပါပဲပဲႏိုင္တာပဲကြ။ လူေပါင္းစံု ဖိတ္တယ္ ”
ဟန္က်ိဳးလီသည္ နန္က်င္းဟန္အေပၚမွာလည္း အားနာျခင္းမရိွ။
“ ဒီေန့ လုခ်ီက သူ႔အေဖနဲ႔ သူ႔အေမကိုပါ ဒီကို ေခၚလာခဲ့တာ။ ေျပာခ်င္တာကကြာ.. အဲ့ဒီသံုးေယာက္ကို ငါ မႀကိဳက္ဘူး ”

“…”
နန္က်င္းဟန္ ေခြၽးပင္ဆို႔ခ်င္လာ၏။
“ အစ္ကိုစိတ္အေနွာင့္အယွက္ျဖစ္ေအာင္ သူတို႔ လုပ္လိုက္လို႔လားဟင္ ”

ဟန္က်ိဳးလီ လုခ်ီယြမ္ကို ဖ်တ္ခနဲ ၾကည့္လိုက္သည္။ လုခ်ီယြမ္ရဲ့လက္ရိွမ်က္ႏွာအမူအရာဟာ ငိုတာထက္ပင္ ပိုၿပီးေတာ့ အရုပ္ဆိုးေနပါသည္။ 

ဟန္က်ိဳးလီ အၾကည့္လႊဲသြားခ်ိန္မွာ လုခ်ီယြမ္က လုမန္ကို ခပ္စူးစူး စိုက္ၾကည့္၏။

ဒီသမီးက သူ႔ကို ျပႆနာေတြပဲေပးတာပါလား!

ႏွစ္ေယာက္လံုးက သမီးေတြေပမယ့္ ဘာျဖစ္လို႔ ဒီဟာမေလးက လုခ်ီနဲ႔ လံုးဝ မတူရတာလဲ..

လုခ်ီက စဥ္းစားေတြးေခၚမႈရိွသည္။ ဘာျဖစ္ျဖစ္ မလုပ္ခင္မွာ သူ႔အတြက္ အရင္ေတြးေပး၏။ 

လုမန္ကေတာ့ သူေျပာသမ်ွကို ဆန္႔က်င္သည္။ ေကာင္းတာရယ္လို႔ ေဆြးေနြးတိုင္ပင္လို႔မရ။

သင္းေၾကာင့္ပဲ သူ ဟန္က်ိဳးလီနဲ႔ ၿငိသြားတာ!..

လုခ်ီယြမ္ နားမလည္ေပ။ ဟန္က်ိဳးလီက လုမန္ကို မႀကိဳက္ဘူးဆိုရင္ ဘာျဖစ္လို႔ အၿမဲတမ္းလိုလို လိုက္ကူညီေပးေနတာလဲ။

မဟုတ္မွလြဲေရာ ဟန္ေကာ္ပိုေရးရွင္းမွာ အလုပ္လုပ္ေနတုန္း လုမန္ သူ႔မေကာင္းေၾကာင္းေတြမ်ား ေျပာထားေလသလား..

ငယ္ငယ္ေလးကတည္းက လုမန္က သူ႔အတြက္ ကံမေကာင္းခဲ့ေပ။

ရွခ်င္းေဝ သူ႔ဇနီးအျဖစ္ရိွခဲ့ခ်ိန္မွာလည္း သူ႔စီးပြားေရးခရီးလမ္းဟာ ၾကမ္းတမ္းခဲ့သည္။

လုခ်ီကို ေမြးၿပီးမွသာ သူ႔လုပ္ငန္းေတြက်ယ္ျပန္႔လာၿပီး ကုမၸဏီက ႀကီးမားလာခဲ့တာျဖစ္သည္။ 

သူ႔အတြက္ လုခ်ီက ကံေကာင္းေစေသာ အေဆာင္ဆိုလ်ွင္ လုမန္က ကံဆိုးျခင္းေတြပဲ ေဆာင္ၾကဥ္းေပးတတ္သူ။

ၿပီးေတာ့ ရွခ်င္းယန္ကလည္း အၿမဲ ေျပာတတ္ပါသည္။ သူ႔စီးပြားေတြဟာ လုခ်ီကိုရၿပီးမွ ႀကီးပြားတိုးတက္လာတာျဖစ္သတဲ့။ ေန့တိုင္း ထိုစကားေတြခ်ည္း ၾကားေနရၿပီးသည့္ေနာက္မွာ သူဟာ ထိုစကားကို သက္ဝင္ယံုၾကည္လာခဲ့၏။ လုခ်ီဟာ တကယ္ပဲ သူ႔အတြက္ ကံေကာင္းေစေသာ အေဆာင္ျဖစ္သည္။

ဒီည လုမန္အတြက္နဲ႔ ဟန္က်ိဳးလီ သူ႔ကို ျပႆနာရွာလာတာကို ႀကံဳလိုက္ရသည့္အခါ ရွခ်င္းယန္ေျပာတာေတြကို သူ အမွတ္ရသြားသည္။

တကယ္ပါ လုမန္က သူ႔ရဲ့ပ်က္စီးကိန္းပဲ!

“ အခုက ပရဟိတပြဲ ဟုတ္တယ္မို႔လား။ အဲ့ဒီသံုးေယာက္က စာရိတၲေကာင္းတာမဟုတ္ဘူး ”

နန္က်င္းဟန္ : “…”

အဲ့ဒီအေၾကာင္းျပခ်က္က တကယ္ လက္ခံလို႔ရပါရဲ့လား..

“ ငါက ဘာျဖစ္လို႔ စာရိတၲမေကာင္းရမွာလဲကြ! ”
လုခ်ီယြမ္ ရႉးရႉးရွဲရွဲ ေဒါသေတျြဖစ္ၿပီး လုမန္ကို လက္ၫွိုးထိုးစြပ္စြဲေတာ့၏။
“ သူကမွ အရွက္မရိွတဲ့သူ။ ေတြ့ကရာေယာက္်ားကို ျဖားေယာင္းတယ္။ ငယ္ရည္းစားကေတာင္ သူ႔ကို မလိုခ်င္လို႔ ပစ္သြားတာ! ”

နားေထာင္ေနရင္း ဟန္က်ိဳးလီ ေဒါသေတြေပါက္ကြဲကာ လက္သီးဆုပ္ၿပီး လုခ်ီယြမ္မ်က္ႏွာကို တည့္တည့္လႊဲထိုးပစ္လိုက္မိ၏။

လုခ်ီယြမ္ ေျမျပင္ေပၚသို႔ ပစ္လဲက်သြားသည္။ လက္ေမာင္းကိုအားျပဳျပီး ေထာက္လိုက္သျဖင့္ လက္ေမာင္းတစ္ခုလံုး ထံုသြားခဲ့၏။

မ်က္ႏွာဆိုလ်ွင္လည္း စုတ္ျပတ္ကြဲထြက္သြားၿပီလား ထင္ရေအာင္ စူးခနဲ ဖ်င္းခနဲ နာေနသည္။ ပါးစပ္ထဲမွာျပည့္လာသည့္ ေသြးရဲ့ငန္ၿငိျငိအရသာကိုလည္း ခံစားမိလိုက္ကာ

“ အဟြတ္!.. အဟြတ္!.. ”
လုခ်ီယြမ္ပါးစပ္ထဲကေန ေသြးေတြစီးက်လာ၏။ လ်ွာနဲ႔ ထိုးၾကည့္လိုက္ေတာ့ အံသြားေတြ နဲ႔ေနသည္။

“ မင္း.. မင္း ငါ့ကို ထိုးတယ္! ”
လုခ်ီယြမ္ သူ႔ပါးစပ္ကို လက္နဲ႔အုပ္ထားရင္း ေဒါသတႀကီး ေမးလိုက္သည္။
“ ငါေျပာတာဘာမွားလို႔လဲ! မင္းကို လုမန္နဲ႔ေဝးေဝးမွာေနဖို႔ အႀကံေပးခ်င္တယ္။ သူက ကံဆိုးမ! ကံဆိုးျခင္းေတြပဲ ေဆာင္ၾကဥ္းေပးတယ္! ”

အခန္း [ ၁၇၈ ]

“ လာျပန္ၿပီ ခင္ဗ်ား မဟုတ္ကဟုတ္ကေတြ ”
ဟန္က်ိဳးလီ ခ်က္ခ်င္းပဲ အနားေရာက္သြားကာ လုခ်ီယြမ္ကို ကန္ၿပီး ေျမေပၚေမွာက္ေအာင္လုပ္ပစ္လိုက္သည္။

လုခ်ီယြမ္ ဘယ္ေလာက္ရုန္းရုန္း အခ်ည္းႏွီးပဲျဖစ္၏။ သူ႔မွာ မခံခ်ိမခံသာျဖစ္လြန္းလို႔ လုမန္ကိုသာ မဲၿပီး ႀကိမ္းႏိုင္သည္။
“ နင္ကန္းေနလား! ငါ့ကို သူ ဘယ္လိုဆက္ဆံေနသလဲဆိုတာ နင္ မျမင္ဘူးလား!! ”

လုမန္ ဟက္ခနဲသာရယ္ၿပီး မ်က္ႏွာၾကက္ကို ေမာ့ၾကည့္လိုက္သည္။

ဒီလိုအလွည့္အေျပာင္းျဖစ္သြားတာေတြကို သူမ မယံုၾကည္ႏိုင္ေသး။

“ သမီးမိုက္! ”

“ အစ္ကို အဲ့ဒီဘက္မွာဘာေတျြဖစ္ေနတာလဲ ”

“ တစ္ေလာကမွ ထြက္ထားတဲ့ လုခ်ီသတင္းကို မင္းသိၿပီးေလာက္မွာပါ။ အဲ့ေတာ့ မင္းအစ္ကိုကိုကူညီစမ္းပါဦး။ လုခ်ီနဲ႔သူ႔မိဘေတြကို ထြက္သြားခိုင္းလိုက္။ ၿပီးေတာ့ ေနာက္ကို အဲ့ဒီလိုလူေတြကို ပရဟိပြဲကို မဖိတ္ပါနဲ႔ ”

“ ဟုတ္ကဲ့ ”
ဟန္က်ိဳးလီ ေတာင္းဆိုတာကို နန္က်င္းဟန္လုပ္ေပးဖို႔ မခက္ေပ။

လုခ်ီသည္ အေရးမပါေသာသူျဖစ္ၿပီး သူ႔အခ်ိန္ေတြႏွင့္ မထိုက္တန္ေခ်။

အႏုပညာမွာ အေက်ာ္အေမာ္ တစ္ေယာက္ျဖစ္ေနလ်ွင္ပင္ သူတို႔မ်က္လံုးထဲမွာေတာ့ ေသးေသးေကြးေကြးသာျဖစ္သည္။

လုခ်ီဆိုရင္ ေဝးေရာေပါ့..

“ သန္႔စင္ခန္းဧရိယာကို လူလႊတ္လိုက္။ လုခ်ီယြမ္ ဒီမွာ ရိွေနတယ္။ လက္ရိွအေနအထားအရေတာ့ သူ႔ပံုစံက ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ထြက္သြားခ်င္ပံုမရဘူး ” 

လုခ်ီယြမ္ ခ်က္ခ်င္း ကုန္းထလိုက္သည္။ သူ႔မွာ ေဒါသျဖစ္လြန္းလို႔ တဆတ္ဆတ္တုန္ေနလ်က္။
“ ငါတို႔ကို ေမာင္းထုတ္ရေအာင္ မင္းမွာ ဘာလုပ္ပိုင္ခြင့္ေတြရိွေနလို႔လဲ။ ဟန္က်ိဳးလီဆိုတာနဲ႔ပဲ မင္း လုပ္ခ်င္တာလုပ္လို႔ရေကာလား ”

“ ခင္ဗ်ား စိတ္ပါရင္ မီဒီယာေတြကို ေျပာျပလို႔ရတယ္။ ကိစၥမရိွဘူး။ က်ဳပ္ကေတာ့ ဘယ္မီဒီယာလုပ္ငန္းက သတင္းျဖန္႔ခ်ိရဲသလဲဆိုတာကိုေစာင့္ၾကည့္မယ္။ ေနာက္ၿပီး လုခ်ီကို ဒီအသိုင္းအဝိုင္းကေန ေပ်ာက္ကြယ္သြားေစခ်င္တာဆိုရင္ အခု ဆက္ေအာ္လို႔ရတယ္ေနာ္ ”

လုခ်ီယြမ္မ်က္ႏွာ ရဲခနဲ ျဖစ္သြား၏။ ပါးစပ္ေပါက္လည္း ခ်က္ခ်င္း ပိတ္သြားသည္။

လုမန္ မဲ့ၿပံဳးၿပံဳးလိုက္ေတာ့သည္။ လုခ်ီယြမ္ကို ဤကဲ့သို႔ ၾကင္နာ သေဘာေကာင္းေသာ ဖခင္ျဖစ္သည္ဟု မထင္ထားမိေပ။

လုခ်ီအတြက္ သူ႔ကိုယ္သူ ျပႆနာတက္ခံ၏။ 

မေရွးမေနွာင္းတြင္ ဧည့္ႀကိဳေနရာမွ လံုၿခံဳေရးႏွစ္ေယာက္ အေျပးေရာက္လာၿပီး လုခ်ီယြမ္ကို ပြဲထဲကေန ဆြဲထုတ္သြားသည္။

“ ငါ့မွာ ဖိတ္စာရိွတယ္ကြ! မင္းက ဘာမို႔လို႔ ဒီလိုလုပ္တာလဲ!! ”
လုခ်ီယြမ္ စတင္ေအာ္ဟစ္ေတာ့၏။

သို႔ေသာ္လည္း ပါးစပ္ကေန ေအာ္ဟစ္တာေလာက္ပဲ သူ တတ္ႏိုင္သည္။ ဟန္က်ိဳးလီကိုေရာ နန္က်င္းဟန္ကိုေရာ သူ မယွဥ္ႏိုင္။

အလားတူအခ်ိန္တြင္ပဲ အျခားေသာ လံုၿခံဳေရးအေစာင့္ႏွစ္ဦးကလည္း လုခ်ီတို႔စားပြဲဆီကို သြားေနၾကသည္။

“ ညည္းအေဖ ဘာျဖစ္လို႔ ျပန္မလာေသးတာလဲ မသိဘူး ”
ရွခ်င္းယန္ လုခ်ီယြမ္ကို ပတ္ရွာၾကည့္၏။

“ လုမန္က စကားနားမေထာင္လို႔ေနမွာေပါ့ ”
တစ္ဝိုင္းတည္းထိုင္ေနၾကသည့္ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ရိွေနသည္မို႔ ေျပာခ်င္သလိုေျပာလို႔မရဘဲ ေလသံတိုးတိုးနဲ႔ ေျပာလိုက္ရကာ
“ ဒီတစ္ခါေရာ ဘယ္လိုနည္းလမ္းေတြသံုးခဲ့သလဲမွမသိတာ ဒီပြဲကို သူ႔ဟာနဲ႔သူ တက္ရဖို႔ဆို ခက္မွာေလ လြယ္လြယ္ထြက္သြားပါ့မလား ”

“ မဒမ္လု မစၥလု ”
ေစာေဝက လံုၿခံဳေရးေတြေခၚၿပီး ေရာက္လာ၏။

“ အစ္မေစာ ”
လုခ်ီ ခ်က္ခ်င္းပဲ ထရပ္လိုက္ကာ ေစာေဝ လာႏႈတ္ဆက္လို႔ အံ့ၾသျခင္းလည္း ျဖစ္သြားသည္။ ေစာေစာက လ်စ္လ်ူရႈထားခဲ့သည္မို႔ ေနာက္မွ လူကိုယ္တိုင္လာႏႈတ္ဆက္လိမ့္မည္ဟု တကယ္ မေမ်ွာ္လင့္ထားမိေခ်။

ဝင္ႂကြားစြာနဲ႔ လုခ်ီ ရင္ဘတ္ေလးေကာ့သြား၏။ သူမ အခ်ိန္ခဏေလးပဲ နိမ့္က်သြားတာ.. ခုၾကည့္ပါလား ဒီေလာကမွာေနရာရိွေနေသးတယ္...

ေစာေဝက ၿပံဳးၿပံဳးျဖင့္ပဲ
“ အျပင္ကို ခဏေလာက္ လိုက္ခဲ့ေပးပါေနာ္ ”

ေနာက္မွာ လံုၿခံဳေရးႏွစ္ေယာက္ ပါလာေပမယ့္ ေစာေဝက ယဥ္ေက်းစြာ ေခၚေျပာခဲ့သျဖင့္ လုခ်ီ နည္းနည္းေလးမွ သံသယမဝင္ဘဲ ရွခ်င္းယန္ႏွင့္အတူ ေစာေဝေခၚသည့္ေနာက္သို႔ လိုက္သြားခဲ့သည္။

“ မိန္းကေလးလု အားေတာ့နာပါတယ္။ ဒီတစ္ခါ အစီအစဥ္မွဴးေတြက အမွားလုပ္မိသြားတယ္။ တကယ္ေတာ့ မင္းက ဖိတ္ၾကားခံ စာရင္းထဲမွာ မပါပါဘူး။ တို႔လူေတြကို ခ်က္ခ်င္း လိုက္ပို႔ခိုင္းလိုက္မယ္ ”
ရုတ္တရက္ ေစာေဝ ေလသံေတြ ေျပာင္းသြားသည္။ အရင္ကလိုလိႈက္လွဲပ်ူငွာျခင္းမရိွေတာ့။ တကယ္ဆို သူမဟာ ဖက္ရွင္ေလာကမွာ နာမည္ႀကီးသည္။ ထိပ္တန္းအႏုပညာရွင္ေတြပင္လ်ွင္ သူမအေပၚမွာ ယဥ္ေက်းၾကရ၏။

ထို႔ေၾကာင့္ ခုလိုေျပာလိုက္ျခင္းအတြက္ လုခ်ီ မုန္းသြားမည္ဆိုလ်ွင္ပင္ သူမ ဂရုမစိုက္ပါ။

ၿပီးေတာ့ ဒီတစ္ခါမွာ နန္က်င္းဟန္က တိုက္ရိုက္အမိန္႔ေပးသြားတာျဖစ္၏။ 

ေလသံက အျပစ္တင္ခ်င္သည့္ပံုပါ။ သူမက ဖိတ္ၾကားေရးပိုင္းအတြက္ တာဝန္ရိွသူ ျဖစ္၍ သတင္းပုတ္ဗရပြႏွင့္ လုခ်ီကို ဖိတ္ၾကားခဲ့လို႔  အျပစ္တင္ခ်င္တာမ်ိဳး။

ထို႔ေၾကာင့္ ေစာေဝကလည္း လုခ်ီကို ျပန္ၿပီးေတာ့ အျပစ္တင္လိုက္သည္။ 

အခန္း [ ၁၇၉ ]

တကယ္ဆို လက္ဦးဧည့္သည္စာရင္းမွာ လုခ်ီနာမည္ မပါေပ။ သို႔ေပမယ့္ ႏွစ္စဥ္ႏွစ္တိုင္းမွာ တခ်ိဳ႕ေသာ အႏုပညာရွင္ေတြက ဖိတ္စာကမ္းဖို႔တာဝန္ရိွသည့္ သူမရဲ့လက္ေအာက္ငယ္သားေတြဆီကေန ဖိတ္စာရဖို႔ နည္းလမ္းေပါင္းစံုကို သံုးၾကသည္။

ႏွစ္တိုင္း ဖိတ္စာကတ္ ႏွစ္ခု သံုးခုေလာက္ကေတာ့ ယိုစိမ့္ေပါက္ၾကားတတ္ၿမဲ ဆိုေပမယ့္ ဒါဟာ ပံုမွန္လိုပဲ ျဖစ္ေနသည္။

ခုႏွစ္လည္း လက္ေအာက္ခံတစ္ဦးက လုခ်ီကို ဖိတ္ၾကားဖို႔ ေျပာဆိုလာသည့္အခါ ေစာေဝ သေဘာတူခဲ့သည္။ လုခ်ီ သတင္းပုတ္ဗရပြႏွင့္ဆိုတာကိုသိေပမယ့္ လုခ်ီရဲ့မေကာင္းသတင္းက လတ္တေလာမွာ လူႀကိဳက္မ်ားေနသျဖင့္ ပရဟိတပြဲညကို လူစည္သြားေစႏိုင္သည္။

သို႔ေသာ္လည္း နန္က်င္းဟန္က ဒါကို သတိထားမိသြားၿပီး သူမကို ေကာင္းစြာ မလုပ္ေဆာင္သည့္အတြက္ ႀကိမ္းေမာင္းလာခဲ့၏။

ထို႔ေၾကာင့္ လုခ်ီ မုန္းမွာကို ေစာင့္မေနေတာ့ဘဲ ေစာေဝ အရင္စၿပီး မုန္းလိုက္သည္။

မေကာင္းသတင္းေတြ အမ်ားႀကီးထြက္ေနမွန္း သိရင္ ဘာျဖစ္လို႔ ျပႆနာထပ္ရွာဖို႔ ႀကိဳးစားရတာလဲ..

ဒီေလာက္ေတာင္ မသိတတ္ဘူးလား..

လုခ်ီ ဘာမွမေျပာႏိုင္ခင္ ရွခ်င္းယန္က အရင္ထေပါက္ကြဲေလ၏။
“ နင္ဘာေျပာလိုက္တယ္။ နင္က အမွားလုပ္မိတယ္လို႔ေျပာၿပီး ႏွင္တာလား။ ဖိတ္စာမွာ ခ်ီခ်ီ့နာမည္ေရးထားတယ္။ စားပြဲေပၚက နာမည္ျပားေတြမွာေတာင္ ငါတို႔နာမည္ေတြပါတယ္။ အဲ့ဒါကို မွားတာပါလို႔ ဘယ္လိုေျပာတာလဲ ”

“ အေမ့ ”
လုခ်ီက ရွခ်င္းယန္ရဲ့လက္ေမာင္းကို ဆြဲဆုပ္လိုက္ကာ
“ အေမ ဘာမွမေျပာပါနဲ႔ ”

သူမအေနျဖင့္ေတာ့ ခုခ်ိန္မွာ ေစာေဝကို ေစာ္ကားေမာ္ကားေတြေျပာလို႔ မျဖစ္ေပ။

ဒါေပမဲ့လည္း ကိုယ့္ကိုေစာ္ကားလာတာကိုေတာ့ ဘယ္လိုၿငိမ္ခံေနႏိုင္ပါ့မလဲ..

“ အစ္မေစာ .. အစ္မကို ကြၽန္မ အၿမဲတမ္း အထင္ႀကီးေလးစားခဲ့ရတာပါ။ ဒါေပမဲ့ ဒီတစ္ခါေတာ့ မ်က္ႏွာကို ျဖတ္ရိုက္ခံလိုက္ရသလိုပါပဲ။ အမွားတစ္ခုပါလို႔ေျပာရံုနဲ႔ ဒါႀကီးက ၿပီးမသြားႏိုင္ဘူးေလ ”
လုခ်ီမ်က္လံုးမွာ မ်က္ရည္ေတျြပည့္အိုင္လာ၏။
“ အမွန္အတိုင္းပဲေျပာျပပါ ကြၽန္မတို႔ကို ထြက္သြားေစခ်င္တဲ့ အေၾကာင္းျပခ်က္က ဘာလဲ ”

ပရဟိတပြဲကို လာခဲ့ေပမယ့္ ေမာင္းထုတ္ခံရတဲ့အေၾကာင္း လူေတြသိသြားခဲ့ရင္ အႏုပညာအသိုင္းအဝိုင္းမွာ သူမ ဘယ္လိုမ်ားခရီးဆက္ႏိုင္မွာလဲ..

ေနာက္ဆို ဘယ္သူျဖစ္ျဖစ္ ကိုယ့္ကို ေက်ာ္ခြသြားၾကေတာ့မွာေပါ့! 

ေစာေဝက နန္က်င္းဟန္နာမည္ကို ထုတ္ေျပာမည္မဟုတ္ေပ။
“ တကယ္မွားသြားတာပါ။ ဒီတစ္ခါ တို႔ေတြရဲ့အမွားပါ။ မင္း စိတ္မပူပါနဲ႔။ ဒီအေၾကာင္းကို အျပင္လူေတြကို မေျပာျပပါဘူး ”

“ ေဟ့ေအ မသြားႏိုင္ဘူး! ”
အေျခအေနက အႀကိတ္အနယ္ ျဖစ္ေနခဲ့တာကို ရွခ်င္းယန္ နားမလည္ေပ။

သူမသည္ အႏုပညာေလာကအေၾကာင္း မ်ားမ်ားစားစား မသိေသာ သူေဌးကေတာ္တစ္ဦးသာျဖစ္သည္။

လုခ်ီရဲ့အလုပ္အကိုင္ကို လုခ်ီယြမ္က စီမံတာျဖစ္ၿပီး ရွခ်င္းယန္သည္ အႏုပညာေလာကမွာ ေစာေဝ ဘယ္လိုအေနအထားရိွသည္ဆိုတာကိုပင္ မသိေပ။

သူမအထင္မွာ ေစာေဝဟာ မဂၢဇင္းတိုက္တစ္ခုမွ အေရးမပါေသာ အယ္ဒီတာခ်ဳပ္ပဲ ျဖစ္သည္။

“ နင္ကဘာမို႔လို႔ ငါတို႔ကိုထြက္သြားခိုင္းတာလဲ။ ႏွင္ခ်င္တာကိုမ်ား မွားသြားတာပါတဲ့လား။ ရွင္းစမ္း! ဟြန္႔ .. ငါတို႔မိသားစုက ဒီအလိမ္အညာကို ၿငိမ္ခံေနမယ္မ်ား ထင္ေနလား!! ”

“ အေမ ေတာ္ၿပီလို႔ ”
လုခ်ီက တားခ်င္ေယာင္ေဆာင္၏။

သူမသည္ ေစာေဝအမ်က္ထြက္ေအာင္မလုပ္ရဲေပမယ့္ ဒီလိုလာလုပ္တာကိုေတာ့ ၿငိမ္ခံမေနႏိုင္။ သို႔ျဖစ္ပါ၍ လူေကာင္းပမာ တားခ်င္ေယာင္ေဆာင္ၿပီး ရွခ်င္းယန္ကိုပဲ ႀကိမ္းေမာင္းခိုင္းထားလိုက္၏။

ထို႔အတြက္ လုခ်ီဘက္က အရႈံးလံုးဝမရိွပါေခ်။

ေစာေဝ ေအးစက္စက္ႏိုင္စြာ ၿပံဳးလိုက္သည္။
“ ရွင္ သမီးေကာင္းေလး ေမြးထားတာပဲေနာ္ ”

လုခ်ီ ႀကံေနတာေတြကို ေစာေဝရိပ္မိသည္။

ရွခ်င္းယန္ကသာ သတိမထားမိဘဲ လုခ်ီလက္ေတြကို တြန္းပစ္ပုတ္ဖယ္လိုက္ရင္း
“ ဝင္မရႈပ္နဲ႔စမ္း။ ညည္းက စိတ္ေကာင္းရိွလြန္းအားႀကီးတယ္။ အဲ့ဒါေၾကာင့္ သူမ်ားအႏိုင္က်င့္တာကို ခံရတာ။ အစကေတာ့ ဟိုလုမန္က အႏိုင္က်င့္တယ္။ ခု မေလာက္ေလးမေလာက္စား အယ္ဒီတာခ်ဳပ္က လာအႏိုင္က်င့္ေနျပန္ၿပီ! ”

“ ေတာ္ေလာက္ၿပီ! ”
လုခ်ီယြမ္ ေမာင္းထုတ္ခံရလို႔ ပင္မဝင္ေပါက္ကို ေရာက္ေနၿပီ ျဖစ္သည္။ ထြက္ေတာ့မည့္အခ်ိန္မွာပဲ ရွခ်င္းယန္နဲ႔လုခ်ီပါ ထြက္လာရတာကို ေတြ့လိုက္ရ၏။

ရွခ်င္းယန္က အရွက္မရိွစြာျဖင့္ ႂကြားဝါျခင္းေတာင္ ျပဳေနေသးသည္။

ခါတိုင္းဆို ဣႁႏၵေရိွၿပီး အေနအထိုင္ပိရိလြန္းလို႔ ခုလို မိုက္မဲလိမ့္မယ္ဆိုတာ ေတြးလို႔ပင္မရ။

သူ႔မွာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ရွခ်င္းယန္ကို သြားဆြဲလိုက္ရကာ..
“ မင္း ဘာေတြေလ်ွာက္ေျပာေနတာလဲ! ”

“ ကြၽန္မ.. ”

လုခ်ီ ရွခ်င္းယန္ကို လွမ္းဆြဲလိုက္၏။
“ အေမ ထပ္မေျပာေတာ့နဲ႔ ”

လုခ်ီယြမ္ စိတ္ပ်က္ပ်က္နဲ႔ ေစာေဝကို ၾကည့္ၿပီး လုခ်ီဘက္ကို လွည့္လိုက္ကာ.. 
“ သြားမယ္ ”

ရွခ်င္းယန္က တစ္ခုခုေျပာဖို႔ ပါးစပ္ကေလးျပင္လိုက္ေပမယ့္ လုခ်ီက ရုတ္တရက္ ဆြဲေခၚသြားသျဖင့္ လိုက္ရံုပဲ ရိွေတာ့သည္။

“ အေဖ့ ဘာျဖစ္တာလဲ။ အေဖရယ္ လုမန္ကို သြားရွာတာမဟုတ္ဘူးလား။ ဘာျဖစ္လို႔ အျပင္ကေန ျပန္လာတာလဲ ”

အခန္း [ ၁၈၀ ]

“ ကားေပၚေရာက္မွ ေျပာမယ္ ”
လက္ရိွမွာ လုခ်ီယြမ္ ေဒါသထြက္ေနသည္မို႔ လူျမင္ကြင္းမွာ စကားေျပာဆိုဖို႔ မေကာင္းေပ။ 

သို႔ေသာ္ ဟိုတယ္အေပါက္ကေန ထြက္သည္ႏွင့္ သတင္းေထာက္အုပ္ႀကီးက ဝိုင္းအံုလာမည္ဟု မည္သူထင္ထားမိမည္နည္း။

“ လုခ်ီ ေလလံပြဲက မစေသးဘူးေလ ဘာျဖစ္လို႔ အေစာႀကီး ထြက္လာတာလဲ ”

“ အတြင္းသတင္းရထားတယ္ တကယ္ေတာ့ ခင္ဗ်ားကို မဖိတ္ထားဘူးဆို အဲ့ဒါ ဟုတ္လား ”

“ လုခ်ီ ေျပာပါဦး ”

“ နင္တို႔ဘာလုပ္တာလဲ! သြားၾကစမ္း! သြားၾက! ”
ရွခ်င္းယန္က ကင္မရာေတြဆီကေန လုခ်ီကို ကာကြယ္ေပးဖို႔ ႀကိဳးစားသည္။

သို႔ေပမယ့္ သတင္းေထာက္ေတြက အမ်ားႀကီးမို႔ အားလံုးကို သူမ ဘယ္လိုလုပ္ကာဆီးႏိုင္မွာလဲ။ လုခ်ီမ်က္ႏွာတည့္တည့္ကိုမွ ၿပံဳတိုးေနသည့္ အေတာ္ရွည္ေသာ ကင္မရာေတြလည္းရိွေနကာ..

ရလဒ္အေနျဖင့္ လုခ်ီနဖူးႏွင့္ ေမးရိုးေနရာေတြ ခိုက္မိသြားသည္။

“ ဖယ္စမ္း အကုန္လံုး လံုၿခံဳေရးေတြဘယ္ေရာက္ကုန္လဲ ”
လုခ်ီ ေဒါသထြက္သြားသည္မို႔ အႏုပညာပံုရိပ္ကို ထိန္းသိမ္းဖို႔လည္း အာရံုမစိုက္ႏိုင္ေတာ့။ 

ဒီသတင္းေထာက္ေတြ ဘယ္လိုျဖစ္လို႔ ဒီေလာက္ျမန္ျမန္ႀကီးသိသြားရတာလဲ!!

“ မမေစာ လုခ်ီနဲ႔သူ႔မိဘေတြ အျပင္မွာ သတင္းေထာက္ေတြ ဝိုင္းတာခံလိုက္ရၿပီ။ ကြၽန္မတို႔.. ”

“ ေနပါေစ ငါတို႔အကူအညီကို သူတို႔ မလိုဘူး ”
ေစာေဝမ်က္ႏွာ တည္တင္းေနသည္။

ခုနက ရွခ်င္းယန္ စိတ္ႀကီးဝင္ၿပီး ဘာေတြေျပာသြားခဲ့သလဲ..

မေလာက္ေလးမေလာက္စား အယ္ဒီတာခ်ဳပ္တဲ့ သူတို႔လုမိသားစုကို ေစာ္ကားလို႔မရပါဘူးတဲ့..

ဒီေလာက္ႀကီးက်ယ္ျမင့္ျမတ္ေနမွေတာ့ ဘာျဖစ္လို႔ သူတို႔အကူအညီကို လိုဦးမွာလဲ!

အေျခအေနနဲ႔ပတ္သက္ၿပီး နန္က်င္းဟန္ဆီမွာ သြားတင္ျပလိုက္သည္။

သတင္းရတာႏွင့္ နန္က်င္းဟန္သည္ ဟန္က်ိဳးလီဆီကို ခ်က္ခ်င္း ဖုန္းဆက္၏။
“ အစ္ကိုဟန္ ကြၽန္ေတာ္ေမာင္းထုတ္လိုက္ၿပီ အစ္ကို အခု ဘယ္မွာလဲ ”

“ ေမာင္းထုတ္ၿပီးၿပီဆိုရင္ ရၿပီ ”
ဟန္က်ိဳးလီ တျခားဘာမွမေျပာျပဘဲ ဒီတိုင္း ဖုန္းခ်သြား၏။ 

နန္က်င္းဟန္မွာေတာ့ ဖုန္းကို စိုက္ၾကည့္ရင္း ဆြံ႔အစြာ က်န္ခဲ့လ်က္
“ ဟင္း ဒီအစ္ကိုေတြကေတာ့ လိုရင္သံုး မလိုရင္ ေဂ်ာင္း လုပ္ေတာ့တာခ်ည္းပဲ ”

ေတြးၾကည့္လိုက္မွ ခုနက ဟန္က်ိဳးလီေျပာသြားတာဘာပါလိမ့္..

သန္႔စင္ခန္းနားမွာ ဆိုလား..

နန္က်င္းဟန္ ထရပ္ၿပီး သန္႔စင္ခန္းဘက္ကို သြားလိုက္သည္။

***

လုမန္ရဲ့လက္ေကာက္ဝတ္ေလးကို မယူၾကည့္လိုက္ေတာ့ လက္ေခ်ာင္းရာေတြႏွင့္ နီရဲေနကာ ဟန္က်ိဳးလီ သုန္မႈန္သြား၏။

“ ခုနက ထိုးလိုက္တာနည္းသြားတယ္ ကြၽတ္ ”

“ ရပါတယ္ နီေနတယ္ထင္ရေပမယ့္ အဲ့ေလာက္ႀကီးလည္း မနာပါဘူး ”
သူမအေရျပားေပၚမွာ အမွတ္အသားေတြခ်န္ရစ္ခဲ့ဖို႔ လြယ္ကူသည္။

ဟန္က်ိဳးလီ ႏႈတ္ခမ္းေတြ မဲ့က်ေန၏။

“ ျပန္သြားရင္ ကိုယ္နဲ႔ လာထိုင္ေတာ့ ”

ဒါမွ အေတြးအေခၚနည္းတဲ့လူေတြ သူ႔ေကာင္မေလးကို လြယ္လြယ္အႏိုင္က်င့္လို႔ရတယ္လို႔ မထင္ၾကေတာ့မွာ။

“ ခံုေတြက ေနရာခ်ၿပီးသားႀကီးေလ။ ဘယ္လိုလုပ္ထိုင္လို႔ရမွာတံုး။ အဟက္ ရွင့္စားပြဲမွာထိုင္တဲ့လူေတြက တကယ့္ဘစ္ေဘာ့စ္ေတြခ်ည္းပဲေနာ္။ သူတို႔ေတြကို ဘယ္လို ေမာင္းထုတ္မလဲ။ ေနာက္ၿပီး ကြၽန္မက တုလင္းေနာက္ကို လိုက္ဖို႔လိုတယ္။ အဲ့ဒါ ကြၽန္မအလုပ္ပဲ ”

“ မင္း အႏိုင္က်င့္ခံရမွာစိုးလို႔ပါ ”
ဟန္က်ိဳးလီသည္ သုန္မႈန္စြာျဖင့္ လုမန္လက္ကို မ၍ ႏႈတ္ခမ္းေတြနဲ႔ ထိကပ္ကာ လက္ေခ်ာင္းရာေတြအားလံုးကို လိုက္နမ္း၏။ 

စိုစိုအိအိခံစားခ်က္သည္ လက္ေကာက္ဝတ္ကို ဝါဂြမ္းစိုစိုျဖင့္ ပြတ္တိုက္ေနသကဲ့သို႔ျဖစ္ကာ ယားက်ိက်ိႏွင့္ ေပ်ာ့အိႏူးညံ့ေနလ်က္။

“ ဟာ! ”
နန္က်င္းဟန္ ေရာက္ေရာက္ခ်င္း ထိုျမင္ကြင္းကို ေတြ့ၿပီး မွင္တက္သြား၏။
“ အစ္ကိုဟန္ စင္ဂယ္ဘဝက ကြၽတ္သြားၿပီလား ”

ဟန္က်ိဳးလီ “…”

ဒီေကာင္ ဘာလာလုပ္တာလဲ!

အေျခအေနနဲ႔ အခ်ိန္အခါကို နားမလည္ဘူးလား

ေကာင္မေလးနဲ႔ တြဲျမင္လိုက္ရင္ အလိုက္တသိ ေဂ်ာင္းေတာ့ေပါ့ ဘာျဖစ္လို႔ ဝင္ေနွာင့္တာလဲ!!

“ မင္းဘာလာလုပ္တာလဲ ”

“…”

ေလသံက မႏွစ္ၿမိဳ႔သံႏွင့္မို႔ နန္က်င္းဟန္ လည္နင္သြားသည္။

“ ဘာေတြမ်ား ျဖစ္ေနလဲလို႔ လာၾကည့္တာပါ။ ဒါေပမဲ့ မရီးနဲ႔ ရိွေနမယ္လို႔ မထင္ထားဘူးေလ။ အစ္ကိုက ရွင္းရွင္းမွ မေျပာသြားဘဲ ”

ေျပာၿပီး အနားေလ်ွာက္လာကာ..
“ ေတြ့ရတာဝမ္းသာပါတယ္ မရီး ကြၽန္ေတာ္က နန္က်င္းဟန္ပါ ”

သူ ေခၚဆိုပံုေၾကာင့္ လုမန္ ရွက္ေတာ့သြား၏။ 
“ ဟုတ္ကဲ့ လုမန္လို႔ေခၚပါတယ္ ”

လုမန္က ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္သျဖင့္ နန္က်င္းဟန္က ဟန္က်ိဳးလီကို မ်က္စမ်က္နေတြပစ္ျပသည္။
“ အစ္ကိုဟန္ တကယ္ႀကီးလုပ္လိုက္တာေပါ့! ဘယ္တုန္းကလဲ။ ဘာျဖစ္လို႔ မေျပာျပတာလဲ ”

~~~~~~~~~~~

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
36.7K 2.4K 31
လျန်ကျီရွှမ်း(သူမ)မိသားစုက သူမ(လျန်ကျီရွှမ်း)ကိုအသုံးချတယ်၊ သူမရည်းစားက သူမကို လိမ်လည်ပြီး မိထွေးသမီးနဲ့ ပေါင်းသင်းပြီး နောက်ဆုံးမှာ သူတို့လက်ချက်နဲ့...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...