သခင် (Completed)

By Say_YaRr7

212K 11.7K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၃၀)

5.9K 345 11
By Say_YaRr7

"သမီးလေး"

'ဒါငါ့အဖေလား...ငါ့ကိုသမီးလို့ခေါ်နေတာဆိုတော့...ဘာတစ်ခုမှကိုအမှတ်မရတော့ဘူး...ငါ့နာမည်ကရော ဘာလဲ'

"ကျွန်မအဖေလား"

ကိုယ့်ရဲ့အဖေလို့ထင်ရတဲ့လူကြီးကိုမေးလိုက်၏။

"ဟုတ်တယ်လေ သမီးလေးရဲ့..ဖေဖေကသမီးဖေဖေလေ"

"ဪ...တောင်းပန်ပါတယ်ဖေဖေ..ကျွန်မဘာမှမမှတ်မိတော့လို့...ကျွန်မနာမည်ကအစမမှတ်မိတော့တာ"

"လူနာရှင်တွေ အပြင်ခဏထွက်ပေးပါ....လူနာကိုစမ်းသပ်စရာလေးတွေရှိလို့ပါ"

အနားမှာ အလင်းဖေဖေတစ်ယောက်သာကျန်ခဲ့သည်။သခင်နဲ့အတူ လူနာလာမေးကြတဲ့သူတွေအားလုံးအပြင်ခဏထွက်ပေးကြရသည်။

အပြင်ဘက်ကနေလှမ်းကြည့်နေတာတော့ အလင်းကို ဘာတွေမေးနေကြသလဲမသိပါ။ အလင်းကလည်း ဘာမေးမေး ခေါင်းပဲရမ်းနေသည်။သူဘာမှမမှတ်မိတော့ဘူးထင်ပါရဲ့။

"မလွန်း....ရောင်စဉ်က ကျွန်မတို့ကိုမေ့သွားပြီထင်တယ်နော်"

"နောက်ကျရင်တော့ ပြန်ကောင်းလာမှာပါ...သူအကုန်လုံးကို မရက်စက်လောက်ပါဘူး"

ဟုတ်ပါရဲ့။ဒီကလေးက ရက်စက်တတ်တဲ့ကလေးမှမဟုတ်တာ။အခုလိုပုံစံနဲ့တော့ တစ်သက်လုံးချန်ထားခဲ့မှာမဟုတ်ဘူး။

"သနားပါတယ်..လင်းလေးက စိတ်ထားကောင်းတဲ့ကလေး"

"ဟုတ်တယ်..အလင်းက စိတ်ထားကောင်းတဲ့ကလေးပါ..ကျွန်မကသာရက်စက်ခဲ့တာ..တစ်ခုတွေးမိတယ် သူသာအခုအတိတ်မမေ့ဘူးဆိုရင် ကျွန်မကိုမုန်းနေမလားမသိဘူး..သူ့အပေါ်စိတ်ဒဏ်ရာပေးခဲ့တာက မနင်းမနောပဲ..သူခွင့်မလွှတ်လောက်ဘူး"

"သူ့အကြောင်းကို လွန်းညကအသိဆုံးဖြစ်မှာပါ...သူ့မှာဘယ်သူ့ကိုခွင့်မလွှတ်ဘူးဆိုတဲ့ အတွေးမျိုးရှိမှာမဟုတ်ပါဘူး"

ဆရာဝန်တွေထွက်သွားကြတော့ သခင်တို့အားလုံးပြန်ဝင်လိုက်ကြသည်။

"အလင်း မမကိုမှတ်မိလားဟင်"

"ဘယ်သူလဲမသိဘူး..ကျွန်မ မမှတ်မိဘူး"

"သခင့်ကို‌ရောသိလား"

သခင်။သခင်။ဒီနာမည်ကို နားထဲမှာပံ့တင်ထပ်လာသည်။သခင်ဆိုတဲ့အသံကိုကြောက်သည်။ဒီနာမည်ကို စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်မိသလိုခံစားနေရသည်။အား..ခေါင်းတွေမူးလာလိုက်တာ။သခင်ဆိုတာ ကိုယ့်အတွက်ဘယ်လိုဖြစ်တည်မှုလည်းမသိပေမဲ့ စိတ်ထဲမှာအရမ်းကိုတုန်လှုပ်လာခဲ့သည်။

"အား..မသိဘူး..ကျွန်မမကြားချင်ဘူး..သခင်ဆိုတဲ့သူကိုကျွန်မကြောက်တယ်..သခင့်ကိုကြောက်တယ်"

သူကအရူးတစ်ယောက်လိုအော်ဟစ်သောင်းကျန်ပစ်နေသည်။သခင် သူ့ကိုကြည့်ရင်းဝမ်းနည်းလာမိသည်။

"ဘာမှမဟုတ်ဘူးနော် သမီးလေး..ဘာမှမတွေးနဲ့နော်..သခင်ဆိုတာ ဘယ်သူမှမဟုတ်ဘူးနော်"

အလင်းဖေဖေက ဖျောင်းဖျပေးကာ သူ့သမီးကိုဖက်ထား၏။ အခုထိ ကလေးငယ်ပုံစံဟာကြောက်ကြောက်လန့်လန့်ရှိနေသေးသည်။

'ကလေးရယ် မမကမင်းအတွက်မကောင်းဆိုးဝါးတစ်ခုထက်ပိုနေခဲ့တာပဲ...အတိတ်မေ့နေတာတောင် မမကမင်းအပေါ်မကောင်းခဲ့ဘူးဆိုတာတော့ သိနေခဲ့တာပဲ'

"ဖေဖေ..ကျွန်မနာမည်ကဘယ်သူလဲဟင်"

ဘေးနားမှာရှိတဲ့လူတွေကိုတစ်ချက်မှမကြည့်ဘဲ သူ့အဖေလို့ ထင်တဲ့သူကိုသာတွယ်ကပ်နေသည်။

"လင်းရောင်စဉ်နွယ်လေ သမီးရဲ့"

"ဟင်...နာမည်ကြီးကလှလည်းမလှဘူး"

ကလေးတစ်ယောက်လိုစူပုတ်ကာပြောနေသောသူ့စကားကြားကြောင့် စိတ်ညစ်နေတဲ့ကြားမှရယ်မိပြန်သည်။အခြားသူများလည်းသခင့်နည်းတူရယ်နေကြ၏။

"လှပါတယ် သမီးလေးနာမည်က"

သူကတော့ စူပုတ်ပုတ်လုပ်နေသေးသည်။

"ကျွန်မ ဘယ်တော့မှမှတ်ဉာဏ်တွေပြန်ရမှာလဲဟင်...ဘာလို့အခုလိုဖြစ်သွားတာလဲ"

"သမီးလေး မတော်တဆမှုဖြစ်သွားတာလေ..မှတ်ဉာဏ်တွေက ခဏပဲမေ့တာပါသမီးလေးရဲ့..နောက်ကျရင် ပြန်ကောင်းလာမှာနော်"

"မေမေကရောဟင်"

"သမီးမေမေကသမီးငယ်ငယ်လေးကတည်းကဆုံးသွားတာလေ သမီးရဲ့"

"ဪ"

"ရောင်စဉ် ငါ့ကိုသိလားဟင်"

ခေါင်းရမ်းမိပြန်သည်။ဘယ်လူတစ်ယောက်၊ဘာတစ်ခုကိုမှ မမှတ်မိတာပါ။

"အလင်း..ဘာမှမဖြစ်ဘူးနော်..နောက်ကျရင် မှတ်ဉာဏ်တွေပြန်ရမှာပါ"

သူ့မျက်လုံးတွေကအခြားသူတွေထက်နူးညံ့လိုက်တာ။သူ့မျက်လုံးတွေမှာတစ်ခုခုရှိနေပုံပဲ။ကိုယ်ဟာ အတိတ်မေ့နေတဲ့သူတစ်ယောက်ဖြစ်နေတာတောင် သူကိုတော့ရင်းနှီးနေမိသည်။

"အစ်မက ကျွန်မနဲ့အရင်တုန်းကသိဖူးတာလား"

ကိုယ်မေးလိုက်တော့ ချက်ချင်းပြန်မဖြေပါ။တစ်ခုခုကိုဝမ်းနည်းသွားပုံဖြစ်သွား၏။

"မမနဲ့ အလင်းနဲ့ကအိမ်နီးချင်းလေ..ငယ်ငယ်လေးကတည်းကခင်လာကြတာလေ"

"အလင်း ဆိုတာ ကျွန်မကိုခေါ်တာလား"

"ဟုတ်တယ်လေ မမက အလင်းလို့ပဲခေါ်တာလေ..အလင်းလို့ခေါ်တာမမတစ်ယောက်ပဲရှိတာ‌လေ"

"ဪ"

သခင်၊အလင်း စတဲ့နာမည်တွေဟာ ခေါင်းထဲ ပလူပျံလာ၏။သခင်၊သခင် အစရှိတဲ့အမည်နာမတွေ။ခေါ်သံတွေဟာ နားထဲအထပ်ထပ်ကြားနေရသည်။ပြီးတော့ ခပ်စမ်းစိမ်းမျက်ဝန်းတွေ။နူးညံ့ခြင်းမရှိတဲ့မျက်လုံးတွေ။ဘယ်သူဘယ်ဝါမှန်းမသိပေမဲ့ အတွေးအာရုံထဲဝင်ရောက်လာ၏။

"အား.. မမြင်ချင်ဘူး..မတွေးချင်ဘူး.. သခင့်ကိုကြောက်တယ်..သခင့်ကိုကြောက်တယ်"

"ဘာမှမဖြစ်ဘူးလေကလေးရဲ့..ဘယ်ကသခင်မှလည်းမရှိဘူးနော်..ထပ်ပြီးသူ့အကြောင်းမတွေးနဲ့နော်"

ကိုယ့်အကြောင်းကိုမတွေးနဲ့လို့ရင်နာနာနဲ့ပြောနေရသည်။ကလေးရေ..မမရင်တွေနာလိုက်တာ။မမကမင်းကို မကောင်းဆိုးဝါးလိုခြောက်လန့်နေမိတာပါပဲလား။

"ကျွန်မကို သခင်နဲ့ဝေးရာကိုခေါ်သွားပေးပါနော်..ကျွန်မသခင့်ကိုကြောက်တယ်"

သခင့်ကိုဖက်တွယ်ကာ သခင့်ကိုကြောက်တဲ့အကြောင်းတွေပြောနေသည်။

မင်းတကယ်ကြောက်နေတဲ့ သခင်ဆိုတာ ကိုယ်မှန်းသိရင် ဘယ်လိုများတုံ့ပြန်မှာလဲ ကလေးရယ်။

"ကျွန်မကို မိန်းမတစ်ယော်က အငြိုးတွေနဲ့ကြည့်နေတယ်..အဲ့ဒါသခင်ဆိုတဲ့လူလားဟင်..ကျွန်မကြောက်တယ်"

ကိုယ်လေးကိုကြုံ့ကာ သခင့်ကိုတိုးတိုးဖက်ကာ ငိုနေသည်။ကိုယ့်ကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေဟာ သိပ်ကိုများခဲ့တာပဲ။

မင်းမှတ်ဉာဏ်တွေပြန်ရသွားရင် မမကိုမုန်းနေမှာလားကလေးရယ်။ဒီလိုဆိုရင် တစ်သက်လုံးအတိတ်မေ့ပေးပါက‌ေလးရယ်။မမမင်းမုန်းရင်ခံနိုင်မှာမဟုတ်ဘူး။

"ကျွန်မကိုဖက်ထားပါနော်"

"အင်း မမဖက်ထားပေးတယ်နော်..ဘာမှမကြောက်နဲ့နော်..မမကမင်းအနားမှာအမြဲရှိနေမှာမို့ မကြောက်နဲ့နော်"

ဦးလေးဟာ အခုထိဘာမှဝင်မပြောသေးပါ။သူ့သမီးအတွက်သိပ်ကိုခံစားနေရပုံပါပဲ။ကိုယ့်အပြစ်ကြောင့် အခုလိုဖြစ်ထားရတာဆိုတော့ ဦးလေးကိုလည်းအားနာမိသလို ရင်မဆိုင်ရဲဖြစ်နေသေးချိန် ကလေးက ကိုယ့်နာမည်ကိုအလန့်တကြားဖြစ်နေတော့ပိုတောင်ဆိုးသေးသည်။

***

"ဦးလေး..ကျွန်မခွင့်တစ်လထပ်ရသေးတယ်..အလင်းလည်းဆေးရုံကဆင်းရပြီမို့...ကျွန်မသူနဲ့အနီးကပ်ရှိချင်တယ်..သူနဲ့နေခဲ့တဲ့အိမ်လေးမှာ သူ့ကိုကျွန်မနဲ့အတူထားနိုင်မလား"

"သမီးလေးကနေချင်တယ်ဆိုရင်တော့ ခေါ်သွားပေါ့သမီးရယ်...သူမနေချင်ရင်တော့ ဦးလည်း မတတ်နိုင်ဘူးပေါ့"

"ဟုတ်ကဲ့ပါဦးလေး...ကျွန်မသူ့ကိုမှတ်ဉာဏ်ပြန်ရအောင်ကြိုးစားမှာပါ"

***

"အစ်မ... အစ်မကဆရာဝန်ပေါ့နော်"

"အင်းလေ အလင်းရဲ့...ဘာလို့မေးတာလဲ"

"ဘာမှမဖြစ်ပါဘူး..အစ်မကလှတယ်လေ..ဆရာဝန်ဆိုတော့ပိုပြီးတင့်တယ်တာပေါ့..အစ်မနဲ့ ဆရာဝန်အလုပ်လိုက်ဖက်တယ်"

သခင်သူ့ကိုပြုံးကြည့်နေမိသည်။
စိတ်ထဲလည်းဝမ်းနည်းရပြန်သည်။
အရင်လို'သခင်'ဆိုတဲ့နာမည်အစား 'အစ်မ'ဆိုတဲ့နာမ်စားကဝင်လာခဲ့သည်။
အစ်မဆိုတဲ့နာမည်နဲ့အသားမကျသေးဘူးကလေးရယ်။

'တစ်ချိန်ချိန်တော့ မမကိုသခင်လို့ပြန်ခေါ်မယ်မဟုတ်လားဟင်'

"ကျွန်မကအခုကျောင်းနားထားရတာပေါ့နော်"

"အင်းလေ..အလင်း နေပြန်ကောင်းမှပြန်တက်ရမှာပေါ့"

"အခုလည်းကောင်းတာပါပဲ... ဘာမှ,မှဖြစ်မနေတာ"

သခင်သူ့ကိုသနားစွာတစ်ချက်ကြည့်လိုက်မိ၏။သူလည်း ဘာကိုသဘောပေါက်သွားမှန်းမသိမျက်နှာကချက်ချင်းညှိုးကျသွား၏။

"ဟူး..ဟုတ်သားပဲ အတိတ်မေ့နေတာကို ဘယ်လိုစာသင်လို့ရပါ့မလဲ"

"အလင်းက နောက်ဆုံးနှစ်ရောက်နေပြီလေ...အဲ့ဒါကြောင့် နေပြန်ကောင်း ခဏပဲတက်ရမှာပါ..စိတ်မပူနဲ့နော်"

"ကျွန်မကို အလင်းလို့မခေါ်ပါနဲ့..အဲ့လိုခေါ်ရင်ကျွန်မခေါင်းတွေကိုကိုက်လာလို့..ပြီးတော့ သခင်ဆိုတဲ့နာမည်တွေပါကြားလာရတယ်..ကျွန်မကြောက်လို့ပါ"

"အင်းပါ..မမမခေါ်တော့ဘူးနော်..က‌လေးလို့ပဲခေါ်မယ်. ရတယ်မလား"

"ဟုတ်"

"အစ်နာမည်ကဘာလဲဟင်"

"ဟို..လွန်း...လွန်းညပါ"

သခင်အထစ်ထစ်အငေါ့ငေါ့‌ဖြေနေရ၏။

"ဪ နာမည်ကနှစ်လုံးထဲလား"

"အင်း"

ကိုယ့်‌ေရှ့ကလွန်းညဆိုတဲ့ အမျိုးသမီးဟာ လှလိုက်တာ။ဘယ်လိုလှလို့လှမှန်းမသိအောင်ကိုလှပါသည်။သူ့မျက်ဝန်းနဲ့ ဆံပင်‌ရှည်တွေကတစ်ရောင်တည်း၊တစ်ထပ်တည်းဖြစ်နေသည်။လူလား၊နတ်သမီးလားမသဲကွဲတော့။လူဆိုရင်လည်း ဒီလောက်ထိတော့မလှသင့်ဘူးမလား။

သူ့မျက်လုံးတွေဟာနူးညံ့လှပတဲ့အညိုရောင်အဆင်းရှိ၏။ဘာကြောင့်မှန်းမသိ။သူ့မျက်လုံးကိုကြည့်မိတိုင်း ရင်းနှီးတဲ့ခံစားချက်ကိုရနေသည်။သို့သော်ကြာကြာမကြည့်မိပါ။သူ့မျက်လုံးတွေက ကိုယ့်အတွေးထဲကမြင်မြင်နေရတဲ့မျက်လုံးတွေနဲ့ဆင်တူသည်။

အစကသူများလားလို့ သံသယဝင်မိသေး၏။သို့သော်လည်း မဖြစ်နိုင်ပါ။ခေါင်းထဲမှာပေါ်ပေါ်လာတဲ့ မျက်ဝန်းညိုညိုတွေက အငြိုးတွေအမုန်းတွေပြည့်နေတဲ့မျက်ဝန်းမျိုးဖြစ်ပြီး အခုမြင်နေရတဲ့ မျက်ဝန်းတွေက သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးနူးညံ့နေသည်။

4.3.2024
#သခင်

နောက်ရက်တွေကျရင် နေ့တိုင်း updateမမျှော်ကြပါနဲ့ဦးရှင်💙


"သမီးေလး"

'ဒါငါ့အေဖလား...ငါ့ကိုသမီးလို႔ေခၚေနတာဆိုေတာ့...ဘာတစ္ခုမွကိုအမွတ္မရေတာ့ဘူး...ငါ့နာမည္ကေရာ ဘာလဲ'

"ကြၽန္မအေဖလား"

ကိုယ့္ရဲ႕အေဖလို႔ထင္ရတဲ့လူႀကီးကိုေမးလိုက္၏။

"ဟုတ္တယ္ေလ သမီးေလးရဲ႕..ေဖေဖကသမီးေဖေဖေလ"

"ဪ...ေတာင္းပန္ပါတယ္ေဖေဖ..ကြၽန္မဘာမွမမွတ္မိေတာ့လို႔...ကြၽန္မနာမည္ကအစမမွတ္မိေတာ့တာ"

"လူနာ႐ွင္ေတြ အျပင္ခဏထြက္ေပးပါ....လူနာကိုစမ္းသပ္စရာေလးေတြ႐ွိလို႔ပါ"

အနားမွာ အလင္းေဖေဖတစ္ေယာက္သာက်န္ခဲ့သည္။သခင္နဲ႔အတူ လူနာလာေမးၾကတဲ့သူေတြအားလုံးအျပင္ခဏထြက္ေပးၾကရသည္။

အျပင္ဘက္ကေနလွမ္းၾကည့္ေနတာေတာ့ အလင္းကို ဘာေတြေမးေနၾကသလဲမသိပါ။ အလင္းကလည္း ဘာေမးေမး ေခါင္းပဲရမ္းေနသည္။သူဘာမွမမွတ္မိေတာ့ဘူးထင္ပါရဲ႕။

"မလြန္း....ေရာင္စဥ္က ကြၽန္မတို႔ကိုေမ့သြားၿပီထင္တယ္ေနာ္"

"ေနာက္က်ရင္ေတာ့ ျပန္ေကာင္းလာမွာပါ...သူအကုန္လုံးကို မရက္စက္ေလာက္ပါဘူး"

ဟုတ္ပါရဲ႕။ဒီကေလးက ရက္စက္တတ္တဲ့ကေလးမွမဟုတ္တာ။အခုလိုပုံစံနဲ႔ေတာ့ တစ္သက္လုံးခ်န္ထားခဲ့မွာမဟုတ္ဘူး။

"သနားပါတယ္..လင္းေလးက စိတ္ထားေကာင္းတဲ့ကေလး"

"ဟုတ္တယ္..အလင္းက စိတ္ထားေကာင္းတဲ့ကေလးပါ..ကြၽန္မကသာရက္စက္ခဲ့တာ..တစ္ခုေတြးမိတယ္ သူသာအခုအတိတ္မေမ့ဘူးဆိုရင္ ကြၽန္မကိုမုန္းေနမလားမသိဘူး..သူ႕အေပၚစိတ္ဒဏ္ရာေပးခဲ့တာက မနင္းမေနာပဲ..သူခြင့္မလႊတ္ေလာက္ဘူး"

"သူ႕အေၾကာင္းကို လြန္းညကအသိဆုံးျဖစ္မွာပါ...သူ႕မွာဘယ္သူ႕ကိုခြင့္မလႊတ္ဘူးဆိုတဲ့ အေတြးမ်ိဳး႐ွိမွာမဟုတ္ပါဘူး"

ဆရာဝန္ေတြထြက္သြားၾကေတာ့ သခင္တို႔အားလုံးျပန္ဝင္လိုက္ၾကသည္။

"အလင္း မမကိုမွတ္မိလားဟင္"

"ဘယ္သူလဲမသိဘူး..ကြၽန္မ မမွတ္မိဘူး"

"သခင့္ကို‌ေရာသိလား"

သခင္။သခင္။ဒီနာမည္ကို နားထဲမွာပံ့တင္ထပ္လာသည္။သခင္ဆိုတဲ့အသံကိုေၾကာက္သည္။ဒီနာမည္ကို စိတ္ထဲမွာ အႀကိမ္ႀကိမ္ေရ႐ြတ္မိသလိုခံစားေနရသည္။အား..ေခါင္းေတြမူးလာလိုက္တာ။သခင္ဆိုတာ ကိုယ့္အတြက္ဘယ္လိုျဖစ္တည္မႈလည္းမသိေပမဲ့ စိတ္ထဲမွာအရမ္းကိုတုန္လႈပ္လာခဲ့သည္။

"အား..မသိဘူး..ကြၽန္မမၾကားခ်င္ဘူး..သခင္ဆိုတဲ့သူကိုကြၽန္မေၾကာက္တယ္..သခင့္ကိုေၾကာက္တယ္"

သူကအ႐ူးတစ္ေယာက္လိုေအာ္ဟစ္ေသာင္းက်န္ပစ္ေနသည္။သခင္ သူ႕ကိုၾကည့္ရင္းဝမ္းနည္းလာမိသည္။

"ဘာမွမဟုတ္ဘူးေနာ္ သမီးေလး..ဘာမွမေတြးနဲ႔ေနာ္..သခင္ဆိုတာ ဘယ္သူမွမဟုတ္ဘူးေနာ္"

အလင္းေဖေဖက ေဖ်ာင္းဖ်ေပးကာ သူ႕သမီးကိုဖက္ထား၏။ အခုထိ ကေလးငယ္ပုံစံဟာေၾကာက္ေၾကာက္လန္႔လန္႔႐ွိေနေသးသည္။

'ကေလးရယ္ မမကမင္းအတြက္မေကာင္းဆိုးဝါးတစ္ခုထက္ပိုေနခဲ့တာပဲ...အတိတ္ေမ့ေနတာေတာင္ မမကမင္းအေပၚမေကာင္းခဲ့ဘူးဆိုတာေတာ့ သိေနခဲ့တာပဲ'

"ေဖေဖ..ကြၽန္မနာမည္ကဘယ္သူလဲဟင္"

ေဘးနားမွာ႐ွိတဲ့လူေတြကိုတစ္ခ်က္မွမၾကည့္ဘဲ သူ႕အေဖလို႔ ထင္တဲ့သူကိုသာတြယ္ကပ္ေနသည္။

"လင္းေရာင္စဥ္ႏြယ္ေလ သမီးရဲ႕"

"ဟင္...နာမည္ႀကီးကလွလည္းမလွဘူး"

ကေလးတစ္ေယာက္လိုစူပုတ္ကာေျပာေနေသာသူ႕စကားၾကားေၾကာင့္ စိတ္ညစ္ေနတဲ့ၾကားမွရယ္မိျပန္သည္။အျခားသူမ်ားလည္းသခင့္နည္းတူရယ္ေနၾက၏။

"လွပါတယ္ သမီးေလးနာမည္က"

သူကေတာ့ စူပုတ္ပုတ္လုပ္ေနေသးသည္။

"ကြၽန္မ ဘယ္ေတာ့မွမွတ္ဉာဏ္ေတြျပန္ရမွာလဲဟင္...ဘာလို႔အခုလိုျဖစ္သြားတာလဲ"

"သမီးေလး မေတာ္တဆမႈျဖစ္သြားတာေလ..မွတ္ဉာဏ္ေတြက ခဏပဲေမ့တာပါသမီးေလးရဲ႕..ေနာက္က်ရင္ ျပန္ေကာင္းလာမွာေနာ္"

"ေမေမကေရာဟင္"

"သမီးေမေမကသမီးငယ္ငယ္ေလးကတည္းကဆုံးသြားတာေလ သမီးရဲ႕"

"ဪ"

"ေရာင္စဥ္ ငါ့ကိုသိလားဟင္"

ေခါင္းရမ္းမိျပန္သည္။ဘယ္လူတစ္ေယာက္၊ဘာတစ္ခုကိုမွ မမွတ္မိတာပါ။

"အလင္း..ဘာမွမျဖစ္ဘူးေနာ္..ေနာက္က်ရင္ မွတ္ဉာဏ္ေတြျပန္ရမွာပါ"

သူ႕မ်က္လုံးေတြကအျခားသူေတြထက္ႏူးညံ့လိုက္တာ။သူ႕မ်က္လုံးေတြမွာတစ္ခုခု႐ွိေနပုံပဲ။ကိုယ္ဟာ အတိတ္ေမ့ေနတဲ့သူတစ္ေယာက္ျဖစ္ေနတာေတာင္ သူကိုေတာ့ရင္းႏွီးေနမိသည္။

"အစ္မက ကြၽန္မနဲ႔အရင္တုန္းကသိဖူးတာလား"

ကိုယ္ေမးလိုက္ေတာ့ ခ်က္ခ်င္းျပန္မေျဖပါ။တစ္ခုခုကိုဝမ္းနည္းသြားပုံျဖစ္သြား၏။

"မမနဲ႔ အလင္းနဲ႔ကအိမ္နီးခ်င္းေလ..ငယ္ငယ္ေလးကတည္းကခင္လာၾကတာေလ"

"အလင္း ဆိုတာ ကြၽန္မကိုေခၚတာလား"

"ဟုတ္တယ္ေလ မမက အလင္းလို႔ပဲေခၚတာေလ..အလင္းလို႔ေခၚတာမမတစ္ေယာက္ပဲ႐ွိတာ‌ေလ"

"ဪ"

သခင္၊အလင္း စတဲ့နာမည္ေတြဟာ ေခါင္းထဲ ပလူပ်ံလာ၏။သခင္၊သခင္ အစ႐ွိတဲ့အမည္နာမေတြ။ေခၚသံေတြဟာ နားထဲအထပ္ထပ္ၾကားေနရသည္။ၿပီးေတာ့ ခပ္စမ္းစိမ္းမ်က္ဝန္းေတြ။ႏူးညံ့ျခင္းမ႐ွိတဲ့မ်က္လုံးေတြ။ဘယ္သူဘယ္ဝါမွန္းမသိေပမဲ့ အေတြးအာ႐ုံထဲဝင္ေရာက္လာ၏။

"အား.. မျမင္ခ်င္ဘူး..မေတြးခ်င္ဘူး.. သခင့္ကိုေၾကာက္တယ္..သခင့္ကိုေၾကာက္တယ္"

"ဘာမွမျဖစ္ဘူးေလကေလးရဲ႕..ဘယ္ကသခင္မွလည္းမ႐ွိဘူးေနာ္..ထပ္ၿပီးသူ႕အေၾကာင္းမေတြးနဲ႔ေနာ္"

ကိုယ့္အေၾကာင္းကိုမေတြးနဲ႔လို႔ရင္နာနာနဲ႔ေျပာေနရသည္။ကေလးေရ..မမရင္ေတြနာလိုက္တာ။မမကမင္းကို မေကာင္းဆိုးဝါးလိုေျခာက္လန္႔ေနမိတာပါပဲလား။

"ကြၽန္မကို သခင္နဲ႔ေဝးရာကိုေခၚသြားေပးပါေနာ္..ကြၽန္မသခင့္ကိုေၾကာက္တယ္"

သခင့္ကိုဖက္တြယ္ကာ သခင့္ကိုေၾကာက္တဲ့အေၾကာင္းေတြေျပာေနသည္။

မင္းတကယ္ေၾကာက္ေနတဲ့ သခင္ဆိုတာ ကိုယ္မွန္းသိရင္ ဘယ္လိုမ်ားတုံ႔ျပန္မွာလဲ ကေလးရယ္။

"ကြၽန္မကို မိန္းမတစ္ေယာ္က အၿငိဳးေတြနဲ႔ၾကည့္ေနတယ္..အဲ့ဒါသခင္ဆိုတဲ့လူလားဟင္..ကြၽန္မေၾကာက္တယ္"

ကိုယ္ေလးကိုၾကဳံ႕ကာ သခင့္ကိုတိုးတိုးဖက္ကာ ငိုေနသည္။ကိုယ့္ေၾကာင့္ ရခဲ့တဲ့စိတ္ဒဏ္ရာေတြဟာ သိပ္ကိုမ်ားခဲ့တာပဲ။

မင္းမွတ္ဉာဏ္ေတြျပန္ရသြားရင္ မမကိုမုန္းေနမွာလားကေလးရယ္။ဒီလိုဆိုရင္ တစ္သက္လုံးအတိတ္ေမ့ေပးပါက‌ေလးရယ္။မမမင္းမုန္းရင္ခံႏိုင္မွာမဟုတ္ဘူး။

"ကြၽန္မကိုဖက္ထားပါေနာ္"

"အင္း မမဖက္ထားေပးတယ္ေနာ္..ဘာမွမေၾကာက္နဲ႔ေနာ္..မမကမင္းအနားမွာအၿမဲ႐ွိေနမွာမို႔ မေၾကာက္နဲ႔ေနာ္"

ဦးေလးဟာ အခုထိဘာမွဝင္မေျပာေသးပါ။သူ႕သမီးအတြက္သိပ္ကိုခံစားေနရပုံပါပဲ။ကိုယ့္အျပစ္ေၾကာင့္ အခုလိုျဖစ္ထားရတာဆိုေတာ့ ဦးေလးကိုလည္းအားနာမိသလို ရင္မဆိုင္ရဲျဖစ္ေနေသးခ်ိန္ ကေလးက ကိုယ့္နာမည္ကိုအလန္႔တၾကားျဖစ္ေနေတာ့ပိုေတာင္ဆိုးေသးသည္။

***

"ဦးေလး..ကြၽန္မခြင့္တစ္လထပ္ရေသးတယ္..အလင္းလည္းေဆး႐ုံကဆင္းရၿပီမို႔...ကြၽန္မသူနဲ႔အနီးကပ္႐ွိခ်င္တယ္..သူနဲ႔ေနခဲ့တဲ့အိမ္ေလးမွာ သူ႕ကိုကြၽန္မနဲ႔အတူထားႏိုင္မလား"

"သမီးေလးကေနခ်င္တယ္ဆိုရင္ေတာ့ ေခၚသြားေပါ့သမီးရယ္...သူမေနခ်င္ရင္ေတာ့ ဦးလည္း မတတ္ႏိုင္ဘူးေပါ့"

"ဟုတ္ကဲ့ပါဦးေလး...ကြၽန္မသူ႕ကိုမွတ္ဉာဏ္ျပန္ရေအာင္ႀကိဳးစားမွာပါ"

***

"အစ္မ... အစ္မကဆရာဝန္ေပါ့ေနာ္"

"အင္းေလ အလင္းရဲ႕...ဘာလို႔ေမးတာလဲ"

"ဘာမွမျဖစ္ပါဘူး..အစ္မကလွတယ္ေလ..ဆရာဝန္ဆိုေတာ့ပိုၿပီးတင့္တယ္တာေပါ့..အစ္မနဲ႔ ဆရာဝန္အလုပ္လိုက္ဖက္တယ္"

သခင္သူ႕ကိုျပဳံးၾကည့္ေနမိသည္။
စိတ္ထဲလည္းဝမ္းနည္းရျပန္သည္။
အရင္လို'သခင္'ဆိုတဲ့နာမည္အစား 'အစ္မ'ဆိုတဲ့နာမ္စားကဝင္လာခဲ့သည္။
အစ္မဆိုတဲ့နာမည္နဲ႔အသားမက်ေသးဘူးကေလးရယ္။

'တစ္ခ်ိန္ခ်ိန္ေတာ့ မမကိုသခင္လို႔ျပန္ေခၚမယ္မဟုတ္လားဟင္'

"ကြၽန္မကအခုေက်ာင္းနားထားရတာေပါ့ေနာ္"

"အင္းေလ..အလင္း ေနျပန္ေကာင္းမွျပန္တက္ရမွာေပါ့"

"အခုလည္းေကာင္းတာပါပဲ... ဘာမွ,မွျဖစ္မေနတာ"

သခင္သူ႕ကိုသနားစြာတစ္ခ်က္ၾကည့္လိုက္မိ၏။သူလည္း ဘာကိုသေဘာေပါက္သြားမွန္းမသိမ်က္ႏွာကခ်က္ခ်င္းညိႇဳးက်သြား၏။

"ဟူး..ဟုတ္သားပဲ အတိတ္ေမ့ေနတာကို ဘယ္လိုစာသင္လို႔ရပါ့မလဲ"

"အလင္းက ေနာက္ဆုံးႏွစ္ေရာက္ေနၿပီေလ...အဲ့ဒါေၾကာင့္ ေနျပန္ေကာင္း ခဏပဲတက္ရမွာပါ..စိတ္မပူနဲ႔ေနာ္"

"ကြၽန္မကို အလင္းလို႔မေခၚပါနဲ႔..အဲ့လိုေခၚရင္ကြၽန္မေခါင္းေတြကိုကိုက္လာလို႔..ၿပီးေတာ့ သခင္ဆိုတဲ့နာမည္ေတြပါၾကားလာရတယ္..ကြၽန္မေၾကာက္လို႔ပါ"

"အင္းပါ..မမမေခၚေတာ့ဘူးေနာ္..က‌ေလးလို႔ပဲေခၚမယ္. ရတယ္မလား"

"ဟုတ္"

"အစ္နာမည္ကဘာလဲဟင္"

"ဟို..လြန္း...လြန္းညပါ"

သခင္အထစ္ထစ္အေငါ့ေငါ့‌ေျဖေနရ၏။

"ဪ နာမည္ကႏွစ္လုံးထဲလား"

"အင္း"

ကိုယ့္‌ေ႐ွ႕ကလြန္းညဆိုတဲ့ အမ်ိဳးသမီးဟာ လွလိုက္တာ။ဘယ္လိုလွလို႔လွမွန္းမသိေအာင္ကိုလွပါသည္။သူ႕မ်က္ဝန္းနဲ႔ ဆံပင္‌႐ွည္ေတြကတစ္ေရာင္တည္း၊တစ္ထပ္တည္းျဖစ္ေနသည္။လူလား၊နတ္သမီးလားမသဲကြဲေတာ့။လူဆိုရင္လည္း ဒီေလာက္ထိေတာ့မလွသင့္ဘူးမလား။

သူ႕မ်က္လုံးေတြဟာႏူးညံ့လွပတဲ့အညိဳေရာင္အဆင္း႐ွိ၏။ဘာေၾကာင့္မွန္းမသိ။သူ႕မ်က္လုံးကိုၾကည့္မိတိုင္း ရင္းႏွီးတဲ့ခံစားခ်က္ကိုရေနသည္။သို႔ေသာ္ၾကာၾကာမၾကည့္မိပါ။သူ႕မ်က္လုံးေတြက ကိုယ့္အေတြးထဲကျမင္ျမင္ေနရတဲ့မ်က္လုံးေတြနဲ႔ဆင္တူသည္။

အစကသူမ်ားလားလို႔ သံသယဝင္မိေသး၏။သို႔ေသာ္လည္း မျဖစ္ႏိုင္ပါ။ေခါင္းထဲမွာေပၚေပၚလာတဲ့ မ်က္ဝန္းညိဳညိဳေတြက အၿငိဳးေတြအမုန္းေတြျပည့္ေနတဲ့မ်က္ဝန္းမ်ိဳးျဖစ္ၿပီး အခုျမင္ေနရတဲ့ မ်က္ဝန္းေတြက သူနဲ႔ဆန္႔က်င္ဘက္ျဖစ္ၿပီးႏူးညံ့ေနသည္။

4.3.2024
#သခင္

ေနာက္ရက္ေတြက်ရင္ ေန႔တိုင္း updateမေမွ်ာ္ၾကပါနဲ႔ဦး႐ွင္💙

Continue Reading

You'll Also Like

429K 24.1K 43
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1.2M 95.1K 40
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
440K 6.2K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
4.2M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...