ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.9K 2.6K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-76

91 10 0
By SuMon5383

Paid မှာအစအဆုံးပြီးသွားပါပြီ။

Ch-76  ရှန်ရှောက်ချင်မှာစရိုက်အစုံရှိတယ်

  "အချစ်လေးမင်းသာမတက်ရင် ကိုယ်လည်းသွားဖို့ကို ငြင်းရလိမ့်မယ်။ကိုယ်ဒီလိုမျိုးအမြဲတမ်းမင်းနောက်ပဲလိုက်နေတော့မှာ"

  ရုတ်တရက်ဆိုသလို ရှန်ရှောက်ချင်သည်ရူးသွပ်သွားကာ ပေါက်တတ်ကရစကားများစတင်ပြောဆိုတော့သည်။

  "မင်းဘာလို့ကိုယ်နဲ့လမ်းခွဲချင်ရတာလဲ။အဲ့ဒါကကိုယ့်ထက်ပိုထူးချွန်တဲ့လူနဲ့တွေ့လိုက်ရလို့လား။ကားပေါ်တက်ပြီး ကိုယ့်ကိုအမှန်အတိုင်းပြောပြပါကွာ။အဲ့လိုမှမဟုတ်ရင် ကိုယ်လည်းလက်လျှော့မှာမဟုတ်ဘူး။အဲ့လူကမင်းကိုဘယ်လောက်ထောက်ပံ့ပေးနိုင်လဲ ကိုယ့်ကိုပြောလိုက်။ကိုယ်လည်းမင်းကိုပေးနိုင်ပါတယ်..."
    သူ.ဘာ.သောက်.စ.ကား.တွေ.လာ.ပြော.နေ.တာ.လဲ.ဟ။

  မိမိမှာပတ်လည်ရှိ လူတိုင်း၏လောင်မြိုက်နေသောအကြည့်များအား ခံစားလိုက်ရ၍ အဆက်မပြတ်ခေါင်းယမ်းကာ လေထဲတွင်လက်များအားယမ်းခါပြလိုက်သည်။

  "မဟုတ်ဘူးနော်... ကျွန်မ...သူကရူးနေတာ..."

  မိမိမှမည်မျှရှင်းပြနေစေကာမူ အကြောင်းအရင်းများစွာရှိနေပုံပေါ်နေသည်။အခြေအနေပိုဆိုးမလာခင်တွင် မိမိထွက်သွားရပေမည်။ထို့ကြောင့်မိမိသည်‌နက်နက်ရှိုင်းရှိုင်းသက်ပြင်းချလိုက်သည်။မိမိသည်မျက်နှာအားဖုံးကာ ခေါင်းငုံ့ရင်းရှန်ရှောက်ချင်၏ကားထဲဝင်လိုက်သည်။

  "မောင်းတော့"

  လက်ရှိ၌အရေးကြီးဆုံးအရာမှာ ဤနေရာမှထွက်သွားရန်ဖြစ်သည်။ရှန်ရှောက်ချင်မှအတော်အတန်‌ေဝးဝေးသွားပြီးသော် မိမိသည်သူ့အားသတ်တော့ဖြတ်တော့မတတ်ကြည့်လိုက်သည်။

  "ဘာမှားလို့လဲ"

  ရှန်ရှောက်ချင်သည် မိမိအားသူ၏နှစ်လိုဖွယ်ကောင်းသောအပြုံး‌‌ေလးအား ပေးအပ်လာခဲ့သည်။ထိုသည်မှာသူသည်စောနက သူ၏ရှက်ဖွယ်ရာအပြုအမူအားလုံးလုံးလျစ်လျူရှုထားသလိုပင်။

  မိမိသည်အသက်ပြင်းပြင်းရှူလိုက်ပြီး စကားသုံးလုံးအားရေရွတ်လိုက်သည်။

  "ကားရပ်လိုက်"

  ရှန်ရှောက်ချင်သည် ကားအားဘေးသို့ဆွဲရပ်လိုက်ကာ မိမိထံခပ်တောင့်တောင့်ပြုံးပြလာသည်။

  မိမိလည်းတုံ့ပြန်သည့်အနေဖြင့် ပြန်ပြုံးပြကာ သူနှင့်သုံးစက္ကန့်ကြာအောင်အကြည့်ချင်းဆုံလိုက်သည်။ထို့နောက်မိမိသည် ထိုင်ခုံခါးပတ်ကြိုးအားခပ်သွက်သွက်ဖြုတ်လိုက်ကာ သူ၏လည်ပင်းအားလက်ဖြင့်ရစ်ကာလှုပ်ခါလိုက်သည်။

  "ရှင်ဘာလို့အဲ့လိုပြောလိုက်ရတာလဲ။ရှင်ကကျွန်မကို ထူးဆန်းတဲ့မိန်းမတစ်ယောက်ပုံစံအဖြစ် အောင်အောင်မြင်မြင်လုပ်လိုက်မိတယ်ဆိုတာကို မသိဘူးလား။အဲ့လူတွေနဲ့ထပ်တွေ့မိတဲ့အခါကျ ကျွန်မဘယ်လိုလုပ်ရမလဲ။ကျွန်မဘယ်လိုအသက်ရှင်ရတော့မှာလဲလို့ အားး"

  မိမိသည်ဟိန်းဟောက်ရင်း ဆုပ်ကိုင်ထားသည်ကိုတင်းကြပ်လိုက်သည်။

  "ငါမှားပါတယ် ငါမှားပါတယ်"

(T/N-အရင်ကရှန်ရှောက်ချင်က ယိရှင်းနဲ့နည်းနည်းစိမ်းနေသေးလို့ စကားပြောရင်လေးစားသမှုနဲ့ကိုယ်ဆိုပြီးသုံးပေးထားပါတယ်။အခုကျတော့ သူငယ်ချင်းလိုဖြစ်သွားလို့ ငါပဲသုံးပေးလိုက်ပါ့မယ်နော်။အဆင်မပြေရင်ပြန်ပြောင်းပေးပါ့မယ်)

  ရှန်ရှောင်ချင်သည် သူ့မျက်လုံးများမှဖြူစင်မှုအားပြကာ သူ၏လက်အားလက်နက်ချသလိုလုပ်ပြရန်မြှောက်လိုက်သည်။

  သူသတိလစ်လုနီးပါးဖြစ်နေသည်ကိုမြင်လိုက်သော် မိမိသည်ဆုပ်ကိုင်ထားသည်အားဖြေလျော့ပေးလိုက်ကာ မိမိ၏ခုံဆီပြန်ထိုင်၍ တွန့်ကြေနေသောအဝတ်များမှာ ပြန့်ပြူးအောင်လုပ်လိုက်သည်။

  "ရှင်ကဘာလို့အဲ့လိုအထင်မှားစေမယ့်စကားတွေပြောလိုက်ရတာလဲ"

  "အဲ့ဒါဘာအရေးကြီးလို့လဲ။သူတို့ကသူစိမ်းတွေပဲကို။မင်းသူတို့ကိုမသိဘူးလေ"

  "ညီအစ်ကိုရေ။ကျွန်မကဒီနေရာမှာနေတာလေ။ရှင်ကဒီနားမှာမနေပေမယ့် ကျွန်မကသူတို့နဲ့တစ်ရပ်ကွက်တည်းလေ။အဲ့လူတွေနဲ့ထပ်တွေ့မလားဆိုတာ ဘယ်သူသိမှာလဲ။သူတို့သာကျွန်မအကြောင်းကောလဟလတွေလျှောက်ဖြန့်လိုက်မယ်ဆိုရင် ရှင်ကတာဝန်ယူမှာလား"

  "ဘာရယ်။မင်းကအဲ့လူတွေမင်းကိုမငွေချစ်လို့ အထင်မှားမှာကိုကြောက်တာလား ဒါမှမဟုတ် ငါတို့ကိုစုံတွဲတွေလို့ထင်မှာကိုကြောက်တာလား။ဆိုးသထက်ဆိုးလာရင်တောင် ငါမင်းကိုငါ့ကောင်မလေးအဖြစ်လက်ခံလိုက်ပါ့မယ်။မင်းသာငါ့ကောင်မလေးဖြစ်လာရင် ငါတာဝန်ယူမှာပါ ဟုတ်ပြီလား"

  မိမိသည်ရှန်ရှောက်ချင်အား အမူအယာမဲ့စွာကြည့်လိုက်သည်။

  "ရှင်ကျွန်မကိုလာနောက်နေတာလား။ဒီနေ့ရှင်ကဒီမှာဟာသတွေလာလုပ်တာလား"

  "စိတ်မတိုပါနဲ့ စိတ်မတိုပါနဲ့။ငါကစတာပါ။ငါမင်းကိုဘယ်‌‌ေတာ့မှမထိရဲပါဘူး။ငါသာမင်းဆီမတော်တရော်အတွေးတွေထားမိလို့ကတော့ စုယန်ကငါ့ကိုဒုက္ခိတဖြစ်အောင်လုပ်လိမ့်မယ်"

  ရှန်ရှောက်ချင်သည်မိမိအားမလုံမလဲပြုံးပြလာသည်။သူသည်တစ်ခုခုအားရည်ညွှန်းနေသည်ဟု မိမိခံစားနေရသည်။

  "ရှင်ဘာပြောချင်နေတာလဲ"

  "အမ်...ငါကလောနေလို့ပါ။မင်းစုယန်ကိုသဘောကျနေတာမလား။မင်းကဘာလို့တုံးအသလိုလုပ်နေတာလဲ။မင်းတို့နှစ်ယောက်ကနောက်ဆုံးကျ အတူတူရှိမှာပါ။စိတ်မပူပါနဲ့"

  ရှန်ရှောက်ချင်သည်အစ်ကိုကြီးတစ်ဦးအလား မိမိကိုစိတ်ချစေရန်ပြောလာသည်။

  မိမိသည်လန့်ဖြပ်သွားသည်။မိမိသည်ရှန်ရှောင်ချင်မှာ အရူးတစ်‌ယောက်ဟုထင်ခဲ့သည်။သူကဒီအရာတွေကိုရှင်းရှင်းလင်းလင်းပြောနိုင်မယ်လို့ ဘယ်သူကထင်မှာလဲ။

  "ကျွန်မရှန်ရှောက်ချင်ကိုကြိုက်နေတာကို ရှင်ဘယ်အချိန်ကရှာ‌ေတွ့ခဲ့တာလဲ"

  သူကငါ့ကိုဖောက်မြင်နိုင်မှတော့ ငါလည်းရိုးသားရမယ်လေ။

  "အခုပဲ"

  "ဘာရယ်"

  "စုယန်ကဆွဲဆောင်မှုရှိတယ်၊ချမ်းသာပြီးအပြင်ပိုင်းကအေးစက်ပေမယ့်အတွင်းစိတ်ကကျ ခေါင်းမာတယ်။သူကအမျိုးသမီးတွေသည်းမခံနိုင်မယ့်လူစားမျိုးမဟုတ်ဘူးလား။အဲ့တော့ငါယူဆလိုက်တာက မိန်းမသားတစ်ဦးအနေနဲ့မင်းကလည်းသူ့ကိုသေချာပေါက်ကြွေသွားလိမ့်မယ်လို့လေ။ဒါပေမယ့် မင်းကကိုယ်တိုင်အဲ့ဒါကိုဝန်ခံလာလိမ့်မယ်လို့တော့ ငါထင်မထားဘူး"

  သေစမ်း။ငါတော့ရှန်ရှောက်ချင်လှည့်စားတာခံလိုက်ရပြီ။မိမိမှာရက်စက်‌ေသာဤအမှန်တရားအား လက်မခံချင်သောကြောင့် ထိုင်ခုံပေါ်ပြန်မှီချကာမိမိအနာဂတ်အား စတင်စိတ်ကူးကြည့်လိုက်သည်။ဒီလူကစုယန်ကိုတော့ပြောမပြလောက်ပါဘူးနော်။

  ရှန်ရှောက်ချင်သည်မိမိအတွေးများအားဖြတ်မြင်နိုင်လေသည်။သူသည်ပြုံးလိုက်ပြီး မိမိအားနောက်တစ်ကြိမ်စိတ်ချစေရန်ပြောလိုက်သည်။

  "စိတ်မပူပါနဲ့။ငါစုယန်ကိုမပြောပါဘူး။ဒါပေမယ့်မင်းတို့နှစ်ယောက်အတူရှိသွားခဲ့ရင်တော့ ကျေးဇူးတင်ရမှာပဲ။အနည်းဆုံးတော့ မင်းကမိန်းမကောင်းလေးလေ"

  သူကဘာလို့ဒါတွေပြောနေတာလဲ။ငါ့ကိုရှက်အောင်လုပ်နေတယ်။

  "ပြီးတော့..."

  ရှန်ရှောက်ချင်သည်မပြီးဆုံးသေးပေ။

  "ငါ့စံနှုန်းတွေကအရမ်းမနိမ့်ပါဘူး"

  "ဘာရယ်"

  "မှန်တာပြောရရင် ငါ့ခေါင်းစီးတွေထဲမှာမင်းရုပ်ရည်ကသာ လက်ခံနိုင်လောက်တဲ့အရာတစ်ခုပဲ။မင်းကိုယ်က ကျရှုံးတယ်။မင်းကိုယ်ရည်ကိုယ်သွေးက ကျရှုံးတယ်။မင်းမိသားစုနောက်ခံကလည်း ကျရှုံးတယ်။ဒါပေမယ့်စိတ်မပူပါနဲ့။၂၇နှစ်အရွယ်အိမ်တွင်းပုန်းစုယန်အတွက်တော့ မင်းမှာရှိတာကလုံလောက်နေပါပြီ။ပြောရရင် သူ့မှာငါ့လိုပြီးပြည့်စုံတဲ့အယူဝါဒရှိမနေဘူးလေ။အဲ့တော့အခုမင်းပိုပြီးနေလို့ကောင်းသွားပြီလား"

  ရှန်ရှောက်ချင်သည်မိမိပုခုံးအားပုတ်ကာ ‌မိခင်ဆန်ဆန်ပြုံးပြလာသည်။

  ထင်ထားသလိုပဲ ရှန်ရှောက်ချင်ကသုံးစက္ကန့်ထက်ကြာရင် သဘောကျစရာမ‌ေကာင်းတော့ဘူး။ငါတစ်ကယ်သူ့ကိုထရိုက်ပစ်ချင်လိုက်တာ။သူကငါတို့ကြားမှာ ပြဿနာရှာနေတာပဲ။သတ်သာသတ်နိုင်လို့ကတော့ သူတော့အပိုင်းထောင်ချီအောင်ဖြတ်တောက်ခံနေရပြီးပြီ။

  "ငါမင်းနဲ့စုယန်ရဲ့အကူအညီအတွက် ‌ကျေးဇူးတင်တယ်နော်"

  မိမိမှသူ့အားညစ်တစ်တစ်ကြည့်နေစဉ် ရှန်ရှောက်ချင်သည်အကြောင်းအရာအားပြောင်းကာပုံမှန်လေသံအားသုံး၍မိမိအားထပ်ပြောလာသည်။‌သူမှရှေ့နောက်ပြောင်းနေသည့်နည်းမှာ မိမိအတွက်‌လိုက်လျောညီထွေဖြစ်ရန်ခက်ခဲစေသည်။

  သူ့မှာစရိုက်စုံရှိနေတာလား မဟုတ်ရင်တော့တစ်ခုခုပဲ။

  သူ၏တစ်ကိုယ်သည်လေးနက်၍ ကျန်တစ်ကိုယ်မှာပြဿနာအိုးဖြစ်သည်။နောက်တစ်ကိုယ်မှာစိတ်ဖတ်သူဖြစ်ပြီး နောက်ဆုံးသူသည်ရူးကြောင်ကြောင်လုပ်နေခဲ့သည်။

  "ရှင်ကဒါကိုရှောက်နျူအတွက်လုပ်ပေးနေတာမလား။ရှင်ကရှင့်ညီမလေးကို တိုက်ပွဲထဲတစ်ယောက်တည်းမသွားစေချင်လို့ စုယန်ကိုကူညီခိုင်းခဲ့တာမလား။တစ်ကယ်ဆို ရှင်ကအကိုကောင်းတစ်ယောက်ပါ"

  မိမိသည်ရှန်ရှောက်ချင်မှစရိုက်များအား ဆက်ပြောင်းနေသည်ကိုကြည့်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် သူ့ကိုကောင်းကောင်းဆက်ဆံဆဲပင်။

  "ငါကအစ်ကိုကောင်းတစ်ယောက်ပေါ့လေ"

  ရှန်ရှောက်ချင်သည်သူ့မေးအားနှိပ်နယ်ကာ ထိုအကြောင်းအားတွေးလိုက်သည်။

  "ဟုတ်တာပေါ့။ရှောက်နျူကဘာဖြစ်ဖြစ်လုကျိန့်ရန်ကို ကူညီဖို့ဆုံးဖြတ်ခဲ့တယ်လေ။အတိုက်အခံကဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို ရှင်ကသိ‌ေတာ့ သူမကိုတိတ်တိတ်လေးကူညီပြီးကာကွယ်ပေးချင်နေတာမလား။ရှင်ကအစ်ကိုကောင်းတစ်ယောက်ပါ"

  မိမိသည်ရှန်ရှောက်ချင်အားလက်မထောင်ပြလိုက်သည်။

  "မင်းဘာတွေပြောနေတာလဲ"

  ရှန်ရှောက်ချင်သည်သူ၏နေကာမျက်မှန်အားချွတ်ကာ သူ၏ရောင်ရမ်း‌ေန‌ေသာမျက်လုံးများနှင့် ညိုမည်းနေသောမျက်ကွင်းများအားပြလာခဲ့သည်။

  "ရှင့်မျက်နှာကဘာဖြစ်ထားတာလဲ"

  မိမိသည်ထိတ်လန့်သွားခဲ့သည်။

  "မင်းစိတ်ထဲဘာတွေတွေးနေတာလဲ။ငါနားမလည်နိုင်တော့ဘူး"

  "ကျွန်မပြောတာက ရှင်ကအစ်ကိုကောင်းတစ်ဦးလို့....အဲ့ဒါကရှင့်ရည်ရွယ်ချက်တွေမဟုတ်ရင်"

  "ဒါပေါ့ အဲ့ဒါတွေမဟုတ်ဘူး။မင်းခေါင်းထဲမျက်စိမှိတ်ပြီးကောက်ချက်ချတာတွေလုပ်မနေနဲ့ ဟုတ်ပြီလား"

  "ဟမ်။ဒါဆိုရှင်..."

  "ငါစုယန်ကိုအကူအညီတောင်းခဲ့တာက ရှန်ရှောက်နျူ လုကျိန့်ရန်ကို‌ေပးဖို့ ငါ့ကိုလိမ်ပြီးငါးသောင်းခိုးခဲ့တာကြောင့်ပဲ။ငါ့ငါးသောင်းကိုပြန်မရမချင်းလက်လျှော့မှာမဟုတ်ဘူး။မင်းဒါကိုမြင်လား"

  ရှန်ရှောက်ချင်သည်သူ၏မျက်လုံးများအားထိုးပြလာသည်။

  "ဒီနေ့တွေမှာ ငါကြိုးကြိုးစားစားရှာထားတဲ့ပိုက်ဆံကို ကလေးတစ်‌ေယာက်ကလှည့်စားပြီးခိုးသွားတဲ့အ‌ေကြာင်းအစဖော်လိုက်ချိန်တိုင်း ငါအိပ်မပျော်နိုင်ခဲ့ဘူး။ငါကငါ့မျက်နှာကိုမျက်ရည်တွေနဲ့ပဲသစ်နေရတယ်"

  "ဘာရယ်။ရှင်ပြောတာက ရှင်ကငါးသောင်းအတွက်နဲ့ဒါတွေလုပ်နေတာပေါ့လေ။ရှင့်မျက်လုံးတွေဒီလိုဖြစ်နေရတာက..."

  "ဒါပေါ့။ငါးသောင်းကလွဲပြီးပိုကောင်းတဲ့ရှင်းပြချက်တစ်ခုကိုမင်းတွေးနိုင်လို့လား။အဲ့လူဆိုးမလေးကတစ်ကယ်ကြီးသူမရဲ့အစ်ကိုရင်းကိုလှည့်စားပြီး သူစိမ်းတစ်ယောက်သုံးဖို့ပိုက်ဆံပေးခဲ့တာလေ။သူမအစ်ကိုအနေနဲ့ ငါစိတ်ပျက်ရတယ်"

  ကောင်းပြီလေ။နင့်ကိုဒီလိုမြင်လိုက်ရတော့ ရှန်ရှောက်နျူမှာနင့်လိုအစ်ကိုရှိနေတဲ့အတွက် ငါလည်းစိတ်ပျက်ရပါတယ်။

  "ဖီ"

  မိမိသည်ခေါင်းယမ်းလိုက်သည်။

  "ရှင့်မိသားစုကအတော်‌ေလးကောင်းမွန်တယ်လို့ ကျွန်မကြားခဲ့ရတယ်။ရှင်ကဘာလို့ငါးသောင်းကိုလက်မလွှတ်နိုင်ရတာလဲ။အဲ့ဒါကရှင့်အတွက်တော့ ကိစ္စကြီးတစ်ခုမဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား"

  "အဲ့ဒါကပိုက်ဆံကိစ္စမဟုတ်ဘူး။ငါ့ရဲ့မာနကွ။ယောင်္ကျားတစ်ယောက်ရဲ့မာန။ငါတို့သာဒီကိစ္စရဲ့‌ေအာက်ခြေကိုရောက်သွားတာနဲ့ သူတို့ကိုပြုပြင်ပေးမယ့်ငါ့ကိုစောင့်ကြည့်နေလိုက်"

  ထို့နောက်ရှန်ရှောက်ချင်သည် လီ‌ဗာအားနင်းချလိုက်သည်။

  ယောင်္ကျားသား!သူကအမျိုးသားလူမျိုးကြီးဝါဒကနေ ခံစားနေရတယ်ဆိုတာငါပြောရဲတယ်။

  "ဟေး။စိတ်ထိန်းဦး။အရမ်းခံစားမနေပဲနဲ့ အရှိန်လျှော့လိုက်"

  ကားသည်အလွန်မြန်ဆန်သောအမြန်နှုန်း၌ အရှိန်မြှင့်နေသည်။မိမိသည်ထိုင်ခုံခါးပတ်အားမြန်မြန်ပတ်လိုက်ကာ လက်ကိုင်တန်းကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။

  မျက်တောင်တစ်ချက်ခတ်ချိန်အတွင်းမှာပင် မိမိတို့သည်ရှုသော်၏ရပ်ကွက်ထဲရောက်လာကြသည်။

  ရှန်ရှောက်ချင်မှမယုံနိုင်လောက်သောအရှိန်ဖြင့်မောင်းခဲ့သောကြောင့် မိမိအစာအိမ်မှာပျို့တက်နေသည်။သူမှကားရပ်လိုက်သည်နှင့် မိမိသည်အလျင်စလိုပြေးဆင်းကာ သစ်ပင်တစ်ပင်အားထိန်းကိုင်၍လေများအန်ထုတ်လိုက်သည်။

  "မင်းနဲ့အတူသွားဖို့ငါ့ကိုလိုသေးလား"

  ရှန်ရှောက်ချင်သည်ကားထဲမှအော်လာသည်။

  "မလိုဘူး။ပြီးတော့ ရှင်သွားလို့ရပြီ။ရှင့်ကိုမနှောင့်ယှက်တော့ဘူး ဆရာကြီးရှန်"

  "အာ...ကောင်းပြီလေ။ဘိုင့်ဘိုင်"

  တုံ့ဆိုင်းမှုတစ်စက်မရှိဘဲ ရှန်ရှောက်ချင်သည်မီးခိုးတစ်စလိုဝှီးကနဲမောင်းထွက်သွားခဲ့သည်။

  ဝိုး။သူကမြန်တာတော့သေချာတယ်။သူရောက်လာတုန်းကကျ ငါ့ကိုစောင့်ကြည့်ဖို့နဲ့ ဒါရိုက်တာရွေ့ကိုသွားရှာမှာတားဖို့အတွက် ကော်လိုလိုက်ကပ်နေတာလေ။ငါ့မှာအဲ့လိုလုပ်ဖို့ရည်ရွယ်ချက်တွေမရှိတာလည်း သူသိရော ပျောက်သွားတာများ။

  မိမိမှာပြန်သက်သာလာပြီးနောက်တွင် အိတ်ထဲမှပရိုဖိုင်အားထုတ်ယူကာ ရှုသော်၏အိမ်အားရှာလိုက်သည်။အပြင်မှနေ ထိုသည်မှာသာမန်အိမ်တစ်လုံးလိုပါပင်။သာမန်သာဖြစ်ပြီး အကောင်ကြီးကြီးပုံပေါ်မနေပေ။

  *တင်း တောင်**တင်း တောင်*

  မိမိသည်တံခါးဘဲလ်အားနှစ်ကြိမ်နှိပ်လိုက်သည်။အတွင်းမှနေအမျိုးသားအသံတစ်သံ ပဲ့တင်ထွက်နေသည်။

  "ဘယ်သူလဲ"

  "မစ္စတာရှုသော်ရဲ့အိမ်လားရှင့်"

  တံခါးသည်ဖြည်းဖြည်းချင်းခပ်ဟဟပွင့်လာကာ အမျိုးသားတစ်ဦးသည်မိမိအားသတိထားပြီးကြည့်လာသည်။

  "ကျွန်တော်ကရှုသော်ပဲ...မင်းကဘယ်သူလဲ"

Continue Reading

You'll Also Like

265K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
29.7K 2.4K 55
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
13.4K 2.2K 26
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...