Paidမှာအစအဆုံးပြီးထားပြီနော်။
Ch-72 လုဝမ်ရွှယ်၏ဇာတ်လမ်း(P-2)
သူ၏လုပ်နိုင်စွမ်းအကုန်၌ရှိနေစဉ်မှာပင် တက္ကသိုလ်မှသူ၏အတန်းဖော်ဟောင်းတစ်ဦးသည် သူ့အားဆက်သွယ်လာခဲ့သည်။သူသည်ယခုတွင် ကုမ္ပဏီတစ်ခု၌ ဥက္ကဌကျိချန်ဟူသည့်လူတစ်ယောက်အတွက်အလုပ်လုပ်ပေးနေလေသည်။သိရသလောက်မှာ ဥက္ကဌသည်သူ့ကုမ္ပဏီအားလူထုအမြင်ကောင်းအချို့ပေးရန် အလှူအတန်းအချို့လုပ်ချင်နေခဲ့သည်။ထို့ကြောင့်သူသည်လုဝမ်ရွှယ်၏ကျောင်းထံ ငွေကြေးအကူအညီပေးဖို့စိတ်ဝင်စားနေခဲ့သည်။
လုဝမ်ရွှယ်သည်ထိုသည်မှာ စစ်မှန်သောအကူအညီလား ဒါမှမဟုတ်အတုအယောင်လားကိုမသေချာခဲ့ပေမယ့် ထိုသည်မှာသူ၏ကျောင်းအားအကူအညီဖြစ်နိုင်သရွေ့ သူသည်ထိုအရာအားလုပ်ခိုင်းဖို့ဆန္ဒရှိလေသည်။နေ့တစ်ဝက်ခန့်ဘတ်စ်ကားစီးလာပြီးနောက် လုဝမ်ရွှယ်မှာနောက်ဆုံးတော့မြို့ထဲသို့ရောက်လာခဲ့သည်။ရင်းနှီးမြှပ်နှံသူနှင့်တွေ့ပြီးနောက် သူသည်မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သောသူ့သားထံသွားလည်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
သူတို့၏ကလေးများကိုမလွမ်းဆွတ်သည့်မိဘများ ဤကမ္ဘာတွင်မည်သို့ရှိပါမည်နည်း။သူတို့သည်ထိုသည်အား မပြောခဲ့ရုံမျှသာပင်။
သူမှကောင်းမွန်စွာမီးပူတိုက်ထားသည့်ဝတ်စုံအားဝတ်ထားစဥ် လုဝမ်ရွှယ်မှာရိုးရိုးချည်ထည်အဝတ်အားဝတ်ထားသည်အားမြင်သော် သူ၏သူငယ်ချင်းသည် သူ့အတန်းဖော်၏ပုခုံးနှစ်ဖက်ပေါ် သူ့လက်မောင်းအားစိတ်လှုပ်ရှားစွာချိတ်လိုက်၍ အံ့အားတကြီးပြောလာသည်။
"အရင်ကဆိုမင်းကအဆင့်၁ပဲကို ဘယ်လိုဖြစ်ပြီးဒီလိုအခြေအနေရောက်သွားရတာလဲကွ။ဒါပေမယ့် စိတ်မပူပါနဲ့။ငါမင်းကို စီးပွားရေးအခွင့်အလမ်းတစ်ခုဆီမိတ်ဆက်ပေးမယ်"
"စီးပွားရေးအခွင့်အလမ်းလား"
လုဝမ်ရွှယ်သည်အနည်းငယ်သံသယဝင်သွားသော်ငြား ထုတ်မပြောခဲ့ပေ။သူသည်သူ၏ကျောင်းအတွက်ငွေကြေးထောက်ပံ့မှုရရန်အခွင့်အရေးအား ဆုံးရှုံးသွားမည်ကိုကြောက်နေခဲ့သည်။
"ငါမင်းကိုပြောပြမယ်။ဒီနေ့မင်းတွေ့ရမယ့်ပုဂ္ဂိုလ်က ကော်ပရေးရှင်းကငါတို့ဥက္ကဌပဲ။အတွင်းပိုင်းသတင်းရင်းမြစ်တွေအရတော့ သူ့သားကအချို့ကောလဟလထဲရောက်နေတယ်တဲ့။ဒါကြောင့်အခု သူတို့ရဲ့ကုမ္ပဏီပုံရိပ်ကိုပြန်ရဖို့ ပရဟိတပွဲတစ်ခုကို သူကစိတ်အားထက်ထက်သန်သန်နဲ့လုပ်ချင်နေတယ်လေ"
လုဝမ်ရွှယ်သည် ထက်မြက်သောသူတစ်ဦးဖြစ်သည်။သူသည်သူ့အတန်းဖော်၏စကားဝှက်နှင့် ဥက္ကဌ၏ပန်းတိုင်ကို နားလည်ခဲ့သည်။သို့သော်ထိုသည်မှာကိစ္စမရှိပါပေ။အရေးကြီးဆုံးအရာမှာ ကျောင်းအခြေအနေတိုးတက်ဖို့ဖြစ်သည်။
ဆယ်မိနစ်နီးပါးကြာပြီးနောက် ဥက္ကဌကျိချန်သည်သူတို့ရှိနေသည့် သီးသန့်ခန်းထဲဝင်လာခဲ့သည်။သူသည်သန့်စင်ပြီးရည်မွန်ပုံပေါ်သည်။
"ကျွန်တော်ခင်ဗျားရဲ့အကြောင်းကို ရှောင်ဝမ့်ဆီကနေကြားပြီးပြီ။ကျွန်တော်အရမ်းခံစားလိုက်ရတယ်။ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ခြွင်းချက်မရှိလုပ်ပေးမယ့်လူဆိုတာကအရမ်းနည်းသွားပြီ။အဲ့အပြင် ခင်ဗျားကနှစ်တွေအများကြီးစာသင်ခဲ့တယ်လေ။ကျွန်တော်ခင်ဗျားကိုအရမ်းလေးစားတယ်ဗျာ"
ဥက္ကဌကျိချန်သည်သူ၏ဖန်ခွက်အား လုဝမ်ရွှယ်ထံမြှောက်ခဲ့သည်။
လုဝမ်ရွှယ်မှာဥက္ကဌမှသူ့အားအလွန်မြှောက်ပင့်ပြောနေသည်ကိုကြားလိုက်ရ၍ အံ့အားသင့်သွားရသည်။သူသည်သူ၏ဖန်ခွက်အား အလောသုံးဆယ်သောက်ခဲ့ရသည်။ဟင်း....ယုတ္တိကျကျပြောရလျှင် သူတို့သည်သူ့ကျောင်းအားငွေကြေးထောက်ပံ့ပေးသူများဖြစ်ကြ၍ သူကသာကျေးဇူးတင်ကြောင်းပြသသောလူဖြစ်သင့်ပေသည်။ဘယ်လိုဖြစ်ပြီး....
လုဝမ်ရွှယ်မှထပ်မတွေးနိုင်သေးခင် ဥက္ကဌကျိချန်မှာဆက်ခဲ့သည်။
"ဒီနေ့ကျွန်တော်ခင်ဗျားကို ဒီမှာကျွေးမွေးဖို့ဖိတ်လိုက်ရတာက ခင်ဗျားရဲ့ကျောင်းအတွက် ငွေကြေးအကူအညီထောက်ပံ့ပေးဖို့ကိုကျွန်တော်ကစိတ်ဝင်စားလို့ပါ။ဒါပေမယ့်လည်း အဲ့ဒါကပမာဏနည်းနည်းမဟုတ်ဘူးလေ။ပြောရရင် ဒီငွေကကျွန်တော်နဲ့လေးလေးနက်နက်သက်ဆိုင်နေတယ်လေ"
"ဥက္ကဌခင်ဗျ။ခင်ဗျားမှာတောင်းဆိုစရာတစ်ခုခုရှိနေလို့လား။ဒဲ့သာပြောပါ။ကျွန်တော်ကကျေးလက်မှာနေတာအတော်ကြာပြီဆိုတော့ လိမ္မာပါးနပ်တဲ့စကားတွေကိုနေသားမကျဘူးရယ်"
"မရှိပါဘူး။ကျွန်တော့်မှာဘယ်လိုတောင်းဆိုချက်တွေရှိနိုင်ပါ့မလဲဗျာ။ဒါပေမယ့် ခင်ဗျားကလူကောင်းတစ်ဦးဖြစ်ပြီး ကျွန်တော့်ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်မဖြုန်းတီးမှာကို သေချာဖို့အတွက် အဲ့နေရာဆီစုံစမ်းဖို့ကျွန်တော်သီးသန့်သွားချင်တယ်"
ဥက္ကဌကျိချန်သည် ဟက်ဟက်ပက်ပက်ရယ်ရင်း လုဝမ်ရွှယ်၏တုံ့ပြန်မှုကိုစောင့်နေခဲ့သည်။
"ခင်ဗျားကကျောင်းကိုသီးသန့်လာကြည့်ချင်တာလား"
လုဝမ်ရွှယ်သည် ကျေနပ်အားရစွာအံ့အားသင့်သွားခဲ့သည်။ဤဥက္ကဌသည် သူ့အားမိမိထင်ထားခဲ့သည်ထက်အတော်ကောင်းမွန်လေသည်။ပရဟိတလုပ်ကြသည့်လူအများစုသည် တင်ပြချက်ကောင်းေကာင်းတစ်ခုအတွက်လဲလှယ်ရန် ပိုက်ဆံကိုသာထုတ်ပေးခဲ့ကြလေသည်။သို့သော်ဤဥက္ကဌသည် သူတို့၏မွဲတေကာဝေးလံသည့်မြို့လေးသို့တစ်ချက်သွားကြည့်ရန် အမှန်ဆန္ဒရှိနေခဲ့သည်။ဖြစ်နိုင်တာတော့ ချမ်းသာတဲ့လူတိုင်းက မကောင်းဆိုးဝါးတွေမဟုတ်ဘူးပဲ။
လုဝမ်ရွှယ်သည်ဤကဲ့သို့ ကြင်နာတတ်သည့်ပုဂ္ဂိုလ်တစ်ဦးနှင့်တွေ့ခဲ့ရသည့်အတွက်ကံကောင်းသည်ဟုခံစားခဲ့ရသည်။ထို့ကြောင့်စားသောက်ပြီးကြသည်နှင့် လုဝမ်ရွှယ်သည်သူ၏အတန်းဖော်လက်အားတင်းတင်းဆုပ်ကိုင်ကာ ခံစားချက်များဖြင့်ကျေးဇူးတင်ခဲ့သည်။
"မင်းအကူအညီအတွက် ငါအရမ်းကျေးဇူးတင်တယ်ကွာ။မင်းရဲ့သူဌေးဆီငါ့ကျောင်းအကြောင်းပြောပြပေးလို့ကျေးဇူးပဲ။မင်းငါ့အတွက်အများကြီးလုပ်ပေးခဲ့တာပဲ"
"ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူးကွာ။မလိုပါဘူး"
မကောင်းသောအလင်းတစ်ချက်မှာ လုဝမ်ရွှယ်၏အတန်းဖော်မျက်လုံးများတွင်လက်ခနဲဖြစ်သွားခဲ့သည်။သို့သော်ထိုသည်မှာချက်ချင်းပျောက်သွားခဲ့သည်။လုဝမ်ရွှယ်မှာ သတိပြုမိရန်ကျရှုံးခဲ့သည်။
လုဝမ်ရွှယ်မှာကျောင်းအတွက်ငွေကြေးအခြေအနေအကြောင်း စိတ်ပူရန်မလိုတော့၍ သူ၏ခြေလှမ်းများမှာ အပြန်လမ်းတွင်ပိုပေါ့ပါးနေခဲ့သည်။သူသောက်ခဲ့သည့်အရက်ကြောင့် သူ့သား၏အထက်တန်းကျောင်းဆီရောက်ချိန်တွင် သူသည်နည်းနည်းထွေနေခဲ့သည်။
"အဖေလား။သူကဘယ်လိုလုပ်ဒီရောက်နေတာလဲ"
လုကျိန့်ရန်သည်သူ၏ဖခင်အားမတွေ့ရသည်မှာအတော်ကြာလေပြီ။သူသည်စာသင်ခန်းတံခါးတွင် သူ့အားစောင့်နေသည့်ဖခင်ဖြစ်သူအား မတော်တဆသတိပြုမိလိုက်သည်။ခေါင်းလောင်းသံမြည်လာချိန်တွင် သူသည်သူ့ထံပြေးသွားခဲ့သည်။
လုဝမ်ရွှယ်၏ရိုးရိုးချည်ထည်အဝတ်အစားသည် မြို့ကြီးလိုမျိုးနေရာတွင် ထူးဆန်းနေခဲ့သည်။ကျောင်းသားများအားလုံးသည် သူ့အားစစ်စုနေဟန်ဖြင့်ကြည့်နေကြသည်။
"ဒယ်ဒီကမင်းကိုမျက်နှာပျက်သွားစေပြီလား။အဖေကဝတ်မထား...."
သူသည်သူ့သားအမြင်ဆိုးအောင်လုပ်မိသွားမည်အားတွေးလိုက်၍ လုဝမ်ရွှယ်သည်ချက်ချင်းထွက်သွားသင့်သည်ဟုဆုံးဖြတ်လိုက်သည်။
"အဖေ ဘာတွေပြောနေတာလဲဗျာ။သူတို့ကိုလျစ်လျူသာရှုထားလိုက်။အေဖဒီမှာရောက်နေပြီပဲကို။ကျွန်တော်ကျောင်းဆင်းတဲ့အထိဘာလို့မစောင့်ရမှာလဲ ပြီးရင်ကျွန်တော်တို့ညစာကိုအတူစားလို့ရပြီလေ"
"မရဘူး။အဖေကဘတ်စ်ကားစီးပြီးပြန်ဖို့ အလျင်လိုနေသေးတယ်။ကျေးလက်မှာအဖေ့ကိုစောင့်နေတဲ့ကလေးတွေရှိတယ်လေ။အဖေထွက်လာတာကအရမ်းကြာနေပြီဆိုတော့ နည်းနည်းစိုးရိမ်လို့ပါ"
"အဖေ ကိုယ့်ကိုကိုယ်အရမ်းကြီးအပင်ပန်းခံမနေပါနဲ့။ကျွန်တော်စာမေးပွဲတွေပြီးသွားတဲ့အခါကျ အဖေ့ကိုကူဖို့ပြန်လာခဲ့ပါ့မယ်"
လုကျိန့်ရန်၏စကားများသည် လုဝမ်ရွှယ်၏နှလုံးသားအားနွေးထွေးသွားစေသည်။သို့သော်စကားအနည်းငယ်ဖလှယ်ပြီးနောက် လုဝမ်ရွှယ်သည်ပြန်သွားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ဥက္ကဌသည်ကျောင်းအားစစ်ဆေးရန် ကိုယ်တိုင်ရောက်လာခဲ့သည်။သူ၏ကျေးဇူးသိတတ်မှုအားပြသရန် လုဝမ်ရွှယ်သည် ဟင်းပွဲများစွာအားအလေးပေးပြင်ဆင်ကာ ဥက္ကဌကျိချန်အား သူ့အိမ်ဆီဖိတ်ခဲ့သည်။အစကသူသည် ဆွဲဆောင်မှုမရှိဘဲရိုးရှင်းသည့်အရာမျိုးကို မစားချင်လောက်ဟုစိုးရိမ်မိသောကြောင့် တုံ့ဆိုင်းခဲ့ပေမယ့် ဥက္ကဌသည်သူဌေးကြီးတစ်ဦးလိုမပြုမူဘဲ လိုက်လာရန်တစ်ကယ်ဆန္ဒရှိနေခဲ့သည်။လုဝမ်ရွှယ်မှာဝမ်းသာပီတိဖြစ်သွားရသည်။
သူတို့နှစ်ဦးသားမှာ အရက်သောက်၍စကားစမြည်ပြောခဲ့ကြသည်။
"ညီအစ်ကိုဝမ်ရွှယ် မင်းရဲ့ကျောင်းကမဆိုးဘူး။ကလေးတွေကငယ်ရွယ်ကြတယ်။မဆိုးဘူး"
"ကျွန်တော်ခင်ဗျားကို စိတ်ရင်းနဲ့ကိုကျေးဇူးတင်ဖို့လိုတယ်ဗျာ။ကျွန်တော်တို့ကျောင်းမှာ ရင်းနှီးမြှပ်နှံပေးလို့ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ခင်ဗျားက ပရဟိတသမားစစ်စစ်တစ်ယောက်ပဲဗျ"
"မဟုတ်ရပါဘူး မဟုတ်ရပါဘူး မဟုတ်ရပါဘူး။ကျွန်တော်ကမဟုတ်ပါဘူးဗျာ။ခင်ဗျားကသာပရဟိတသမားတစ်ယောက်ပါ။နည်းနည်းနှေးကွေးတာကလွဲရင်ပေါ့။ကျွန်တော်ဘာလို့ဒီလိုပြောတယ်ဆိုတာကို ခင်ဗျားသိရဲ့လား ညီအစ်ကိုဝမ်ရွှယ်"
လုဝမ်ရွှယ်သည်ခေါင်းယမ်းလိုက်သည်။
"ခင်ဗျားပတ်ပတ်လည်မှာရှိတဲ့ စီးပွားရေးအခွင့်အလမ်းအကြောင်းခင်ဗျားမသိလို့လေ။ခင်ဗျားကအဲ့ဒါကိုဘာလို့သုံးဖို့မလုပ်ရတာလဲ။ခင်ဗျားကအရမ်းရူးလွန်းတယ်ဗျာ"
ဥက္ကဌကျိချန်သည် သူ၏လက်မောင်းအားလုဝမ်ရွှယ်၏ပုခုံးနှစ်ဖက်ပေါ်တင်ကာ သူ၏နားထဲသို့တီးတိုးပြောလာခဲ့သည်။
"ဒီနေရာပတ်လည်ကလူတွေက တိုးတက်မှုမရှိဘူး။သူတို့ကဘာသိမှာလဲ။ကလေးတွေကအရမ်းငယ်တယ်လေ။သူတို့ကဘာသိမှာလဲ။ဒါပေမယ့်ကျွန်တော်တို့ကကျ စီးပွားရေးသမားတွေလေ။ခင်ဗျားရဲ့ကျောင်းသားတွေက ခင်ဗျားရဲ့စီးပွားရေးအခွင့်အလမ်းဆိုတာအရမ်းသိသာနေတာကိုဗျာ"
လုဝမ်ရွှယ်သည် ဥက္ကဌကျိချန်၏စကားများကြောင့် အံ့အားသင့်သွားရသည်။သူသည်ဥက္ကဌမှာ အရက်သောက်ပြီးလျှောက်ပြောနေသည်လား ဒါမှမဟုတ် အရက်သောက်ပြီးနောက်အမှန်တရားအားပြောနေသည်လားကိုမသေချာတော့ပေ။
လုဝမ်ရွှယ်သည်တိတ်ဆိတ်သွားတော့သည်။
ဤသည်အားမြင်သော် ဥက္ကဌကျိချန်သည်ဆက်ပြောလာခဲ့သည်။
"ခင်ဗျားရဲ့ကျောင်းသားတွေက ဘာလို့ခင်ဗျားရဲ့စီးပွားရေးအခွင့်အလမ်းဖြစ်တာလဲဆိုတာကိုသိလား။ဘာလို့လဲဆိုတာကို ကျွန်တော်ပြောပြမယ်။ကျွန်တော်တို့နယ်ပယ်မှာဆိုရင် ပုံမှန်မဟုတ်တဲ့လိင်ဆန္ဒနဲ့လူထူးဆန်းတွေအများကြီးရှိတယ်။မင်းသိလား သူတို့ထဲကအချို့ကကလေးတွေကိုကြိုက်တာလေ။အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ပတ်ချာလည်လေးတွေပေါ့။သူတို့နဲ့ကစားဖို့တိုက်ခိုက်ကြမယ့် စီးပွားရေးပိုင်ရှင်တွေအများကြီးရှိတယ်လေ။ထပ်ပြောရရင် ဒီနေရာကအရမ်းေခါင်ပြီးလူနေလည်းနည်းတယ်။ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး။ဒီနေရာက သူတို့ရဲ့ရှက်စရာတပ်မက်မှုတွေကို ကျေနပ်စေဖို့သူတို့အတွက်တော့ အကောင်းဆုံးပုန်းကွယ်နေမယ့်နေရာတစ်ခုပဲ။ခင်ဗျားကိုငွေကြေးထောက်ပံ့ဖို့ ကျွန်တော့်မှာအခြေအနေတွေရှိတယ်။ပြောရရင် ကျွန်တော်တို့ကစီးပွားရေးသမားတွေလေ....အဲ့တော့ခင်ဗျားဘာလုပ်မလဲ...."
ဥက္ကဌမှသူ၏စကားအားအဆုံးမသတ်နိုင်သေးခင်တွင် လုဝမ်ရွှယ်မှာသူ၏ဒေါသကိုထပ်မဖိနှိပ်ထားနိုင်တော့၍ စားပွဲအားတိုက်ရိုက်လှန်ချကာအော်လိုက်သည်။
"ခင်ဗျားကလူ့အဖွဲ့အစည်းရဲ့ ဆန်ကုန်မြေလေးပဲ။ထွက်သွားတော့"
လုဝမ်ရွှယ်မှာတုန်ယင်နေသည်။သူသည်ဤတိရိစ္ဆာန်ကောင်မှာ သူ့ကျောင်းသားများအားအရောင်းအဝယ်လုပ်ချင်နေပြီး ထိုအရာအားအလွန်ဂုဏ်ယူနေသံထွက်နေမည်ဟု မယုံနိုင်ခဲ့ပေ။
"မင်းဘာလုပ်တာလဲကွ"
လုဝမ်ရွှယ်၏အော်သံမှာ ဥက္ကဌအားအမူးတစ်ဝက်ပြေသွားစေသည်။လုဝမ်ရွှယ်သည် သူ၏ပန်းအိုးအားကောက်ကိုင်ကာ ဥက္ကဌအပေါ်ရိုက်ခွဲပစ်လိုက်သည်။
"မင်းအရူးကောင်"
ဥက္ကဌသည်ကျိန်ဆဲရင်း သူသည်လုဝမ်ရွှယ်အားတွန်းတိုက်ကာ ကရောသောပါးထွက်ပြေးသွားတော့သည်။
လုဝမ်ရွှယ်မှာ သူသည်ငွေကြေးအကူအညီဆုံးရှုံးသွားခဲ့ပြီမှန်းသိလိုက်သော်ငြား နောင်တမရခဲ့ပေ။သူပိုပြီးခံစားရလျှင်တောင် သားရဲကောင်တစ်ကောင်လိုမျိုးဆီမှ အထောက်အပံ့အားမလိုချင်ပါပေ။
နောက်နေ့တွင် လုဝမ်ရွှယ်မှာအတန်းမှကျောင်းသားများထဲရှိတစ်ယောက်ပျောက်နေသည်ကိုသတိပြုမိလိုက်သည်။သူမသည်၁၂နှစ်ရှိပြီး သူမမိဘများဆီအကြိမ်ကြိမ်စည်းရုံးကာခေါ်ထားခဲ့ရသည့် ကျောင်းသူသစ်တစ်ဦးဖြစ်သည်။လုဝမ်ရွှယ်မှာ သူမမိဘများမှာ သူတို့စိတ်အားပြောင်းသွားခဲ့သည်ဟုထင်၍ သူသည်ကလေး၏လိပ်စာအားရှာဖွေကာ သူတို့နေရာဆီစက်ဘီးစီးသွားခဲ့သည်။