Paidမှာအစအဆုံးပြီးသွားပါပြီနော်။၃၀၀၀ကျပ်တည်းနဲ့ဂရုလာဝင်လို့ရပါပြီရှင့်။
Ch-71 လုဝမ်ရွှယ်၏ဇာတ်လမ်း(P-1)
မိမိသည်သူမှလိပ်စာအားမမှတ်မိတော့မည် သို့မဟုတ် မလာတော့မည်အားကြောက်ရွံ့မိ၍ စိုးထိတ်နေမိသည်။
ညနေ၇နာရီ၁၀မိနစ်တွင်တံခါးဘဲလ်မှာမြည်လာသည်။လုဝမ်ရွှယ်မှာမိမိရှေ့၌ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။မိမိသည်ထိတ်လန့်သွားခဲ့သည်။
"သူလာမယ်ဆိုတာကိုငါသိလို့ သရဲတစ္ဆေတားမြစ်အဆောင်ကိုဖယ်ထားခဲ့တာလေ"
အဘွားမုန့်သည်အနားယူရင်းသူမမျက်လုံးများအားရုတ်ချည်းဖွင့်လိုက်သည်။
"သူဒီမှာလား"
မိမိသည်ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုလုပ်ငန်းစကြစို့"
"နေပါဦး။ကျွန်မကသူ့ရဲ့သဘောတူညီချက်ကိုအရင်ယူရမှာလေ"
မိမိသည်လုဝမ်ရွှယ်ထံသွားကာ မိမိတို့ဘာလုပ်ကြမည်အားသူ့ထံအတိအလင်းပြောပြလိုက်သည်။
"မစ္စတာလုဝမ်ရွှယ်ရှင့် ကျွန်မကရှင့်အဖို့တော့သူစိမ်းတရံတစ်ဦးသာသာပဲဆိုတာကို ကျွန်မသိပါတယ်။ကျွန်မကိုမယုံတာလည်းဖြစ်နိုင်ပေမယ့် ကျွန်မကသာရှင့်ကိုကူညီပေးနိုင်မယ့် တစ်ဦးတည်းသောလူဆိုတာကိုေတာ့ ရှင့်ကိုပြောရမှာစိတ်မကောင်းပါဘူး။ကျွန်မရှင့်ကိုစတွေ့တဲ့နေ့အကြောင်းမှတ်မိတာမှန်ရင် မီဖန့်အပေါ်ဆာလဖျူရစ်အက်စစ်လောင်းချဖို့ ကျိန့်ရန်ကကြိုးစားခဲ့တာပဲ။အဲ့နေ့က ရှင့်နှလုံးသားတွေနာကျင်နေမှာပဲ ဟုတ်တယ်မလား။လွန်ခဲ့တဲ့တစ်နှစ်အမှုကတည်းက ကျိန့်ရန်ခမျာတစ်ရက်လေးတောင်သက်တောင့်သက်သာမနေခဲ့ရဘူး။နေ့ရက်တိုင်းမှာသူတွေးနေသမျှက လက်စားချေဖို့အကြောင်းပဲ။သူဘယ်လိုခံစားနေရမယ်ဆိုတာကိုကျွန်မနားလည်ပါတယ်။ပြောရရင်သူ့ရဲ့ချစ်မြတ်နိုးရတဲ့ဖခင်ကချောက်တွန်းခံရတာကြောင့်သေသွားရတာလေ။သူလုပ်နေတဲ့အလွန်အကျူးအရာတွေကိုကျွန်မနားလည်ပေးနိုင်တယ်။ဒါပေမယ့် ဒီအတိုင်းသာဆိုသူကပစ်မှတ်တစ်ခုဖြစ်လာလိမ့်မယ်။အဲ့လူတွေမှာကစွမ်းအားကြီးတဲ့နောက်ခံေတွရှိတယ်။ကျွန်မတို့တွေကျိန့်ရန်ကိုဒီအန္တရာယ်ထဲမထားသင့်ဘူးနော်"
လုဝမ်ရွှယ်သည်မိမိ၏စကားများကိုလေးလေးနက်နက်နားထောင်ကာ သူ၏မျက်နှာအားလက်ဖြင့်အုပ်၍သူ၏ခေါင်းမှာ တဖြည်းဖြည်းငုံ့သွားခဲ့သည်။
ငါ့စကားတွေကြောင့် သူအပြစ်ရှိစိတ်ခံစားသွားရတာလား။
"အထင်မလွဲပါနဲ့။ကျွန်မကရှင့်ကိုအပြစ်တင်ဖို့လုပ်နေတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒါတွေကရှင်နဲ့ဘာမှမဆိုင်ဘူးလေ....အာ မဟုတ်ပါဘူး။အဲ့ဒါတွေကရှင်နဲ့ဘာမှမဆိုင်ဘူးဆိုတာမဟုတ်ပါဘူး....လွဲပြီး....အိုင်းယား။ကျွန်မတို့လုပ်ကြမယ့်အကြောင်းလုပ်ထုံးလုပ်နည်းကို ကျွန်မရှင့်ကိုရှင်းပြပါ့မယ်။ဘာတွေလုပ်ကြမှာလဲဆိုတော့ ကျွန်မကရှင့်ရဲ့ဝိညာဉ်ကိုကျွန်မကိုယ်ထဲဝင်ခွင့်ပြုမှာပါ။ကျွန်မတို့ဝိညာဉ်တွေကိုယ်တစ်ခုတည်းဆက်သွယ်လိုက်မိတာနဲ့ ကျွန်မကရှင့်အတွေးတွေထဲဝင်လို့ရသွားပြီ။ဒီအခြေအနေတွေအောက်မှာ ရှင့်အတိတ်ကိုရှင်ပြန်တွေးနေသရွေ့ ကျွန်မလည်းတူညီတဲ့အရာကိုတွေ့ကြုံနိုင်သွားလိမ့်မယ်။ဒါပေမယ့်သတိကပ်ထားပြီး မလိမ်ပါနဲ့။သေးငယ်တဲ့အသေးစိတ်တစ်ခုချင်းစီတိုင်းက ကျွန်မရဲ့ဝေဖန်ပိုင်းခြားမှုကိုသက်ရောက်နိုင်လိမ့်မယ်။ရှင်နားလည်လား"
လုဝမ်ရွှယ်သည် ခေါင်းငြိမ့်ကာသူ၏သဘောတူညီချက်အား ပြသလာသည်။
မိမိသည် ရင်းနှီးသောခုံပေါ်တွင်လှဲရန် လှည့်ထွက်လိုက်သည်။သို့သော်ရုတ်တရက်ဆိုသလိုပင် မိမိ၏ရှုဝေ့ရှန်နှင့်မှတ်ဉာဏ်များမှာခုန်ထွက်လာပြီး မိမိစိတ်အားရှုပ်ထွေးသွားစေသည်။မိမိသည်ကိုယ့်အောက်ရှိကြမ်းပြင်ပေါ်တွင်သာ လှဲချလိုက်တော့သည်။
အဘွားမုန့်သည်အံ့အားသင့်သွားသည်။
"ဘာမှားလို့လဲ"
သူမသည်လက်ထဲရှိဓားအားသွေးနေသည်။
မိမိသည်ဖရိုဖရဲဖြစ်နေသောခေါင်းအားပွတ်ကာ ခေါင်းယမ်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...အဲ့ဒါ...ဘာမှမဟုတ်တော့ဘူး"
ထို့နောက်မိမိသည် အဘွားမုန့်၏လက်ထဲရှိဓားအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ရှင်ကအဲ့ဒါကိုကျွန်မရဲ့သွေးယူဖို့သုံးမှာလား ဒါမှမဟုတ် ကျွန်မကိုသတ်မလို့သုံးမှာလား"
မိမိမှအဆထောင်ချီဆန္ဒမရှိပေမယ့်လည်း ထိုအတွေးများအားအဝေးပို့ကာ ထပ်လှဲချလိုက်သည်။
"ရှင်အခုစလို့ရပြီ"
- - - - -
ထိုသည်မှာမှန်လား မှားလား မိမိမသေချာပေမယ့် လုဝမ်ရွှယ်မှတစ်ဆင့် မိမိသည်သူ၏ရှုထောင့်မှနေဇာတ်လမ်းအားမြင်နိုင်သွားရသည်။
ယနေ့ခေတ်၌ ဘွဲ့ရပညာတတ်များအားနေရာတိုင်းတွင်တွေ့နိုင်လေသည်။ထို့ကြောင့်အလုပ်အကိုင်ရှာဖွေရေးနှင့်ပတ်သက်လာလျှင် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ရသည်မှာ မည်သည့်အကျိုးကျေးဇူးကိုမှမဖမ်းဆုပ်နိုင်ပါပေ။သို့သော်ငြား လုဝမ်ရွှယ်၏ခေတ် ၁၉၈၀ခုနစ်လောက်တွင်မူ တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ရသည်မှာ သံသယဖြစ်ဖွယ်မရှိ ဘိုးဘေးများထံဂုဏ်ကျက်သရေယူဆောင်ပေးလေသည်။
သူငယ်ရွယ်စဉ်ကတည်းမှ လုဝမ်ရွှယ်သည်သူ့မိဘများ၏မျက်ရှုရတနာလေးအမြဲဖြစ်ခဲ့သည်။သူသည်သူ့တစ်မိသားစုလုံး၏မျှော်လင့်ချက်ဖြစ်သည်။ထင်ထားသလိုပင် လုဝမ်ရွှယ်မှာသူတို့အားစိတ်မပျက်စေခဲ့ပေ။သူသည်မြို့၏ထိပ်တန်းတစ်ဆယ်ဝင်သည့်ကျောင်းတစ်ခုတွင် ဘွဲ့ရခဲ့သည်။သူသည်သူ့ဇာတိမြို့ထံဂုဏ်သရေယူဆောင်လာပေးပြီး သူ၏ငယ်ချစ်ဦးအားလက်ဆက်ခဲ့သည်။
သို့သော်တစ်နေ့၌ သူသည်လူတိုင်းအားကြောင်အသွားစေသည့် ဆုံးဖြတ်ချက်တစ်ခုအားချခဲ့သည်။သူသည်မြို့ကြီးရှိ လစာမြင့်မြင့်အလုပ်အားလက်ေလျှာ့ကာ သူ၏ကလေးနှင့်ဇနီးအားကျေးလက်ထံစာသင်ဖို့ခေါ်သွားခဲ့သည်။
သူ၏အဆိုအရ
*အရင်ကသူသည်တောင်ပေါ်ရွာလေး၌ စေတနာ့ဝန်ထမ်းအလုပ်ကိုတစ်ပတ်ခန့် လုပ်ခဲ့သည်လေ။သို့သော်ငြား သူသည်ကလေးများစွာ၏ဒေသတွင်းဝယ် အစိုးရကျောင်းတစ်ကျောင်းတောင်ရှိမနေသည်ကို သိလိုက်ရသည်။ကောင်လေးများသည် သူတို့၏ အစောပိုင်းဆယ်ကျော်သက်ဘဝတွင် လုပ်သားအင်အားဖြစ်ရန်အဆင်သင့်ဖြစ်နေပြီး မိန်းကလေးများမှာ လက်ဆက်ရန်အသင့်ဖြစ်နေလိမ့်မည်။သူတို့သည်ကလေးများသာဖြစ်ကြသေးပြီး ဘဝအားခုထိမတွေ့ကြုံရသေးပေ။ထိုအချိန်တွင် သူသည်တစ်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း ကိုယ်ဝန်ရှိနေသည့်မိန်းကလေးတစ်ဦးနှင့်တွေ့ခဲ့ရသည်။ကိုယ်ဝန်ပျက်ကျခဲ့သောကြောင့် သူမသည်ကွယ်လွန်သွားခဲ့သည်။ထိုကလေးမှာ မည်သည့်အတွေ့အကြုံမှပင်မရရှိသေးပေ....*
"အဲ့ဒါကအခြားလူတွေရဲ့ဘဝလေ။အဲ့ဒါကမင်းနဲ့ဘာဆိုင်လို့လဲ။မင်းကိုယ်ပိုင်ဘဝမှာပဲနေစမ်းပါအေ"
လုဝမ်ရွှယ်၏မိခင်သည် သွားကြိတ်ရင်းသူမသားအားသင်ပြပေးနေသည်။တစ်ချိန်တည်း၌ သူမသည် သူ၏မိသားစုထံအမြဲကျိုးနွံကာ နာခံတတ်သည့်သူမ၏ဝတ္တရားကျေပွန်သည့်သားဖြစ်သူမှာ ဤကဲ့သို့ပြင်းပြသောဆန္ဒတစ်ခုအားဖော်ပြလာသည့်အတွက် အံ့အားသင့်သွားရသည်။
"မရဘူး။ကျွန်တော်ကလေးတွေကို ဘယ်လိုရေးရမယ် ဖတ်ရမယ်ကိုသင်ပေးဖို့ အဲ့ကိုသွားချင်တယ်။အနည်းဆုံးတော့ သူတို့ကိုရွေးချယ်ပိုင်ခွင့်နဲ့ေရွးချယ်စရာအချို့ကို ပေးရတာပေါ့"
*ဖြောင်း*
လုဝမ်ရွှယ်၏ဖခင်သည် သူ၏မျက်နှာအားဖြတ်ရိုက်လာခဲ့သည်။သူ၏အဖေအနေဖြင့် သူ၏သားမှာဒီလိုအရာတွေလုပ်ပြီး သူ၏ကိုယ်ပိုင်အနာဂတ်အား ဘာကြောင့်ဖျက်ဆီးပစ်ရသည်ကို နားမလည်နိုင်ခဲ့ပေ။
"ဒီနေ့ ကျေးလက်ဘက်သွားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပြီးပြီဆိုတာ အမေတို့ကိုအသိပေးဖို့ဒီကိုလာခဲ့တာပဲ"
ထိုသည်မှာလုဝမ်ရွှယ်မှသူ၏မိဘများဆီ ပြောခဲ့သည်နောက်ဆုံးစာကြောင်းဖြစ်သည်။ဒုတိယနှစ်တွင် သူသည်သူ၏ကိုယ်ပိုင်စုငွေများအားလုံးကိုသုံးကာ အရင်ကသူစေတနာ့ဝန်ထမ်းလုပ်ခဲ့သည့်နေရာတွင် ကျောင်းတစ်ကျောင်းဆောက်လုပ်ခဲ့သည်။သူသည်သူ၏ဇနီးသည်နှင့် အတူဖေးမအလုပ်လုပ်ခဲ့ကြသည်။သူတို့ထဲမှတစ်ယောက်မှာ သင်ကြားရာတွင် တာဝန်ကျေပွန်ပြီး ကျန်တစ်ယောက်မှာ စီမံခန့်ခွဲရာတွင်အာရုံစိုက်ထားခဲ့သည်။
တစ်ခါကလုဝမ်ရွှယ်သည် သူ၏ဇနီးအားမေးခဲ့သည်။
"ငါတို့နေ့ရက်တွေက မင်းကိုအများကြီးခံစားရစေတယ်လို့မင်းထင်လား"
လုဝမ်ရွှယ်သည်လိုအပ်နေသည့်အခြားကလေးများအား ကူညီရန်ဆုံးဖြတ်ခဲ့သော်ငြား အချိန်နှင့်အမျှ သူ၏ကိုယ်ပိုင်မိသားစုအတွက် စိုးရိမ်မှုပေါင်းစုံရှိလာခဲ့သည်။
သူလုပ်ခဲ့သည်မှာမှန်ကန်သည့်ေရွးချယ်မှုဟုတ်မဟုတ်အားသိချင်ကာ သူ့ကိုယ်သူသံသယဝင်မိသည့် မရေမတွက်နိုင်သောအချိန်များရှိခဲ့သည်။သို့သော်ထိုအချိန်တိုင်းတွင် သူ၏ဇနီးသည်မှာ သူ့အား အားပေးကာထောက်ပံ့ပေးခဲ့သည်။သူမသည် သူ့အားဆက်လက်သယ်ပိုးနိုင်ရန် ခွန်အားနှင့်စိတ်ဆန္ဒများပေးခဲ့သည်။
သူ၏ဇနီးသည်မှာခေါင်းယမ်းခဲ့သည်။
"ရှင်ရှိနေသမျှတော့ ကျွန်မမခံစားရပါဘူး။ပြောရရင် ကျွန်မတို့ကလေးကကြင်နာတတ်ပြီး သူ့အဖေကိုစံပြပုဂ္ဂိုလ်အဖြစ်ထား ထားတယ်လေ။ကျွန်မဒီနေရာထက်ပိုကောင်းတဲ့ပတ်ဝန်းကျင်အတွက် မမေးနိုင်ပါဘူး။ရှင့်လုပ်ရပ်တွေက အကောင်းဆုံးသင်ခန်းစာတွေပါပဲ။ကျွန်မတို့ကို ဥပမာကောင်းတစ်ခုအဖြစ် ကျွန်မကထားချင်နေမှတော့ ဘာကိုစိုးရိမ်နေစရာရှိသေးလို့လဲရှင်"
လုဝမ်ရွှယ်သည် သူ့အားဤကဲ့သို့အံ့အားသင့်စရာဇနီးသည်အားပေးအပ်ခဲ့သည့်အတွက် နတ်ဘုရားများကိုကျေးဇူးတင်မိလေသည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ လုဝမ်ရွှယ်၏ကျောင်းအနေအထားသည် စတင်တိုးတက်လာသည်။အစက သူတို့နှစ်ဦးသာအလုပ်လုပ်ကြရသည်။သို့သော်တဖြည်းဖြည်းဖြင့် သူတို့သည် ဝန်ထမ်းငါးဦးနှင့် ကျောင်းသားတစ်ရာအဖြစ်ဖွံ့ဖြိုးလာခဲ့သည်။
လုကျိန့်ရန်အတွက်လည်း သူသည်အရွယ်ရောက်လာပြီး သူ၏ဖခင်တည်ဆောက်ခဲ့သည့်ကျောင်းတွင်စတင်တက်ရောက်ခဲ့သည်။
မိသားစုဝင်သုံးယောက်သည် လုဝမ်ရွှယ်၏ဇနီးသည် ကင်ဆာရောဂါရှာဖွေမတွေ့ရှိသေးခင်ချိန်အထိ ရိုးရိုးရှင်းရှင်းနှင့်ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်။
ထိုအချိန်တွင် လုကျိန့်ရန်မှာ ဆယ်နှစ်ပြည့်သွားခဲ့လေပြီ။
လုဝမ်ရွှယ်၏ဇနီးသည်မှာလဲလျောင်းနေရင်း သူမဘေးရှိလုကျိန့်ရန်အားခေါ်လိုက်သည်။သူမသည် လုကျိန့်ရန်အငယ်လေး၏မျက်နှာမှ မျက်ရည်များအားညင်သာစွာသုတ်ပေးလိုက်ပြီး အက်ကွဲနေသည့်အသံဖြင့်ပြောလိုက်သည်။
"ကျိန့်ရန်။မာမီကသိပ်မကြာခင်မှာ အရမ်းဝေးတဲ့နေရာဆီသွားရတော့မယ်။အနာဂတ်ကျရင် ကျိန့်ရန်နဲ့ဒယ်ဒီပဲရှိတော့မှာ။ကျိန့်ရန် မင်းကမင်းရဲ့ဒယ်ဒီကိုကောင်းကောင်းဂရုစိုက်ပေးရမယ်နော် ဟုတ်ပြီလား"
"မာမီကဘယ်သွားမှာလဲဟင်။ကျွန်တော်တို့ကိုပါခေါ်သွားလို့မရဘူးလား"
လုကျိန့်ရန်သည် သူ့မိခင်၏စောင်ပေါ် မြဲမြံစွာတင်းတင်းဆုပ်ကိုင်ထားသည်။
"မာမီကကျိန့်ရန်နဲ့ဒယ်ဒီအခုချက်ချင်းမသွားနိုင်သေးတဲ့ နေရာဆီသွားရမှာ။ဒါပေမယ့်မာမီက အဲ့နေရာကနေမင်းကိုစောင့်ကြည့်နေမှာပါ။မစိုးရိမ်နဲ့နော်"
"ကျွန်တော်မာမီ့ကိုထွက်မသွားစေချင်ဘူး။မာမီမသွားပါနဲ့။ကျွန်တော်နဲ့ဒယ်ဒီ့ကိုထားမသွားပါနဲ့"
လုကျိန့်ရန်သည် သူ့မိခင်ဘေးတွင် ပြင်းပြင်းထန်ထန်စတင်ငိုကြွေးလာသည်။
လုကျိန့်ရန်၏မိခင်သည် အလွန်အင်မတန်ခံစားသွားရသည်။သူမသည်ချောင်းဆိုးရင်း ဆက်ပြောလာခဲ့သည်။
"*အဟွတ် အဟွတ်*...ကျိန့်ရန် မငိုပါနဲ့ကွယ်။ကျိန့်ရန်ကငိုနေရင် ဒယ်ဒီကလည်းငိုလိမ့်မယ်။ကျိန့်ရန် ဒယ်ဒီ့ဘေးမှာနေပြီး သူ့ကိုကောင်းကောင်းဂရုစိုက်ပေးပါ့မယ်လို့ မာမီ့ကိုကတိပေးနော် ဟုတ်ပြီလား"
သို့သော်ထိုအချိန်တွင် လုကျိန့်ရန်မှာစကားလုံးများအားစီမံဖို့အခြေအနေရှိမနေပေ။သူလုပ်ခဲ့သမျှအားလုံးသည် ပြူးကြောင်ကြောင်ဖြစ်နေသည်သာပင်။
သုံးရက်ကြာပြီးနောက်တွင် လုကျိန့်ရန်၏မိခင်သည်သူတို့အားထာဝရထားသွားခဲ့တော့သည်။လက်တွေ့ကျကျပင် တစ်မြို့လုံးကထပ်တူဝမ်းနည်းကြောင်းပြရန်နာရေးသို့လာခဲ့ကြသည်။လုကျိန့်ရန်သည် သူ၏ကလေးဘဝမှသူ့ဖခင်၏ကြေကွဲဝမ်းနည်းနေသည့်ပုံရိပ်အား ဘယ်တော့မှမေ့သွားလို့မရနိုင်ခဲ့ပေ။
လုကျိန့်ရန်သည် ကလေးကောင်းတစ်ဦးဖြစ်သည်။သူသည်သူ့မိခင်စကားအားနားထောင်ကာ အိမ်၌သူ့ဖခင်၏တာဝန်များအား သဘာဝကျစွာပင်ကူညီပေးခဲ့သည်။
ဒီလိုနှင့်ပင် နှစ်ဦးသားမှာရှင်သန်နေထိုင်ဖို့အတွက် တစ်ဦးကိုတစ်ဦးမှီခိုခဲ့ကြသည်။
အသက်တစ်ဆယ့်လေးနှစ်တွင် လုကျိန့်ရန်မှာကျောင်း၌ဘွဲ့ရခဲ့ပြီး သူ၏ဖခင်မှာသူ့အားအထက်တန်းကျောင်းတက်ရန် အဝေးကိုစေလွှတ်ခဲ့သည်။မူလကလုကျိန့်ရန်သည် သူ့ဖခင်ဘေးမှထွက်မသွားချင်ခဲ့သော်ငြား သူတို့တွင်ရှိသည့်ကျောင်းသည် ခုနစ်တန်းထိသာရှိသည်။သူသည်ရွေးစရာမရှိတော့ပဲ သူ၏ပညာရေးအားဆက်ရန်တစ်နေရာရာဆီသွားရပေမည်။ထို့ကြောင့် လုကျိန့်ရန်သည်ဘတ်စ်ကားစီးကာ မြို့ရှိအထက်တန်းကျောင်းအားတက်ရန်ရောက်လာခဲ့သည်။
ထို့ကြောင့်ယခုတွင် လုဝမ်ရွှယ်မှာတစ်ဦးတည်းရှိတော့သည်။
အမှန်တော့ ကျေးလက်တွင်ကျောင်းဖွင့်ရခြင်း၏ အခက်ခဲဆုံးအရာမှာ သင်ကြားရေးအပိုင်းမဟုတ်ပေ။ထိုသည်က မိဘများအားသူတို့ကလေးများကိုပညာဆက်သင်ခွင့်ပေးရန်စည်းရုံးရခြင်းဖြစ်သည်။မိဘအချို့မှာ ကျူရှင်ခကြောင့်ငြင်းဆန်ခဲ့ကြသည်။ဒါမှမဟုတ် သူတို့သည်သူတို့ကလေးများမှာလယ်သမားများဖြစ်သွားသည်ကပိုကောင်းသည်ဟု ယုံကြည်ကြတာကြောင့်လည်းဖြစ်နိုင်သည်။လေ့လာနေဖို့မလိုအပ်ပါပေ။
ထို့ကြောင့် တစ်ရက်စီတိုင်း လုဝမ်ရွယ်သည်တစ်အိမ်ဆင်းတစ်အိမ်တက်ကာ မိဘများအားသူတို့ကလေးများကိုကျောင်းတက်ခွင့်ပြုရန် ကြိုးစားစည်းရုံးခဲ့ရသည်။သို့သော်မိဘအများစုမှာ ကျူရှင်ခအားမတတ်နိုင်ခဲ့ကြပေ။ထိုသို့ဆိုပါက လုဝမ်ရွှယ်သည်ဤကဲ့သို့တုံ့ပြန်ပါလိမ့်မည်။
"ကလေးရဲ့ပညာရေးကသာဦးစားပေးပါ။ကျူရှင်အတွက်စိတ်မပူပါနဲ့"
တဖြည်းဖြည်းဖြင့် ကျောင်း၏ကုန်ကျစရိတ်များမှာ လုဝမ်ရွှယ်၏စွမ်းဆောင်ရည်အတိုင်းအတာအတွင်း မရှိတော့ပေ။