VEILS OF MINZARI

By Archer_Ruhira

447 57 0

လူတိုင်းက သူ့ကို နောက်နှစ်အနည်းငယ်အတွင်းမှာ မဥ္ဇရီမြို့ရဲ့ ပြဇာတ်ခုံတွေ အားလုံးကို သိမ်းပိုက်စိုးမိုးမည့် နတ်... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (20)

Part (19)

9 0 0
By Archer_Ruhira

ခန့်မှန်းရခက်သည့် မျက်နှာအမူအရာနှင့် ‌ဉာဏ်အံ့ထူးကတော့ သူ့နေရာမှာ သူပြန်ထိုင်‌ပြီး စိုင်းသော်ရာက ခွန်းယံဆီသို့ တန်းတန်းမတ်မတ်လျှောက်လာသည်။

"အခြေနေ ဘယ်လိုလဲ ? မင်းတို့ ရန်တွေဘာတွေတော့ မဖြစ်ခဲ့ဘူးမလား ? " စောမာန်ဟိဏ်းက မေး၏။

"မဖြစ်ခဲ့ပါဘူး..."

သူတို့ နှစ်ယောက် ကျောင်းမှာ ရုပ်ပျက်မည့် ကိစ္စမျိုး မလုပ်ဘူးဆိုတာခွန်းယံ အစကတည်းက ခန့်မှန်းမိပြီးဖြစ်သည်။
ဉာဏ်အံ့ထူးနဲ့ စိုင်းသော်ရာလိုမျိုး စံပြကျောင်းသားနေရာအတွက် ပထမနှစ်ကတည်းက အပတ်တကုတ်ကြိုးစားနေခဲ့ကြတဲ့ သူနှစ်ယောက်က အခြားသူတစ်ယောက်ကြောင့် မကောင်းတဲ့ မှတ်ချက်ရမယ့် အလုပ်မျိုး လုပ်မှာ ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။

"တော်သေးတာပေါ့ ဒါဆို ငါ EC ကို သွား ဖြောင့်ဖျလိုက်ဦးမယ် ခွန်းယံ မင်းလည်း ဘာမှ စိတ်မပူနဲ့နော် "
စောမာန်ဟိဏ်းက စိုင်းသော်ရာ ရောက်လာပြီမလို့ ခွန်းယံအတွက် စိတ်ချသွားဟန်ဖြင့် ဉာဏ်အံ့ထူး အနားသို့ ရောက်သွားတော့သည်။

"ခွန်းယံ..."
စိုင်းသော်ရာက စကားစသည်။

"မင်း ဉာဏ်အံ့ထူး စိတ်ကျေနပ်အောင် တောင်းပန်ကြည့်လိုက်ပါလား...
တကယ်လို့ မင်းသာ စင်ပေါ်တက်ခွင့်မရတော့ဘူးဆိုရင် ဒီနှစ်တွေ အတွင်း ကြိုးစားခဲ့တာတွေ အကုန် အလကားဖြစ်ကုန်လိမ့်မယ် "

"ငါ သူ့ကို ပြောကြည့်ပြီးပြီ... သူက လက်မခံတာ "

"ခုဏက ငါ သူနဲ့ ညှိကြည့်တော့ သူကပြောတယ် တကယ်လို့ မင်းသာ Social media ကနေ သူ့ကို တရားဝင်တောင်းပန်ရင် ဒီကိစ္စကို မသိသလို ကျော်သွားပေးမယ်တဲ့ "

"Social Media က...? "

"ဟုတ်တယ် ဘာမှ ခက်ခက်ခဲခဲမဟုတ်ပါဘူး မင်းရဲ့ official page ကနေ post တစ်ခုလောက် တင်လိုက်ရုံပဲလေ "

ခွန်းယံ ဉာဏ်အံ့ထူးရှိရာကို လှမ်းကြည့်လိုက်တော့ ဉာဏ်အံ့ထူးကလည်း သူနဲ့ စိုင်းသော်ရာ ‌ဘက်ကို လှည့်ကြည့်နေသည်။

အကြည့်ချင်းဆုံသွားသည်နှင့် ဉာဏ်အံ့ထူးက ခွန်းယံကို "ဘယ်လို သဘောရလဲ"ဆိုသည့် ဟန်ဖြင့် မျက်ခုံးပင့်ပြ၏။

ခွန်းယံက စိုင်းသော်ရာကို ပြောလိုက်သည်။
"ငါ့ official page တော့ မဖြစ်ဘူး...
အဲ့ဟာက ငါ့ မိသားစု စီးပွားရေး ကြော်ငြာအတွက် ဖွင့်ထားတာ... ငါက brand ကိုယ်စားပြုဖြစ်နေလို့ အဲ့ page က run ဖြစ်နေတယ်ဆိုရုံပဲ...
ပြီးတော့ ငါ ကိုယ်တိုင်သုံးတာလည်း မဟုတ်ဘူး company ကပဲ post တင်ဖို့ သုံးတာ"

သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် သူ့ အဖိုးရဲ့ လုပ်ငန်းကို ရိုက်ခတ်သွားတာမျိုး ခွန်းယံက အဖြစ်မခံနိုင်ပေ။
ဘယ်လောက်ပဲ မိသားစု စီးပွားရေးလုပ်ငန်းပဲ ဆိုဆို သူ့အနေနဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်မျိုး မလုပ်နိုင်ပါ။
သူ့ အဖိုးက နားလည်ပေးနိုင်ရင်တောင် လက်ရှိ company ကို ဦးစီးနေသူက သူ့ အဒေါ်၏ မိသားစုဖြစ်သည်။ နဂိုကတည်းကမှ သူ့ကို ဖယ်ထုတ်ချင်နေသည့် သူ့အဒေါ်သည် သူ့ရဲ့ ဇာတ်ရှုပ်တွေကြောင့် Brand ရဲ့ နာမည်ကို ထိခိုက်ခံမှာ မဟုတ်ပေ။

"အဲ့ဒါက အရေးကြီးလို့လား ? အခုခေတ်ကြီးက မိနစ်ပိုင်းအတွင်းမှာတင် အရင် ဆယ်နှစ် နှစ်နှစ်ဆယ်က အရှုပ်တွေကိုတောင် ပြန်ဖော်လို့ရတဲ့ ခေတ်...
နောက်ပိုင်း ဖျော်ဖြေရေးနယ်ပယ်ထဲရောက်မှ မင်းရဲ့ ကိစ္စတွေပေါ်သွားရင် ပိုဆိုးမှာနော်...
နောင်ရှုပ်မယ့် ကိစ္စတွေကို အခုကတည်းက ရှင်းထားတာ ပိုမကောင်းဘူးလား ? "

ခွန်းယံက ယတိပြတ်ငြင်း၏။
"အဲ့နည်းကတော့ လုံးဝ မဖြစ်နိုင်ဘူး....
သူ မကျေနပ်ဘူးဆိုလည်း ငါ စင်ပေါ်မတက်တော့ရုံပဲပေါ့ "

စိုင်းသော်ရာက မိနစ်ဝက်လောက် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်ရင်း...

"ခွန်းယံ... ငါ မင်းကို အစက ဒီလောက်ထိပြောဖို့ စိတ်ကူးမရှိခဲ့ပေမယ့် အခုတော့ ပြောမှကို ရတော့မယ်...အခုကိစ္စက တကယ်ဆို လိုင်းပေါ်ထိပြန့်သွားပြီးမှ သတင်းတွေ ဖုံးဖိခံလိုက်ရတာ မင်းလည်း အသိပဲ...လူတိုင်းက မင်းရဲ့ နောက်ခံနဲ့ မင်း အမေရဲ့ လက်ချက်ဆိုတာ သိနေပြီးသား...ထုတ်မပြောတာပဲရှိတာ...ပြီးတော့ ဉာဏ်အံ့ထူး ဘက်ကနေ အကုန်လုံးက မခံနိုင်ဖြစ်နေကြတာ... မင်းသာ ဒီလို ဆက်ခေါင်းမာနေမယ်ဆိုရင် အကုန်လုံးက မင်း အလွန်လို့ပဲ မြင်ကုန်တော့မှာ ငါလည်း မင်းဘက်ကနေ ဆက်ပြီး ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး "

စိုင်းသော်ရာအား ကြည့်နေသည့် ခွန်းယံ၏မျက်လုံးတို့မှာ လှောင်ရယ်ရိပ်သန်းသွား၏။
"ငါလည်း မင်းကို ကာကွယ်ပေးဖို့ တစ်ခါမှ မတောင်းဆိုဖူးပါဘူး "

"ဒါပေမယ့် ငါတို့က သာမန်ဆက်ဆံရေးမဟုတ်ဘူးလေ မင်း ဒီလို ကျဉ်းထဲကြပ်ထဲရောက်နေတာကို ငါက ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲ ? "

"အဲ့ဒါဆိုလည်း ငါ့ page မှာ ဉာဏ်အံ့ထူးကိုတောင်းပန်ရင်းနဲ့ မင်းနဲ့ သာမန်ဆက်ဆံရေး မဟုတ်တဲ့အကြောင်းပါ တင်လိုက်ရင်ရော အဆင်ပြေလား ? "

စိုင်းသော်ရာ၏ မျက်နှာအမူအရာက ချက်ချင်း ပျက်ယွင်းသွားပြီး...
"မဆိုင်တဲ့ ကိစ္စနှစ်ခုကို ဘာလို့ တန်းညှိနေတာလဲ ခွန်းယံ!
ငါက အခု မင်းအတွက် ပြဿနာဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပေးနေတာ..."

"အဲ့ဒီအတွက်‌တော့ ကျေးဇူးတင်တယ် ဒါပေမယ့် မင်း တွေးပေးတဲ့ နည်းလမ်းတွေက အလုပ်မဖြစ်ဘူး
မင်းနဲ့ပါ ရန်ဆက်မဖြစ်ချင်တာမို့ ငါ့ကို တစ်ယောက်တည်း လွှတ်ထားပေး "
ပြောရင်းနှင့်ပင် ခွန်းယံက လွယ်အိတ်ကို လွယ်လိုက်ကာ နေရာကနေ ထ၍ အတန်းပြင်သို့ ထွက်သွားတော့သည်။

ခွန်းယံ အခန်းပြင်ရောက်သွားသည်နှင့် သူတို့၏ အခြေအနေကို စောင့်ကြည့်နေသည့် ဉာဏ်အံ့ထူးအား စိုင်းသော်ရာက ခေါင်းခါပြလိုက်၏။

ကျောင်းဝန်းထဲက မထွက်ခင် အဆောင်ကို ပြန်ရင်ကောင်းမလား၊ စိုင်းသော်ရာဆီမှာ ဆက်နေရင် ကောင်းမလား ခွန်းယံ ဝေခွဲရခက်နေခဲ့၏။

နောက်ဆုံးတွင်တော့ စိုင်းသော်ရာရဲ့ တိုက်ခန်းက သူ့ရဲ့ပစ္စည်းတွေကို သွားယူလိုက်ပြီး အဆောင်မှာပဲ ပြန်နေဖို့ ဆုံးဖြတ်လိုက်သည်။

မဉ္ဇရီမြို့က နေ့တာတိုသည်။
ခွန်းယံ စိုင်းသော်ရာရဲ့ နေရာက ပစ္စည်းတွေကို သိမ်းဆည်းပြီး ပြန်လာသည့်လမ်းမှာ နေ၏ အလင်းရောင်က ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီ။

အဆောင်ကိုရောက်တော့မှ ညစာစားဖို့ အပြင်တစ်ခါ ပြန်မထွက်ချင်တော့တာကြောင့် ညစာစားပြီးမှပဲ အဆောင်ကို တန်းသွားလိုက်တော့သည်။

သူ အဆောင် ဂိတ်ဝကိုရောက်တော့ မိုးလုံးဝချုပ်သွားခဲ့ပြီ။
အဆောင် ဂိတ်ဝမှာ သူ့ ဆေးရုံတက်ရတဲ့ အကြောင်းကို သိထားဟန်တူသည့် လုံခြုံရေးဦးလေးကြီးက သတင်းမေးတာကို အလိုက်အထိုက် ပြန်ဖြေပေးနေရသေး၏။

"ဒီ ကျောင်းကအဆောင်တွေက facility ကောင်းတော့ နေရအဆင်‌ပြေတာတော့ဟုတ်ပါတယ်...ဒါပေမယ့်...
နေသေချာ မကောင်းသေးတဲ့ အချိန်မှာတော့ မိသားစုနဲ့ နေတာ အကောင်းဆုံးပဲ ကောင်လေးရဲ့... ညပိုင်း တစ်ခုခု နေထိုင်မကောင်းဖြစ်ရင် တစ်ယောက်တည်း ကြိတ်ခံမနေနဲ့... မင်းရဲ့ အခန်းဖော်ကရော သဘောကောင်းရဲ့လား ? "

"သူက.....
ဒီမှာ သိပ်မနေဖြစ်ဘူး "

"ဟင်း...ခက်ပါလားနော်... အဲ့ဒါဆိုလည်း တစ်ခုခုဆို လုံခြုံရေး ရုံခန်းကို ဖုန်းခေါ်လိုက် ဖုန်းနံပါတ်ရော သိတယ်မလား "

"ဟုတ်...သိပါတယ်...ဒါဆို ကျနော့်ကို ခွင့်ပြုပါဦး အခန်းက ပစ်ထားတာ ကြာပြီဆိုတော့ ရှင်းရဦးမှာ မလို့ "

ခွန်းယံ စကားစ မြန်မြန်ဖြတ်လိုက်ရသည်။
မနေ့ညက တစ်ညလုံး အိပ်မပျော်တာရော ဒီနေ့လည်း စိတ်ရှုပ်စရာတွေနဲ့ ဟိုဟို ဒီဒီပြေးလွှားခဲ့ရတာရောကြောင့် ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။

တရွတ်တိုက်လုနီးပါး ခြေလှမ်းတွေနဲ့ ဓာတ်လှေကားထဲက ထွက်လာသည့် သူ့ပုံစံက တကယ့် လူမမာ ပုံပေါက်နေ၏။
အခန်းတံခါးဖွင့်လိုက်တော့ အထဲမှာ လုံးဝ အမှောင်အတိ။

ခွန်းယံ အခန်းထဲသို့ ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်ပြီး နံရံက မီးခလုတ်ကို ဖွင့်လိုက်သည်။

တစ်ခန်းလုံး လင်းချင်းသွားချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခွန်းယံ ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။

အခုလေးတင် သူတစ်ယောက်တည်း ရှိနေသည်ဟု ထင်ခဲ့သည့် အခန်းထဲမှာ သူ့အပြင် နောက်လူတစ်ယောက်ပါ ရှိနေ၏။

သူ့၏ အမည်ခံ အခန်းဖော် ထိုက်ဟုန်စစ်က ကုတင်ပေါ်မှာ ထိုင်လျက် သူ့အား နှုတ်ဆက်လာသည်။
"ပြန်လာတာ နောက်ကျတယ်နော်... "

"ျီးပဲ!  မီး မဖွင့်နိုင်ရအောင် ချိနေပြီလား!!  "
ခွန်းယံက စိတ်မရှည်စွာဖြင့် အော်လိုက်ပြီး လွယ်အိတ်ကို စားပွဲပေါ်သို့ ဘုန်းခနဲ ပစ်တင်လိုက်တော့မှ ထိုက်ဟုန်စစ်သည် သူ့ကြောင့် တစ်ဖက်လူမှာ အခန့်မသင့်ရင် လိပ်ပြာလွင့်သွားနိုင်ကြောင်း သတိမူမိတော့၏။

"အာ...မေ့သွားလို့ ဆောရီး ငါ့ အတွက် မီးဖွင့်တာနဲ့ မဖွင့်တာနဲ့ ဘာမှ မကွာဘူးလေ ပြီးတော့ ဒီနေ့ မင်းပြန်လာမယ်ဆိုတာ ငါမှ ကြိုမသိတာ"

"ဒါဖြင့် ငါ မရှိတဲ့အချိန်ကိုမှ ရွေးပြီး ဘာလာလုပ်တာလဲ "

"ဘယ်မှာ မရှိတဲ့ အချိန်ကိုရွေးလာနေလို့လဲ !
နောက်ထပ် ဆယ်မိနစ်လောက်နေမှ မင်းရောက်မလာသေးရင် ဖုန်းခေါ်တော့မလို့ လုပ်နေတာဟ !! "

ခွန်းယံက ဟမ့်ခနဲ အသံပြု၍
"အဲ့ဒါဆိုလည်း လိုရင်းကိုပြော ဘာကိစ္စရှိလို့လဲ ? "

ထိုက်ဟုန်စစ်လည်း ကွေ့ဝိုက်မနေတော့ပေ။
"ငါ မင်း အဝတ်ဘီရိုထဲကို တစ်ချက်လောက် ကြည့်ချင်လို့ "

တောင်းဆိုမှုက အတော်လေး ထူးဆန်းနေတာမို့ ခွန်းယံက ထိုက်ဟုန်စစ်အား နားမလည်သည့် အကြည့်ဖြင့် ကြည့်လာ၏။

"ပြဇာတ်ဝတ်စုံတွေနဲ့ ပတ်သတ်ပြီး အတည်ပြုစရာရှိလို့ မင်းရဲ့ အင်္ကျီတွေကို တစ်ချက်လောက် ကြည့်ကြည့်ရုံပဲ "

ထိုတော့မှ ခွန်းယံက အင်တင်တင်နှင့် အဝတ်ဘီရို တံခါးကို ဖွင့်ပေး၏။

ထိုက်ဟုန်စစ်သည် ဘီရိုထဲက အချို့သော အဝတ်တွေကို ထုတ်ကာ ကုတင်ပေါ်၌ ဖြန့်၍ချ၏။

ခွန်းယံ ကြည့်လိုက်တော့ ထိုက်ဟုန်စစ် ရွေးထုတ်လိုက်တဲ့ ဝတ်စုံတွေဟာ တူညီသော တံဆိပ်တစ်ခုတည်းမှ ဖြစ်သည်။
သူ့ အဖိုးဖြစ်သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ပင်။
အချို့သော ဝတ်စုံတွေက ဒီဇိုင်နာချုပ်ဝတ်စုံများဖြစ်သော်လည်း အထည်စတွေက   သူ့ အဒေါ်  ဒေါ်ခြူးကေသွယ်ဦးဆောင်သည့် အထည်စက်ရုံတွေက အထည်များပင်။

"အဲ့ဟာတွေ အကုန်လုံးက မင်းအမျိုးတွေ ထုတ်တာလား ? "

"အင်း...ဘာဖြစ်လို့လဲ"

ခွန်းယံဆီက အတည်ပြုချက်ရတော့ ထိုက်ဟုန်စစ်က အင်္ကျီတစ်ထည်ကို ကောက်ယူကာ နှာဖျားနှင့် ထိလျက် တရှုံ့ရှုံ့နဲ့ နမ်းကြည့်လေ၏။

"မင်း!!! အဲ့ အဝတ်ကို အခု ပြန်ချထားလိုက် ! "
ခွန်းယံသည် အော်လည်းအော်ရင်း ထိုက်ဟုန်စစ်လက်ထဲမှ အဝတ်ကို ဆက်ခနဲ ဆွဲယူကာ ဘီရိုထဲသို့ ပြန်ထည့်လိုက်၏။
ဇီဇာကြောင်တယ်ပဲ ဆိုဆို သူ့အဝတ်အစားတွေကို အခြားတစ်ယောက်က တစိုက်မက်မက် ရှိုက်နမ်းနေသည့် မြင်ကွင်းအား ဘယ်လိုမှ ဆက်ကြည့်မနေနိုင်ပေ။

ရုတ်တရတ်မို့ ထိုက်ဟုန်စစ်မှာ ကြောင်အသွားသည်။ သူဟာ သူ့ကိုယ်သူ ဘာအမှားလုပ်မိလို့ လုပ်မိမှန်း မသိနိုင်သေးပေ။

ပေါက်ထွက်တော့မယ့် ချိန်ကိုက်ဗုံးလို မျက်နှာထားနဲ့ ခွန်းယံကြောင့် သူ့ရဲ့ အတည်ပြုစစ်ဆေးခြင်းကို တစ်ဖက်လူက လက်မခံနိုင်တော့ကြောင်း သိလိုက်၏။

"အဲ့ဒါက....ကျစ်... ငါ အနံ့ခံကြည့်တယ်ဆိုတာ တစ်နေရာတည်းက ထုတ်ပြီး တစ်‌ယောက်တည်း ဝတ်ခဲ့တဲ့ ဝတ်စုံချင်းအတူတူ မင်းအဝတ်မှာ ရှိနေတဲ့ အနံ့နဲ့ ပြဇာတ်ကတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံက အနံ့က မတူဘူးဆိုတာ ပိုသေချာ‌ချင်လို့ "

ပြောပြောဆိုဆိုနှင့် ထိုက်ဟုန်စစ်က အင်္ကျီရင်ဘတ် အတွင်းအိတ်ထဲမှာထည့်ထားသည့် ခွန်းယံ ပြဇာတ်ကတုန်းက ဝတ်ခဲ့သော ဝတ်စုံကို ထုတ်ပြပြီး...
"‌ဒီ ဝတ်စုံနဲ့ ခေါင်းဆောင်းမှာ အနံ့တွေ အများကြီး ရောနေပေမယ့် ငါ လွယ်လွယ်နဲ့ ခွဲထုတ်လို့ရတယ် ဥပမာ မင်းတို့ ကန်တော့ပွဲပေးထားတုန်းက အမွှေးတိုင်က အနံ့နဲ့ ဒါကို ထိတွေ့ထားတဲ့ လူတွေရဲ့ အနံ့အသက်တွေပေါ့
ဒါပေမယ့် ငါ ခန့်မှန်းလို့ မရတဲ့ အနံ့တစ်ခုလည်းရှိနေတယ် အဲ့ အနံ့က ဘယ်လိုအနံ့လည်းဆိုတာ ပြောရခက်တယ် အစက ဆိုးဆေး အနံ့လို့ထင်မိလို့ ဒီလို ပိတ်စမျိုး ရောင်းတဲ့ ဆိုင်တိုင်းကို လိုက်မေးကြည့်ပေမယ့် အဲ့က အစတွေမှာလည်း ရှာမတွေ့ခဲ့ဘူး မင်းရဲ့ အခြားဝတ်စုံတွေမှာလည်း မရှိဘူး
မင်းရဲ့ ကိုယ်မှာလည်း ရတတ်တဲ့ အနံ့မျိုးမဟုတ်ဘူး "

ထိုက်ဟုန်စစ်က တည်ငြိမ်သွားသည့် ခွန်းယံကိုကြည့်ကာ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရင်း...
"ငါတို့သာ အဲ့ အနံ့ကို ခြေရာခံနိုင်ရင် တစ်ခုခုရှာတွေ့လိမ့်မယ်ထင်တာပဲ "

ခွန်းယံသည် ထိုက်ဟုန်စစ်၏ စကားကို နည်းနည်းလေးမှ အာရုံရမနေပါ။
မနည်းလုပ်ယူထားရသည့် မျက်နှာသေက အချိန်မရွေး ပျောက်ပျက်သွားပြီး ဒေါသကုမ္မာရအဖြစ် ပြောင်းသွားနိုင်တာကြောင့် စကားတစ်ခွန်းမှ မပြောနိုင်သေး။

ခုဏက ထိုက်ဟုန်စစ် သူ့အဝတ်အစားတွေကို အနံ့ခံတာက လျှော်ဖွပ်ပြီးသားများဖြစ်သည်။
သူ့ရှေ့က ကြမ်းပြင်ရှေ့တွင်ရှိနေသော ဖွတ်ဖွတ်ညက်ညက်ကြေနေသည့် ဘီလူးဝတ်စုံကမူ ဝတ်ပြီး တစ်ခါမှ မလျှော်ဖွတ်ရသေးပေ။
ဒါ့အပြင် သူအကကတုန်းက ချွေး‌‌တွေထွက်နေခဲ့သေးသည့်အပြင် နှာခေါင်းက သွေးတွေလျှံကျနေသေးသည်။
ဒီလောက် အပေပေ အလူးလူးဖြစ်နေသည့် ဝတ်စုံကို အနံ့တွေ ခွဲခြားဖို့ သူ့ရှေ့ကလူက ဘယ်နှခါတောင်...

ဒီလောက်ကလေးနဲ့ အကဲပိုသည်ဟု အထင်မခံခြင်တာကြောင့် အံကြိတ်ပြီး ကြမ်းပြင်က ဝတ်စုံဆီကနေ အကြည့်လွှဲလိုက်ရသည်။

"ဒီဝတ်စုံနဲ့ အတူတူချုပ်ပြီး တစ်နေရာတည်းက ထွက်လာတဲ့ အခြားဝတ်စုံတွေက ရွှေဗဟိုရ်ပြဇာတ်ရုံမှာ ရှိတယ်။ တကယ်လို့ အထည်စက ပြဿနာမဟုတ်ဘူးဆိုရင် ဝတ်စုံကို ချုပ်တဲ့နေရာမှာ ပြဿနာရှိနေတာ ဖြစ်နိုင်တယ် "

"အင်း... ငါလည်း ဒီမြို့က ရိုးရာဝတ်စုံ ချုပ်တဲ့နေရာတွေတော်တော်များများကို သွားကြည့်ပြီးပြီ ဒီဝတ်စုံမှာရှိတဲ့ အနံ့ကို ဘယ်မှာမှ ရှာမရခဲ့ဘူး"

"အဲ့ဒါဆို ရွှေဗဟိုရ်ပြဇာတ်ရုံကို သွားကြည့်လိုက်ပါလား "

ထိုက်ဟုန်စစ်က တစ်အောင့်လောက် စဉ်းစားကြည့်ပြီး...
"အဲ့လိုပဲ လုပ်ရတော့မှာပေါ့..."

"မင်း တစ်ယောက်တည်းသွားမှာလား ? "

"အင်းလေ..."

ခွန်းယံက အဲ့က ဝင်ခွင့်ကတ်မပါရင်ဝင်လို့ မရဖို့ ပြောဖို့ပြင်လိုက်သော်လည်း ထိုက်ဟုန်စစ်ဆီမှာ သူတို့ သာမာန်လူတွေ လိုက်မမှီတဲ့ နည်းလမ်းပေါင်းစုံရှိတယ်ဆိုတာကို သတိရသွားတာကြောင့် ပါးစပ်ပြန်ပိတ်လိုက်သည်။

"မင်း မဟုတ်တရုတ်နည်းတွေ သုံးဖို့ မစဉ်းစားနဲ့ ရွှေဗဟိုရ်ကို သွားရင် ငါလည်းလိုက်ခဲ့မယ် "

"ငါက မနက်ဖြန်သွားမှဖြစ်မှာ မင်း အားလို့လား ? "

တကယ်တော့ မနက်ဖြန် ခွန်းယံ အတန်းချိန် အပြည့်ဖြစ်သည်။

"ရတယ် ဒါပေမယ့် အဲ့က ငါ့ အသိတစ်ယောက်ကို ဆက်သွယ်ပြီး သူပြောတဲ့ အချိန်မှသွားမှာ မင်းက ငါ ဖုန်းခေါ်မှာ ထွက်လာခဲ့ "

"ပြီးတာပဲ..."

ထိုက်ဟုန်စစ်က ခွန်းယံ မမြင်မိအောင်နေနေသည့် ဝတ်စုံ အပိုင်းအစများကို ပြန်ကောက်လေသည်။

နောက်ဆုံးတော့ ခွန်းယံမှာ သည်းညည်းမခံနိုင်တော့ပေ။
"မင်း! အဲ့ အင်္ကျီကို ပစ်လိုက်လို့မရဘူးလား ? "

ထိုက်ဟုန်စစ်က ခွန်းယံအား 'ရူးနေလား' ဆိုသည့် အကြည့်ဖြင့် ပြန်ကြည့်ကာ ပြန်ပြော၏။
"ဒါ မရှိဘဲ ငါက ဘယ်လိုလုပ် ဒီက အနံ့ကို ရှာလို့ရမှာလဲ "

ငတုံးတစ်ကောင်အား ရှင်းပြပြီး အချိန်ဆက်အကုန်မခံနိုင်တော့သည့်နှယ် ထိုက်ဟုန်စစ်သည် အဝတ်အပိုင်းအစများကို ဂျာကင်အိတ်ကပ်ထဲ ထည့်သိမ်း၍ အနောက်ဘက် ဝံရန်တာမှ ခုန်ဆင်း ပျောက်ကွယ်သွားတော့သည်။

_ _ _ _ _ _ _

ရှုပ်ထွေးသည့် အခြေအနေတွင် ပြဇာတ်မေဂျာ စတုတ္ထနှစ် ကျောင်းသားတွေဟာ ပုံမှန် ထက်ပိုပြီး ပြန်ငြိမ်သက်သွားကြသည်။
ထိုနေ့ညမှာ အမြဲတမ်း active ဖြစ်နေသည့် group chat တွေပင်လျှင် ‌noti တက်မလာကြပေ။
ဉာဏ်အံ့ထူးနှင့် ခွန်းယံကြားက ပြဿနာအပြင် နီးကပ်လာသည့် နောက်ဆုံးစာမေးပွဲကြောင့်လည်း ဖြစ်နိုင်လေသည်။

နောက်နေ့မနက် ပထမဆုံးအတန်းချိန်တွင် ကျောင်းသားတိုင်း၏ စားပွဲပေါ်၌ စာရွက်ကိုယ်စီရှိနေကြသည်။

မနက်ပိုင်း စာသင်သည့် စာပေဆရာမဟာလည်း လက်ရှိဖြစ်ပျက်နေသည်တွေကို သိနေပြီးဖြစ်တာကြောင့် မည်သည့် မေးခွန်းမှ မေးမနေတော့ဘဲ သက်ပြင်းချ ခေါင်းခါရင်းသာ အတန်းထဲမှ ထွက်ခွာသွားကြသည်။

အတန်းသားတွေဆီက စာရွက်တွေကို လိုက်လံ သိမ်းဆည်းပြီးနောက် ဉာဏ်အံ့ထူးဟာ အဖြေကို မစောင့်နိုင်တော့သည့်အလား ချက်ချင်းပင် ထောက်ခံသည့်စာရွက်များကို ရွေးချယ်စီထပ်နေ၏။

အတန်းလူဦးရေနှင့် တွက်ကြည့်ရင် စာရွက် သုံးရွက်လိုနေသေး၏။
သူဟာ roll call စာအုပ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
အစက အတန်းမတက်သည့် တမင်ရှောင်နေလောက်သည့် ထိုသုံးယောက်ထဲတွင် နှစ်ယောက်က ခွန်းယံနှင့် စိုင်းသော်ရာဟု ထင်လိုက်သော်လည်း ထိုနှစ်ယောက်က  ပျက်ကွက်စာရင်းထဲတွင် မပါပေ။

ခွန်းယံက နောက်ဆုံးမကျတကျ ပြတင်းပေါက်ဘေးရှိခုံတွင် ထိုင်နေရင်း ဖုန်းကို ကြည့်လျက် စာရိုက်နေသည်။
စိုင်းသော်ရာ ကမူ ခါတိုင်းလို ခွန်းယံဘေးနေရာမှာ ရှိမနေဘဲ ရှေ့ နှစ်ခုံကျော်လောက်တွင် သုံမှုံလျက်ထိုင်နေ၏။
ပျက်ကွက်သည့်သူမှာ မြသဒ္ဒါနှင့် စာပေ အတန်းဆို မျက်စိလည်လမ်းမှားပြီးတော့တောင် လာတက်ခဲသည့် အမြွှာညီနောင် နှစ်ဦးပင်။

အမြွှာတွေကိုတော့ ထည့်မတွက်ပေမယ့် ခွန်းယံကို သူ့ထက်ပို၍တောင် မျက်စိစပါးမွှေးစူးနေသည့် မြသဒ္ဒါက ဘာလို့ ဒီလိုနေ့မျိုးမှာ အတန်းမတက်လဲ သူ စဉ်းစားမရပေ။

သိချင်စိတ် မထိန်းနိုင်သည့်အဆုံး မြသဒ္ဒါ၏ သူငယ်ချင်းတစ်ဦးအား မေးကြည့်မိ၏။

"မြသဒ္ဓါလား? ဒီနေ့ အရေးကြီးတဲ့ audition တစ်ခုရှိလို့ မလာဘူးလေ...
ညကလည်း ဇာတ်ညွှန်းတွေ ဖတ်ရင်းလေ့ကျင့်နေတာ ညလုံးပေါက်ပဲ လက်မှတ်ထိုးဖို့ကို သူ မေ့သွားတာနေမှာ "

ထိုအခိုက် ရှည်သွယ်သွယ် ပုံရိပ်နှစ်ခုက စကားတပြောပြောနှင့် ရယ်မောရင်း အတန်းထဲသို့ဝင်လာသည်။

မနက်ပိုင်း စာပေချိန်ကို တမင်အလွတ်ခံနေကျ မင်းဇေယျာ နှင့် မင်းဝဋာ သည် လက်တစ်ဖက်က ကော်ဖီခွက် ကိုကိုင်ကာ တစ်ဖက်က ဆိုင်ကယ်ဆောင်း Helmet ကို ပိုက်လျက် နောက်ဆုံးအကျဆုံးနေရာကို ရွေးထိုင်ကြ၏။

သူတို့ အရှေ့က ခုံတွင်တော့ စောမာန်ဟိဏ်းမှာ နံရံကို ခေါင်းမှီရင်း မှိန်းနေသည်။

ဉာဏ်အံ့ထူးက စာရွက်သိမ်းဖို့ အမြွှာတွေ ရှိရာသို့ လျှောက်သွားသည်။
ဉာဏ်အံ့ထူးကို သတိမထားမိလောက်အောင် အမြွှာတွေဟာ စကားအမျှင်မပျက်နိုင်ကြပေ။

"မင်းတို့ မနေ့က စာရွက်တွေ လက်မှတ်ထိုးပြီးပြီလား ? "

မင်းဝဋာသည် ဘာမှ နားမလည်သည့် မျက်နှာဖြင့် အစ်ကို ဖြစ်သူအား မေးလိုက်သည်။
"ဘာ စာရွက်လဲ ? "
သူတို့ဟာ ရုပ်ချင်းဆင်တူတာကြောင့် ကျောင်းသားကတ်မေ့ခဲ့ရင်တောင် တစ်ယောက်ဟာ တစ်ယောက် ယူသုံးလို့ ရသည် အထိပင်။
နှစ်ယောက်စလုံးဟာ ပရမ်းပတာနိုင်ပြီး ဖိနပ်တွေ အင်္ကျီတွေကအစ ကြုံသလို ဆွဲယူပြီး ဝတ်နေကျဖြစ်သည်။

မင်းဇေယျာက ...
"စာမေးပွဲ အတွက်လျှောက်လွှာက ငါ ဟိုနေ့က လက်မှတ်ထိုးပေးပြီးပြီလေ..."

အနောက်တန်းမှ ဆူဆူညံညံအသံတွေကြောင့် စောဟန်ဟိန်းက ဆက်မမှိန်းနေနိုင်တော့ပေ။ သူက အိပ်ရေးမဝသည့် ဗလုံးဗထွေးလေသံဖြင့်...
"ခွန်းယံကို ပြဇာတ်ကခွင့် ပိတ်မပိတ် မဲခွဲတဲ့ စာရွက်လေ "

အမြွှာနှစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် လွယ်အိတ်ထဲသို့ မွှေနှောက်ရှာကြည့်၏။ အမှိုက်ပုံနှင့် မခြားသည့် လွယ်အိတ်ထဲတွင့် စက္ကူစုတ်ပေါင်းများစွာက ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထွက်ကျလာသည်။ သို့သော် ဉာဏ်အံ့ထူး၏ စာရွက်က ရှိမနေပေ။

မင်းဝဋာက စောမာန်ဟိန်းအား မေး၏။
"မင်းရော လက်မှတ်ထိုးပြီးပြီလား ? "

"ဟင့်အင်း ငါက ဘာမှ မထိုးဘူး ဒီတိုင်းပဲ ပြန်ပေးလိုက်တာ "

"အဲ့ဒါဆိုလည်း ငါတို့နှစ်ယောက်ကိုလည်း ပယ်မဲလို့ပဲ သဘောထားလိုက်တော့ "
မင်းဝဋာက ပေါ့ပေါ့ပါးပါးပင် ဉာဏ်အံ့ထူးအား ပြောလိုက်သည်။

ဉာဏ်အံ့ထူး မျက်နှာက ပျက်ယွင်းသွားသည်။

လူတိုင်းက သူ့ရှေ့တွင် ခွန်းယံအား မည်မျှပင် မကောင်းကြောင့် မကြိုက်ကြောင်း အဆိုးတွေချည်း ပြောပြီး သူ့ဘက်က ရပ်တည်သလို မခံမရပ်နိုင်ဖြစ်ပြကြသော်လည်း တကယ်တမ်းတွင် ခွန်းယံအား ပေါ်ပေါ်တင်တင် ဆန့်ကျင်ခဲ့သူမှာ ဆယ်ပုံတစ်ပုံပင် မပြည့်ပါချေ။

အတန်းတစ်ခုလုံးဟာ သူ့ဘက်မှာ ရှိနေသည်ဟု ယုံကြည်မှုလွန်ကဲကာ ဌာနမှူးကိုပင် မချေမငံပြောခဲ့သေးသည်။

ဒီလိုမျိုး အဖြစ်မခံနိုင်ပါ။

သေချာပေါက် ခွန်းယံက အတန်းသားတွေကို တစ်နည်းနည်းနဲ့ စည်းရုံးထားတာ ဒါမှ မဟုတ် ခြိမ်းခြောက်ထားတာ ဖြစ်ရမည်။

ဉာဏ်အံ့ထူးက အသံမြင့်မြင့်ဖြင့် ကြေညာသည်။
"ဒါက ဆန္ဒမဲ ကောက်ခံတဲ့ သဘောပါပဲ ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်ပြောမှာ မဟုတ်လို့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ချရေးလို့ရပါတယ်"

သူဟာ ကတ္ထူအိတ်ထဲက စာရွက်အသစ်နှစ်ရွက်ကို ထုတ်လာပြီး အမြွှာနှစ်ယောရ်ရှေ့မှာ ချပေးသည်။

"လက်မှတ်ထိုးလိုက် "

အမြွှာနှစ်ယောက်လုံးက သူ့ဆီသို့ စာရွက်ကို ပြန်ထည့်ပေးသည်။

"ငါတို့ကို ပယ်မဲပဲ လုပ်ပေးပါဆို "

ဉာဏ်အံ့ထူးက လက်ထဲကို အတင်းထိုးထည့်ပေး‌နေသည့် စာရွက်ကို ရှောင်နေရင်း လက်ချော်သွားကာ စနစ်တကျစီစဉ်ထားသည့် စာရွက်တွေအားလုံးဟာ ကြမ်းပေါ်တွင် ပြန့်ကျဲကျသွားသည်။

လေအဝှေ့တွင် စာရွက်များက နေရာအနှံ့သို့ လွင့်သွားပြီး ကျောင်းသား‌များ၏ ခြေထောက်နားသို့ ရောက်ကုန်ကြ၏။
ကြမ်းပေါ်တွင် ကျဲပြန့်နေသည့် စာရွက် အားလုံးနီးပါးက မှင်တစ်စက်မှ မစွန်းသေးဘဲ မိတ္တူစက်ထဲမှ ထွက်လာသည့် အတိုင်းပင်ရှိနေသေးသည်။
မည်သည့် နေရာတွင်မှာမှ လက်မှတ်မထိုးထားကြ။
အားလုံးနီးပါးက ကြားနေများသာ။

အတန်းသားအားလုံးက စာရွက်တွေကို မြင်ပြီး အတန်ငယ် မှင်သက်ကုန်ကြသည်။ မိမိမဟုတ်လျှင်တောင် ကျန်သူများကတော့ ထောက်ခံကြလိမ့်မည်ဖြစ်၍ ကိုယ်ယ်တိုင်တော့ ဗီလိန်အဖြစ်မခံနိုင် ဟူသည့် အတွေးက လူတိုင်းတွင်ရှိနေခဲ့သည်။

ဒါဟာ ဉာဏ်အံ့ထူး၏ လုပ်သမျှ အရာမထင်ဖြစ်ရသည့် အဖြစ်ကို လှောင်ရီနေသလိုပင်။
မိမိကိုယ့် မိမိ ခေါင်းဆောင်တစ်ယောက်ဟုထင်ကာ အများကြားမှ တစ်ယောက်ဟုထင်ခဲ့သော်လည်း တကယ်တမ်းတွင် အများနှင့် တစ်ယောက်ဖြစ်နေခဲ့သည်။

နောက်ဆုံးတော့ သူဟာ ခွန်းယံအား အပြစ်မရှိအပြစ်ရှာ ဇာချဲ့ပြီး ယုတ်ညံ့စွာ ကြံစည်ခဲ့သည် ဟူသည့် နာမည်သာ တွင်သွားခဲ့သည်။

စာရွက်အားလုံးအား ဒေါသတကြီး ကောက်သိမ်းနေရင်း ဉာဏ်အံ့ထူး၏ အသက်ရှူသံတို့မှာ ပြင်းထန်နေ၏။

အတန်းထဲရှိ လူတိုင်းသည် ကောက်ပြီးသား စာရွက်များအား လက်ထဲတွင် လုံးချေလျက် ခြေလှမ်းကျဲများဖြင့် အပြင်ထွက်သွားသည့် ဉာဏ်အံ့ထူးအား ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။

__________________

Zawgyi

ခန႔္မွန္းရခက္သည့္ မ်က္ႏွာအမူအရာႏွင့္ ဉာဏ္အံ့ထူးကေတာ့ သူ႕ေနရာမွာ သူျပန္ထိုင္ၿပီး စိုင္းေသာ္ရာက ခြန္းယံဆီသို႔ တန္းတန္းမတ္မတ္ေလွ်ာက္လာသည္။

"အေျခေန ဘယ္လိုလဲ ? မင္းတို႔ ရန္ေတြဘာေတြေတာ့ မျဖစ္ခဲ့ဘူးမလား ? " ေစာမာန္ဟိဏ္းက ေမး၏။

"မျဖစ္ခဲ့ပါဘူး..."

သူတို႔ ႏွစ္ေယာက္ ေက်ာင္းမွာ ႐ုပ္ပ်က္မည့္ ကိစၥမ်ိဳး မလုပ္ဘူးဆိုတာခြန္းယံ အစကတည္းက ခန႔္မွန္းမိၿပီးျဖစ္သည္။
ဉာဏ္အံ့ထူးနဲ႕ စိုင္းေသာ္ရာလိုမ်ိဳး စံျပေက်ာင္းသားေနရာအတြက္ ပထမႏွစ္ကတည္းက အပတ္တကုတ္ႀကိဳးစားေနခဲ့ၾကတဲ့ သူႏွစ္ေယာက္က အျခားသူတစ္ေယာက္ေၾကာင့္ မေကာင္းတဲ့ မွတ္ခ်က္ရမယ့္ အလုပ္မ်ိဳး လုပ္မွာ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ေပ။

"ေတာ္ေသးတာေပါ့ ဒါဆို ငါ EC ကို သြား ေျဖာင့္ဖ်လိဳက္ဦးမယ္ ခြန္းယံ မင္းလည္း ဘာမွ စိတ္မပူနဲ႕ေနာ္ "
ေစာမာန္ဟိဏ္းက စိုင္းေသာ္ရာ ေရာက္လာၿပီမလို႔ ခြန္းယံအတြက္ စိတ္ခ်သြားဟန္ျဖင့္ ဉာဏ္အံ့ထူး အနားသို႔ ေရာက္သြားေတာ့သည္။

"ခြန္းယံ..."
စိုင္းေသာ္ရာက စကားစသည္။

"မင္း ဉာဏ္အံ့ထူး စိတ္ေက်နပ္ေအာင္ ေတာင္းပန္ၾကည့္လိုက္ပါလား...
တကယ္လို႔ မင္းသာ စင္ေပၚတက္ခြင့္မရေတာ့ဘူးဆိုရင္ ဒီႏွစ္ေတြ အတြင္း ႀကိဳးစားခဲ့တာေတြ အကုန္ အလကားျဖစ္ကုန္လိမ့္မယ္ "

"ငါ သူ႕ကို ေျပာၾကည့္ၿပီးၿပီ... သူက လက္မခံတာ "

"ခုဏက ငါ သူနဲ႕ ညွိၾကည့္ေတာ့ သူကေျပာတယ္ တကယ္လို႔ မင္းသာ Social media ကေန သူ႕ကို တရားဝင္ေတာင္းပန္ရင္ ဒီကိစၥကို မသိသလို ေက်ာ္သြားေပးမယ္တဲ့ "

"Social Media က...? "

"ဟုတ္တယ္ ဘာမွ ခက္ခက္ခဲခဲမဟုတ္ပါဘူး မင္းရဲ႕ official page ကေန post တစ္ခုေလာက္ တင္လိုက္႐ုံပဲေလ "

ခြန္းယံ ဉာဏ္အံ့ထူးရွိရာကို လွမ္းၾကည့္လိုက္ေတာ့ ဉာဏ္အံ့ထူးကလည္း သူနဲ႕ စိုင္းေသာ္ရာ ဘက္ကို လွည့္ၾကည့္ေနသည္။

အၾကည့္ခ်င္းဆုံသြားသည္ႏွင့္ ဉာဏ္အံ့ထူးက ခြန္းယံကို "ဘယ္လို သေဘာရလဲ"ဆိုသည့္ ဟန္ျဖင့္ မ်က္ခုံးပင့္ျပ၏။

ခြန္းယံက စိုင္းေသာ္ရာကို ေျပာလိုက္သည္။
"ငါ့ official page ေတာ့ မျဖစ္ဘူး...
အဲ့ဟာက ငါ့ မိသားစု စီးပြားေရး ေၾကာ္ျငာအတြက္ ဖြင့္ထားတာ... ငါက brand ကိုယ္စားျပဳျဖစ္ေနလို႔ အဲ့ page က run ျဖစ္ေနတယ္ဆို႐ုံပဲ...
ၿပီးေတာ့ ငါ ကိုယ္တိုင္သုံးတာလည္း မဟုတ္ဘူး company ကပဲ post တင္ဖို႔ သုံးတာ"

သူ႕ရဲ႕ ကိုယ္ေရးကိုယ္တာ ျပႆနာေၾကာင့္ သူ႕ အဖိုးရဲ႕ လုပ္ငန္းကို ရိုက္ခတ္သြားတာမ်ိဳး ခြန္းယံက အျဖစ္မခံနိုင္ေပ။
ဘယ္ေလာက္ပဲ မိသားစု စီးပြားေရးလုပ္ငန္းပဲ ဆိုဆို သူ႕အေနနဲ႕ တာဝန္မဲ့တဲ့ လုပ္ရပ္မ်ိဳး မလုပ္နိုင္ပါ။
သူ႕ အဖိုးက နားလည္ေပးနိုင္ရင္ေတာင္ လက္ရွိ company ကို ဦးစီးေနသူက သူ႕ အေဒၚ၏ မိသားစုျဖစ္သည္။ နဂိုကတည္းကမွ သူ႕ကို ဖယ္ထုတ္ခ်င္ေနသည့္ သူ႕အေဒၚသည္ သူ႕ရဲ႕ ဇာတ္ရႈပ္ေတြေၾကာင့္ Brand ရဲ႕ နာမည္ကို ထိခိုက္ခံမွာ မဟုတ္ေပ။

"အဲ့ဒါက အေရးႀကီးလို႔လား ? အခုေခတ္ႀကီးက မိနစ္ပိုင္းအတြင္းမွာတင္ အရင္ ဆယ္ႏွစ္ ႏွစ္ႏွစ္ဆယ္က အရႈပ္ေတြကိုေတာင္ ျပန္ေဖာ္လို႔ရတဲ့ ေခတ္...
ေနာက္ပိုင္း ေဖ်ာ္ေျဖေရးနယ္ပယ္ထဲေရာက္မွ မင္းရဲ႕ ကိစၥေတြေပၚသြားရင္ ပိုဆိုးမွာေနာ္...
ေနာင္ရႈပ္မယ့္ ကိစၥေတြကို အခုကတည္းက ရွင္းထားတာ ပိုမေကာင္းဘူးလား ? "

ခြန္းယံက ယတိျပတ္ျငင္း၏။
"အဲ့နည္းကေတာ့ လုံးဝ မျဖစ္နိုင္ဘူး....
သူ မေက်နပ္ဘူးဆိုလည္း ငါ စင္ေပၚမတက္ေတာ့႐ုံပဲေပါ့ "

စိုင္းေသာ္ရာက မိနစ္ဝက္ေလာက္ တိတ္ဆိတ္ေနၿပီးမွ သက္ျပင္းခ်လိဳက္ရင္း...

"ခြန္းယံ... ငါ မင္းကို အစက ဒီေလာက္ထိေျပာဖို႔ စိတ္ကူးမရွိခဲ့ေပမယ့္ အခုေတာ့ ေျပာမွကို ရေတာ့မယ္...အခုကိစၥက တကယ္ဆို လိုင္းေပၚထိျပန႔္သြားၿပီးမွ သတင္းေတြ ဖုံးဖိခံလိုက္ရတာ မင္းလည္း အသိပဲ...လူတိုင္းက မင္းရဲ႕ ေနာက္ခံနဲ႕ မင္း အေမရဲ႕ လက္ခ်က္ဆိုတာ သိေနၿပီးသား...ထုတ္မေျပာတာပဲရွိတာ...ၿပီးေတာ့ ဉာဏ္အံ့ထူး ဘက္ကေန အကုန္လုံးက မခံနိုင္ျဖစ္ေနၾကတာ... မင္းသာ ဒီလို ဆက္ေခါင္းမာေနမယ္ဆိုရင္ အကုန္လုံးက မင္း အလြန္လို႔ပဲ ျမင္ကုန္ေတာ့မွာ ငါလည္း မင္းဘက္ကေန ဆက္ၿပီး ကာကြယ္ေပးနိုင္ေတာ့မွာ မဟုတ္ဘူး "

စိုင္းေသာ္ရာအား ၾကည့္ေနသည့္ ခြန္းယံ၏မ်က္လုံးတို႔မွာ ေလွာင္ရယ္ရိပ္သန္းသြား၏။
"ငါလည္း မင္းကို ကာကြယ္ေပးဖို႔ တစ္ခါမွ မေတာင္းဆိုဖူးပါဘူး "

"ဒါေပမယ့္ ငါတို႔က သာမန္ဆက္ဆံေရးမဟုတ္ဘူးေလ မင္း ဒီလို က်ဥ္းထဲၾကပ္ထဲေရာက္ေနတာကို ငါက ဘယ္လိုလုပ္ၾကည့္ေနနိုင္မွာလဲ ? "

"အဲ့ဒါဆိုလည္း ငါ့ page မွာ ဉာဏ္အံ့ထူးကိုေတာင္းပန္ရင္းနဲ႕ မင္းနဲ႕ သာမန္ဆက္ဆံေရး မဟုတ္တဲ့အေၾကာင္းပါ တင္လိုက္ရင္ေရာ အဆင္ေျပလား ? "

စိုင္းေသာ္ရာ၏ မ်က္ႏွာအမူအရာက ခ်က္ခ်င္း ပ်က္ယြင္းသြားၿပီး...
"မဆိုင္တဲ့ ကိစၥႏွစ္ခုကို ဘာလို႔ တန္းညွိေနတာလဲ ခြန္းယံ!
ငါက အခု မင္းအတြက္ ျပႆနာေျဖရွင္းဖို႔ အေကာင္းဆုံး နည္းလမ္းကို စဥ္းစားေပးေနတာ..."

"အဲ့ဒီအတြက္ေတာ့ ေက်းဇူးတင္တယ္ ဒါေပမယ့္ မင္း ေတြးေပးတဲ့ နည္းလမ္းေတြက အလုပ္မျဖစ္ဘူး
မင္းနဲ႕ပါ ရန္ဆက္မျဖစ္ခ်င္တာမို႔ ငါ့ကို တစ္ေယာက္တည္း လႊတ္ထားေပး "
ေျပာရင္းႏွင့္ပင္ ခြန္းယံက လြယ္အိတ္ကို လြယ္လိုက္ကာ ေနရာကေန ထ၍ အတန္းျပင္သို႔ ထြက္သြားေတာ့သည္။

ခြန္းယံ အခန္းျပင္ေရာက္သြားသည္ႏွင့္ သူတို႔၏ အေျခအေနကို ေစာင့္ၾကည့္ေနသည့္ ဉာဏ္အံ့ထူးအား စိုင္းေသာ္ရာက ေခါင္းခါျပလိုက္၏။

ေက်ာင္းဝန္းထဲက မထြက္ခင္ အေဆာင္ကို ျပန္ရင္ေကာင္းမလား၊ စိုင္းေသာ္ရာဆီမွာ ဆက္ေနရင္ ေကာင္းမလား ခြန္းယံ ေဝခြဲရခက္ေနခဲ့၏။

ေနာက္ဆုံးတြင္ေတာ့ စိုင္းေသာ္ရာရဲ႕ တိုက္ခန္းက သူ႕ရဲ႕ပစၥည္းေတြကို သြားယူလိုက္ၿပီး အေဆာင္မွာပဲ ျပန္ေနဖို႔ ဆုံးျဖတ္လိုက္သည္။

မၪၨရီၿမိဳ႕က ေန႕တာတိုသည္။
ခြန္းယံ စိုင္းေသာ္ရာရဲ႕ ေနရာက ပစၥည္းေတြကို သိမ္းဆည္းၿပီး ျပန္လာသည့္လမ္းမွာ ေန၏ အလင္းေရာင္က ကြယ္ေပ်ာက္လုနီးပါး ျဖစ္ေနၿပီ။

အေဆာင္ကိုေရာက္ေတာ့မွ ညစာစားဖို႔ အျပင္တစ္ခါ ျပန္မထြက္ခ်င္ေတာ့တာေၾကာင့္ ညစာစားၿပီးမွပဲ အေဆာင္ကို တန္းသြားလိုက္ေတာ့သည္။

သူ အေဆာင္ ဂိတ္ဝကိုေရာက္ေတာ့ မိုးလုံးဝခ်ဳပ္သြားခဲ့ၿပီ။
အေဆာင္ ဂိတ္ဝမွာ သူ႕ ေဆး႐ုံတက္ရတဲ့ အေၾကာင္းကို သိထားဟန္တူသည့္ လုံၿခဳံေရးဦးေလးႀကီးက သတင္းေမးတာကို အလိုက္အထိုက္ ျပန္ေျဖေပးေနရေသး၏။

"ဒီ ေက်ာင္းကအေဆာင္ေတြက facility ေကာင္းေတာ့ ေနရအဆင္ေျပတာေတာ့ဟုတ္ပါတယ္...ဒါေပမယ့္...
ေနေသခ်ာ မေကာင္းေသးတဲ့ အခ်ိန္မွာေတာ့ မိသားစုနဲ႕ ေနတာ အေကာင္းဆုံးပဲ ေကာင္ေလးရဲ႕... ညပိုင္း တစ္ခုခု ေနထိုင္မေကာင္းျဖစ္ရင္ တစ္ေယာက္တည္း ႀကိတ္ခံမေနနဲ႕... မင္းရဲ႕ အခန္းေဖာ္ကေရာ သေဘာေကာင္းရဲ႕လား ? "

"သူက.....
ဒီမွာ သိပ္မေနျဖစ္ဘူး "

"ဟင္း...ခက္ပါလားေနာ္... အဲ့ဒါဆိုလည္း တစ္ခုခုဆို လုံၿခဳံေရး ႐ုံခန္းကို ဖုန္းေခၚလိုက္ ဖုန္းနံပါတ္ေရာ သိတယ္မလား "

"ဟုတ္...သိပါတယ္...ဒါဆို က်ေနာ့္ကို ခြင့္ျပဳပါဦး အခန္းက ပစ္ထားတာ ၾကာၿပီဆိုေတာ့ ရွင္းရဦးမွာ မလို႔ "

ခြန္းယံ စကားစ ျမန္ျမန္ျဖတ္လိုက္ရသည္။
မေန႕ညက တစ္ညလုံး အိပ္မေပ်ာ္တာေရာ ဒီေန႕လည္း စိတ္ရႈပ္စရာေတြနဲ႕ ဟိုဟို ဒီဒီေျပးလႊားခဲ့ရတာေရာေၾကာင့္ ေျခကုန္လက္ပန္းက်ေနၿပီျဖစ္သည္။

တ႐ြတ္တိုက္လုနီးပါး ေျခလွမ္းေတြနဲ႕ ဓာတ္ေလွကားထဲက ထြက္လာသည့္ သူ႕ပုံစံက တကယ့္ လူမမာ ပုံေပါက္ေန၏။
အခန္းတံခါးဖြင့္လိုက္ေတာ့ အထဲမွာ လုံးဝ အေမွာင္အတိ။

ခြန္းယံ အခန္းထဲသို႔ ဝင္ကာ တံခါးကို ျပန္ပိတ္လိုက္ၿပီး နံရံက မီးခလုတ္ကို ဖြင့္လိုက္သည္။

တစ္ခန္းလုံး လင္းခ်င္းသြားခ်ိန္တြင္ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ခြန္းယံ ရင္ထဲ ထိတ္ခနဲျဖစ္သြားရသည္။

အခုေလးတင္ သူတစ္ေယာက္တည္း ရွိေနသည္ဟု ထင္ခဲ့သည့္ အခန္းထဲမွာ သူ႕အျပင္ ေနာက္လူတစ္ေယာက္ပါ ရွိေန၏။

သူ႕၏ အမည္ခံ အခန္းေဖာ္ ထိုက္ဟုန္စစ္က ကုတင္ေပၚမွာ ထိုင္လ်က္ သူ႕အား ႏႈတ္ဆက္လာသည္။
"ျပန္လာတာ ေနာက္က်တယ္ေနာ္... "

"ျီးပဲ!  မီး မဖြင့္နိုင္ရေအာင္ ခ်ိေနၿပီလား!!  "
ခြန္းယံက စိတ္မရွည္စြာျဖင့္ ေအာ္လိုက္ၿပီး လြယ္အိတ္ကို စားပြဲေပၚသို႔ ဘုန္းခနဲ ပစ္တင္လိုက္ေတာ့မွ ထိုက္ဟုန္စစ္သည္ သူ႕ေၾကာင့္ တစ္ဖက္လူမွာ အခန႔္မသင့္ရင္ လိပ္ျပာလြင့္သြားနိုင္ေၾကာင္း သတိမူမိေတာ့၏။

"အာ...ေမ့သြားလို႔ ေဆာရီး ငါ့ အတြက္ မီးဖြင့္တာနဲ႕ မဖြင့္တာနဲ႕ ဘာမွ မကြာဘူးေလ ၿပီးေတာ့ ဒီေန႕ မင္းျပန္လာမယ္ဆိုတာ ငါမွ ႀကိဳမသိတာ"

"ဒါျဖင့္ ငါ မရွိတဲ့အခ်ိန္ကိုမွ ေ႐ြးၿပီး ဘာလာလုပ္တာလဲ "

"ဘယ္မွာ မရွိတဲ့ အခ်ိန္ကိုေ႐ြးလာေနလို႔လဲ !
ေနာက္ထပ္ ဆယ္မိနစ္ေလာက္ေနမွ မင္းေရာက္မလာေသးရင္ ဖုန္းေခၚေတာ့မလို႔ လုပ္ေနတာဟ !! "

ခြန္းယံက ဟမ့္ခနဲ အသံျပဳ၍
"အဲ့ဒါဆိုလည္း လိုရင္းကိုေျပာ ဘာကိစၥရွိလို႔လဲ ? "

ထိုက္ဟုန္စစ္လည္း ေကြ႕ဝိုက္မေနေတာ့ေပ။
"ငါ မင္း အဝတ္ဘီရိုထဲကို တစ္ခ်က္ေလာက္ ၾကည့္ခ်င္လို႔ "

ေတာင္းဆိုမႈက အေတာ္ေလး ထူးဆန္းေနတာမို႔ ခြန္းယံက ထိုက္ဟုန္စစ္အား နားမလည္သည့္ အၾကည့္ျဖင့္ ၾကည့္လာ၏။

"ျပဇာတ္ဝတ္စုံေတြနဲ႕ ပတ္သတ္ၿပီး အတည္ျပဳစရာရွိလို႔ မင္းရဲ႕ အကၤ်ီေတြကို တစ္ခ်က္ေလာက္ ၾကည့္ၾကည့္႐ုံပဲ "

ထိုေတာ့မွ ခြန္းယံက အင္တင္တင္ႏွင့္ အဝတ္ဘီရို တံခါးကို ဖြင့္ေပး၏။

ထိုက္ဟုန္စစ္သည္ ဘီရိုထဲက အခ်ိဳ႕ေသာ အဝတ္ေတြကို ထုတ္ကာ ကုတင္ေပၚ၌ ျဖန႔္၍ခ်၏။

ခြန္းယံ ၾကည့္လိုက္ေတာ့ ထိုက္ဟုန္စစ္ ေ႐ြးထုတ္လိုက္တဲ့ ဝတ္စုံေတြဟာ တူညီေသာ တံဆိပ္တစ္ခုတည္းမွ ျဖစ္သည္။
သူ႕ အဖိုးျဖစ္သူ၏ ကိုယ္ပိုင္အမွတ္တံဆိပ္ပင္။
အခ်ိဳ႕ေသာ ဝတ္စုံေတြက ဒီဇိုင္နာခ်ဳပ္ဝတ္စုံမ်ားျဖစ္ေသာ္လည္း အထည္စေတြက   သူ႕ အေဒၚ  ေဒၚျခဴးေကသြယ္ဦးေဆာင္သည့္ အထည္စက္႐ုံေတြက အထည္မ်ားပင္။

"အဲ့ဟာေတြ အကုန္လုံးက မင္းအမ်ိဳးေတြ ထုတ္တာလား ? "

"အင္း...ဘာျဖစ္လို႔လဲ"

ခြန္းယံဆီက အတည္ျပဳခ်က္ရေတာ့ ထိုက္ဟုန္စစ္က အကၤ်ီတစ္ထည္ကို ေကာက္ယူကာ ႏွာဖ်ားႏွင့္ ထိလ်က္ တရႈံ႕ရႈံ႕နဲ႕ နမ္းၾကည့္ေလ၏။

"မင္း!!! အဲ့ အဝတ္ကို အခု ျပန္ခ်ထားလိုက္ ! "
ခြန္းယံသည္ ေအာ္လည္းေအာ္ရင္း ထိုက္ဟုန္စစ္လက္ထဲမွ အဝတ္ကို ဆက္ခနဲ ဆြဲယူကာ ဘီရိုထဲသို႔ ျပန္ထည့္လိုက္၏။
ဇီဇာေၾကာင္တယ္ပဲ ဆိုဆို သူ႕အဝတ္အစားေတြကို အျခားတစ္ေယာက္က တစိုက္မက္မက္ ရွိုက္နမ္းေနသည့္ ျမင္ကြင္းအား ဘယ္လိုမွ ဆက္ၾကည့္မေနနိုင္ေပ။

႐ုတ္တရတ္မို႔ ထိုက္ဟုန္စစ္မွာ ေၾကာင္အသြားသည္။ သူဟာ သူ႕ကိုယ္သူ ဘာအမွားလုပ္မိလို႔ လုပ္မိမွန္း မသိနိုင္ေသးေပ။

ေပါက္ထြက္ေတာ့မယ့္ ခ်ိန္ကိုက္ဗုံးလို မ်က္ႏွာထားနဲ႕ ခြန္းယံေၾကာင့္ သူ႕ရဲ႕ အတည္ျပဳစစ္ေဆးျခင္းကို တစ္ဖက္လူက လက္မခံနိုင္ေတာ့ေၾကာင္း သိလိုက္၏။

"အဲ့ဒါက....က်စ္... ငါ အနံ႕ခံၾကည့္တယ္ဆိုတာ တစ္ေနရာတည္းက ထုတ္ၿပီး တစ္ေယာက္တည္း ဝတ္ခဲ့တဲ့ ဝတ္စုံခ်င္းအတူတူ မင္းအဝတ္မွာ ရွိေနတဲ့ အနံ႕နဲ႕ ျပဇာတ္ကတုန္းက ဝတ္ခဲ့တဲ့ ဝတ္စုံက အနံ႕က မတူဘူးဆိုတာ ပိုေသခ်ာခ်င္လို႔ "

ေျပာေျပာဆိုဆိုႏွင့္ ထိုက္ဟုန္စစ္က အကၤ်ီရင္ဘတ္ အတြင္းအိတ္ထဲမွာထည့္ထားသည့္ ခြန္းယံ ျပဇာတ္ကတုန္းက ဝတ္ခဲ့ေသာ ဝတ္စုံကို ထုတ္ျပၿပီး...
"ဒီ ဝတ္စုံနဲ႕ ေခါင္းေဆာင္းမွာ အနံ႕ေတြ အမ်ားႀကီး ေရာေနေပမယ့္ ငါ လြယ္လြယ္နဲ႕ ခြဲထုတ္လို႔ရတယ္ ဥပမာ မင္းတို႔ ကန္ေတာ့ပြဲေပးထားတုန္းက အေမႊးတိုင္က အနံ႕နဲ႕ ဒါကို ထိေတြ႕ထားတဲ့ လူေတြရဲ႕ အနံ႕အသက္ေတြေပါ့
ဒါေပမယ့္ ငါ ခန႔္မွန္းလို႔ မရတဲ့ အနံ႕တစ္ခုလည္းရွိေနတယ္ အဲ့ အနံ႕က ဘယ္လိုအနံ႕လည္းဆိုတာ ေျပာရခက္တယ္ အစက ဆိုးေဆး အနံ႕လို႔ထင္မိလို႔ ဒီလို ပိတ္စမ်ိဳး ေရာင္းတဲ့ ဆိုင္တိုင္းကို လိုက္ေမးၾကည့္ေပမယ့္ အဲ့က အစေတြမွာလည္း ရွာမေတြ႕ခဲ့ဘူး မင္းရဲ႕ အျခားဝတ္စုံေတြမွာလည္း မရွိဘူး
မင္းရဲ႕ ကိုယ္မွာလည္း ရတတ္တဲ့ အနံ႕မ်ိဳးမဟုတ္ဘူး "

ထိုက္ဟုန္စစ္က တည္ၿငိမ္သြားသည့္ ခြန္းယံကိုၾကည့္ကာ အသက္ကို ျပင္းျပင္းရႉထုတ္လိုက္ရင္း...
"ငါတို႔သာ အဲ့ အနံ႕ကို ေျခရာခံနိုင္ရင္ တစ္ခုခုရွာေတြ႕လိမ့္မယ္ထင္တာပဲ "

ခြန္းယံသည္ ထိုက္ဟုန္စစ္၏ စကားကို နည္းနည္းေလးမွ အာ႐ုံရမေနပါ။
မနည္းလုပ္ယူထားရသည့္ မ်က္ႏွာေသက အခ်ိန္မေ႐ြး ေပ်ာက္ပ်က္သြားၿပီး ေဒါသကုမၼာရအျဖစ္ ေျပာင္းသြားနိုင္တာေၾကာင့္ စကားတစ္ခြန္းမွ မေျပာနိုင္ေသး။

ခုဏက ထိုက္ဟုန္စစ္ သူ႕အဝတ္အစားေတြကို အနံ႕ခံတာက ေလွ်ာ္ဖြပ္ၿပီးသားမ်ားျဖစ္သည္။
သူ႕ေရွ႕က ၾကမ္းျပင္ေရွ႕တြင္ရွိေနေသာ ဖြတ္ဖြတ္ညက္ညက္ေၾကေနသည့္ ဘီလူးဝတ္စုံကမူ ဝတ္ၿပီး တစ္ခါမွ မေလွ်ာ္ဖြတ္ရေသးေပ။
ဒါ့အျပင္ သူအကကတုန္းက ေခြၽးေတြထြက္ေနခဲ့ေသးသည့္အျပင္ ႏွာေခါင္းက ေသြးေတြလွ်ံက်ေနေသးသည္။
ဒီေလာက္ အေပေပ အလူးလူးျဖစ္ေနသည့္ ဝတ္စုံကို အနံ႕ေတြ ခြဲျခားဖို႔ သူ႕ေရွ႕ကလူက ဘယ္ႏွခါေတာင္...

ဒီေလာက္ကေလးနဲ႕ အကဲပိုသည္ဟု အထင္မခံျခင္တာေၾကာင့္ အံႀကိတ္ၿပီး ၾကမ္းျပင္က ဝတ္စုံဆီကေန အၾကည့္လႊဲလိုက္ရသည္။

"ဒီဝတ္စုံနဲ႕ အတူတူခ်ဳပ္ၿပီး တစ္ေနရာတည္းက ထြက္လာတဲ့ အျခားဝတ္စုံေတြက ေ႐ႊဗဟိုရ္ျပဇာတ္႐ုံမွာ ရွိတယ္။ တကယ္လို႔ အထည္စက ျပႆနာမဟုတ္ဘူးဆိုရင္ ဝတ္စုံကို ခ်ဳပ္တဲ့ေနရာမွာ ျပႆနာရွိေနတာ ျဖစ္နိုင္တယ္ "

"အင္း... ငါလည္း ဒီၿမိဳ႕က ရိုးရာဝတ္စုံ ခ်ဳပ္တဲ့ေနရာေတြေတာ္ေတာ္မ်ားမ်ားကို သြားၾကည့္ၿပီးၿပီ ဒီဝတ္စုံမွာရွိတဲ့ အနံ႕ကို ဘယ္မွာမွ ရွာမရခဲ့ဘူး"

"အဲ့ဒါဆို ေ႐ႊဗဟိုရ္ျပဇာတ္႐ုံကို သြားၾကည့္လိုက္ပါလား "

ထိုက္ဟုန္စစ္က တစ္ေအာင့္ေလာက္ စဥ္းစားၾကည့္ၿပီး...
"အဲ့လိုပဲ လုပ္ရေတာ့မွာေပါ့..."

"မင္း တစ္ေယာက္တည္းသြားမွာလား ? "

"အင္းေလ..."

ခြန္းယံက အဲ့က ဝင္ခြင့္ကတ္မပါရင္ဝင္လို႔ မရဖို႔ ေျပာဖို႔ျပင္လိုက္ေသာ္လည္း ထိုက္ဟုန္စစ္ဆီမွာ သူတို႔ သာမာန္လူေတြ လိုက္မမွီတဲ့ နည္းလမ္းေပါင္းစုံရွိတယ္ဆိုတာကို သတိရသြားတာေၾကာင့္ ပါးစပ္ျပန္ပိတ္လိုက္သည္။

"မင္း မဟုတ္တ႐ုတ္နည္းေတြ သုံးဖို႔ မစဥ္းစားနဲ႕ ေ႐ႊဗဟိုရ္ကို သြားရင္ ငါလည္းလိုက္ခဲ့မယ္ "

"ငါက မနက္ျဖန္သြားမွျဖစ္မွာ မင္း အားလို႔လား ? "

တကယ္ေတာ့ မနက္ျဖန္ ခြန္းယံ အတန္းခ်ိန္ အျပည့္ျဖစ္သည္။

"ရတယ္ ဒါေပမယ့္ အဲ့က ငါ့ အသိတစ္ေယာက္ကို ဆက္သြယ္ၿပီး သူေျပာတဲ့ အခ်ိန္မွသြားမွာ မင္းက ငါ ဖုန္းေခၚမွာ ထြက္လာခဲ့ "

"ၿပီးတာပဲ..."

ထိုက္ဟုန္စစ္က ခြန္းယံ မျမင္မိေအာင္ေနေနသည့္ ဝတ္စုံ အပိုင္းအစမ်ားကို ျပန္ေကာက္ေလသည္။

ေနာက္ဆုံးေတာ့ ခြန္းယံမွာ သည္းညည္းမခံနိုင္ေတာ့ေပ။
"မင္း! အဲ့ အကၤ်ီကို ပစ္လိုက္လို႔မရဘူးလား ? "

ထိုက္ဟုန္စစ္က ခြန္းယံအား '႐ူးေနလား' ဆိုသည့္ အၾကည့္ျဖင့္ ျပန္ၾကည့္ကာ ျပန္ေျပာ၏။
"ဒါ မရွိဘဲ ငါက ဘယ္လိုလုပ္ ဒီက အနံ႕ကို ရွာလို႔ရမွာလဲ "

ငတုံးတစ္ေကာင္အား ရွင္းျပၿပီး အခ်ိန္ဆက္အကုန္မခံနိုင္ေတာ့သည့္ႏွယ္ ထိုက္ဟုန္စစ္သည္ အဝတ္အပိုင္းအစမ်ားကို ဂ်ာကင္အိတ္ကပ္ထဲ ထည့္သိမ္း၍ အေနာက္ဘက္ ဝံရန္တာမွ ခုန္ဆင္း ေပ်ာက္ကြယ္သြားေတာ့သည္။

_ _ _ _ _ _ _

ရႈပ္ေထြးသည့္ အေျခအေနတြင္ ျပဇာတ္ေမဂ်ာ စတုတၳႏွစ္ ေက်ာင္းသားေတြဟာ ပုံမွန္ ထက္ပိုၿပီး ျပန္ၿငိမ္သက္သြားၾကသည္။
ထိုေန႕ညမွာ အၿမဲတမ္း active ျဖစ္ေနသည့္ group chat ေတြပင္လွ်င္ noti တက္မလာၾကေပ။
ဉာဏ္အံ့ထူးႏွင့္ ခြန္းယံၾကားက ျပႆနာအျပင္ နီးကပ္လာသည့္ ေနာက္ဆုံးစာေမးပြဲေၾကာင့္လည္း ျဖစ္နိုင္ေလသည္။

ေနာက္ေန႕မနက္ ပထမဆုံးအတန္းခ်ိန္တြင္ ေက်ာင္းသားတိုင္း၏ စားပြဲေပၚ၌ စာ႐ြက္ကိုယ္စီရွိေနၾကသည္။

မနက္ပိုင္း စာသင္သည့္ စာေပဆရာမဟာလည္း လက္ရွိျဖစ္ပ်က္ေနသည္ေတြကို သိေနၿပီးျဖစ္တာေၾကာင့္ မည္သည့္ ေမးခြန္းမွ ေမးမေနေတာ့ဘဲ သက္ျပင္းခ် ေခါင္းခါရင္းသာ အတန္းထဲမွ ထြက္ခြာသြားၾကသည္။

အတန္းသားေတြဆီက စာ႐ြက္ေတြကို လိုက္လံ သိမ္းဆည္းၿပီးေနာက္ ဉာဏ္အံ့ထူးဟာ အေျဖကို မေစာင့္နိုင္ေတာ့သည့္အလား ခ်က္ခ်င္းပင္ ေထာက္ခံသည့္စာ႐ြက္မ်ားကို ေ႐ြးခ်ယ္စီထပ္ေန၏။

အတန္းလူဦးေရႏွင့္ တြက္ၾကည့္ရင္ စာ႐ြက္ သုံး႐ြက္လိုေနေသး၏။
သူဟာ roll call စာအုပ္ကို တစ္ခ်က္ စစ္ေဆးၾကည့္လိုက္သည္။
အစက အတန္းမတက္သည့္ တမင္ေရွာင္ေနေလာက္သည့္ ထိုသုံးေယာက္ထဲတြင္ ႏွစ္ေယာက္က ခြန္းယံႏွင့္ စိုင္းေသာ္ရာဟု ထင္လိုက္ေသာ္လည္း ထိုႏွစ္ေယာက္က  ပ်က္ကြက္စာရင္းထဲတြင္ မပါေပ။

ခြန္းယံက ေနာက္ဆုံးမက်တက် ျပတင္းေပါက္ေဘးရွိခုံတြင္ ထိုင္ေနရင္း ဖုန္းကို ၾကည့္လ်က္ စာရိုက္ေနသည္။
စိုင္းေသာ္ရာ ကမူ ခါတိုင္းလို ခြန္းယံေဘးေနရာမွာ ရွိမေနဘဲ ေရွ႕ ႏွစ္ခုံေက်ာ္ေလာက္တြင္ သုံမႈံလ်က္ထိုင္ေန၏။
ပ်က္ကြက္သည့္သူမွာ မြသဒ္ဒါနှင့် စာေပ အတန္းဆို မ်က္စိလည္လမ္းမွားၿပီးေတာ့ေတာင္ လာတက္ခဲသည့္ အႁမႊာညီေနာင္ ႏွစ္ဦးပင္။

အႁမႊာေတြကိုေတာ့ ထည့္မတြက္ေပမယ့္ ခြန္းယံကို သူ႕ထက္ပို၍ေတာင္ မ်က္စိစပါးေမႊးစူးေနသည့္ မြသဒ္ဒါက ဘာလို႔ ဒီလိုေန႕မ်ိဳးမွာ အတန္းမတက္လဲ သူ စဥ္းစားမရေပ။

သိခ်င္စိတ္ မထိန္းနိုင္သည့္အဆုံး မြသဒ္ဒါ၏ သူငယ္ခ်င္းတစ္ဦးအား ေမးၾကည့္မိ၏။

"မြသဒ္ဓါလား? ဒီေန႕ အေရးႀကီးတဲ့ audition တစ္ခုရွိလို႔ မလာဘူးေလ...
ညကလည္း ဇာတ္ၫႊန္းေတြ ဖတ္ရင္းေလ့က်င့္ေနတာ ညလုံးေပါက္ပဲ လက္မွတ္ထိုးဖို႔ကို သူ ေမ့သြားတာေနမွာ "

ထိုအခိုက္ ရွည္သြယ္သြယ္ ပုံရိပ္ႏွစ္ခုက စကားတေျပာေျပာႏွင့္ ရယ္ေမာရင္း အတန္းထဲသို႔ဝင္လာသည္။

မနက္ပိုင္း စာေပခ်ိန္ကို တမင္အလြတ္ခံေနက် မင္းေဇယ်ာ ႏွင့္ မင္းဝဋာ သည္ လက္တစ္ဖက္က ေကာ္ဖီခြက္ ကိုကိုင္ကာ တစ္ဖက္က ဆိုင္ကယ္ေဆာင္း Helmet ကို ပိုက္လ်က္ ေနာက္ဆုံးအက်ဆဳံးေနရာကို ေ႐ြးထိုင္ၾက၏။

သူတို႔ အေရွ႕က ခုံတြင္ေတာ့ ေစာမာန္ဟိဏ္းမွာ နံရံကို ေခါင္းမွီရင္း မွိန္းေနသည္။

ဉာဏ္အံ့ထူးက စာ႐ြက္သိမ္းဖို႔ အႁမႊာေတြ ရွိရာသို႔ ေလွ်ာက္သြားသည္။
ဉာဏ္အံ့ထူးကို သတိမထားမိေလာက္ေအာင္ အႁမႊာေတြဟာ စကားအမွ်င္မပ်က္နိုင္ၾကေပ။

"မင္းတို႔ မေန႕က စာ႐ြက္ေတြ လက္မွတ္ထိုးၿပီးၿပီလား ? "

မင္းဝဋာသည္ ဘာမွ နားမလည္သည့္ မ်က္ႏွာျဖင့္ အစ္ကို ျဖစ္သူအား ေမးလိုက္သည္။
"ဘာ စာ႐ြက္လဲ ? "
သူတို႔ဟာ ႐ုပ္ခ်င္းဆင္တူတာေၾကာင့္ ေက်ာင္းသားကတ္ေမ့ခဲ့ရင္ေတာင္ တစ္ေယာက္ဟာ တစ္ေယာက္ ယူသုံးလို႔ ရသည္ အထိပင္။
ႏွစ္ေယာက္စလုံးဟာ ပရမ္းပတာနိုင္ၿပီး ဖိနပ္ေတြ အကၤ်ီေတြကအစ ႀကဳံသလို ဆြဲယူၿပီး ဝတ္ေနက်ျဖစ္သည္။

မင္းေဇယ်ာက ...
"စာေမးပြဲ အတြက္ေလွ်ာက္လႊာက ငါ ဟိုေန႕က လက္မွတ္ထိုးေပးၿပီးၿပီေလ..."

အေနာက္တန္းမွ ဆူဆူညံညံအသံေတြေၾကာင့္ ေစာဟန္ဟိန္းက ဆက္မမွိန္းေနနိုင္ေတာ့ေပ။ သူက အိပ္ေရးမဝသည့္ ဗလုံးဗေထြးေလသံျဖင့္...
"ခြန္းယံကို ျပဇာတ္ကခြင့္ ပိတ္မပိတ္ မဲခြဲတဲ့ စာ႐ြက္ေလ "

အႁမႊာႏွစ္ေယာက္က စိတ္ရႈပ္ေထြးစြာျဖင့္ လြယ္အိတ္ထဲသို႔ ေမႊႏွောက္ရွာၾကည့္၏။ အမွိုက္ပုံႏွင့္ မျခားသည့္ လြယ္အိတ္ထဲတြင့္ စကၠဴစုတ္ေပါင္းမ်ားစြာက ပုံသ႑ာန္အမ်ိဳးမ်ိဳးျဖင့္ ထြက္က်လာသည္။ သို႔ေသာ္ ဉာဏ္အံ့ထူး၏ စာ႐ြက္က ရွိမေနေပ။

မင္းဝဋာက ေစာမာန္ဟိန္းအား ေမး၏။
"မင္းေရာ လက္မွတ္ထိုးၿပီးၿပီလား ? "

"ဟင့္အင္း ငါက ဘာမွ မထိုးဘူး ဒီတိုင္းပဲ ျပန္ေပးလိုက္တာ "

"အဲ့ဒါဆိုလည္း ငါတို႔ႏွစ္ေယာက္ကိုလည္း ပယ္မဲလို႔ပဲ သေဘာထားလိုက္ေတာ့ "
မင္းဝဋာက ေပါ့ေပါ့ပါးပါးပင္ ဉာဏ္အံ့ထူးအား ေျပာလိုက္သည္။

ဉာဏ္အံ့ထူး မ်က္ႏွာက ပ်က္ယြင္းသြားသည္။

လူတိုင္းက သူ႕ေရွ႕တြင္ ခြန္းယံအား မည္မွ်ပင္ မေကာင္းေၾကာင့္ မႀကိဳက္ေၾကာင္း အဆိုးေတြခ်ည္း ေျပာၿပီး သူ႕ဘက္က ရပ္တည္သလို မခံမရပ္နိုင္ျဖစ္ျပၾကေသာ္လည္း တကယ္တမ္းတြင္ ခြန္းယံအား ေပၚေပၚတင္တင္ ဆန႔္က်င္ခဲ့သူမွာ ဆယ္ပုံတစ္ပုံပင္ မျပည့္ပါေခ်။

အတန္းတစ္ခုလုံးဟာ သူ႕ဘက္မွာ ရွိေနသည္ဟု ယုံၾကည္မႈလြန္ကဲကာ ဌာနမႉးကိုပင္ မေခ်မငံေျပာခဲ့ေသးသည္။

ဒီလိုမ်ိဳး အျဖစ္မခံနိုင္ပါ။

ေသခ်ာေပါက္ ခြန္းယံက အတန္းသားေတြကို တစ္နည္းနည္းနဲ႕ စည္း႐ုံးထားတာ ဒါမွ မဟုတ္ ၿခိမ္းေျခာက္ထားတာ ျဖစ္ရမည္။

ဉာဏ္အံ့ထူးက အသံျမင့္ျမင့္ျဖင့္ ေၾကညာသည္။
"ဒါက ဆႏၵမဲ ေကာက္ခံတဲ့ သေဘာပါပဲ ဘယ္သူ ဘယ္ဝါဆိုတာ ထုတ္ေျပာမွာ မဟုတ္လို႔ ကိုယ့္အျမင္ကို ပြင့္ပြင့္လင္းလင္း ခ်ေရးလို႔ရပါတယ္"

သူဟာ ကတၳဴအိတ္ထဲက စာ႐ြက္အသစ္ႏွစ္႐ြက္ကို ထုတ္လာၿပီး အႁမႊာႏွစ္ေယာရ္ေရွ႕မွာ ခ်ေပးသည္။

"လက္မွတ္ထိုးလိုက္ "

အႁမႊာႏွစ္ေယာက္လုံးက သူ႕ဆီသို႔ စာ႐ြက္ကို ျပန္ထည့္ေပးသည္။

"ငါတို႔ကို ပယ္မဲပဲ လုပ္ေပးပါဆို "

ဉာဏ္အံ့ထူးက လက္ထဲကို အတင္းထိုးထည့္ေပးေနသည့္ စာ႐ြက္ကို ေရွာင္ေနရင္း လက္ေခ်ာ္သြားကာ စနစ္တက်စီစဥ္ထားသည့္ စာ႐ြက္ေတြအားလုံးဟာ ၾကမ္းေပၚတြင္ ျပန႔္က်ဲက်သြားသည္။

ေလအေဝွ႕တြင္ စာ႐ြက္မ်ားက ေနရာအႏွံ႕သို႔ လြင့္သြားၿပီး ေက်ာင္းသားမ်ား၏ ေျခေထာက္နားသို႔ ေရာက္ကုန္ၾက၏။
ၾကမ္းေပၚတြင္ က်ဲျပန႔္ေနသည့္ စာ႐ြက္ အားလုံးနီးပါးက မွင္တစ္စက္မွ မစြန္းေသးဘဲ မိတၱဴစက္ထဲမွ ထြက္လာသည့္ အတိုင္းပင္ရွိေနေသးသည္။
မည္သည့္ ေနရာတြင္မွာမွ လက္မွတ္မထိုးထားၾက။
အားလုံးနီးပါးက ၾကားေနမ်ားသာ။

အတန္းသားအားလုံးက စာ႐ြက္ေတြကို ျမင္ၿပီး အတန္ငယ္ မွင္သက္ကုန္ၾကသည္။ မိမိမဟုတ္လွ်င္ေတာင္ က်န္သူမ်ားကေတာ့ ေထာက္ခံၾကလိမ့္မည္ျဖစ္၍ ကိုယ္ယ္တိုင္ေတာ့ ဗီလိန္အျဖစ္မခံနိုင္ ဟူသည့္ အေတြးက လူတိုင္းတြင္ရွိေနခဲ့သည္။

ဒါဟာ ဉာဏ္အံ့ထူး၏ လုပ္သမွ် အရာမထင္ျဖစ္ရသည့္ အျဖစ္ကို ေလွာင္ရီေနသလိုပင္။
မိမိကိုယ့္ မိမိ ေခါင္းေဆာင္တစ္ေယာက္ဟုထင္ကာ အမ်ားၾကားမွ တစ္ေယာက္ဟုထင္ခဲ့ေသာ္လည္း တကယ္တမ္းတြင္ အမ်ားႏွင့္ တစ္ေယာက္ျဖစ္ေနခဲ့သည္။

ေနာက္ဆုံးေတာ့ သူဟာ ခြန္းယံအား အျပစ္မရွိအျပစ္ရွာ ဇာခ်ဲ့ၿပီး ယုတ္ညံ့စြာ ႀကံစည္ခဲ့သည္ ဟူသည့္ နာမည္သာ တြင္သြားခဲ့သည္။

စာ႐ြက္အားလုံးအား ေဒါသတႀကီး ေကာက္သိမ္းေနရင္း ဉာဏ္အံ့ထူး၏ အသက္ရႉသံတို႔မွာ ျပင္းထန္ေန၏။

အတန္းထဲရွိ လူတိုင္းသည္ ေကာက္ၿပီးသား စာ႐ြက္မ်ားအား လက္ထဲတြင္ လုံးေခ်လ်က္ ေျခလွမ္းက်ဲမ်ားျဖင့္ အျပင္ထြက္သြားသည့္ ဉာဏ္အံ့ထူးအား ၾကည့္ေန႐ုံသာ တတ္နိုင္ခဲ့ၾကသည္။

__________________


Continue Reading

You'll Also Like

35.3K 3.6K 200
နှစ်ပေါင်းများစွာ တစ်ဖက်သတ် ချစ်ခဲ့ရပြီးတဲ့နောက် ကံကြမ္မာက သူ့ကို မျက်နှာသာပေးနိုင်ပါ့မလား။ သူ့အဖြစ်က ငယ်သူငယ်ချင်းကိုမှ တည့်တည့်ကြီး ချစ်မိတဲ့ အဖြစ်...
45.2K 2.2K 34
အခ်စ္စစ္၏တည္ေနရာ- Season (4) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font အောက်မှာ Unicode f...
1.5M 191K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
171K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...