ဗျူဟာပိုင်အိမ်ရဲ့ ခြံဝင်းထဲကို သူတို့
ကားမောင်းဝင်လာချိန် ခြံထဲမှာ ဦး
ထင်ပိုင်နဲ့သူ့တပည့်တစ်ချို့ ရပ်နေ
သည်ကို ကားမှန်အထဲကနေမြင်နေရသည်။
ဒရိုင်ဘာက ရှေ့ကမောင်းနေပြီး သူ
နဲ့သူ့အဖေက အနောက်ကထိုင်နေ
သည်ပင်။ဦးကျော်မြင့်သူ ဘေးက
သူ့ကို ကြည့်လာချိန်ဆန်းဆက် သတိအနေအထားဖြင့် အသက်ရှူကြပ်သလိုတောင် ဖြစ်သွားရသည်။
"အခြေအနေ ဘယ်လိုရှိလဲအစ်ကို
။တရားခံမိပြီလား"
" အဲဒီကောင် ဒီမှာမရှိတော့ဘူးပြေးနေပြီ။အခုချိန်ထိုင်းနယ်စပ်ဘက်ကိုရောက်ပြီးအထဲဝင်ဖို့လုပ်နေလောက်ပြီ"
"ဒါဆိုရင် အစ်ကိုချက်ချင်းအနောက်
ကမလိုက်ဘူးလား ဟိုဘက်ရောက်
သွားရင်ပြန်မိဖို့လွယ်ပါ့မလား"
ဦးထင်ပိုင် သူ့အဖေနဲ့ရပ်ကာစကား
ပြောနေရင်း အကြည့်တို့ကသူ့ထံ
ရောက်လာပေမဲ့ ချက်ချင်းပင်ပြန်
သိမ်းသွားသည်။ အပြင်ဘက်က
တည်ငြိမ်နေပေမယ့် ဆန်းဆက်စိတ်ထဲ
ကြောက်ရွံ့မှုတို့က။
" အဲဒီကောင် အကြောက်အလန့်မရှိ
ငါ့ကိုဆက်သွယ်လာတယ်"
"ဘယ်လို"
"မျိုးဦးရဲ့ရုံးနံပါတ်တစ်ခုကိုပို့လာ
တာ။ဒီကောင် အဆက်အသွယ်တွေ
ကအစ သိနေတယ်"
"ဘာ..ဘာပို့လာတာလဲ ဦးထင်"
သူမေးလိုက်က ဦးထင်ပိုင်ကို ဖြစ်သော်လည်း ဦးထင်ပိုင်အနောက်
က ရပ်နေတဲ့တပည့်ထဲက ကိုမျိုးဦးကရှေ့ထွက်လာလျက်။
" ဗျူဟာကို အဲဒီလိုလုပ်ဖို့ ခိုင်းတဲ့လူ
ရှိလို့ သူလုပ်ရတာပါတဲ့။ သူ့ကိုလွှတ်ပေးမယ်ဆိုရင် ခိုင်းတဲ့သူကိုပြောပြမယ်
ဆိုပြီး ပို့လာတာ"
"ဗျာ"ဆိုတာ သူ့စိတ်ထဲကနေသာ အကြောက်အကန် ထွက်နိုင်တဲ့အသံပင်။
" ဒီကောင်သူ့ကိုကျွန်တော်တို့အလွယ်
လေးပြေးဖမ်းနိုင်တယ်ဆိုတာသိနေ
တာပဲ။ အစ်ကိုဘယ်လိုဆက်လုပ်မှာလဲ"
"သူအထဲဝင်လို့ရအောင် ညာနေတယ်
ဆိုရင်တောင် လောလောဆယ်တော့
လွှတ်ထားပေးလိုက်မယ်။ငါ့သားကို
တစ်ကယ်ပဲအဲ့ဒီလောက်ထိညှိုးနေတဲ့
သူရှိနေတာလားဆိုတာ အသေချာ
သိရမှဖြစ်မှာ။ဒီကောင်ပြန်ဆက်သွယ်
လာတာကိုစောင့်ရမယ်"
"မှန်တာပေါ့။ဟိုဘက်ရောက်သွား
ရင်လည်းအစ်ကို့လက်ထဲကနေ ဒီကောင်ပြေးလို့ မလွတ်ပါဘူး။ကျွန်တော့်တူ
ကိုဒီလောက်ထိရက်ရက်စက်စက် လုပ်
ခိုင်းတဲ့သူဘယ်သူလဲဆိုတာ သိရမှဖြစ်မယ်"
"မပြောတတ်ဘူး။ငါ့သားကလည်း အပြောအဆိုမတတ်တော့ "
ဦးထင်ပိုင်မှာအရင်ကနဲ့မတူအောင်
မျက်နှာတင်းလျက် ဗျူဟာပိုင် ဓားထိုး
ခံရပြီး ဆေးရုံရောက်သွားထဲက ခွဲ
စိတ်ပြီးအခြေအနေစိတ်ချရတာနဲ့
တရားခံကို အပြေးမြေလှန်ရှာနေသည်။
သူ ဒီလောက်ထိ မထင်ထားခဲ့သည့်
ဦးထင်ပိုင်ရဲ့ သားကို ချစ်သည့် အဖေ
တယောက်ရဲ့ ဇောကိုမြင်လိုက်ရတာပင်။
ဦးထင်ပိုင်စိတ်နဲ့ဆို ထွန်းမြတ်အမှုန့်ပင်
ကြေသွားနိုင်သည်။
တစ်ယောက်တည်းရှိတဲ့ သူ့သား
ဗျူဟာပိုင်ကို ဦးထင်ပိုင် ဒီလောက်
ထိ ချစ်တာပါလားဆိုတာ သူ အခုမှ မျက်မြင်ကိုယ်တွေ့ပင်။
-----------------------
" ဗျူဟာပိုင်ကိုထိုးသွားတဲ့ကောင်က
မင်းတို့အတန်းထဲကပဲမလား"
အိမ်အပြန်လမ်းမှာ သူ့အဖေ စကားစခြင်း။
"ဟုတ်တယ် အဖေ"
" မင်းရော အဲ့ဒီကောင်နဲ့သိနေလား"
" ကျွန်တော် လုံးဝမသိဘူး"
"ကောင်းတယ်။ခိုင်းတဲ့သူကိုပြော
ပြမယ်ဆိုတာ ဒီကောင်ဘာတွေကြံနေ
လဲမသိနိုင်ဘူး။မြွေပွေးလိုကောင်မျိုးပဲ။
ကိုယ်နဲ့မဆိုင်တာကို ဘာအမှုမှမပတ်စေနဲ့ ဆန်းဆက်။အဖေမင်းကို စိတ်မပျက်ချင်ဘူး။ရှင်းရှင်းလင်းလင်းလုပ် ကြားလား"
"ဟုတ်ကဲ့ အဖေ"
သူ့အဖေကိုမျက်နှာလွှဲကာ လက်သီး
ကိုဆုပ်ရင်းဆန်းဆက် တည်ငြိမ်ချင်
ဟန်မဆောင်နိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။
Studioအရှေ့မှာ သူ့ကိုချန်ထား
ပေးခဲ့ပြီး သူ့အဖေပါတဲ့ကား ထွက်
သွားတာနဲ့ ဆန်းဆက် အလျင်အမြန်ပင် လူအရိပ်အခြေကြည့်ပြီးဖုန်းကိုထုတ်လိုက်သည်။
သူ့ကို အကြိမ်ဖန်များစွာ ဆက်သွယ်
ထားတဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ချိန်။
" မင်းတို့ဘက်မှာလိုင်းမမိဘူးလား
သူငယ်ချင်း။အခုမှပြန်ဆက်လို့ရတာလား"
" မင်းပါးစပ်ကိုပိတ်ထား!!"
"ဟား မင်းလည်းဒေါသကြီးတတ်တာပဲလား။ဒါကမင်းရဲ့ ပုံစံအစစ်အမှန်ထင်
တယ် "
" သောက်ပိုတွေမပြောနေနဲ့။
မင်းငါ့ကိုဘာကိစ္စဆက်သွယ်နေတာ
လဲ။ဦးထင်ဆီကိုလည်း အကြောက်
အလန့်မရှိ ဆက်သွယ်နေတယ်။ဗျူဟာ
ပိုင်ကို မင်းလုပ်သွားတဲ့ကိစ္စ ငါ့ကိုဆွဲ
ထည့်ဖို့ ကြံစည်နေတာမလား ခွေးမျိုး"
သူ တစ်ခါမှ ဆဲရေးပြီးမထွက်ဘူးတာက ထွန်းမြတ်ကို အမှန်တကယ်ပင် လူချင်း
တွေ့လျှင် အသေသတ်ပစ်ချင်လောက်တဲ့အထိ။
" ဉာဏ်ကောင်းတဲ့ကောင်တွေက တစ်
ကယ် ကြောက်စရာပဲ။ သူငယ်ချင်းအချင်းချင်း ငါမင်းကို ဆွဲထည့်တယ်
လို့မပြောပါနဲ့လား။ မင်းစိတ်ထဲက
ဖြစ်စေချင်နေတဲ့ကိစ္စကို ငါက မင်း
ထုတ်မပြောနိုင်မှန်းသိလို့ အလိုက်သတိနဲ့ အကောင်အထည်ဖော်ပေးလိုက်တာ
လေ။ အဲဒါကြောင့်ပဲ မင်းငါ့ကို လက်သပ်မွေးထားတာမလား"
"ပါးစပ်ပိတ်ထား ခွေးသူတောင်းစား!!"
"ဟက်"
" မင်းလုပ်ချင်ရာကိုသာလုပ် ဦးထင်ကို
ညာပြီးပြောချင်ရင်လည်းပြော။မင်း
နဲ့ငါသိတာမှန်ပေမဲ့ ငါမင်းကိုမခိုင်းခဲ့
ဘူး အဲ့တာ အမှန်တရားပဲ"
" မွေးစားသားရဲ့ကလေးက သတ္တိတွေအရမ်းရှိနေပါလား။သူဌေးတွေကဘယ်လောက်ပဲ တူလိုသားလို ချစ်တယ်
ပြောပြော သူတို့သွေးသားကိုထိရင်တော့ မင်းတို့တစ်မိသားစုလုံးမြောင်းထဲ
သွားပြီပဲ။ငါ လုံခြုံတဲ့နေရာမှာပုန်း
နိုင်ဖို့ မင်းကိုခြိမ်းခြောက်ပြီး
ဆက်သွယ်နေပေမဲ့ မင်းသိလား
ဦးထင်ပိုင်ဘက်ကိုငါဘာသတင်းဘာ အဆက်အသွယ် မှမပို့ရသေးဘူး။မင်း
တို့မိသားစုတော့သွားပြီ။ဦးထင်ပိုင်
မင်းတို့ကို စပြီး သံသယဝင်နေပြီ"
"ဘာ!!!"
ကြောက်ရွံ့စိတ်ကြောင့် သူ့ အသံတွေ
ပါတုန်ရီမလို။ကြားလိုက်ရတာကို
မယုံနိုင်။ဒါဆို ဦးထင်က သူ့ကို
သံသယဝင်နေပြီး ထောင်ဖမ်းမလို့
လုပ်နေတာ..။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ဦးထင်က
သူ့ကိုဒီလောက်အရေးပေးတာ။ သူ
ဘာလုပ်မိလို့လဲ။တစ်ကယ် ဗျူဟာပိုင်
ကို သူလက်ဖျားနဲ့တောင်ထိဖို့ မခိုင်း
စေခဲ့ဖူးဘူး။
"သူဌေးတွေကို လျော့မတွက်နဲ့လို့
ငါမပြောခဲ့ဘူးလား။
မင်းကကိုယ့်နေရာကိုယ်သိမှပေါ့။
မင်းနဲ့ငါကအခုတစ်လှေထဲစီးနေတယ်
ဆိုတာလက်ခံလိုက်တော့။ငါလိုသ
လောက်ငွေကိုပို့ခဲ့ပေး ငါ့ဘက်က
တစ်သက်လုံးမမိအောင်ပုန်းနေပေး
မယ်။ငါမိသွားခဲ့ရင်တော့ မင်းတို့မိသားစုမြောင်းထဲရောက်မှာကိုကြိုတင်တွေးပြီး အမျှဝေ ထားလိုက်။ ငါမင်းကိုမရက်စက်ချင်ပါဘူး ပူးပေါင်းမယ်လို့ မျှော်လင့်တယ် ငါ့သူငယ်ချင်းကောင်းလေး ဟား"
ကျသွားတဲ့ဖုန်းscreenကို ကြည့်နေရင်း ဆန်းဆက် တစ်ခဏအကြာ ဒေါသစိတ်ကြောင့် ဘေးကနံရံကိုအချက်များစွာ ထိုးလိုက်သည်။
သူမလုပ်ပဲနဲ့ သူ့ကိုသံသယဝင်နေတယ်တဲ့လား။ဦးထင်ကို သူတို့ရဲ့မိသားစုလိုပဲတွေးထားခဲ့တာ။ဦးထင်ကသူ့ကို သားတစ်ယောက်လို ချစ်တယ်လို့ထင်ထားတာ။
သွေးက စကားပြောတယ်ဆိုတာ
အမှန်ပဲကို။
ထွန်းမြတ်ကို ကာကွယ်ပေးရုံမှအပ သူ့မှာရွေးစရာလမ်းမရှိတော့။ညီအစ်ကို သံယောဇဉ်က သူ့မှာလည်းရှိပါတယ်။
အစ်ကိုတစ်ယောက်လုံးကို လုပ်သွား
တဲ့သူနဲ့ပူးပေါင်းရတာ သူ့ကိုယ်သူ
လည်းမသတီဘူး။မြွေးပွေးကို ခါးပိုက်
ပိုက်ထားမိမှတော့ သူတို့မိသားစု
သူ့ကြောင့်မပြိုလဲအောင် ရှေ့ဆက်ရုံပဲရှိတော့တယ်။
ဦးငယ်အတွက်တရားသောနည်းနဲ့
ကလဲ့စားချေဖို့လုပ်ထားတာကိုလည်း
လမ်းတစ်ဝက်မှာသူ မပျက်ကျန်နိုင်
ဘူး။ပိုပြီးတော့တောင်မြန်မှရတော့မယ်။
ဆောရီးပဲဗျူဟာပိုင်။မင်းအမေ
မကောင်းလို့ သားဖြစ်တဲ့ မင်းခံရ
တယ်ပဲမှတ်လိုက်။
--------------------------
ဆေးရုံအခန်းတံခါးကို နေစင်ဟန်
အသံမထွက်အောင်ဖြေးညှင်းစွာဖွင့်ကာ အထဲဝင်လာချိန် ဒီရက်ပိုင်းအတွင်း
မြင်နေကျအတိုင်းပင်ကုတင်ဘေး
မှာ ထိုင်နေတဲ့ ဗျူဟာပိုင်
အမေနဲ့ ဘုန်းပြည့်ကို တွေ့လိုက်ရသည်။
ဘုန်းပြည့်က တခါတယံပင်မဲ့ ဗျူဟာ
ပိုင် အမေကတော့ သူ့သားအနားက
နေ တစ်ဖဝါးမှကိုမခွာတာ ဗျူဟာပိုင်
သတိမရလာသေးသည့် လေးရက်မြောက်နေ့အထိပင် ။
"အန်တီအတ္တကြီးခဲ့တာ အကုန်လုံး
က အန်တီ့အမှားတွေပဲ။သားကိုအရာရာပြီးပြည့်စုံနေတဲ့ဘဝမှာထားမယ်ဆိုပြီးကိုယ့်အတ္တနဲ့ကိုယ်ပူလောင်နေခဲ့သမျှ တစ်ကယ်တမ်းတော့ ဒီကလေးကအန်တီ့ကြောင့်ပဲ"
နစ်ဝင်သွားသည့် ဒေါ်ခိုင်နီလာရဲ့
အသံ။ဘုန်းပြည့်က ဘေးမှာမျက်နှာမကောင်းပဲ ဒေါ်ခိုင်နီလာကတော့ မျက်ရည်ကျနေပြန်ပြီဆိုတာ အသိသာ။
ခိုးနားထောင်နေသလို ဖြစ်နေမလား
မသိပေမယ့် ဗျူဟာပိုင်အကြောင်း
ကို ပိုသိချင်တာမလို့ သူခြေလှမ်း
တွေမခွာမိ။
ဒီအမေနဲ့သားက ဘာဖြစ်လို့ အဲဒီ
လောက်ထိ တစ်ယောက်ကိုတစ်
ယောက်ချစ်ကြလည်းဆိုတာ...။
"မိစုံဖစုံနဲ့ နေနေရပေမယ့် အိမ်ထောင်ရေး အဆင်မပြေတဲ့မိဘတွေကြားမှာ ဒီ
ကလေးရခဲ့တဲ့စိတ်အနာတရတွေကို
အန်တီ မမြင်နိုင်ခဲ့ဘူး။အန်တီ့ကိုတာ
ဝန်အရအိမ်ထောင်ဘက်အဖြစ်အပေါ်ယံဂရုစိုက်မှုတွေပေးနေတဲ့သူ့အဖေကို
အမြဲငေးနေတတ်တဲ့ကလေးကိုအန်တီ
လစ်လျူရှုထားခဲ့တာ။ အမြဲတမ်း နိုင်ငံ ပေါင်းစုံ ခရီးထွက်ပြီး အဲဒီလူကို ရှာဖွေနေတဲ့အဖေ ဖြစ်တဲ့သူကိုသိနေတဲ့ ကလေးကို အန်တီလစ်လျူရှုထားခဲ့တာ။
အန်တီ တစ်ကိုယ်ကောင်းဆန်ခဲ့တယ် သားတစ်ကယ်လိုချင်တဲ့အရာက
ဘာလဲဆိုတာ အန်တီလုံးဝမမြင်နိုင်ခဲ့ဘူး"
"ဗျူဟာ ငယ်ငယ်တုန်းက ဆေးရုံ
တက်ရကတည်းက သိခဲ့တာလား
အန်တီ။ကျွန်တော် သိထားတာက သူအသက်ကြီးလာမှ"
" အဲဒီအချိန်ထဲကသိတာ။ဆေးရုံမှာ
ရှော့ရပြီး အသည်းအသန်ဖြစ်
သွားတာကလည်း အဲ့တာကြောင့်ပဲ။
သားသိသွားအောင် ဘယ်သူတွေ ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာလည်း
သားဘုန်းသိလား"
"ဘယ်သူတွေလဲ အန်တီ"
ဘုန်းပြည့်မေးလိုက်သည်ကို ဒေါ်ခိုင်နီလာ
က တခဏအကြာမှ ရှိုက်သံဖြင့်။
" အန်တီအကုန်လုံးကို အရှုံးပေးလိုက်
ပြီ။သူတို့နိုင်ပါတယ်။သူတို့အနိုင်ရတယ်။သားငယ်ငယ်တုန်းကဆေးရုံမတက်
ရခင်စိုးယုမော်ရဲ့မောင် အိမ်ပြန်ရောက်
နေတဲ့အချိန်ကလေသူ့အဖေကအန်တီ
မသိအောင်ဆန်းဆက်နဲ့ဂိမ်းဆော့ဖို့ဆိုပြီး သားကိုစိုးယုမော်တို့အိမ် ခဏခဏ
ခေါ်သွားခဲ့တယ်။တစ်ကယ်တော့ အဲ့ဒီ
လူရှိနေလို့ပဲ။သူတို့စိတ်ကတော့ မိသားစု
တွေကြားမှာမိတ်ဆွေတွေလို
တွေ့ကြတာပေါ့။ အဖေဖြစ်တဲ့သူက
လည်းသူ့သားဘာမှမသိဘူးဆိုပြီး
ကလေးကို အဲဒီမိသားစုကြားမှာ
ထားခဲ့တာ။သားက အဲ့ဒီလူနဲ့ဘယ်
လောက်ထိရင်းနှီးသွားခဲ့လည်းတော့
အန်တီမသိဘူး။အဲ့ဒီလူကလည်း
ဒီလုပ်ရပ်ထဲပါမပါအန်တီ မသိပေမဲ့
စိုးယုမော်တို့မိသားစုကတော့ ဘာမှ
မသိတဲ့ ကလေးကို အသုံးချပြီး
ကလေးစိတ်ဒဏ်ရာရအောင် ရည်ရွယ်
ချက်ရှိရှိလုပ်ခဲ့ကြတာ"
"အန်တီနီလာ"
ဒေါခိုင်နီလာ ရင်ဘတ်ကိုဖိပြီး အမော
ဖောက်သလို ဖြစ်သွားသောကြောင့်
ဘုန်းပြည့်က စိတ်ပူသွားပေမဲ့ ဒေါ်ခိုင်နီလာက ဗျူဟာပိုင်ကိုငေးနေရင်းပင်။
" အမှန်ဆိုရင် သားသိသွားတဲ့အချိန်ထဲကအန်တီသားနဲ့ နှစ်ယောက်တည်း အဲဒီမိသားစုကနေ ထွက်ခဲ့သင့်တာ။
ထွက်ကိုထွက်လာသင့်တာ။အကုန်
အန်တီ့အမှားတွေပဲ။ သူတို့တွေကို အနိုင်
ရလိုစိတ်နဲ့ သားကိုသူ့အဖေအနားမှာ
ဘာမှမသိသလို ဆက်နေခိုင်းခဲ့တယ် ။
မပြသင့်တဲ့အိမ်ထောင်ရေးအဆင်
မပြေမှုတွေသားကိုပြခဲ့တယ်။အဲ့ဒီ
မိသားစုကိုမခံချင်စိတ်နဲ့သူ့အဖေကို
အန်တီတို့ဆီကမထွက်သွားအောင်
အန်တီတို့က ပျော်ရွှင်နေတဲ့မိသားစု
အဖြစ်နေခိုင်းခဲ့တယ်။ သူ့အဖေ
အကြောင်းကို အားလုံးသိသွားတဲ့ ဒီ
ကလေးကိုမှ ၊တာဝန်အရအန်တီတို့
အနားမှာသူ့အဖေရှိနေတယ်ဆိုတာ
ခံစားနေခဲ့ရတဲ့ဒီကလေးကိုမှလေ။
အန်တီကတစ်ကယ်မကောင်းတဲ့
အမေ။သား ဒီလိုဖြစ်ရတာအန်တီ့ကြောင့်။ အဲဒီအရွယ်လေးနဲ့ကလေးက အဖေနဲ့
အမေကြားမှာ ဘယ်လောက်ထိ စိတ်
ဒဏ်ရာရခဲ့လိုက်မလဲ။အန်တီက တစ်ကယ် ဆိုးရွားတဲ့အမေ အားလုံးအန်တီ့ကြောင့် သားဒီလိုဖြစ်ရတာ"
"အန်တီနီလာ စိတ်ကိုထိန်းပါ။
ဖြစ်ပြီးသွားသမျှ ဘာမှမတတ်နိုင်
တော့ပေမဲ့ ဗျူဟာနိုးလာတဲ့အခါ သူ
ဘယ်လိုဖြစ်ချင်လဲ မိဘတွေကိုအတူ
ရှိစေချင်လားဆိုတာ အန်တီအရင်ဆုံး
ပွင့်ပွင့်လင်းလင်းမေးသင့်တယ်။
အန်တီ့သားအပေါ်အားနာစိတ်ရှိရင်
မေးကိုမေးရမယ်။ အဲ့ဒါလေးတစ်ခုပဲ"
"သားဘုန်းပြောတာ မှန်ပါတယ်
မှန်တယ်။အန်တီကိုယ်တိုင်ကအမှားကြီး
မှားခဲ့တာ။သားရဲ့စိတ်ဆန္ဒကိုအန်တီ
မကြည့်ခဲ့ဘဲ သားအတွက်ဆိုပြီး ဒီ
မိသားစုထဲမှာသူ့အဖေမျက်နှာကို
ကြည့်ပြီးနေခိုင်းခဲ့မိတယ်"
"စိတ်ကိုထိန်းပါ အန်တီ ဘာမှဖြစ်လို့
မရဘူး။ဗျူဟာပိုင် ဘယ်သူ့ကိုအလို
အပ်ဆုံးလဲဆိုတာအန်တီနီလာ အသိ
ဆုံးမလား"
ဗျူဟာပိုင်ကို ကြည့်နေရင်း စိတ်
မထိန်းနိုင်တော့ပဲ ထပ်ခါ ငိုကြွေးနေတဲ့
ဒေါ်ခိုင်နီလာကိုဘုန်းပြည့်ဘေးကနေ
ကူထိန်းပေးနေတာပင်။
ဗျူဟာပိုင်ကို ခြုံထားပေးတဲ့စောင်ကို
ဒေါ်ခိုင်နီလာမှာ ရင်ဘတ်အထိပိုရောက်အောင်အသာအယာ ခြုံပေးပြီး သူ့သားအနားပို၍မျက်နှာကပ်လျက်။
"မေမေ့သားလေး နိုးလာရင်လေ
မေမေနဲ့သား ဘယ်သူမှမရှိတဲ့နေရာမှာ
နှစ်ယောက်ထဲသွားနေမယ်။သားသားနဲ့မေမေ နှစ်ယောက်ထဲပဲ။မေမေ့ကို
စိတ်မဆိုးနေနဲ့တော့နော်ကလေး ။
သားနိုးလာရင် မေမေနဲ့သား နှစ်ယောက်တည်းပဲ ဒီကနေအဝေးကြီးမှာပျော်ပျော်
ရွှင်ရွှင်နေသွားကြမယ်။သားသားက
မေမေ့ကိုစိတ်ဆိုးပြေရင်နိုးလာတော့
နော်။သိပ်အကြာကြီးအိပ်နေတာ မကောင်းဘူး လေကလေးရဲ့"
မျက်လုံးတွေမှိတ်ပြီးသတိမေ့နေတဲ့
ဗျူဟာပိုင်ရင်ဘတ်ပေါ်မှာမျက်နှာ
အပ်ပြီး သူ့အမေရဲ့ သားပျောက်တဲ့မိခင်အသိစိတ်မကပ်နေသလို တစ်ဖွဖွပြော
နေသံနောက်မှာ ဘုန်းပြည့်က ဆက်မ
ကြည့်နိုင်သလို မျက်နှာလွှဲလိုက်သည်။
သူကိုယ်တိုင်လည်း နံရံမှာခန္ဓာကိုယ်ကိုပို၍ကပ်လိုက်မိပြီး ကိုယ့်ကိုကိုယ်
သတိထားမိချိန် မျက်ရည်တွေကျဆင်းနေသည်မှာ...။
လက်သီးကိုခပ်တင်းတင်းဆုပ်ကာ
ပင် ခြေသံဖွဖွဖြင့် အခန်းထဲကနေ အလျင်အမြန်ထွက်ခဲ့ရတော့သည်။
------------
အခန်းထဲကနေ တံခါးဖွင့်ပြီး အထွက်
ထိပ်တိုက်တွေ့သည်မှာ လက်ထဲတွင် သစ်သီးခြင်းနှင့်လူနာလာကြည့်သည့်
ဝတ်ရည်ဦး။
နှစ်ယောက်လုံး စကားစပြောဖို့အတွက်က အချိန်တစ်ခု ယူလိုက်ရသည်ပင်။
"အန်တီ အခု အဆင်မပြေနေလို့ မဝင်
ကြည့်နဲ့အုံး။ ငါတို့စကားခဏလောက်
ပြောလို့ရမလား"
ဝတ်ရည်က ခေါင်းညိတ်ပြချိန်သူ
အရှေ့ကနေထွက်လာခဲ့လိုက်သည်။
"ဝတ်ရည်ဦး ငါ တောင်းပန်တယ်။ဒူးထောက်ပြီးတောင်းပန်ဆိုရင်လည်း တောင်းပန်မယ်။ဆန်းဆက်ကိုမေ့ပြီး
နင့်ကိုလိုအပ်နေတဲ့ တစ်ကယ်မြတ်နိုးတဲ့ဗျူဟာပိုင်ကို ဘဝလက်တွဲဖော်အဖြစ် စဉ်းစားပေးပါ။ မဟုတ်ဘူး ။လက်ခံပေး ဗျူဟာကိုနင်ချက်ချင်းလက်ခံပေးရမယ်"
ဆေးရုံထောင့်တစ်နေရာ နှစ်ယောက်ထဲစကားပြောဖို့ လူရှင်းသည့်နေရာရောက်သည်နှင့် ဝတ်ရည်ဦးကိုသူ တောင်းတောင်းပန်ပန်ပြောမိခြင်း။
ဝတ်ရည်ကသူ့ကို အချိန်တစ်ခဏကြာ
သည်အထိ ငေးလို့သာနေသည်။
"နင်မှားနေပြီ နေစင်"
အေးဆေးစွာဖြင့်ပြောလာသည့်ဝတ်ရည်။
" ဗျူဟာငါ့ကို ဘယ်တုန်းကမှ
မချစ်ခဲ့သလို လိုလည်းမလိုအပ်ဘူး။
အဲဒါကို သူကိုယ်တိုင်သိသလို ငါသိနေ
တယ်ဆိုတာကိုလည်းသူနားလည်ပြီး
သား။သူငါ့ကို လက်တွဲဖော်အဖြစ်
အသည်းအသန် လိုချင်နေတာက အကြောင်းပြချက် တစ်ခုတည်းကြောင့်ပဲ"
ဝတ်ရည်နှုတ်ခမ်းတို့အသာပြုံးလျက်။
"ငါ့အမေရဲ့သူငယ်ချင်းသူ့အမေက
ငါ့ကို ငယ်ငယ်လေးထဲက သမီးလို
ချစ်တော့ ချွေးမအဖြစ် သဘောကျပြီးလိုချင်လို့လေ"
"ဘာ"
" အမေကိုချစ်တဲ့သားတွေ ငါလည်း
တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဗျူဟာပိုင်
ကတော့ အဆိုးဆုံးပဲ။ ဒါတောင်သူ့
အမေက မားမားဘွိုင်းသူများအမေ
တွေလို အတင်းအကြပ် ခိုင်းစေတာမျိုးထိန်းချုပ်တာမျိုးဘာတစ်ခုမှမရှိဘူးနော်"
သူကြောင်အသလိုဖြစ်နေသည်ကို
ဝတ်ရည်က နားလည်ဟန်နှင့်ပင်။
" ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် သူ့ကို သူ့
အမေက သားအမေကတော့ ဒါလေးသဘောကျတယ် ဒီလိုမျိုးလေးဖြစ်စေချင်တယ် တစ်ခွန်းပဲပြောလိုက် သူအကုန်
လိုက်လုပ်ပေးတယ်။အခုချိန်ထိ ဗျူဟာ
ပိုင် သူအမေ ပြောတဲ့စကား ကိုငြင်း
ဆန်တာမျိုး ငါတစ်ခါမှမမြင်ဖူးဘူး။
သူ့အမေက သွားဆိုရင်သွား ထိုင်ဆို
ရင်ထိုင် လုံးဝတစ်ခွန်းပဲ။ အန်တီကသဘောကောင်းပါတယ် ။သူ့အမေ
က သူ့ကို ပုံစံသွင်းထားတာ မဟုတ်
ဘဲနဲ့ကို ဗျူဟာပိုင်က အဲဒီလိုသူ့အမေတစ်မျက်နှာတစ် ကမ္ဘာနဲ့အမေချစ်သား
ဖြစ်နေတာ။အလွန်ဆုံးပြောပြရရင်
သူ့အမေက သူ့သားရှေ့မှာတစ်ခုခုကို သူသဘောကျတဲ့ အရိပ်အယောင်ပြလိုက်ရုံပဲ အဲဒါကချက်ချင်း ဗျူဟာပိုင်သဘော
ကျတာ ဖြစ်သွားတယ်"
ခေါင်းထဲမှာ ခံစားချက်တွေ ရောထွေးနေသလိုမျိုးဘာကိုမှ မစဉ်းစားနိုင်တော့
အောင်ပင်။
"နင်ဆိုရင်ရော နင့်ကို အဲဒီလို သူ့အမေသဘောကျနေလို့ လိုချင်နေတဲ့သူကို
ပြန်ပြီးကြိုက်နိုင်မလား စဉ်းစား။နင့်
လူကိုက မကောင်းနေတာလေ။အဲဒါ
ကြောင့် အဲ့ဒီကောင်ကိုငါ ဒီတစ်သက်
လုံးပြန်မကြိုက်နိုင်တာ"
မခံချင်သည့်မျက်နှာဖြစ်နေပေမဲ့
ဝတ်ရည်က ချက်ချင်းပင်အပြုံးနုနုတို့နှင့်။
" ဒါပေမဲ့ သေချာတာတစ်ခုက
တော့ ဗျူဟာက ငါ့အတွက်လုံးဝ
သူငယ်ချင်းကောင်း။သူ အပြောဆိုး
ရင်သာဆိုးမယ် လုပ်ချင်ရာလုပ်ရင်
သာလုပ်မယ် တကယ်တမ်း လိုအပ်
လာရင်ဘာမဆို အကူအညီပေးရဖို့ ဝန်မလေးတတ်ဘူး။စိတ်လေးကလည်း
တကယ်ပေါင်းကြည့်ရင် ကလေးစိတ်လို
ဖြစ်နေတာ။အမြဲငါ့သဘောမပါပဲ သူ့
ဘာသာပြောချင်ရာငါ့ လုပ်ချင်ရာ
လုပ်တတ်ပေမဲ့ တစ်ကယ့်စိတ်ရင်း
လေးကတော့ကောင်းရှာပါတယ်။ဒါကလည်း သူငါ့ကိုမချစ်လို့ပဲနေမှာ သူ တစ်ကယ်ချစ်တဲ့သူနဲ့တွေ့ရင် အဲဒီကောင်
ဘယ်လိုပုံစံ ဖြစ်နေမလဲ ငါတစ်ကယ်
သိချင်မိသား။အဲ့ဒီကောင်ကဒီလိုမျိုး
ဆေးရုံကုတင်ပေါ်မှာ မလိုက်မ
ဖက် လှဲနေရမယ့်သူမှမဟုတ်တာ"
မျက်နှာမကောင်းဖြစ်သွားသည့်
ဝတ်ရည်မှာ ဗျူဟာပိုင်ကို အမှန်
တကယ်ပင်စိတ်ပူနေပြီး သူငယ်ချင်းသံယောဇဥ်ရှိသည်ဆိုသည်မှာအထင်းသား။
"ငါ ငါတောင်းပန်ပါတယ် ဝတ်ရည်"
နှစ်ယောက်လုံး အကြည့်ချင်းဆုံနေချိန် အားတင်း၍ပင်။
"အရာအားလုံးအတွက်"
"မလိုဘူး နင်တောင်းပန်တာကိုခံရ
လောက်တဲ့အထိငါကလည်း ထိုက်တန်
နေတဲ့သူမဟုတ်ဘူး။ငါ ငါသူ့ကိုတားတော့
မယ်။ရပ်လိုက်တော့ဖို့နင့်ကိုလည်းငါ အကြံပေးချင်တယ်။....ဗျူဟာပိုင်
အတွက်လိုမျိုးနင့်ကို ဒုတိယ
ဝတ်ရည်ဦး မဖြစ်စေချင်လို့"
မျက်နှာပျက်နေသည်မှာ ဝတ်ရည်ဦး
ဆိုတဲ့ ကောင်မလေးကလည်း မ
ကောင်းတာကို လုပ်ဖို့ မတွေ့အကြုံမရှိ သည်မှာအသိသာ။
ပြောသွားတဲ့စကားကို နားလည်ချိန်
ပင်မပေးဘဲ စကားစပြတ်၍
လှည့်ထွက်မလို့လုပ်ပြီးမှပြန်ကြည့်လာလျက်။
" ဗျူဟာကလေ ငယ်ငယ်ထဲက
ဒီလောက်သင်တန်းတွေတက်ထားတာ
လူတစ်ယောက်နဲ့ ဓားတစ်ချောင်း
လောက်ကတော့ဘယ်လောက်ပဲပတ်ရမ်း
နေပါစေသူအေးအေးဆေးဆေးထိန်း
ချုပ်နိုင်တယ်။နင့်ကိုထိုးမလား သူ့ကို
ထိုးမလား။အဲ့ဒီဓါးကို စိတ်ချလက်ချ
နဲ့ကို ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်ပြီး သွားအထိုးခံလိုက်တာပဲ ။သိတယ်
မလား လူတွေက အချုပ်အနှောင်ထဲ
ရောက်သွားရင် သူလုပ်နိုင်တာတောင်
ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတော့ပဲ
သူတို့ကာကွယ်ချင်တဲ့သူမထိရင်
ပြီးရောဆိုတဲ့အထိ"
ဝတ်ရည်ကသူ့ကို ငေးလျက်။
" နင်က ဗျူဟာအတွက် အရေးပါတဲ့ပုံပဲ။ အဲဒီကောင်က ဒီလိုပုံစံ ဒီလိုအချိုးမျိုး ပထမဆုံးပဲ"
ဝတ်ရည် သူနဲ့ ဝေးကွာတဲ့နေရာကို
ရောက်သွားတဲ့အချိန်ထိသူကတော့ ခြေလှမ်းတွေ မရွေ့နိုင်ဘဲ ရှိနေဆဲပင်။
သူ့အမေ ကဝတ်ရည်ကို ချွေးမအဖြစ် သဘောကျလို့တဲ့လား။မင်းက တကယ်မကောင်းတဲ့ကောင်ပဲ ဗျူဟာပိုင်။
ဒီလိုမကောင်းတဲ့ကောင်ဖြစ်ရတဲ့
အကြောင်းအရင်း ကို သူသိနေ
တော့လည်း ပိုဆိုးသည်။
သူ အခုဘယ်လိုဆက်လုပ်ရမှာလဲ။
ဗျူဟာပိုင်ကဝတ်ရည်ဦးကို အမှန်
တကယ် လိုချင်တာမဟုတ်ဘူးတဲ့။
ဗျူဟာဆက်မလုပ်ခိုင်းတာတောင်သူ ရှေ့ဆက်ခဲ့တာက ဗျူဟာပိုင်ကို အနိုင်
ရစေချင်လို့ပဲ။ဆန်းဆက်ကိုသူ အမှန်တကယ် မေတ္တာရှိသွားတာက ပြောင်း
လဲလို့မရတဲ့အရာ။ ဒါပေမဲ့
ကောင်မလေးတယောက် လက်ထဲကနေ လုယူတဲ့အထိတော့ စိတ်ဓါတ်မညံ့ဘူး။ ဗျူဟာပိုင်ကိုနိုင်စေချင်တယ်။ ဘယ်သူ့အပေါ်ကိုမဆို။ဒါက ဗျူဟာပိုင်ကို တစ်လောကလုံးကိုအနိုင်ရသလိုခံစားစေ
နိုင်ရင်သူ ဘာမဆိုလုပ်ပေးနိုင်တယ်။သူ့ ကျေးဇူးရှင်အတွက်။သူ့ သူငယ်ချင်းအတွက်။
ဗျူဟာ ဆေးသုံးတယ်ဆိုပြီး ခေါ်သွား
ခံရတဲ့အချိန်က ဘုန်းပြည့်သူ့ကိုခေါ်ပြီး စကားပြောခဲ့တယ်။ ပြောပြခဲ့တယ်။သူလူမှားခဲ့တဲ့ အဲဒီနေ့က သူ့ဆီရောက်လာတာ ဘယ်သူလဲဆိုတာ ဗျူဟာပိုင်မိသားစုရဲ့ချို့ယွင်းချက်တွေကဘာလဲဆိုတာ အကုန်လုံး။... အကုန်လုံးကိုပေါ့။
-----------------------------
ဆေးရုံအခန်းတံခါးကို ဖြည်းဖြည်း
ချင်းအသံမထွက်အောင် ဖွင့်လိုက်ပြီး
နောက် ခြေသံမထွက်အောင် လူ
တစ်ယောက်က ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်း နှင့်လှဲနေတဲ့သူအနားသို့
လှမ်းလာသည်။
ကုတင်အနားမှာ သူခြေစုံချပြီး
မတ်တပ်ရပ်လိုက်ချိန် မျက်လုံးတွေ
မှိတ်ထားတဲ့သူကလည်း....။
သူ့ကိုတွေ့လိုက်ချိန် အံ့ဩဟန်မပြတဲ့ ဗျူဟာကို ဆန်းဆက် ပုံမှန်ဆိုရင် ဟန်ဆောင်ပြီး ပြုံးပြမိမှာ ဖြစ်
ပေမယ့် အခုသူ့ စိတ်အခြေအနေက။
"မင်းမနေ့ထဲကသတိရလာပြီဆိုလို့
လာကြည့်တာ။အစ်ကို တစ်ယောက်
လုံး ဓါးထိုးခံရပြီး ဆေးရုံရောက်နေ
လို့ ညီဖြစ်သူက လာကြည့်တာ
တောင် လာလစ်တဲ့အချိန်ဘယ်သူမှ
မတွေ့အောင် ခိုးကြောင်ခိုးဝှက်လာရတယ်ဆိုတာ အဓိပ္ပါယ်ရှိလား"
" ပြောစရာရှိတာကိုပြော"
"ဝန်ခံလိုက်"
ဆန်းဆက်ရဲ့ ပြတ်သားလှတဲ့စကားသံ။
" နေစင်ဟန်ကို မင်းကြိုက်နေတယ်
မလား။ ငါ့ကိုဂေးဖြစ်စေချင်လို့ အကြံ
တွေဘာတွေတောင်ထုတ်ပြီးယုတ်ခဲ့
သမျှ အခုမင်းကိုယ်တိုင်ကဝဋ်လည်
နေပြီဆိုတာ မင်းအဖေရဲ့သွေးက မင်း
ကိုယ်ထဲမှာ အပြည့်ပဲဆိုတာ မင်းပါးစပ်
ကနေ ဝန်ခံလိုက် ။ငါ့အစ်ကို ဆိုတော့
အဲဒီလောက်ထိ မရက်စက်ပါဘူး။ တလောကလုံးမလိုဘူး ဒီအတိုင်းမင်းရဲ့
သရုပ်အမှန်ကိုလူတွေမသိအောင်
ကြိတ်ပုန်းပြီး နေလို့လည်းရတယ်။
တစ်ယောက်ဆိုရင်ရပြီ ငါလိုချင်တာ
ကတစ်ယောက်ထဲ"
နှုတ်ခမ်းကွေး၍ ပြုံးလိုက်ရင်းဆေး
ရုံ ကုတင်ပေါ် လှဲနေတဲ့ ဗျူဟာကို
ငုံ့ကြည့်လျက်။
"မင်း ရဲ့ ချစ် လှ စွာ သော မာ တာ မိ ခင်"
ဗျူဟာပိုင်မျက်နှာမှာ ပျက်ယွင်းသွားပြီး ဆေးသွင်းထားတဲ့လက်ကလှုပ်လာပေမဲ့ မျက်နှာက သူ့ကိုအခုချက်ချင်းထသတ်
ချင်လောက်တဲ့ပုံ ဖြစ်နေပေမယ့် လူက ဆေးရုံကုတင်ပေါ်ကနေ တစ်စက်လေး
မှမရွေ့နိုင်။
"နေစင်ဟန်ကို တစ်ဘဝလုံးစာ တာဝန်ယူပေးမယ်။ ငါ့ဘက်ကိုတော့ စိတ်ချထားလိုက်။ဒီတစ်ခါ နောက်ဆုံးပဲ မင်းနဲ့ငါ
ဘာအကန့်မှမရှိတော့ဘူး။ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းသိမှာပါ "
သူ့ကို မျက်လုံးတွေရဲကာ စိုက်ကြည့်
လာသည့် ဗျူဟာပိုင်မှာ ငြိမ်ကျသွားပြီး ဘယ်တော့မှ မာန်မချသည့်ကောင်မှာ
ဟန်မဆောင်နိုင်စွာ သောကပင်လယ်
ဝေနေသည့်ပုံကိုမြင်လိုက်ရတာနဲ့တင်ကို။
" မင်းကအဲဒီလိုပုံစံ ဖြစ်နေတော့ ငါကပဲအရမ်းမကောင်းတဲ့သူဖြစ်သွားရသလို
ပဲ။ငါမင်းကို မတရားတာလုပ်ထားတာ
ဘာတစ်ခုမှမရှိဘူး။ မမေ့နဲ့ မင်းစိုက်ပျိုး
တာကိုမင်း ပြန်ပြီးရိတ်သိမ်းရတာ
အကုန်လုံးက မင်းအပြစ်နဲ့ မင်းဝဋ်နဲ့မင်းပဲ"
ခြေလှမ်းကြဲတွေနဲ့ဆေးရုံအခန်းထဲက
နေ ဆန်းဆက်ပြန်ထွက်လာချိန် သဘော
ကျနှစ်ခြိုက်စွာဖြင့် အလှဆုံးအပြုံးတစ်ခု
ဖြစ်တည်လျက်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Note:ကောင်လေးတွေကဇာတ်သိမ်းတော့မှာပါ။updateကြာသွားတဲ့အတွက်ကိုယ့်လူတွေကိုအားနာရပါတယ်နော်။ဇာတ်သိမ်းပြီးမှပဲဒီficအတွက်ပြောစရာရှိတာတွေကိုပြောပါတော့မယ်။
ဗ်ဴဟာပိုင္အိမ္ရဲ႕ ျခံဝင္းထဲကို သူတို႔
ကားေမာင္းဝင္လာခ်ိန္ ျခံထဲမွာ ဦး
ထင္ပိုင္နဲ႔သူ႕တပည့္တစ္ခ်ိဳ႕ ရပ္ေန
သည္ကို ကားမွန္အထဲကေနျမင္ေနရသည္။
ဒ႐ိုင္ဘာက ေ႐ွ႕ကေမာင္းေနၿပီး သူ
နဲ႔သူ႕အေဖက အေနာက္ကထိုင္ေန
သည္ပင္။ဦးေက်ာ္ျမင့္သူ ေဘးက
သူ႕ကို ၾကည့္လာခ်ိန္ဆန္းဆက္ သတိအေနအထားျဖင့္ အသက္႐ွဴၾကပ္သလိုေတာင္ ျဖစ္သြားရသည္။
"အေျခအေန ဘယ္လို႐ွိလဲအစ္ကို
။တရားခံမိၿပီလား"
" အဲဒီေကာင္ ဒီမွာမ႐ွိေတာ့ဘူးေျပးေနၿပီ။အခုခ်ိန္ထိုင္းနယ္စပ္ဘက္ကိုေရာက္ၿပီးအထဲဝင္ဖို႔လုပ္ေနေလာက္ၿပီ"
"ဒါဆိုရင္ အစ္ကိုခ်က္ခ်င္းအေနာက္
ကမလိုက္ဘူးလား ဟိုဘက္ေရာက္
သြားရင္ျပန္မိဖို႔လြယ္ပါ့မလား"
ဦးထင္ပိုင္ သူ႕အေဖနဲ႔ရပ္ကာစကား
ေျပာေနရင္း အၾကည့္တို႔ကသူ႕ထံ
ေရာက္လာေပမဲ့ ခ်က္ခ်င္းပင္ျပန္
သိမ္းသြားသည္။ အျပင္ဘက္က
တည္ၿငိမ္ေနေပမယ့္ ဆန္းဆက္စိတ္ထဲ
ေၾကာက္႐ြံ႕မႈတို႔က။
" အဲဒီေကာင္ အေၾကာက္အလန္႔မ႐ွိ
ငါ့ကိုဆက္သြယ္လာတယ္"
"ဘယ္လို"
"မ်ိဳးဦးရဲ႕႐ုံးနံပါတ္တစ္ခုကိုပို႔လာ
တာ။ဒီေကာင္ အဆက္အသြယ္ေတြ
ကအစ သိေနတယ္"
"ဘာ..ဘာပို႔လာတာလဲ ဦးထင္"
သူေမးလိုက္က ဦးထင္ပိုင္ကို ျဖစ္ေသာ္လည္း ဦးထင္ပိုင္အေနာက္
က ရပ္ေနတဲ့တပည့္ထဲက ကိုမ်ိဳးဦးကေ႐ွ႕ထြက္လာလ်က္။
" ဗ်ဴဟာကို အဲဒီလိုလုပ္ဖို႔ ခိုင္းတဲ့လူ
႐ွိလို႔ သူလုပ္ရတာပါတဲ့။ သူ႕ကိုလႊတ္ေပးမယ္ဆိုရင္ ခိုင္းတဲ့သူကိုေျပာျပမယ္
ဆိုၿပီး ပို႔လာတာ"
"ဗ်ာ"ဆိုတာ သူ႕စိတ္ထဲကေနသာ အေၾကာက္အကန္ ထြက္ႏိုင္တဲ့အသံပင္။
" ဒီေကာင္သူ႕ကိုကြၽန္ေတာ္တို႔အလြယ္
ေလးေျပးဖမ္းႏိုင္တယ္ဆိုတာသိေန
တာပဲ။ အစ္ကိုဘယ္လိုဆက္လုပ္မွာလဲ"
"သူအထဲဝင္လို႔ရေအာင္ ညာေနတယ္
ဆိုရင္ေတာင္ ေလာေလာဆယ္ေတာ့
လႊတ္ထားေပးလိုက္မယ္။ငါ့သားကို
တစ္ကယ္ပဲအဲ့ဒီေလာက္ထိညိႇဳးေနတဲ့
သူ႐ွိေနတာလားဆိုတာ အေသခ်ာ
သိရမွျဖစ္မွာ။ဒီေကာင္ျပန္ဆက္သြယ္
လာတာကိုေစာင့္ရမယ္"
"မွန္တာေပါ့။ဟိုဘက္ေရာက္သြား
ရင္လည္းအစ္ကို႔လက္ထဲကေန ဒီေကာင္ေျပးလို႔ မလြတ္ပါဘူး။ကြၽန္ေတာ္႕တူ
ကိုဒီေလာက္ထိရက္ရက္စက္စက္ လုပ္
ခိုင္းတဲ့သူဘယ္သူလဲဆိုတာ သိရမွျဖစ္မယ္"
"မေျပာတတ္ဘူး။ငါ့သားကလည္း အေျပာအဆိုမတတ္ေတာ့ "
ဦးထင္ပိုင္မွာအရင္ကနဲ႔မတူေအာင္
မ်က္ႏွာတင္းလ်က္ ဗ်ဴဟာပိုင္ ဓားထိုး
ခံရၿပီး ေဆး႐ုံေရာက္သြားထဲက ခြဲ
စိတ္ၿပီးအေျခအေနစိတ္ခ်ရတာနဲ႔
တရားခံကို အေျပးေျမလွန္႐ွာေနသည္။
သူ ဒီေလာက္ထိ မထင္ထားခဲ့သည့္
ဦးထင္ပိုင္ရဲ႕ သားကို ခ်စ္သည့္ အေဖ
တေယာက္ရဲ႕ ေဇာကိုျမင္လိုက္ရတာပင္။
ဦးထင္ပိုင္စိတ္နဲ႔ဆို ထြန္းျမတ္အမႈန္႔ပင္
ေၾကသြားႏိုင္သည္။
တစ္ေယာက္တည္း႐ွိတဲ့ သူ႕သား
ဗ်ဴဟာပိုင္ကို ဦးထင္ပိုင္ ဒီေလာက္
ထိ ခ်စ္တာပါလားဆိုတာ သူ အခုမွ မ်က္ျမင္ကိုယ္ေတြ႕ပင္။
-----------------------
" ဗ်ဴဟာပိုင္ကိုထိုးသြားတဲ့ေကာင္က
မင္းတို႔အတန္းထဲကပဲမလား"
အိမ္အျပန္လမ္းမွာ သူ႕အေဖ စကားစျခင္း။
"ဟုတ္တယ္ အေဖ"
" မင္းေရာ အဲ့ဒီေကာင္နဲ႔သိေနလား"
" ကြၽန္ေတာ္ လုံးဝမသိဘူး"
"ေကာင္းတယ္။ခိုင္းတဲ့သူကိုေျပာ
ျပမယ္ဆိုတာ ဒီေကာင္ဘာေတြၾကံေန
လဲမသိႏိုင္ဘူး။ေႁမြေပြးလိုေကာင္မ်ိဳးပဲ။
ကိုယ္နဲ႔မဆိုင္တာကို ဘာအမႈမွမပတ္ေစနဲ႔ ဆန္းဆက္။အေဖမင္းကို စိတ္မပ်က္ခ်င္ဘူး။႐ွင္း႐ွင္းလင္းလင္းလုပ္ ၾကားလား"
"ဟုတ္ကဲ့ အေဖ"
သူ႕အေဖကိုမ်က္ႏွာလႊဲကာ လက္သီး
ကိုဆုပ္ရင္းဆန္းဆက္ တည္ၿငိမ္ခ်င္
ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ျဖစ္ေနၿပီျဖစ္သည္။
Studioအေ႐ွ႕မွာ သူ႕ကိုခ်န္ထား
ေပးခဲ့ၿပီး သူ႕အေဖပါတဲ့ကား ထြက္
သြားတာနဲ႔ ဆန္းဆက္ အလ်င္အျမန္ပင္ လူအရိပ္အေျခၾကည့္ၿပီးဖုန္းကိုထုတ္လိုက္သည္။
သူ႕ကို အႀကိမ္ဖန္မ်ားစြာ ဆက္သြယ္
ထားတဲ့ ဖုန္းနံပါတ္ကို ႏွိပ္လိုက္ခ်ိန္။
" မင္းတို႔ဘက္မွာလိုင္းမမိဘူးလား
သူငယ္ခ်င္း။အခုမွျပန္ဆက္လို႔ရတာလား"
" မင္းပါးစပ္ကိုပိတ္ထား!!"
"ဟား မင္းလည္းေဒါသႀကီးတတ္တာပဲလား။ဒါကမင္းရဲ႕ ပုံစံအစစ္အမွန္ထင္
တယ္ "
" ေသာက္ပိုေတြမေျပာေနနဲ႔။
မင္းငါ့ကိုဘာကိစၥဆက္သြယ္ေနတာ
လဲ။ဦးထင္ဆီကိုလည္း အေၾကာက္
အလန္႔မ႐ွိ ဆက္သြယ္ေနတယ္။ဗ်ဴဟာ
ပိုင္ကို မင္းလုပ္သြားတဲ့ကိစၥ ငါ့ကိုဆြဲ
ထည့္ဖို႔ ၾကံစည္ေနတာမလား ေခြးမ်ိဳး"
သူ တစ္ခါမွ ဆဲေရးၿပီးမထြက္ဘူးတာက ထြန္းျမတ္ကို အမွန္တကယ္ပင္ လူခ်င္း
ေတြ႕လွ်င္ အေသသတ္ပစ္ခ်င္ေလာက္တဲ့အထိ။
" ဉာဏ္ေကာင္းတဲ့ေကာင္ေတြက တစ္
ကယ္ ေၾကာက္စရာပဲ။ သူငယ္ခ်င္းအခ်င္းခ်င္း ငါမင္းကို ဆြဲထည့္တယ္
လို႔မေျပာပါနဲ႔လား။ မင္းစိတ္ထဲက
ျဖစ္ေစခ်င္ေနတဲ့ကိစၥကို ငါက မင္း
ထုတ္မေျပာႏိုင္မွန္းသိလို႔ အလိုက္သတိနဲ႔ အေကာင္အထည္ေဖာ္ေပးလိုက္တာ
ေလ။ အဲဒါေၾကာင့္ပဲ မင္းငါ့ကို လက္သပ္ေမြးထားတာမလား"
"ပါးစပ္ပိတ္ထား ေခြးသူေတာင္းစား!!"
"ဟက္"
" မင္းလုပ္ခ်င္ရာကိုသာလုပ္ ဦးထင္ကို
ညာၿပီးေျပာခ်င္ရင္လည္းေျပာ။မင္း
နဲ႔ငါသိတာမွန္ေပမဲ့ ငါမင္းကိုမခိုင္းခဲ့
ဘူး အဲ့တာ အမွန္တရားပဲ"
" ေမြးစားသားရဲ႕ကေလးက သတၱိေတြအရမ္း႐ွိေနပါလား။သူေဌးေတြကဘယ္ေလာက္ပဲ တူလိုသားလို ခ်စ္တယ္
ေျပာေျပာ သူတို႔ေသြးသားကိုထိရင္ေတာ့ မင္းတို႔တစ္မိသားစုလုံးေျမာင္းထဲ
သြားၿပီပဲ။ငါ လုံျခဳံတဲ့ေနရာမွာပုန္း
ႏိုင္ဖို႔ မင္းကိုၿခိမ္းေျခာက္ၿပီး
ဆက္သြယ္ေနေပမဲ့ မင္းသိလား
ဦးထင္ပိုင္ဘက္ကိုငါဘာသတင္းဘာ အဆက္အသြယ္ မွမပို႔ရေသးဘူး။မင္း
တို႔မိသားစုေတာ့သြားၿပီ။ဦးထင္ပိုင္
မင္းတို႔ကို စၿပီး သံသယဝင္ေနၿပီ"
"ဘာ!!!"
ေၾကာက္႐ြံ႕စိတ္ေၾကာင့္ သူ႕ အသံေတြ
ပါတုန္ရီမလို။ၾကားလိုက္ရတာကို
မယုံႏိုင္။ဒါဆို ဦးထင္က သူ႕ကို
သံသယဝင္ေနၿပီး ေထာင္ဖမ္းမလို႔
လုပ္ေနတာ..။
မဟုတ္ဘူး။ မျဖစ္ႏိုင္ဘူး။ဦးထင္က
သူ႕ကိုဒီေလာက္အေရးေပးတာ။ သူ
ဘာလုပ္မိလို႔လဲ။တစ္ကယ္ ဗ်ဴဟာပိုင္
ကို သူလက္ဖ်ားနဲ႔ေတာင္ထိဖို႔ မခိုင္း
ေစခဲ့ဖူးဘူး။
"သူေဌးေတြကို ေလ်ာ့မတြက္နဲ႔လို႔
ငါမေျပာခဲ့ဘူးလား။
မင္းကကိုယ့္ေနရာကိုယ္သိမွေပါ့။
မင္းနဲ႔ငါကအခုတစ္ေလွထဲစီးေနတယ္
ဆိုတာလက္ခံလိုက္ေတာ့။ငါလိုသ
ေလာက္ေငြကိုပို႔ခဲ့ေပး ငါ့ဘက္က
တစ္သက္လုံးမမိေအာင္ပုန္းေနေပး
မယ္။ငါမိသြားခဲ့ရင္ေတာ့ မင္းတို႔မိသားစုေျမာင္းထဲေရာက္မွာကိုႀကိဳတင္ေတြးၿပီး အမွ်ေဝ ထားလိုက္။ ငါမင္းကိုမရက္စက္ခ်င္ပါဘူး ပူးေပါင္းမယ္လို႔ ေမွ်ာ္လင့္တယ္ ငါ့သူငယ္ခ်င္းေကာင္းေလး ဟား"
က်သြားတဲ့ဖုန္းscreenကို ၾကည့္ေနရင္း ဆန္းဆက္ တစ္ခဏအၾကာ ေဒါသစိတ္ေၾကာင့္ ေဘးကနံရံကိုအခ်က္မ်ားစြာ ထိုးလိုက္သည္။
သူမလုပ္ပဲနဲ႔ သူ႕ကိုသံသယဝင္ေနတယ္တဲ့လား။ဦးထင္ကို သူတို႔ရဲ႕မိသားစုလိုပဲေတြးထားခဲ့တာ။ဦးထင္ကသူ႕ကို သားတစ္ေယာက္လို ခ်စ္တယ္လို႔ထင္ထားတာ။
ေသြးက စကားေျပာတယ္ဆိုတာ
အမွန္ပဲကို။
ထြန္းျမတ္ကို ကာကြယ္ေပး႐ုံမွအပ သူ႕မွာေ႐ြးစရာလမ္းမ႐ွိေတာ့။ညီအစ္ကို သံေယာဇဥ္က သူ႕မွာလည္း႐ွိပါတယ္။
အစ္ကိုတစ္ေယာက္လုံးကို လုပ္သြား
တဲ့သူနဲ႔ပူးေပါင္းရတာ သူ႕ကိုယ္သူ
လည္းမသတီဘူး။ေႁမြးေပြးကို ခါးပိုက္
ပိုက္ထားမိမွေတာ့ သူတို႔မိသားစု
သူ႕ေၾကာင့္မၿပိဳလဲေအာင္ ေ႐ွ႕ဆက္႐ုံပဲ႐ွိေတာ့တယ္။
ဦးငယ္အတြက္တရားေသာနည္းနဲ႔
ကလဲ့စားေခ်ဖို႔လုပ္ထားတာကိုလည္း
လမ္းတစ္ဝက္မွာသူ မပ်က္က်န္ႏိုင္
ဘူး။ပိုၿပီးေတာ့ေတာင္ျမန္မွရေတာ့မယ္။
ေဆာရီးပဲဗ်ဴဟာပိုင္။မင္းအေမ
မေကာင္းလို႔ သားျဖစ္တဲ့ မင္းခံရ
တယ္ပဲမွတ္လိုက္။
--------------------------
ေဆး႐ုံအခန္းတံခါးကို ေနစင္ဟန္
အသံမထြက္ေအာင္ေျဖးညႇင္းစြာဖြင့္ကာ အထဲဝင္လာခ်ိန္ ဒီရက္ပိုင္းအတြင္း
ျမင္ေနက်အတိုင္းပင္ကုတင္ေဘး
မွာ ထိုင္ေနတဲ့ ဗ်ဴဟာပိုင္
အေမနဲ႔ ဘုန္းျပည့္ကို ေတြ႕လိုက္ရသည္။
ဘုန္းျပည့္က တခါတယံပင္မဲ့ ဗ်ဴဟာ
ပိုင္ အေမကေတာ့ သူ႕သားအနားက
ေန တစ္ဖဝါးမွကိုမခြာတာ ဗ်ဴဟာပိုင္
သတိမရလာေသးသည့္ ေလးရက္ေျမာက္ေန႔အထိပင္ ။
"အန္တီအတၱႀကီးခဲ့တာ အကုန္လုံး
က အန္တီ့အမွားေတြပဲ။သားကိုအရာရာၿပီးျပည့္စုံေနတဲ့ဘဝမွာထားမယ္ဆိုၿပီးကိုယ့္အတၱနဲ႔ကိုယ္ပူေလာင္ေနခဲ့သမွ် တစ္ကယ္တမ္းေတာ့ ဒီကေလးကအန္တီ့ေၾကာင့္ပဲ"
နစ္ဝင္သြားသည့္ ေဒၚခိုင္နီလာရဲ႕
အသံ။ဘုန္းျပည့္က ေဘးမွာမ်က္ႏွာမေကာင္းပဲ ေဒၚခိုင္နီလာကေတာ့ မ်က္ရည္က်ေနျပန္ၿပီဆိုတာ အသိသာ။
ခိုးနားေထာင္ေနသလို ျဖစ္ေနမလား
မသိေပမယ့္ ဗ်ဴဟာပိုင္အေၾကာင္း
ကို ပိုသိခ်င္တာမလို႔ သူေျခလွမ္း
ေတြမခြာမိ။
ဒီအေမနဲ႔သားက ဘာျဖစ္လို႔ အဲဒီ
ေလာက္ထိ တစ္ေယာက္ကိုတစ္
ေယာက္ခ်စ္ၾကလည္းဆိုတာ...။
"မိစုံဖစုံနဲ႔ ေနေနရေပမယ့္ အိမ္ေထာင္ေရး အဆင္မေျပတဲ့မိဘေတြၾကားမွာ ဒီ
ကေလးရခဲ့တဲ့စိတ္အနာတရေတြကို
အန္တီ မျမင္ႏိုင္ခဲ့ဘူး။အန္တီ့ကိုတာ
ဝန္အရအိမ္ေထာင္ဘက္အျဖစ္အေပၚယံဂ႐ုစိုက္မႈေတြေပးေနတဲ့သူ႕အေဖကို
အၿမဲေငးေနတတ္တဲ့ကေလးကိုအန္တီ
လစ္လ်ဴ႐ႈထားခဲ့တာ။ အၿမဲတမ္း ႏိုင္ငံ ေပါင္းစုံ ခရီးထြက္ၿပီး အဲဒီလူကို ႐ွာေဖြေနတဲ့အေဖ ျဖစ္တဲ့သူကိုသိေနတဲ့ ကေလးကို အန္တီလစ္လ်ဴ႐ႈထားခဲ့တာ။
အန္တီ တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္ သားတစ္ကယ္လိုခ်င္တဲ့အရာက
ဘာလဲဆိုတာ အန္တီလုံးဝမျမင္ႏိုင္ခဲ့ဘူး"
"ဗ်ဴဟာ ငယ္ငယ္တုန္းက ေဆး႐ုံ
တက္ရကတည္းက သိခဲ့တာလား
အန္တီ။ကြၽန္ေတာ္ သိထားတာက သူအသက္ႀကီးလာမွ"
" အဲဒီအခ်ိန္ထဲကသိတာ။ေဆး႐ုံမွာ
ေ႐ွာ့ရၿပီး အသည္းအသန္ျဖစ္
သြားတာကလည္း အဲ့တာေၾကာင့္ပဲ။
သားသိသြားေအာင္ ဘယ္သူေတြ ရည္႐ြယ္ခ်က္႐ွိ႐ွိ ၾကံစည္ခဲ့တာလည္း
သားဘုန္းသိလား"
"ဘယ္သူေတြလဲ အန္တီ"
ဘုန္းျပည့္ေမးလိုက္သည္ကို ေဒၚခိုင္နီလာ
က တခဏအၾကာမွ ႐ိႈက္သံျဖင့္။
" အန္တီအကုန္လုံးကို အ႐ႈံးေပးလိုက္
ၿပီ။သူတို႔ႏိုင္ပါတယ္။သူတို႔အႏိုင္ရတယ္။သားငယ္ငယ္တုန္းကေဆး႐ုံမတက္
ရခင္စိုးယုေမာ္ရဲ႕ေမာင္ အိမ္ျပန္ေရာက္
ေနတဲ့အခ်ိန္ကေလသူ႕အေဖကအန္တီ
မသိေအာင္ဆန္းဆက္နဲ႔ဂိမ္းေဆာ့ဖို႔ဆိုၿပီး သားကိုစိုးယုေမာ္တို႔အိမ္ ခဏခဏ
ေခၚသြားခဲ့တယ္။တစ္ကယ္ေတာ့ အဲ့ဒီ
လူ႐ွိေနလို႔ပဲ။သူတို႔စိတ္ကေတာ့ မိသားစု
ေတြၾကားမွာမိတ္ေဆြေတြလို
ေတြ႕ၾကတာေပါ့။ အေဖျဖစ္တဲ့သူက
လည္းသူ႕သားဘာမွမသိဘူးဆိုၿပီး
ကေလးကို အဲဒီမိသားစုၾကားမွာ
ထားခဲ့တာ။သားက အဲ့ဒီလူနဲ႔ဘယ္
ေလာက္ထိရင္းႏွီးသြားခဲ့လည္းေတာ့
အန္တီမသိဘူး။အဲ့ဒီလူကလည္း
ဒီလုပ္ရပ္ထဲပါမပါအန္တီ မသိေပမဲ့
စိုးယုေမာ္တို႔မိသားစုကေတာ့ ဘာမွ
မသိတဲ့ ကေလးကို အသုံးခ်ၿပီး
ကေလးစိတ္ဒဏ္ရာရေအာင္ ရည္႐ြယ္
ခ်က္႐ွိ႐ွိလုပ္ခဲ့ၾကတာ"
"အန္တီနီလာ"
ေဒါခိုင္နီလာ ရင္ဘတ္ကိုဖိၿပီး အေမာ
ေဖာက္သလို ျဖစ္သြားေသာေၾကာင့္
ဘုန္းျပည့္က စိတ္ပူသြားေပမဲ့ ေဒၚခိုင္နီလာက ဗ်ဴဟာပိုင္ကိုေငးေနရင္းပင္။
" အမွန္ဆိုရင္ သားသိသြားတဲ့အခ်ိန္ထဲကအန္တီသားနဲ႔ ႏွစ္ေယာက္တည္း အဲဒီမိသားစုကေန ထြက္ခဲ့သင့္တာ။
ထြက္ကိုထြက္လာသင့္တာ။အကုန္
အန္တီ့အမွားေတြပဲ။ သူတို႔ေတြကို အႏိုင္
ရလိုစိတ္နဲ႔ သားကိုသူ႕အေဖအနားမွာ
ဘာမွမသိသလို ဆက္ေနခိုင္းခဲ့တယ္ ။
မျပသင့္တဲ့အိမ္ေထာင္ေရးအဆင္
မေျပမႈေတြသားကိုျပခဲ့တယ္။အဲ့ဒီ
မိသားစုကိုမခံခ်င္စိတ္နဲ႔သူ႕အေဖကို
အန္တီတို႔ဆီကမထြက္သြားေအာင္
အန္တီတို႔က ေပ်ာ္႐ႊင္ေနတဲ့မိသားစု
အျဖစ္ေနခိုင္းခဲ့တယ္။ သူ႕အေဖ
အေၾကာင္းကို အားလုံးသိသြားတဲ့ ဒီ
ကေလးကိုမွ ၊တာဝန္အရအန္တီတို႔
အနားမွာသူ႕အေဖ႐ွိေနတယ္ဆိုတာ
ခံစားေနခဲ့ရတဲ့ဒီကေလးကိုမွေလ။
အန္တီကတစ္ကယ္မေကာင္းတဲ့
အေမ။သား ဒီလိုျဖစ္ရတာအန္တီ့ေၾကာင့္။ အဲဒီအ႐ြယ္ေလးနဲ႔ကေလးက အေဖနဲ႔
အေမၾကားမွာ ဘယ္ေလာက္ထိ စိတ္
ဒဏ္ရာရခဲ့လိုက္မလဲ။အန္တီက တစ္ကယ္ ဆိုး႐ြားတဲ့အေမ အားလုံးအန္တီ့ေၾကာင့္ သားဒီလိုျဖစ္ရတာ"
"အန္တီနီလာ စိတ္ကိုထိန္းပါ။
ျဖစ္ၿပီးသြားသမွ် ဘာမွမတတ္ႏိုင္
ေတာ့ေပမဲ့ ဗ်ဴဟာႏိုးလာတဲ့အခါ သူ
ဘယ္လိုျဖစ္ခ်င္လဲ မိဘေတြကိုအတူ
႐ွိေစခ်င္လားဆိုတာ အန္တီအရင္ဆုံး
ပြင့္ပြင့္လင္းလင္းေမးသင့္တယ္။
အန္တီ့သားအေပၚအားနာစိတ္႐ွိရင္
ေမးကိုေမးရမယ္။ အဲ့ဒါေလးတစ္ခုပဲ"
"သားဘုန္းေျပာတာ မွန္ပါတယ္
မွန္တယ္။အန္တီကိုယ္တိုင္ကအမွားႀကီး
မွားခဲ့တာ။သားရဲ႕စိတ္ဆႏၵကိုအန္တီ
မၾကည့္ခဲ့ဘဲ သားအတြက္ဆိုၿပီး ဒီ
မိသားစုထဲမွာသူ႕အေဖမ်က္ႏွာကို
ၾကည့္ၿပီးေနခိုင္းခဲ့မိတယ္"
"စိတ္ကိုထိန္းပါ အန္တီ ဘာမွျဖစ္လို႔
မရဘူး။ဗ်ဴဟာပိုင္ ဘယ္သူ႕ကိုအလို
အပ္ဆုံးလဲဆိုတာအန္တီနီလာ အသိ
ဆုံးမလား"
ဗ်ဴဟာပိုင္ကို ၾကည့္ေနရင္း စိတ္
မထိန္းႏိုင္ေတာ့ပဲ ထပ္ခါ ငိုေႂကြးေနတဲ့
ေဒၚခိုင္နီလာကိုဘုန္းျပည့္ေဘးကေန
ကူထိန္းေပးေနတာပင္။
ဗ်ဴဟာပိုင္ကို ျခဳံထားေပးတဲ့ေစာင္ကို
ေဒၚခိုင္နီလာမွာ ရင္ဘတ္အထိပိုေရာက္ေအာင္အသာအယာ ျခဳံေပးၿပီး သူ႕သားအနားပို၍မ်က္ႏွာကပ္လ်က္။
"ေမေမ့သားေလး ႏိုးလာရင္ေလ
ေမေမနဲ႔သား ဘယ္သူမွမ႐ွိတဲ့ေနရာမွာ
ႏွစ္ေယာက္ထဲသြားေနမယ္။သားသားနဲ႔ေမေမ ႏွစ္ေယာက္ထဲပဲ။ေမေမ့ကို
စိတ္မဆိုးေနနဲ႔ေတာ့ေနာ္ကေလး ။
သားႏိုးလာရင္ ေမေမနဲ႔သား ႏွစ္ေယာက္တည္းပဲ ဒီကေနအေဝးႀကီးမွာေပ်ာ္ေပ်ာ္
႐ႊင္႐ႊင္ေနသြားၾကမယ္။သားသားက
ေမေမ့ကိုစိတ္ဆိုးေျပရင္ႏိုးလာေတာ့
ေနာ္။သိပ္အၾကာႀကီးအိပ္ေနတာ မေကာင္းဘူး ေလကေလးရဲ႕"
မ်က္လုံးေတြမွိတ္ၿပီးသတိေမ့ေနတဲ့
ဗ်ဴဟာပိုင္ရင္ဘတ္ေပၚမွာမ်က္ႏွာ
အပ္ၿပီး သူ႕အေမရဲ႕ သားေပ်ာက္တဲ့မိခင္အသိစိတ္မကပ္ေနသလို တစ္ဖြဖြေျပာ
ေနသံေနာက္မွာ ဘုန္းျပည့္က ဆက္မ
ၾကည့္ႏိုင္သလို မ်က္ႏွာလႊဲလိုက္သည္။
သူကိုယ္တိုင္လည္း နံရံမွာခႏၶာကိုယ္ကိုပို၍ကပ္လိုက္မိၿပီး ကိုယ့္ကိုကိုယ္
သတိထားမိခ်ိန္ မ်က္ရည္ေတြက်ဆင္းေနသည္မွာ...။
လက္သီးကိုခပ္တင္းတင္းဆုပ္ကာ
ပင္ ေျခသံဖြဖြျဖင့္ အခန္းထဲကေန အလ်င္အျမန္ထြက္ခဲ့ရေတာ့သည္။
------------
အခန္းထဲကေန တံခါးဖြင့္ၿပီး အထြက္
ထိပ္တိုက္ေတြ႕သည္မွာ လက္ထဲတြင္ သစ္သီးျခင္းႏွင့္လူနာလာၾကည့္သည့္
ဝတ္ရည္ဦး။
ႏွစ္ေယာက္လုံး စကားစေျပာဖို႔အတြက္က အခ်ိန္တစ္ခု ယူလိုက္ရသည္ပင္။
"အန္တီ အခု အဆင္မေျပေနလို႔ မဝင္
ၾကည့္နဲ႔အုံး။ ငါတို႔စကားခဏေလာက္
ေျပာလို႔ရမလား"
ဝတ္ရည္က ေခါင္းညိတ္ျပခ်ိန္သူ
အေ႐ွ႕ကေနထြက္လာခဲ့လိုက္သည္။
"ဝတ္ရည္ဦး ငါ ေတာင္းပန္တယ္။ဒူးေထာက္ၿပီးေတာင္းပန္ဆိုရင္လည္း ေတာင္းပန္မယ္။ဆန္းဆက္ကိုေမ့ၿပီး
နင့္ကိုလိုအပ္ေနတဲ့ တစ္ကယ္ျမတ္ႏိုးတဲ့ဗ်ဴဟာပိုင္ကို ဘဝလက္တြဲေဖာ္အျဖစ္ စဥ္းစားေပးပါ။ မဟုတ္ဘူး ။လက္ခံေပး ဗ်ဴဟာကိုနင္ခ်က္ခ်င္းလက္ခံေပးရမယ္"
ေဆး႐ုံေထာင့္တစ္ေနရာ ႏွစ္ေယာက္ထဲစကားေျပာဖို႔ လူ႐ွင္းသည့္ေနရာေရာက္သည္ႏွင့္ ဝတ္ရည္ဦးကိုသူ ေတာင္းေတာင္းပန္ပန္ေျပာမိျခင္း။
ဝတ္ရည္ကသူ႕ကို အခ်ိန္တစ္ခဏၾကာ
သည္အထိ ေငးလို႔သာေနသည္။
"နင္မွားေနၿပီ ေနစင္"
ေအးေဆးစြာျဖင့္ေျပာလာသည့္ဝတ္ရည္။
" ဗ်ဴဟာငါ့ကို ဘယ္တုန္းကမွ
မခ်စ္ခဲ့သလို လိုလည္းမလိုအပ္ဘူး။
အဲဒါကို သူကိုယ္တိုင္သိသလို ငါသိေန
တယ္ဆိုတာကိုလည္းသူနားလည္ၿပီး
သား။သူငါ့ကို လက္တြဲေဖာ္အျဖစ္
အသည္းအသန္ လိုခ်င္ေနတာက အေၾကာင္းျပခ်က္ တစ္ခုတည္းေၾကာင့္ပဲ"
ဝတ္ရည္ႏႈတ္ခမ္းတို႔အသာျပဳံးလ်က္။
"ငါ့အေမရဲ႕သူငယ္ခ်င္းသူ႕အေမက
ငါ့ကို ငယ္ငယ္ေလးထဲက သမီးလို
ခ်စ္ေတာ့ ေခြၽးမအျဖစ္ သေဘာက်ၿပီးလိုခ်င္လို႔ေလ"
"ဘာ"
" အေမကိုခ်စ္တဲ့သားေတြ ငါလည္း
ေတြ႕ဖူးပါတယ္။ ဒါေပမဲ့ ဗ်ဴဟာပိုင္
ကေတာ့ အဆိုးဆုံးပဲ။ ဒါေတာင္သူ႕
အေမက မားမားဘြိဳင္းသူမ်ားအေမ
ေတြလို အတင္းအၾကပ္ ခိုင္းေစတာမ်ိဳးထိန္းခ်ဳပ္တာမ်ိဳးဘာတစ္ခုမွမ႐ွိဘူးေနာ္"
သူေၾကာင္အသလိုျဖစ္ေနသည္ကို
ဝတ္ရည္က နားလည္ဟန္ႏွင့္ပင္။
" ဘယ္လိုအရာမ်ိဳးပဲျဖစ္ျဖစ္ သူ႕ကို သူ႕
အေမက သားအေမကေတာ့ ဒါေလးသေဘာက်တယ္ ဒီလိုမ်ိဳးေလးျဖစ္ေစခ်င္တယ္ တစ္ခြန္းပဲေျပာလိုက္ သူအကုန္
လိုက္လုပ္ေပးတယ္။အခုခ်ိန္ထိ ဗ်ဴဟာ
ပိုင္ သူအေမ ေျပာတဲ့စကား ကိုျငင္း
ဆန္တာမ်ိဳး ငါတစ္ခါမွမျမင္ဖူးဘူး။
သူ႕အေမက သြားဆိုရင္သြား ထိုင္ဆို
ရင္ထိုင္ လုံးဝတစ္ခြန္းပဲ။ အန္တီကသေဘာေကာင္းပါတယ္ ။သူ႕အေမ
က သူ႕ကို ပုံစံသြင္းထားတာ မဟုတ္
ဘဲနဲ႔ကို ဗ်ဴဟာပိုင္က အဲဒီလိုသူ႕အေမတစ္မ်က္ႏွာတစ္ ကမ႓ာနဲ႔အေမခ်စ္သား
ျဖစ္ေနတာ။အလြန္ဆုံးေျပာျပရရင္
သူ႕အေမက သူ႕သားေ႐ွ႕မွာတစ္ခုခုကို သူသေဘာက်တဲ့ အရိပ္အေယာင္ျပလိုက္႐ုံပဲ အဲဒါကခ်က္ခ်င္း ဗ်ဴဟာပိုင္သေဘာ
က်တာ ျဖစ္သြားတယ္"
ေခါင္းထဲမွာ ခံစားခ်က္ေတြ ေရာေထြးေနသလိုမ်ိဳးဘာကိုမွ မစဥ္းစားႏိုင္ေတာ့
ေအာင္ပင္။
"နင္ဆိုရင္ေရာ နင့္ကို အဲဒီလို သူ႕အေမသေဘာက်ေနလို႔ လိုခ်င္ေနတဲ့သူကို
ျပန္ၿပီးႀကိဳက္ႏိုင္မလား စဥ္းစား။နင့္
လူကိုက မေကာင္းေနတာေလ။အဲဒါ
ေၾကာင့္ အဲ့ဒီေကာင္ကိုငါ ဒီတစ္သက္
လုံးျပန္မႀကိဳက္ႏိုင္တာ"
မခံခ်င္သည့္မ်က္ႏွာျဖစ္ေနေပမဲ့
ဝတ္ရည္က ခ်က္ခ်င္းပင္အျပဳံးႏုႏုတို႔ႏွင့္။
" ဒါေပမဲ့ ေသခ်ာတာတစ္ခုက
ေတာ့ ဗ်ဴဟာက ငါ့အတြက္လုံးဝ
သူငယ္ခ်င္းေကာင္း။သူ အေျပာဆိုး
ရင္သာဆိုးမယ္ လုပ္ခ်င္ရာလုပ္ရင္
သာလုပ္မယ္ တကယ္တမ္း လိုအပ္
လာရင္ဘာမဆို အကူအညီေပးရဖို႔ ဝန္မေလးတတ္ဘူး။စိတ္ေလးကလည္း
တကယ္ေပါင္းၾကည့္ရင္ ကေလးစိတ္လို
ျဖစ္ေနတာ။အၿမဲငါ့သေဘာမပါပဲ သူ႕
ဘာသာေျပာခ်င္ရာငါ့ လုပ္ခ်င္ရာ
လုပ္တတ္ေပမဲ့ တစ္ကယ့္စိတ္ရင္း
ေလးကေတာ့ေကာင္း႐ွာပါတယ္။ဒါကလည္း သူငါ့ကိုမခ်စ္လို႔ပဲေနမွာ သူ တစ္ကယ္ခ်စ္တဲ့သူနဲ႔ေတြ႕ရင္ အဲဒီေကာင္
ဘယ္လိုပုံစံ ျဖစ္ေနမလဲ ငါတစ္ကယ္
သိခ်င္မိသား။အဲ့ဒီေကာင္ကဒီလိုမ်ိဳး
ေဆး႐ုံကုတင္ေပၚမွာ မလိုက္မ
ဖက္ လွဲေနရမယ့္သူမွမဟုတ္တာ"
မ်က္ႏွာမေကာင္းျဖစ္သြားသည့္
ဝတ္ရည္မွာ ဗ်ဴဟာပိုင္ကို အမွန္
တကယ္ပင္စိတ္ပူေနၿပီး သူငယ္ခ်င္းသံေယာဇဥ္႐ွိသည္ဆိုသည္မွာအထင္းသား။
"ငါ ငါေတာင္းပန္ပါတယ္ ဝတ္ရည္"
ႏွစ္ေယာက္လုံး အၾကည့္ခ်င္းဆုံေနခ်ိန္ အားတင္း၍ပင္။
"အရာအားလုံးအတြက္"
"မလိုဘူး နင္ေတာင္းပန္တာကိုခံရ
ေလာက္တဲ့အထိငါကလည္း ထိုက္တန္
ေနတဲ့သူမဟုတ္ဘူး။ငါ ငါသူ႕ကိုတားေတာ့
မယ္။ရပ္လိုက္ေတာ့ဖို႔နင့္ကိုလည္းငါ အၾကံေပးခ်င္တယ္။....ဗ်ဴဟာပိုင္
အတြက္လိုမ်ိဳးနင့္ကို ဒုတိယ
ဝတ္ရည္ဦး မျဖစ္ေစခ်င္လို႔"
မ်က္ႏွာပ်က္ေနသည္မွာ ဝတ္ရည္ဦး
ဆိုတဲ့ ေကာင္မေလးကလည္း မ
ေကာင္းတာကို လုပ္ဖို႔ မေတြ႕အၾကဳံမ႐ွိ သည္မွာအသိသာ။
ေျပာသြားတဲ့စကားကို နားလည္ခ်ိန္
ပင္မေပးဘဲ စကားစျပတ္၍
လွည့္ထြက္မလို႔လုပ္ၿပီးမွျပန္ၾကည့္လာလ်က္။
" ဗ်ဴဟာကေလ ငယ္ငယ္ထဲက
ဒီေလာက္သင္တန္းေတြတက္ထားတာ
လူတစ္ေယာက္နဲ႔ ဓားတစ္ေခ်ာင္း
ေလာက္ကေတာ့ဘယ္ေလာက္ပဲပတ္ရမ္း
ေနပါေစသူေအးေအးေဆးေဆးထိန္း
ခ်ဳပ္ႏိုင္တယ္။နင့္ကိုထိုးမလား သူ႕ကို
ထိုးမလား။အဲ့ဒီဓါးကို စိတ္ခ်လက္ခ်
နဲ႔ကို ဘာမွမလုပ္တတ္မကိုင္တတ္ျဖစ္ၿပီး သြားအထိုးခံလိုက္တာပဲ ။သိတယ္
မလား လူေတြက အခ်ဳပ္အေႏွာင္ထဲ
ေရာက္သြားရင္ သူလုပ္ႏိုင္တာေတာင္
ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္မ႐ွိေတာ့ပဲ
သူတို႔ကာကြယ္ခ်င္တဲ့သူမထိရင္
ၿပီးေရာဆိုတဲ့အထိ"
ဝတ္ရည္ကသူ႕ကို ေငးလ်က္။
" နင္က ဗ်ဴဟာအတြက္ အေရးပါတဲ့ပုံပဲ။ အဲဒီေကာင္က ဒီလိုပုံစံ ဒီလိုအခ်ိဳးမ်ိဳး ပထမဆုံးပဲ"
ဝတ္ရည္ သူနဲ႔ ေဝးကြာတဲ့ေနရာကို
ေရာက္သြားတဲ့အခ်ိန္ထိသူကေတာ့ ေျခလွမ္းေတြ မေ႐ြ႕ႏိုင္ဘဲ ႐ွိေနဆဲပင္။
သူ႕အေမ ကဝတ္ရည္ကို ေခြၽးမအျဖစ္ သေဘာက်လို႔တဲ့လား။မင္းက တကယ္မေကာင္းတဲ့ေကာင္ပဲ ဗ်ဴဟာပိုင္။
ဒီလိုမေကာင္းတဲ့ေကာင္ျဖစ္ရတဲ့
အေၾကာင္းအရင္း ကို သူသိေန
ေတာ့လည္း ပိုဆိုးသည္။
သူ အခုဘယ္လိုဆက္လုပ္ရမွာလဲ။
ဗ်ဴဟာပိုင္ကဝတ္ရည္ဦးကို အမွန္
တကယ္ လိုခ်င္တာမဟုတ္ဘူးတဲ့။
ဗ်ဴဟာဆက္မလုပ္ခိုင္းတာေတာင္သူ ေ႐ွ႕ဆက္ခဲ့တာက ဗ်ဴဟာပိုင္ကို အႏိုင္
ရေစခ်င္လို႔ပဲ။ဆန္းဆက္ကိုသူ အမွန္တကယ္ ေမတၱာ႐ွိသြားတာက ေျပာင္း
လဲလို႔မရတဲ့အရာ။ ဒါေပမဲ့
ေကာင္မေလးတေယာက္ လက္ထဲကေန လုယူတဲ့အထိေတာ့ စိတ္ဓါတ္မညံ့ဘူး။ ဗ်ဴဟာပိုင္ကိုႏိုင္ေစခ်င္တယ္။ ဘယ္သူ႕အေပၚကိုမဆို။ဒါက ဗ်ဴဟာပိုင္ကို တစ္ေလာကလုံးကိုအႏိုင္ရသလိုခံစားေစ
ႏိုင္ရင္သူ ဘာမဆိုလုပ္ေပးႏိုင္တယ္။သူ႕ ေက်းဇူး႐ွင္အတြက္။သူ႕ သူငယ္ခ်င္းအတြက္။
ဗ်ဴဟာ ေဆးသုံးတယ္ဆိုၿပီး ေခၚသြား
ခံရတဲ့အခ်ိန္က ဘုန္းျပည့္သူ႕ကိုေခၚၿပီး စကားေျပာခဲ့တယ္။ ေျပာျပခဲ့တယ္။သူလူမွားခဲ့တဲ့ အဲဒီေန႔က သူ႕ဆီေရာက္လာတာ ဘယ္သူလဲဆိုတာ ဗ်ဴဟာပိုင္မိသားစုရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြကဘာလဲဆိုတာ အကုန္လုံး။... အကုန္လုံးကိုေပါ့။
-----------------------------
ေဆး႐ုံအခန္းတံခါးကို ျဖည္းျဖည္း
ခ်င္းအသံမထြက္ေအာင္ ဖြင့္လိုက္ၿပီး
ေနာက္ ေျခသံမထြက္ေအာင္ လူ
တစ္ေယာက္က ကုတင္ေပၚမွာ ေဆးပိုက္တန္းလန္း ႏွင့္လွဲေနတဲ့သူအနားသို႔
လွမ္းလာသည္။
ကုတင္အနားမွာ သူေျခစုံခ်ၿပီး
မတ္တပ္ရပ္လိုက္ခ်ိန္ မ်က္လုံးေတြ
မွိတ္ထားတဲ့သူကလည္း....။
သူ႕ကိုေတြ႕လိုက္ခ်ိန္ အံ့ဩဟန္မျပတဲ့ ဗ်ဴဟာကို ဆန္းဆက္ ပုံမွန္ဆိုရင္ ဟန္ေဆာင္ၿပီး ျပဳံးျပမိမွာ ျဖစ္
ေပမယ့္ အခုသူ႕ စိတ္အေျခအေနက။
"မင္းမေန႔ထဲကသတိရလာၿပီဆိုလို႔
လာၾကည့္တာ။အစ္ကို တစ္ေယာက္
လုံး ဓါးထိုးခံရၿပီး ေဆး႐ုံေရာက္ေန
လို႔ ညီျဖစ္သူက လာၾကည့္တာ
ေတာင္ လာလစ္တဲ့အခ်ိန္ဘယ္သူမွ
မေတြ႕ေအာင္ ခိုးေၾကာင္ခိုးဝွက္လာရတယ္ဆိုတာ အဓိပၸါယ္႐ွိလား"
" ေျပာစရာ႐ွိတာကိုေျပာ"
"ဝန္ခံလိုက္"
ဆန္းဆက္ရဲ႕ ျပတ္သားလွတဲ့စကားသံ။
" ေနစင္ဟန္ကို မင္းႀကိဳက္ေနတယ္
မလား။ ငါ့ကိုေဂးျဖစ္ေစခ်င္လို႔ အၾကံ
ေတြဘာေတြေတာင္ထုတ္ၿပီးယုတ္ခဲ့
သမွ် အခုမင္းကိုယ္တိုင္ကဝဋ္လည္
ေနၿပီဆိုတာ မင္းအေဖရဲ႕ေသြးက မင္း
ကိုယ္ထဲမွာ အျပည့္ပဲဆိုတာ မင္းပါးစပ္
ကေန ဝန္ခံလိုက္ ။ငါ့အစ္ကို ဆိုေတာ့
အဲဒီေလာက္ထိ မရက္စက္ပါဘူး။ တေလာကလုံးမလိုဘူး ဒီအတိုင္းမင္းရဲ႕
သ႐ုပ္အမွန္ကိုလူေတြမသိေအာင္
ႀကိတ္ပုန္းၿပီး ေနလို႔လည္းရတယ္။
တစ္ေယာက္ဆိုရင္ရၿပီ ငါလိုခ်င္တာ
ကတစ္ေယာက္ထဲ"
ႏႈတ္ခမ္းေကြး၍ ျပဳံးလိုက္ရင္းေဆး
႐ုံ ကုတင္ေပၚ လွဲေနတဲ့ ဗ်ဴဟာကို
ငုံ႔ၾကည့္လ်က္။
"မင္း ရဲ႕ ခ်စ္ လွ စြာ ေသာ မာ တာ မိ ခင္"
ဗ်ဴဟာပိုင္မ်က္ႏွာမွာ ပ်က္ယြင္းသြားၿပီး ေဆးသြင္းထားတဲ့လက္ကလႈပ္လာေပမဲ့ မ်က္ႏွာက သူ႕ကိုအခုခ်က္ခ်င္းထသတ္
ခ်င္ေလာက္တဲ့ပုံ ျဖစ္ေနေပမယ့္ လူက ေဆး႐ုံကုတင္ေပၚကေန တစ္စက္ေလး
မွမေ႐ြ႕ႏိုင္။
"ေနစင္ဟန္ကို တစ္ဘဝလုံးစာ တာဝန္ယူေပးမယ္။ ငါ့ဘက္ကိုေတာ့ စိတ္ခ်ထားလိုက္။ဒီတစ္ခါ ေနာက္ဆုံးပဲ မင္းနဲ႔ငါ
ဘာအကန္႔မွမ႐ွိေတာ့ဘူး။ မဟုတ္ရင္ေတာ့ အက်ိဳးဆက္ကို မင္းသိမွာပါ "
သူ႕ကို မ်က္လုံးေတြရဲကာ စိုက္ၾကည့္
လာသည့္ ဗ်ဴဟာပိုင္မွာ ၿငိမ္က်သြားၿပီး ဘယ္ေတာ့မွ မာန္မခ်သည့္ေကာင္မွာ
ဟန္မေဆာင္ႏိုင္စြာ ေသာကပင္လယ္
ေဝေနသည့္ပုံကိုျမင္လိုက္ရတာနဲ႔တင္ကို။
" မင္းကအဲဒီလိုပုံစံ ျဖစ္ေနေတာ့ ငါကပဲအရမ္းမေကာင္းတဲ့သူျဖစ္သြားရသလို
ပဲ။ငါမင္းကို မတရားတာလုပ္ထားတာ
ဘာတစ္ခုမွမ႐ွိဘူး။ မေမ့နဲ႔ မင္းစိုက္ပ်ိဳး
တာကိုမင္း ျပန္ၿပီးရိတ္သိမ္းရတာ
အကုန္လုံးက မင္းအျပစ္နဲ႔ မင္းဝဋ္နဲ႔မင္းပဲ"
ေျခလွမ္းႀကဲေတြနဲ႔ေဆး႐ုံအခန္းထဲက
ေန ဆန္းဆက္ျပန္ထြက္လာခ်ိန္ သေဘာ
က်ႏွစ္ၿခိဳက္စြာျဖင့္ အလွဆုံးအျပဳံးတစ္ခု
ျဖစ္တည္လ်က္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Note:ေကာင္ေလးေတြကဇာတ္သိမ္းေတာ့မွာပါ။updateၾကာသြားတဲ့အတြက္ကိုယ့္လူေတြကိုအားနာရပါတယ္ေနာ္။ဇာတ္သိမ္းၿပီးမွပဲဒီficအတြက္ေျပာစရာ႐ွိတာေတြကိုေျပာပါေတာ့မယ္။