ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၈၈)

134 15 0
By jellyflower1

အပိုင်း(၄၈၈)

ရက်ပိုင်းခန့်ကြာပြီးနောက် ဖျော်ဖြေရေးလောက ပြန်တည်ငြိမ်သွားခဲ့သည်။ ထျန်းနင်က အားလုံး၏အမြင်အာရုံမှ ထွက်သွားသောကြောင့် သူမကို သိက္ခာချခဲ့သူများ စိတ်သက်သာရာ ရနေသည်။ အရာအားလုံး ပြီးဆုံးသွားလိမ့်မည်ဟု တွေးထင် ထားကြသည်။

သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့ အဆုံးအစွန်းအထိ လက်စားချေလိမ့်မည်ဟု မထင်ခဲ့မိချေ။

သီချင်းဆို ရှိုးလ်ပွဲတွင် အောင်မြင်ချေ အလားအလာ ရှိသော အဆိုတော်ကို ပယ်ထုတ်ခြင်းဖြင့် ရက်စက်ခဲ့သည်။

"အို့စ် ဟိုက်ဟွေ့ဖျော်ဖြေရေး လက်ချက်လား။ ထိထိရောက်ရောက်နဲ့ သိုသိုဝှက်ဝှက် ရိုက်ချလိုက်တာပဲ"

"အရမ်းကို ကျေနပ်ဖို့ကောင်းတယ်။ ထျန်းနင်ကို အများဆုံး သိက္ခာချခဲ့တဲ့ အမျိုးသမီး အဆိုတော်က သူ့ကို မစွန့်ပစ်ဖို့ သူ့မန်နေဂျာကို ဒူးထောက် တောင်းပန်နေသတဲ့"

"မို့သူဌေးက ဒီပြဿနာကို အလွယ်တကူ မေ့ပစ်မယ်သူ မဟုတ်မှန်း သိပါတယ်။ ရန်သူ တစ်ယောက်ချင်းစီကို လှလှပပ လက်စားချေဦးမှာလေ"

"အရမ်းမိုက်တယ်"

"ငါတို့ထျန်းနင်ကို သူတို့ထဲက တစ်ယောက်က တရားဝင် တောင်းပန်တယ်တဲ့။ ငါတို့ထျန်းနင်ကလေ အကျိုးအကြောင်း မစဉ်းစားတတ်တဲ့သူတွေကို မုန်းတတ်တာ မသိတာလား။ ဒီလိုလုပ်ရင် ဒုက္ခရောက်မှာကို သူတို့ မသိတာလား။ သူတို့က ကိုယ့်သေတွင်း ကိုယ်တူးချင်တော့လည်း အကျိုးဆက်ကို လက်ခံလိုက်ပေါ့"

ပရိသတ်များက လူပြောများနေသော စကားဝိုင်းတွင် အားကြိုးမာန်တက် ပါဝင်ဆွေးနွေးနေကြသည်။ ငယ်ရွယ်သော ပရိသတ်များက မို့ထင်၏အရည်အချင်းကို ကြွားဝါးနေသော်လည်း ရင့်ကျက်သော ပရိသတ်များက သူတို့ကို မကြွားဝါးရန် ဖျောင်းဖျသည်။

"ငါတို့ ထင် နဲ့ ထျန်းနင်က ဝမ်းတွင်းမည်းလေးတွေလေ။ သူတို့ကို ကြည့်ပြီး ငါတို့ သင်ယူသင့်တယ်။ ပြဿနာကို ရှောင်တိမ်းဖို့ အရိပ်ပုံစံနဲ့ နေရမယ်"

"အပေါ်က မန့်တဲ့သူ ပြောတာကို ထောက်ခံတယ်"

"ငါရောပဲ"

"မို့သူဌေးက လက်တုံ့ပြန်တတ်တာ လူတိုင်း သိတဲ့ ကိစ္စပဲလေ။ ထင်ထားတဲ့အတိုင်း ဖြစ်လာခဲ့ရုံပဲ။ ကျန်တဲ့သူတွေလည်း သူတို့မှာ အန္တရာယ် ရှိတာ သိလောက်ရောပေါ့။ ကံကြမ္မာဆိုးကို စောင့်နေရုံကလွဲလို့ သူတို့ ဘာတတ်နိုင်မှာလဲ"

"ဒါပေါ့။ သူတို့ ထျန်းနင်ကို ဆက်ဆံခဲ့တဲ့အတိုင်း တန်ပြန်ခံစားရမှာလေ။ ဒါမျိုးကိုမှ ဝဋ်လည်တယ်လို့ ခေါ်တယ်"

ထျန်းနင်ကို ပြဿနာရှာခဲ့သည့် အနုပညာရှင် အုပ်စု တစ်စုလုံးက ဒုက္ခကြုံမှ ဟိုက်ဟွေ့ဖျော်ဖြေရေးကို အသနားခံကြသည်။

သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက ညှာတာထောက်ထားမည့် အတွေး မရှိခဲ့ပေ။ သူတို့ အပြစ်ကျူးလွန်ခဲ့စဉ်က အကျိုးဆက်ကို မတွေးခဲ့သည်လော။

ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင်ကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သည့် တစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်ခွင့် ပေးမည့် အတွေး မရှိခဲ့ပေ။
"ဒုဥက္ကဌဖန်၊ တခြားအေဂျင်စီက အနုပညာရှင်က  အဆောက်အဦး အရှေ့မှာ ဒူးထောက် တောင်းပန်နေတယ်"
ဖန်ယွီ၏အတွင်းရေးမှူးက ရုံးခန်းထဲ ဝင်လာပြီး သတင်းပို့သည်။

"ထွက်သွားဖို့ ပြောလိုက်။ သူ ပြဿနာကို သူ့မန်နေဂျာကိုပဲ သွားပြောသင့်တယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးကို လာတောင်းဆိုစရာ မလိုအပ်ဘူး"
ဖန်ယွီက မျက်တောင်မခတ် ညွှန်ကြားသည်။

"သူ့ကို လာခေါ်ဖို့ သူ့အေဂျင်စီကို ဖုန်းဆက်ပြောလိုက်။ သူ မရှက်ရင်တောင် ငါတို့က သူ့အစား ရှက်တယ်"

"ဟုတ်ကဲ့ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"

ဖန်ယွီက သူ့ကိုယ်သူ လွန်ကဲသည်ဟု မခံစားရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ထျန်းနင်ကို အနိုင်ကျင့်ခဲ့စဉ်က သူတို့လုပ်ရပ်ကို လွန်ကဲသည်ဟု မခံစားခဲ့ကြပေ။

သူတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူရခြင်းသာ ဖြစ်သည်။

...

ရှားကျင်းရီ၏ တိုက်ခန်းမှ  ပြန်သွားပြီးနောက်  ထျန်းကျင်းရွှမ်က ထျန်းရွှမ်နှင့် ဧည့်ခန်းမှာ ထိပ်တိုက်ဆုံတွေ့သည်။

"ကျင်းရွှမ်၊ မင်းအတွက် အထူးဟင်းလျာ ပြင်ဆင်ပေးထားတယ်။ စားတော့မလား"

ထျန်းကျင်းရွှမ်က ထျန်းရွှမ်၏ မျက်နှာကိုကြည့်ပြီး အကျည်းတန်သည်ဟု ခံစားရသည်။ သူမနှင့် စကားမပြောချင်၍ သူ့အိပ်ခန်းထဲ တန်းပြန်လာခဲ့သည်။

ထျန်းကျင်းရွှမ်၏ စိတ်အခြေအနေက ယခုလို အမြဲဖြစ်နေ၍ ထျန်းရွှမ် သံသယ မဝင်မိပေ။ သူမ၏ အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်တစ်နေ့တွင် ရှားယွီလင်းက ဆွစ်ဇာလန်သို့ ခရီးထွက်တော့မည်။

သူမက အချိန်ကို ကောင်းကောင်း အသုံးချရမည်။

ထျန်းကျင်းရွှမ်၏ မျက်နှာအမူအရာ ပြောင်းလဲနေသည်ကို ထျန်းအကြီးအကဲ ခံစားမိ၍ သူ့စာကြည့်ခန်းထဲ ခေါ်တွေ့သည်။ ထျန်းရွှမ် ခိုးနားထောင်ခြင်းမှ ရှောင်တိမ်းရန် လေသာဈာင်ဘက်မှာ ထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

"ဘိုးဘိုး၊ ထျန်းရွှမ်ကိစ္စကို အစ်မ၂ နဲ့ ကျွန်တော့်ကို ဘာလို့ မပြောတာလဲ"

"ရှောင်နင် ပြောလိုက်လို့လား"

"အစ်မကို ကိုယ်ဝန်ကြီးနဲ့ မြင်ခဲ့ရတယ်။ သူ့အစ်မက သူ့သားအိမ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေလို့ ကိုယ်ဝန်ရှိနေတဲ့ အကြောင်း မကြေညာချင်ဘူးတဲ့"

ထျန်းကျင်းရွှမ်က အေးစက်စက် ပြောသည်။
"ထျန်းရွှမ်နဲ့ အမေတစ်ယောက်တည်းက မွေးလာပြီ။ စိတ်ဓာတ်က ဘာလို့ကွာခြား နေသလဲ"

ထျန်းအကြီးအကဲက ခနဲ့လိုက်ပြီး အဝေးကို ငေးကြည့်သည်။
"သူ့မှာ ယွီလင်းကို မကောင်းကြံဖို့ အကြံအစည်တောင် ရှိနေပြီ"

"အဲဒီလိုလား..."

"ဒါက မင်းတို့ကိစ္စ မဟုတ်ဘူး။ အဘိုးတို့မှာ အစီအစဉ် ရှိပြီသားပါ"
ထျန်းအကြီးအကဲ ပြန်ပြောသည်။

"သူ့ဗိုက်ထဲက ကလေးကြောင့်သာ သည်းခံနေတာ၊ ကလေးသာ မရှိရင် ငါတို့ ဘိုးဘေးတွေ အရှေ့မှာ သူ့ကို မသေမချင်း ရိုက်သတ်ပစ်တယ်"

"ဘိုးဘိုး တကယ်တော့လေ ကျွန်တော် သဘောကျနေတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်"
ထျန်းကျင်းရွှမ်က အရဲကိုးပြီး ထျန်းအကြီးအကဲကို ဝန်ခံသည်။
"ဒါပေမဲ့ သူက ကျွန်တော် ထင်ထားတာနဲ့ ခြားနားတယ်"

ထျန်းရွှမ်၏ စိတ်ဓာတ်အမှန်ကို သိမြင်ပြီးနောက် အမျိုးသမီးများက သွေးအေးရက်စက်ကြောင်း ထျန်းကျင်းရွှမ် သဘောပေါက်လာခဲ့သည်။

"မြေးလေး မိန်းကလေး ရှာဖို့က စိုးရိမ်ဖို့ မလိုအပ်ဘူး။ မြေးလေး ဘာလုပ်သင့်လဲ မြေးလေး သေချာ သိမှာပါ"
ထျန်းအကြီးအကဲက ထျန်းကျင်းရွှမ်ကို ကိုယ်တိုင် စဉ်းစားဆင်ခြင်ခိုင်းသည်။ သို့သော်လည်း သူတို့စကားဝိုင်း အဆုံးမသတ်ခင် ထျန်းအကြီးအကဲက မေးမြန်းလာခဲ့သည်။
"ဒါနဲ့ ဟိုတစ်ခေါက်တုန်းက မြေးရဲ့အေဂျင်စီကို ဘိုးဘိုး လာလည်တုန်းက တွေ့ခဲ့တဲ့ မိန်းမချောလေးက ဘယ်သူများလဲ"

"မိန်းမချောလေး ဟုတ်လား။ ကျွန်တော့်ရဲ့ မန်နေဂျာ အသစ် အကြောင်း ပြောနေတာများလား။ သူက အရင်တုန်းက အစ်မသုံးရဲ့ မန်နေဂျာ လုပ်ဖူးတယ်လေ။ သူ့နာမည်က စုန့်ယန်ရှု"
ထျန်းအကြီးအကဲ ရုတ်တရက် မေးမြန်းရသည့် အကြောင်းအရင်းကို မသိသော်လည်း ထျန်းကျင်းရွှမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"သူက မဆိုးရှာဘူး။ ယုံကြည်ထိုက်ပြီး အတွေးအခေါ်ကောင်းတဲ့ ကလေးပဲ"
ထျန်းအကြီးအကဲက မတ်တတ် ထရပ်ကာ စကားပြောသည်။

"ဘိုးဘိုး ဓာတ်လှေကား စီးရမှာ ကြောက်တာကို သတိထားမိလို့ ဘိုးဘိုးကို လှေကားထစ်အတိုင်း လိုက်ပို့ပေးတယ်။ ကူညီပေးတတ်တဲ့ မိန်းမလှလေးပါ"

"ဟုတ်ကဲ့"
ထျန်းကျင်းရွှမ် ခေါင်းညိတ်သည်။

"ဘာလို့ အဲဒီမိန်းမကလေးကို မစဉ်းစားတာလဲ"

ထိုစကားသံကို ကြားပြီးနောက် ထျန်းကျင်းရွှမ်က အခြေအနေကို သဘောပေါက်သွားခဲ့သည်။ ထျန်းအကြီးအကဲက သူ့ကို အကြံပြုရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက စုန့်ယန်ရှုကို သူ့မြေးချွေးမ အနေဖြင့် မျက်စိကျနေပုံပင်။

ထျန်းကျင်းရွှမ် နှုတ်ဆိတ်သွားခဲ့သည်။ စုန့်ယန်ရှုက တခြားသူ၏စိတ်ကို တည်ငြိမ်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ရှားကျင်းရီက အလုပ်တစ်ရက်နားခဲ့သည်။ သူမ လုပ်ဆောင်ရမည့် အလုပ်များကို ပစ်ထားကာ ခွင့်ရက်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းကျင်းရွှမ်က သူ့နောက် လိုက်စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

သူက တခြားသူကို သံသယ ဝင်ရခြင်းကို မုန်းတီးသော်လည်း ထျန်းနင် ပြောထားသကဲ့သို့  တချို့ကိစ္စများကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ဆောင်ရမည်။

အပိုင်း(၄၈၈)
ပြီး၏။

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
789K 34.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
426K 10.6K 29
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
197K 15.3K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...