သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၂၅)

5.6K 340 6
By Say_YaRr7

သခင်လည်းတစ်နေ့တစ်နေ့ငေးငေးငိုငိုင်နဲ့သာဖြတ်သန်းမိ‌နေသည်။သူ့ကိုအနိုင်ပိုင်းပြီးထွက်လာခဲ့ပေမဲ့ပျော်ရွှင်မှုတစ်စက်ကလေးမှမရခဲ့ပါ။
သူငယ်ချင်းကိုပြောပြမိတော့ သူ့ကိုချစ်နေတာနေမှာပေါ့တဲ့။မဖြစ်နိုင်ဘူးမလား။သခင်ကသူ့ကိုသိပ်ကိုမုန်းနေတာလေ။သခင့်မေမေကိုသေစေခဲ့တဲ့သူလေ။သခင့်ကိုငယ်ငယ်လေးကတည်းကအမေခေါ်စရာမရှိအောင်လုပ်ခဲ့တဲ့သူ။သူ့ကိုချစ်မိတယ်ဆိုရင် ကိုယ်ဟာရူးနေလို့ပဲဖြစ်မှာပေါ့။

"လွန်း"

"ဟဲ့ လွန်း"

"ဘာလဲ ဆောင်း..ဘာလို့အတင်းခေါ်နေရတာလဲ"

ကိုယ့်အတွေးနဲ့ကိုယ်မို့ဆောင်းရဲ့ခပ်စူးစူးအော်သံကြောင့်လန့်သွားမိ၏။

"နင်ကမှငါခေါ်တာမကြားတာဟ"

"ဘာလဲ"

"ထမင်းစားရအောင် ..ငါခူးပြီးပြီ"

"ငါမစားတော့ဘူး"

"မစားလို့ရမလားဟ..နင်အခုတလောအစားအသောက်ပုံမမှန်ဘူးနော်"

"ငါစားချင်စိတ်မရှိလို့ပါ"

"နင်လွမ်းနာကျနေမလား..ပြောလိုက်ရင်ကျဝန်မခံချင်ဘူး"

‌"တော်စမ်းပါဆောင်းရယ်..ငါကဘာကိစ္စသူ့ကိုလွမ်းရမှာလဲ"

"ဒါတော့လွမ်းမလွမ်းဆိုတာ နင်အသိဆုံးဖြစ်မှာပေါ့"

"ပေါက်ကရတွေ တော်စမ်းဆောင်း"

ဆောင်းကိုမျက်စောင်းထိုးလိုက်၏။ဘာမှန်းမသိဘဲ ဇွတ်ကိုထိုကလေးဆီတွန်းပို့တတ်သည်။

"အေးပါဟယ်..မပြောတော့ပါဘူး...ဒါနဲ့လေ..ဟိုနေ့ကသူ့ကိုကောင်လေးတစ်ယောက်နဲ့တွေ့လိုက်တယ်ဟ"

"ဘယ်မှာလဲ"

သေစမ်း။ဆောင်းရဲ့မချိုမချဉ်အပြုံးကြောင့်မေးမိတာမှားသွားပြီဆိုတာသိလိုက်သည်။ကိုယ်လည်း ယောင်ပြီးထွက်သွားခဲ့တာပါ။

"စိတ်မဝင်စားဘူး စိတ်မဝင်စားဘူးနဲ့..သူပဲ"

"တော်တော့ နင်မပြောချင်မပြောနဲ့ ငါကဒီအတိုင်းယောင်ပြီးမေးလိုက်မိတာ"

"ယောင်တယ်ဆိုမှတော့ စိတ်ထဲစွဲနေလို့ပေါ့..ဟိဟိ

စတာပါ..ငါဆက်ပြောမယ်..သူကအဲ့ဒီကောင်လေးကို မောင်လို့ခေါ်တာနော်..ဟဲ့ သူရည်းစားရသွားပြီထင်တယ်"

သခင်ရယ်ချင်စိတ်ကိုထိန်းထားရသည်။ကိုယ့်ကိုစိတ်ပူပါစေဆိုတဲ့စိတ်နဲ့အားကြိုးမာန်တတ်ပြောနေရှာသည်။
တကယ်တော့ အဲ့ဒီမောင်ဆိုတဲ့ကောင်လေးက သူ့ရည်းစားမဟုတ်မှန်း သခင်သိပြီးသားပါ။
ဒါကြောင့်မို့လည်း ဘာမှမခံစားရသလားဆိုတာတော့ မသိတော့ပါ။

"ဟုတ်ချင်ဟုတ်မှာပေါ့"

ကိုယ့်အဖြေကြောင့် ဆောင်းမှာကြောင်တောင်တောင်လေးဖြစ်သွားသည်။သူထင်က ကိုယ်ကသဝန်တိုသွားမယ်ပေါ့။

"နင်ဘာမှမခံစားရဘူးလား"

"ဘာခံစားရမှာလဲ"

"သူရည်းစားရသွားမှာကိုလေ"

"မခံစားရပါဘူး"

"မဟုတ်သေးပါဘူး လွန်းရယ်...ငါ့မျက်စိထဲတော့ နင်လည်းသူ့ကိုစိတ်ဝင်စားနေတဲ့ပုံပါပဲ"

"နင်ကငါ့ထက်သိနေရအောင်..သူနဲ့ငါနဲ့အကြောင်းဘယ်လောက်သိလို့လဲ"

"နင်ငါ့အိမ်ရောက်ကတည်းကမှိုင်နေတာတွေကဘာလဲ...နင်သူ့ကိုသတိရနေတာပဲမလား"

"ဝေးသေးလို့ ဆောင်းရယ်..ငါလားသူ့ကိုသတိရမှာ"

တကယ်တော့ အချိန်တိုင်းလိုလိုသူ့အကြောင်းတွေးနေမိတာပါ။ဘာအကြောင်းရယ်လို့ရေရာရာမတွေးမိပေမဲ့ တွေးလိုက်တိုင်းကသူဖြစ်နေခဲ့တာပါ။ဒါကိုသတိရလို့ဆိုပြီးခေါင်းစဉ်မတတ်လိုဘူး။

"အေးပါ..နင်ပြောသလိုပဲပေါ..တစ်ခုတော့သတိပေးထားမယ်နော်..တစ်ချို့အရာတွေကနောက်ကျလို့မကောင်းဘူးဟ. ဥပမာ ကိုယ့်ခံစားချက်ကိုမသိတာတို့ပေါ့ဟာ"

"တော်ပါဆောင်းရယ် နင်ဆိုလိုချင်တာငါသိတယ်..ဘယ်တော့မှအဲ့လိုဖြစ်လာမှာလည်းမဟုတ်ဘူး"

ဆောင်းကတော့ သက်ပြင်းအရှည်ကြီးကိုချနေသည်။

"ထမင်းလိုက်စားနော် လွန်း"

"အင်း အင်း"

မစားချင်ပေမဲ့ငြင်းမနေမိတော့ပါ။ခုနကလည်းထမင်းမစားဘူးငြင်းရာကနေ စကားစတွေရှည်သွားခဲ့တာမလား။

"လာလေ သွားမယ်"

ဆောင်းက တစ်ယောက်တည်းသမားမို့ အားမနာရပါ။သူ့မိဘတွေလည်းမရှိတော့သလို အမျိုးသားချင်းလည်းမရှိတဲ့ တစ်ဦးတည်းသောသမီးဖြစ်သည်။ဒါ့ကြောင့်မို့ ဆောင်းအိမ်မှာ နေခဲ့တဲ့တစ်လျှောက်လုံး အထူးတလည်အားနာနေရမည့်သူမရှိခဲ့ပါ။

***

"အစ်မ ..အစ်မ"

တော်ပါသေးရဲ့ ထိုအစ်မက အပြင်ဘက်မှာရှိတုန်းနဲ့ကျနေလို့သာပေါ့။မဟုတ်ရင် လူခေါ်ရတာအလုပ်တစ်လုပ်ဖြစ်ဦးမည်။

"ဪ...ညီမလေး ..ဘာကိစ္စရှိလို့လဲ...လွန်းဆီလာတာလား"

"မဟုတ်ဘူး အစ်မ..သခင့်ဆီလာတာမဟုတ်ပါဘူး"

"ဪ ဒါဆို ဘာလို့လဲ ညီမရဲ့..ခဏနော် မမတံခါးဖွင့်လိုက်ဦးမယ်"

"တံခါးဖွင့်မနေပါနဲ့ လင်းလည်းအထဲထိမဝင်တော့ဘူးလေ"

"ဪ အင်းပါ"

"သခင့်ဖေဖေနေမကောင်းဖြစ်နေတယ်..အဲ့ဒါသခင့်ကိုလာခဲ့ဖို့ပြောပေးပါနော်...သခင့်ဖုန်းကိုဆက်တော့လည်းမရလို့ ဒီအထိလာလိုက်တာပါ"

ဆောင်းချယ်ရီစိတ်ထဲ ဒီလောက်ချစ်ရာကောင်မလေးကို သခင်ကပြန်မချစ်ဘူးဆိုတာ မယုံနိုင်ဖြစ်နေသည်။

"သူအိမ်ထဲမှာရှိတယ်ကလေး..တွေ့သွားပါလား"

"မတွေ့တော့ပါဘူး...အစ်မကပဲ ပြောပေးပါနော်..ဒါနဲ့လေ ...သခင့်ဖေဖေက အရမ်းကြီးနေမကောင်းတာမျိုးတော့မဟုတ်ပါဘူး..ရိုးရိုးတန်းတန်းဖျားရုံပါပဲ ...တော်ကြာ သခင်အရမ်းစိတ်ပူနေမှာစိုးလို့ပါ"

"အင်းပါ မမပြောလိုက်မယ်နော် ကလေး"

"ဟုတ်..ကျေးဇူးပါနော်...ပြန်လိုက်ပါဦးမယ်"

"အွန်းပါ အွန်းပါ"

***

"လွန်း"

"ဟင်"

"ခုနက ရောင်စဉ်လေးလာသွားသေးတယ်"

"ဘာလုပ်လာတာလဲသူက"

"နင့်‌ေဖဖေနေမကောင်းလို့တဲ့ ..နင့်ကိုလာခဲ့ဖို့ပြောတာ. ဖုန်းဆက်တာလည်းမရလို့တဲ့"

ချက်ချင်းပင်သခင်စိုးရိမ်သွား၏။ဖေဖေ့ကိုပစ်ထားမိခဲ့သလိုလည်းဖြစ်သွားခဲ့တာကို။

"ရိုးရိုးနေမကောင်းတာပါတဲ့..စိတ်မပူဖို့လည်းပြောလိုက်သေးတယ်"

"ငါဒါဆိုဖေဖေဆီသွားလိုက်ဦးမယ်"

"အခုလား"

"အင်းပေါ့"

"အေးပါ ငါလိုက်ပို့မယ်လေ"

"ရတယ်ဆောင်း ငါဘာသာပဲသွားတော့မယ်"

***

"ဖေဖေ နေမကောင်းဘူးဆို"

သခင်က အိမ်နေရင်းအဝတ်အစားနဲ့ပဲရောက်လာသည်။သူ့အဖေကို စိုးရိမ်သွားခဲ့တယ်ထင်ပါရဲ့။

"သိပ်မဖျားပါဘူးသမီးရယ်...သမီးလေး အိမ်ပြန်လာတော့လေ"

"ဦးဦး လင်းပြန်ဦးမယ်နော်"

"အေးအေး သမီး"

သခင်နဲ့သခင့်ဖေဖေစကားပြောစေရန်ရှောင်ထွက်လာခဲ့သည်။သခင့်ကိုမြင်ချင်သေးပေမဲ့ သခင်နဲ့မျက်နှာချင်းဆိုင်ဖို့ကိုအားငယ်နေမိသည်။သခင့်ကိုလည်းနှုတ်မဆက်ခဲ့ပါ။သခင်နဲ့ပင်မျက်လုံးချင်းမဆုံခဲ့ပါ။သခင့်စိတ်ထဲ ဘယ်လိုထင်မလဲမသိပေမဲ့ သခင့်ကိုအနေမခက်စေချင်သလို ကိုယ်တိုင်လည်းအနေမခက်စေရန်သာဖြစ်သည်။

"သမီး ..ရောင်စဉ်လေးကိုနှုတ်မဆက်လိုက်ဘူးလား"

ဖေဖေ့စကားကိုမကြားဟန်ဆောင်လိုက်သည်။တကယ်တော့ ဖေဖေကသခင့်ကို ဖြစ်ခဲ့သမျှကိစ္စတွေအတွက်ဆူမယ်ထင်ထားပေမဲ့ လုံးဝမဆူခဲ့ပါ။အိမ်မပြန်ဖြစ်ခဲ့တာလည်း ဖေဖေနဲ့အတိုက်အခံလုပ်ရမှာစိုး၍မပြန်ဖြစ်ခဲ့တာပါ။

"ဖေဖေ...နေမကောင်းတာကြာပြီလား"

"ဒီနေ့ရောမှ ၃ရက်ပဲရှိပါသေးတယ်"

"၃ရက်တောင်ရှိသွားပြီလား"

"ရောင်စဉ်လေးကအရင်ရက်တွေကဖေဖေ့ကို ညစောင့်ပြီးအိပ်ပေးတယ်သမီးရဲ့"

"ဪ"

"သမီးဒီနေ့မပြန်တော့ဘူး ဖေဖေ့ကိုညစောင့်အိပ်ပေးမယ်"

"အေးပါ သမီးရယ်"

ဖေဖေကထူထူထောင်ထောင်မလို့တော်ပါသေးရဲ့။လူကြီးဆိုတော့ ဖျားတာနာတာတော့ရှိတာပါပဲ။ကိုယ်လည်း ဖေဖေ့ကိုပစ်ထားသလိုဖြစ်သွားခဲ့တယ်။ဖြစ်ခဲ့သမျှကိစ္စတွေမှာဖေဖေကကိုယ့်ဘက်မှာမရှိခဲ့တာကြောင့်လည်းစိတ်ဆိုးခဲ့မိသေး၏။အခုတော့စိတ်ဆိုးတာတွေဘာတွေမရှိတော့ပါ။အခု‌ေလာ‌ေလာဆယ်ပြန်‌ေနဖို့မရှိ‌ေသး‌ေပမဲ့ဘာပဲဖြစ်ဖြစ်အိမ်တော့ပြန်နေရမှာပါပဲ။

***

"ဦးဦးဖို့ ကြက်သားစွပ်ပြုတ်လာပို့တာဦးဦး စားလိုက်ဦးနော်"

" ဒုက္ခရှာလို့ သမီးရယ်"

"ရပါတယ် ဦးဦးရဲ့ ဒုက္ခမများပါဘူး.."

"သမီးပြန်တော့မယ်နော်..ဒီနေ့ညတော့လာမအိပ်တော့ဘူး...စွပ်ပြုတ်က စားပွဲပေါ်မှာတင်ထားလိုက်တယ်နော်"

"အေးပါသမီးရယ် အေးပါ"

သခင်ကကိုယ့်ကိုကြည့်နေသလိုခံစားရပေမဲ့
ပြန်တော့မကြည့်မိပါ။ကိုယ့်ကိုမြင်မှသခင်ကမျက်နှာလွှဲသွားရင်ခံရခက်ပေဦးမည်။သခင့်ကိုမြင်‌ေနရက်သိနေရက်နဲ့မသိချင်ယောင်မမြင်ချင်ယောင်ဆောင်ရတာဟာနေရခက်လှသည်။သခင့်စိတ်ထဲဘယ်လိုနေလဲမသိပေမဲ့
ကိုယ့်အတွက်တော့တကယ်ကိုအဆင်မပြေဖြစ်တာပါ။သခင့်ဖေဖေကလည်းနေရခက်မှာစိုးလို့ထင်ပါရဲ့ သခင့်အကြောင်းကိုထည့်မပြောပါ။

ဒီနေ့တော့သခင့်မျက်နှာလေးကိုမြင်ခဲ့ရသည်မို့ ကျေနပ်ခဲ့ရပါတယ်သခင်ရယ်။

"ဖေဖေ..သူကဟိုအိမ်ကိုပြန်မအိပ်ဘူးလား"

"ဖေဖေနေမကောင်းကတည်းက မပြန်ဖြစ်တာသမီးရဲ့"

"ဪ...ဖေဖေ စွပ်ပြုတ်သောက်တော့မလား...သွားယူလိုက်တော့မယ်နော်"

"အင်းအင်း..ယူရင်လည်းယူခဲ့လေ"

မီးဖိုချောင်ထဲကစားပွဲပေါ်မှာ စွပ်ပြုတ်ပန်းကန်လေးရယ်၊၄ဆင့်ချိုင့်လေးတစ်လုံးရယ်ကိုတွေ့ရသည်။ ချိုင့်‌ေတွကိုဖွင့်ကြည့်လိုက်တော့ ထမင်းကတစ်ဆင့်၊ကြက်သားချက်ကတစ်ဆင့်၊ကန်စွန်းရွက်ကြော်နဲ့အားလူးကြော်ကတစ်ဆင့်ထဲထည့်ထားကာ ကျန်တစ်ဆင့်မှာ ချဉ်ဟင်းထည့်ထားသည်။
ဒါသခင့်အတွက် သူယူလာမှန်းအလိုလိုသိသည် ။

တကယ်ဆိုကိုယ့်အတွက်ပါယူလာကြောင်းကိုပြောမသွားခဲ့ပါ။ပြီးတော့ မသိချင်ယောင်မမြင်ချင်ယောင်လည်းဆောင်လိုက်သေးသည်။မနက်ကတည်းက သခင့်ကိုမြင်ရဲ့သားနဲ့တစ်ချက်ကလေးမှသူမကြည့်ခဲ့ပါ။အခုလည်း ဘာထူးလို့လဲ။ဖေဖေ့ကိုသာစကားတွေပြောသွားပြီးကိုယ့်ကိုတော့မသိချင်ယောင်ဆောင်နေသည်။သူ ပြောင်းလဲသွားတာများလား။

****

ဘာရယ်မဟုတ် ဟိုဘက်အိမ်ကိုလှမ်းကြည့်မိတော့ သူ့အခန်းလေးက မီးရောင်မှိန်မှိန်လေးကိုမြင်နေရသည် ။သူဒီအချိန်ထိမအိပ်သေးတာများလား။

'အိပ်ရေးရောမှန်ရဲ့လား'

အို..ဘုရားရေ။သူ့အတွက်တွေးပူနေတာလား။ဒါလုံးဝမဖြစ်သင့်တာပဲ။သူဘာဖြစ်ဖြစ်သခင်နဲ့လုံးဝမဆိုင်တဲ့ကိစ္စပဲကို။

'ငါကသာသူ့အကြောင်းတွေးနေတာ သူကငါ့အကြောင်းတွေးပါ့မလား'

ထပ်ပြီးဘုရားတမိပြန်သည်။ခုနမှသူ့အကြောင်းမတွေးဖို့သတိပေးထားပြီးပြီမဟုတ်လား။အခုထပ်ပြီးတွေးမိပြန်သည်။

'အို..မဖြစ်တော့ပါဘူး..အိပ်တော့မှပါ"

မအိပ်ချင်သေးပေမဲ့ အိပ်ဖို့သာကြိုးစားလိုက်သည်။မဟုတ်ရင်ဘယ်အထိ အတွေးတွေဟာနက်နဲနေဦးလိမ့်မလဲဆိုတာမသိနိုင်ပါ။

***
"သခင်..အိပ်နေပြီလားဟင်.."

"ကျွန်မသခင့်ကိုလွမ်းလိုက်တာသခင်ရယ်"

"ကျွန်မကိုမုန်းနေတုန်းပဲလားဟင်"

"ကျွန်မတော့ သခင့်ကိုချစ်နေတုန်းပဲသခင်ရယ်"

သခင့်အခန်းလေးရှိရာကိုငေးရင်း စကားလုံးအချို့ကိုပြောနေမိသည်။ သခင်တော့မကြားခဲ့ဘူး။

သခင့်ဆီကဘာကိုမှမမျှော်လင့်ချင်တော့ပါဘူးသခင်ရယ်။သခင်နဲ့အတူ ဒီတစ်မိုးအောက်ထဲမှာပဲရှိနေခွင့်ရနေတာကိုပဲ ကျေနပ်ပါတော့မယ်သခင်ရယ်။
တစ်ခါတွေးဖူးတယ်လေသခင်ရဲ့။သခင်ဟာ ဘယ်တော့မှ ကိုယ့်ဆီကိုမကြွေကျမဲ့ကြယ်ကလေးဆိုတာကိုလေ။ဒါပေမဲ့လေသခင်ရယ်..ဘယ်သူ့ဆီကိုမှမကြွေလိုက်ပါနဲ့နော်။သခင့်ကိုလှလှပပလေးငေးကြည့်ချင်လို့ပါ။

"သခင် ကျွန်မသခင့်ကိုသိပ်ချစ်တာပဲ"

27.2.2024
#သခင်

သခင္လည္းတစ္ေန႔တစ္ေန႔ေငးေငးငိုငိုင္နဲ႔သာျဖတ္သန္းမိ‌ေနသည္။သူ႕ကိုအႏိုင္ပိုင္းၿပီးထြက္လာခဲ့ေပမဲ့ေပ်ာ္႐ႊင္မႈတစ္စက္ကေလးမွမရခဲ့ပါ။
သူငယ္ခ်င္းကိုေျပာျပမိေတာ့ သူ႕ကိုခ်စ္ေနတာေနမွာေပါ့တဲ့။မျဖစ္ႏိုင္ဘူးမလား။သခင္ကသူ႕ကိုသိပ္ကိုမုန္းေနတာေလ။သခင့္ေမေမကိုေသေစခဲ့တဲ့သူေလ။သခင့္ကိုငယ္ငယ္ေလးကတည္းကအေမေခၚစရာမ႐ွိေအာင္လုပ္ခဲ့တဲ့သူ။သူ႕ကိုခ်စ္မိတယ္ဆိုရင္ ကိုယ္ဟာ႐ူးေနလို႔ပဲျဖစ္မွာေပါ့။

"လြန္း"

"ဟဲ့ လြန္း"

"ဘာလဲ ေဆာင္း..ဘာလို႔အတင္းေခၚေနရတာလဲ"

ကိုယ့္အေတြးနဲ႔ကိုယ္မို႔ေဆာင္းရဲ႕ခပ္စူးစူးေအာ္သံေၾကာင့္လန္႔သြားမိ၏။

"နင္ကမွငါေခၚတာမၾကားတာဟ"

"ဘာလဲ"

"ထမင္းစားရေအာင္ ..ငါခူးၿပီးၿပီ"

"ငါမစားေတာ့ဘူး"

"မစားလို႔ရမလားဟ..နင္အခုတေလာအစားအေသာက္ပုံမမွန္ဘူးေနာ္"

"ငါစားခ်င္စိတ္မ႐ွိလို႔ပါ"

"နင္လြမ္းနာက်ေနမလား..ေျပာလိုက္ရင္က်ဝန္မခံခ်င္ဘူး"

‌"ေတာ္စမ္းပါေဆာင္းရယ္..ငါကဘာကိစၥသူ႕ကိုလြမ္းရမွာလဲ"

"ဒါေတာ့လြမ္းမလြမ္းဆိုတာ နင္အသိဆုံးျဖစ္မွာေပါ့"

"ေပါက္ကရေတြ ေတာ္စမ္းေဆာင္း"

ေဆာင္းကိုမ်က္ေစာင္းထိုးလိုက္၏။ဘာမွန္းမသိဘဲ ဇြတ္ကိုထိုကေလးဆီတြန္းပို႔တတ္သည္။

"ေအးပါဟယ္..မေျပာေတာ့ပါဘူး...ဒါနဲ႔ေလ..ဟိုေန႔ကသူ႕ကိုေကာင္ေလးတစ္ေယာက္နဲ႔ေတြ႕လိုက္တယ္ဟ"

"ဘယ္မွာလဲ"

ေသစမ္း။ေဆာင္းရဲ႕မခ်ိဳမခ်ဥ္အျပဳံးေၾကာင့္ေမးမိတာမွားသြားၿပီဆိုတာသိလိုက္သည္။ကိုယ္လည္း ေယာင္ၿပီးထြက္သြားခဲ့တာပါ။

"စိတ္မဝင္စားဘူး စိတ္မဝင္စားဘူးနဲ႔..သူပဲ"

"ေတာ္ေတာ့ နင္မေျပာခ်င္မေျပာနဲ႔ ငါကဒီအတိုင္းေယာင္ၿပီးေမးလိုက္မိတာ"

"ေယာင္တယ္ဆိုမွေတာ့ စိတ္ထဲစြဲေနလို႔ေပါ့..ဟိဟိ

စတာပါ..ငါဆက္ေျပာမယ္..သူကအဲ့ဒီေကာင္ေလးကို ေမာင္လို႔ေခၚတာေနာ္..ဟဲ့ သူရည္းစားရသြားၿပီထင္တယ္"

သခင္ရယ္ခ်င္စိတ္ကိုထိန္းထားရသည္။ကိုယ့္ကိုစိတ္ပူပါေစဆိုတဲ့စိတ္နဲ႔အားႀကိဳးမာန္တတ္ေျပာေန႐ွာသည္။
တကယ္ေတာ့ အဲ့ဒီေမာင္ဆိုတဲ့ေကာင္ေလးက သူ႕ရည္းစားမဟုတ္မွန္း သခင္သိၿပီးသားပါ။
ဒါေၾကာင့္မို႔လည္း ဘာမွမခံစားရသလားဆိုတာေတာ့ မသိေတာ့ပါ။

"ဟုတ္ခ်င္ဟုတ္မွာေပါ့"

ကိုယ့္အေျဖေၾကာင့္ ေဆာင္းမွာေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။သူထင္က ကိုယ္ကသဝန္တိုသြားမယ္ေပါ့။

"နင္ဘာမွမခံစားရဘူးလား"

"ဘာခံစားရမွာလဲ"

"သူရည္းစားရသြားမွာကိုေလ"

"မခံစားရပါဘူး"

"မဟုတ္ေသးပါဘူး လြန္းရယ္...ငါ့မ်က္စိထဲေတာ့ နင္လည္းသူ႕ကိုစိတ္ဝင္စားေနတဲ့ပုံပါပဲ"

"နင္ကငါ့ထက္သိေနရေအာင္..သူနဲ႔ငါနဲ႔အေၾကာင္းဘယ္ေလာက္သိလို႔လဲ"

"နင္ငါ့အိမ္ေရာက္ကတည္းကမိႈင္ေနတာေတြကဘာလဲ...နင္သူ႕ကိုသတိရေနတာပဲမလား"

"ေဝးေသးလို႔ ေဆာင္းရယ္..ငါလားသူ႕ကိုသတိရမွာ"

တကယ္ေတာ့ အခ်ိန္တိုင္းလိုလိုသူ႕အေၾကာင္းေတြးေနမိတာပါ။ဘာအေၾကာင္းရယ္လို႔ေရရာရာမေတြးမိေပမဲ့ ေတြးလိုက္တိုင္းကသူျဖစ္ေနခဲ့တာပါ။ဒါကိုသတိရလို႔ဆိုၿပီးေခါင္းစဥ္မတတ္လိုဘူး။

"ေအးပါ..နင္ေျပာသလိုပဲေပါ..တစ္ခုေတာ့သတိေပးထားမယ္ေနာ္..တစ္ခ်ိဳ႕အရာေတြကေနာက္က်လို႔မေကာင္းဘူးဟ. ဥပမာ ကိုယ့္ခံစားခ်က္ကိုမသိတာတို႔ေပါ့ဟာ"

"ေတာ္ပါေဆာင္းရယ္ နင္ဆိုလိုခ်င္တာငါသိတယ္..ဘယ္ေတာ့မွအဲ့လိုျဖစ္လာမွာလည္းမဟုတ္ဘူး"

ေဆာင္းကေတာ့ သက္ျပင္းအ႐ွည္ႀကီးကိုခ်ေနသည္။

"ထမင္းလိုက္စားေနာ္ လြန္း"

"အင္း အင္း"

မစားခ်င္ေပမဲ့ျငင္းမေနမိေတာ့ပါ။ခုနကလည္းထမင္းမစားဘူးျငင္းရာကေန စကားစေတြ႐ွည္သြားခဲ့တာမလား။

"လာေလ သြားမယ္"

ေဆာင္းက တစ္ေယာက္တည္းသမားမို႔ အားမနာရပါ။သူ႕မိဘေတြလည္းမ႐ွိေတာ့သလို အမ်ိဳးသားခ်င္းလည္းမ႐ွိတဲ့ တစ္ဦးတည္းေသာသမီးျဖစ္သည္။ဒါ့ေၾကာင့္မို႔ ေဆာင္းအိမ္မွာ ေနခဲ့တဲ့တစ္ေလွ်ာက္လုံး အထူးတလည္အားနာေနရမည့္သူမ႐ွိခဲ့ပါ။

***

"အစ္မ ..အစ္မ"

ေတာ္ပါေသးရဲ႕ ထိုအစ္မက အျပင္ဘက္မွာ႐ွိတုန္းနဲ႔က်ေနလို႔သာေပါ့။မဟုတ္ရင္ လူေခၚရတာအလုပ္တစ္လုပ္ျဖစ္ဦးမည္။

"ဪ...ညီမေလး ..ဘာကိစၥ႐ွိလို႔လဲ...လြန္းဆီလာတာလား"

"မဟုတ္ဘူး အစ္မ..သခင့္ဆီလာတာမဟုတ္ပါဘူး"

"ဪ ဒါဆို ဘာလို႔လဲ ညီမရဲ႕..ခဏေနာ္ မမတံခါးဖြင့္လိုက္ဦးမယ္"

"တံခါးဖြင့္မေနပါနဲ႔ လင္းလည္းအထဲထိမဝင္ေတာ့ဘူးေလ"

"ဪ အင္းပါ"

"သခင့္ေဖေဖေနမေကာင္းျဖစ္ေနတယ္..အဲ့ဒါသခင့္ကိုလာခဲ့ဖို႔ေျပာေပးပါေနာ္...သခင့္ဖုန္းကိုဆက္ေတာ့လည္းမရလို႔ ဒီအထိလာလိုက္တာပါ"

ေဆာင္းခ်ယ္ရီစိတ္ထဲ ဒီေလာက္ခ်စ္ရာေကာင္မေလးကို သခင္ကျပန္မခ်စ္ဘူးဆိုတာ မယုံႏိုင္ျဖစ္ေနသည္။

"သူအိမ္ထဲမွာ႐ွိတယ္ကေလး..ေတြ႕သြားပါလား"

"မေတြ႕ေတာ့ပါဘူး...အစ္မကပဲ ေျပာေပးပါေနာ္..ဒါနဲ႔ေလ ...သခင့္ေဖေဖက အရမ္းႀကီးေနမေကာင္းတာမ်ိဳးေတာ့မဟုတ္ပါဘူး..႐ိုး႐ိုးတန္းတန္းဖ်ား႐ုံပါပဲ ...ေတာ္ၾကာ သခင္အရမ္းစိတ္ပူေနမွာစိုးလို႔ပါ"

"အင္းပါ မမေျပာလိုက္မယ္ေနာ္ ကေလး"

"ဟုတ္..ေက်းဇူးပါေနာ္...ျပန္လိုက္ပါဦးမယ္"

"အြန္းပါ အြန္းပါ"

***

"လြန္း"

"ဟင္"

"ခုနက ေရာင္စဥ္ေလးလာသြားေသးတယ္"

"ဘာလုပ္လာတာလဲသူက"

"နင့္‌ေဖေဖေနမေကာင္းလို႔တဲ့ ..နင့္ကိုလာခဲ့ဖို႔ေျပာတာ. ဖုန္းဆက္တာလည္းမရလို႔တဲ့"

ခ်က္ခ်င္းပင္သခင္စိုးရိမ္သြား၏။ေဖေဖ့ကိုပစ္ထားမိခဲ့သလိုလည္းျဖစ္သြားခဲ့တာကို။

"႐ိုး႐ိုးေနမေကာင္းတာပါတဲ့..စိတ္မပူဖို႔လည္းေျပာလိုက္ေသးတယ္"

"ငါဒါဆိုေဖေဖဆီသြားလိုက္ဦးမယ္"

"အခုလား"

"အင္းေပါ့"

"ေအးပါ ငါလိုက္ပို႔မယ္ေလ"

"ရတယ္ေဆာင္း ငါဘာသာပဲသြားေတာ့မယ္"

***

"ေဖေဖ ေနမေကာင္းဘူးဆို"

သခင္က အိမ္ေနရင္းအဝတ္အစားနဲ႔ပဲေရာက္လာသည္။သူ႕အေဖကို စိုးရိမ္သြားခဲ့တယ္ထင္ပါရဲ႕။

"သိပ္မဖ်ားပါဘူးသမီးရယ္...သမီးေလး အိမ္ျပန္လာေတာ့ေလ"

"ဦးဦး လင္းျပန္ဦးမယ္ေနာ္"

"ေအးေအး သမီး"

သခင္နဲ႔သခင့္ေဖေဖစကားေျပာေစရန္ေ႐ွာင္ထြက္လာခဲ့သည္။သခင့္ကိုျမင္ခ်င္ေသးေပမဲ့ သခင္နဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ကိုအားငယ္ေနမိသည္။သခင့္ကိုလည္းႏႈတ္မဆက္ခဲ့ပါ။သခင္နဲ႔ပင္မ်က္လုံးခ်င္းမဆုံခဲ့ပါ။သခင့္စိတ္ထဲ ဘယ္လိုထင္မလဲမသိေပမဲ့ သခင့္ကိုအေနမခက္ေစခ်င္သလို ကိုယ္တိုင္လည္းအေနမခက္ေစရန္သာျဖစ္သည္။

"သမီး ..ေရာင္စဥ္ေလးကိုႏႈတ္မဆက္လိုက္ဘူးလား"

ေဖေဖ့စကားကိုမၾကားဟန္ေဆာင္လိုက္သည္။တကယ္ေတာ့ ေဖေဖကသခင့္ကို ျဖစ္ခဲ့သမွ်ကိစၥေတြအတြက္ဆူမယ္ထင္ထားေပမဲ့ လုံးဝမဆူခဲ့ပါ။အိမ္မျပန္ျဖစ္ခဲ့တာလည္း ေဖေဖနဲ႔အတိုက္အခံလုပ္ရမွာစိုး၍မျပန္ျဖစ္ခဲ့တာပါ။

"ေဖေဖ...ေနမေကာင္းတာၾကာၿပီလား"

"ဒီေန႔ေရာမွ ၃ရက္ပဲ႐ွိပါေသးတယ္"

"၃ရက္ေတာင္႐ွိသြားၿပီလား"

"ေရာင္စဥ္ေလးကအရင္ရက္ေတြကေဖေဖ့ကို ညေစာင့္ၿပီးအိပ္ေပးတယ္သမီးရဲ႕"

"ဪ"

"သမီးဒီေန႔မျပန္ေတာ့ဘူး ေဖေဖ့ကိုညေစာင့္အိပ္ေပးမယ္"

"ေအးပါ သမီးရယ္"

ေဖေဖကထူထူေထာင္ေထာင္မလို႔ေတာ္ပါေသးရဲ႕။လူႀကီးဆိုေတာ့ ဖ်ားတာနာတာေတာ့႐ွိတာပါပဲ။ကိုယ္လည္း ေဖေဖ့ကိုပစ္ထားသလိုျဖစ္သြားခဲ့တယ္။ျဖစ္ခဲ့သမွ်ကိစၥေတြမွာေဖေဖကကိုယ့္ဘက္မွာမ႐ွိခဲ့တာေၾကာင့္လည္းစိတ္ဆိုးခဲ့မိေသး၏။အခုေတာ့စိတ္ဆိုးတာေတြဘာေတြမ႐ွိေတာ့ပါ။အခု‌ေလာ‌ေလာဆယ္ျပန္‌ေနဖို႔မ႐ွိ‌ေသး‌ေပမဲ့ဘာပဲျဖစ္ျဖစ္အိမ္ေတာ့ျပန္ေနရမွာပါပဲ။

***

"ဦးဦးဖို႔ ၾကက္သားစြပ္ျပဳတ္လာပို႔တာဦးဦး စားလိုက္ဦးေနာ္"

" ဒုကၡ႐ွာလို႔ သမီးရယ္"

"ရပါတယ္ ဦးဦးရဲ႕ ဒုကၡမမ်ားပါဘူး.."

"သမီးျပန္ေတာ့မယ္ေနာ္..ဒီေန႔ညေတာ့လာမအိပ္ေတာ့ဘူး...စြပ္ျပဳတ္က စားပြဲေပၚမွာတင္ထားလိုက္တယ္ေနာ္"

"ေအးပါသမီးရယ္ ေအးပါ"

သခင္ကကိုယ့္ကိုၾကည့္ေနသလိုခံစားရေပမဲ့
ျပန္ေတာ့မၾကည့္မိပါ။ကိုယ့္ကိုျမင္မွသခင္ကမ်က္ႏွာလႊဲသြားရင္ခံရခက္ေပဦးမည္။သခင့္ကိုျမင္‌ေနရက္သိေနရက္နဲ႔မသိခ်င္ေယာင္မျမင္ခ်င္ေယာင္ေဆာင္ရတာဟာေနရခက္လွသည္။သခင့္စိတ္ထဲဘယ္လိုေနလဲမသိေပမဲ့
ကိုယ့္အတြက္ေတာ့တကယ္ကိုအဆင္မေျပျဖစ္တာပါ။သခင့္ေဖေဖကလည္းေနရခက္မွာစိုးလို႔ထင္ပါရဲ႕ သခင့္အေၾကာင္းကိုထည့္မေျပာပါ။

ဒီေန႔ေတာ့သခင့္မ်က္ႏွာေလးကိုျမင္ခဲ့ရသည္မို႔ ေက်နပ္ခဲ့ရပါတယ္သခင္ရယ္။

"ေဖေဖ..သူကဟိုအိမ္ကိုျပန္မအိပ္ဘူးလား"

"ေဖေဖေနမေကာင္းကတည္းက မျပန္ျဖစ္တာသမီးရဲ႕"

"ဪ...ေဖေဖ စြပ္ျပဳတ္ေသာက္ေတာ့မလား...သြားယူလိုက္ေတာ့မယ္ေနာ္"

"အင္းအင္း..ယူရင္လည္းယူခဲ့ေလ"

မီးဖိုေခ်ာင္ထဲကစားပြဲေပၚမွာ စြပ္ျပဳတ္ပန္းကန္ေလးရယ္၊၄ဆင့္ခ်ိဳင့္ေလးတစ္လုံးရယ္ကိုေတြ႕ရသည္။ ခ်ိဳင့္‌ေတြကိုဖြင့္ၾကည့္လိုက္ေတာ့ ထမင္းကတစ္ဆင့္၊ၾကက္သားခ်က္ကတစ္ဆင့္၊ကန္စြန္း႐ြက္ေၾကာ္နဲ႔အားလူးေၾကာ္ကတစ္ဆင့္ထဲထည့္ထားကာ က်န္တစ္ဆင့္မွာ ခ်ဥ္ဟင္းထည့္ထားသည္။
ဒါသခင့္အတြက္ သူယူလာမွန္းအလိုလိုသိသည္ ။

တကယ္ဆိုကိုယ့္အတြက္ပါယူလာေၾကာင္းကိုေျပာမသြားခဲ့ပါ။ၿပီးေတာ့ မသိခ်င္ေယာင္မျမင္ခ်င္ေယာင္လည္းေဆာင္လိုက္ေသးသည္။မနက္ကတည္းက သခင့္ကိုျမင္ရဲ႕သားနဲ႔တစ္ခ်က္ကေလးမွသူမၾကည့္ခဲ့ပါ။အခုလည္း ဘာထူးလို႔လဲ။ေဖေဖ့ကိုသာစကားေတြေျပာသြားၿပီးကိုယ့္ကိုေတာ့မသိခ်င္ေယာင္ေဆာင္ေနသည္။သူ ေျပာင္းလဲသြားတာမ်ားလား။

****

ဘာရယ္မဟုတ္ ဟိုဘက္အိမ္ကိုလွမ္းၾကည့္မိေတာ့ သူ႕အခန္းေလးက မီးေရာင္မွိန္မွိန္ေလးကိုျမင္ေနရသည္ ။သူဒီအခ်ိန္ထိမအိပ္ေသးတာမ်ားလား။

'အိပ္ေရးေရာမွန္ရဲ႕လား'

အို..ဘုရားေရ။သူ႕အတြက္ေတြးပူေနတာလား။ဒါလုံးဝမျဖစ္သင့္တာပဲ။သူဘာျဖစ္ျဖစ္သခင္နဲ႔လုံးဝမဆိုင္တဲ့ကိစၥပဲကို။

'ငါကသာသူ႕အေၾကာင္းေတြးေနတာ သူကငါ့အေၾကာင္းေတြးပါ့မလား'

ထပ္ၿပီးဘုရားတမိျပန္သည္။ခုနမွသူ႕အေၾကာင္းမေတြးဖို႔သတိေပးထားၿပီးၿပီမဟုတ္လား။အခုထပ္ၿပီးေတြးမိျပန္သည္။

'အို..မျဖစ္ေတာ့ပါဘူး..အိပ္ေတာ့မွပါ"

မအိပ္ခ်င္ေသးေပမဲ့ အိပ္ဖို႔သာႀကိဳးစားလိုက္သည္။မဟုတ္ရင္ဘယ္အထိ အေတြးေတြဟာနက္နဲေနဦးလိမ့္မလဲဆိုတာမသိႏိုင္ပါ။

***
"သခင္..အိပ္ေနၿပီလားဟင္.."

"ကြၽန္မသခင့္ကိုလြမ္းလိုက္တာသခင္ရယ္"

"ကြၽန္မကိုမုန္းေနတုန္းပဲလားဟင္"

"ကြၽန္မေတာ့ သခင့္ကိုခ်စ္ေနတုန္းပဲသခင္ရယ္"

သခင့္အခန္းေလး႐ွိရာကိုေငးရင္း စကားလုံးအခ်ိဳ႕ကိုေျပာေနမိသည္။ သခင္ေတာ့မၾကားခဲ့ဘူး။

သခင့္ဆီကဘာကိုမွမေမွ်ာ္လင့္ခ်င္ေတာ့ပါဘူးသခင္ရယ္။သခင္နဲ႔အတူ ဒီတစ္မိုးေအာက္ထဲမွာပဲ႐ွိေနခြင့္ရေနတာကိုပဲ ေက်နပ္ပါေတာ့မယ္သခင္ရယ္။
တစ္ခါေတြးဖူးတယ္ေလသခင္ရဲ႕။သခင္ဟာ ဘယ္ေတာ့မွ ကိုယ့္ဆီကိုမေႂကြက်မဲ့ၾကယ္ကေလးဆိုတာကိုေလ။ဒါေပမဲ့ေလသခင္ရယ္..ဘယ္သူ႕ဆီကိုမွမေႂကြလိုက္ပါနဲ႔ေနာ္။သခင့္ကိုလွလွပပေလးေငးၾကည့္ခ်င္လို႔ပါ။

"သခင္ ကြၽန္မသခင့္ကိုသိပ္ခ်စ္တာပဲ"

27.2.2024
#သခင္

Continue Reading

You'll Also Like

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
184K 14.4K 36
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...
3M 95.9K 28
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
418K 12.6K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...