ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

19.9K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၈၅)

118 15 0
By jellyflower1

အပိုင်း(၄၈၅)

"အမှန်ပဲ။ ခဏတော့ ရုပ်ရှင်ရိုက်ကူးတာ ရပ်နားတော့မယ်"
ထျန်းနင် အတည်ပြုသည်။

အစီစဉ်မှူးက တအံ့တဩ ပါးစပ်ကို လက်ဖြင့်ကွယ်ပြီး ထျန်းနင်ကို ငေးစိုက်ကြည့်နေသည်။ ထျန်းနင်က သူမ၏ဖြူစင်မှုကို သက်သေပြရန် ယခုလောက်အထိ လွန်လွန်ကဲကဲ လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။

"တကယ်တမ်း အဲဒီလောက်အထိ လုပ်ဖို့ မလိုအပ်ပါဘူး ထျန်းနင်"

"အမေရိကန် ဒါရိုက်တာက ဘာကြေညာချက်မှ ထုတ်ပြန်မှာ မဟုတ်သလို၊ ကျွန်မကလည်း သူတို့နဲ့ ဘာစာချုပ်မှာမှ လက်မှတ် မထိုးခဲ့ပါဘူး။ ကျွန်မ သူနဲ့ တွေ့ရတဲ့ အကြောင်းအရင်းကလည်း သူ ကမ်းလှမ်းတဲ့ အလုပ်ကို ငြင်းဆန်ဖို့ပဲ။ သူနဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ အတွက် မဟုတ်ပါဘူး"
ထျန်းနင်က ကင်မရာကို ကြည့်ကာ ရှင်းပြသည်။

"ဒီကနေ့ ဒီအချိန်ကစပြီးတော့ ကျွန်မ ထျန်းနင်က ဖျော်ဖြေရေးလောကထဲက ယာယီပျောက်ကွယ်သွားမယ်။ ကျွန်မကို ယုံကြည်လက်ခံပေးခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ ကျေးဇူးကို ဦးညွှတ် ဂါရဝပြုပါရစေ"

ထိုစကားကိုပြောပြီးနောက် ထျန်းနင်က နောက်တစ်ကြိမ် ကင်မရာကို ကြည့်ပြီး အရိုးသားဆုံး ဦးညွှတ်လိုက်သည်။

...

[ထျန်းနင်က အတင်းအဖျင်းသတင်းများကို တန်ပြန်တိုက်ခိုက်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း ရပ်တန့်လိုက်ခြင်း၊ ရုပ်ရှင်လောကမှ ဆုတ်ခွာသွားခြင်း]

[ထျန်းနင် ဆုတ်ခွာသွားရသည့် နောက်ကွယ် အကြောင်းအရင်းက ဘာများလဲ]

[ထျန်းနင် ဆုတ်ခွာသွားရတဲ့ နောက်ကွယ် အကြောင်းအရင်းက ဝန်တိုစိတ် များလွန်းသည့် လူယုတ်မာ တစ်စုကြောင့်ပဲ]

ထျန်းနင်ကို ပြစ်တင်ရှုတ်ချခဲ့သော လူတစ်စုက ထျန်းနင်၏ သတင်းကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေကြသည်။ သူတို့က သူမကို မှားယွင်း အကဲဖြတ်ခဲ့မှန်း သဘောပေါက်သွားခဲ့သည်။

ထျန်းနင်က ရုပ်သံလွှင်ရုံမှ ထွက်ခွာလာစဉ် မို့ထင်က လုချယ်ကို ဖုန်းဆက်သည်။
"ထျန်းနင်ကို ဆယ်လီတွေ ဆန့်ကျင်လာအောင် ဘယ်သူ ကြိုးကိုင်ခဲ့လဲ စုံစမ်းထား။ မင်းကို အချိန်သုံးရက်ပေးမယ်"

မို့ထင်က ယခုပြဿနာကို အလွယ်တကူ မေ့ဖျောက်ပစ်မည့်သူ မဟုတ်မှန်း လုချယ် သိနေခဲ့၍ သူက ခြေတစ်လှမ်း ဦးထားခဲ့သည်။ ထျန်းနင်ကို ပစ်မှတ်ထားခဲ့သူတိုင်း ကံကြမ္မာဆိုးကို လက်ခံရန် အသင့်ပြင်ထားသင့်သည်။

ထို့နောက် မို့ထင်က ထျန်းနင်ကို ရုပ်သံလွှင့်ရုံ အပြင်ဘက် ခေါ်ဆောင်သွားခဲ့သည်။ အပြင်ဘက်မှာ ရှိနေသော ပရိသတ်များက ပွက်လောရိုက်သည့် အခြေအနေ မရှိတော့ပေ။ တကယ်တမ်း သူတို့ထဲမှ လူတချို့က ထျန်းနင်ကို နားလည်မှုလွဲခဲ့မိ၍ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

သူတို့က ထျန်းနင် ရုပ်သံလွှင့်ရုံ အပြင်ဘက် ထွက်လာသော မြင်ကွင်းကို စောင့်ကြည့်လျက် ထျန်းနင်အနား ချက်ချင်း ဝိုင်းလာပြီး အသနားခံသည်။
"ထျန်းနင်၊ ဖျော်ဖြေရေးလောကထဲက နုတ်မထွက်သွားပါနဲ့။ ဆက်ပြီးတော့ ရုပ်ရှင်ရိုက်ကူးပေးပါ။ အဲဒီ နာမည် မထင်မပေါ်တဲ့ ဆယ်လီတွေကို လျစ်လျူရှုထားလိုက်ပါ"

"အမှန်ပဲ အစ်မထျန်းနင်၊ ငါတို့တွေ အစ်မကို သတိရနေမှာပါ။ ပြန်စဉ်းစားပေးလို့ မရဘူးလား"

"အစ်မထျန်းနင်ရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်း လေးစားနေမှာပါ။ ဒီဖျော်ဖြေရေးလောကကြီးက စက်ဆုပ်ဖို့ ကောင်းတယ်။ အုပ်စုဖွဲ့ပြီးတော့ ငါတို့ အကြိုက်ဆုံး သရုပ်ဆောင်ကို သိက္ခာချရတယ်လို့ အရှက်မဲ့လိုက်တာနော်"

ပရိသတ်များ၏ ထင်မြင်ယူဆချက်များကို ကြားရ၍ ထျန်းနင်က သူမ၏ကားပေါ် မတက်ခင် သူတို့ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ငါတို့ဘက်မှာ ကံကြမ္မာ အလေးသာရင်တော့ ငါတို့တွေ နောက်တစ်ကြိမ် သေချာပေါက်  ဆုံဆည်းဦးမှာပါ"

"ထျန်းနင်..."

"အစ်မထျန်းနင်..."

"ငါတို့ထျန်းနင်ကို သိက္ခာချခဲ့တဲ့ မထင်မပေါ် ဟိုဆယ်လီတွေကို အနုပညာလောကထဲက မောင်းထုတ်ပစ်မယ်။ ငါတို့ထျန်းနင်အတွက် လက်စားချေဖို့ မို့သူဌေး အားထုတ်ပေးဖို့ မျှော်လင့်တယ်"

"အမှန်ပဲ၊ ငါ အိမ်ပြန်ရောက်တာနဲ့ ထျန်းနင်ကို ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်အားလုံးရဲ့ နာမည်ကို စာရင်းပြုစုပြီး တစ်လောကလုံး သိအောင် ကြေညာပစ်မယ်။ ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရတာပေါ့"

ထျန်းနင်က သူ့ပရိသတ်များ စိတ်မကောင်း ဖြစ်နေခြင်းကို မကြည့်ရက်၍
"ကျွန်မရဲ့ ရုပ်ရှင်ကား နှစ်ကားက လွှင့်ဖို့စောင့်ဆိုင်းနေရတယ်။ အဲဒီဇာတ်ကား နှစ်ကားက ရှင်တို့ကို စိတ်မပျက်စေလောက်ပါဘူး။ ရှင်တို့က ကျွန်မရဲ့ပရိသတ်တွေပါပဲ။ ဒါကြောင့် ကျွန်မ ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ ရှင်တို့အတွက် အကောင်းဆုံး တောင်းဆုခြွေပေးပါ့မယ်"

"ဒီနေ့ ဆုံးဖြတ်ချက်က အရှုံးကို ဝန်ခံလိုက်တာ မဟုတ်ပါဘူး။ အနားယူဖို့ အချိန်လိုအပ်လို့ပါ။ ကျွန်မကို ယုံကြည်ပေးပါ ကျွန်မ ထာဝရ ပျောက်ကွယ်မသွားပါဘူး"

ထိုစကားကို ပြောပြီးနောက် ထျန်းနင်က နောက်ဆုံးတော့ သူ့ကားပေါ် တက်သွားခဲ့သည်။ သူ့ကား အဝေး ထွက်သွားသည်အထိ ပရိသတ်များက သူမ၏ကားနောက်ကို ခဏကြာအောင် လိုက်ခဲ့သည်။

"ထင်၊ ချစ်လေးတို့ ပရိသတ်တွေကို ဆက်ကာကွယ်ပေးရဦးမယ်။ အရင်တုန်းက ချစ်လေးကို အားပေးထောက်ခံခဲ့သူတွေလည်း ချစ်လေးကြောင့် ပျော်ရွှင်ခဲ့ဖူးမှာပါ"

မို့ထင်က ထျန်းနင်၏ဆံပင်လေးပေါ် သူ့လက်လေး ပြေးလွှားနေပြီး ခေါင်းညိတ်ပြသည်။
"ဖန်ယွီ စီစဉ်ပေးလိမ့်မယ်"

ထျန်းနင် စိတ်အေးချမ်းရသည်။ သူမ လုပ်သင့်လုပ်ထိုက်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီးနောက်  မို့ထင်၏ပေါင်ပေါ် လှဲလျောင်းကာ မျက်လွှာချထားလိုက်သည်။
"အခုကစပြီးတော့ ချစ်လေးက ယောက်ျား နဲ့ တို့နှစ်ယောက်ရဲ့ ကလေးကို စောင့်ရှောက်မယ်"

မို့ထင်၏နှုတ်ခမ်းပါးလေးက ညင်သာစွာ အပေါ်သို့ ကော့ညွှတ်သွားပြီး ထျန်းနင်၏နားရွက်လေးကို အနမ်းမိုးခြွေလိုက်သည်။

...

ထျန်းနင်၏ပရိသတ်များက ပေးထားခဲ့သည့် ကတိအတိုင်း လုပ်ဆောင်ခဲ့သည်။ ညဉ့်နက်ချိန်ရောက်မှ ထျန်းနင်ကို ဆန့်ကျင်ခဲ့သော အနုပညာရှင် စာရင်းကို အွန်လိုင်းပေါ် တင်ခဲ့သည်။

ထျန်းနင်က ဖျော်ဖြေရေးလောကမှ ဆုတ်ခွာသည့် အကြောင်း ကြေညာခဲ့၍ အမေရိကန် ဒါရိုက်တာနှင့် စာချုပ်ကိစ္စ မရှိကြောင်း သက်သေပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဝန်ထမ်းက ထျန်းနင် ကိုယ်စား ချက်ချင်း ရှေ့ထွက် စကားပြောသည်။

"ငါ စကားကုန် ပြောနိုင်တာတော့ ထျန်းနင်က တကယ့်ကို အရည်အချင်း ရှိပါတယ်။ ဒါကြောင့်လည်း ဆာလောင်နေတဲ့ ဝံပုလွေတွေကို ဆွဲဆောင်နိုင်ခဲ့တာပေါ့"

"ထျန်းနင်ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ ငါ့အမြင်ကို ထုတ်ပြောချင်တယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက လူတိုင်းမှာ အောင်မြင်တဲ့ အနေအထားကို ရောက်ဖို့ ကိုယ်ပိုင် အရည်အချင်း ရှိပြီးသား။ အဲဒီ အရည်အချင်းနဲ့ပဲ အောင်မြင်ဖို့ ကြိုးစား အားထုတ်ခဲ့တာလေ။ ဘယ်သူကမှ မကောင်းတဲ့ လှည့်ကွက်တွေ မသုံးခဲ့ဘူး။ ထျန်းနင်ကို ဆန့်ကျင်ဖို့ အုပ်စုဖွဲ့ခဲ့တဲ့လူတွေလည်း သူတို့စိတ်ဓာတ် တစ်လောကလုံး သိသွားလို့ နောင်တ ရနေမှာပဲ"

"ဟိုက်ဟွေ့မိသားစုဝင်အနေနဲ့ ထျန်းနင် ဖြစ်ဖြစ် မို့ထင် ဖြစ်ဖြစ် အကူအညီ လိုအပ်လာရင် ငါတို့က တွေဝေခြင်း မရှိဘဲ သူတို့ကို အားပေး ထောက်ခံမှာပဲ။ သူတို့က ထျန်းနင်ကို အနိုင်ကျင့်ရဲတယ်လား။ ဒီလိုလုပ်ဖို့ သူတို့မှာ အရည်အချင်း ရှိလို့လား"

"မို့သူဌေးက အခုကိစ္စကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်"

"ထျန်းနင်အတွက် ငါ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီဖျော်ဖြေရေးလောကထဲက နုတ်ထွက်သင့်တဲ့သူတွေက အမှန်တရား မြတ်နိုးချင်ယောင်ဆောင် နေတဲ့အမှိုက်သရိုက် အုပ်စုပဲ ဖြစ်သင့်တယ်"

"အဲဒီနာမည်စာရင်းမှာ ပါဝင်တဲ့ လူတချို့က တခြားသူတွေကို ထပ်တလဲလဲ ပြစ်တင်ဖူးတဲ့ လူတွေလည်း ပါတယ်။ ဒါမို့ စိတ်ဓာတ် ယုတ်ညံ့နေတာ အံ့ဩစရာ မရှိဘူး"

"ပြဿနာသေးသေးလေးကနေ လူတစ်ယောက်ရဲ့ စိတ်ဓာတ်အမှန်ကို မြင်တွေ့နိုင်တယ်။ အခုကစပြီး အဲဒီနာမည်စာရင်းကို ကြည့်ပြီး အေဂျင်စီ နာမည်ပျက်စာရင်းထဲ ထည့်မယ်။ သူတို့အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်မယ်"

"သူတို့ ကံတရားကို စောင့်ကြည့်ကြတာပေါ့"

ပါဝင်ပတ်သက်ထားသော အနုပညာရှင်တချို့က သူတို့ တင်ခဲ့ဖူးသော စာတိုများကို ချက်ချင်း ဖျက်ပစ်သည်။ တကယ်တမ်း တချို့က သူတို့၏ လူ့မှုကွန်ယက် အကောင့်တစ်ခုလုံးကို ဖျက်ပစ်ကြသည်။ သို့သော်လည်း ထျန်းနင်၏ ပရိသတ်များက သူတို့ လုပ်ရပ်ကို မမေ့လျော့ခဲ့ဖူးပေ။ နာမည်စာရင်းထဲ ပါဝင်ဖူးသူတိုင်း လွတ်မြောက်ရန် စိတ်ကူးမယဉ်သင့်ပေ။

အေဂျင်စီအငယ်စားမှ အနုပညာရှင်တချို့က ထျန်းနင်ကို အသနားခံကြသည်။ သူတို့က ငယ်ရွယ်လွန်း၍ တခြားသူ၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရ၍ ခွင့်လွှတ်ပေးပါရန် တောင်းဆိုလာကြသည်။

သူတို့အားလုံးက တောင်းပန်ချင်ကြသည်။

"ထျန်းနင်ကို မင်းတို့ အခုမှ တောင်းပန်နေလဲ အပိုပဲ။ မင်းတို့အားလုံး အခုလုပ်ရမှာက ဖျော်ဖြေရေးလောကထဲက  ထွက်သွားဖို့ပဲ။ ဒါဆို အားလုံး အဆင်ပြေသွားလိမ့်မယ်။ ထျန်းနင်လို အေအဆင့် ရှိတဲ့သူတောင် ဖျော်ဖြေရေးလောကထဲက ဆုတ်ခွာသွားတာ မင်းတို့လို နာမည်မထင် မပေါ်တွေက သတ္တိ မရှိဘူးလား"

"နာမည်စာရင်းမှာ ပါတဲ့သူတိုင်း ငါတို့ အမြင်အာရုံထဲက ထွက်သွားပေးဖို့ မျှော်လင့်ပါတယ်။ မင်းတို့တွေမြင်တိုင်း အော့အန်ချင်စိတ် ပေါက်လာတယ်"

နောက်တစ်နေ့ မနက်ခင်းတွင် ဟိုက်ဟွေ့ဖျော်ဖြေရေးက ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ လေဆိပ်တွင် ထိခိုက် ဒဏ်ရာ ရခဲ့သည့် ပရိသတ်များ၏ ကုန်ကျစရိတ်ကို ပေးဆောင်ခဲ့သူက  ထျန်းနင် ဖြစ်ကြောင်း နှင့် ထျန်းနင်က ပရိသတ်များကို အရမ်း ဂရုစိုက်ခဲ့သော်လည်း နောက်ကျော ဓားနှင့် ထိုးခံရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လူအများစုက တုန်လှုပ်သွားပြီး ထျန်းနင်အတွက် စိတ်မကောင်း ဖြစ်ကြသည်။

ထို့နောက် ဟိုက်ဟွေ့ဖျော်ဖြေရေးက နောက်ထပ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဤကြေညာချက်ကို မို့ထင်ကိုယ်တိုင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သူ့ကြေညာချက်၏ အဓိကအချက်က ဟိုက်ဟွေ့ဖျော်ဖြေရေးမှ တစ်စုံတစ်ယောက်ကို အနိုင်ကျင့်ရန်  ကြိုးစားလာခဲ့လျှင် ဟိုက်ဟွေ့ဖျော်ဖြေရေးက တရားခံကို လက်တုံ့ပြန်ဖို့ အကောင်းဆုံး ကြိုးစား အားထုတ်သွားမည့် ဖြစ်ကြောင်းပင်။

ရန်သူ အယောက် ၃၀၀ ဖြစ်နေသည့်တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေးက အမှန်တရားကို ထုတ်ဖော်ပြီး ပါဝင်ပတ်သက်သူအားလုံးကို တန်ရာ တန်ကြေး ပြန်လည် ပေးဆပ်ခိုင်းမည်။

မို့ထင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကြောင့် အုတ်အုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဤဖြစ်ရပ်ကို အလေးထားကြောင့် တိုက်ရိုက် ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

မို့ထင်က ပါဝင်ပတ်သက်သူအားလုံးကို သေချာပေါက် တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းမည်မှန်း သိနေ၍ အရမ်းကို ကျေနပ်ဖွယ်ကောင်းသည်။

အပိုင်း(၄၈၅)
ပြီး၏။

Continue Reading

You'll Also Like

93.7K 3.3K 38
Alec and Magnus are two agents of the secret services, Alec of those of America while Magnus of those of England. Alec has always been a very smiling...
1.2M 15K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
2.2K 104 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
1.9M 113K 42
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...