သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၂၀)

5.1K 293 8
By Say_YaRr7

အဖျားမပျောက်သေးသဖြင့်ဒီနေ့လည်းကျောင်းမသွားနိုင်ပါခဲ့ပါ။

ဖူးမြတ်နဲ့မောင်ကအခုညနေအိမ်လာမယ်လို့ဖုန်းဆက်ပြောထားသည်။
ဖူးမြတ်လာတာကိစ္စမရှိပေမဲ့ မောင်ရောပါလာမှာကိုတော့မနှစ်သက်ပါ။ မောင်ကကိုယ့်ကိုစိတ်ဝင်စားနေတာဖြစ်တဲ့အတွက် သခင်ရိပ်မိသွားမှာစိုးရိမ်မိပါသည်။

တွေးတောနေရင်းမောင့်ဆီမှဖုန်းဝင်လာသည်။

"ဟဲလို"

"လင်း ငါတို့နင့်အိမ်ရှေ့ရောက်ပြီ..တံခါးလာဖွင့်ပေးဦး"

"ဪ..အေးအေး...လာမယ်ခဏစောင့်"

"အင်းအင်း"

လူကလမ်းမလျှောက်ချင်ပေမဲ့ ကိုယ်မသွားလို့လည်းဖြစ်မှမဖြစ်တာပဲ။ဒီအိမ်မှာ သခင်နဲ့လင်းနှစ်ယောက်ပဲရှိတာမလား။

"လာ..ဝင်လေမောင်"
ဖူးမြတ်က ဝင်လာပေမဲ့မောင်ကရပ်ကန်ရပ်ကန်လုပ်နေသည်။

"လင်း..ဒီအိမ်မှာ နင့်ရယ်မိန်းကလေးတစ်ယောက်ရယ်...နှစ်ယောက်တည်းနေတာလား"

"အေးလေ..ဘာလို့လဲ"

"ငါစိတ်မချလို့ပါ"

"ဟီး"

ဖူးမြတ်ဆီကရယ်သံကြောင့်မျက်စောင်းထိုးလိုက်သည်။

"ဘာမှစိတ်ချစရာမရှိဘူး..လာအိမ်ထဲဝင်ရအောင်"

"ဖူးမြတ် ငါ့ဖို့မုန့်ပါလား"

"နေမကောင်းတာတောင် မုန့်ကိုအမှတ်ရသေးတယ်နော်"

"နေမကောင်းလို့ပဲအမှတ်ရတာပေါ့"

ဖူးမြတ်ကတစ်ခါရောက်ဖူးပြီးသားမို့ အထူးအဆန်း‌တော့ဖြစ်မနေတော့ပေမဲ့ မောင်ကတော့ နေရာအနှံ့မျက်စိကစားနေသည်။

"လင်း ...နင်ကလည်းဖျားတာမှနှစ်ရက်ရှိသေးတယ်..ပိန်သွားလိုက်တာ"

မောင်ကပြောပြောဆိုဆို နှဖူးပေါ်လက်တင်လိုက်သည်။ထိုအချိန်မှာပဲ အပေါ်ထပ်မှသခင်ဆင်းလာတုန်းနှင့်ကျနေသည်။
ချက်ချင်းပူထူသွားပြီးမောင့်လက်ကိုပင်ဖယ်ပစ်ဖို့တွေးမိလိုက်သေး၏။သို့သော်ထို့သို့မလုပ်ဖြစ်လိုက်ပါ။

သခင်မြင်သွားခဲ့တာပဲ။သို့ပေမဲ့သခင်က ချက်ချင်းပင်အရေးမစိုက်ဟန်အကြည့်လွှဲသွားသည်။အင်းလေ..သခင့်ဆီကဘာများမျှော်လင့်မိလိုက်ပါလိမ့်။သဝန်တိုခံချင်မှုကိုလား။တကယ်ရူးကြောင်ကြောင်နိုင်တာပဲ။

"လင်း..နင်စားဖို့ငါတို့နှစ်‌ေယာက်အသီးတွေဝယ်လာခဲ့တာ..စားဖြစ်အောင်စားနော်"

"ဘာလို့်ဝယ်လာတာလည်းမောင်ရာ..ဒုက္ခရှာလို့"

"ငါရောဝယ်လာတာပါနော်"

"တကယ်ပါပဲ စကားကိုအကျအနကောက်နေသေးတယ်"

ဖူးမြတ်ကချက်ချင်းလင်းဘေးနားအတင်းကပ်လာသည်။ပြီးတော့ နား နားသို့ကပ်ကာတိုးတိုးလေးပြောသည်။

"နင့်မမကနင့်ကို နေမကောင်းဖြစ်တာ‌ပြုစုပေးရဲ့လား"

"သခင်က အဲ့လိုတော့လုပ်ပေးပါတယ်"

ဝတ်ကျေတန်းကျေ‌ဆိုတာကိုတော့မပြောလိုက်ပါ။

"လင်း..ခုန အစ်မကနင်နဲ့အတူနေတဲ့အစ်မလား"

"အင်း"

"ချောတာတော့တော်တော်ချောတယ်နော်"

စိတ်ထဲမှာသဝန်တိုမှုလေးဖြတ်ပြေးသွားသည်။ကိုယ့်ကိုသဘောကျမှန်းသိနေတဲ့လူတစ်ယောက်ဆီကတောင် သခင့်အလှကိုချီးကျူးခြင်းအပေါ် သဝန်တိုနေတာတော့ လွန်သည်မဟုတ်လား။ဒါပေမဲ့မရပ်တန့်နိုင်ဘူး။သခင့်ကို လူတိုင်းနဲ့သဝန်တိုသည်။
ဒါပေမဲ့ တရားဝင်သဝန်တိုခွင့်မှရှိမနေခဲ့။

"အင်း"

"ဒါပေမဲ့ နင်လောက်တော့မလှပါဘူးသူက"

"မဟုတ်တာ သခင်ကပိုလှတာပါ"

သူအမှတ်ယူချင်လို့သာကိုယ့်ကိုလှတယ်လို့ပြောချင်ပြောနေပေမဲ့ သခင့်လောက်ကိုယ်ဟာမလှဘူးဆိုတာကတော့ငြင်းလို့မရတဲ့အမှန်တရားပါ။သခင့်‌ေလာက်မ‌ေပြာနဲ့သခင့်တစ်ဝက်ပင်မလှတာပါ။

"ငါ့မျက်စိထဲမှာတော့ နင်ကအလှဆုံးပဲ"

"ငါ့မျက်လုံးထဲလည်း သခင်ကအလှဆုံးပဲ"

တကယ်ပဲ သခင်ဟာအလှဆုံးပါ။သခင့်အလှကယဉ်သလိုလိုရှိပေမဲ့ အရိုင်းဆန်သည်။တစ်ခါတလေအေးချမ်းတဲ့အလှမျိုးဖြစ်သလို။တစ်ခါတ‌လေကျ ပူလောင်တဲ့အလှမျိုးဖြစ်သည်။ပုံစံအမျိုးမျိုး၊အလှအမျိုးမျိုးပြောင်းယူနိုင်တဲ့သခင်က ကိုယ့်မျက်လုံးထဲမှာတော့ တကယ်အလှဆုံးပါ။

"သူ့နာမည်ကသခင်လား"

"နင့်မလည်းစပ်စုလိုက်တာ"

ဖူးမြတ်ဝင်ကပြောတော့မောင်ကရယ်လေသည်။ကိုယ်သာ သခင့်ကိုမချစ်ခဲ့ဘူးဆိုရင်၊တကယ်လို့ သခင်နဲ့သာမဆုံစည်းခဲ့ဘူးဆိုရင် မောင့်ကိုပင်ချစ်သွားမလားမသိပါ။မောင်ကတကယ်ဆို အချောအလှစာရင်းဝင်တဲ့ကောင်လေးတစ်ယောက်ပါ။ရုပ်ချောချော အသံကောင်းကောင်းနဲ့ ဂစ်တာတီးတတ်ဆိုတော့ ကောင်မလေးတွေကမောင့်ကိုဆိုသဘောကျကြသည်။

"သခင့်နာမည်က လွန်းညသခင်လေ"

သခင့်နာမည်လေးပြောလိုက်ရတာကအစသဝန်တိုနေမိသည်။တကယ်ပဲ သခင့်စက်ကွင်းကနေမလွှတ်မြောက်နိုင်လောက်တော့ဘူးထင်ပါရဲ့။

"လင်းရာ..သခင်လို့ခေါ်တာကြီးကကျမမိုက်ပါဘူး..မသိရင် နင်ကပဲ သူရဲ့ဘာလိုလိုနဲ့"

သူပြောတဲ့ဘာလိုလိုဆိုတာ သခင့်ရဲ့အစေအပါးသဘောမျိုးပြောချင်တာဖြစ်သည်။သူပြောတာလည်းဟုတ်သလိုလိုပါပဲ။ဒါပေမဲ့ အပြည့်အဝတော့မှန်မနေဘူး။ကိုယ်ဟာ သခင့်ရဲ့အစေအပါးဆိုရင်တောင် သခင့်အချစ်ကိုခစားနေတဲ့အစေအပါးပဲဖြစ်မှာပါ။

"သခင်ဆိုတာ လူတိုင်းမခေါ်တဲ့နာမည်လေ...ဒါကြောင့်မို့ငါခေါ်တာ"

"သူကကျနင့်ကိုဘယ်လိုခေါ်လဲ"

"ဘယ်လိုမှမခေါ်ဘူး"

"မဟုတ်သေးပါဘူး..တစ်ခုခုတော့ခေါ်ရမှာပေါ့ဟ"

"နင်ရယ်ငါရယ်ပဲပြောတာသခင်က"

လင်းတို့အခြေအနေကိုသိနေတဲ့ ဖူးမြတ်ကတော့ ဘာမှဝင်မပြောဘဲငြိမ်နေသည်။သူသာ သခင့်ကိုကိုယ်ကချစ်နေမှန်းမသိရင် ဝင်ပြောမှသေချာသည်။

"သူကနင့်ကိုတစ်ခုခု‌ေပြာချင်လို့ခေါ်ရင် နင်လို့ခေါ်တာလား"

"နာမည်ခေါ်တာပေါ့ဟ"

"အေးလေ..ငါလည်းအဲ့ဒါမေးတာပဲကို"

"အလင်းလို့ခေါ်တာ...အခုတော့မခေါ်တော့ဘူး နာမည်အပြည့်အစုံပဲခေါ်တော့တာ"

မောင်ကချက်ချင်းငြိမ်ကျသွားသည်။‌တစ်ခုရှိသေးတာကမောင်ကလူကဲခတ်လည်းတော်သည်။ကိုယ်ထင်သလို မောင်တွေးနေတာမဟုတ်ပါစေနဲ့လို့သာဆုတောင်းနေမိသည်။

"ငါခေါ်ချင်တုန်းကကျ မခေါ်ခိုင်းခဲ့ဘူးနော်...သူကကျခေါ်ခွင့်ရှိတယ်"

"မင်းမြတ်မောင်ရယ်..ဟိုကသူ့ကိုငယ်ငယ်လေးကတည်းခေါ်လာတာလေ..နင်နဲ့ဘယ်တူပါ့မလဲ"

ဖူးမြတ်ကဝင်ပြောပေးပေမဲ့စိတ်သက်သာရာမရခဲ့ပါ။ဘာကြောင့်ဆို မောင့်ရဲ့စူးစမ်းသလိုအကြည့်ကြောင့်ဖြစ်သည်။

"လင်း...ငါနင့်အိမ်စာတွေရေးပေးထားတယ်နော်"

"အေးပါ..ကျေးဇူးပဲမောင်"

"ပြန်ရအောင်လေ...ဘာမှသာမဟုတ်တာ တော်တော်ကြာနေပြီ"

ဖူးမြတ်ကတမင်ပြန်ဖို့ပြောတာဖြစ်နိုင်သည်။

"ဪ..အေးပါ နင်ပြန်ချင်လည်းပြန်ရအောင်လေ"

"ရောင်စဉ်..ပြန်တော့မယ်နော်"

"အင်းအင်း...အပြင်ဘက်ထိတော့လိုက်မပို့တော့ဘူး.. ငါသိပ်လမ်းမလျှောက်ချင်လို့"

"ပြန်ပြီနော်လင်း"

"အင်းအင်း"

ပြန်သွားတဲ့သူငယ်ချင်းတွေကိုလိုက်မကြည့်မိဘဲ သခင့်ကိုသာရှာဖွေနေမိသည်။ သခင့်ကိုမြင်နေရရင်စိတ်ကျေနပ်မိသည်။ကုန်ကုန်ပြောရရင် သခင်စိတ်ဆိုးနေတယ်ဆိုရင်တောင် သခင့်မျက်နှာလေးကိုတော့ အမြဲမြင်ချင်ခဲ့သည်။ဒါကြောင့်မို့ သခင့်ကိုရှာနေမိတာ ဆန်းတော့မဆန်းလှပါဘူး။

"ဖူးမြတ်"

"ဘာတုန်း"

"လင်းက ဟိုမိန်းကလေးကိုသဘောကျနေတာထင်တယ်"

"မဖြစ်နိုင်ပါဘူး"

"ငါ အဲ့ဒီအစ်မကိုလှတယ်လို့ပြောတုန်းက လင်းမျက်လုံးကိုသေချာတွေ့လိုက်တယ်..သဝန်တိုသွားတဲ့မျက်လုံးတွေ ငါသေချာသိတယ်"

"ကဲပါ တွေးမနေနဲ့..ဘာမှမဟုတ်တာကို"

"မဟုတ်ဘဲလားဟ... လင်းကိုငါကချစ်နေတာလေ"

"နင်ပြောတာဟုတ်ချင်လည်း ဟုတ်မှာပေါ့"

မောင်ကဘာမှပြန်မပြောတော့ဘဲ ရှေ့ကိုသာကြည့်နေသည်။စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ။သူ့မှာလည်းသူ့ခံစားချက်နဲ့သူ ဟိုတစ်ယောက်မှာလည်းသူခံစားချက်နဲ့သူမလား။

***

သူ့သူငယ်ချင်းတွေနဲ့ပြောနေတဲ့စကားတွေကိုသခင်အကုန်ကြားခဲ့သည်။သခင်ကိုယ်တိုင် လိုလိုလားလားနဲ့ နားစွင့်ခဲ့တာပါ။နောက်ပြီး ထိုစကားတွေ‌ကြားပြီး ပြုံးမိသွား‌ေသးသလားဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်ပင်သတိမထားမိပါ။

သခင့်ကိုရက်စက်တယ်လို့ သူကပြောတယ်။သူပြောသလို သခင်ကရက်စက်တယ်ဆိုရင်တောင် အလုံးစုံတော့ဥပေက္ခာမပြုခဲ့ဘူး။မဟုတ်ဘူး ဥပေက္ခာမပြုရက်ခဲ့တာပါ။

20.2.2024
#သခင်

သခင်နဲ့အလင်းနဲ့စကားပြောတဲ့အခန်းတွေကနည်းပါတယ်နော်။ဘာလို့ဆို သခင်က အလင်းကိုစကားမပြောလို့ပါ😓

အဖ်ားမေပ်ာက္ေသးသျဖင့္ဒီေန႔လည္းေက်ာင္းမသြားႏိုင္ပါခဲ့ပါ။

ဖူးျမတ္နဲ႔ေမာင္ကအခုညေနအိမ္လာမယ္လို႔ဖုန္းဆက္ေျပာထားသည္။
ဖူးျမတ္လာတာကိစၥမ႐ွိေပမဲ့ ေမာင္ေရာပါလာမွာကိုေတာ့မႏွစ္သက္ပါ။ ေမာင္ကကိုယ့္ကိုစိတ္ဝင္စားေနတာျဖစ္တဲ့အတြက္ သခင္ရိပ္မိသြားမွာစိုးရိမ္မိပါသည္။

ေတြးေတာေနရင္းေမာင့္ဆီမွဖုန္းဝင္လာသည္။

"ဟဲလို"

"လင္း ငါတို႔နင့္အိမ္ေ႐ွ႕ေရာက္ၿပီ..တံခါးလာဖြင့္ေပးဦး"

"ဪ..ေအးေအး...လာမယ္ခဏေစာင့္"

"အင္းအင္း"

လူကလမ္းမေလွ်ာက္ခ်င္ေပမဲ့ ကိုယ္မသြားလို႔လည္းျဖစ္မွမျဖစ္တာပဲ။ဒီအိမ္မွာ သခင္နဲ႔လင္းႏွစ္ေယာက္ပဲ႐ွိတာမလား။

"လာ..ဝင္ေလေမာင္"
ဖူးျမတ္က ဝင္လာေပမဲ့ေမာင္ကရပ္ကန္ရပ္ကန္လုပ္ေနသည္။

"လင္း..ဒီအိမ္မွာ နင့္ရယ္မိန္းကေလးတစ္ေယာက္ရယ္...ႏွစ္ေယာက္တည္းေနတာလား"

"ေအးေလ..ဘာလို႔လဲ"

"ငါစိတ္မခ်လို႔ပါ"

"ဟီး"

ဖူးျမတ္ဆီကရယ္သံေၾကာင့္မ်က္ေစာင္းထိုးလိုက္သည္။

"ဘာမွစိတ္ခ်စရာမ႐ွိဘူး..လာအိမ္ထဲဝင္ရေအာင္"

"ဖူးျမတ္ ငါ့ဖို႔မုန္႔ပါလား"

"ေနမေကာင္းတာေတာင္ မုန္႔ကိုအမွတ္ရေသးတယ္ေနာ္"

"ေနမေကာင္းလို႔ပဲအမွတ္ရတာေပါ့"

ဖူးျမတ္ကတစ္ခါေရာက္ဖူးၿပီးသားမို႔ အထူးအဆန္း‌ေတာ့ျဖစ္မေနေတာ့ေပမဲ့ ေမာင္ကေတာ့ ေနရာအႏွံ႔မ်က္စိကစားေနသည္။

"လင္း ...နင္ကလည္းဖ်ားတာမွႏွစ္ရက္႐ွိေသးတယ္..ပိန္သြားလိုက္တာ"

ေမာင္ကေျပာေျပာဆိုဆို ႏွဖူးေပၚလက္တင္လိုက္သည္။ထိုအခ်ိန္မွာပဲ အေပၚထပ္မွသခင္ဆင္းလာတုန္းႏွင့္က်ေနသည္။
ခ်က္ခ်င္းပူထူသြားၿပီးေမာင့္လက္ကိုပင္ဖယ္ပစ္ဖို႔ေတြးမိလိုက္ေသး၏။သို႔ေသာ္ထို႔သို႔မလုပ္ျဖစ္လိုက္ပါ။

သခင္ျမင္သြားခဲ့တာပဲ။သို႔ေပမဲ့သခင္က ခ်က္ခ်င္းပင္အေရးမစိုက္ဟန္အၾကည့္လႊဲသြားသည္။အင္းေလ..သခင့္ဆီကဘာမ်ားေမွ်ာ္လင့္မိလိုက္ပါလိမ့္။သဝန္တိုခံခ်င္မႈကိုလား။တကယ္႐ူးေၾကာင္ေၾကာင္ႏိုင္တာပဲ။

"လင္း..နင္စားဖို႔ငါတို႔ႏွစ္‌ေယာက္အသီးေတြဝယ္လာခဲ့တာ..စားျဖစ္ေအာင္စားေနာ္"

"ဘာလို႔္ဝယ္လာတာလည္းေမာင္ရာ..ဒုကၡ႐ွာလို႔"

"ငါေရာဝယ္လာတာပါေနာ္"

"တကယ္ပါပဲ စကားကိုအက်အနေကာက္ေနေသးတယ္"

ဖူးျမတ္ကခ်က္ခ်င္းလင္းေဘးနားအတင္းကပ္လာသည္။ၿပီးေတာ့ နား နားသို႔ကပ္ကာတိုးတိုးေလးေျပာသည္။

"နင့္မမကနင့္ကို ေနမေကာင္းျဖစ္တာ‌ျပဳစုေပးရဲ႕လား"

"သခင္က အဲ့လိုေတာ့လုပ္ေပးပါတယ္"

ဝတ္ေက်တန္းေက်‌ဆိုတာကိုေတာ့မေျပာလိုက္ပါ။

"လင္း..ခုန အစ္မကနင္နဲ႔အတူေနတဲ့အစ္မလား"

"အင္း"

"ေခ်ာတာေတာ့ေတာ္ေတာ္ေခ်ာတယ္ေနာ္"

စိတ္ထဲမွာသဝန္တိုမႈေလးျဖတ္ေျပးသြားသည္။ကိုယ့္ကိုသေဘာက်မွန္းသိေနတဲ့လူတစ္ေယာက္ဆီကေတာင္ သခင့္အလွကိုခ်ီးက်ဴးျခင္းအေပၚ သဝန္တိုေနတာေတာ့ လြန္သည္မဟုတ္လား။ဒါေပမဲ့မရပ္တန္႔ႏိုင္ဘူး။သခင့္ကို လူတိုင္းနဲ႔သဝန္တိုသည္။
ဒါေပမဲ့ တရားဝင္သဝန္တိုခြင့္မွ႐ွိမေနခဲ့။

"အင္း"

"ဒါေပမဲ့ နင္ေလာက္ေတာ့မလွပါဘူးသူက"

"မဟုတ္တာ သခင္ကပိုလွတာပါ"

သူအမွတ္ယူခ်င္လို႔သာကိုယ့္ကိုလွတယ္လို႔ေျပာခ်င္ေျပာေနေပမဲ့ သခင့္ေလာက္ကိုယ္ဟာမလွဘူးဆိုတာကေတာ့ျငင္းလို႔မရတဲ့အမွန္တရားပါ။သခင့္‌ေလာက္မ‌ေျပာနဲ႔သခင့္တစ္ဝက္ပင္မလွတာပါ။

"ငါ့မ်က္စိထဲမွာေတာ့ နင္ကအလွဆုံးပဲ"

"ငါ့မ်က္လုံးထဲလည္း သခင္ကအလွဆုံးပဲ"

တကယ္ပဲ သခင္ဟာအလွဆုံးပါ။သခင့္အလွကယဥ္သလိုလို႐ွိေပမဲ့ အ႐ိုင္းဆန္သည္။တစ္ခါတေလေအးခ်မ္းတဲ့အလွမ်ိဳးျဖစ္သလို။တစ္ခါတ‌ေလက် ပူေလာင္တဲ့အလွမ်ိဳးျဖစ္သည္။ပုံစံအမ်ိဳးမ်ိဳး၊အလွအမ်ိဳးမ်ိဳးေျပာင္းယူႏိုင္တဲ့သခင္က ကိုယ့္မ်က္လုံးထဲမွာေတာ့ တကယ္အလွဆုံးပါ။

"သူ႕နာမည္ကသခင္လား"

"နင့္မလည္းစပ္စုလိုက္တာ"

ဖူးျမတ္ဝင္ကေျပာေတာ့ေမာင္ကရယ္ေလသည္။ကိုယ္သာ သခင့္ကိုမခ်စ္ခဲ့ဘူးဆိုရင္၊တကယ္လို႔ သခင္နဲ႔သာမဆုံစည္းခဲ့ဘူးဆိုရင္ ေမာင့္ကိုပင္ခ်စ္သြားမလားမသိပါ။ေမာင္ကတကယ္ဆို အေခ်ာအလွစာရင္းဝင္တဲ့ေကာင္ေလးတစ္ေယာက္ပါ။႐ုပ္ေခ်ာေခ်ာ အသံေကာင္းေကာင္းနဲ႔ ဂစ္တာတီးတတ္ဆိုေတာ့ ေကာင္မေလးေတြကေမာင့္ကိုဆိုသေဘာက်ၾကသည္။

"သခင့္နာမည္က လြန္းညသခင္ေလ"

သခင့္နာမည္ေလးေျပာလိုက္ရတာကအစသဝန္တိုေနမိသည္။တကယ္ပဲ သခင့္စက္ကြင္းကေနမလႊတ္ေျမာက္ႏိုင္ေလာက္ေတာ့ဘူးထင္ပါရဲ႕။

"လင္းရာ..သခင္လို႔ေခၚတာႀကီးကက်မမိုက္ပါဘူး..မသိရင္ နင္ကပဲ သူရဲ႕ဘာလိုလိုနဲ႔"

သူေျပာတဲ့ဘာလိုလိုဆိုတာ သခင့္ရဲ႕အေစအပါးသေဘာမ်ိဳးေျပာခ်င္တာျဖစ္သည္။သူေျပာတာလည္းဟုတ္သလိုလိုပါပဲ။ဒါေပမဲ့ အျပည့္အဝေတာ့မွန္မေနဘူး။ကိုယ္ဟာ သခင့္ရဲ႕အေစအပါးဆိုရင္ေတာင္ သခင့္အခ်စ္ကိုခစားေနတဲ့အေစအပါးပဲျဖစ္မွာပါ။

"သခင္ဆိုတာ လူတိုင္းမေခၚတဲ့နာမည္ေလ...ဒါေၾကာင့္မို႔ငါေခၚတာ"

"သူကက်နင့္ကိုဘယ္လိုေခၚလဲ"

"ဘယ္လိုမွမေခၚဘူး"

"မဟုတ္ေသးပါဘူး..တစ္ခုခုေတာ့ေခၚရမွာေပါ့ဟ"

"နင္ရယ္ငါရယ္ပဲေျပာတာသခင္က"

လင္းတို႔အေျခအေနကိုသိေနတဲ့ ဖူးျမတ္ကေတာ့ ဘာမွဝင္မေျပာဘဲၿငိမ္ေနသည္။သူသာ သခင့္ကိုကိုယ္ကခ်စ္ေနမွန္းမသိရင္ ဝင္ေျပာမွေသခ်ာသည္။

"သူကနင့္ကိုတစ္ခုခု‌ေျပာခ်င္လို႔ေခၚရင္ နင္လို႔ေခၚတာလား"

"နာမည္ေခၚတာေပါ့ဟ"

"ေအးေလ..ငါလည္းအဲ့ဒါေမးတာပဲကို"

"အလင္းလို႔ေခၚတာ...အခုေတာ့မေခၚေတာ့ဘူး နာမည္အျပည့္အစုံပဲေခၚေတာ့တာ"

ေမာင္ကခ်က္ခ်င္းၿငိမ္က်သြားသည္။‌တစ္ခု႐ွိေသးတာကေမာင္ကလူကဲခတ္လည္းေတာ္သည္။ကိုယ္ထင္သလို ေမာင္ေတြးေနတာမဟုတ္ပါေစနဲ႔လို႔သာဆုေတာင္းေနမိသည္။

"ငါေခၚခ်င္တုန္းကက် မေခၚခိုင္းခဲ့ဘူးေနာ္...သူကက်ေခၚခြင့္႐ွိတယ္"

"မင္းျမတ္ေမာင္ရယ္..ဟိုကသူ႕ကိုငယ္ငယ္ေလးကတည္းေခၚလာတာေလ..နင္နဲ႔ဘယ္တူပါ့မလဲ"

ဖူးျမတ္ကဝင္ေျပာေပးေပမဲ့စိတ္သက္သာရာမရခဲ့ပါ။ဘာေၾကာင့္ဆို ေမာင့္ရဲ႕စူးစမ္းသလိုအၾကည့္ေၾကာင့္ျဖစ္သည္။

"လင္း...ငါနင့္အိမ္စာေတြေရးေပးထားတယ္ေနာ္"

"ေအးပါ..ေက်းဇူးပဲေမာင္"

"ျပန္ရေအာင္ေလ...ဘာမွသာမဟုတ္တာ ေတာ္ေတာ္ၾကာေနၿပီ"

ဖူးျမတ္ကတမင္ျပန္ဖို႔ေျပာတာျဖစ္ႏိုင္သည္။

"ဪ..ေအးပါ နင္ျပန္ခ်င္လည္းျပန္ရေအာင္ေလ"

"ေရာင္စဥ္..ျပန္ေတာ့မယ္ေနာ္"

"အင္းအင္း...အျပင္ဘက္ထိေတာ့လိုက္မပို႔ေတာ့ဘူး.. ငါသိပ္လမ္းမေလွ်ာက္ခ်င္လို႔"

"ျပန္ၿပီေနာ္လင္း"

"အင္းအင္း"

ျပန္သြားတဲ့သူငယ္ခ်င္းေတြကိုလိုက္မၾကည့္မိဘဲ သခင့္ကိုသာ႐ွာေဖြေနမိသည္။ သခင့္ကိုျမင္ေနရရင္စိတ္ေက်နပ္မိသည္။ကုန္ကုန္ေျပာရရင္ သခင္စိတ္ဆိုးေနတယ္ဆိုရင္ေတာင္ သခင့္မ်က္ႏွာေလးကိုေတာ့ အၿမဲျမင္ခ်င္ခဲ့သည္။ဒါေၾကာင့္မို႔ သခင့္ကို႐ွာေနမိတာ ဆန္းေတာ့မဆန္းလွပါဘူး။

"ဖူးျမတ္"

"ဘာတုန္း"

"လင္းက ဟိုမိန္းကေလးကိုသေဘာက်ေနတာထင္တယ္"

"မျဖစ္ႏိုင္ပါဘူး"

"ငါ အဲ့ဒီအစ္မကိုလွတယ္လို႔ေျပာတုန္းက လင္းမ်က္လုံးကိုေသခ်ာေတြ႕လိုက္တယ္..သဝန္တိုသြားတဲ့မ်က္လုံးေတြ ငါေသခ်ာသိတယ္"

"ကဲပါ ေတြးမေနနဲ႔..ဘာမွမဟုတ္တာကို"

"မဟုတ္ဘဲလားဟ... လင္းကိုငါကခ်စ္ေနတာေလ"

"နင္ေျပာတာဟုတ္ခ်င္လည္း ဟုတ္မွာေပါ့"

ေမာင္ကဘာမွျပန္မေျပာေတာ့ဘဲ ေ႐ွ႕ကိုသာၾကည့္ေနသည္။စိတ္မေကာင္းေပမဲ့ မတတ္ႏိုင္ပါ။သူ႕မွာလည္းသူ႕ခံစားခ်က္နဲ႔သူ ဟိုတစ္ေယာက္မွာလည္းသူခံစားခ်က္နဲ႔သူမလား။

***

သူ႕သူငယ္ခ်င္းေတြနဲ႔ေျပာေနတဲ့စကားေတြကိုသခင္အကုန္ၾကားခဲ့သည္။သခင္ကိုယ္တိုင္ လိုလိုလားလားနဲ႔ နားစြင့္ခဲ့တာပါ။ေနာက္ၿပီး ထိုစကားေတြ‌ၾကားၿပီး ျပဳံးမိသြား‌ေသးသလားဆိုတာေတာ့ ကိုယ့္ကိုယ္ကိုယ္ပင္သတိမထားမိပါ။

သခင့္ကိုရက္စက္တယ္လို႔ သူကေျပာတယ္။သူေျပာသလို သခင္ကရက္စက္တယ္ဆိုရင္ေတာင္ အလုံးစုံေတာ့ဥေပကၡာမျပဳခဲ့ဘူး။မဟုတ္ဘူး ဥေပကၡာမျပဳရက္ခဲ့တာပါ။

20.2.2024
#သခင္

သခင္နဲ႔အလင္းနဲ႔စကားေျပာတဲ့အခန္းေတြကနည္းပါတယ္ေနာ္။ဘာလို႔ဆို သခင္က အလင္းကိုစကားမေျပာလို႔ပါ😓





Continue Reading

You'll Also Like

189K 14.7K 36
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...
3M 108K 31
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
589K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
865K 72K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...