သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၁၉)

5.1K 304 7
By Say_YaRr7

"နွယ်ကလေး မမဇွန် မနက်ဖြန်ကျရင် အိမ်ပြောင်းရတော့မယ်နော်"

လင်းကိုယ်တိုင် မမဇွန်ဟာ ဖေဖေငှားထားတဲ့လူဆိုတာသိကြောင်းကိုပြောပြခဲ့၏။ ဒီအတွက်မမဇွန်ဟာ အခုဒီအလုပ်ကိုလုပ်စရာမလိုတော့ကြောင်း သဘောပေါက်သွားခဲ့သည်။ဒါပေမဲ့ ဘယ်လိုလုပ်ရပါ့မလဲ။လင်းကိုယ်တိုင်မမဇွန်ကိုအစ်မတစ်ယောက်လိုခင်နေမိပြီ။ထွက်သွားရင်တကယ်စိတ်ကောင်းမှာမဟုတ်တော့ပါ။

"မပြောင်းပါနဲ့လားမမဇွန် "

"ဘာလို့လဲ နွယ်ကလေးရဲ့..မမဇွန်ကအစကတည်းက အလုပ်အတွက်လာခဲ့တာလေ..ဒါပေမဲ့ နွယ်ကလေးကိုတော့ တကယ်ခင်သွားတာပါ"

"လင်းလည်းမမဇွန်ကိုခင်လို့လေ..ဒါကြောင့်မို့ ဒီအိမ်မှာနေစေချင်လို့ပြောတာပါ"

"မမဇွန်ကအစကတည်းက နွယ်ကလေးဖေဖေက အတင်းအကူအညီတောင်းလို့သာလက်ခံခဲ့ရတာနွယ်ကလေးရဲ့..တကယ်တော့ မမမှာလည်း အခြားကိစ္စလေးတွေရှိသေးတယ်လေ"

ငွေရလို့လက်ခံခဲ့တာမဟုတ်တာတော့ လင်းကိုယ်တိုင်လည်းခန့်မှန်းမိ၏။မမဇွန်ကအတော်အသင့်ငွေကြေးပြည့်စုံတဲ့သူထဲကဖြစ်မှန်း သူသုံးတဲ့ပစ္စည်းတွေကိုကြည့်ရင်ပင်သိနိုင်သည်။

"ဒါဆိုမမဇွန်ကတကယ်ပြောင်းမှာပေါ့နော်"

"နွယ်ကလေးဖေဖေကို အစကတည်းကအချိန်အကြာကြီးတော့ အဆင်မပြေမှန်းပြောခဲ့ပြီးသားပါ...အခုလိုမြန်မြန်အဆုံးသတ်သွားမယ်လို့တော့မထင်ထားခဲ့ဘူး...မမဇွန်လည်း ဒီနှစ်ပြီးရင်ဘွဲ့ယူရတော့မှာဆိုတော့..ဘွဲ့ရပြီးရင် မမလုပ်ချင်ခဲ့တဲ့ကော်ဖီဆိုင်လေးဖွင့်ရဖို့အခုကတည်းက ပြင်ဆင်ထားမှဖြစ်တော့မယ်နွယ်ကလေးရဲ့...ဒါကြောင့်မို့ နွယ်ကလေးနဲ့ မမဆက်နေချင်လည်းနေလို့မရဘူးလေနော်..မမဇွန်လည်း နွယ်ကလေးကိုသံယောဇဉ်ရှိနေပြီပဲ ဘယ်ခွဲချင်ပါ့မလဲ"

မမဇွန်ရဲ့ရင်ထဲကလာတဲ့စကားတွေမှန်းသိသာပါသည်။သူ့ဘက်ကလည်း လင်းကိုတကယ်ခင်မှန်းသိသည်။ဒါကြောင့်မို့လည်းသူထွက်သွားမှာကိုတားခဲ့တာပါ။သို့သော်အခု‌ေတာ့ဖြင့် ဆက်ပြီးမတားရက်တော့ပါ။

"ဒါဆိုလည်း မမဇွန် လင်းဆီမကြာမကြာလာလည်ပါနော်"

"လာမှာပေါ့ နွယ်ကလေးရဲ့..စိတ်ချနော် မမဇွန် နွယ်ကလေးဆီ မကြာမကြာလာလည်မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့"

"ကဲပါ ငိုမနေနဲ့လေ နွယ်ကလေးရဲ့...မမဇွန်ကဘယ်စိတ်ကောင်းပါ့မလဲ..မမဇွန်လည်း ခဏခဏလာလည်မှာပဲဟာ"

"ဟုတ် မငိုပါဘူး"

အရမ်းဝမ်းနည်လာသဖြင့် မထင်မှတ်ဘဲငိုမိသွားခဲ့၏။

သခင့်အပေါ်မှာထားတဲ့၁၅၀၀ဆိုတဲ့ အချစ်တွေမဆိုထားနှင့် မိတ်ဆွေလို ညီအစ်မလို သဘောထားတဲ့၅၂၈ချစ်ခြင်းတွေမှာတောင် ဝမ်းနည်းပူဆွေးရတယ်မလား။သတ္တဝါတွေမှာ သံယောဇဉ်ဆိုတဲ့ကြိုးလေးချည်နှောင်မိသွားရင် အလိုလိုပူလောင်ရတော့တာပါပဲလား။ဒါကြောင့်မို့ ဘုရားရှင်က သံယောဇဉ်ကြိုးတွေဖြတ်ဖို့ဟောခဲ့တာဖြစ်မည်။

***

ဝရန်တာမှာထွက်ရင်းလေညှင်းခံနေမိသည်။ဒီနေရာလေးက အရင်ရက်‌ေတွတုန်းကသခင်ရှိနေကျနေရာလေးပါပဲ။

နောက်ဆုံးတော့လည်း ဒီအိမ်လေးထဲမှာသခင်နဲ့နှစ်ယောက်တည်းကျန်ခဲ့တော့တာပါပဲလား။မမဇွန် ထွက်သွားခြင်းအပေါ်သခင်ကဘာမှမမေးခဲ့သလို ကိုယ့်ဘက်ကလည်းဘာမှမပြောပြခဲ့ပါ။

နွေညရဲ့အပူဒဏ်ကိုသက်သာလို့သက်သာငြား ဝရန်တာမှာထွက်ပြီးလေညှင်းခံနေမိခြင်းဖြစ်၏။ တဖြူးဖြူးတိုက်ခတ်နေတဲ့ သဘာဝလေနု‌အေးက မျက်နှာကိုတိုးဝှေ့ကျီစယ်သဖြင့် အအေးဓာတ်ကိုခံစားရပေမဲ့ စိတ်အစုံ
ကိုတော့တစ်စက်ကလေးမှအအေးဓာတ်ပေးနိုင်စွမ်းမရှိခဲ့ပါ။

သခင့်အပေါ်မှာထားတဲ့ အချစ်တွေဟာ မီးတောက်တစ်ခုပမာ တရိပ်ရိပ်တိုးလာပေမဲ့ သခင့်ဆီကပြန်ရနေတာက အေးစက်စက်အပြုအမူတွေ၊အငြိုးအတေးနဲ့အမုန်းတရားတွေသာဖြစ်ခဲ့သည်။

အခုတော့ဖြင့်လက်မခံချင်တဲ့အမှန်တရားတစ်ခုကိုလက်ခံစပြုလာမိသည်။ဒါဟာ သခင်က ကိုယ့်ကိုဘယ်တော့မှပြန်ချစ်မလာနိုင်ဘူးဆိုတဲ့အမှန်တရားပဲ။အချစ်နဲ့အမုန်းဆန့်ကျင့်ဘက်အရာနှစ်ခုဟာ ဘယ်လိုမှတစ်သားတည်းကျလိမ့်မည်မဟုတ်။အမြဲဆန့်ကျင့်ဘက်သာဖြစ်နေလိမ့်မည်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေမိတဲ့အမှန်တရားတစ်ခုတော့ အမြဲရှိ၏။ဒါဟာ
သခင့်ကို အမြဲချစ်နေပါမည်ဆိုတဲ့ ယုံကြည်ချက်ပဲ။တစ်ချိန်ချိန်မှာ သခင့်ကို စိတ်နာချင်နာမိလိမ့်မည်။သို့သော် မုန်းမှာလည်းမဟုတ်သလို မချစ်တော့မှာလည်းမဟုတ်ပေ။ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ပါစေ သခင့်အပေါ်မှာရှိနေတဲ့ အချစ်တွေကိုတော့ ဖျက်ဆီးပစ်လိမ့်မယ်မဟုတ်။

***
ဘယ်တုန်းကမှမမြည်ခဲ့ဖူးတဲ့Ringtoneသံကြောင့်နှလုံးခုန်ရပ်မတပ်ပင်ဖြစ်သွားရသည်။ သခင့်ဖုန်းနံပတ် တစ်ခုတည်းအတွက်သာထားထားတဲ့ ringtoneဖြစ်တဲ့အတွက် သခင့်ဆီကမှလွှဲပြီးအခြားဘယ်သူ့ဆီကမှမဖြစ်နိုင်ပါ။

ခုန်နေတဲ့နှလုံးပေါ်ကိုလက်ကလေးဖိလိုက်ရင်း contactsမှာပေါ်နေတဲ့ သခင်ဆိုနဲ့ဖုန်းလေးကိုကိုင်လိုက်သည်။

"ဟဲလို...သခင်"

"သခင်..ကြားရလားဟင်"

"ဟဲလို..သခင်"

တစ်ဖက်ကဘာမှပြန်ပြောသံမကြားရဖြင့် ရင်ထဲတွင်ထိတ်လန့်သွား၏။သခင်များတစ်ခုခုဖြစ်နေလို့လားဆိုတဲ့အတွေးကရုတ်တရက်ဝင်လာသည်။

"သခင်..ကြားရလားဟင်..တစ်ခုခုပြန်ပြောပါဦးသခင်ရယ်"

မကြာလိုက်ပါ။သခင့်ဘက်ကဖုန်းချသွားသည်။

ချက်ချင်းပဲပြန်ခေါ်လိုက်သည်။သို့သော် တစ်ဖက်မှ ဆက်သွယ်မှုဧရိယာပြင်ပဆိုတဲ့အသံသာပြန်ရခဲ့သည်။အထပ်ထပ်အခါခါခေါ်သော်လည်း တစ်ဖက်က‌ပြန်ဖြေသံဟာထိုအတိုင်းသာ။

အချိန်ကညနေ၆နာရီ။ဘယ်တုန်းကမှ ဒီလောက်ထိအပြင်မှာ မနေဖူးတဲ့သခင့်ကြောင့် ပိုပြီးစိတ်ပူရပြန်သည်။

"သခင် တစ်ခုခုဖြစ်နေတာတော့မဟုတ်ဘူးမလားဟင်"

ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နေပေမဲ့ စိုးရိမ်စိတ်ကလျော့မသွားတဲ့အပြင်ပိုတိုးလာသည်။

"သခင်..ဖုန်းပြန်ခေါ်ပါနော်"
"တစ်ခုခုဖြစ်လို့လားဟင်"
"သခင် အခုဘယ်ဆီရောက်နေတာလဲ...ကျွန်မလိုက်လာခဲ့ရမလားဟင်"
"သခင် တစ်ခုခုတော့ပြန်ပြောပါနော်..စိတ်ပူလို့ပါသခင်ရယ်"

ဖြေသူမဲ့နေတဲ့ဖုန်းလေးဆီသို့ messagesတွေအဆက်မပျက်ပို့လိုက်သည်။သို့သော် တစ်ဖက်ကတော့ seenလည်းမပြသလို အကြောင်းလည်းမပြန်ခဲ့ပါ။

ခဏကြာတော့ messagesမှစာဝင်သံကြားလိုက်ရသည်။ကျနေတဲ့မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ဖုန်းလေးကိုကြည့်လိုက်သည်။သခင့်ဆီမှ ခပ်တိုတို စာလေးတစ်ကြောင်းသာဖြစ်သည်။

"ဒီနေ့ည ပြန်မလာဖြစ်ဘူး"

သခင့်ဆီ‌အကြောင်းပြန်ဖို့ စာရိုက်နေတဲ့လက်ကလေးက သခင့်ဆီကနောက်ထပ်ပို့လာတဲ့စာလေးတစ်ကြောင်းကြောင့်အလိုလိုရပ်တန့်သွားခဲ့သည်။

"ဖုန်းလည်းမဆက်နဲ့ စာလည်းမပို့နဲ့တော့"

ဘာကြောင့်ပြန်မလာဖြစ်တာလည်းဆိုတာကတော့ သခင်ဖြစ်နေလို့ကိုမေးစရာမလိုတဲ့မေးခွန်းပါ။သခင့်လောက် စည်းစနစ်ရှိတဲ့မိန်းမမျိုးမတွေ့ဖူးသေးပါ။ဒါကြောင့်မို့ ဒီညမပြန်ဖြစ်တာဟာ အကြောင်းတစ်ခုခုရှိလို့သာဖြစ်မယ်ဆိုတာ အလိုလိုသိပါသည်။

***

သခင်မရှိတဲ့ ဒီညချမ်းဟာ အသက်မဲ့နေသလိုပါပဲလား။တကယ်လို့များ ဘဝမှာသခင်သာအပြီးတိုင်ထွက်သွားခဲ့ရင် ဘယ်လိုအင်အားနဲ့များရပ်တည်ရပါ့မလဲ။

"သခင်မရှိတဲ့တစ်ညတာလေးတောင်မနေတတ်တော့ပါဘူးသခင်ရယ်....မဖြစ်နိုင်ပေမဲ့ တောင်းဆိုချင်မိတယ်သခင်ရယ်...ကျွန်မအနားက‌နေဘယ်တော့မှထွက်မသွားဖို့ကို"

***

"မင်း..ထတော့"

"ဟင်..ဟင် သခင်လားဟင်"

ရင်းနီးသလိုရှိတဲ့အသံကြောင့် စမ်းတဝါးဝါးနဲ့မျက်လုံးကိုဖွင့်လိုက်တော့ တကယ်ပဲ သခင့်ကိုမြင်နေရသည်။ ဒါအိပ်မက်လား၊တကယ်လားဆိုတာကိုမ‌ေဝခွဲတတ်‌ေတာ့ပါ။

သခင်ပြောတော့ဒီနေ့ပြန်မလာတော့ဘူးဆို အခုဘယ်လိုဖြစ်ပြီးပြန်လာတာလဲ။ဒါမှမဟုတ် နောက်တစ်နေ့ကိုရောက်သွားတာလား။

"အား..ကျွတ်ကျွတ်"

အတင်းအားယူထလိုက်တော့ခေါင်းတစ်ခုလုံးမူးဝေသွားသည်။ထို့နောက်ခန္ဓာကိုယ်မှထိုင်းမှိုင်းမှုကိုခံစားရသည်။မသင်္ကာ၍နှဖူးပေါ်ကိုလက်တင်ကာ စမ်းလိုက်တော့ ကိုယ်တွေပူနေသည်။ပြီးတော့ အခုရောက်နေတာက အိပ်ရာ မဟုတ်ဘဲ ဧည့်ခန်းဖြစ်နေသည်။

"မင်း ညကဒီလိုအိပ်လိုက်တာလား"

"မထင်မှတ်ဘဲ အိပ်ပျော်သွားတာထင်ပါတယ်..."

"မင်း ဖျားနေတာလား"

"ကိုယ်တွေတော့ပူနေတယ်သခင်"

"မင်းညက အအေးပက်သွားတာနေမှာပေါ့..ကိုယ့်အခန်းကိုယ်မှသွားမအိပ်ဘဲ"

သခင်ကစိတ်ပူနေတာလား။ဟင့်အင်မဖြစ်နိုင်ပါဘူး။သခင်က ကိုယ့်ကိုစိတ်ပူပေးမဲ့သူမျိုးမှမဟုတ်တာ။

"မင်းအခန်းမင်းသွားတော့လေ...ပြီးရင် ဆေးလာပေးလှည့်မယ်..ပြန်မအိပ်သွားနဲ့ဦး"

သခင့်နှုတ်ဖျားက အမိန့်ဆန်ဆန်စကားဆိုပေမဲ့ ဒီတစ်ခါတော့ထူးခြားစွာနဲ့နွေးထွေးသလိုခံစားရသည်။ သခင်ရယ်..သခင့်ဆီကဂရုစိုက်မှုလေးနည်းနည်းရရင်တောင် ဒီလူကသိပ်ကိုပျော်နေရပါပြီ။

"ဟုတ်ကဲ့"

မထချင်ထချင်နဲ့ အားယူထရင်းအခန်းဆီကိုသွားခဲ့ရသည်။

ကုတင်ပေါ်ရောက်ရောက်ချင်းပဲ လှဲလိုက်မိသည်။သေချာတာကတော့ တော်တော်ကိုနေမကောင်းဖြစ်နေတယ်ဆိုတာပါပဲ။

"ထတော့..ဆေး‌ေသာက်ရအောင်"

"ဟုတ်"

ခပ်ဖြေးဖြေးထရင်း ခေါင်းကိုနံရံမှာမှီထားလိုက်သည်။

"ဆန်ပြုတ်အရင်သောက်လိုက်...ပြီးရင်ဒီဆေးတွေသောက်လိုက်"

ဆန်ပြုတ်မကြိုက်ကြောင်းတော့ ပြောမနေချင်တော့ပါ။သခင်ကိုယ်တိုင် တိုက်တာမို့ အဆိပ်ဆိုရင်တောင်သောက်ဖြစ်လိမ့်မည်။

သခင်က ဆန်ပြုတ်သောက်တာကအစမျက်တောင်မခတ်လိုက်ကြည့်နေတာမို့ မ‌ေနတတ်ဖြစ်လာရသည်။

ဆန်ပြုတ်သောက်ပြီး ‌ဆေးတွေကိုသောက်ရန်ပြင်လိုက်သည်။တစ်လုံးချင်းသောက်ရင် ခဏခဏခါးနေမှာမို့ တစ်ခါတည်းအကုန်မော့လိုက်သည်။ဆေးကြောက်သူပီပီ ဒါဟာလည်းသိပ်ကိုခက်ခဲလွန်းသည်။

"မင်း ပြန်လှဲချင်လှဲနေ...နဖူးပေါ်တင်ဖို့ အဝတ်စိုသွားယူလိုက်ဦးမယ်"

သိပ်မကြာလိုက်ပါ။ရေဇလုံတစ်ခုကိုယူလာပြီး ပြန်ရောက်လာခဲ့သည်။

နှဖူးပေါ်ကျလာတဲ့ အိစက်စက်လက်ဖဝါးများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သလိုဖြစ်သွားရသည်။သခင့်ဆီက ဒီလိုမျိုးမမျှော်လင့်ခဲ့တာကြောင့်လည်းပါသည်။

"သခင့်လက်လေးတွေကနူးညံ့လိုက်တာ..သခင်သာ ဆရာဝန်ဖြစ်သွားရင် အခြားလူနာတွေအပေါ်ကိုအခုလိုဂရုစိုက်ပေးရမှာပေါ့နော်...သခင့်ကို ဆရာဝန်တစ်ယောက်အနေနဲ့‌ေတွးကြည့်ရတာ ပထမဆုံးမနာခြင်းပဲ"

သခင်က မနှစ်သက်စွာကြည့်သည်။
ပြောသင့်မပြောသင့်စဉ်းစားမနေတော့ဘဲ ပြောမိလိုက်သည်။သခင်စိတ်ဆိုးသွားရင်လည်း စိတ်ဆိုးနိုင်သည်။

"သခင်"

"စကားများနေတာရပ်တော့..မင်းကိုစေတနာရှိလို့လုပ်ပေးနေတာမဟုတ်ဘူးနော်"

နဖူးပေါ်ကိုအေးစက်စက်အထိအတွေ့ရပြန်သည်။ဒီတစ်ခါတော့သခင့်လက်ဖဝါးလေးမဟုတ်တော့။

"ရပြီ"

ထရန်ပြင်နေတဲ့ သခင့်လက်ကလေးကိုဆွဲထားလိုက်သည်။ဒီတစ်ခါတော့ သခင်က
ဆွဲမဖြုတ်ခဲ့ဘူး။

"သခင်...ကျွန်မနားမှာ ခဏလေးဖြစ်ဖြစ်ရှိနေပေးလို့ရမလားဟင်...မနေ့ညကလည်း သခင်မရှိဘူးဆိုတဲ့စိတ်နဲ့ အရမ်းကိုစိတ်‌ေချာက်ချားခဲ့တာပါ"

"ငါမအားဘူး..မင်းကိုအဖော်လုပ်မပေးနိုင်ဘူး..မင်းကိုဘယ်လိုသဘောထားတယ်ဆိုတာမင်းသိပါတယ်"

သခင်က လက်ကိုဖြုတ်ချလိုက်သည်။

"သခင် နောက်တစ်ခါတော့ ကျွန်မကိုဒီအိမ်မှာတစ်ယောက်တည်းမထားခဲ့ပါနဲ့နော်"

ကိုယ့်စကားတွေဟာ သခင့်အတွက်အရာမဝင်မှန်းသိပေမဲ့ အရှက်မရှိတောင်းဆိုခဲ့မိသည်။

"သခင်...ခဏလေးပါ"

အခန်းဝထိရောက်နေပြီဖြစ်တဲ့သခင့်ကို ဟန့်တားမိပြန်သည်။သခင်က လှည့်မကြည့်ပေမဲ့ ရပ်တန့်ပေး၏။

"ကျွန်မ အခုလိုဖျားနေရင် သခင်ကအမြဲတမ်းဆေးတိုက်ပေးမှာမလားဟင်..ဒါဆို ကျွန်မအမြဲတမ်းပဲဖျားချင်တော့တယ်သခင်ရယ်"

ဒီတစ်ခါတော့ တကယ်ပဲထွက်သွားခဲ့သည်။သခင့်မျက်နှာဘယ်လိုဘယ်ပုံရှိနေမယ်ဆိုတာတော့မခန့်မှန်းတတ်ပါ။အရင်လိုအလိုမကျစွာစူပုတ်နေမလား၊အံကိုကြိတ်နေမလား၊ရှက်ရွံ့နေမလားမသိပါ။ လင်းကတော့ဒီစကားတွေပြောလိုက်ရလို့ကျေနပ်မိသည်။

"သခင့်ကိုချစ်နေတာတွေက ရပ်တန့်လို့မရတော့ပါဘူးသခင်ရယ်"

18.2.2024
#သခင်

"ႏြယ္ကေလး မမဇြန္ မနက္ျဖန္က်ရင္ အိမ္ေျပာင္းရေတာ့မယ္ေနာ္"

လင္းကိုယ္တိုင္ မမဇြန္ဟာ ေဖေဖငွားထားတဲ့လူဆိုတာသိေၾကာင္းကိုေျပာျပခဲ့၏။ ဒီအတြက္မမဇြန္ဟာ အခုဒီအလုပ္ကိုလုပ္စရာမလိုေတာ့ေၾကာင္း သေဘာေပါက္သြားခဲ့သည္။ဒါေပမဲ့ ဘယ္လိုလုပ္ရပါ့မလဲ။လင္းကိုယ္တိုင္မမဇြန္ကိုအစ္မတစ္ေယာက္လိုခင္ေနမိၿပီ။ထြက္သြားရင္တကယ္စိတ္ေကာင္းမွာမဟုတ္ေတာ့ပါ။

"မေျပာင္းပါနဲ႔လားမမဇြန္ "

"ဘာလို႔လဲ ႏြယ္ကေလးရဲ႕..မမဇြန္ကအစကတည္းက အလုပ္အတြက္လာခဲ့တာေလ..ဒါေပမဲ့ ႏြယ္ကေလးကိုေတာ့ တကယ္ခင္သြားတာပါ"

"လင္းလည္းမမဇြန္ကိုခင္လို႔ေလ..ဒါေၾကာင့္မို႔ ဒီအိမ္မွာေနေစခ်င္လို႔ေျပာတာပါ"

"မမဇြန္ကအစကတည္းက ႏြယ္ကေလးေဖေဖက အတင္းအကူအညီေတာင္းလို႔သာလက္ခံခဲ့ရတာႏြယ္ကေလးရဲ႕..တကယ္ေတာ့ မမမွာလည္း အျခားကိစၥေလးေတြ႐ွိေသးတယ္ေလ"

ေငြရလို႔လက္ခံခဲ့တာမဟုတ္တာေတာ့ လင္းကိုယ္တိုင္လည္းခန္႔မွန္းမိ၏။မမဇြန္ကအေတာ္အသင့္ေငြေၾကးျပည့္စုံတဲ့သူထဲကျဖစ္မွန္း သူသုံးတဲ့ပစၥည္းေတြကိုၾကည့္ရင္ပင္သိႏိုင္သည္။

"ဒါဆိုမမဇြန္ကတကယ္ေျပာင္းမွာေပါ့ေနာ္"

"ႏြယ္ကေလးေဖေဖကို အစကတည္းကအခ်ိန္အၾကာႀကီးေတာ့ အဆင္မေျပမွန္းေျပာခဲ့ၿပီးသားပါ...အခုလိုျမန္ျမန္အဆုံးသတ္သြားမယ္လို႔ေတာ့မထင္ထားခဲ့ဘူး...မမဇြန္လည္း ဒီႏွစ္ၿပီးရင္ဘြဲ႕ယူရေတာ့မွာဆိုေတာ့..ဘြဲ႕ရၿပီးရင္ မမလုပ္ခ်င္ခဲ့တဲ့ေကာ္ဖီဆိုင္ေလးဖြင့္ရဖို႔အခုကတည္းက ျပင္ဆင္ထားမွျဖစ္ေတာ့မယ္ႏြယ္ကေလးရဲ႕...ဒါေၾကာင့္မို႔ ႏြယ္ကေလးနဲ႔ မမဆက္ေနခ်င္လည္းေနလို႔မရဘူးေလေနာ္..မမဇြန္လည္း ႏြယ္ကေလးကိုသံေယာဇဥ္႐ွိေနၿပီပဲ ဘယ္ခြဲခ်င္ပါ့မလဲ"

မမဇြန္ရဲ႕ရင္ထဲကလာတဲ့စကားေတြမွန္းသိသာပါသည္။သူ႕ဘက္ကလည္း လင္းကိုတကယ္ခင္မွန္းသိသည္။ဒါေၾကာင့္မို႔လည္းသူထြက္သြားမွာကိုတားခဲ့တာပါ။သို႔ေသာ္အခု‌ေတာ့ျဖင့္ ဆက္ၿပီးမတားရက္ေတာ့ပါ။

"ဒါဆိုလည္း မမဇြန္ လင္းဆီမၾကာမၾကာလာလည္ပါေနာ္"

"လာမွာေပါ့ ႏြယ္ကေလးရဲ႕..စိတ္ခ်ေနာ္ မမဇြန္ ႏြယ္ကေလးဆီ မၾကာမၾကာလာလည္မယ္ ဟုတ္ၿပီလား"

"ဟုတ္ကဲ့"

"ကဲပါ ငိုမေနနဲ႔ေလ ႏြယ္ကေလးရဲ႕...မမဇြန္ကဘယ္စိတ္ေကာင္းပါ့မလဲ..မမဇြန္လည္း ခဏခဏလာလည္မွာပဲဟာ"

"ဟုတ္ မငိုပါဘူး"

အရမ္းဝမ္းနည္လာသျဖင့္ မထင္မွတ္ဘဲငိုမိသြားခဲ့၏။

သခင့္အေပၚမွာထားတဲ့၁၅၀၀ဆိုတဲ့ အခ်စ္ေတြမဆိုထားႏွင့္ မိတ္ေဆြလို ညီအစ္မလို သေဘာထားတဲ့၅၂၈ခ်စ္ျခင္းေတြမွာေတာင္ ဝမ္းနည္းပူေဆြးရတယ္မလား။သတၱဝါေတြမွာ သံေယာဇဥ္ဆိုတဲ့ႀကိဳးေလးခ်ည္ေႏွာင္မိသြားရင္ အလိုလိုပူေလာင္ရေတာ့တာပါပဲလား။ဒါေၾကာင့္မို႔ ဘုရား႐ွင္က သံေယာဇဥ္ႀကိဳးေတြျဖတ္ဖို႔ေဟာခဲ့တာျဖစ္မည္။

***

ဝရန္တာမွာထြက္ရင္းေလညႇင္းခံေနမိသည္။ဒီေနရာေလးက အရင္ရက္‌ေတြတုန္းကသခင္႐ွိေနက်ေနရာေလးပါပဲ။

ေနာက္ဆုံးေတာ့လည္း ဒီအိမ္ေလးထဲမွာသခင္နဲ႔ႏွစ္ေယာက္တည္းက်န္ခဲ့ေတာ့တာပါပဲလား။မမဇြန္ ထြက္သြားျခင္းအေပၚသခင္ကဘာမွမေမးခဲ့သလို ကိုယ့္ဘက္ကလည္းဘာမွမေျပာျပခဲ့ပါ။

ေႏြညရဲ႕အပူဒဏ္ကိုသက္သာလို႔သက္သာျငား ဝရန္တာမွာထြက္ၿပီးေလညႇင္းခံေနမိျခင္းျဖစ္၏။ တျဖဴးျဖဴးတိုက္ခတ္ေနတဲ့ သဘာဝေလႏု‌ေအးက မ်က္ႏွာကိုတိုးေဝွ႔က်ီစယ္သျဖင့္ အေအးဓာတ္ကိုခံစားရေပမဲ့ စိတ္အစုံ
ကိုေတာ့တစ္စက္ကေလးမွအေအးဓာတ္ေပးႏိုင္စြမ္းမ႐ွိခဲ့ပါ။

သခင့္အေပၚမွာထားတဲ့ အခ်စ္ေတြဟာ မီးေတာက္တစ္ခုပမာ တရိပ္ရိပ္တိုးလာေပမဲ့ သခင့္ဆီကျပန္ရေနတာက ေအးစက္စက္အျပဳအမူေတြ၊အၿငိဳးအေတးနဲ႔အမုန္းတရားေတြသာျဖစ္ခဲ့သည္။

အခုေတာ့ျဖင့္လက္မခံခ်င္တဲ့အမွန္တရားတစ္ခုကိုလက္ခံစျပဳလာမိသည္။ဒါဟာ သခင္က ကိုယ့္ကိုဘယ္ေတာ့မွျပန္ခ်စ္မလာႏိုင္ဘူးဆိုတဲ့အမွန္တရားပဲ။အခ်စ္နဲ႔အမုန္းဆန္႔က်င့္ဘက္အရာႏွစ္ခုဟာ ဘယ္လိုမွတစ္သားတည္းက်လိမ့္မည္မဟုတ္။အၿမဲဆန္႔က်င့္ဘက္သာျဖစ္ေနလိမ့္မည္။

ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ေနမိတဲ့အမွန္တရားတစ္ခုေတာ့ အၿမဲ႐ွိ၏။ဒါဟာ
သခင့္ကို အၿမဲခ်စ္ေနပါမည္ဆိုတဲ့ ယုံၾကည္ခ်က္ပဲ။တစ္ခ်ိန္ခ်ိန္မွာ သခင့္ကို စိတ္နာခ်င္နာမိလိမ့္မည္။သို႔ေသာ္ မုန္းမွာလည္းမဟုတ္သလို မခ်စ္ေတာ့မွာလည္းမဟုတ္ေပ။ဘယ္လိုအေၾကာင္းအရာေၾကာင့္ပဲျဖစ္ပါေစ သခင့္အေပၚမွာ႐ွိေနတဲ့ အခ်စ္ေတြကိုေတာ့ ဖ်က္ဆီးပစ္လိမ့္မယ္မဟုတ္။

***
ဘယ္တုန္းကမွမျမည္ခဲ့ဖူးတဲ့Ringtoneသံေၾကာင့္ႏွလုံးခုန္ရပ္မတပ္ပင္ျဖစ္သြားရသည္။ သခင့္ဖုန္းနံပတ္ တစ္ခုတည္းအတြက္သာထားထားတဲ့ ringtoneျဖစ္တဲ့အတြက္ သခင့္ဆီကမွလႊဲၿပီးအျခားဘယ္သူ႕ဆီကမွမျဖစ္ႏိုင္ပါ။

ခုန္ေနတဲ့ႏွလုံးေပၚကိုလက္ကေလးဖိလိုက္ရင္း contactsမွာေပၚေနတဲ့ သခင္ဆိုနဲ႔ဖုန္းေလးကိုကိုင္လိုက္သည္။

"ဟဲလို...သခင္"

"သခင္..ၾကားရလားဟင္"

"ဟဲလို..သခင္"

တစ္ဖက္ကဘာမွျပန္ေျပာသံမၾကားရျဖင့္ ရင္ထဲတြင္ထိတ္လန္႔သြား၏။သခင္မ်ားတစ္ခုခုျဖစ္ေနလို႔လားဆိုတဲ့အေတြးက႐ုတ္တရက္ဝင္လာသည္။

"သခင္..ၾကားရလားဟင္..တစ္ခုခုျပန္ေျပာပါဦးသခင္ရယ္"

မၾကာလိုက္ပါ။သခင့္ဘက္ကဖုန္းခ်သြားသည္။

ခ်က္ခ်င္းပဲျပန္ေခၚလိုက္သည္။သို႔ေသာ္ တစ္ဖက္မွ ဆက္သြယ္မႈဧရိယာျပင္ပဆိုတဲ့အသံသာျပန္ရခဲ့သည္။အထပ္ထပ္အခါခါေခၚေသာ္လည္း တစ္ဖက္က‌ျပန္ေျဖသံဟာထိုအတိုင္းသာ။

အခ်ိန္ကညေန၆နာရီ။ဘယ္တုန္းကမွ ဒီေလာက္ထိအျပင္မွာ မေနဖူးတဲ့သခင့္ေၾကာင့္ ပိုၿပီးစိတ္ပူရျပန္သည္။

"သခင္ တစ္ခုခုျဖစ္ေနတာေတာ့မဟုတ္ဘူးမလားဟင္"

ကိုယ့္ကိုယ္ကိုယ္ေျဖသိမ့္ေနေပမဲ့ စိုးရိမ္စိတ္ကေလ်ာ့မသြားတဲ့အျပင္ပိုတိုးလာသည္။

"သခင္..ဖုန္းျပန္ေခၚပါေနာ္"
"တစ္ခုခုျဖစ္လို႔လားဟင္"
"သခင္ အခုဘယ္ဆီေရာက္ေနတာလဲ...ကြၽန္မလိုက္လာခဲ့ရမလားဟင္"
"သခင္ တစ္ခုခုေတာ့ျပန္ေျပာပါေနာ္..စိတ္ပူလို႔ပါသခင္ရယ္"

ေျဖသူမဲ့ေနတဲ့ဖုန္းေလးဆီသို႔ messagesေတြအဆက္မပ်က္ပို႔လိုက္သည္။သို႔ေသာ္ တစ္ဖက္ကေတာ့ seenလည္းမျပသလို အေၾကာင္းလည္းမျပန္ခဲ့ပါ။

ခဏၾကာေတာ့ messagesမွစာဝင္သံၾကားလိုက္ရသည္။က်ေနတဲ့မ်က္ရည္မ်ားကို သုတ္ပစ္လိုက္ၿပီး ဖုန္းေလးကိုၾကည့္လိုက္သည္။သခင့္ဆီမွ ခပ္တိုတို စာေလးတစ္ေၾကာင္းသာျဖစ္သည္။

"ဒီေန႔ည ျပန္မလာျဖစ္ဘူး"

သခင့္ဆီ‌အေၾကာင္းျပန္ဖို႔ စာ႐ိုက္ေနတဲ့လက္ကေလးက သခင့္ဆီကေနာက္ထပ္ပို႔လာတဲ့စာေလးတစ္ေၾကာင္းေၾကာင့္အလိုလိုရပ္တန္႔သြားခဲ့သည္။

"ဖုန္းလည္းမဆက္နဲ႔ စာလည္းမပို႔နဲ႔ေတာ့"

ဘာေၾကာင့္ျပန္မလာျဖစ္တာလည္းဆိုတာကေတာ့ သခင္ျဖစ္ေနလို႔ကိုေမးစရာမလိုတဲ့ေမးခြန္းပါ။သခင့္ေလာက္ စည္းစနစ္႐ွိတဲ့မိန္းမမ်ိဳးမေတြ႕ဖူးေသးပါ။ဒါေၾကာင့္မို႔ ဒီညမျပန္ျဖစ္တာဟာ အေၾကာင္းတစ္ခုခု႐ွိလို႔သာျဖစ္မယ္ဆိုတာ အလိုလိုသိပါသည္။

***

သခင္မ႐ွိတဲ့ ဒီညခ်မ္းဟာ အသက္မဲ့ေနသလိုပါပဲလား။တကယ္လို႔မ်ား ဘဝမွာသခင္သာအၿပီးတိုင္ထြက္သြားခဲ့ရင္ ဘယ္လိုအင္အားနဲ႔မ်ားရပ္တည္ရပါ့မလဲ။

"သခင္မ႐ွိတဲ့တစ္ညတာေလးေတာင္မေနတတ္ေတာ့ပါဘူးသခင္ရယ္....မျဖစ္ႏိုင္ေပမဲ့ ေတာင္းဆိုခ်င္မိတယ္သခင္ရယ္...ကြၽန္မအနားက‌ေနဘယ္ေတာ့မွထြက္မသြားဖို႔ကို"

***

"မင္း..ထေတာ့"

"ဟင္..ဟင္ သခင္လားဟင္"

ရင္းနီးသလို႐ွိတဲ့အသံေၾကာင့္ စမ္းတဝါးဝါးနဲ႔မ်က္လုံးကိုဖြင့္လိုက္ေတာ့ တကယ္ပဲ သခင့္ကိုျမင္ေနရသည္။ ဒါအိပ္မက္လား၊တကယ္လားဆိုတာကိုမ‌ေဝခြဲတတ္‌ေတာ့ပါ။

သခင္ေျပာေတာ့ဒီေန႔ျပန္မလာေတာ့ဘူးဆို အခုဘယ္လိုျဖစ္ၿပီးျပန္လာတာလဲ။ဒါမွမဟုတ္ ေနာက္တစ္ေန႔ကိုေရာက္သြားတာလား။

"အား..ကြၽတ္ကြၽတ္"

အတင္းအားယူထလိုက္ေတာ့ေခါင္းတစ္ခုလုံးမူးေဝသြားသည္။ထို႔ေနာက္ခႏၶာကိုယ္မွထိုင္းမိႈင္းမႈကိုခံစားရသည္။မသကၤာ၍ႏွဖူးေပၚကိုလက္တင္ကာ စမ္းလိုက္ေတာ့ ကိုယ္ေတြပူေနသည္။ၿပီးေတာ့ အခုေရာက္ေနတာက အိပ္ရာ မဟုတ္ဘဲ ဧည့္ခန္းျဖစ္ေနသည္။

"မင္း ညကဒီလိုအိပ္လိုက္တာလား"

"မထင္မွတ္ဘဲ အိပ္ေပ်ာ္သြားတာထင္ပါတယ္..."

"မင္း ဖ်ားေနတာလား"

"ကိုယ္ေတြေတာ့ပူေနတယ္သခင္"

"မင္းညက အေအးပက္သြားတာေနမွာေပါ့..ကိုယ့္အခန္းကိုယ္မွသြားမအိပ္ဘဲ"

သခင္ကစိတ္ပူေနတာလား။ဟင့္အင္မျဖစ္ႏိုင္ပါဘူး။သခင္က ကိုယ့္ကိုစိတ္ပူေပးမဲ့သူမ်ိဳးမွမဟုတ္တာ။

"မင္းအခန္းမင္းသြားေတာ့ေလ...ၿပီးရင္ ေဆးလာေပးလွည့္မယ္..ျပန္မအိပ္သြားနဲ႔ဦး"

သခင့္ႏႈတ္ဖ်ားက အမိန္႔ဆန္ဆန္စကားဆိုေပမဲ့ ဒီတစ္ခါေတာ့ထူးျခားစြာနဲ႔ေႏြးေထြးသလိုခံစားရသည္။ သခင္ရယ္..သခင့္ဆီကဂ႐ုစိုက္မႈေလးနည္းနည္းရရင္ေတာင္ ဒီလူကသိပ္ကိုေပ်ာ္ေနရပါၿပီ။

"ဟုတ္ကဲ့"

မထခ်င္ထခ်င္နဲ႔ အားယူထရင္းအခန္းဆီကိုသြားခဲ့ရသည္။

ကုတင္ေပၚေရာက္ေရာက္ခ်င္းပဲ လွဲလိုက္မိသည္။ေသခ်ာတာကေတာ့ ေတာ္ေတာ္ကိုေနမေကာင္းျဖစ္ေနတယ္ဆိုတာပါပဲ။

"ထေတာ့..ေဆး‌ေသာက္ရေအာင္"

"ဟုတ္"

ခပ္ေျဖးေျဖးထရင္း ေခါင္းကိုနံရံမွာမွီထားလိုက္သည္။

"ဆန္ျပဳတ္အရင္ေသာက္လိုက္...ၿပီးရင္ဒီေဆးေတြေသာက္လိုက္"

ဆန္ျပဳတ္မႀကိဳက္ေၾကာင္းေတာ့ ေျပာမေနခ်င္ေတာ့ပါ။သခင္ကိုယ္တိုင္ တိုက္တာမို႔ အဆိပ္ဆိုရင္ေတာင္ေသာက္ျဖစ္လိမ့္မည္။

သခင္က ဆန္ျပဳတ္ေသာက္တာကအစမ်က္ေတာင္မခတ္လိုက္ၾကည့္ေနတာမို႔ မ‌ေနတတ္ျဖစ္လာရသည္။

ဆန္ျပဳတ္ေသာက္ၿပီး ‌ေဆးေတြကိုေသာက္ရန္ျပင္လိုက္သည္။တစ္လုံးခ်င္းေသာက္ရင္ ခဏခဏခါးေနမွာမို႔ တစ္ခါတည္းအကုန္ေမာ့လိုက္သည္။ေဆးေၾကာက္သူပီပီ ဒါဟာလည္းသိပ္ကိုခက္ခဲလြန္းသည္။

"မင္း ျပန္လွဲခ်င္လွဲေန...နဖူးေပၚတင္ဖို႔ အဝတ္စိုသြားယူလိုက္ဦးမယ္"

သိပ္မၾကာလိုက္ပါ။ေရဇလုံတစ္ခုကိုယူလာၿပီး ျပန္ေရာက္လာခဲ့သည္။

ႏွဖူးေပၚက်လာတဲ့ အိစက္စက္လက္ဖဝါးမ်ားေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံး ေအးစက္သလိုျဖစ္သြားရသည္။သခင့္ဆီက ဒီလိုမ်ိဳးမေမွ်ာ္လင့္ခဲ့တာေၾကာင့္လည္းပါသည္။

"သခင့္လက္ေလးေတြကႏူးညံ့လိုက္တာ..သခင္သာ ဆရာဝန္ျဖစ္သြားရင္ အျခားလူနာေတြအေပၚကိုအခုလိုဂ႐ုစိုက္ေပးရမွာေပါ့ေနာ္...သခင့္ကို ဆရာဝန္တစ္ေယာက္အေနနဲ႔‌ေတြးၾကည့္ရတာ ပထမဆုံးမနာျခင္းပဲ"

သခင္က မႏွစ္သက္စြာၾကည့္သည္။
ေျပာသင့္မေျပာသင့္စဥ္းစားမေနေတာ့ဘဲ ေျပာမိလိုက္သည္။သခင္စိတ္ဆိုးသြားရင္လည္း စိတ္ဆိုးႏိုင္သည္။

"သခင္"

"စကားမ်ားေနတာရပ္ေတာ့..မင္းကိုေစတနာ႐ွိလို႔လုပ္ေပးေနတာမဟုတ္ဘူးေနာ္"

နဖူးေပၚကိုေအးစက္စက္အထိအေတြ႕ရျပန္သည္။ဒီတစ္ခါေတာ့သခင့္လက္ဖဝါးေလးမဟုတ္ေတာ့။

"ရၿပီ"

ထရန္ျပင္ေနတဲ့ သခင့္လက္ကေလးကိုဆြဲထားလိုက္သည္။ဒီတစ္ခါေတာ့ သခင္က
ဆြဲမျဖဳတ္ခဲ့ဘူး။

"သခင္...ကြၽန္မနားမွာ ခဏေလးျဖစ္ျဖစ္႐ွိေနေပးလို႔ရမလားဟင္...မေန႔ညကလည္း သခင္မ႐ွိဘူးဆိုတဲ့စိတ္နဲ႔ အရမ္းကိုစိတ္‌ေခ်ာက္ခ်ားခဲ့တာပါ"

"ငါမအားဘူး..မင္းကိုအေဖာ္လုပ္မေပးႏိုင္ဘူး..မင္းကိုဘယ္လိုသေဘာထားတယ္ဆိုတာမင္းသိပါတယ္"

သခင္က လက္ကိုျဖဳတ္ခ်လိုက္သည္။

"သခင္ ေနာက္တစ္ခါေတာ့ ကြၽန္မကိုဒီအိမ္မွာတစ္ေယာက္တည္းမထားခဲ့ပါနဲ႔ေနာ္"

ကိုယ့္စကားေတြဟာ သခင့္အတြက္အရာမဝင္မွန္းသိေပမဲ့ အ႐ွက္မ႐ွိေတာင္းဆိုခဲ့မိသည္။

"သခင္...ခဏေလးပါ"

အခန္းဝထိေရာက္ေနၿပီျဖစ္တဲ့သခင့္ကို ဟန္႔တားမိျပန္သည္။သခင္က လွည့္မၾကည့္ေပမဲ့ ရပ္တန္႔ေပး၏။

"ကြၽန္မ အခုလိုဖ်ားေနရင္ သခင္ကအၿမဲတမ္းေဆးတိုက္ေပးမွာမလားဟင္..ဒါဆို ကြၽန္မအၿမဲတမ္းပဲဖ်ားခ်င္ေတာ့တယ္သခင္ရယ္"

ဒီတစ္ခါေတာ့ တကယ္ပဲထြက္သြားခဲ့သည္။သခင့္မ်က္ႏွာဘယ္လိုဘယ္ပုံ႐ွိေနမယ္ဆိုတာေတာ့မခန္႔မွန္းတတ္ပါ။အရင္လိုအလိုမက်စြာစူပုတ္ေနမလား၊အံကိုႀကိတ္ေနမလား၊႐ွက္႐ြံ႕ေနမလားမသိပါ။ လင္းကေတာ့ဒီစကားေတြေျပာလိုက္ရလို႔ေက်နပ္မိသည္။

"သခင့္ကိုခ်စ္ေနတာေတြက ရပ္တန္႔လို႔မရေတာ့ပါဘူးသခင္ရယ္"

18.2.2024
#သခင္

Continue Reading

You'll Also Like

589K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 68.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
264K 25.7K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...