ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၈၂)

114 18 0
By jellyflower1

အပိုင်း(၄၈၂)

ဤတစ်ကြိမ်တွင် ထျန်းနင် တက်ရောက်ရမည့် talk show၏အမည်က  'Superstar Talk'ဖြစ်သည်။

ဤအစီအစဉ်က ရုပ်ရှင်လောကတွင် အဓိက talk showဖြစ်သည်။
ဤတစ်ကြိမ်တွင် ထျန်းနင်က သရုပ်ဆောင်မင်းသမီး တစ်ဦးအနေဖြင့် ပွဲတက်ရောက်ခဲ့၍ ဖုန်းချိုင် ပွဲ တက်ရောက်ခဲ့သည်နှင့် ခြားနားခဲ့သည်။

သူမကို ဆန့်ကျင်သော ပရိသတ်ပြဿနာက ယခုထိတိုင် ရှိနေသေးသည်။ အမေရိကန် ဒါရိုက်တာနှင့် ဆက်သွယ်ခဲ့သည့် သတင်း နှင့် မျက်နှာ နှစ်ဖက်ရှိသော သတင်းက ယခုထိတိုင် လျင်လျင်မြန်မြန် ပျံ့နှံံနေသေးသည်။

ဖျော်ဖြေရေးလောကအတွင်းမှလူအားလုံး စုပေါင်း၍ သူမကို တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အစီအစဉ်ကို ဘေးထိုင်ကြည့်ရန်သာ ထျန်းနင် ဆုံးဖြတ်ထားသည်။

"အစ်မထျန်းနင် ဒါက talk showမှာ မေးမယ့် အချက်အလက်တွေပဲ"
စုန့်ယန်က ထျန်းနင်၏ အိမ်သို့ ရောက်လာပြီး လိုအပ်သော အချက်အလက်များ လာပေးသည်။
"ပေါ်ပေါ်ထင်ထင် မဖြစ်ရအောင် အစ်မရဲ့ဗိုက်ကို ဖုံးကွယ်ပေးနိုင်တဲ့ ဝတ်စုံ ရွေးပေးထားတယ်"

"ကျေးဇူးတင်ပါတယ်"
ထျန်းနင်က အချက်အလက်များကို လက်ခံယူပြီး ခေါင်းညိတ်သည်။ သူမက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွား၍ အချက်အလက်ဖိုင်ကို အောက်ချကာ စုန့်ယန်ရှုဘက် လှည့်လိုက်သည်။
"မင်းက ငါ့ကို ဂရုစိုက်ပေးဖို့ ခဏငှားထားတာဆိုတော့ ငါက ကလေးမွေးပြီးရင် ခဏအနားယူဦးမှာလေ။ မင်း ဘာအလုပ် ဆက်လုပ်မယ် စဉ်းစားထားလဲ"

စုန့်ယန်ရှု သူမ၏စိတ်ကိုယ်သူမ ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ကြာပါပြီ။ သူမ၏ခရမ်းရောင် လည်စည်းကို စိတ်ရှုပ်ထွေးဟန် ဆောင့်ဆွဲပြီး ပြုံးသည်။
"မို့သူဌေးက ကျွန်မအတွက် တခြားအလုပ် စီစဉ်ပေးထားပါတယ်"

"ဟမ်"

"မို့သူဌေးက အစ်မမောင်လေးရဲ့ မန်နေဂျာ လုပ်မလား ကမ်းလှမ်းပါတယ်"
စုန့်ယန်ရှု ရှင်းပြသည်။

"ဒီအကြံ မဆိုးပါဘူး"
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင် စိတ်ချရသည်။
"ကျင်းရွှမ်က ဖျော်ဖြေရေး လောကကြီးထဲ လိုက်လျောညီထွေ နေနိုင်ပေမဲ့ ငယ်ရွယ်သေးတော့ အမှားနဲ့ မကင်းဘူးလေ။ သူ့ဘေးနား မင်းရှိနေတော့ ငါလည်း ပိုစိတ်အေးရတာပေါ့"

"အစ်မ စိတ်မပျက်စေရပါဘူး"
စုန့်ယန်ရှုက ရုတ်တရက် မတ်တတ် ထရပ်ပြီး စိတ်ရင်းအတိုင်း ထျန်းနင်ကို ဦးညွှတ်သည်။
"ဒီအတောအတွင်း ကျွန်မကို သင်ကြားပြသ ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်"

"ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်သင့်တာ ငါပါ"
ထျန်းနင်က သူမ၏လက်ကို ဖမ်းဆုပ်ကာ ပြန်ဖြေသည်။

" 'Superstar Talk'အင်တာဗျူးက အဆင်ပြေပါ့မလား"

"ဒါပေါ့ အဆင်ပြေသွားမှာပါ"
ထျန်းနင် ပြုံးသည်။

စုန့်ယန်ရှုက ထျန်းနင်ကို နှုတ်ဆက်စကား ပြောပြီး ထွက်ခွာသွားသည်။

ထျန်းနင်က စုန့်ယန်ရှု သူ့အမြင်အာရုံမှ ပျောက်ကွယ်သွားသော မြင်ကွင်းကို စောင့်ကြည့်လျက် ဝမ်းနည်းသလို ခံစားရသည်။

...

"နောက်ဆုံးတော့ ထျန်းနင်က talk showပွဲကို တက်ပြီပေါ့။ သူနဲ့ ပတ်သက်တဲ့ အတင်းအဖျင်း သတင်းတွေ ကြားရရုံက လွဲရင် လူလုံးထွက်မပြတာ ကြာပြီပေါ့"

"သတင်းကောင်းကြားရပြီ။ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်။ ထျန်းနင်ကို မျက်နှာနှစ်ဖက်နဲ့လူကို ပြောတာ ငါ လုံးဝ မယုံကြည်နိုင်ဘူး"

"ဟွန့် ပရိသတ်ဟောင်းတွေက ရွံဖို့ကောင်းလိုက်တာနော်"

"ဟိုးတလောကလည်း သေးနုပ်တဲ့သရုပ်ဆောင်လေးက ငါတို့ထျန်းနင်ကို ဝေဖန်သေးတယ်။ ငါကတော့ ထျန်းနင်ဘက်က ခုခံပြောရမှာပဲ။ ထျန်းနင်အတွက် သူတို့အားလုံးကို အော်ငေါက်ပစ်ချင်တယ်"

"အပေါ်က ကော်မန့် မန့်တဲ့သူရေ မင်းက ထျန်းနင်ကို ဆန့်ကျင်တဲ့ ပရိသတ် ၁၀ယောက်ကို တိုက်ခိုက်မယ်သူလား။ ထျန်းနင်ရဲ့ အကျင့်စရိုက်ကို မဖျက်ဆီးရင် အကောင်းဆုံးပဲ"

the talk showကြော်ငြာ အပိုင်းတိုလေးက ထျန်းနင်၏ နာမည်ကို ရှာဖွေမှု ထိပ်တန်း ရောက်ရှိသွားစေသည်။

The talk showကို ယနေ့ည ၇နာရီတွင် ကျင်းပရန် အချိန်ဇယားဆွဲထားပြီး တိုက်ရိုက် ထုတ်လွှင့်မည့် အစီအစဉ်လည်း ဖြစ်သည်။

ညနေ ၄နာရီ ထျန်းနင်က စတူဒီယို ခန်းမဆောင်သို့ မို့ထင်ကို အဖော်ပြုကာ ရောက်ရှိလာခဲ့သည်။

စုန့်ယန်ရှု၏ စေ့စေ့စပ်စပ် တွေးတောပေးမှုကို ကျေးဇူးတင်ထိုက်သည်။ ထျန်းနင်က အပြာရင့်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ပြီး သူမ၏ဝမ်းဗိုက်လေးကို ဖဲပြားခါးစည်းလေးဖြင့် ချည်နှောင်ထားသည်။

သို့သော်လည်း ကုမ္ပဏီ၏ဘန့်ကားထဲမှ ထွက်ထွက်ချင်း ကြက်ဥကိုင်ဆောင်ထားသော လူတစ်စုက မီဒီယာသမားများကို ဘေးတွန်းကာ သူမကို ကြက်ဥဖြင့် လှမ်းပစ်သည်။

မို့ထင်က ထျန်းနင်ကို ချက်ချင်း ကာကွယ်ပေးပြီး တရားခံကို တားဆီးရန် နှင့် လူအုပ်စုကြီးကို ထိန်းချုပ်ရန် ဟန်အမူအရာ ပြသည်။

သက်တော်စောင့် လေးဦးက ချက်ချင်း အရှေ့ထွက်လာပြီး မိန်းမငယ်လေး ငါးယောက်ကို ထိန်းချုပ်ကာ မို့ထင်စီ ခေါ်ဆောင်လာခဲ့သည်။

"မင်းတို့တွေ ရူးနေလား"

"ငါတို့က သူ့ပရိသတ်ဟောင်းတွေပဲ။ ငါတို့ ဒုက္ခရောက်ခဲ့တုန်းက သူ ဘယ်ရောက်နေလဲ။ ထျန်းနင် ငါတို့တွေ ဘာအမှား လုပ်ခဲ့မိလို့လဲ"

"သူစိမ်းကတောင် ငါတို့ကို သနားရကောင်းမှန်း သိသေးတယ်။ နင်ကတော့ သွေးအေးရက်စက် လှချည်းလား"

လူအများစု ဝိုင်းအုံလာခဲ့သည်။
" ငတုံးငအတွေ"

"မင်းတို့အတွက် ဆေးရုံခ ပေးခဲ့တဲ့ သူစိမ်းက ဘယ်သူလဲဆိုတာ ဆေးရုံမှာ သွားစုံစမ်းလိုက်ဦး"
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို ကာကွယ်ပြီး ရုပ်သံဌာနသို့ ထျန်းနင်ကို ခေါ်ဆောင်သွားခဲ့သည်။

သက်တော်စောင့်များက မိန်းကလေးများကို ချက်ချင်း လွှတ်ပေးလိုက်သည်။ မို့ထင် ပြောခဲ့သည့် စကားက သူတို့ကို ဝေခွဲမရ ဖြစ်စေ၍ သူတို့ထဲမှ တစ်ဦးက  ဆေးရုံကို တန်းဖုန်းခေါ်ခဲ့ပြီး ဝန်ထမ်းကို မေးမြန်းသည်။

သို့သော်လည်း သူတို့လိုချင်သော အဖြေကို ဆေးရုံဝန်ထမ်း မဖြေခင် မို့ထင်၏သက်တော်စောင့် တစ်ဦးက လက်ပိုက်ဟန် အနေအထားဖြင့် စကားပြောလာသည်။
"ဘာတွေ စုံစမ်းနေဦးမှာလဲ။ မင်းတို့လို ဦးနှောက်မရှိတဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကို ခွင့်လွှတ်ပေးနိုင်တဲ့သူက ဒီလောကကြီးထဲ တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒီလူက ငါတို့မဒမ် ထျန်းနင်ပဲ။ မင်းတို့အားလုံးရဲ့ ဆေးရုံစရိတ်ကို သူ့အိတ်ထဲက ပိုက်ဆံနဲ့ စိုက်ပေးခဲ့တာနော်"

"ငါတော့ မင်းတို့ကိုယ်စား ရှက်မိတယ်"

ထျန်းနင်၏အမည်ကို ကြားရ၍  ကောင်မလေး အုပ်စု မှင်တက်သွားပြီး ကြောင်အမ်းအမ်း မတ်တတ် ရပ်နေခဲ့သည်။ သက်တော်စောင့် ပြောသည့် စကားကို ယုံကြည်ရမည်လော ဝေခွဲရ ခက်ခဲနေသည်။

"မင်းတို့ရဲ့ဦးနှောက်မရှိတဲ့ လုပ်ရပ်တိုင်းကို ငါတို့ မဒမ်က ဆယ်လီ ဖြစ်နေရုံနဲ့ တာဝန် ယူရမလား။ အခုကစပြီးတော့ သူ့အရှေ့ ထပ်ပေါ် မလာနဲ့တော့"

"မဒမ်က မင်းတို့အတွက် ဆေးရုံစရိတ်ပေးခဲ့တဲ့ အကြောင်း ဟိုက်ဟွေ့ဖျော်ဖြေရေးက တရားဝင် ကြေညာလိမ့်မယ်။ မင်းတို့မှာ အသိစိတ် နည်းနည်းလေး ရှိသေးရင် မင်းတို့အမှားကို ရှေ့ထွက် ဝန်ခံလိုက်လေ"

"ကျေးဇူးကန်းတဲ့ဟာတွေ"

မို့ထင်က သူ့သက်တော်စောင့်ကို စေ့စေ့စပ်စပ် ရွေးချယ်ခဲ့၍ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့က အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ချေပ ပြောဆိုတတ်သည်။

စူးစမ်းသူများက သက်တော်စောင့် ပြောသော စကားများကို ကြားကြားချင်း အခြေအနေကို သဘောပေါက်ခဲ့သည်။ ထျန်းနင်က ဆေးရုံတက်နေရသည့် ပရိသတ်များကို ဂရုမစိုက်ခဲ့၍ ယခုလို အုတ်အော်သောင်းနင်း အခြေအနေ ဖြစ်ခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် ဤသည်ကား ဆေးရုံဖြစ်ရပ် နောက်ကွယ်မှာ အမှန်တရားတည်း။

"အို့ မိုက်လှချည်းလား။ ထျန်းနင်က သူတို့ကို လုံးဝ ဂရုမစိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဆယ်လီတစ်ယောက်က သူ့ပရိသတ်အတွက် ဆေးရုံစရိတ် အကုန်ခံတယ်ဆိုတော့ မိုက်လှချည်းလား"

"အဲဒီငတုံး ပရိသတ်တွေမှာ ဦးနှောက် ရှိသေးရင် ငတုံးငအလို့ ဘယ်ခေါ်ပါ့မလဲ"

"သူတစ်ပါးရဲ့ ကြင်နာသနားမှုကို ကျေးဇူးကန်းရင်း တုံ့ပြန်တာပဲ"

ကောင်မလေးများက ဘေးပတ်ဝန်းကျင်၏ ဆွေးနွေးသံများကို နားစွင့်ပြီး သူတို့မျက်နှာ အနီရောင် ပြောင်းလဲလာခဲ့သည်။ သူတို့ကို ကြင်နာသနားခဲ့သည့် သူစိမ်းက ထျန်းနင် ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ကောင်မလေးများက စိတ်ဓာတ်ကျသော အမူအရာဖြင့် ရုပ်သံရုံမှ ထွက်ခွာသွားခဲ့သည်။

အပိုင်း(၄၈၂)
ပြီး၏။

Continue Reading

You'll Also Like

20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
932K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
3M 86.6K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...