ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၈၀)

91 13 0
By jellyflower1

အပိုင်း(၄၈၀)

ယူအက်စ်တွင် ထျန်းနင် ချေပခဲ့သော စကားစစ်ထိုးခြင်းကို လက်ခံသည့် သူမနှင့်အဆင့်အတန်း တူညီသူသော လူအများစု ရှိသော်လည်း နိုင်ငံခြားများ၏ အထင်မြင်သေးသော အပြုအမူကို လိုလိုလားလား လက်ခံပြီး အမေရိကန် ရုပ်ရှင်လောကတွင် ကျော်ကြားလာရန် အိပ်မက်မက်နေသည့် လူတချို့လည်း ရှိနေသေးသည်။

ထျန်းနင်၏ပြန်လည်ချေပသော နည်းလမ်းက သူတို့ကို ဈေးပေါစေ၍ ဒေါသထွက်ကာ အရှက်ရမိသည်။

ပရိသတ်တချို့က သူတို့နှင့် ထျန်းနင်ကို နှိုင်းယှဉ်လာမည်ကို ကြောက်လန့်နေသူ တချို့လည်း ရှိသည်‌။ ထို့ကြောင့် လေဆိပ်တွင် ဖြစ်ပျက်ခဲ့သော ပြဿနာကို အသုံးချပြီး ထျန်းနင်ကို ချောက်ချရန် ကြိုးစားကြသည်။

တစ်ကမ္ဘာ့လုံး အတိုင်းအတာဖြင့် မအောင်မြင်ချင်သည့် သရုပ်ဆောင်ရှိမည်လော။ အမေရိကန် နာမည်ကြီး ဒါရိုက်တာက ထျန်းနင်ကို အခွင့်အရေး ကမ်းလှမ်းလာလျှင် ဟိုက်ဟွေ့ဖျော်ဖြေရေးက လက်လွှတ်ခံမည်နည်း။

ထို့ကြောင့် ထျန်းနင်က နာမည်ကျော်အောင် စန်းစန်းတင့် သတင်း ဖန်တီးသည်ဟု ယူဆခဲ့ကြသည်။

ထိုစဉ်အခိုက်အတန့် ထျန်းနင်က USမှ မထွက်ခွာခင် အမေရိကန် ဒါရိုက်တာက ရင်းနှီးသော  မိတ်ဆွေမှ တဆင့် မို့ထင်ကို အမှန်တကယ် ဆက်သွယ်လာခဲ့သည်။

အာရှအမျိုးသမီးဇာတ်ဆောင်တွင် သရုပ်ဆောင်ရန် ‌ဒါရိုက်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။  ထျန်းနင် ဖန်တီးခဲ့သော အုတ်အော်သောင်နင်း အခြေအနေကြောင့် ဉာဏ်ပညာရှိသော ဒါရိုက်တာက အာရှသရုပ်ဆောင်များကို မြင်နေသော အမြင် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

ဒါရိုက်တာက အငြိုးအတေး မထား၍သာ အာရှသရုပ်ဆောင်များကို အခွင့်အရေး ပေးခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းနင်က သူမ၏ကိုယ်ရေးကိုယ်တာ ပြဿနာလေးကြောင့် ဒါရိုက်တာ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။
"အားနာပါတယ်။ ကျွန်မမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိသေးလို့ အဲဒီရုပ်ရှင်မှာ မပါဝင်နိုင်သေးပါဘူး။ အခုလို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်"

ဒါရိုက်တာက ထျန်းနင်ကို အခွင့်အရေး ပေးသော်လည်း ထျန်းနင်က ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းဆန်ခဲ့သည်။ ယခုလိုမျိုး အခွင့်အရေးကို စောင့်မျှော်နေသော တခြားသူများက ထျန်းနင်ကို မောက်မာသည့်ဟု ယူဆကြသည်။ ထို့ကြောင့် ထျန်းနင်ကို စက်ဆုပ်သော ခံစားချက်များ ပို၍ တိုးလာခဲ့သည်။

မို့ထင် နှင့် ထျန်းနင်တို့ ပေကျင်း ပြန်သောနေ့ဖြစ်သည်။ မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သိသွားပြီးနောက် သူတို့စိုးရိမ်မှုကို အများသိိအောင် ချက်ချင်း ထုတ်ဖော်သည်။ သို့သော်လည်း ထျန်းနင်၏ဘေးကင်းလုံခြုံမှုကို ဦးစားပေးရ၍ အများပြည်သူထွက်သော ထွက်ပေါက်မှ မထွက်ခဲ့ပေ။

ဤတစ်ကြိမ်တွင် ထျန်းနင်က သူမ၏သရုပ်ဆောင် အလုပ်တွင် ထိပ်တန်းကို ရောက်ရှိသွားခဲ့ပြီး ပြည်တွင်းပြည်ပ ရုပ်ရှင်လောက နှစ်ခုလုံးတွင် နာမည်ကျော်ခဲ့သည်။ သို့သော်လည်း တခြားသူအားလုံးကို ကျော်ကြားမှုကို အများကြီး ခိုးယူခဲ့၍ လူအများစု၏ ဘဝတက်လမ်းကို ပိတ်ပင်သကဲသို့ ဖြစ်နေသည်။

တကယ်တမ်း တခြားသောအေဂျင်စီမှ အနုပညာရှင်များက သူမကို ဆန့်ကျင်ရန် လူစုနေသည်။

"ဒီတစ်ခေါက်တော့ ထျန်းနင်က ငါတို့ကို အရှိုက်ထိစေတယ်။ ငါတို့အပါအဝင် တခြားအနုပညာရှင်အများကြီးကိုလည်း ထိခိုက်စေခဲ့တယ်"

"သူ လူများများ စော်ကားလေ ငါတို့ပိုပျော်သင့်တယ် မဟုတ်ဘူးလား။ သူက မော်ဒယ်ဘဝတည်းက လူတိုင်းကို မထီမဲ့မြင်ပြုခဲ့တာလေ။ သရုပ်ဆောင်မင်းသမီး ဖြစ်သွားတော့လည်း ဘာများ ထူးခြားလို့လဲ ဘဝလေဟပ်နေတာပဲ။ သူ့ကို မြင်ရတွေ့ရတာက အစားအသောက်ပျက်တယ်"

"ဖျော်ဖြေရေးလောကမှာ ထျန်းနင်ကို အလဲထိုးဖို့ တီတိုးနေကြတယ်။ ထျန်းနင်ကို လဲဖြိုနိုင်တဲ့သူ ရှာတွေ့လို့ကတော့ သူ့ကို ငါတို့တွေ အသုံးချသင့်တယ်။ သူ့ကို ဆန့်ကျင်လို့ ငါတို့အတွက် အကျိုးထူးမယ် ဆိုရင်တော့ ငါတို့တွေ ဘာများစောင့်နေဦးမလဲ"

"ထားလိုက်ပါတော့ဟာ ဦးနှောက်ထဲ ထည့်မနေပါနဲ့။ မင်းတို့က ဟိုက်ဟွေ့ဖျော်ဖြေရေးကို တကယ်ရော ဆန့်ကျင်ရဲလို့လား။ ပြီးတော့ အခုကိစ္စကို ဟိုက်ဟွေ့က မသိဘဲ နေပါ့မလား။ ငါတို့ မကောင်းကြံစည် နေတာကို ပထမဆုံး သိမယ်သူက မို့ထင်ပဲ"

"အဲတော့ ဘာဖြစ်လဲ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက တခြားအေဂျင်စီကို ဒီလိုပဲ အလွယ်တကူ နိုင်စားခဲ့တာလေ။အကယ်၍ သူတို့ အေဂျင်စီ အများကြီးကို ပြိုင်တူ ရင်ဆိုင်ရရင် သူတို့ ဘာတတ်နိုင်ဦးမှာလဲ။ လူတိုင်း ပူးပေါင်း ကြိုးစားရင် မနိုင်ဘဲ နေပါ့မလား"

သီးသန့် အဆင့်တန်းမြင့်ကလပ်တစ်ခုအတွင်း နာမည်ကျော် သရုပ်ဆောင်တချို့က ထျန်းနင်အကြောင်း တိုင်ပင်နေကြသည်။

"ငါတော့ ဒီကိစ္စမှာ မပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။ နင်တို့ဘာသာ လုပ်ချင်ရာလုပ် ငါကတော့ ပွဲထိုင်ကြည့်ရုံပဲ"
ဆံပင်ခပ်မြင့်မြင့် စီးထားသော  အမျိုးသမီးက သူ့ဆုံးဖြတ်ကို ပွင့်ပွင့်လင်းလင်း ပြောသည်။

"ဟွန့် နင် စောင့်ကြည့်နေလိုက်။ ထျန်းနင်ကို မကျေနပ်ပေမဲ့ စိတ်ထဲ ကျိတ်မှိတ် သည်းခံနေတဲ့ လူတွေမှ အများကြီးပဲ။ ဒီတစ်ခေါက်တော့ ငါတို့တွေ သူ့ကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးရမယ်"

"ဘယ်သူက အဲဒီလောက်အထိ သတ္တိရှိလို့လဲ။ နင်တို့ အစီအစဉ် ဆွဲပြီးပြီလား"

သူတို့သုံးဦးက အနီရောင် ဝိုင်ကို သောက်ကာ ကောက်ကျစ်ဟန် ပြုံးသည်။

"တစ်စုံတစ်ယောက်က ထျန်းနင်ရဲ့  ယူအက်စသွားတဲ့ သတင်းကို ရခဲ့တယ်။ ဖျော်ဖြေရေးလောကကြီးက  သတင်းဖြန့်လွယ်တယ်ဆိုတာ ငါတို့ မမေ့သင့်ဘူး"

...

လုံကျဲက သတင်းစုဆောင်းခြင်းတွင် အတော်ဆုံးဖြစ်သည်။ ထို့ကြောင့် ထျန်းနင်ကို မကောင်းကြံစည်ရန် ကြိုးစားနေခြင်းကို သူငယ်ချင်းမှ တဆင့် လုကျဲက လုချယ်ထင်ပင် စောလျင်စွာ သိခဲ့သည်။ ထို့ကြောင့် သူမက ချက်ချင်း  Hyatt Regencyသို့ အပြေးတစ်ပိုင်းဖြင့် သွားသည်။

လုံကျဲက ထျန်းနင် ကိုယ်ဝန်ဆောင်နေရသည့် သတင်းကို မသိသေး၍ ထျန်းနင်က မသိစိတ်၏လှုံ့ဆော်မှုအရ သူ့ဗိုက်လေးကို မသိမသာ ဖုံးကွယ်မိသည်။ သူမ ကိုယ်ဝန်ဆောင်နေရသည့် သတင်းက လုံကျဲကို စိတ်ထိခိုက်စေမည့်ကို စိုးထိတ််မိသည်။

"ထျန်းနင်၊ ဒီတစ်ခေါက် ဘယ်လိုဖြစ်ရတာလဲ"
ထျန်းနင်က အမြဲတမ်း သိုသိုဝှက်ဝှက် နေထိုင်တတ်၍ လူအများ ဒေါသထွက်အောင် ပြုမူနေထိုင်စရာ အကြောင်းအရင်း မရှိကြောင်း လုံကျဲ ခံစားမိသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ထျန်းနင်က သူမနှင့် အဆင့်တန်းတူ လုပ်ဖော်ကိုင်ဖက်များကြား အငြိုးအတေးထားစေသည့် အပြုအမူမျိုး လုပ်ဆောင်ခဲ့သည်။

"နင့်ကို ဒုက္ခပေးဖို့ လူစုနေပြီဆိုတာ နင် သိရဲ့လား"

"သူတို့က ဘာလုပ်ချင်တာလဲ"
ထျန်းနင်က ဆိုဖာပေါ်မှာ ထိုင်ကာ တည်တည်ငြိမ်ငြိမ် မေးမြန်းသည်။

"နောက်နှစ်ရက်ကြာရင် အရေးကြီးတဲ့ ပွဲတစ်ပွဲတက်ရမယ်မလား။ အဲဒီနေ့မှ တစ်စုံတစ်ယောက်က နင်နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ဖော်ထုတ်မယ်လို့ စီစဉ်ထားတယ်။ ဘာအကြောင်းတွေလဲဆိုတာတော့ ငါ မသိရသေးဘူး"

"ဒီလိုဆိုရင်လည်း ငါတို့လည်း အလိုက်သင့်လေး နေရုံပေါ့"
ထျန်းနင်၏မျက်ဝန်းအကြည့်တွင် ကြောက်လန့်စိတ် အနည်းငယ်မျှ မမြင်တွေ့ရပေ။

"နင့်ကို နားမလည်နိုင်တော့ဘူး"
ထျန်းနင်၏အကြံအစည်ကို လုံကျဲ တွေးတောမရပေ။

ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်က သူ့လက်ထဲမှ မဂ္ဂဇင်းကို အောက်ချထားလိုက်ပြီး လုံကျဲကို လေးလေးနက်နက် ကြည့်ရှုသည်။
"ငါ နင့်ကို ပြောစရာ ကိစ္စတစ်ခု ရှိတယ်"

"ဟမ်"
လုံကျဲက မယုံသင်္ကာဟန် မျက်ခုံးပင့်လိုက်သည်။

"တကယ်တော့ နင်ကို ပြောပြချင်ခဲ့တာ ကြာပါပြီ။ ငါ ကိုယ်ဝန်သုံးလ ရှိနေပြီ"
ထျန်းနင်က လုံကျဲ၏တုံ့ပြန်မှုကို အကဲခတ်ကာ အရိုးသားဆုံး ဝန်ခံသည်။ မျှော်လင့်ထားသည့် အတိုင်း လုံကျဲ အံ့ဩသွားသော်လည်း ထျန်းနင်၏ဝမ်းဗိုက်လေးကို ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

"ဒါဆိုရင် မကြာခင် ငါက ခေါင်းကိုင် အမေ ဖြစ်တော့မယ် ဆိုတဲ့ သဘောပေါ့"
လုံကျဲ ပြုံးသည်။
"ဒါက သတင်းထူးပဲလေ။ ဘာလို့ ငါ့ကို ဖုံးကွယ်ထားသလဲ"

ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ လုံကျဲကို ကြည့်နေသည်။

လုံကျဲက ထျန်းနင်၏အတွေးကို သိနေ၍ ပြုံးလိုက်သည်။
"နင် မပြောရုံနဲ့ ငါ မသိတော့ဘူးလို့ တွေးနေသလား။ စိတ်မပူနဲ့ ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့လေ နင့်ကို ကိုယ်ဝန်မဆောင်နိုင်ဘူးလို့ တခြားသူတွေ ပြောနေတုန်းက ငါ မယုံကြည်ခဲ့ပါဘူး။ အဲလို ပြောခဲ့တဲ့သူတွေရဲ့ မျက်နှာကို ဝက်မျက်နှာ ဖြစ်သွားတဲ့အထိ ပါးရိုက်ပစ်ချင်တယ်"

"ဒီသတင်းကို လူတိုင်း သိအောင် ကြေညာဖို့ ဆုံးဖြတ်လိုက်ပြီ"
ထျန်းနင်က တည်ငြိမ်စွာ ပြောသည်။
"talk showမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့လည်း ဆုံးဖြတ်ထားတယ်"

လုံကျဲက ထျန်းနင်၏လက်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်သည်။
"နင်က အရင်ကထျန်းနင်နဲ့ မတူတော့ဘူး။ နင် တစ်ခုခုလိုချင်ရင်  ကြိုးစားရှာဖွေသင့်သလို နင် တစ်ခုခုကို လိုချင်ရင်လည်း ဘာကိုမှ ဂရုစိုက်မနေနဲ့ ပိုင်ဆိုင်နိုင်အောင် ကြိုးစား"

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် လုံကျဲ"

"ဘာတွေ ပြောနေတာလဲ ငါတို့ကြားမှာ ဒီလိုကျေးဇူးတင်စကားတွေ မလိုအပ်ပါဘူး"
လုံကျဲက ထျန်းနင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး လွှတ်ပေးလိုက်သည်။
" နင့်ရဲ့ကလေးကို မြင်ချင်လှပြီ။ သူဌေးနဲ့ နင်ရဲ့ မျိုးရိုးဗီဇကို ယူထားတော့ ကလေးက သာမန်ထက် ထူးကဲမှာတော့ သေချာတယ်"

ထျန်းနင်က ချင့်ချိန်စဉ်းစားလျက် သူမ၏ဗိုက်ကို ငုံ့ကြည့်သည်။

ထို့နောက် လုံကျဲက Hyatt Regency မှ ထွက်ခွာကာ သူမ၏ကားရှိရာသို့ ဦးတည်လာခဲ့သည်။ သို့သော်လည်း ကားထဲ ဝင်ရောက်သွားသည့်နှင့် မျက်ရည်များက အထိန်းအချုပ် ကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။ သူမက ဝမ်းနည်းပူဆွေးစွာဖြင့် ဗိုက်လေးကို ငုံ့ကြည့်ကာ ငိုကြွေးနေမိသည်။

သူမလည်း ကလေးလိုချင်သည်။

သူမ တကယ် ကလေးလိုချင်သည်။

အပိုင်း(၄၈၀)
ပြီး၏။

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...