သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၁၈)

5.1K 304 5
By Say_YaRr7


မနက်လင်းလာလို့မျက်စိဖွင့်မိတော့ ခေါင်းတစ်ခုလုံးလေးလံထိုင်းမှိုင်းနေ၏။ညကအကြောင်းများကို ပြန်တွေးမိတော့ နှလုံးသားကနာကျင်လာရ၏။ပြန်နိုးမလာစေဖို့ဆုတောင်းခဲ့ပေမဲ့ဆုတောင်းဟာပြည့်မလာခဲ့ပါ။

မနက်ဖြန်ကျကွာရှင်းမယ်ဆိုပြီးသခင့်ကို‌မနေ့
ကပြောခဲ့ပေမဲ့ တကယ်တမ်းလက်တွေ့မှာကျ အပြီးအပြတ်ဝေးသွားရမဲ့လမ်းမို့ မဝံ့ရဲမိပြန်ပါ။သခင့်ကိုချစ်‌ပေမဲ့သခင့်အနားမှာနေရမှာကိုကြောက်လာသည်။သခင့်ကိုတွယ်ကပ်နေချင်သေးပေမဲ့ တွယ်ကပ်လို့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာမှန်းလည်းသိခဲ့ရသည်။

သခင်သာကြယ်လေးတစ်ပွင့်ဆိုရင် ကိုယ့်ကမ္ဘာမှာဘယ်တော့မှမကြွေတော့မဲ့ကြယ်။

သခင်သာ တိမ်စိုင်လေးတစ်ခုဆို ဘယ်တော့မှ ဖမ်းဆုပ်မရနိုင်မဲ့ အခိုးအငွေ့လေးတစ်ခုသာ။

သခင်သာပန်းလေးတစ်ပွင့်ဆို ဘယ်တော့မမှမမီနိုင်တဲ့ပန်းလေးတစ်ပွင့်သာဖြစ်ခဲ့မယ်မဟုတ်လား။

သခင်သာ နွေဦးရာသီလေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်အတွက်ဘယ်တော့မှအ‌နွေးဓာတ်မပေးနိုင်တဲ့နွေဦးလေးပဲ။

သခင်ဟာထိုကဲ့သို့‌သောဖြစ်တည်မှုတွေနဲ့ကိုယ့်ဆီကိုဘယ်တော့မှ ရောက်မလာတော့မဲ့ သက်ရှိကလေးတစ်ခုပါပဲ။

ဒါပေမဲ့ ပေါ့။ချစ်ရပါတယ်သခင်။ထာဝရပေါ့။

***

"ဖေဖေ"

"သမီးလေးရောက်နေတယ်ဆိုပြီးဖုန်းဆက်လို့ဖေဖေပြန်လာတာ"

ဖေဖေကသူ့လက်ဆွဲအိတ်ကလေးကိုချရင်း လင်းနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။

"အလုပ်ဆင်းချိန်မှပြန်လာလည်းရပါတယ်ဖေဖေရယ်"

"အလုပ်ကသိပ်ပြီးအရေးမကြီးပါဘူးသမီးရယ်...ကဲ သမီးလေးကဖေဖေ့ဆီလာတာ အကြောင်းရှိလို့လား"

"ဖေဖေ မမဇွန်ကို တမင်လွှတ်ထားမှန်းလင်းသိပြီးသားပါဖေဖေ"

"ဟေ"

ဖေဖေကအံ့ဩသွားတာနဲ့တူပါရဲ့။တကယ်တော့ လင်းလည်းသိတာသိပ်မကြာသေးပါ။အဲ့ဒီနေ့က မမဇွန် ဖုန်းပြောနေတာကိုမထင်မှတ်ဘဲကြားခဲ့လို့သာ မမဇွန်ဟာဖေဖေ့လူမှန်းသိခဲ့ရတာပါ။အဲ့ဒါကြောင့်လည်း မမဇွန်ဟာ သခင့်ကိုအမြင်မကြည်ဖြစ်ခဲ့ဟန်တူပါသည်။ပြီးတော့ ဖေဖေပြောခဲ့တဲ့ သခင်နဲ့ကွာရှင်းမလားဆိုတဲ့ စကားဟာ လင်းနဲ့သခင်ရဲ့အခြေအနေကိုမမဇွန်ထံမှသိခဲ့လို့သာဖေဖေကပြောခဲ့ခြင်းဖြစ်မည်ထင်၏။

"သမီးသိနေခဲ့တာလား"

"မကြာသေးပါဘူးဖေဖေ.. မမဇွန် ဖေဖေနဲ့ဖုန်းပြောနေတာကိုမထင်မှတ်ဘဲကြားခဲ့တာပါ"

"အခုလာတာက သမီးလေးကအဲ့ဒီကိစ္စလာပြောတာလား"

"မဟုတ်ပါဘူးဖေဖေ...လင်း သခင်နဲ့ကွာရှင်းချင်လို့ပါ"

"သမီးလေးကလွန်းလေးကိုသည်းမခံနိုင်တော့ဘူးလား"

"မဟုတ်ပါဘူးဖေဖေ..သခင့်ကို သည်းခံနိုင်ပါတယ်..ဒါပေမဲ့ သခင်ကိုစိတ်မဆင်းရဲစေချင်တော့ဘူး...သခင်က လင်းနဲ့အတူ‌နေရတာ သခင့်အတွက် အရမ်းကိုစိတ်ဆင်းရဲစေတယ်ဖေဖေ...ပြီးတော့ လင်းလည်းမပျော်ရဘူး...သခင့်ကိုပိုင်ဆိုင်လိုက်ရလို့ လင်းမပျော်ရဘူးဖေဖေရယ်...မဟုတ်ဘူး...သခင့်ကို ဘယ်တုန်းကမှမပိုင်ခဲ့တာပါဖေဖေ...ဒါကြောင့် သခင့်ကိုစွန့်လွှတ်လိုက်တော့မယ်..သခင့်နားမှာဆက်နေရင် သခင့်အမုန်းတွေကိုပဲရနေတော့မှာ...သခင့်အမုန်းတွေကိုမလိုချင်ဘူးဖေဖေ"

ငိုနေတဲ့သမီးဖြစ်သူကိုကြည့်ရင်း ဦးသိန်းထွဋ်ရင်ထဲမကောင်းဖြစ်နေရ၏။သမီးဖြစ်သူပျော်ရွှင်မယ်ထင်လို့လုပ်ခဲ့တဲ့လမ်းဟာ အမှားတစ်ခုဖြစ်ကြောင်း အချိန်လွန်မှသိခဲ့ရသည်။

"မငိုပါနဲ့သမီးလေးရယ်..ဖေဖေမှားခဲ့တာပါ...တကယ်ဆို အစကတည်းက သမီးလေးကို လွန်းလေးနဲ့ လက်ထပ်မပေးခဲ့သင့်ဘူး"

"ဖေဖေနဲ့မဆိုင်ပါဘူးဖေဖေရယ်..လင်းကိုယ်တိုင် သခင့်ကိုလိုလိုလားလားနဲ့လက်ထပ်ချင်ခဲ့တာပါ"

"သမီးလေးကလွန်းလေးကို မေတ္တာရှိနေတယ်ဆိုတာ အဲ့ဒီအချိန်တွေကတည်းကဖေဖေမြင်နေခဲ့လို့ မိဘတွေတော်တော်များများလက်မခံနိုင်တဲ့ကိစ္စကို ဖေဖေ့ဘက်ကစီစဉ်ခဲ့တာပါသမီးရယ်...ပြောရရင်တော့ သာမန်မဟုတ်တဲ့
အိမ်ထောင်ရေးတစ်ခုကို ဖေဖေစီစဉ်ခဲ့တာပါ...ဒါပေမဲ့ သမီးကိုအခုလိုနာကျင်စေမယ်မှန်းသိရင်ဖေဖေမလုပ်ခဲ့ပါဘူး..သမီးလေးပျော်ရမယ်ထင်လို့သာ.."

"ဖေဖေ့အပြစ်ဟုတ်ပါဘူး...လင်းကိုယ်တိုင် တစ်ပါးသူရဲ့စိတ်ဆန္ဒကိုဆန့်ကျင်ပြီးတစ်ကိုယ်ကောင်းဆန်ခဲ့မိလို့ ဝဋ်လည်တာပါဖေဖေ..ဒါကြောင့်မို့ တကယ်အပြစ်ရှိသူဟာ လင်းပါ"

ဖေဖေရဲ့နောင်တရနေတဲ့ လေသံနဲ့မျက်ရည်တွေကို ထပ်မံမမြင်ချင်တော့၍စကားကို ဖြတ်ပြီးပြောလိုက်ခြင်းဖြစ်ပါသည်။တကယ်လည်းဖေဖေ့မှာဘာအပြစ်မှမရှိခဲ့တာပါ။ကိုယ်နဲ့ တန်မှန်းမသိမတန်မှန်းမသိဘဲ အလိုက်မသိ ပိုင်ဆိုင်ချင်ခဲ့တဲ့ တစ်ကိုယ်ကောင်းစိတ်ကိုသာအပြစ်တင်ရမည်။

"သမီးလေးကိုဖေဖေ ဘာလုပ်ပေးရမလဲ"

"လင်းနဲ့ သခင်နဲ့ကလက်ထပ်စာချုပ်တစ်ခုပေါ်မှာ လက်မှတ်ကလေးထိုးထားရုံလေးပါဖေဖေ...တရားလည်းမဝင်သလို...နှစ်ဖက်မိဘတွေနဲ့ ကာယကံရှင်တွေကလွှဲလို့ ဘယ်သူမှမသိတဲ့ကိစ္စမို့ လင်းနဲ့သခင်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့အကြောင်းကို နှစ်ဖက်မိဘတွေသိစေချင်ရုံလေးပါ..ဒါကြောင့်မို့ သခင့်ဖေဖေကိုခေါ်ခဲ့ပြီး ဖေဖေတို့ရှေ့မှာပဲ ဒီပတ်သက်မှုကိုအဆုံးသတ်ချင်ပါတယ်...ဖေဖေ သခင့်ဖေဖေကိုခေါ်ပြီး အိမ်ကိုလိုက်လာပေးပါဖေဖေ"

"ဒီလိုလုပ်လိုက်ရင် သမီးလေးတကယ်ပျော်ရွှင်ရမှာလား"

"ပျော်ရွှင်ရဖို့ဖြစ်လာနိုင်ပါတယ်ဖေဖေ"

မပျော်နိုင်တာကိုတော့ လင်းသာအသိဆုံးဖြစ်မည်။သခင့်ကိုအပြီးတိုင်စွန့်လွှတ်ရတာလောက် ဝမ်းနည်းဖို့ကောင်းတာမရှိနိုင်တော့ပါဘူးလေ။

"သမီးလေး ဖြစ်ချင်သလိုဖေဖေစီစဉ်ပေးမှာပါ...လွန်းလေ အိမ်မှာရှိလားသမီး ဖေဖေတို့အခုလိုက်ခဲ့ရမလား"

"သခင်က ညနေမှ အိမ်ပြန်ရောက်မှာဖေဖေ"

"ဒါဆို ညနေမှဖေဖေနဲ့အတူတူ ပြန်ရအောင်လေ လွန်းလေးဖေဖေကိုလည်း တစ်ခါတည်းခေါ်ခဲ့လိုက်ရအောင်"

"ဟုတ်ဖေဖေ..ဪ..ဖေဖေ..သခင့်ကိုဘာမှအပြစ်မပြောပါနဲ့နော်"

"ဖေဖေသိပါတယ်သမီးရယ်..လွန်း‌လေး
ကို‌ဖေဖေဘာမှအပြစ်မပြောပါဘူး"

"ဟုတ်"

"သမီးလေးနားချင်နားလေ...ဖေဖေ ဟိုဘက်အိမ်ကိုခဏသွားလိုက်ဦးမယ်နော်"

ဟိုဘက်အိမ်ဆိုတာ သခင်တို့အိမ်ကိုဆိုလိုပါသည်။သခင့်ဖေဖေနဲ့စကား သွားပြောတော့မယ်ထင်ပါရဲ့။

***

ဒီအိမ်ကိုရောက်ဖြစ်သော်လည်း ခပ်ကြာကြာမနေဖြစ်တာများသည်။

အခုတော့ရောက်တုန်းလေး ခြံထဲကိုဆင်းကာ ပန်းပေါင်းစုံကို လိုက်ကြည့်မိ၏။ဒီပန်းတွေကိုတော့ လင်းစိုက်ပျိုးထားခြင်းမဟုတ်ခဲ့ပါ။
သခင်နဲ့အတူနေတဲ့အိမ်လေးမှာပဲသခင့်အတွက်သာပထမဆုံးပန်းတွေကိုစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ပန်းပေါင်းစုံရဲ့ရနံ့တွေကိုတဝရှူရှိုက်လိုက်သည်။သို့သော် စိတ်ထဲတော့ ပေါ့မသွားချေ။

သခင်နဲ့ကွာရှင်းပြီးတဲ့အခါကျရင်လည်း ဟိုအိမ်လေးမှာပဲ ဆက်နေဖြစ်မည်။သခင့်အငွေ့အသက်တွေရှိနေတဲ့အိမ်လေးရယ်၊
သခင့်အခန်းလေးရယ်၊သခင့်အတွက်စိုက်ပျိုးထားတဲ့ပန်းပင်လေးတွေရယ်ကို ဘယ်စိတ်နဲ့မှခွဲမသွားနိုင်ပါ။သခင်မရှိတော့ပေမဲ့ သခင်နဲ့အတူရှိခဲ့တဲ့ အိမ်ကလေးမှာ
သခင့်ကိုလွမ်းဆွတ်နေပါရစေသခင်ရယ်။

***

"ဖေဖေက ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

ဖေဖေရယ်၊လင်းရယ်၊သခင့်ဖေဖေရယ် အိမ်ထဲအတူဝင်လာတာကို သခင်ကနားမလည်ဟန်ရှိသည်။

လင်းလည်းသခင်ပြန်ရောက်မဲ့အချိန်ကိုမှန်းပြီးပြန်လာခဲ့တာဖြစ်သည်။

"ကျွန်မခေါ်လိုက်တာပါသခင်"

"ဘာကိစ္စရှိလို့လဲ"

လူကြီးတွေကထိုင်ခုံတွေမှာဝင်ထိုင်တော့ သခင်လည်းသူနေရာမှသူပြန်ထိုင်သည်။ ကိုယ်လည်း သခင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။

"မနေ့က သခင့်ကိုပြောထားတဲ့ကိစ္စပါ...အဲ့ဒီအတွက်လူကြီးတွေကိုခေါ်လိုက်တာပါ"

သခင်အံ့ဩသွားဟန်ရှိသည်။ဘာများလဲ။သခင်က ကိုယ့်ဘက်ကအပို‌ပြောခဲ့
တယ်လို့ထင်ထားခဲ့တာလား။

တကယ်ပါ သခင်ရယ်။ဒီတစ်ခါ သခင်ပျော်ရတော့မှာပါ။

သို့ပေမဲ့ သခင့်မျက်နှာဟာပျော်ရွှင်တဲ့ဘက်ကိုမသွားဘဲ ဒေါသဘက်ကိုသွားနေသည်။

"ပထမဆုံးအ‌ေနနဲ့ဦးကပဲလွန်းလေးကိုတောင်းပန်ချင်ပါတယ်...သမီးလေးနဲ့အတင်းအကြပ်လက်ထပ်ပေးမိတဲ့အတွက်ပါ...အခုတော့ဦးလည်းနောင်တရနေပါပြီသမီးရယ်...ဦးရဲ့သမီးလေးကိုလွန်းလေးအနားမှာရှိနေရင်ပျော်ရွှင်ရမယ်အထင်နဲ့ လုပ်ခဲ့မိတာပါ..အခုမှသိလိုက်တာက သမီးလေးကလွန်းလေးအနားမှာရှိလည်းမပျော်ရဘူးဆိုတာပါပဲ...ဒါကြောင့်မို့ဦးသမီးကို ဦးပြန်ခေါ်ပါတော့မယ်...သမီးလည်းသမီးစိတ်ကြိုက်နေနိုင်ပါပြီ..ကြားထဲမှာ ဦးဘက်ကအမှားလုပ်ခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်"

သခင်နားမလည်စွာ သူ့ကိုကြည့်လိုက်သည်။သူလည်းသခင့်ကိုပြန်ကြည့်နေသည်။သူ့အကြည်တွေသာ အရင်နဲ့မတူစွာနဲ့ အသက်မပါသလိုဖြစ်နေတာကိုအလိုလိုခံစားမိနေသည် ။

ဘာစကားမှဝင်မပြောသေးတဲ့သခင်ဖေဖေ့ကိုကြည့်လိုက်တော့ ဖေဖေက ဟိုသားအဖကိုအားနာနေဟန်ရှိသည်။

"ဒါက ကွာရှင်းစာချုပ်ပါသခင်...ကျွန်မဘက်ကလက်မှတ်ထိုးပြီးပါပြီ...သခင့်လက်မှတ်ပဲလိုပါတော့တယ်..ဒါတွေဟာ အရေးမပါမှန်းသိပေမဲ့ လူကြီးတွေရှေ့မှာပဲလက်ထပ်စာချုပ်ကိုလက်မှတ်ထိုးခဲ့ကြတာမို့  အခုလည်းလူကြီးတွေရှေ့မှာပဲ ကွာရှင်းချင်ပါတယ်"

သခင့်ရှေ့ကိုထိုးပေးလာတဲ့စာရွက်ကိုကြည့်လိုက်တော့ တကယ်ပဲကွာရှင်းစာချုပ်ဖြစ်နေသည်။ပြီးတော့ သူ့လက်မှတ်လည်းထိုးထားပြီးဖြစ်သည်။

တကယ်ဆို သခင် လွတ်မြောက်တော့မှာမဟုတ်လား။ဘာကြောင့်ပျော်မနေရတာလဲ။
သေချာတာကတော့ ဒီမေးခွန်းအတွက်‌ေလာ‌ေလာဆယ်အဖြေမရှာနိုင်သေးပါ။

သခင့်ရင်ထဲမှာရှိနေတဲ့တစ်ခုတည်းသောအချက်ဟာ သူ့ကိုမုန်းတယ်ဆိုတာပဲ။ပြီးတော့ နာကျင်စေချင်သည်။ဒါကြောင့်မို့ ဒီလောက်လေး စိတ်ဒုက္ခပေးရတာနဲ့ မကျေနပ်နိုင်သေးပါ။

"ဦးလေးနဲ့ဖေဖေ..သူ့ကိုအပြင်ဘက်ခဏခေါ်သွားခွင့်ပြုပါ"

"မင်းငါနဲ့အပြင်မှာထွက်စကားပြောရအောင်"

ဘာမှန်းမသိပေမဲ့ သခင်နဲ့အတူလိုက်လာခဲ့လိုက်ပါသည်။နောက်ဆို သခင်နဲ့စကားပြောဖို့ပင်မဖြစ်နိုင်တော့ဘူးလေ။

"သခင်"

" လင်းရောင်းစဉ်နွယ်"

သခင့်ဆီက အရင်လို အလင်း လို့ခေါ်သံလေးတောင်မကြားရတော့တာကြာခဲ့ပြီ။နောက်လည်းမကြားရနိုင်တော့ပါဘူး။ဒီလိုတွေဖြစ်အောင် ကိုယ်ပဲလုပ်ခဲ့မိတာပါ။

"မင်းကိုကွာမပေးနိုင်ဘူး"

"ဘာလို့လဲသခင်ရယ်..သခင်ပျော်နေရမှာမဟုတ်လား"

"မင်းကိုကောင်းကောင်းစိတ်ဒုက္ခပေးရမှ ငါကပျော်မှာလေ. ဒါကြောင့်မို့ငါမပျော်သေးဘူး"

"သခင်လက်မခံလည်း ကျွန်မတို့လက်ထပ်ထားတာဟာ တရားမဝင်တာမို့ သခင်အနေနဲ့ဘာမှလုပ်မရဘူးနော်"

သခင့်စိတ်‌ေတွကို ဒီထက်ပိုပြီးအရိုင်းမဆန်စေလိုတဲ့ရည်ရွယ်ချက်နဲ့ပါသခင်ရယ်။လင်းအနားမှာသခင်ရှိနေရင် သခင့်စိတ်ထဲ ပူလောင်ခြင်းနဲ့ အမုန်းတွေသာ ရှိနေခဲ့မယ်မဟုတ်လား။သခင့်ကိုမပူလောင်စေချင်ဘူး။

"မင်းဒီလိုလုပ်လို့ရမတဲ့လား...လက်ထပ်တုန်းကလည်းငါ့ဆန္ဒမပါဘဲ လုပ်ခဲ့ကြတာလေ..အခုကွာရှင်းတော့လည်းငါ့ဆန္ဒမပါဘဲ လုပ်ကြဦးမလို့လား..ဘယ်မလဲ ငါ့အတွက်မျှတမှု"

"သခင်"

"ငါပြောသလိုပဲ မင်းလုပ်ရမယ်...ဒါငါ့အတွက် တန်ရာတန်ကြေးပဲ...မင်းလက်ခံရမယ်"

"သခင်ပျော်မှာသေချာလား"

"သေချာပေါက်ပေါ့..ငါအငြိုးတွေအတွက် မင်းခံစားရဦးမှာလေ"

သခင့်ရဲ့မဲ့ပြုံးတစ်ချက်က ရင်ကိုအခါခါနင့်စေပါတယ်သခင်ရယ်။

"ကောင်းပြီ..ဒီတစ်ကြိမ် သခင့်ဘက်ကလက်မခံခဲ့တဲ့အတွက် ..နောက်တစ်ကြိမ် သခင့်ကို မစွန့်လွှတ်နိုင်တော့ဘူးနော်"

"မင်းမှာရွေးချယ်ခွင့်ရှိမနေဘူးနော်...ငါ့စိတ်ကြိုက်ငါလုပ်မယ်..ငါအလိုမရှိတော့ရင် မင်းကိုသေချာပေါက်ကွာရှင်းမှာပေါ့...ငါ့အနားမှာထားစရာလား"

"ကောင်းပါပြီ..သခင်ပြောသလို လုပ်ပါ့မယ်"

သခင်ကကိုယ့်ရှေ့ကအရင်ဝင်သွားသည်။
သခင့်နောက်မှသာ လင်းလိုက်လာခဲ့၏။

"ဖေဖေ..လင်း မကွာရှင်းတော့ဘူး"

"သမီး"

ဖေဖေ့ရဲ့ စိုးရိမ်‌ေနတဲ့လေသံကို သဘောပေါက်ပါသည်။ပြီး‌ေတာ့စိုးရိမ်‌ေနတဲ့မျက်ဝန်း‌ေတွ။သို့ပေမဲ့ အငြိုးအတေးကြီးတဲ့ သခင့်ကိုသာ ပျော်ခွင့်ပေးလိုက်တော့မည်။သခင့်ရဲ့ အငြိုးတွေပြေဖို့ ဖေဖေ့ရဲ့စိုးရိမ်ပူပန်မှုတွေကိုလျစ်လျူရှုပစ်လိုက်ရတော့မည်။

"ဦး‌ေလးသမီးနဲ့လက်ထပ်ပေးခဲ့တုန်းက ကျွန်မဆန္ဒမပါခဲ့တာမို့ အခုကွာရှင်းမယ်ဆိုတော့ ကျွန်မ ဆန္ဒကိုစားပေးပါဦးလေး..ကွာရှင်းမဲ့ကိစ္စ ကျွန်မဘက်က သဘောမတူတာမို့ ဒီစာချုပ်မှာလည်းလက်မှတ်မထိုးနိုင်ပါဘူး"

"သမီး"

"ဖေဖေပဲ နောက်ဆို သမီးဆန္ဒကို ဦးစားပေးပါမယ်ဆို...ဒီတစ်ခါတော့ သမီးကို လုပ်ချင်တာလုပ်ခွင့်ပေးပါ"

"ဖေဖေနဲ့ဦးလေး ပြန်လိုက်ပါတော့နော်...လင်း ဘက်ကအစကတည်းက သခင်အလိုရှိမယ်ထင်လို့ကွာရှင်းဖို့ပြောခဲ့တာပါ..သခင်က မကွာရှင်းချင်တဲ့အတွက် လင်းလည်းမကွာရှင်းနိုင်ပါဘူး..ကြားထဲမှာ လူကြီးတွေကိုဒုက္ခပေးမိလို့အားနာပါတယ်"

"သမီးသေချာစဉ်းစားပါဦး..ဦးသမီးက သမီးကို  "

" ဘာမှမဖြစ်ပါဘူးဦး...လင်း သခင်နဲ့အဆင်ပြေအောင်နေနိုင်ပါတယ်"

သခင့်ဖေဖေပြောမဲ့စကားတွေကိုလင်းခန့်မှန်းမိသည်။ သခင်က လင်းကိုမုန်းနေတာဆိုပြီးပြောမလိုဟန်ပြင်ခဲ့တာ။ သခင့်ဖေဖေက
သခင့်အကြောင်းပိုပြီးသိခဲ့မှာပေါ့။ကိုယ့်ကိုသခင်ကဘယ်လောက်ထိမုန်းနေတယ်ဆိုတာကို။ လင်းကသာ ကိုယ့်ကိုမုန်းနေမှန်းမသိခဲ့တာ။

***

ခြံထဲက ထိုင်ခုံလေးမှာစာအုပ်ထိုင်ဖတ်နေတဲ့သခင်ဟာ လှပကာကျော့ရှင်းလွန်းသည်။
သခင်ဟာအခုလိုနွေရာသီမျိုးမှာ နေ့ခင်းဘက်မှာအင်္ကျီလက်ရှည်အပါးကို‌ေန‌ေရာင်ခြည်အကာအကွယ်အတွက်ဝတ်ထားတတ်ပေမဲ့ အခုလိုညချမ်းဆိုရင်တော့ လက်ရှည်မဝတ်တော့ပေ။ဒူးဖုံးလက်ပျက်ဂါဝန်အပြာ‌ေရာင်‌ေလးနဲ့သခင်ဟာ ဆွဲငင်အားပိုလွန်းနေသည်။ခပ်‌ရေးရေးလရောင်အောက်မှာ တစ်ချက်တစ်ချက်တိုက်ခတ်နေတဲ့လေအဝေ့မှာ ခပ်လွင့်လွင့်ဖြစ်သွားတဲ့ သခင်ရဲ့ဆံနွယ်ရှည်တွေ။သခင်ဟာ သက်ရှိပန်းချီကားချပ်တစ်ခုပမာလှပလွန်းနေသည်။ဒါတောင်
သခင့်ရဲ့ညှို့အားပြင်းတဲ့မျက်ဝန်းညိုတွေကို မမြင်ရသေးပေ။အဝေးက မြင်နေရတဲ့ပုံရိပ်လေးနဲ့တင်ရူးသွပ်သွားနိုင်သည်။

မြင်ကွင်းရှေ့မှာနူးနူးညံ့ညံ့နဲ့ လှလှပပမိန်းမပျိုလေးဟာ ကိုယ့်ရင်ထဲက တစ်ဦးတည်းသော သခင်ပါတဲ့။

"သခင်"

သခင့်နားကို သွားရပ်လိုက်မိသည်။ဒီတော့ သခင်က ထရန်ပြင်သည်။

"နေပါဦးသခင်...ဘာလို့ကျွန်မကိုရှောင်နေချင်ရတာလဲ...သခင်ပဲ ကျွန်မကိုကွာရှင်းမပေးခဲ့တာနော်"

သခင်ကသူ့ရဲ့နှုတ်ခမ်းထူထူတွေကိုဖိကိုက်ကာ မကျေမနပ်ကြည့်သည်။သခင့်ရဲ့စိတ်ဆိုးနေတဲ့ပုံကအစကြည့်ကောင်းလွန်းသည်။သခင်ရယ် ဘယ်လိုနေနေလှနေတော့တာပါပဲ။

"တို့က မောင်နဲ့ဖုန်းပြောရဦးမှာလေ..ဒါကြောင့် အိမ်ထဲဝင်မလို့ပါ..ဒါမှမဟုတ်မင်းရှေ့မှာပဲ မောင့်နဲ့ဖုန်းပြောရမလား...ဒါနဲ့ မင်းခံနိုင်ရည်ရှိပါ့မလားမသိဘူး..တို့ကမောင့်ကိုချစ်တဲ့အကြောင်းတွေပြောမှာဆိုတော့လေ"

သခင့်စကားကြောင့်ကျလုနီးနီးဖြစ်လာတဲ့မျက်ရည်တွေကို မနည်းပြန်ထိန်းလိုက်ရသည်။

"တော်ပါတော့သခင်ရယ်...တော်ရုံပဲ ရက်စက်ပါ.."

"အဟင်း...မင်းကအဲ့လောက်ပဲ တို့ကိုချစ်နေတာလား..တို့ကစကားလေးနဲ့ပဲပြောရသေးတာပါ ..အိုး..စိတ်မကောင်းစရာပါလား"

"ဟုတ်ပါတယ်..သခင့်ကိုအဲ့လောက်ထိချစ်နေတာပါ"

"ဒါဆိုလည်း တို့အထဲပဲသွားပြောပါတော့မယ်..မင်းကိုသနားလို့နော်..အဟင်း"

"သခင် ကျွန်မ သီချင်းဆိုပြချင်တယ်နားထောင်မပေးချင်ဘူးလား"

တကယ်တော့ကျွန်မဆိုတဲ့အသုံးအနှုန်းကိုနေသားမကျသေးပါ။ သခင်နဲ့ ကိုယ်နဲ့ကြားမှာ ခြားနားနေမှန်းသိအောင်သာတမင်သုံးနေခဲ့ရတာပါ။

"နိုးပါ..အဲ့လောက်ထိအားမနေဘူး"

"အင်းပါ..သခင်ကသခင်လုပ်စရာရှိတာလုပ်ပါ..ကျွန်မကသခင့်ကိုရည်ရွယ်ပြီးသီချင်းဆိုမယ်..ဒီသီချင်းကသခင့်ကိုရည်ရွယ်မှန်းသခင်သိရင်ရပါပြီ..."

သခင်ကဘာမှတော့ပြန်ပြောမသွားပါ။အိမ်ထဲကိုဝင်သွားသည်။

ခဏကြာတော့ သခင့်အခန်းကိုမော့ကြည့်လိုက်တော့ အလင်းရောင်လေးကိုမြင်နေရသည်။သခင် သူ့အခန်းထဲပြန်ရောက်သွားပြီပဲ။

သခင့်အတွက်ရည်ရွယ်တဲ့ သီချင်းကိုစတင်တီးခတ်လိုက်သည်။ ဘယ်လောက်ပဲမုန်းနေပါစေ သခင်သေချာပေါက်နားထောင်နေမယ်ဆိုတာယုံကြည်ပါသည်။

အထင်မှားမိတယ်မျှော်လင့်ဘဝတစ်ခု
ကိုယ်ရူးမူးမဲ့ကမ္ဘာမြေဝယ်
ရှည်လျားနှစ်တွေ ကိုယ်အပြစ်မဖွဲ့ချင်
ကိုယ်စောင့်စားခဲ့ပေါ့အခြေအနေ

ဟိုး.. ဟိုး
မထူးခြားဘယ်လိုမှ
အိုး.. အိုး..
အကြင်နာနည်းလှလွန်းသူလေးရေ

စိတ်ထဲစွဲနေ တကယ်အမြဲတမ်းချစ်
ကိုယ်မေးခွန်းအတွက်အဖြေညှိရင်း
သူပြောင်းလည်းကာ အို ချစ်မလားလို့
ဒီအသည်းနှလုံးကပျော့မလာပေ

အငြိုးကြီးတဲ့
ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့
ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့
အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့
ပန်းလေးတစ်ပွင့်ဟာ
ရက်စက်တာများ ပျောက်ပျက်သွားမလား
အလင်းများလွမ်းတဲ့ လူ့ဘဝအမှောင်ထဲ
အိုး.. အိုး ..
မထူးခြားဘယ်လိုမှ
အို.. အိုး
အကြင်နာနည်းလှလွန်းသူလေးရယ်

အဖြူအမည်းမသိတဲ့သက်ပြင်းများအတွက်
ခံစားရတဲ့ဝေဒနာကို
ပင်ပန်းလွန်းတယ် ကိုယ်စွန့်လွှတ်ဖို့
ကိုယ်ကြိုးစားလည်းအဖြစ်ကဆိုး

အငြိုးကြီးတဲ့
ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့
ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့
အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့
ပန်းလေးတစ်ပွင့်ဟာ
ရက်စက်တာများ ပျောက်ပျက်သွားမလား
အလင်းများလွမ်းတဲ့ လူ့ဘဝအမှောင်ထဲ

အိုး.. အိုး ..
မထူးခြားဘယ်လိုမှ
အို.. အိုး

အကြင်နာနည်းလှလွန်းသူလေးရယ်

အိုး.. အိုး..
မထူးခြားဘယ်လိုမှ ..
အို.. အိုး

အကြင်နာနည်းလှလွန်းသူလေးရယ်
မထူးခြားဘယ်လိုမှ
အိုး.. အိုး ..

အကြင်နာနည်းလှလွန်းသူလေးရယ်

17.2.2034
#သခင်

Song name:အကြင်နာနည်းလှလွန်းသူလေး
Singer:ဒိုးလုံး

မနက္လင္းလာလို႔မ်က္စိဖြင့္မိေတာ့ ေခါင္းတစ္ခုလုံးေလးလံထိုင္းမိႈင္းေန၏။ညကအေၾကာင္းမ်ားကို ျပန္ေတြးမိေတာ့ ႏွလုံးသားကနာက်င္လာရ၏။ျပန္ႏိုးမလာေစဖို႔ဆုေတာင္းခဲ့ေပမဲ့ဆုေတာင္းဟာျပည့္မလာခဲ့ပါ။

မနက္ျဖန္က်ကြာ႐ွင္းမယ္ဆိုၿပီးသခင့္ကို‌မေန႔
ကေျပာခဲ့ေပမဲ့ တကယ္တမ္းလက္ေတြ႕မွာက် အၿပီးအျပတ္ေဝးသြားရမဲ့လမ္းမို႔ မဝံ့ရဲမိျပန္ပါ။သခင့္ကိုခ်စ္‌ေပမဲ့သခင့္အနားမွာေနရမွာကိုေၾကာက္လာသည္။သခင့္ကိုတြယ္ကပ္ေနခ်င္ေသးေပမဲ့ တြယ္ကပ္လို႔ဘယ္လိုမွမျဖစ္ႏိုင္တဲ့အရာမွန္းလည္းသိခဲ့ရသည္။

သခင္သာၾကယ္ေလးတစ္ပြင့္ဆိုရင္ ကိုယ့္ကမ႓ာမွာဘယ္ေတာ့မွမေႂကြေတာ့မဲ့ၾကယ္။

သခင္သာ တိမ္စိုင္ေလးတစ္ခုဆို ဘယ္ေတာ့မွ ဖမ္းဆုပ္မရႏိုင္မဲ့ အခိုးအေငြ႕ေလးတစ္ခုသာ။

သခင္သာပန္းေလးတစ္ပြင့္ဆို ဘယ္ေတာ့မမွမမီႏိုင္တဲ့ပန္းေလးတစ္ပြင့္သာျဖစ္ခဲ့မယ္မဟုတ္လား။

သခင္သာ ေႏြဦးရာသီေလးတစ္ခုျဖစ္ခဲ့မယ္ဆိုရင္ ကိုယ့္အတြက္ဘယ္ေတာ့မွအ‌ေႏြးဓာတ္မေပးႏိုင္တဲ့ေႏြဦးေလးပဲ။

သခင္ဟာထိုကဲ့သို႔‌ေသာျဖစ္တည္မႈေတြနဲ႔ကိုယ့္ဆီကိုဘယ္ေတာ့မွ ေရာက္မလာေတာ့မဲ့ သက္႐ွိကေလးတစ္ခုပါပဲ။

ဒါေပမဲ့ ေပါ့။ခ်စ္ရပါတယ္သခင္။ထာဝရေပါ့။

***

"ေဖေဖ"

"သမီးေလးေရာက္ေနတယ္ဆိုၿပီးဖုန္းဆက္လို႔ေဖေဖျပန္လာတာ"

ေဖေဖကသူ႕လက္ဆြဲအိတ္ကေလးကိုခ်ရင္း လင္းနဲ႔မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္လိုက္သည္။

"အလုပ္ဆင္းခ်ိန္မွျပန္လာလည္းရပါတယ္ေဖေဖရယ္"

"အလုပ္ကသိပ္ၿပီးအေရးမႀကီးပါဘူးသမီးရယ္...ကဲ သမီးေလးကေဖေဖ့ဆီလာတာ အေၾကာင္း႐ွိလို႔လား"

"ေဖေဖ မမဇြန္ကို တမင္လႊတ္ထားမွန္းလင္းသိၿပီးသားပါေဖေဖ"

"ေဟ"

ေဖေဖကအံ့ဩသြားတာနဲ႔တူပါရဲ႕။တကယ္ေတာ့ လင္းလည္းသိတာသိပ္မၾကာေသးပါ။အဲ့ဒီေန႔က မမဇြန္ ဖုန္းေျပာေနတာကိုမထင္မွတ္ဘဲၾကားခဲ့လို႔သာ မမဇြန္ဟာေဖေဖ့လူမွန္းသိခဲ့ရတာပါ။အဲ့ဒါေၾကာင့္လည္း မမဇြန္ဟာ သခင့္ကိုအျမင္မၾကည္ျဖစ္ခဲ့ဟန္တူပါသည္။ၿပီးေတာ့ ေဖေဖေျပာခဲ့တဲ့ သခင္နဲ႔ကြာ႐ွင္းမလားဆိုတဲ့ စကားဟာ လင္းနဲ႔သခင္ရဲ႕အေျခအေနကိုမမဇြန္ထံမွသိခဲ့လို႔သာေဖေဖကေျပာခဲ့ျခင္းျဖစ္မည္ထင္၏။

"သမီးသိေနခဲ့တာလား"

"မၾကာေသးပါဘူးေဖေဖ.. မမဇြန္ ေဖေဖနဲ႔ဖုန္းေျပာေနတာကိုမထင္မွတ္ဘဲၾကားခဲ့တာပါ"

"အခုလာတာက သမီးေလးကအဲ့ဒီကိစၥလာေျပာတာလား"

"မဟုတ္ပါဘူးေဖေဖ...လင္း သခင္နဲ႔ကြာ႐ွင္းခ်င္လို႔ပါ"

"သမီးေလးကလြန္းေလးကိုသည္းမခံႏိုင္ေတာ့ဘူးလား"

"မဟုတ္ပါဘူးေဖေဖ..သခင့္ကို သည္းခံႏိုင္ပါတယ္..ဒါေပမဲ့ သခင္ကိုစိတ္မဆင္းရဲေစခ်င္ေတာ့ဘူး...သခင္က လင္းနဲ႔အတူ‌ေနရတာ သခင့္အတြက္ အရမ္းကိုစိတ္ဆင္းရဲေစတယ္ေဖေဖ...ၿပီးေတာ့ လင္းလည္းမေပ်ာ္ရဘူး...သခင့္ကိုပိုင္ဆိုင္လိုက္ရလို႔ လင္းမေပ်ာ္ရဘူးေဖေဖရယ္...မဟုတ္ဘူး...သခင့္ကို ဘယ္တုန္းကမွမပိုင္ခဲ့တာပါေဖေဖ...ဒါေၾကာင့္ သခင့္ကိုစြန္႔လႊတ္လိုက္ေတာ့မယ္..သခင့္နားမွာဆက္ေနရင္ သခင့္အမုန္းေတြကိုပဲရေနေတာ့မွာ...သခင့္အမုန္းေတြကိုမလိုခ်င္ဘူးေဖေဖ"

ငိုေနတဲ့သမီးျဖစ္သူကိုၾကည့္ရင္း ဦးသိန္းထြဋ္ရင္ထဲမေကာင္းျဖစ္ေနရ၏။သမီးျဖစ္သူေပ်ာ္႐ႊင္မယ္ထင္လို႔လုပ္ခဲ့တဲ့လမ္းဟာ အမွားတစ္ခုျဖစ္ေၾကာင္း အခ်ိန္လြန္မွသိခဲ့ရသည္။

"မငိုပါနဲ႔သမီးေလးရယ္..ေဖေဖမွားခဲ့တာပါ...တကယ္ဆို အစကတည္းက သမီးေလးကို လြန္းေလးနဲ႔ လက္ထပ္မေပးခဲ့သင့္ဘူး"

"ေဖေဖနဲ႔မဆိုင္ပါဘူးေဖေဖရယ္..လင္းကိုယ္တိုင္ သခင့္ကိုလိုလိုလားလားနဲ႔လက္ထပ္ခ်င္ခဲ့တာပါ"

"သမီးေလးကလြန္းေလးကို ေမတၱာ႐ွိေနတယ္ဆိုတာ အဲ့ဒီအခ်ိန္ေတြကတည္းကေဖေဖျမင္ေနခဲ့လို႔ မိဘေတြေတာ္ေတာ္မ်ားမ်ားလက္မခံႏိုင္တဲ့ကိစၥကို ေဖေဖ့ဘက္ကစီစဥ္ခဲ့တာပါသမီးရယ္...ေျပာရရင္ေတာ့ သာမန္မဟုတ္တဲ့
အိမ္ေထာင္ေရးတစ္ခုကို ေဖေဖစီစဥ္ခဲ့တာပါ...ဒါေပမဲ့ သမီးကိုအခုလိုနာက်င္ေစမယ္မွန္းသိရင္ေဖေဖမလုပ္ခဲ့ပါဘူး..သမီးေလးေပ်ာ္ရမယ္ထင္လို႔သာ.."

"ေဖေဖ့အျပစ္ဟုတ္ပါဘူး...လင္းကိုယ္တိုင္ တစ္ပါးသူရဲ႕စိတ္ဆႏၵကိုဆန္႔က်င္ၿပီးတစ္ကိုယ္ေကာင္းဆန္ခဲ့မိလို႔ ဝဋ္လည္တာပါေဖေဖ..ဒါေၾကာင့္မို႔ တကယ္အျပစ္႐ွိသူဟာ လင္းပါ"

ေဖေဖရဲ႕ေနာင္တရေနတဲ့ ေလသံနဲ႔မ်က္ရည္ေတြကို ထပ္မံမျမင္ခ်င္ေတာ့၍စကားကို ျဖတ္ၿပီးေျပာလိုက္ျခင္းျဖစ္ပါသည္။တကယ္လည္းေဖေဖ့မွာဘာအျပစ္မွမ႐ွိခဲ့တာပါ။ကိုယ္နဲ႔ တန္မွန္းမသိမတန္မွန္းမသိဘဲ အလိုက္မသိ ပိုင္ဆိုင္ခ်င္ခဲ့တဲ့ တစ္ကိုယ္ေကာင္းစိတ္ကိုသာအျပစ္တင္ရမည္။

"သမီးေလးကိုေဖေဖ ဘာလုပ္ေပးရမလဲ"

"လင္းနဲ႔ သခင္နဲ႔ကလက္ထပ္စာခ်ဳပ္တစ္ခုေပၚမွာ လက္မွတ္ကေလးထိုးထား႐ုံေလးပါေဖေဖ...တရားလည္းမဝင္သလို...ႏွစ္ဖက္မိဘေတြနဲ႔ ကာယကံ႐ွင္ေတြကလႊဲလို႔ ဘယ္သူမွမသိတဲ့ကိစၥမို႔ လင္းနဲ႔သခင္နဲ႔ ဘာမွမသက္ဆိုင္ေတာ့တဲ့အေၾကာင္းကို ႏွစ္ဖက္မိဘေတြသိေစခ်င္႐ုံေလးပါ..ဒါေၾကာင့္မို႔ သခင့္ေဖေဖကိုေခၚခဲ့ၿပီး ေဖေဖတို႔ေ႐ွ႕မွာပဲ ဒီပတ္သက္မႈကိုအဆုံးသတ္ခ်င္ပါတယ္...ေဖေဖ သခင့္ေဖေဖကိုေခၚၿပီး အိမ္ကိုလိုက္လာေပးပါေဖေဖ"

"ဒီလိုလုပ္လိုက္ရင္ သမီးေလးတကယ္ေပ်ာ္႐ႊင္ရမွာလား"

"ေပ်ာ္႐ႊင္ရဖို႔ျဖစ္လာႏိုင္ပါတယ္ေဖေဖ"

မေပ်ာ္ႏိုင္တာကိုေတာ့ လင္းသာအသိဆုံးျဖစ္မည္။သခင့္ကိုအၿပီးတိုင္စြန္႔လႊတ္ရတာေလာက္ ဝမ္းနည္းဖို႔ေကာင္းတာမ႐ွိႏိုင္ေတာ့ပါဘူးေလ။

"သမီးေလး ျဖစ္ခ်င္သလိုေဖေဖစီစဥ္ေပးမွာပါ...လြန္းေလ အိမ္မွာ႐ွိလားသမီး ေဖေဖတို႔အခုလိုက္ခဲ့ရမလား"

"သခင္က ညေနမွ အိမ္ျပန္ေရာက္မွာေဖေဖ"

"ဒါဆို ညေနမွေဖေဖနဲ႔အတူတူ ျပန္ရေအာင္ေလ လြန္းေလးေဖေဖကိုလည္း တစ္ခါတည္းေခၚခဲ့လိုက္ရေအာင္"

"ဟုတ္ေဖေဖ..ဪ..ေဖေဖ..သခင့္ကိုဘာမွအျပစ္မေျပာပါနဲ႔ေနာ္"

"ေဖေဖသိပါတယ္သမီးရယ္..လြန္း‌ေလး
ကို‌ေဖေဖဘာမွအျပစ္မေျပာပါဘူး"

"ဟုတ္"

"သမီးေလးနားခ်င္နားေလ...ေဖေဖ ဟိုဘက္အိမ္ကိုခဏသြားလိုက္ဦးမယ္ေနာ္"

ဟိုဘက္အိမ္ဆိုတာ သခင္တို႔အိမ္ကိုဆိုလိုပါသည္။သခင့္ေဖေဖနဲ႔စကား သြားေျပာေတာ့မယ္ထင္ပါရဲ႕။

***

ဒီအိမ္ကိုေရာက္ျဖစ္ေသာ္လည္း ခပ္ၾကာၾကာမေနျဖစ္တာမ်ားသည္။

အခုေတာ့ေရာက္တုန္းေလး ျခံထဲကိုဆင္းကာ ပန္းေပါင္းစုံကို လိုက္ၾကည့္မိ၏။ဒီပန္းေတြကိုေတာ့ လင္းစိုက္ပ်ိဳးထားျခင္းမဟုတ္ခဲ့ပါ။
သခင္နဲ႔အတူေနတဲ့အိမ္ေလးမွာပဲသခင့္အတြက္သာပထမဆုံးပန္းေတြကိုစိုက္ပ်ိဳးခဲ့ျခင္းျဖစ္သည္။

ပန္းေပါင္းစုံရဲ႕ရနံ႔ေတြကိုတဝ႐ွဴ႐ိႈက္လိုက္သည္။သို႔ေသာ္ စိတ္ထဲေတာ့ ေပါ့မသြားေခ်။

သခင္နဲ႔ကြာ႐ွင္းၿပီးတဲ့အခါက်ရင္လည္း ဟိုအိမ္ေလးမွာပဲ ဆက္ေနျဖစ္မည္။သခင့္အေငြ႕အသက္ေတြ႐ွိေနတဲ့အိမ္ေလးရယ္၊
သခင့္အခန္းေလးရယ္၊သခင့္အတြက္စိုက္ပ်ိဳးထားတဲ့ပန္းပင္ေလးေတြရယ္ကို ဘယ္စိတ္နဲ႔မွခြဲမသြားႏိုင္ပါ။သခင္မ႐ွိေတာ့ေပမဲ့ သခင္နဲ႔အတူ႐ွိခဲ့တဲ့ အိမ္ကေလးမွာ
သခင့္ကိုလြမ္းဆြတ္ေနပါရေစသခင္ရယ္။

***

"ေဖေဖက ဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ"

ေဖေဖရယ္၊လင္းရယ္၊သခင့္ေဖေဖရယ္ အိမ္ထဲအတူဝင္လာတာကို သခင္ကနားမလည္ဟန္႐ွိသည္။

လင္းလည္းသခင္ျပန္ေရာက္မဲ့အခ်ိန္ကိုမွန္းၿပီးျပန္လာခဲ့တာျဖစ္သည္။

"ကြၽန္မေခၚလိုက္တာပါသခင္"

"ဘာကိစၥ႐ွိလို႔လဲ"

လူႀကီးေတြကထိုင္ခုံေတြမွာဝင္ထိုင္ေတာ့ သခင္လည္းသူေနရာမွသူျပန္ထိုင္သည္။ ကိုယ္လည္း သခင့္မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္လိုက္သည္။

"မေန႔က သခင့္ကိုေျပာထားတဲ့ကိစၥပါ...အဲ့ဒီအတြက္လူႀကီးေတြကိုေခၚလိုက္တာပါ"

သခင္အံ့ဩသြားဟန္႐ွိသည္။ဘာမ်ားလဲ။သခင္က ကိုယ့္ဘက္ကအပို‌ေျပာခဲ့
တယ္လို႔ထင္ထားခဲ့တာလား။

တကယ္ပါ သခင္ရယ္။ဒီတစ္ခါ သခင္ေပ်ာ္ရေတာ့မွာပါ။

သို႔ေပမဲ့ သခင့္မ်က္ႏွာဟာေပ်ာ္႐ႊင္တဲ့ဘက္ကိုမသြားဘဲ ေဒါသဘက္ကိုသြားေနသည္။

"ပထမဆုံးအ‌ေနနဲ႔ဦးကပဲလြန္းေလးကိုေတာင္းပန္ခ်င္ပါတယ္...သမီးေလးနဲ႔အတင္းအၾကပ္လက္ထပ္ေပးမိတဲ့အတြက္ပါ...အခုေတာ့ဦးလည္းေနာင္တရေနပါၿပီသမီးရယ္...ဦးရဲ႕သမီးေလးကိုလြန္းေလးအနားမွာ႐ွိေနရင္ေပ်ာ္႐ႊင္ရမယ္အထင္နဲ႔ လုပ္ခဲ့မိတာပါ..အခုမွသိလိုက္တာက သမီးေလးကလြန္းေလးအနားမွာ႐ွိလည္းမေပ်ာ္ရဘူးဆိုတာပါပဲ...ဒါေၾကာင့္မို႔ဦးသမီးကို ဦးျပန္ေခၚပါေတာ့မယ္...သမီးလည္းသမီးစိတ္ႀကိဳက္ေနႏိုင္ပါၿပီ..ၾကားထဲမွာ ဦးဘက္ကအမွားလုပ္ခဲ့မိတာေတြအတြက္ေတာင္းပန္ပါတယ္"

သခင္နားမလည္စြာ သူ႕ကိုၾကည့္လိုက္သည္။သူလည္းသခင့္ကိုျပန္ၾကည့္ေနသည္။သူ႕အၾကည္ေတြသာ အရင္နဲ႔မတူစြာနဲ႔ အသက္မပါသလိုျဖစ္ေနတာကိုအလိုလိုခံစားမိေနသည္ ။

ဘာစကားမွဝင္မေျပာေသးတဲ့သခင္ေဖေဖ့ကိုၾကည့္လိုက္ေတာ့ ေဖေဖက ဟိုသားအဖကိုအားနာေနဟန္႐ွိသည္။

"ဒါက ကြာ႐ွင္းစာခ်ဳပ္ပါသခင္...ကြၽန္မဘက္ကလက္မွတ္ထိုးၿပီးပါၿပီ...သခင့္လက္မွတ္ပဲလိုပါေတာ့တယ္..ဒါေတြဟာ အေရးမပါမွန္းသိေပမဲ့ လူႀကီးေတြေ႐ွ႕မွာပဲလက္ထပ္စာခ်ဳပ္ကိုလက္မွတ္ထိုးခဲ့ၾကတာမို႔  အခုလည္းလူႀကီးေတြေ႐ွ႕မွာပဲ ကြာ႐ွင္းခ်င္ပါတယ္"

သခင့္ေ႐ွ႕ကိုထိုးေပးလာတဲ့စာ႐ြက္ကိုၾကည့္လိုက္ေတာ့ တကယ္ပဲကြာ႐ွင္းစာခ်ဳပ္ျဖစ္ေနသည္။ၿပီးေတာ့ သူ႕လက္မွတ္လည္းထိုးထားၿပီးျဖစ္သည္။

တကယ္ဆို သခင္ လြတ္ေျမာက္ေတာ့မွာမဟုတ္လား။ဘာေၾကာင့္ေပ်ာ္မေနရတာလဲ။
ေသခ်ာတာကေတာ့ ဒီေမးခြန္းအတြက္‌ေလာ‌ေလာဆယ္အေျဖမ႐ွာႏိုင္ေသးပါ။

သခင့္ရင္ထဲမွာ႐ွိေနတဲ့တစ္ခုတည္းေသာအခ်က္ဟာ သူ႕ကိုမုန္းတယ္ဆိုတာပဲ။ၿပီးေတာ့ နာက်င္ေစခ်င္သည္။ဒါေၾကာင့္မို႔ ဒီေလာက္ေလး စိတ္ဒုကၡေပးရတာနဲ႔ မေက်နပ္ႏိုင္ေသးပါ။

"ဦးေလးနဲ႔ေဖေဖ..သူ႕ကိုအျပင္ဘက္ခဏေခၚသြားခြင့္ျပဳပါ"

"မင္းငါနဲ႔အျပင္မွာထြက္စကားေျပာရေအာင္"

ဘာမွန္းမသိေပမဲ့ သခင္နဲ႔အတူလိုက္လာခဲ့လိုက္ပါသည္။ေနာက္ဆို သခင္နဲ႔စကားေျပာဖို႔ပင္မျဖစ္ႏိုင္ေတာ့ဘူးေလ။

"သခင္"

" လင္းေရာင္းစဥ္ႏြယ္"

သခင့္ဆီက အရင္လို အလင္း လို႔ေခၚသံေလးေတာင္မၾကားရေတာ့တာၾကာခဲ့ၿပီ။ေနာက္လည္းမၾကားရႏိုင္ေတာ့ပါဘူး။ဒီလိုေတြျဖစ္ေအာင္ ကိုယ္ပဲလုပ္ခဲ့မိတာပါ။

"မင္းကိုကြာမေပးႏိုင္ဘူး"

"ဘာလို႔လဲသခင္ရယ္..သခင္ေပ်ာ္ေနရမွာမဟုတ္လား"

"မင္းကိုေကာင္းေကာင္းစိတ္ဒုကၡေပးရမွ ငါကေပ်ာ္မွာေလ. ဒါေၾကာင့္မို႔ငါမေပ်ာ္ေသးဘူး"

"သခင္လက္မခံလည္း ကြၽန္မတို႔လက္ထပ္ထားတာဟာ တရားမဝင္တာမို႔ သခင္အေနနဲ႔ဘာမွလုပ္မရဘူးေနာ္"

သခင့္စိတ္‌ေတြကို ဒီထက္ပိုၿပီးအ႐ိုင္းမဆန္ေစလိုတဲ့ရည္႐ြယ္ခ်က္နဲ႔ပါသခင္ရယ္။လင္းအနားမွာသခင္႐ွိေနရင္ သခင့္စိတ္ထဲ ပူေလာင္ျခင္းနဲ႔ အမုန္းေတြသာ ႐ွိေနခဲ့မယ္မဟုတ္လား။သခင့္ကိုမပူေလာင္ေစခ်င္ဘူး။

"မင္းဒီလိုလုပ္လို႔ရမတဲ့လား...လက္ထပ္တုန္းကလည္းငါ့ဆႏၵမပါဘဲ လုပ္ခဲ့ၾကတာေလ..အခုကြာ႐ွင္းေတာ့လည္းငါ့ဆႏၵမပါဘဲ လုပ္ၾကဦးမလို႔လား..ဘယ္မလဲ ငါ့အတြက္မွ်တမႈ"

"သခင္"

"ငါေျပာသလိုပဲ မင္းလုပ္ရမယ္...ဒါငါ့အတြက္ တန္ရာတန္ေၾကးပဲ...မင္းလက္ခံရမယ္"

"သခင္ေပ်ာ္မွာေသခ်ာလား"

"ေသခ်ာေပါက္ေပါ့..ငါအၿငိဳးေတြအတြက္ မင္းခံစားရဦးမွာေလ"

သခင့္ရဲ႕မဲ့ျပဳံးတစ္ခ်က္က ရင္ကိုအခါခါနင့္ေစပါတယ္သခင္ရယ္။

"ေကာင္းၿပီ..ဒီတစ္ႀကိမ္ သခင့္ဘက္ကလက္မခံခဲ့တဲ့အတြက္ ..ေနာက္တစ္ႀကိမ္ သခင့္ကို မစြန္႔လႊတ္ႏိုင္ေတာ့ဘူးေနာ္"

"မင္းမွာေ႐ြးခ်ယ္ခြင့္႐ွိမေနဘူးေနာ္...ငါ့စိတ္ႀကိဳက္ငါလုပ္မယ္..ငါအလိုမ႐ွိေတာ့ရင္ မင္းကိုေသခ်ာေပါက္ကြာ႐ွင္းမွာေပါ့...ငါ့အနားမွာထားစရာလား"

"ေကာင္းပါၿပီ..သခင္ေျပာသလို လုပ္ပါ့မယ္"

သခင္ကကိုယ့္ေ႐ွ႕ကအရင္ဝင္သြားသည္။
သခင့္ေနာက္မွသာ လင္းလိုက္လာခဲ့၏။

"ေဖေဖ..လင္း မကြာ႐ွင္းေတာ့ဘူး"

"သမီး"

ေဖေဖ့ရဲ႕ စိုးရိမ္‌ေနတဲ့ေလသံကို သေဘာေပါက္ပါသည္။ၿပီး‌ေတာ့စိုးရိမ္‌ေနတဲ့မ်က္ဝန္း‌ေတြ။သို႔ေပမဲ့ အၿငိဳးအေတးႀကီးတဲ့ သခင့္ကိုသာ ေပ်ာ္ခြင့္ေပးလိုက္ေတာ့မည္။သခင့္ရဲ႕ အၿငိဳးေတြေျပဖို႔ ေဖေဖ့ရဲ႕စိုးရိမ္ပူပန္မႈေတြကိုလ်စ္လ်ဴ႐ႈပစ္လိုက္ရေတာ့မည္။

"ဦး‌ေလးသမီးနဲ႔လက္ထပ္ေပးခဲ့တုန္းက ကြၽန္မဆႏၵမပါခဲ့တာမို႔ အခုကြာ႐ွင္းမယ္ဆိုေတာ့ ကြၽန္မ ဆႏၵကိုစားေပးပါဦးေလး..ကြာ႐ွင္းမဲ့ကိစၥ ကြၽန္မဘက္က သေဘာမတူတာမို႔ ဒီစာခ်ဳပ္မွာလည္းလက္မွတ္မထိုးႏိုင္ပါဘူး"

"သမီး"

"ေဖေဖပဲ ေနာက္ဆို သမီးဆႏၵကို ဦးစားေပးပါမယ္ဆို...ဒီတစ္ခါေတာ့ သမီးကို လုပ္ခ်င္တာလုပ္ခြင့္ေပးပါ"

"ေဖေဖနဲ႔ဦးေလး ျပန္လိုက္ပါေတာ့ေနာ္...လင္း ဘက္ကအစကတည္းက သခင္အလို႐ွိမယ္ထင္လို႔ကြာ႐ွင္းဖို႔ေျပာခဲ့တာပါ..သခင္က မကြာ႐ွင္းခ်င္တဲ့အတြက္ လင္းလည္းမကြာ႐ွင္းႏိုင္ပါဘူး..ၾကားထဲမွာ လူႀကီးေတြကိုဒုကၡေပးမိလို႔အားနာပါတယ္"

"သမီးေသခ်ာစဥ္းစားပါဦး..ဦးသမီးက သမီးကို  "

" ဘာမွမျဖစ္ပါဘူးဦး...လင္း သခင္နဲ႔အဆင္ေျပေအာင္ေနႏိုင္ပါတယ္"

သခင့္ေဖေဖေျပာမဲ့စကားေတြကိုလင္းခန္႔မွန္းမိသည္။ သခင္က လင္းကိုမုန္းေနတာဆိုၿပီးေျပာမလိုဟန္ျပင္ခဲ့တာ။ သခင့္ေဖေဖက
သခင့္အေၾကာင္းပိုၿပီးသိခဲ့မွာေပါ့။ကိုယ့္ကိုသခင္ကဘယ္ေလာက္ထိမုန္းေနတယ္ဆိုတာကို။ လင္းကသာ ကိုယ့္ကိုမုန္းေနမွန္းမသိခဲ့တာ။

***

ျခံထဲက ထိုင္ခုံေလးမွာစာအုပ္ထိုင္ဖတ္ေနတဲ့သခင္ဟာ လွပကာေက်ာ့႐ွင္းလြန္းသည္။
သခင္ဟာအခုလိုေႏြရာသီမ်ိဳးမွာ ေန႔ခင္းဘက္မွာအက်ႌလက္႐ွည္အပါးကို‌ေန‌ေရာင္ျခည္အကာအကြယ္အတြက္ဝတ္ထားတတ္ေပမဲ့ အခုလိုညခ်မ္းဆိုရင္ေတာ့ လက္႐ွည္မဝတ္ေတာ့ေပ။ဒူးဖုံးလက္ပ်က္ဂါဝန္အျပာ‌ေရာင္‌ေလးနဲ႔သခင္ဟာ ဆြဲငင္အားပိုလြန္းေနသည္။ခပ္‌ေရးေရးလေရာင္ေအာက္မွာ တစ္ခ်က္တစ္ခ်က္တိုက္ခတ္ေနတဲ့ေလအေဝ့မွာ ခပ္လြင့္လြင့္ျဖစ္သြားတဲ့ သခင္ရဲ႕ဆံႏြယ္႐ွည္ေတြ။သခင္ဟာ သက္႐ွိပန္းခ်ီကားခ်ပ္တစ္ခုပမာလွပလြန္းေနသည္။ဒါေတာင္
သခင့္ရဲ႕ညိႇဳ႕အားျပင္းတဲ့မ်က္ဝန္းညိဳေတြကို မျမင္ရေသးေပ။အေဝးက ျမင္ေနရတဲ့ပုံရိပ္ေလးနဲ႔တင္႐ူးသြပ္သြားႏိုင္သည္။

ျမင္ကြင္းေ႐ွ႕မွာႏူးႏူးညံ့ညံ့နဲ႔ လွလွပပမိန္းမပ်ိဳေလးဟာ ကိုယ့္ရင္ထဲက တစ္ဦးတည္းေသာ သခင္ပါတဲ့။

"သခင္"

သခင့္နားကို သြားရပ္လိုက္မိသည္။ဒီေတာ့ သခင္က ထရန္ျပင္သည္။

"ေနပါဦးသခင္...ဘာလို႔ကြၽန္မကိုေ႐ွာင္ေနခ်င္ရတာလဲ...သခင္ပဲ ကြၽန္မကိုကြာ႐ွင္းမေပးခဲ့တာေနာ္"

သခင္ကသူ႕ရဲ႕ႏႈတ္ခမ္းထူထူေတြကိုဖိကိုက္ကာ မေက်မနပ္ၾကည့္သည္။သခင့္ရဲ႕စိတ္ဆိုးေနတဲ့ပုံကအစၾကည့္ေကာင္းလြန္းသည္။သခင္ရယ္ ဘယ္လိုေနေနလွေနေတာ့တာပါပဲ။

"တို႔က ေမာင္နဲ႔ဖုန္းေျပာရဦးမွာေလ..ဒါေၾကာင့္ အိမ္ထဲဝင္မလို႔ပါ..ဒါမွမဟုတ္မင္းေ႐ွ႕မွာပဲ ေမာင့္နဲ႔ဖုန္းေျပာရမလား...ဒါနဲ႔ မင္းခံႏိုင္ရည္႐ွိပါ့မလားမသိဘူး..တို႔ကေမာင့္ကိုခ်စ္တဲ့အေၾကာင္းေတြေျပာမွာဆိုေတာ့ေလ"

သခင့္စကားေၾကာင့္က်လုနီးနီးျဖစ္လာတဲ့မ်က္ရည္ေတြကို မနည္းျပန္ထိန္းလိုက္ရသည္။

"ေတာ္ပါေတာ့သခင္ရယ္...ေတာ္႐ုံပဲ ရက္စက္ပါ.."

"အဟင္း...မင္းကအဲ့ေလာက္ပဲ တို႔ကိုခ်စ္ေနတာလား..တို႔ကစကားေလးနဲ႔ပဲေျပာရေသးတာပါ ..အိုး..စိတ္မေကာင္းစရာပါလား"

"ဟုတ္ပါတယ္..သခင့္ကိုအဲ့ေလာက္ထိခ်စ္ေနတာပါ"

"ဒါဆိုလည္း တို႔အထဲပဲသြားေျပာပါေတာ့မယ္..မင္းကိုသနားလို႔ေနာ္..အဟင္း"

"သခင္ ကြၽန္မ သီခ်င္းဆိုျပခ်င္တယ္နားေထာင္မေပးခ်င္ဘူးလား"

တကယ္ေတာ့ကြၽန္မဆိုတဲ့အသုံးအႏႈန္းကိုေနသားမက်ေသးပါ။ သခင္နဲ႔ ကိုယ္နဲ႔ၾကားမွာ ျခားနားေနမွန္းသိေအာင္သာတမင္သုံးေနခဲ့ရတာပါ။

"ႏိုးပါ..အဲ့ေလာက္ထိအားမေနဘူး"

"အင္းပါ..သခင္ကသခင္လုပ္စရာ႐ွိတာလုပ္ပါ..ကြၽန္မကသခင့္ကိုရည္႐ြယ္ၿပီးသီခ်င္းဆိုမယ္..ဒီသီခ်င္းကသခင့္ကိုရည္႐ြယ္မွန္းသခင္သိရင္ရပါၿပီ..."

သခင္ကဘာမွေတာ့ျပန္ေျပာမသြားပါ။အိမ္ထဲကိုဝင္သြားသည္။

ခဏၾကာေတာ့ သခင့္အခန္းကိုေမာ့ၾကည့္လိုက္ေတာ့ အလင္းေရာင္ေလးကိုျမင္ေနရသည္။သခင္ သူ႕အခန္းထဲျပန္ေရာက္သြားၿပီပဲ။

သခင့္အတြက္ရည္႐ြယ္တဲ့ သီခ်င္းကိုစတင္တီးခတ္လိုက္သည္။ ဘယ္ေလာက္ပဲမုန္းေနပါေစ သခင္ေသခ်ာေပါက္နားေထာင္ေနမယ္ဆိုတာယုံၾကည္ပါသည္။

အထင္မွားမိတယ္ေမွ်ာ္လင့္ဘဝတစ္ခု
ကိုယ္႐ူးမူးမဲ့ကမ႓ာေျမဝယ္
႐ွည္လ်ားႏွစ္ေတြ ကိုယ္အျပစ္မဖြဲ႕ခ်င္
ကိုယ္ေစာင့္စားခဲ့ေပါ့အေျခအေန

ဟိုး.. ဟိုး
မထူးျခားဘယ္လိုမွ
အိုး.. အိုး..
အၾကင္နာနည္းလွလြန္းသူေလးေရ

စိတ္ထဲစြဲေန တကယ္အၿမဲတမ္းခ်စ္
ကိုယ္ေမးခြန္းအတြက္အေျဖညႇိရင္း
သူေျပာင္းလည္းကာ အို ခ်စ္မလားလို႔
ဒီအသည္းႏွလုံးကေပ်ာ့မလာေပ

အၿငိဳးႀကီးတဲ့
ကိုယ့္အခ်စ္ဆုံးရဲ႕အၾကည့္နဲ႔
ဥပကၡာဝါဒီရယ္ မစြန္႔လႊတ္ႏိုင္တဲ့
အသိတဝက္နဲ႔ ဖူးပြင့္မလာတဲ့
ပန္းေလးတစ္ပြင့္ဟာ
ရက္စက္တာမ်ား ေပ်ာက္ပ်က္သြားမလား
အလင္းမ်ားလြမ္းတဲ့ လူ႕ဘဝအေမွာင္ထဲ
အိုး.. အိုး ..
မထူးျခားဘယ္လိုမွ
အို.. အိုး
အၾကင္နာနည္းလွလြန္းသူေလးရယ္

အျဖဴအမည္းမသိတဲ့သက္ျပင္းမ်ားအတြက္
ခံစားရတဲ့ေဝဒနာကို
ပင္ပန္းလြန္းတယ္ ကိုယ္စြန္႔လႊတ္ဖို႔
ကိုယ္ႀကိဳးစားလည္းအျဖစ္ကဆိုး

အၿငိဳးႀကီးတဲ့
ကိုယ့္အခ်စ္ဆုံးရဲ႕အၾကည့္နဲ႔
ဥပကၡာဝါဒီရယ္ မစြန္႔လႊတ္ႏိုင္တဲ့
အသိတဝက္နဲ႔ ဖူးပြင့္မလာတဲ့
ပန္းေလးတစ္ပြင့္ဟာ
ရက္စက္တာမ်ား ေပ်ာက္ပ်က္သြားမလား
အလင္းမ်ားလြမ္းတဲ့ လူ႕ဘဝအေမွာင္ထဲ

အိုး.. အိုး ..
မထူးျခားဘယ္လိုမွ
အို.. အိုး

အၾကင္နာနည္းလွလြန္းသူေလးရယ္

အိုး.. အိုး..
မထူးျခားဘယ္လိုမွ ..
အို.. အိုး

အၾကင္နာနည္းလွလြန္းသူေလးရယ္
မထူးျခားဘယ္လိုမွ
အိုး.. အိုး ..

အၾကင္နာနည္းလွလြန္းသူေလးရယ္

17.2.2034
#သခင္

Song name:အၾကင္နာနည္းလွလြန္းသူေလး
Singer:ဒိုးလုံး

Continue Reading

You'll Also Like

750K 39.6K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
1.6M 113K 43
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
862K 71.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 67.6K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...