ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.3K 2.5K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-70

127 17 0
By SuMon5383

ပရိုမိုးရှင်းလေးက ဒီနေ့နောက်ဆုံးပါနော်။ရက်မကျော်ခင် ၂၅၀၀ကျပ်တည်းနဲ့အစအဆုံးဂရုလာဝင်ကြပါဦးလို့။

Ch-70  ဒါရိုက်တာရွေ့

  "တောင်းပန်ပါတယ်ရှင့်။ကျွန်မချက်ချင်းရှင်းလိုက်ပါ့မယ်"

  ထို့နောက်မိမိသည်အသုံးအဆောင်များအားလုံးကိုအစားအသောက်လှည်းပေါ်အလျင်စလိုတင်လိုက်သည်။သို့သော်မိမိသည်အလွန်ထိတ်လန့်နေ၍ လက်များမှာတုန်ယင်နေသည်။မိမိသည်ကိုယ့်ကိုကိုယ်တည်တည်ငြိမ်ငြိမ်နေရန်ပြောနေသော်ငြား မိမိနှလုံးသားသည်တဒုန်းဒုန်းခုန်ပေါက်နေဆဲပင်။မိမိအဖို့တော့ထိုအသံမှာကျယ်လောင်လွန်းလှသည်။

  မိမိသည်အနောက်မှ‌ေနလူတစ်ယောက်ချဉ်းကပ်လာသည်ကိုခံစားလိုက်ရသည်။မိမိလှုပ်ရှားမှုများမှာရပ်တန့်သွားပြီး နောက်ကျောမှာချွေးအေးများစီးကျလာတော့သည်။ပြီးသွားပြီ!ပြီးသွားပြီ!

  ငါသာလူလိမ်တစ်ယောက်ဆိုတာဖော်ထုတ်လိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ငါဘာလုပ်သင့်လဲ။သူ့ကိုရိုက်ပြီးပြေးရမလား။ဒါမှမဟုတ်ငါရှင်းပြသင့်လား။မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး။ဒါကရှင်းပြလို့မရဘူး။ဒါဆိုရင်ငါသူ့ကိုရိုက်နှက်ပစ်ရမယ်။ငါကတစ်ချက်တည်းနဲ့အဆုံးသတ်နိုင်ဖို့ကြိုးစားရမယ်။ပြီးရင်ငါ့အသက်အတွက်ပြေးတော့ပဲ။

  ဟုတ်ပြီ။ဒီအစီအစဉ်ပဲ။

  "တစ်၊နှစ်..."

  မိမိသည်စိတ်ထဲတွင်ရေတွက်ခဲ့သည်။မိမိသည်သုံးအထိရေတွက်ပြီးသည်နှင့်လှုပ်ရှားရန်စီစဉ်ခဲ့ပြီး မိမိသည်အဖုံးပေါ်တင်းကြပ်အောင်ဆုပ်ကိုင်ကာ ထိုအရာသည် မိမိ၏အောင်ပွဲဟုတ်မဟုတ်အားဆုံးဖြတ်ပေးနိုင်မည့်လက်နက်တစ်ခုဖြစ်‌ေကြာင်းဆုံးဖြတ်ချက်ချလိုက်သည်။

  "မင်းကကိုယ့်ရဲ့အာရုံစိုက်မှုကို တမင်သက်သက်အမိဖမ်းချင်နေတာမလား မင်းမလုပ်ခဲ့ဘူးလား"

  လူရွယ်သည်သူ၏ခေါင်းအား မိမိ၏ညာဘက်လည်ပင်းထံရုတ်ချည်းရွှေ့ချခဲ့သည်။သူသည်မိမိနားထဲလေမှုတ်ထုတ်နေသလိုမျိုးတီးတိုးပြောလိုက်သည်။ထိုသည်မှာမိမိ၏လည်ပင်းနှင့်နားရွက်အားနီမြန်းသွားစေခဲ့သည်။သို့သော်မိမိသည်မလှုပ်ရဲခဲ့ပေ။

  "ဟမ်"

  မိမိသည်သူဆိုလိုသည်အားနားမလည်ခဲ့ပေ။

  "အသစ်လေး။မင်းကအတော်လေးဆွဲဆောင်မှုရှိတယ်ဆိုတာကို သိလား။အဲ့ဒါကြောင့်မင်းကမင်းရဲ့သူဌေးရှေ့မှာသူ့ကိုမြှူဆွယ်ဖို့ဗရုတ်ကျကျလုပ်နေတာမလား ဟမ်"

  ထို့နောက်သူသည်‌ေမး‌ေစ့အား ရမ္မက်ပြင်းပြစွာဖြင့်မိမိပုခုံးပေါ်တင်လိုက်ကာ မိမိထံသူ၏ညာလက်ဖြင့်business cardအားကမ်းပေးလာသည်။

  "မင်းဒီညကိုယ်နဲ့ကုန်ဆုံးချင်လား"

  သူသည်တီးတိုးပြောလိုက်သည်။

  ကတ်ပေါ်တွင်အောက်ပါစာများရှိနေသည် : ကျင်းရွေ့ဟိုတယ်၊စီအီးအို၊ဒါရိုက်တာရွေ့။

  ကျင်းရွေ့ဟိုတယ်သည်မိမိတို့လက်ရှိ ရှိနေသောနေရာဖြစ်သည်။မိမိတို့မြို့တွင် ကျင်းရွေ့ကော်ပိုရေးရှင်းသည်စက်ရုံတိုင်းနှင့်ဆက်သွယ်ထားသည်။ဟိုတယ်နှင့်စားသောက်ကုန်လုပ်ငန်းမှာဆိုရင် ထိုသည်ကအကြီးဆုံးဖြစ်သည်။စုယန်မှမီဖန်၏နောက်ခံထောက်ပံ့မှုသည်အလွန်အားကြီးသည်ဟုပြောခဲ့သည်မှာ အံ့ဩစရာမရှိ‌ပါပေ။

  အစက မိမိသည်ဤလူမှာမိမိအားဖြတ်မြင်သွားခဲ့သည်ဟုထင်ခဲ့သည်။သို့သော် အမှန်မှာသူသည်ရိုးရှင်းစွာပင် ကိုယ်ရည်သွေးကာ ရမ္မက်ကြီးသောလူငယ်တစ်ဦးဖြစ်သည်။သူသည်မိမိအားလန့်အောင်လုပ်ခဲ့သည်။

  ကောင်းပြီလေ။ကောင်းတယ်။ငါနင်နဲ့လိုက်ပြီးဆက်သရုပ်ဆောင်ပေးမယ်။ဒါကသာလွတ်လမ်းအတွက်အာမခံပေးနိုင်မယ့်တစ်ခုတည်းသောနည်းပဲ။

  မိမိသည်ရှက်ရွံ့သွားဟန်ဆောင်လိုက်ပြီး သူ၏လုပ်ငန်းကတ်အားဖြည်းဖြည်းချင်းလှမ်းယူလိုက်သည်။မိမိသည် "ငါကဒီလိုမိန်းမစားမျိုးပဲ" ဟုရှေ့တန်းတင်ကာ ဆွဲဆောင်မှုရှိသောပုံပေါ်စေရန် ညုတုတုအသွင်ပေါက်အောင်ကြိုးစားလိုက်သည်။

  "ကျွန်မနားလည်ပါပြီ။ဘော့စ်..."

  မိမိအသံမှာရွံ့စရာကောင်းလောက်အောင်ပျစ်ချွဲလွန်းနေ၍ အန်ထုတ်ချင်သွားခဲ့သည်။

  "ကိုယ်ဒီညမင်းရဲ့ဖုန်းကိုစောင့်နေမယ်နော်"

  ဒါရိုက်တာရွေ့မှာမိမိပုခုံးမှနေသူ့ခေါင်းအားဖယ်လိုက်သည်။သို့သော်အခန်းမှထွက်မသွားခင် သူသည်မိမိ၏တင်ပါးအားဆိတ်ဆွဲသွားခဲ့သည်။

  "အားးး"

  မိမိသည်စိတ်ထဲမှနေအော်ဟစ်လိုက်သည်။မိမိသည်ပေါက်ကွဲထွက်ချင်သွားသည်။

  ငါ့ရဲ့မြတ်နိုးရတဲ့တင်ပါးလေး...အဖိုးမဖြတ်နိုင်တဲ့၂၅နှစ်ကြာ‌ေအာင်ငါပျိုးထောင်ခဲ့ရတဲ့တင်ပါးလေး...

  ဒါရိုက်တာရွေ့မှာသူ၏သွင်ပြင်နှင့်အလွန်ခြားနားနေလိမ့်မည်ဟု မိမိမယုံကြည်နိုင်ခဲ့ပေ။သူကသူ့ရဲ့အမျိုးသမီးလက်အောက်ငယ်သားတွေကို တစ်ကယ်ကြီးလိင်ပိုင်းဆိုင်ရာမြှူဆွယ်ရဲတယ်ပေါ့လေ။

  စက်ဆုပ်စရာပဲ၊အန်ချင်စရာကောင်းတယ်။

  ဒါရိုက်တာရွေ့သည်မိမိမသွားခင် အရင်ထွက်သွားခဲ့သည်။သူသည်မိမိမြင်ကွင်းမှပျောက်မသွားခင်တွင် သူ့ထံသို့မိမိ၏စက်ဆုပ်မှုအားပြသရန် သူ၏စကားများအားမိမိမှတုပလိုက်သည်။

  "ကိုယ်ဒီညမင်းဖုန်းကိုစောင့်နေမယ်နော်...ဆန်ကုန်မြေလေးကောင်။ငါ့ရဲ့အပေါင်းအဖော်အမျိုးသမီးထုကြီးအစား ငါကိုယ်စားပြုလိုက်မယ် ငါတို့တွေကနင့်ကိုလုံးဝအထင်မကြီးဘူးလို့"

  အိုး ဟုတ်သားပဲ။ဒီညမှာလုဝမ်ရွှယ်နဲ့အဘွားမုန့်ဆီသွားတွေ့ဖို့စီစဉ်ထားတာပဲ။ငါအဘွားမုန့်ကိုကြိုပြီးအသိပေးထားသင့်တယ်။မဟုတ်ရင် လုဝမ်ရွှယ်ကမကောင်းတဲ့ဝိညာဉ်လို့သူမထင်သွားပြီး သူ့ကိုဖယ်ရှားပစ်လိမ့်မယ်။ပြီးရင် ငါကခုထိစုယန်ရဲ့မစ်ရှင်ကိုမပြီးသေးဘူးလေ။အဲ့ဒါကဘယ်လောက်ဆိုးဝါးနေနေ ငါကပြီးအောင်လုပ်ရသေးတယ်လေ။အဲ့တော့ဖြုန်းစရာအချိန်ရှိမနေဘူးပဲ။

  အခုဒါရိုက်တာရွေ့ကသွားပြီဆိုတော့ ငါပြီးအောင်မရှင်းလင်းခဲ့ရင်တောင်ကိစ္စမရှိလောက်ပါဘူး။ထို့ကြောင့်မိမိသည်အစားအသောက်လှည်းအားစွန့်ပစ်ကာ ဟိုတယ်မှမြန်မြန်ထွက်သွားပြီး အဘွားမုန့်အားတွေ့ရန်တက္ကစီစီးသွားလိုက်သည်။

  နောက်တစ်ကြိမ်ထပ်ပြီး မိမိသည်အေးစက်ညှို့မှိုင်းသောနေရာအားရောက်လာပြန်သည်။ထူးဆန်းလောက်အောင်ပင် မိမိသည်ဤနေရာထံရည်မွန်သောခံစားချက်တစ်ခုစတင်တိုးတက်လာသည်။

  မိမိရောက်သွားသောအခါ အဘွားမုန့်သည်ထိုင်ခုံပေါ်ထိုင်ကာဂိမ်းဆော့နေလေသည်။ကြည့်ရသည်မှာ ဇွန်ဘီများအားသတ်နေသည့်ပုံပင်။

  အဘွားမုန့်ကတော့ ထင်တဲ့အတိုင်းပဲ။ရိုးရှင်းတဲ့ဂိမ်းတစ်ခုကတောင်သူမရဲ့နယ်ပယ်နဲ့သက်ဆိုင်နေတာပဲ။

  အဘွားမုန့်သည်မိမိအားမြင်သော် မူမမှန်စွာစိတ်လှုပ်ရှားသွားခဲ့သည်။သူမသည်မိမိအားကြိုဆိုရန် သူမ၏ဂိမ်းအားမြန်မြန်ဘေးပစ်ချလိုက်သည်။

  သူမ၏ပထမဆုံးစာကြောင်းမှာ

  "ငါ့ရဲ့ညီမလေး။ငါကနင့်ကိုလွမ်းနေခဲ့တာ"

  ချက်ချင်းဆိုသလို မိမိသည်နှာခေါင်းရှုံ့လိုက်သည်။အိုး ဘုရားရေ။သူမကငါ့ရဲ့သွေးသောက်အစ်မဆိုတာကိုငါမေ့သွားတာပဲ။ငါတို့ကိုမျိုးဆက်တူတူပဲလို့သတ်မှတ်ထားတာပဲ။

  "ကျွန်မကိုရှင့်ရဲ့ညီမ‌ေလးလို့မခေါ်လို့ရနိုင်မလား။အဘွားမုန့်..."

  မိမိသည်သူမအားစိတ်ဓာတ်ကျသောအမူအယာပြလိုက်သည်။ဆိုရိုးတွေအတိုင်းဆို သုံးနှစ်တိုင်းတစ်ကြိမ်မျိုးဆက်ကွာဟချက်ရှိတယ်တဲ့။ငါတို့ကြားမှာတော့နှစ်ထောင်ပေါင်းများစွာ မျိုးဆက်ကွာဟချက်ရှိတယ်လို့သူမပြောနိုင်မလား။

  အဘွားမုန့်သည်မိမိ၏တောင်းဆိုချက်အား လျစ်လျူရှုကာ မတ်တပ်ရပ်လိုက်သည်။

  "ညီမလေးထိုင်ဦး။ငါနင်စားဖို့အတွက်အသီးသွားဆေးလာခဲ့မယ်"

  "မလိုပါဘူး။အဆင်ပြေပါတယ်။ကျွန်မအတွက်တော့ အသီးထက်စာရင် အဲကွန်းကြီးပိတ်ပေးဖို့ပဲဆန္ဒရှိပါတယ်။ဒီနေရာကအရမ်းအေးလွန်းတယ်.."

  ထို့နောက်မိမိသည်နှာချေတော့သည်။

  "ဟပ်..ချိုး"

  "အေးတယ်လား။ဒါပေမယ့်ငါကတော့ဘာမှမခံစားရပါဘူး"

  "အဲ့ဒါကသိုးမွှေးကုတ်ကြီးကိုရှင်ဝတ်ထားလို့လေ။ဒါကနွေရာသီလေ။ဘယ်လိုလူကအိမ်ထဲမှာသိုးမွှေးကုတ်ကြီးဝတ်မှာလဲ"

  မိမိသည်အဘွားမုန့်၏ရူးကြောင်ကြောင်ဦးနှောက်ကြောင့်အံ့အားသင့်ရကာ နံရံဆီကိုပဲမိမိခေါင်းအားဆောင့်ပစ်လိုက်ချင်တော့သည်။မိမိမှသူမအကူအညီအားလိုနေသည့်အချက်ကြောင့်သာမဟုတ်လျှင် မိမိသည်ထပ်ပြောမိလိမ့်ဦးမည်။သို့သော် မိမိသည်အားလုံးအားဖိနှိပ်ကာ မိမိခေါင်းအားသာသာလေးထိရင်းကိုယ့်ဘာသာကိုယ်တိတ်တိတ်လေးအား‌ေပးလိုက်သည်။

  "ကောင်းတယ်။ကောင်းလေစွ။နင်ကောင်းကောင်းလုပ်ခဲ့တယ်"

  "ဒီနေ့ကျွန်မရောက်လာတာက ကျွန်မကိုတစ်ခုခုကူညီပေးဖို့ရှင့်ကိုလိုအပ်လို့ပါ"

  "ငါသိပါတယ်။နင်ကအကူအညီလိုမှသာငါ့ဆီလာတာကို"

  ယခုသူမဤစကားပြောလိုက်သောအခါ မိမိသည်အပြစ်ရှိသလိုခံစားလိုက်ရသည်။

  "အမ် ရှင်ကျွန်မကြောင့်အနှောင့်အယှက်ဖြစ်သွားလား"

  အဘွားမုန့်သည်ခေါင်းယမ်းလိုက်သည်။

  "ငါလည်းအိမ်မှာဘာမှလုပ်စရာမရှိဘူးလေ။ပြောရရင် ငါ့တစ်ဘဝလုံးဝိညာဉ်တွေနဲ့ပဲ ဆက်သွယ်ခဲ့ရတာ။ဘာဖြစ်ဖြစ် ဒီနေ့ငါ့အတွက်နင့်ဆီမှာဘယ်လိုပျော်စရာကိစ္စရှိနေလဲ"

  ပျော်စရာ...အိုကေ ရှိတယ်...

  "အရင်ကရှင်ကျွန်မကိုလုပ်ပေးခဲ့တဲ့ခန္ဓာကိုယ်ပူးကပ်တာကိုမှတ်မိလား။ကျွန်မအဲ့ဒါကိုထပ်လုပ်ချင်တယ်"

  "နောက်ဆုံးအခေါက်မှာ ဝိညာဉ်တစ်ခုကနင့်ကိုဖယ်ထုတ်လုနီးပါးဖြစ်သွားတာကိုတောင်မှ နင်ကထပ်လုပ်ကြည့်ချင်သေးတယ်ပေါ့လေ"

  အဘွားမုန့်သည်ရှုဝေ့ရှန်မတော်တဆမှုအားရည်ညွှန်းခဲ့သည်။ရှုဝေ့ရှန်သည်မိမိအားလူစားလဲပစ်ချင်ခဲ့သည်လေ။ထိုအချိန်က မိမိမှာတစ်ကယ်ထိတ်လန့်သွားရသည်။သို့သော်မိမိသည်ဆိုးဝါးသောအတွေ့အကြုံတစ်ခုမှ စိုးမိုးလာခွင့်ကိုမပြုနိုင်ပါ‌ေပ။

  "အဲ့ဒါကမတော်တဆပါ။ဒီတစ်ကြိမ်က သူ့မှတ်ဥာဏ်ကနေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုဖော်ထုတ်ရမှာ။အဲ့တော့ ဒါကတစ်ခုတည်းသောရွေးချယ်မှုပဲ။ပြောရရင် ရှင်လည်းကျွန်မနဲ့ဒီမှာရှိနေမှာပဲလေ ဟုတ်တယ်မလား"

  မိမိသည်လက်ဖြင့်အသည်းပုံ ပုံစံလုပ်လိုက်ကာ

  "ကျွန်မရှင့်ကိုယုံပါတယ်"

  "နင့်ရဲ့အရင်အတွေ့အကြုံပြီးတော့ အဲ့ဒါလုပ်ခဲ့ရင်တောင်မှအမှန်တရားတစ်ခုလုံးကိုသိရမှာမဟုတ်ဘူးဆိုတာ သိတယ်နော်။ခန္ဓာကိုယ်‌ေဝမျှပြီးရင် နင်ကသူ့ရဲ့အတွေးတွေကိုပဲဖတ်နိုင်မှာနော်"

  "ကျွန်မသိပါတယ်။ရှင်ဒီအကြောင်းပြောပြီးသားကို။ဒါပေမယ့်ကျွန်မမှာအခြားရွေးချယ်စရာမရှိတော့လို့ ရှင့်ရဲ့ဝန်ဆောင်မှုအတွက် တောင်းဆိုဖို့ပဲလုပ်နိုင်တော့တယ်။ကျေးဇူးပြုပြီးကျွန်မကိုနောက်တစ်ခါထပ်ကူညီပေးပါနော်"

  "ငါနင့်ကိုကူညီပေးနိုင်ပေမယ့် ဘာအတွက်လဲဆိုတာကိုပြောပြ"

  အဘွားမုန့်ကိုအမှန်တိုင်းပြောလိုက်လည်း အန္တရာယ်မရှိသင့်လောက်ပါဘူး။

  "တစ်နိုင်ငံလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့လုဝမ်ရွှယ်ရဲ့ မတော်တဆမှုကိုရှင်သတိထားမိလား"

  "လုဝမ်ရွှယ်လား။နင်ကသူနဲ့ဘယ်လိုလုပ်သွားပတ်သက်မိရတာလဲ"

  "အမ်....*ရှင်းပြ*... အဲ့တော့သဘာဝအတိုင်း..."

  မိမိသည်စိတ်ရှုပ်သွားခဲ့သည်။

  "ဒီအခြေအနေကဘယ်လောက်အန္တရာယ်များလဲဆိုတာကိုနင်သိလား။မလုပ်ဘူး။ငါနင့်ကိုဝင်ပါခွင့်မပြုဘူး။ငါမထောက်ခံဘူး"

  အဘွားမုန့်သည်ငြင်းဆန်ရင်း သူမထိုင်ခုံကိုလှည့်လိုက်ပြီးမိမိအားကျောပေးလိုက်သည်။

  အဘွားမုန့်သည်အခြေအနေအားဆန်းစစ်နေသည်ကိုမိမိပြောနိုင်လေသည်။သူမသည်အရှုပ်အထွေးမှနေ တစ်ကယ်ကွဲပြားခဲ့ပါသည်။သူမသည်အမှန်တရားအားမသိပေမယ့်လည်း လူထုအမြင်ကိုမျက်ကန်းယုံကြည်ဖို့မရွေးချယ်ခဲ့ပေ။

  အဘွားမုန့်မှကူညီရန်ဆန္ဒမရှိသဖြင့် မိမိသည်နောက်ဆုံးလက်နက်အားသုံးလိုက်သည်။

  "စုယန်ကဒီအမှုမှာဝင်ပါပြီးနေပြီ။သူ့ကိုကူညီဖို့အတွက် သူမလုပ်ခင်ကျွန်မကအရာရာတိုင်းကိုဖော်ထုတ်ရမယ်။အဲ့ဒီမှာပူးပေါင်းကြံစည်မှုတစ်ခုရှိနေမှန်း ရှင်လည်းသိပါတယ်။ဒါပေမယ့် ကျွန်မတို့ကပူးပေါင်းကြံစည်မှုကဘာဆိုတာကိုမသိဘူးလေ"

  "ရှောင်စုလား။သူကဒီအမှုထဲဘယ်လိုလုပ်ဝင်ပါသွားရတာလဲ"

  "ကျွန်မသူ့ကိုကူညီရမယ်။သူ့နည်းလမ်းအတိုင်းဆို အန္တရာယ်အရမ်းများလွန်းတယ်။ဒီအမှာမှာသူကြာကြာပါဝင်လေလေ သူကအန္တရာယ်ထဲပိုရောက်လေလေဖြစ်လိမ့်မယ်။အဲ့တော့ ပိုမြန်တဲ့ကောက်နုတ်ချက်တစ်ခုထွက်လာမယ့်တစ်ခုတည်းသောနည်းကရှင့်အကူအညီနဲ့ပဲ"

  "နင်.."

  အဘွားမုန့်သည်သက်ပြင်းချကာ ဘာမှထပ်ပြောမလာတော့ပေ။ထိုသည်မှာသူမကမိမိ၏တောင်းဆိုမှုကို တိတ်တိတ်လေးသဘောတူလိုက်သည့်ပုံပင်။

  ထင်တဲ့အတိုင်းပဲငါကစုယန်ကိုပြောလိုက်တာနဲ့ သူမကဘာမှထပ်ပြောမလာတော့ဘူး။

  "ကျေးဇူးပဲနော်"

  မိမိသည်နာရီအားကြည့်လိုက်သည်။

  "နေ့လည်ပဲရှိသေးတယ်။ကျွန်မက ညနေ၇နာရီမှာဒီကိုလာတွေ့ဖို့ သူနဲ့ချိန်းဆိုမှုတစ်ခုလုပ်ခဲ့တယ်။ကျွန်မမှာ၇နာရီရှိသေးတော့ ဒီမှာပဲနေပြီး ရှင့်ရဲ့အဖိုးတန်မြေးလေးပေးခဲ့တဲ့မစ်ရှင်ကိုပြီးအောင်လုပ်လိုက်ဦးမယ်"

  "ရှောင်စုကလား။သူကနင့်ကိုဘယ်လိုမစ်ရှင်မျိုးပေးလို့လဲ"

  "မပြောပါနဲ့တော့။အဲ့ဒါကိုတွေးမိတိုင်း ကျွန်မစိတ်တို‌လွန်းလို့။စုယန်ကကျွန်မကိုငါးပြတိုက်ဆီသွားပြီးမျိုးစိတ်တစ်ခုစီတိုင်းကို ဓာတ်ပုံရိုက်ပြီး တစ်ခုစီအတွက်အညွှန်းရေးဖို့ တစ်ကယ်ကြီးအမိန့်ပေးခဲ့တာလေ။ကျွန်မကသူ့အတွက်ပါဝါပွိုင့်တင်ပြချက်လည်းလုပ်ပေးရဦးမယ်။သူကကျွန်မဘဝခက်ခဲအောင်တမင်လုပ်ချင်နေခဲ့တာလေ"

  အဘွားမုန့်မှာဟက်ဟက်ပက်ပက်ရယ်တော့သည်။

  "ငါ့မြေးဆိုတဲ့အတိုင်းပဲ သူ့မှာတစ်ယောက်ယောက်ကိုရှုပ်ဖို့ဆန်းသစ်တဲ့အတွေးတွေရှိနေတာပဲ။သူကနင့်ဘဝကိုခက်ခဲအောင် သီးသန့်လုပ်နေတာက ငါထင်တာတော့ နင့်ကိုသူနဲ့အတူအန္တရာယ်များတဲ့ကိစ္စတွေထဲ ဝင်မပါစေချင်လို့ဖြစ်မှာပါ"

  "အင်း..."

  သူမသည်ဤအရာအားပေါ့ပျက်ပျက်အပြုအမူဖြင့် ပြောလာလိမ့်မည်ဟု မိမိမယုံကြည်နိုင်ခဲ့ပေ။မိမိသည်မျှော်လင့်ချက်မဲ့စွာခေါင်းယမ်းလိုက်သည်။စုမျိုးနွယ်တွေက တစ်ကယ်ကိုတစ်ခုခုတော့တစ်ခုခုပဲ။

  ထို့ကြောင့် မိမိသည်ပါဝါပွိုင့်လုပ်ရာတွင်သာ အာရုံစိုက်လိုက်ပြီးအချိန်မရှိတော့ပေ။ညနေ၆နာရီခွဲနေလေပြီလေ။

  ထူးဆန်းစွာပင် မိမိသည်ဤအသုံးမဝင်သည့်တာဝန်အားလက်ခံခဲ့ရပြီး အနည်းနှင့်အများပြီးစီးသွားခဲ့သည်။ထို့နောက် မိမိသည်လုဝမ်ရွှယ်အားစောင့်လိုက်သည်။

Continue Reading

You'll Also Like

7.3K 385 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
22.5K 2.6K 29
Name - Seventy Couple's Daily Routine Type - Web novel (CN) Genre - romance Tags - childcare, 1970s, military , weak to strong Author (s) - Flowing s...
88.7K 8.9K 56
21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင...