အပိုင်း(၄၇၈)
အရိုးသားဆုံးပြောရလျှင် 'Stupid'ရုပ်ရှင်က အနောက်တိုင်း ရုပ်ရှင်ဈေးကွက်တွင် ကောင်းမွန်သော အကြံပြုချက်များ ရရှိခဲ့သော်လည်း ထျန်းနင်၏ ရုပ်ရှင်အသစ် မထွက်သေး၍ ထျန်းနင်က ဇာတ်ရံ အဆင့်မျှသာ ရှိသေးသည်။ ထို့ကြောင့်လည်း အနောက်တိုင်းသားများက သူမကို အထင်မြင်သေးခြင်းက သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်ပင်။
တခြားသူဆိုလျှင် ဤအခြေအနေကို အလွယ်တကူ လက်သင့်ခံနိုင်သော်လည်း သူမက အလွယ်တကူ အရှုံး မပေးတတ်သည့် ထျန်းနင် ဖြစ်နေသည်။
ညနေ၃နာရီ ဥရောပနှင့် အမေရိကန် သရုပ်ဆောင် အများအပြား ဟိုတယ် ရောက်နေကြသည်။ ထိုစဉ် ထျန်းနင်တို့ကားလည်း ဟိုတယ် အဝင်ပေါက်ကို ဆိုက်ရောက်နေသည်။
မို့ထင်က ရှေးဖက်ရှင် ဝတ်စုံကို ဝတ်ဆင်ကာ ကားထဲမှ ပထမဆုံး ထွက်လာသည်။ မို့ထင်၏ တော်ဝင် အငွေ့အသက်ကြောင့် အနောက်တိုင်းသားများက သူ့တည်ရှိမှုကို ချက်ချင်း သတိထားမိသည်။
သို့သော်လည်း မို့ထင်က သူတို့အားလုံးကို အပြီးတိုင် လျစ်လျူရှုထားပြီး ကားအရှေ့ဘက်မှ ပတ်လမ်းလျှောက်ကာ ထျန်းနင်အတွက် တံခါး ကူဖွင့်ပေးသည်။
"ဘာဖြစ်တာလဲ။ သူက ဘယ်သူလဲ"
"အဲဒီအမျိုးသမီးကို အရင်တုန်းက မမြင်ဖူးပါဘူး"
" Takaနဲ့ တွဲဖက်သရုပ်ဆောင်တဲ့ အာရှအမျိုးသမီး ထင်ပါရဲ့"
အမေရိကန်သတင်းထောက်က ထျန်းနင်၏ဇာစ်မြစ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုသည်။
Takaက ပွဲအခမ်းအနား၏ အဓိကဇာတ်ဆောင် ဖြစ်နေ၍ သူတို့အပြုအမူကို အပြစ်တင် မထိုက်ပေ။ Takaတစ်ဦးတည်းသာ ကြော်ငြာမျက်နှာဖုံးတွင် ပါဝင်၍ Takaက အာရှရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြောင်းသာ မီဒီယာများ သိရှိထားကြသည်။ သူနှင့် တွဲဖက်သရုပ် ဆောင်သော သရုပ်ဆောင် မင်းသမီး အကြောင်း မည်သူမျှ မသိခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူတို့အားလုံး၏ အမြင်အာရုံထဲ အာရှသရုပ်ဆောင်များ၏ သရုပ်ဆောင် အရည်အချင်းကို တလေးတစား ခံယူထားခြင်း မရှိပေ။
ထျန်းနင်က အင်္ဂလိပ်စာ ကျွမ်းကျင်၍ သူတို့ဘာပြောနေလဲ သိနေသည်။ လူတိုင်းက သူမကို အထင်မြင်သေးသော အကြောင်းအရာများကို ပြောဆိုနေသော်လည်း သူမက ဒေါသကို ထုတ်ဖော်ခြင်း မရှိဘဲ မို့ထင်၏လက်မောင်းကို ချိတ်ကာ ဟိုတယ်ထဲ ဝင်ရောက်သည်။
နောက်ဆုံးအချိန်အထိ သူတို့အရှေ့ရောက်နေသော အမျိုးသမီးက သူတို့ အရူးအမူး စွဲလန်းခဲ့သော Oriental မော်ဒယ်မှန်း ယခုထိတိုင် သတင်းထောက်များ မသိသေးပေ။
ကားထဲမှ ထွက်လာပြီးနောက် ထျန်းနင်က သူမ၏ ကုတ်အင်္ကျီကို ချက်ချင်း မချွတ်ခဲ့ပေ။ ဟိုတယ်ထဲ ရောက်ပြီးမှသာ မို့ထင်က သူမကို အပေါ်အင်္ကျီ ကူချွတ်ပေးပြီး ဝန်ထမ်းကို ကမ်းပေးလိုက်သည်။
ထိုစဉ် ပွဲတစ်ပွဲလုံး ဧည့်သည်တော်များနှင့် ပြည့်နှက်နေသည်။
ထျန်းနင် ဝတ်ဆင်ထားသော ချီပေါင် ဝတ်စုံကြောင့် နိုင်ငံခြားသားများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူမ၏ဝတ်စားဆင်ယင်ပုံက နန်းတော်နှင့်တူသော ဟိုတယ် ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု ရှိသည်။
ထျန်းနင်က သူမ၏ဘေးနားမှာ ထွက်သွားရန် ကြံရွယ်နေသော မို့ထင်၏ လက်မောင်းကို ချိတ်လျက် ပြုံးပြသည်။
"ချစ်လေး ဘေးနားမှာ ထင် ရှိနေဖို့ လိုအပ်တယ်"
မို့ထင် ခေါင်းညိတ်လိုက်ပြီး သူမကို Takaအနား ခေါ်သွားသည်။
"ဒီအရှေ့တိုင်းမိန်းကလေးကို အရမ်းရင်းနှီး နေသလိုပဲ..."
"သူ့ဝတ်စုံက အရမ်းလှပြီး ထူးခြားတော့ ဘယ်ဒီဇိုင်းနာ ချုပ်ထားလဲ သိချင်လိုက်တာ"
"အာရှ အဝတ်အစားတွေက ရှုပ်တယ်ထင်လို့ အရင်က မကြိုက်ဖူးဘူး။.ဒါပေမဲ့ ဒီမိန်းမ ဝတ်ထားတဲ့ ဝတ်စုံကို မြင်တော့ ငါလည်း စမ်းဝတ်ချင်မိတယ်"
"အို့စ် ဒါနဲ ဒီဝတ်စုံက ငါတို့စီမှာ ခေတ်စားခဲ့ဖူးတယ်မလား"
ထျန်းနင် နှင့် မို့ထင်က Taka အရှေ့မှာ မတ်တတ် ရပ်လိုက်ကြပြီး Takaက သူ့ဟန်အမူအရာ အတိုင်း သူ့အေဂျင်စီ၊ သူ့အဖွဲ့များနှင့် မိတ်ဆက်ပေးသည်။
"Taka ဒီစုံတွဲက အင်္ဂလိပ်စကား ပြောနိုင်လား"
ထျန်းနင် ပြုံးလိုက်ပြီး သဘာဝဆန်ဆန် ပြန်ဖြေသည်။
"ဒါပေါ့"
Takaနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသော အမျိုးသားက အနည်းငယ် အံ့အားသင့်မိသော်လည်း ပြန်ပြုံးပြသည်။
"ကျွန်တော်က Takaရဲ့အစ်ကိုကြီးပါ။ Worldwide Entertainment Agencyရဲ့ စီအီအို Braun"
"ဟယ်လို Mr. Braunက ကျွန်မ ဘယ်သူလဲဆိုတာ မသိပုံ"
ထျန်းနင်က ပွင့်ပွင့်လင်းလင်း နှုတ်ဆက်သည်။
" 'The Lost Relative'ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီးပါ"
"အို့ အားနာမိပါတယ်။ မင်း ဘယ်သူလဲဆိုတာ မသိခဲ့မိဘူး။ Takaက အာရှဘက် သွားလည်ပတ်ချင်တယ် ပြောလို့ ပေကျင်းသွားခွင့် ပေးခဲ့တာ။ ဒါပေမဲ့ သူ ဘာလုပ်လဲ ဂရုမစိုက်ပါဘူး။ အာရှတိုင်းပြည်တွေဘက်မှာ သရုပ်ဆောင်တာ ဘာမှ မထူးခြားပါဘူး"
ရွှေဝါရောင်ဆံပင်နှင့် အမေရိကန် အမျိုးသားက ထျန်းနင်ကို အထင်မြင်သေးဟန်ပြသည်။
"မင်းတို့နိုင်ငံမှာ ဆယ်လီတွေ အများကြီး ရှိပေမဲ့ တကယ့်သရုပ်ဆောင်ကတော့ ရှားပါးတယ်"
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်က ဒေါသထွက်သည့် အရိပ်အယောင် မပြသခဲ့ပေ။ သူမက ပြီးပြည့်စုံသော အင်္ဂလိပ်အသံဖြင့်
" အနောက်တိုင်းမှာ သရုပ်ဆောင်တွေ ပေါများတယ်လို့ Mr. Braunက ပြောချင်တာလား"
"ဒါပေါ့ ဒီပွဲမှာတင် နိုင်ငံတကာ အသိအမှတ်ပြု ဆုရတဲ့ သရုပ်ဆောင် အနည်းဆုံး ၁၂ယောက်လောက် ရှိတယ်။ မင်းတို့ အာရှသားတွေ တစ်ခါမှ ခြေမချနိုင်တဲ့ စင်ပေါ်မှာ ဆုတက်ယူခဲ့ရတာနော်"
"ဟုတ်လား"
ထျန်းနင်က စူးစမ်းဟန် မေးမြန်းသည်။ အခန်းပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ထျန်းနင်က Braunဘက်လှည့်ကာ ခွန်းတုံ့ပြန်သည်။
" Jasonကလွဲရင် ဒီနေရာက တခြားသူတွေကို အသိအမှတ် မပြုနိုင်ဘူး။ ကျွန်မ ဘာပြောချင်တယ်ဆိုတာ Mr. Braunသိမှာပါ။ ရှင် စောနက ပြခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက အာရှမှာ အရမ်းကြီး နာမည်မကြီးပါဘူး။ တခြားသူတွေကို မမှတ်မိဘဲ Jason တစ်ယောက်တည်းကို မှတ်မိရတဲ့ အကြောင်းအရင်းက သူက အာရှရုပ်ရှင်မှာ သရုပ်ဆောင်ဖူးတယ်လေ"
"တစ်နည်းပြောရရင် သူလည်း ရှင့်မျက်လုံးထဲ နာမည်ကျော် သရုပ်ဆောင်ပဲလေ"
".သူတောင် အကျိုးအမြတ်ကို မျှော်ကိုးပြီး အာရှရုပ်ရှင် ဈေးကွက်ကို ဦးညွှတ်ခဲ့ရသေးတယ်လေ"
Braun အနည်းငယ် မှင်တက်နေသည်။ ထျန်းနင်က ချက်ကျလက်ကျ ပြောတတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ဖူးပေ။
"ရှင်တို့ရဲ့ ထူးချွန်ပါတဲ့ဆိုတဲ့ သရုပ်ဆောင်က ရှင်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုကို တခြားသူကို လက်ခံလာအောင် လိုလားလာအောင် ဖြန့်ဝေခဲ့ဖူးလား"
"ဒါကတော့..." Braun က မည်သို့မည်ပုံ ခွန်းတုံ့ပြန်ရမလဲ မသိခဲ့ပေ။
"I Mr. Braunလည်း တောင်ကိုရီးယားနိုင်ငံအကြောင်း သိမယ် ထင်ပါတယ်။ သူတို့မှာ စည်းမျဉ်း ရှိတယ်လေ"
ထျန်းနင်က ပြုံးပြုံးလေးဖြင့် စကားဆက်ပြောသည်။
" သူတို့နိုင်ငံရဲ့ ဘီအဆင့် ရှိတဲ့ ရုပ်ရှင်တွေကို တခြားနိုင်ငံကို ရောင်းချပေးတာ။ အေအဆင့်ရှိတဲ့ ရုပ်ရှင်တွေကို သူတို့နိုင်ငံက သရုပ်ဆောင်တွေနဲ့ပဲ သရုပ်ဆောင်လေ့ ရှိတယ်"
"ဒါက အာရှနိုင်ငံတွေရဲ့ အလေ့အထလို့ ငါ ခံစားမိတယ်။ ငါတို့ တရုတ်ပြည်မှာလဲ အဲဒီလိုပဲလေ။သရုပ်ဆောင် အရင်မျိုးဆက်တွေကလည်း နိုင်ငံရဲ့ယဉ်ကျေးမှု အလှတရားတွေကို အမွေဆက်ခံထားတာလေ။ အနောက်နိုင်ငံသားတွေကို တုပပြီး အလှဆင်နေဖို့ မလိုအပ်ဘူး။ ကျွန်မလို တတိယအဆင့် မော်ဒယ်ကပဲ နိုင်ငံတကာ အဆင့်အတန်းမှီအောင် ကြိုးစားဖို့ လိုအပ်တာလေ"
"ဒါပေမဲ့ ရယ်စရာအကောင်းဆုံး ကိစ္စတစ်ခု ရှိခဲ့သေးတယ်။ ဒီတတိယတန်းစား မော်ဒယ်ကလေ တစ်ခေတ်တခါက အမေရိကန်မှာ နာမည်မှာကျော်ခဲ့ဖူးတယ် "
Braun၏မျက်နှာအမူအရာ ကသိကအောင့်ဖြစ်သော ခံစားချက်ကို ဖော်ပြသော်လည်း ထျန်းနင်က ရပ်တန့်မည့် အတွေးမရှိခဲ့ပေ။
"Oriental Trendကို မှတ်မိသေးလား"
"ကျွန်မကြောင့် အရှေ့တိုင်း ဝတ်စုံကို အလုအယက် ဝယ်ခဲ့ကြတဲ့သူတွေ အများကြီး ရှိခဲ့တယ်လေ"
ထိုစကားသံကို ကြားပြီးနောက် လူအများစု တုန်လှုပ်သွားသည်။
ယနေ့အချိန်အထိ Oriental Trendဖက်ရှင် အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။
အပိုင်း(၄၇၈)
ပြီး၏။