သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၁၇)

5.2K 324 17
By Say_YaRr7


"ရောင်စဉ် နင် မင်းမြတ်မောင်ကို ငြင်းလိုက်တယ်ဆို"

ဘယ်ကတည်းက ပြောချင်နေသလဲမသိ အိမ်ထဲရောက်ရောက်ချင်းကိုမေးတော့သည်။

"သူကပြောပြတာလား"

"အင်း သူကပြောသေးတယ် နင်ကသဘောကျနေတဲ့သူရှိတယ်ဆို"

ဖူးမြတ်က မကျေမနပ်ဟန်နဲ့ပြော၏။လင်းဘက်ကသဘောကျနေတဲ့သူကိုမပြောပြလို့ သူစိတ်ဆိုးနေတာဖြစ်လိမ့်မည်။

"အွန်း"

"ငါကိုဘာလို့တစ်ခါမှမပြောပြရတာလဲ...နင်ငါ့ကိုမခင်ဘူးလား"

"မဟုတ်တာဖူးမြတ်ရာ...ငါနင့်ကိုအခင်ဆုံးကို"

လင်းမှာတကယ်ပဲအခင်ဆုံးသူငယ်ချင်းဆိုလို့ဖူးမြတ်ပဲရှိခဲ့တာပါ။

"ဒါဆိုငါ့ကိုတောင်ဘာမှမပြောဘဲ ဘာလို့ဖုန်းကွယ်ထားတာလဲ"

ဘယ်လိုပြောရဲခဲ့ပါ့မလဲ။ကိုယ်ချစ်မိနေတာမိန်းမတစ်ယောက်ဆိုတာကိုလေ။ပြီးတော့ သူတို့လက်မခံမှာလည်းကြောက်မိသေး၏။ဒါပေမဲ့ ဒီနေ့တော့ပြောဖြစ်တော့မယ်ထင်ပါရဲ့။

"ပြောဖို့အဆင်မပြေလို့ပါ"

"ဘာအဆင်မပြေစရာရှိလဲဟာ...နင်သဘောကျနေတဲ့သူဆို ငါကိုယ်တိုင်တောင်တွန်းပို့ပေးဦးမှာ"

"ထားလိုက်ပါ..."

"မရဘူးရောင်စဉ်..နင်မပြောပြရင် နင်ငါ့ကိုမခင်ဘူးလို့သတ်မှတ်လိုက်မှာ"

"နင်ဘာဖြစ်ဖြစ်လက်ခံမှာလား"

"ဘာတုန်း ဘာလက်မခံနိုင်စရာရှိရမှာတုန်း"

"ငါချစ်နေတာမိန်းကလေးတစ်ယောက်"

"ဟင်"

သိသားပဲ။ သူအံ့ဩသွားမယ်ဆိုတာကိုပေါ့။ပြီးတော့သူ လင်းကို အထင်သေးသွားမှာလား။

"နင် လက်မခံနိုင်ဘူးမလား"

"ဟာ..မဟုတ်ပါဘူး ငါကအံ့ဩသွားလို့ပါ..နင်ကမိန်းကလေးတွေကိုစိတ်ဝင်စားမယ်မှန်းမထင်ခဲ့ဘူးလေ"

တစ်ခါတလေမိန်းကလေးတစ်ယောက်ကိုသဘောကျနေကြောင်းမပြောပြချင်တဲ့အချက်တွေထဲမှာ ထိုအရာလည်းပါသည်။သူတို့တွေက မိန်းကလေးတစ်ယောက်ကိုသဘောကျတယ်လို့ပြောလိုက်တာနဲ့ မိန်းကလေးတိုင်းကိုစိတ်ဝင်စားတယ်လို့ထင်တတ်ကြတယ်မဟုတ်လား။လူတိုင်းမဟုတ်ပေမဲ့ တချို့တွေဆိုပိုဆိုးသည်။ဒါကြောင့်ဘယ်သူ့ကိုမှ ကိုယ့်ရဲ့ဖြစ်တည်မှုကိုမပြောပြချင်ခဲ့တာပါ။

"ငါကသူ့တစ်ယောက်ကိုပဲချစ်တာပါ"

"နင်တကယ်ကြီးလား"

"နောက်မနေနိုင်ပါဘူးဖူးမြတ်ရယ်"

"နင်ဘယ်သူ့ကိုသဘောကျကျလက်ခံပါတယ်ဟ...ငါက တစ်ပါးသူရဲ့ဖြစ်တည်မှုကိုမကဲ့ရဲ့ပါဘူးဟ"

"အင်းပါ အခုလိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်ဟာ"

"မလိုပါဘူးနော်...ဒါနဲ့နင်ကဘယ်သူ့ကိုသဘောကျနေတာလဲ"

"နင်ဘယ်သူ့ကိုမှပြန်မပြောရဘူးနော်"

"စိတ်ချ မပြောဘူး"

"ငါ..ငါ သခင့်ကိုချစ်နေတာ"

ပြောဖို့ကိုသိပ်တော့မဝံ့မရဲဖြစ်မိသည်။

"ဟို နင့်ရဲ့မမလား"

ခေါင်းညိတ်ပြလိုက်သည်။

"သူကနင့်ကိုပြန်ကြိုက်ပါ့မလား..သူကတော်တော်ဖြောင့်လောက်တယ်နော်"

ဖူးမြတ်ကသူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်းမကွယ်မဝှက်ဘဲပြောတတ်သောသူမျိုးဖြစ်သည်။အခုလည်း သူထင်ရာသာသူပြောသည်။

"ဟုတ်တယ် သခင်ကငါ့ကိုမကြိုက်ဘူး"

"ဟဲ့ နင်ကမြန်လှချည်လား ..ဖွင့်ပြောပြီးပြီပေါ့"

"အင်း..သခင်ကခါးခါးသီးသီးပါပဲ"

"နင်ဘယ်လိုလုပ်မှာလဲ ဟိုကနင့်ကိုပြန်မကြိုက်ဘူးဆိုတော့"

"ဘယ်လိုမှမလုပ်ပါဘူး..သူမကြိုက်လည်းငါကြိုက်တယ်လေ...သခင့်ကိုချစ်နေရရင်ကိုရပြီ"

တကယ်ပါ။သခင့်ကိုချစ်နေရရုံနဲ့တင်ကျေနပ်ပါတယ် သခင်ရယ်။

"သူကနင့်ကိုမကြိုက်ဘူးပြောပြီး ဘာလို့တစ်အိမ်ထဲနေကြတာလဲ"

"အဲ့ဒါကဖေဖေကနေခိုင်းလို့လေ..နင်လည်းသိသားပဲ ငါ့အိမ်မှာဧည့်သည်ရှိတယ်လို့..ဧည့်သည်ရောအတူတူနေတာပါ"

ဖူးမြတ်ကခေါင်းလေးညိတ်ကာ ယုံလိုက်တော့သည်။

"နင့်ရဲ့မမကတော်တော်တော့ချောတယ်နော်....သူ့မှာရည်းစားတွေဘာတွေမရှိဘူးလား"

"မရှိပါဘူး"

ညာပါရစေသခင်ရယ်။သခင့်မှာချစ်သူရှိနေတာ်ဆိုတဲ့အကြောင်းကိုနှုတ်ကပြောရုံဖြင့်နာကျင်ရပါတယ်သခင်ရယ်။ဒါကြောင့်မို့ညာလိုက်ပါရစေ။

"ဒီလိုဆိုတော့ နင့်အတွက်တော်သေးတာပေါ့"

"အင်း...နင်ကငါ့အိမ်လာပြီး စပ်စုရုံပဲလား"

"ငါကအစကတည်းက နင်သဘောကျနေတဲ့သူကိုမေးချင်လို့လာခဲ့တာလေ"

"ဒါများဖုန်းဆက်မေးလည်းရနေတာကို"

"နင်ကဖုန်းဆက်မေးရင် ဖြေချင်မှဖြေမှာကို"

ဒါလည်းဟုတ်ပါရဲ့။သူသာဖုန်းဆက်ပြီးမေးခဲ့ရင် ဘယ်သူ့ကိုချစ်နေတဲ့အကြောင်းပြောမိမှာမဟုတ်ပါ။

"နင်ညနေမှပြန်မှာမလား"

"အခုပဲပြန်မှာ...ငါ သွားစရာရှိသေးတယ်"

"နင်လာတာ ဘာမှမကြာသေးတာကို"

"ငါပြောပြီးပြီလေ...နင့်အကြောင်းစပ်စုချင်လို့လာခဲ့တာ..အခုသိချင်တာသိရပြီမို့ပြန်တော့မယ်"

"အေးပါ အေးပါ..ဒါဆိုလည်းပြန်ပါ"

"ငါ့ကိုခြံအပြင်ထိလိုက်ပို့ပေးဦး"

"အင်းပါ ပို့မှာပါ"

"နင့်အိမ်ကတော်တော်ကြီးသားပဲ"

အိမ်အပြင်ကနေ အိမ်ကြီးကိုကြည့်ရင်းဖူးမြတ်ကပြော၏။ဖူးမြတ်ကအရင်ဖေဖေတို့နဲ့နေတဲ့အိမ်ကိုပဲရောက်ဖူးခဲ့ပြီး အခုအိမ်အသစ်ကိုတော့အခုမှသာရောက်ဖူးခြင်းဖြစ်သည်။

"အင်း"

"ဂရုစိုက်ပြန်နော်"

"အေးပါ..တာ့တာ မမကပြန်ချစ်ပါစေနော်"

ဖူးမြတ်ကကားစက်နှိုးရင်းပြောင်စပ်စပ်လုပ်သေး၏။

"သွားပြီနော်"

"အင်းအင်း"

***

အစောကြီးရှိသေးမိုးကရွာနေတော့၏။အခုရက်ပိုင်းမိုးရွာတာခဏခဏပါပဲ။တော်သေးတာက မိုးကြိုးတွေမခြိမ်းလို့သာပေါ့။

"နွယ်ကလေး...အေးတယ်လေ..အခန်းထဲဝင်နေပါလား"

ပြတင်းပေါက်နားလေးရပ်ကာ ခြံအပြင်ကိုငေးနေမိသည်။တကယ်တော့သခင့်ကိုမျှော်နေမိတာပါ။သခင်ကအခုထိအပြင်က‌ေနပြန်မလားသေးပါ။အခုလိုမိုးရွာချတော့ သွားရလာရအဆင်မပြေဖြစ်မှာစိတ်ပူမိသည်။

"မဝင်သေးဘူးမမဇွန်...သခင့်ကိုစောင့်နေတာပါ"

"ဒါဆိုလည်းအိမ်ထဲကနေတော့ဝင်စောင့်ပါ...မိုးပက်တယ်နော်..ဖျားနေလိမ့်မယ်"

"အင်းပါ ခဏလေးပါပဲ သခင်လည်းပြန်လာခါနီးလောက်ပါပြီ"

"ကဲပါ မမဇွန်အတင်းမပြောတော့ပါဘူး နွယ်ကလေးကပြောလို့ရမယ်လည်းမထင်ပါဘူး"

မမဇွန်ကိုပြန်ပြောမယ်အကြံနဲ့သူ့ဘက်လှည့်လိုက်တော့မမဇွန်ကရှိမနေတော့။သူလည်း ဘာမှပြောမရတဲ့သူကိုစိတ်ပျက်သွားတယ်ထင်ပါရဲ့။

ခဏကြာတော့မမဇွန်ပြန်ရောက်လာ၏။

"ရော့..အင်္ကျီလက်ရှည်လေးတော့ဝတ်ထား"

မမဇွန်ကအင်္ကျီလက်ရှည်သွားယူပေးတာပဲ။ကိုယ့်ဖာသာထင်ချင်ရာထင်မိသွားခဲ့မိတာပဲ။

"သူစိမ်းတွေအင်္ကျီဝတ်တတ်ရဲ့လား နွယ်ကလေး မမဇွန်ကမင်းအင်္ကျီရှာကြည့်‌ေသးတယ် မတွေ့တာနဲ့ မမဇွန်အင်္ကျီပဲယူလာပေးတာ"

"ဝတ်တတ်ပါတယ်မမဇွန်ရဲ့...ကျေးဇူးပါနော်"

"ရပါတယ်...မမဇွန်အခန်းထဲဝင်တော့မယ်နော် အေးလို့"

"ဟုတ်ဟုတ် မမဇွန်"

မမဇွန်ပေးတဲ့အင်္ကျီကိုဝတ်လိုက်သည်။တကယ်ပဲ အချမ်းတော့နည်းနည်းပြေသွား၏။

"သခင့်ရဲ့အမုန်းတွေဒီမိုးစက်တွေနဲ့အတူမျောပါသွားရင် သိပ်ကောင်းမှာပဲ သခင်ရယ်.."

သခင်မကြားနိုင်တဲ့စကားလေးများကို မိုးစက်ကလေးများကိုကြည့်ရင်းရေရွတ်လိုက်မိ၏။

ခဏကြာတော့ အိမ်ရှေ့ကိုတက္ကစီတစ်စီးရပ်သွား၏။သေချာပေါက်သခင်ပဲဖြစ်မှာပါ။

သို့သော် သခင်တစ်ယောက်တည်းမဟုတ်ခဲ့။

"မောင် ပြန်တော့လေ"

"လွန်းအိမ်ထဲဝင်တာကိုရပ်ကြည့်ဦးမယ်လေ"

"မလိုအပ်တာတွေမလုပ်ချင်ပါနဲ့မောင်...မောင်နဲ့ ကျွန်မက ဘာမှဆိုင်တော့တာမဟုတ်ဘူး...."

"လွန်းရယ်ဒီလိုတော့မပြောပါနဲ့ မောင်ကလွန်းကိုအမြဲစောင့်နေတဲ့သူပါ"

"မောင့်ကိုမမျှော်လင့်ဖို့ပြောထားခဲ့တယ်နော်"

"ဒါပေမဲ့"

"ကားဆရာကို ရပ်ခိုင်းထားတာအားနာစရာကြီးပါ..ပြန်လိုက်တော့နော်"

"ဂျိန်း"

တစ်လျှောက်လုံးငြိမ်လျက်ရွာနေတဲ့မိုးက အခုမှရုတ်တရက်ထခြိမ်းတော့သည်။
သခင်လည်း မောင့်ရင်ခွင်ထဲရောက်သွား၏။
လက်ထဲကထီးပင်လွတ်ကျမလိုဖြစ်သွား၏။

"မောင် ကျွန်မကိုဘယ်လိုလုပ်လိုက်တာလဲ"

သခင်စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်၏။တကယ်လည်းထိုအပြုအမူမျိုးမနှစ်သက်ပါ။

"မောင်ကလွန်းကြောက်နေမှာစိုးလို့ပါ"

"ကျွန်မက မိုးခြိမ်းတာလောက်တော့မကြောက်တတ်ဘူး မောင်..အဲ့ဒါကြောင့်နောက်ကိုမောင်ဆင်ခြင်ပါ"

"အင်းပါ..မောင်ဆင်ခြင်ပါ့မယ်နော်..စိတ်မဆိုးပါနဲ့"

သခင်ဘာမှပြန်ပြောချင်စိတ်မရှိတာနဲ့ မောင့်ကိုနှုတ်ဆက်စကားပင်မပြောတော့ဘဲ ခြံတခါးကိုဖွင့်ကာဝင်လာလိုက်သည်။အစကတည်းကတစ်ယောက်တည်းပြန်လာရင် အကောင်းသားပါ။မောင်ကအတင်းပြန်လိုက်ပို့ပေးချင်တာနဲ့ အားနာပြီးပြန်လိုက်ပို့ခိုင်းလိုက်သည်။

ပြီးတော့အခုတလော သတိထားမိတာရှိသေးသည်။အရင်လို မောင့်ကိုရင်မခုန်တော့တာပါပဲ။ရင်မခုန်တော့တဲ့အပြင် မောင်နဲ့တွေ့ရမှာကိုပင် စိတ်မသက်မသာသလိုခံစားလာရသည်။ဒါတွေဟာ ဘာကြောင့်များလဲ။ဘာတွေဖြစ်နေခဲ့ပြီလဲ။

***
အစအဆုံးမြင်လိုက်ရတာမို့ သခင့်နဲ့ထိုလူနဲ့အခြေအနေကိုသေချာသဘောက်ပေါက်သွားသည်။

သခင်ရယ် တကယ်ပဲ သူ့ကိုရွေးချယ်မှာလား။တကယ်ပဲ သူ့ကိုချစ်နေတုန်းလား။
လက်မခံနိုင်ဘူးသခင်ရယ်။ လင်းကို ပြန်မချစ်ရင်နေပါ။အခြားသူကိုတော့ချစ်မနေစေချင်ဘူး။သခင့်အပေါ်မှာ အရင်လိုသဘောထားမကြီးနိုင်တော့ဘူးထင်ပါရဲ့။ အခုတော့ အတ္တကြီးတတ်လာပြီ သခင်ရယ်။

"သခင်"

သခင်ကထီးကိုတံခါးမှာထောင်ထားလိုက်သည်။ သခင့်နာမည်ခေါ်တာကိုဘာမှပြန်မထူးဘဲ မကြားဟန်ပြုနေသည်။သခင့်ကိုယ်မှာလည်းအနည်းငယ်မိုးရေရွဲနေသည်။ဒါဟာ ခုနက...ဟင့်အင် ပြန်မတွေးချင်တော့ဘူး။ဖြစ်နိုင်ရင်ခုနကမြင်ခဲ့တဲ့မြင်ကွင်းကို မှန်ဉာဏ်ထဲကနေဖျောက်လို့ရချင်မိသည်။ဒါဟာ ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်တာ သိရက်နဲ့ပေါ့။

"သခင့်ရည်းစားလား"

"ဟုတ်တယ်လေ"

သခင်က မဲ့ပြုံးတစ်ချက်ဖြင့်ပြန်ပြော၏။

"သခင်ရယ် သူ့ကိုမချစ်လို့မရဘူးလား..သဝန်တိုလို့ပါ"

"မင်းမှာသဝန်တိုခွင့်ရှိလို့လား..."

"ရှိတာပေါ့...သခင်နဲ့လင်းကလက်ထပ်ထားတာလေ"

ဒီလောက်လေးတော့ပြန်ပြောခွင့်ပေးပါသခင်။ဒီတစ်ခါလေးပါပဲ။နာကျင်ရလွန်းလို့ပါ။

"သူကငါ့ချစ်သူနော်...မင်းသဝန်တိုလည်းအလကားပဲ...မင်းကိုလက်ထပ်ထားလည်း ချစ်လို့မှမဟုတ်တာ..မင်းတို့သားအဖ တစ်ကိုယ်ကောင်းဆန်ခဲ့လို့လေ"

သခင်ပါးစပ်ကဒီထက်အသည်းနာစေမဲ့စကားတွေထပ်ပြီးထွက်လာမယ်ဆိုတာသိသည် ။အဲ့ဒီအခါကျရင်လည်း ကိုယ်ပဲနာကျင်ရဦးမည်။ဒါပေမဲ့ ဒီနေ့တော့ ထိန်းချုပ်ထားသမျှပြောပစ်လိုက်ချင်တော့သည်။

"သခင်က လင်းကိုဘာဖြစ်စေချင်နေတာလဲ...သခင့်ချစ်သူနဲ့တွဲနေတယ်ဆိုရင်လည်း ကွာရှင်းရအောင်..အဲ့လောက်ထိကျ ခံနိုင်ရည်မရှိတော့ဘူး"

"အဲ့ဒါမင်းအပိုင်းလေ....ငါကတော့ မင်းခံစားရရင်ကိုပျော်နေတာ..ဒါကြောင့်မင်းကိုအခုလောလောဆယ်ကွာဖို့မရှိသေးဘူး..မင်းကိုစိတ်ဒုက္ခပေးလို့မဝသေးဘူး"

"သခင်"

ခပ်ကျယ်ကျယ်အော်လိုက်မိသည်။သခင်ကြောင့် ပေါက်ကွဲကုန်တော့မှာပဲ။

"မင်းငါ့ကိုချစ်နေတယ်ဆိုတာသိရတုန်းက ငါအရမ်းစိတ်တိုခဲ့တာ..ဒါပေမဲ့ နောက်ပိုင်းစဉ်းစားကြည့်လိုက်တော့ ဒါဟာဝမ်းသာစရာပဲမဟုတ်လား...ငါမုန်းတဲ့သူက ငါ့ကိုချစ်နေတယ်ဆိုတာလေ..ငါ့အတွက်အသုံးချလို့ကောင်းတဲ့လက်နက်တစ်ခုကိုငါကရလိုက်တာပဲ"

သခင်ဟာ တကယ်ပဲရက်စက်တယ်မလား။
သခင့်ရဲ့ဖိနပ်လေးဖြစ်ချင်တယ်လို့တွေးမိလို့များလားမသိပါ။သခင်ဟာ စိတ်ကြိုက်ကိုနင်းချေပစ်တော့တာပါပဲ။

"တော်ပါတော့ သခင်ရယ်..တော်ပါတော့"

"မတော်ပါဘူး...ဒီထက်ကိုပိုပြောဦးမှာ"

"ရတယ် သခင်အဲ့ဒီလူနဲ့ထပ်ပြီးပတ်သက်ရင်...အဲ့ဒီလူကိုတစ်ခုခုလုပ်တော့မှာ"

သခင့်မျက်နှာပျက်သွားသည်။သခင်ဟာ တကယ်ပဲအဲ့ဒီလူကိုထိတာမကြိုက်ဘူးဘဲ။အနိုင်ယူချင်လို့ပြောမိပေမဲ့ အနိုင်မရလိုက်တာတော့သေချာသည်။ထိုလူဘက်မှာသခင်ရှိနေတယ်ဆိုတဲ့အသိနဲ့တင်ရှုံးနေပါပြီသခင်ရယ်။

"မင်းအဲ့လိုလုပ်ရင် ငါကလည်းမင်းကိုတစ်ခုခုပြန်လုပ်မှာ..မင်းသိထားရမှာက ငါ့ချစ်သူကိုငါ့အသက်ထက်ပိုချစ်တယ်ဆိုတာပဲ"

ဒီစကားတွေဟာမုသား‌စကားတွေဆိုတာ သခင်ပဲသိနိုင်လိမ့်မည်။သူ့ကိုအနိုင်ယူဖို့တစ်ခုတည်းကိုသာ ရည်ရွယ်ခဲ့တာပါ။

"သူ့ကိုတကယ်သတ်မိလိမ့်မယ်နော်သခင်"

ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်ကိုသခင့်နှုတ်ကနေချစ်တယ်လို့ပြောနေတာကို မကြားချင်ဘူး။ဘာတဲ့ သူ့အသက်ထက်ပိုချစ်တယ်တဲ့လား။တကယ်ပဲ သခင်နိုင်နေပါပြီသခင်ရယ်။

"မင်းကြောင့်ငါ့အမေသေပြီးပြီလေ..အခုငါ့ချစ်သူကိုပါမင်းကခြိမ်းခြောက်နေတာလား..
တကယ်တော့ မင်းသာအဲ့ဒီနေ့ကတည်းကတစ်ခုခုဖြစ်သွားရင် ငါ့အမေလည်းသေစရာမလိုသလို..ငါလည်းမောင်နဲ့ခွဲရမှာမဟုတ်ဘူး..တကယ်တော့ အစကတည်းကမင်းကသေသင့်တဲ့သူပဲ..အဲ့ဒီနေ့ကတည်းက ကားတိုက်ခံရတဲ့သူဟာ မင်းဖြစ်ခဲ့သင့်တာ"

ဒီလိုလှပတဲ့မိန်းမတစ်ယောက်ရဲ့ပါးစပ်ကဒီစကားမျိုးထွက်လာတာအံ့ဩစရာပဲမဟုတ်လား။

သခင်ပြောသလို တကယ်ပဲသေသွားသင့်တဲ့သူဟာ ကိုယ်ပါပဲ။အစကတည်းကမွေးမလာမိခဲ့ရင်ကောင်းမှာပဲ။

"သခင်က လင်းကိုသေစေချင်ခဲ့တာလား"

"အသေအချာပဲ"

မတုံ့မဆိုင်းပဲ သခင်ကဖြေလိုက်သည်။သခင်က လင်းကိုတကယ်ပဲသေစေချင်ခဲ့တာပဲ။

"ကောင်းပြီ..ဒါဆို ကျိန်ဆိုမယ်"

"သခင်သာ ကျွန်မကို တကယ်ပဲသေစေလိုတဲ့ဆန္ဒရှိခဲ့ရင်၊သခင့်ဟာ ကျွန်မသေဆုံးတာကိုစိတ်ရင်းအမှန်နဲ့မြင်ချင်ခဲ့တာမှန်ရင်သခင့်ရှေ့မှာတင် ကျွန်မကားတိုက်ပြီးသေဆုံးပါစေ"

"ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကျိန်ခြင်းပါသခင်...သခင်ကအဲ့လောက်တောင်သေစေချင်ခဲ့မှန်းမသိခဲ့ဘူး...စိတ်ချပါ ..ဒါဟာစိတ်ရင်းအမှန်နဲ့ကျိန်ဆိုတာမို့ ဒီကျိန်စာတွေဟာသေချာပေါက်ထိမယ်ဆိုတာ သခင်ယုံလိုက်ပါ...အဲ့ဒီအချိန်ကျရင်တော့ သေချာပေါက်သခင်ပျော်ရမှာပါ"

သခင်ပြောစရာစကားများပျောက်ရှသွားသည်။သူ့ရဲ့ကျိန်ဆိုသံဟာလည်းနားထဲတွင်ပဲ့တင်ထပ်နေသည်။တကယ်ပဲ အဲ့ဒီလိုဖြစ်သွားရင်ဆိုတဲ့အတွေးနဲ့တင် လူဟာဆောက်တည်ရာမရာချင်တော့။
ပြောလိုက်တဲ့စကားတွေဟာ လွန်သွားခဲ့ပြီလား။

"မနက်ဖြန်ကျရင် ဖေဖေ့ကိုခေါ်ပြီး  သခင်နဲ့ကိစ္စဖြတ်တော့မယ်...ကျွန်မကို သေလောက်အောင်မုန်းနေပါတယ်ဆိုတဲ့သူနဲ့လည်း အတူနေဖို့ဆန္ဒမရှိတော့ပါဘူး...အဓိကကတော့ သခင့်ကို ဒီထက်ပိုပြီးစိတ်မဆင်းရဲစေချင်တော့လို့ပါ..ဘယ်လောက်ပဲ သခင့်ဘက်ကကျွန်မကို ရက်စက်ရလို့ကျေနပ်တယ်ပဲပြောပြော...အနည်းဆုံးတော့ ကိုယ်မုန်းတဲ့သူရဲ့မျက်နှာကိုမြင်ရတာပူလောင်ရမှာပါ...ဒါကြောင့်မို့ သခင်နဲ့ကျွန်မကွာရှင်းရအောင်ပါ"

စိတ်နာချင်‌ေယာင်‌ေဆာင်ပါရစေသခင်ရယ်။မနာချင်ပေမဲ့ ကြိုးစားပြီးနာကြည့်ပါရစေ။ကိုယ့်ကို သေလောက်အောင်မုန်းနေတဲ့ သခင့်ကို ဒီတစ်ခါတော့နာကျည်းပါရစေ။

***
"အရင်တုန်းကကိုယ့်ကို မင်းပြောဖူးတဲ့အတိုင်း အခုလည်းပဲ‌လေချစ်လို့မရဘူးတဲ့
မယုံဘူးဆိုလည်းလေ ကိုယ့်နှလုံးသားလေးကလက်တွေ့ဘဝနဲ့ခြားနားနေ တကယ်တမ်း တစ်ဖက်သတ်အချစ်ကဆိုးပါတယ်
ကိုယ်သိနားလည် တကယ်ပဲနှလုံးသားလေးကသိနားလည် အို...မင်းရင်ထဲမှာရှိတဲ့အတိုင်း မုန်းပါ..မုန်းလိုက်ပါ..အို..မင်းရင်ထဲမှာထည့်လို့မရတာပဲ ဘယ်တတ်နိုင်ပါဦးမလဲ..ချစ်တယ် အရင်အတိုင်းပဲ..အို မင်းပျော်နေရင် ကိုယ်အသည်းလေးကွဲလည်း တိတ်တိတ်ကလေးပါပဲ ငိုမိတယ်...

အရင်တုန်းကကိုယ့်ကိုမင်းထားခဲ့တဲ့အတိုင်း
အခုလည်းပဲလေ အဝေးကနေဆဲပဲ မြင်ကွင်းတွေထဲမှာ ကိုယ့်နှလုံးသားလေးအား
မသည်းကွဲဘူးဆိုရှောင်သွားပါ တကယ်တမ်း တစ်ဖက်သတ်အချစ်ကဆိုးတယ် ကိုယ်သိနားလည် တကယ်ပဲနှလုံးသားလေးကသိနားလည် အို...မင်းရင်ထဲမှာရှိတဲ့အတိုင်း မုန်းပါ..မုန်းလိုက်ပါ..အို..မင်းရင်ထဲမှာထည့်လို့မရတာပဲ ဘယ်တတ်နိုင်ပါဦးမလဲ..ချစ်တယ် အရင်အတိုင်းပဲ..အို မင်းပျော်နေရင် ကိုယ်အသည်းလေးကွဲလည်း တိတ်တိတ်ကလေးပါပဲ ငိုမိတယ်...

ခပ်ကျဲကျဲ ရွာနေတဲ့မိုးစက်တွေနဲ့အတူ ဝိဉာဉ်ပါတစ်ခါထဲလွင့်သွားပါစေဆုတောင်မိ၏။ဒီဘဝကြီးမှာမနေချင်တော့ဘူး။သခင်မုန်းတဲ့ဘဝမှာမနေချင်တော့ဘူးသခင်ရယ်။

မိုးရေတွေနဲ့မျက်ရေတွေရောနှောကာ ငိုနေမိတာ ဘယ်သူမှမသိနိုင်မည်မဟုတ်။ဒါပေမဲ့ လက်ထဲကဂစ်တာလေးကတော့ သိမှာပါ။ဂစ်တာလေးက ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်အတွက်ခံစားနေရတာကို လှောင်ပြောင်နေမလား။ဒါမဟုတ် သနားနေမလားတော့ သေချာမသိပါ။ဒါပေမဲ့ သခင်ကတော့ သေချာပေါက်ကိုလှောင်ရယ်နေလိမ့်မယ်မဟုတ်လား။

"နွယ်ကလေး"

"မမဇွန်"

မမဇွန်ကထီးကလေးယူလာပြီး မိုးပေးရှာသည်။ပြီးတော့ လင်းကိုဖတ်ထား‌ေပး၏။

"နွယ်ကလေးရယ်...မိုးရေထဲမှာကိုကွယ်...ဒီတစ်ခါလည်း သူ့ကြောင့်ခံစားရပြန်ပြီလား"

"မမဇွန်...သခင်က လင်းကို မုန်းတယ်တဲ့"

စိတ်သက်သာလို့သက်သာငြား ရင်ဖွင့်လိုက်မိ၏။ သို့ပေမဲ့ တကယ်ပဲစိတ်သာသာရာရသွားသလားဆိုတာတော့ သေချာမသိပါ။

"မမဇွန် အကုန်ကြားပါတယ်နွယ်ကလေးရယ်...မင်းကိုလည်းသနားမိတယ်သိလား...အိမ်ထဲဝင်ရအောင်နော် မင်းကိုယ်လုံးတွေတုန်နေပြီ..တော်ကြာတစ်ခုခုဖြစ်နေလိမ့်မယ်"

"မဝင်ချင်ဘူးမမဇွန် ..တစ်ခါတည်းသေသွားရင်ကောင်းမယ်...သေချင်တာပဲသိတော့တယ်"

"မပြောကောင်းမဆိုကောင်းတွေမပြောရဘူးလေ...လာပါ မမဇွန်နဲ့အတူ အိမ်ထဲဝင်ရအောင်နော်"

မမဇွန်ကိုယ်မှာမိုးတွေစိုနေပြီမို့ မမဇွန်တစ်ခုခုဖြစ်မှာစိုးလို့သာ ခေါင်းညိတ်လိုက်မိသည်။မမဇွန်သာလာမခေါ်ခဲ့ရင် တစ်ညလုံးမိုးရေထဲမှာနေလိုက်ဖို့စိတ်ကူးထားခဲ့သည်။ဒီညကုန်ပြီး မနက်မှာပြန်မနိုးလာဖို့ရည်ရွယ်ချက်နဲ့ပေါ့။

သခင် လက်ထဲကထီးလေးကိုပြန်ချထားလိုက်သည်။ လိုမှမလိုအပ်တော့ပဲ။သခင်ဘယ်လောက်ပဲရက်စက်ပါတယ်ဆိုဆို အလုံးစုံတော့ဥပေက္ခာမပြုနိုင်ခဲ့ပါ။

သီချင်းသံစကြားကတည်းက သခင်သိသည်။သူ့ဘာသာပြန်ဝင်လောက်ပါတယ်ဆိုတဲ့အတွေးနဲ့ လျစ်လျူရှုထားခဲ့မိသည်။အချိန်အတော်ကြာအထိမဝင်သေးသဖြင့် ပူပန်စိတ်ကလေးကရင်ထဲလှုပ်ရှားသွားခဲ့သည်။

မာနနဲ့စိုးရိမ်မှုတို့လွန်ဆွဲနေတဲ့ပွဲမှာ မာနကအနိုင်မရခဲ့ရှာဘူး။ဒါပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားတဲ့ သခင့်မှာ အသည်းမာလိုက်တာဆိုတဲ့အရာတစ်ခုသာထပ်မံရရှိသွားရှာသည်။သခင့်ရဲ့ စိုးရိမ်ပူပန်မှုလေးကိုတော့ ထိုကလေး သိမသွားရှာလိုက်ပါ။

13.2.2024
#သခင်

Song name : မုန်းပါ
Singer: ကျော်ဇင်မင်း



"

ေရာင္စဥ္ နင္ မင္းျမတ္ေမာင္ကို ျငင္းလိုက္တယ္ဆို"

ဘယ္ကတည္းက ေျပာခ်င္ေနသလဲမသိ အိမ္ထဲေရာက္ေရာက္ခ်င္းကိုေမးေတာ့သည္။

"သူကေျပာျပတာလား"

"အင္း သူကေျပာေသးတယ္ နင္ကသေဘာက်ေနတဲ့သူ႐ွိတယ္ဆို"

ဖူးျမတ္က မေက်မနပ္ဟန္နဲ႔ေျပာ၏။လင္းဘက္ကသေဘာက်ေနတဲ့သူကိုမေျပာျပလို႔ သူစိတ္ဆိုးေနတာျဖစ္လိမ့္မည္။

"အြန္း"

"ငါကိုဘာလို႔တစ္ခါမွမေျပာျပရတာလဲ...နင္ငါ့ကိုမခင္ဘူးလား"

"မဟုတ္တာဖူးျမတ္ရာ...ငါနင့္ကိုအခင္ဆုံးကို"

လင္းမွာတကယ္ပဲအခင္ဆုံးသူငယ္ခ်င္းဆိုလို႔ဖူးျမတ္ပဲ႐ွိခဲ့တာပါ။

"ဒါဆိုငါ့ကိုေတာင္ဘာမွမေျပာဘဲ ဘာလို႔ဖုန္းကြယ္ထားတာလဲ"

ဘယ္လိုေျပာရဲခဲ့ပါ့မလဲ။ကိုယ္ခ်စ္မိေနတာမိန္းမတစ္ေယာက္ဆိုတာကိုေလ။ၿပီးေတာ့ သူတို႔လက္မခံမွာလည္းေၾကာက္မိေသး၏။ဒါေပမဲ့ ဒီေန႔ေတာ့ေျပာျဖစ္ေတာ့မယ္ထင္ပါရဲ႕။

"ေျပာဖို႔အဆင္မေျပလို႔ပါ"

"ဘာအဆင္မေျပစရာ႐ွိလဲဟာ...နင္သေဘာက်ေနတဲ့သူဆို ငါကိုယ္တိုင္ေတာင္တြန္းပို႔ေပးဦးမွာ"

"ထားလိုက္ပါ..."

"မရဘူးေရာင္စဥ္..နင္မေျပာျပရင္ နင္ငါ့ကိုမခင္ဘူးလို႔သတ္မွတ္လိုက္မွာ"

"နင္ဘာျဖစ္ျဖစ္လက္ခံမွာလား"

"ဘာတုန္း ဘာလက္မခံႏိုင္စရာ႐ွိရမွာတုန္း"

"ငါခ်စ္ေနတာမိန္းကေလးတစ္ေယာက္"

"ဟင္"

သိသားပဲ။ သူအံ့ဩသြားမယ္ဆိုတာကိုေပါ့။ၿပီးေတာ့သူ လင္းကို အထင္ေသးသြားမွာလား။

"နင္ လက္မခံႏိုင္ဘူးမလား"

"ဟာ..မဟုတ္ပါဘူး ငါကအံ့ဩသြားလို႔ပါ..နင္ကမိန္းကေလးေတြကိုစိတ္ဝင္စားမယ္မွန္းမထင္ခဲ့ဘူးေလ"

တစ္ခါတေလမိန္းကေလးတစ္ေယာက္ကိုသေဘာက်ေနေၾကာင္းမေျပာျပခ်င္တဲ့အခ်က္ေတြထဲမွာ ထိုအရာလည္းပါသည္။သူတို႔ေတြက မိန္းကေလးတစ္ေယာက္ကိုသေဘာက်တယ္လို႔ေျပာလိုက္တာနဲ႔ မိန္းကေလးတိုင္းကိုစိတ္ဝင္စားတယ္လို႔ထင္တတ္ၾကတယ္မဟုတ္လား။လူတိုင္းမဟုတ္ေပမဲ့ တခ်ိဳ႕ေတြဆိုပိုဆိုးသည္။ဒါေၾကာင့္ဘယ္သူ႕ကိုမွ ကိုယ့္ရဲ႕ျဖစ္တည္မႈကိုမေျပာျပခ်င္ခဲ့တာပါ။

"ငါကသူ႕တစ္ေယာက္ကိုပဲခ်စ္တာပါ"

"နင္တကယ္ႀကီးလား"

"ေနာက္မေနႏိုင္ပါဘူးဖူးျမတ္ရယ္"

"နင္ဘယ္သူ႕ကိုသေဘာက်က်လက္ခံပါတယ္ဟ...ငါက တစ္ပါးသူရဲ႕ျဖစ္တည္မႈကိုမကဲ့ရဲ႕ပါဘူးဟ"

"အင္းပါ အခုလိုနားလည္ေပးလို႔ေက်းဇူးတင္ပါတယ္ဟာ"

"မလိုပါဘူးေနာ္...ဒါနဲ႔နင္ကဘယ္သူ႕ကိုသေဘာက်ေနတာလဲ"

"နင္ဘယ္သူ႕ကိုမွျပန္မေျပာရဘူးေနာ္"

"စိတ္ခ် မေျပာဘူး"

"ငါ..ငါ သခင့္ကိုခ်စ္ေနတာ"

ေျပာဖို႔ကိုသိပ္ေတာ့မဝံ့မရဲျဖစ္မိသည္။

"ဟို နင့္ရဲ႕မမလား"

ေခါင္းညိတ္ျပလိုက္သည္။

"သူကနင့္ကိုျပန္ႀကိဳက္ပါ့မလား..သူကေတာ္ေတာ္ေျဖာင့္ေလာက္တယ္ေနာ္"

ဖူးျမတ္ကသူ႕ရဲ႕စိတ္ထဲ႐ွိတဲ့အတိုင္းမကြယ္မဝွက္ဘဲေျပာတတ္ေသာသူမ်ိဳးျဖစ္သည္။အခုလည္း သူထင္ရာသာသူေျပာသည္။

"ဟုတ္တယ္ သခင္ကငါ့ကိုမႀကိဳက္ဘူး"

"ဟဲ့ နင္ကျမန္လွခ်ည္လား ..ဖြင့္ေျပာၿပီးၿပီေပါ့"

"အင္း..သခင္ကခါးခါးသီးသီးပါပဲ"

"နင္ဘယ္လိုလုပ္မွာလဲ ဟိုကနင့္ကိုျပန္မႀကိဳက္ဘူးဆိုေတာ့"

"ဘယ္လိုမွမလုပ္ပါဘူး..သူမႀကိဳက္လည္းငါႀကိဳက္တယ္ေလ...သခင့္ကိုခ်စ္ေနရရင္ကိုရၿပီ"

တကယ္ပါ။သခင့္ကိုခ်စ္ေနရ႐ုံနဲ႔တင္ေက်နပ္ပါတယ္ သခင္ရယ္။

"သူကနင့္ကိုမႀကိဳက္ဘူးေျပာၿပီး ဘာလို႔တစ္အိမ္ထဲေနၾကတာလဲ"

"အဲ့ဒါကေဖေဖကေနခိုင္းလို႔ေလ..နင္လည္းသိသားပဲ ငါ့အိမ္မွာဧည့္သည္႐ွိတယ္လို႔..ဧည့္သည္ေရာအတူတူေနတာပါ"

ဖူးျမတ္ကေခါင္းေလးညိတ္ကာ ယုံလိုက္ေတာ့သည္။

"နင့္ရဲ႕မမကေတာ္ေတာ္ေတာ့ေခ်ာတယ္ေနာ္....သူ႕မွာရည္းစားေတြဘာေတြမ႐ွိဘူးလား"

"မ႐ွိပါဘူး"

ညာပါရေစသခင္ရယ္။သခင့္မွာခ်စ္သူ႐ွိေနတာ္ဆိုတဲ့အေၾကာင္းကိုႏႈတ္ကေျပာ႐ုံျဖင့္နာက်င္ရပါတယ္သခင္ရယ္။ဒါေၾကာင့္မို႔ညာလိုက္ပါရေစ။

"ဒီလိုဆိုေတာ့ နင့္အတြက္ေတာ္ေသးတာေပါ့"

"အင္း...နင္ကငါ့အိမ္လာၿပီး စပ္စု႐ုံပဲလား"

"ငါကအစကတည္းက နင္သေဘာက်ေနတဲ့သူကိုေမးခ်င္လို႔လာခဲ့တာေလ"

"ဒါမ်ားဖုန္းဆက္ေမးလည္းရေနတာကို"

"နင္ကဖုန္းဆက္ေမးရင္ ေျဖခ်င္မွေျဖမွာကို"

ဒါလည္းဟုတ္ပါရဲ႕။သူသာဖုန္းဆက္ၿပီးေမးခဲ့ရင္ ဘယ္သူ႕ကိုခ်စ္ေနတဲ့အေၾကာင္းေျပာမိမွာမဟုတ္ပါ။

"နင္ညေနမွျပန္မွာမလား"

"အခုပဲျပန္မွာ...ငါ သြားစရာ႐ွိေသးတယ္"

"နင္လာတာ ဘာမွမၾကာေသးတာကို"

"ငါေျပာၿပီးၿပီေလ...နင့္အေၾကာင္းစပ္စုခ်င္လို႔လာခဲ့တာ..အခုသိခ်င္တာသိရၿပီမို႔ျပန္ေတာ့မယ္"

"ေအးပါ ေအးပါ..ဒါဆိုလည္းျပန္ပါ"

"ငါ့ကိုျခံအျပင္ထိလိုက္ပို႔ေပးဦး"

"အင္းပါ ပို႔မွာပါ"

"နင့္အိမ္ကေတာ္ေတာ္ႀကီးသားပဲ"

အိမ္အျပင္ကေန အိမ္ႀကီးကိုၾကည့္ရင္းဖူးျမတ္ကေျပာ၏။ဖူးျမတ္ကအရင္ေဖေဖတို႔နဲ႔ေနတဲ့အိမ္ကိုပဲေရာက္ဖူးခဲ့ၿပီး အခုအိမ္အသစ္ကိုေတာ့အခုမွသာေရာက္ဖူးျခင္းျဖစ္သည္။

"အင္း"

"ဂ႐ုစိုက္ျပန္ေနာ္"

"ေအးပါ..တာ့တာ မမကျပန္ခ်စ္ပါေစေနာ္"

ဖူးျမတ္ကကားစက္ႏိႈးရင္းေျပာင္စပ္စပ္လုပ္ေသး၏။

"သြားၿပီေနာ္"

"အင္းအင္း"

***

အေစာႀကီး႐ွိေသးမိုးက႐ြာေနေတာ့၏။အခုရက္ပိုင္းမိုး႐ြာတာခဏခဏပါပဲ။ေတာ္ေသးတာက မိုးႀကိဳးေတြမၿခိမ္းလို႔သာေပါ့။

"ႏြယ္ကေလး...ေအးတယ္ေလ..အခန္းထဲဝင္ေနပါလား"

ျပတင္းေပါက္နားေလးရပ္ကာ ျခံအျပင္ကိုေငးေနမိသည္။တကယ္ေတာ့သခင့္ကိုေမွ်ာ္ေနမိတာပါ။သခင္ကအခုထိအျပင္က‌ေနျပန္မလားေသးပါ။အခုလိုမိုး႐ြာခ်ေတာ့ သြားရလာရအဆင္မေျပျဖစ္မွာစိတ္ပူမိသည္။

"မဝင္ေသးဘူးမမဇြန္...သခင့္ကိုေစာင့္ေနတာပါ"

"ဒါဆိုလည္းအိမ္ထဲကေနေတာ့ဝင္ေစာင့္ပါ...မိုးပက္တယ္ေနာ္..ဖ်ားေနလိမ့္မယ္"

"အင္းပါ ခဏေလးပါပဲ သခင္လည္းျပန္လာခါနီးေလာက္ပါၿပီ"

"ကဲပါ မမဇြန္အတင္းမေျပာေတာ့ပါဘူး ႏြယ္ကေလးကေျပာလို႔ရမယ္လည္းမထင္ပါဘူး"

မမဇြန္ကိုျပန္ေျပာမယ္အၾကံနဲ႔သူ႕ဘက္လွည့္လိုက္ေတာ့မမဇြန္က႐ွိမေနေတာ့။သူလည္း ဘာမွေျပာမရတဲ့သူကိုစိတ္ပ်က္သြားတယ္ထင္ပါရဲ႕။

ခဏၾကာေတာ့မမဇြန္ျပန္ေရာက္လာ၏။

"ေရာ့..အက်ႌလက္႐ွည္ေလးေတာ့ဝတ္ထား"

မမဇြန္ကအက်ႌလက္႐ွည္သြားယူေပးတာပဲ။ကိုယ့္ဖာသာထင္ခ်င္ရာထင္မိသြားခဲ့မိတာပဲ။

"သူစိမ္းေတြအက်ႌဝတ္တတ္ရဲ႕လား ႏြယ္ကေလး မမဇြန္ကမင္းအက်ႌ႐ွာၾကည့္‌ေသးတယ္ မေတြ႕တာနဲ႔ မမဇြန္အက်ႌပဲယူလာေပးတာ"

"ဝတ္တတ္ပါတယ္မမဇြန္ရဲ႕...ေက်းဇူးပါေနာ္"

"ရပါတယ္...မမဇြန္အခန္းထဲဝင္ေတာ့မယ္ေနာ္ ေအးလို႔"

"ဟုတ္ဟုတ္ မမဇြန္"

မမဇြန္ေပးတဲ့အက်ႌကိုဝတ္လိုက္သည္။တကယ္ပဲ အခ်မ္းေတာ့နည္းနည္းေျပသြား၏။

"သခင့္ရဲ႕အမုန္းေတြဒီမိုးစက္ေတြနဲ႔အတူေမ်ာပါသြားရင္ သိပ္ေကာင္းမွာပဲ သခင္ရယ္.."

သခင္မၾကားႏိုင္တဲ့စကားေလးမ်ားကို မိုးစက္ကေလးမ်ားကိုၾကည့္ရင္းေရ႐ြတ္လိုက္မိ၏။

ခဏၾကာေတာ့ အိမ္ေ႐ွ႕ကိုတကၠစီတစ္စီးရပ္သြား၏။ေသခ်ာေပါက္သခင္ပဲျဖစ္မွာပါ။

သို႔ေသာ္ သခင္တစ္ေယာက္တည္းမဟုတ္ခဲ့။

"ေမာင္ ျပန္ေတာ့ေလ"

"လြန္းအိမ္ထဲဝင္တာကိုရပ္ၾကည့္ဦးမယ္ေလ"

"မလိုအပ္တာေတြမလုပ္ခ်င္ပါနဲ႔ေမာင္...ေမာင္နဲ႔ ကြၽန္မက ဘာမွဆိုင္ေတာ့တာမဟုတ္ဘူး...."

"လြန္းရယ္ဒီလိုေတာ့မေျပာပါနဲ႔ ေမာင္ကလြန္းကိုအၿမဲေစာင့္ေနတဲ့သူပါ"

"ေမာင့္ကိုမေမွ်ာ္လင့္ဖို႔ေျပာထားခဲ့တယ္ေနာ္"

"ဒါေပမဲ့"

"ကားဆရာကို ရပ္ခိုင္းထားတာအားနာစရာႀကီးပါ..ျပန္လိုက္ေတာ့ေနာ္"

"ဂ်ိန္း"

တစ္ေလွ်ာက္လုံးၿငိမ္လ်က္႐ြာေနတဲ့မိုးက အခုမွ႐ုတ္တရက္ထၿခိမ္းေတာ့သည္။
သခင္လည္း ေမာင့္ရင္ခြင္ထဲေရာက္သြား၏။
လက္ထဲကထီးပင္လြတ္က်မလိုျဖစ္သြား၏။

"ေမာင္ ကြၽန္မကိုဘယ္လိုလုပ္လိုက္တာလဲ"

သခင္စိတ္ဆိုးမာန္ဆိုးနဲ႔ေျပာလိုက္၏။တကယ္လည္းထိုအျပဳအမူမ်ိဳးမႏွစ္သက္ပါ။

"ေမာင္ကလြန္းေၾကာက္ေနမွာစိုးလို႔ပါ"

"ကြၽန္မက မိုးၿခိမ္းတာေလာက္ေတာ့မေၾကာက္တတ္ဘူး ေမာင္..အဲ့ဒါေၾကာင့္ေနာက္ကိုေမာင္ဆင္ျခင္ပါ"

"အင္းပါ..ေမာင္ဆင္ျခင္ပါ့မယ္ေနာ္..စိတ္မဆိုးပါနဲ႔"

သခင္ဘာမွျပန္ေျပာခ်င္စိတ္မ႐ွိတာနဲ႔ ေမာင့္ကိုႏႈတ္ဆက္စကားပင္မေျပာေတာ့ဘဲ ျခံတခါးကိုဖြင့္ကာဝင္လာလိုက္သည္။အစကတည္းကတစ္ေယာက္တည္းျပန္လာရင္ အေကာင္းသားပါ။ေမာင္ကအတင္းျပန္လိုက္ပို႔ေပးခ်င္တာနဲ႔ အားနာၿပီးျပန္လိုက္ပို႔ခိုင္းလိုက္သည္။

ၿပီးေတာ့အခုတေလာ သတိထားမိတာ႐ွိေသးသည္။အရင္လို ေမာင့္ကိုရင္မခုန္ေတာ့တာပါပဲ။ရင္မခုန္ေတာ့တဲ့အျပင္ ေမာင္နဲ႔ေတြ႕ရမွာကိုပင္ စိတ္မသက္မသာသလိုခံစားလာရသည္။ဒါေတြဟာ ဘာေၾကာင့္မ်ားလဲ။ဘာေတြျဖစ္ေနခဲ့ၿပီလဲ။

***
အစအဆုံးျမင္လိုက္ရတာမို႔ သခင့္နဲ႔ထိုလူနဲ႔အေျခအေနကိုေသခ်ာသေဘာက္ေပါက္သြားသည္။

သခင္ရယ္ တကယ္ပဲ သူ႕ကိုေ႐ြးခ်ယ္မွာလား။တကယ္ပဲ သူ႕ကိုခ်စ္ေနတုန္းလား။
လက္မခံႏိုင္ဘူးသခင္ရယ္။ လင္းကို ျပန္မခ်စ္ရင္ေနပါ။အျခားသူကိုေတာ့ခ်စ္မေနေစခ်င္ဘူး။သခင့္အေပၚမွာ အရင္လိုသေဘာထားမႀကီးႏိုင္ေတာ့ဘူးထင္ပါရဲ႕။ အခုေတာ့ အတၱႀကီးတတ္လာၿပီ သခင္ရယ္။

"သခင္"

သခင္ကထီးကိုတံခါးမွာေထာင္ထားလိုက္သည္။ သခင့္နာမည္ေခၚတာကိုဘာမွျပန္မထူးဘဲ မၾကားဟန္ျပဳေနသည္။သခင့္ကိုယ္မွာလည္းအနည္းငယ္မိုးေရ႐ြဲေနသည္။ဒါဟာ ခုနက...ဟင့္အင္ ျပန္မေတြးခ်င္ေတာ့ဘူး။ျဖစ္ႏိုင္ရင္ခုနကျမင္ခဲ့တဲ့ျမင္ကြင္းကို မွန္ဉာဏ္ထဲကေနေဖ်ာက္လို႔ရခ်င္မိသည္။ဒါဟာ ဘယ္ေတာ့မွျဖစ္လာႏိုင္မွာမဟုတ္တာ သိရက္နဲ႔ေပါ့။

"သခင့္ရည္းစားလား"

"ဟုတ္တယ္ေလ"

သခင္က မဲ့ျပဳံးတစ္ခ်က္ျဖင့္ျပန္ေျပာ၏။

"သခင္ရယ္ သူ႕ကိုမခ်စ္လို႔မရဘူးလား..သဝန္တိုလို႔ပါ"

"မင္းမွာသဝန္တိုခြင့္႐ွိလို႔လား..."

"႐ွိတာေပါ့...သခင္နဲ႔လင္းကလက္ထပ္ထားတာေလ"

ဒီေလာက္ေလးေတာ့ျပန္ေျပာခြင့္ေပးပါသခင္။ဒီတစ္ခါေလးပါပဲ။နာက်င္ရလြန္းလို႔ပါ။

"သူကငါ့ခ်စ္သူေနာ္...မင္းသဝန္တိုလည္းအလကားပဲ...မင္းကိုလက္ထပ္ထားလည္း ခ်စ္လို႔မွမဟုတ္တာ..မင္းတို႔သားအဖ တစ္ကိုယ္ေကာင္းဆန္ခဲ့လို႔ေလ"

သခင္ပါးစပ္ကဒီထက္အသည္းနာေစမဲ့စကားေတြထပ္ၿပီးထြက္လာမယ္ဆိုတာသိသည္ ။အဲ့ဒီအခါက်ရင္လည္း ကိုယ္ပဲနာက်င္ရဦးမည္။ဒါေပမဲ့ ဒီေန႔ေတာ့ ထိန္းခ်ဳပ္ထားသမွ်ေျပာပစ္လိုက္ခ်င္ေတာ့သည္။

"သခင္က လင္းကိုဘာျဖစ္ေစခ်င္ေနတာလဲ...သခင့္ခ်စ္သူနဲ႔တြဲေနတယ္ဆိုရင္လည္း ကြာ႐ွင္းရေအာင္..အဲ့ေလာက္ထိက် ခံႏိုင္ရည္မ႐ွိေတာ့ဘူး"

"အဲ့ဒါမင္းအပိုင္းေလ....ငါကေတာ့ မင္းခံစားရရင္ကိုေပ်ာ္ေနတာ..ဒါေၾကာင့္မင္းကိုအခုေလာေလာဆယ္ကြာဖို႔မ႐ွိေသးဘူး..မင္းကိုစိတ္ဒုကၡေပးလို႔မဝေသးဘူး"

"သခင္"

ခပ္က်ယ္က်ယ္ေအာ္လိုက္မိသည္။သခင္ေၾကာင့္ ေပါက္ကြဲကုန္ေတာ့မွာပဲ။

"မင္းငါ့ကိုခ်စ္ေနတယ္ဆိုတာသိရတုန္းက ငါအရမ္းစိတ္တိုခဲ့တာ..ဒါေပမဲ့ ေနာက္ပိုင္းစဥ္းစားၾကည့္လိုက္ေတာ့ ဒါဟာဝမ္းသာစရာပဲမဟုတ္လား...ငါမုန္းတဲ့သူက ငါ့ကိုခ်စ္ေနတယ္ဆိုတာေလ..ငါ့အတြက္အသုံးခ်လို႔ေကာင္းတဲ့လက္နက္တစ္ခုကိုငါကရလိုက္တာပဲ"

သခင္ဟာ တကယ္ပဲရက္စက္တယ္မလား။
သခင့္ရဲ႕ဖိနပ္ေလးျဖစ္ခ်င္တယ္လို႔ေတြးမိလို႔မ်ားလားမသိပါ။သခင္ဟာ စိတ္ႀကိဳက္ကိုနင္းေခ်ပစ္ေတာ့တာပါပဲ။

"ေတာ္ပါေတာ့ သခင္ရယ္..ေတာ္ပါေတာ့"

"မေတာ္ပါဘူး...ဒီထက္ကိုပိုေျပာဦးမွာ"

"ရတယ္ သခင္အဲ့ဒီလူနဲ႔ထပ္ၿပီးပတ္သက္ရင္...အဲ့ဒီလူကိုတစ္ခုခုလုပ္ေတာ့မွာ"

သခင့္မ်က္ႏွာပ်က္သြားသည္။သခင္ဟာ တကယ္ပဲအဲ့ဒီလူကိုထိတာမႀကိဳက္ဘူးဘဲ။အႏိုင္ယူခ်င္လို႔ေျပာမိေပမဲ့ အႏိုင္မရလိုက္တာေတာ့ေသခ်ာသည္။ထိုလူဘက္မွာသခင္႐ွိေနတယ္ဆိုတဲ့အသိနဲ႔တင္႐ႈံးေနပါၿပီသခင္ရယ္။

"မင္းအဲ့လိုလုပ္ရင္ ငါကလည္းမင္းကိုတစ္ခုခုျပန္လုပ္မွာ..မင္းသိထားရမွာက ငါ့ခ်စ္သူကိုငါ့အသက္ထက္ပိုခ်စ္တယ္ဆိုတာပဲ"

ဒီစကားေတြဟာမုသား‌စကားေတြဆိုတာ သခင္ပဲသိႏိုင္လိမ့္မည္။သူ႕ကိုအႏိုင္ယူဖို႔တစ္ခုတည္းကိုသာ ရည္႐ြယ္ခဲ့တာပါ။

"သူ႕ကိုတကယ္သတ္မိလိမ့္မယ္ေနာ္သခင္"

ကိုယ္မဟုတ္တဲ့အျခားတစ္ေယာက္ကိုသခင့္ႏႈတ္ကေနခ်စ္တယ္လို႔ေျပာေနတာကို မၾကားခ်င္ဘူး။ဘာတဲ့ သူ႕အသက္ထက္ပိုခ်စ္တယ္တဲ့လား။တကယ္ပဲ သခင္ႏိုင္ေနပါၿပီသခင္ရယ္။

"မင္းေၾကာင့္ငါ့အေမေသၿပီးၿပီေလ..အခုငါ့ခ်စ္သူကိုပါမင္းကၿခိမ္းေျခာက္ေနတာလား..
တကယ္ေတာ့ မင္းသာအဲ့ဒီေန႔ကတည္းကတစ္ခုခုျဖစ္သြားရင္ ငါ့အေမလည္းေသစရာမလိုသလို..ငါလည္းေမာင္နဲ႔ခြဲရမွာမဟုတ္ဘူး..တကယ္ေတာ့ အစကတည္းကမင္းကေသသင့္တဲ့သူပဲ..အဲ့ဒီေန႔ကတည္းက ကားတိုက္ခံရတဲ့သူဟာ မင္းျဖစ္ခဲ့သင့္တာ"

ဒီလိုလွပတဲ့မိန္းမတစ္ေယာက္ရဲ႕ပါးစပ္ကဒီစကားမ်ိဳးထြက္လာတာအံ့ဩစရာပဲမဟုတ္လား။

သခင္ေျပာသလို တကယ္ပဲေသသြားသင့္တဲ့သူဟာ ကိုယ္ပါပဲ။အစကတည္းကေမြးမလာမိခဲ့ရင္ေကာင္းမွာပဲ။

"သခင္က လင္းကိုေသေစခ်င္ခဲ့တာလား"

"အေသအခ်ာပဲ"

မတုံ႔မဆိုင္းပဲ သခင္ကေျဖလိုက္သည္။သခင္က လင္းကိုတကယ္ပဲေသေစခ်င္ခဲ့တာပဲ။

"ေကာင္းၿပီ..ဒါဆို က်ိန္ဆိုမယ္"

"သခင္သာ ကြၽန္မကို တကယ္ပဲေသေစလိုတဲ့ဆႏၵ႐ွိခဲ့ရင္၊သခင့္ဟာ ကြၽန္မေသဆုံးတာကိုစိတ္ရင္းအမွန္နဲ႔ျမင္ခ်င္ခဲ့တာမွန္ရင္သခင့္ေ႐ွ႕မွာတင္ ကြၽန္မကားတိုက္ၿပီးေသဆုံးပါေစ"

"ဒါဟာ ကိုယ့္ကိုယ္ကိုယ္ က်ိန္ျခင္းပါသခင္...သခင္ကအဲ့ေလာက္ေတာင္ေသေစခ်င္ခဲ့မွန္းမသိခဲ့ဘူး...စိတ္ခ်ပါ ..ဒါဟာစိတ္ရင္းအမွန္နဲ႔က်ိန္ဆိုတာမို႔ ဒီက်ိန္စာေတြဟာေသခ်ာေပါက္ထိမယ္ဆိုတာ သခင္ယုံလိုက္ပါ...အဲ့ဒီအခ်ိန္က်ရင္ေတာ့ ေသခ်ာေပါက္သခင္ေပ်ာ္ရမွာပါ"

သခင္ေျပာစရာစကားမ်ားေပ်ာက္႐ွသြားသည္။သူ႕ရဲ႕က်ိန္ဆိုသံဟာလည္းနားထဲတြင္ပဲ့တင္ထပ္ေနသည္။တကယ္ပဲ အဲ့ဒီလိုျဖစ္သြားရင္ဆိုတဲ့အေတြးနဲ႔တင္ လူဟာေဆာက္တည္ရာမရာခ်င္ေတာ့။
ေျပာလိုက္တဲ့စကားေတြဟာ လြန္သြားခဲ့ၿပီလား။

"မနက္ျဖန္က်ရင္ ေဖေဖ့ကိုေခၚၿပီး  သခင္နဲ႔ကိစၥျဖတ္ေတာ့မယ္...ကြၽန္မကို ေသေလာက္ေအာင္မုန္းေနပါတယ္ဆိုတဲ့သူနဲ႔လည္း အတူေနဖို႔ဆႏၵမ႐ွိေတာ့ပါဘူး...အဓိကကေတာ့ သခင့္ကို ဒီထက္ပိုၿပီးစိတ္မဆင္းရဲေစခ်င္ေတာ့လို႔ပါ..ဘယ္ေလာက္ပဲ သခင့္ဘက္ကကြၽန္မကို ရက္စက္ရလို႔ေက်နပ္တယ္ပဲေျပာေျပာ...အနည္းဆုံးေတာ့ ကိုယ္မုန္းတဲ့သူရဲ႕မ်က္ႏွာကိုျမင္ရတာပူေလာင္ရမွာပါ...ဒါေၾကာင့္မို႔ သခင္နဲ႔ကြၽန္မကြာ႐ွင္းရေအာင္ပါ"

စိတ္နာခ်င္‌ေယာင္‌ေဆာင္ပါရေစသခင္ရယ္။မနာခ်င္ေပမဲ့ ႀကိဳးစားၿပီးနာၾကည့္ပါရေစ။ကိုယ့္ကို ေသေလာက္ေအာင္မုန္းေနတဲ့ သခင့္ကို ဒီတစ္ခါေတာ့နာက်ည္းပါရေစ။

***
"အရင္တုန္းကကိုယ့္ကို မင္းေျပာဖူးတဲ့အတိုင္း အခုလည္းပဲ‌ေလခ်စ္လို႔မရဘူးတဲ့
မယုံဘူးဆိုလည္းေလ ကိုယ့္ႏွလုံးသားေလးကလက္ေတြ႕ဘဝနဲ႔ျခားနားေန တကယ္တမ္း တစ္ဖက္သတ္အခ်စ္ကဆိုးပါတယ္
ကိုယ္သိနားလည္ တကယ္ပဲႏွလုံးသားေလးကသိနားလည္ အို...မင္းရင္ထဲမွာ႐ွိတဲ့အတိုင္း မုန္းပါ..မုန္းလိုက္ပါ..အို..မင္းရင္ထဲမွာထည့္လို႔မရတာပဲ ဘယ္တတ္ႏိုင္ပါဦးမလဲ..ခ်စ္တယ္ အရင္အတိုင္းပဲ..အို မင္းေပ်ာ္ေနရင္ ကိုယ္အသည္းေလးကြဲလည္း တိတ္တိတ္ကေလးပါပဲ ငိုမိတယ္...

အရင္တုန္းကကိုယ့္ကိုမင္းထားခဲ့တဲ့အတိုင္း
အခုလည္းပဲေလ အေဝးကေနဆဲပဲ ျမင္ကြင္းေတြထဲမွာ ကိုယ့္ႏွလုံးသားေလးအား
မသည္းကြဲဘူးဆိုေ႐ွာင္သြားပါ တကယ္တမ္း တစ္ဖက္သတ္အခ်စ္ကဆိုးတယ္ ကိုယ္သိနားလည္ တကယ္ပဲႏွလုံးသားေလးကသိနားလည္ အို...မင္းရင္ထဲမွာ႐ွိတဲ့အတိုင္း မုန္းပါ..မုန္းလိုက္ပါ..အို..မင္းရင္ထဲမွာထည့္လို႔မရတာပဲ ဘယ္တတ္ႏိုင္ပါဦးမလဲ..ခ်စ္တယ္ အရင္အတိုင္းပဲ..အို မင္းေပ်ာ္ေနရင္ ကိုယ္အသည္းေလးကြဲလည္း တိတ္တိတ္ကေလးပါပဲ ငိုမိတယ္...

ခပ္က်ဲက်ဲ ႐ြာေနတဲ့မိုးစက္ေတြနဲ႔အတူ ဝိဉာဥ္ပါတစ္ခါထဲလြင့္သြားပါေစဆုေတာင္မိ၏။ဒီဘဝႀကီးမွာမေနခ်င္ေတာ့ဘူး။သခင္မုန္းတဲ့ဘဝမွာမေနခ်င္ေတာ့ဘူးသခင္ရယ္။

မိုးေရေတြနဲ႔မ်က္ေရေတြေရာေႏွာကာ ငိုေနမိတာ ဘယ္သူမွမသိႏိုင္မည္မဟုတ္။ဒါေပမဲ့ လက္ထဲကဂစ္တာေလးကေတာ့ သိမွာပါ။ဂစ္တာေလးက ကိုယ့္ကိုမခ်စ္တဲ့လူတစ္ေယာက္အတြက္ခံစားေနရတာကို ေလွာင္ေျပာင္ေနမလား။ဒါမဟုတ္ သနားေနမလားေတာ့ ေသခ်ာမသိပါ။ဒါေပမဲ့ သခင္ကေတာ့ ေသခ်ာေပါက္ကိုေလွာင္ရယ္ေနလိမ့္မယ္မဟုတ္လား။

"ႏြယ္ကေလး"

"မမဇြန္"

မမဇြန္ကထီးကေလးယူလာၿပီး မိုးေပး႐ွာသည္။ၿပီးေတာ့ လင္းကိုဖတ္ထား‌ေပး၏။

"ႏြယ္ကေလးရယ္...မိုးေရထဲမွာကိုကြယ္...ဒီတစ္ခါလည္း သူ႕ေၾကာင့္ခံစားရျပန္ၿပီလား"

"မမဇြန္...သခင္က လင္းကို မုန္းတယ္တဲ့"

စိတ္သက္သာလို႔သက္သာျငား ရင္ဖြင့္လိုက္မိ၏။ သို႔ေပမဲ့ တကယ္ပဲစိတ္သာသာရာရသြားသလားဆိုတာေတာ့ ေသခ်ာမသိပါ။

"မမဇြန္ အကုန္ၾကားပါတယ္ႏြယ္ကေလးရယ္...မင္းကိုလည္းသနားမိတယ္သိလား...အိမ္ထဲဝင္ရေအာင္ေနာ္ မင္းကိုယ္လုံးေတြတုန္ေနၿပီ..ေတာ္ၾကာတစ္ခုခုျဖစ္ေနလိမ့္မယ္"

"မဝင္ခ်င္ဘူးမမဇြန္ ..တစ္ခါတည္းေသသြားရင္ေကာင္းမယ္...ေသခ်င္တာပဲသိေတာ့တယ္"

"မေျပာေကာင္းမဆိုေကာင္းေတြမေျပာရဘူးေလ...လာပါ မမဇြန္နဲ႔အတူ အိမ္ထဲဝင္ရေအာင္ေနာ္"

မမဇြန္ကိုယ္မွာမိုးေတြစိုေနၿပီမို႔ မမဇြန္တစ္ခုခုျဖစ္မွာစိုးလို႔သာ ေခါင္းညိတ္လိုက္မိသည္။မမဇြန္သာလာမေခၚခဲ့ရင္ တစ္ညလုံးမိုးေရထဲမွာေနလိုက္ဖို႔စိတ္ကူးထားခဲ့သည္။ဒီညကုန္ၿပီး မနက္မွာျပန္မႏိုးလာဖို႔ရည္႐ြယ္ခ်က္နဲ႔ေပါ့။

သခင္ လက္ထဲကထီးေလးကိုျပန္ခ်ထားလိုက္သည္။ လိုမွမလိုအပ္ေတာ့ပဲ။သခင္ဘယ္ေလာက္ပဲရက္စက္ပါတယ္ဆိုဆို အလုံးစုံေတာ့ဥေပကၡာမျပဳႏိုင္ခဲ့ပါ။

သီခ်င္းသံစၾကားကတည္းက သခင္သိသည္။သူ႕ဘာသာျပန္ဝင္ေလာက္ပါတယ္ဆိုတဲ့အေတြးနဲ႔ လ်စ္လ်ဴ႐ႈထားခဲ့မိသည္။အခ်ိန္အေတာ္ၾကာအထိမဝင္ေသးသျဖင့္ ပူပန္စိတ္ကေလးကရင္ထဲလႈပ္႐ွားသြားခဲ့သည္။

မာနနဲ႔စိုးရိမ္မႈတို႔လြန္ဆြဲေနတဲ့ပြဲမွာ မာနကအႏိုင္မရခဲ့႐ွာဘူး။ဒါေပမဲ့ ေျခတစ္လွမ္းေနာက္က်သြားတဲ့ သခင့္မွာ အသည္းမာလိုက္တာဆိုတဲ့အရာတစ္ခုသာထပ္မံရ႐ွိသြား႐ွာသည္။သခင့္ရဲ႕ စိုးရိမ္ပူပန္မႈေလးကိုေတာ့ ထိုကေလး သိမသြား႐ွာလိုက္ပါ။

13.2.2024
#သခင္

Song name : မုန္းပါ
Singer: ေက်ာ္ဇင္မင္း

Continue Reading

You'll Also Like

1.3M 68.5K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.6M 293K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
455K 26.8K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
427K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...