၂၅၀၀ကျပ်တည်းနဲ့ဂရုလာဝင်လို့ရနေပြီနော်။
Ch-68 ဟိုတယ်ခန်း
"အဲ့သလိုကိုး။အငယ်အနှောင်းတွေကငါတို့ရဲ့သဟဇာတဖြစ်နေတဲ့လူ့အသိုင်းအဝိုင်းကိုဖျက်ဆီးကြတာပဲ။ကေလးမ စိတ်မပူနဲ့။သူမကိုဖမ်းမိဖို့ငါသေချာပေါက်လုပ်ပေးမယ်"
ထို့နောက်ဦးလေးကြီးသည် ရုတ်ချည်းပင်ဝူးကနဲမောင်းထွက်တော့သည်။
မိမိသည်အသင့်မဖြစ်သေး၍ထိုင်ခုံနှင့်နောက်ကျောဆောင့်မိသွားသည်။
မင်းတို့ကသာဒီကားဆရာကိုပြိုင်ကားမောင်းသူဖြစ်ဖို့သုံးခဲ့တယ်လို့ငါ့ဆီပြောလာခဲ့ရင်ငါမင်းတို့ကိုလုံးဝယုံကြည်နိုင်တယ်။သူသည်ဘယ်ရောညာပါဟွန်းတီးနေခဲ့သည်။သွားသည်မှာငါးစက္ကန့်အကြာတွင် သူသည်ရုတ်ချည်းအရှိန်မြှင့်လိုက်ပြီးမီးပွိုင့်များအားဖြတ်မောင်းသွားလေသည်။သူသည်မီဖန်နောက်ကိုပြောင်ပြောင်တင်းတင်းပင်လိုက်နေခဲ့သည်။သူကရှာတွေ့သွားခဲ့မည်ကိုပင်ကြောက်မနေခဲ့ပေ။
မိမိမှာကံကောင်းသည်လားဘာလားပင်မသိတော့ပေ။မီဖန်မှာသတိပြုမိပုံမရပေ။နောက်ပြီးတိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ဦးတည်ရာမှာဟိုတယ်တစ်ခု၌ဖြစ်နေသည်။မှန်တာေပြာချမ်းသာပါစေ ငါမသိခဲ့ပါဘူး။
ကားဆရာသည်မိမိအားသနားသလိုကြည့်လာခဲ့သည်။
"ကလေးမ အရမ်းကြီးစိတ်ဓာတ်ကျမနေပါနဲ့။ဒီကမ္ဘာပေါ်မှာယောင်္ကျားကောင်းတွေရှိနေတုန်းပါပဲ။စွန့်လွှတ်တတ်ဖို့သာသင်ယူလိုက်ပါ"
မိမိသည်သူ့အားပိုက်ဆံကမ်းပေးရင်း မျက်ရည်ဝဲနေဟန်ဆောင်လိုက်သည်။မိမိသည်သန်မာသောအမျိုးသမီးတစ်ဦးဖြစ်သည်ဟူသည့်ခံစားချက်မျိုးအား ဦးလေးကြီးထံပေးလိုက်သည်။
"ဦးလေး ရှင့်ရဲ့နှစ်သိမ့်မှုအတွက်ကျေးဇူးတင်ပါတယ်။ဒီကြင်နာမှုကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး"
မိမိသည်ဝူရှရုပ်ရှင်များထဲမှသူရဲကောင်းများအလားပြောလိုက်ကာ ကားထဲမှနေဖြောင့်မတ်စွာဆင်းလာလိုက်သည်။
ကားဆရာထွက်သွားသည်ကိုအတည်ပြုရန်မိမိသည်လှည့်ကြည့်လိုက်သည်။ထို့နောက်မိမိသည်သူခိုးတစ်ယောက်လိုပြုမူလိုက်ပြီး ခါးကိုင်းလိုက်သည်။မီဖန်အားဖမ်းရန်အလို့ငှာမိမိသည်ခြေလှမ်းကြီးကြီးလျှောက်ခဲ့ရသည်။မိမိသည်ကားဆရာနှင့်စကားစမြည်ပြောခဲ့သောကြောင့် မိမိတို့အကွာအဝေးမှာအတော်လေးလှမ်းနေလေပြီပင်။
သူမကငါ့ကိုမှတ်မိနေမလား။ပြောရရင် ကော်ဖီဆိုင်မှာတုန်းကငါတို့တွေအချင်းချင်းတစ်ခါတွေ့ဖူးတယ်လေ။
အိုင်းး....ငါထင်တာမဟုတ်ပါစေနဲ့။အဲ့နေ့ကပတ်ပတ်လည်မှာလူတွေအများကြီးရှိနေတာပဲလေ။သူမကငါ့လိုမထင်မရှားပုံရိပ်လေးကိုဘာလို့မှတ်မိနေပါ့မလဲ။ထပ်ပြောရရင် ငါတို့ကအမှန်တစ်ကယ်မိတ်ဆက်ခဲ့ကြတာမဟုတ်ဘူးလေ။ငါကသူမအတွက်တော့မသိခဲ့ဖူးတဲ့လူတစ်ယောက်သာသာပဲလေ။
သူမကငါ့ကိုမမှတ်မိနိုင်ချေများနေမှတော့ ဘာကြောက်စရာရှိလို့လဲ။မရိုးမသားပြုမူလွန်းနေတာကမှ ကိုယ့်အပေါ်ကိုပိုသံသယဖြစ်ရာကောင်းနေမှာလေ။ထို့ကြောင့်မိမိသည်နောက်ကျောအားဖြောင့်ဖြောင့်ထားကာ မီဖန်ထံယုံကြည်မှုရှိရှိလျှောက်သွားခဲ့သည်။မိမိတို့သည်ဘေးချင်ယှဉ်ရပ်ကာဓာတ်လှေကားအားအတူတကွစောင့်ခဲ့ကြသည်။
မကြာခင်မှာပင် ဓာတ်လှေကားရောက်လာခဲ့ကာ မိမိသည်သူမအားအရင်ဝင်ရန်တမင်လက်ဟန်ပြလိုက်သည်။မီဖန်သည်၂၇ထပ်ခလုတ်အားနှိပ်လိုက်၍ မိမိသည်၂၆ထပ်အားနှိပ်လိုက်သည်။ထို့နောက်မိမိသည်ဓာတ်လှေကား၏ထောင့်၌ရပ်ရင်း သူမအားတိတ်တိတ်လေးစူးစမ်းနေခဲ့သည်။
ဟင်း...သူမကတစ်ကယ်ကိုကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတဲ့အရှိန်အဝါရှိနေတာပဲ။သူမကယောင်္ကျားသားအများစုလိုချင်ကြတဲ့စိတ်ကူးထားတဲ့ပုံစံမျိုးလိုပဲ - ဗဟုသုတပြည့်စုံတယ်၊ဆွဲဆောင်မှုရှိတယ်၊အမှီအခိုကင်းပြီးနှစ်လိုဖွယ်ကောင်းတယ်။
ဒါပေမယ့်ဒီအပြင်ပိုင်းအောက်မှာတော့ သူမမှာအသိတရားကင်းမဲ့ပြီးမည်းနက်နေတဲ့နှလုံးသားရှိနေခဲ့တယ်။ဘယ်သူကထင်ထားမှာလဲနော်။
ဤအကြောင်းအားတွေးရင်း မိမိသည်ခေါင်းယမ်းလိုက်သည်။လူတစ်ယောက်ရဲ့စိတ်ကိုနားလည်ဖို့ဆိုတာကခက်ခဲလိုက်တာ။
မိမိမှာ၂၆ထပ်ဆီရောက်ချိန်တွင် ဓာတ်လှေကားမှမြန်မြန်ထွက်ကာ အရေးပေါ်ထွက်ပေါက်ဆီအသိစိတ်ကပ်မနေသည့်လူတစ်ယောက်အလားပြေးသွားခဲ့သည်။မိမိသည်၂၇ထပ်ဆီသို့လှေကားမှနေပြေးတက်လိုက်သည်။
ဘုရားရှင်,မ,စတော်မူပါ။ မီဖန်သည်ခုထိထွက်မလာခဲ့သေးရန်တစ်ကယ်ကြီးမျှော်လင့်မိသည်။
လက်ရှိတွင် စံချိန်တင်အချိန်၌လှေကားမှနေပြေးတက်ခဲ့ရခြင်း၏တန်ဖိုးမှာ အမောဆို့မတတ်ဖတ်ဖတ်မောနေရခြင်းဖြစ်သည်။ေလျှာက်လှမ်းလာသည့်ေဒါက်မြင့်ဖိနပ်သံများအားကြားလိုက်ရချိန်တွင် မိမိမှာအရေးပေါ်တံခါးအားမှီကာမောဟိုက်နေတုန်းဖြစ်သည်။
မိမိသည်တံခါးအားဖွင့်ကာ မိမိအနားပတ်လည်အားပြင်းပြင်းရှရှကြည့်လိုက်သည်။မိမိမှကြည့်လိုက်ရာတွင် မီဖန်သည်ကော်ရစ်ဒါရှိပထမဆုံးအခန်းတွင်သူမ၏ကတ်ကိုပွတ်ဆွဲလိုက်သည်အားမြင်လိုက်ရသည်။မိမိသည်ထိတ်လန့်လွန်း၍ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။သူမငါ့ကိုမမြင်ခဲ့ဘူးလို့မျှော်လင့်ပါတယ်။
သူမကဒီအထက်တန်းစားဟိုတယ်ဆီဘာလို့လာရတာလဲ။ပြီးတော့နေ့လည်ခင်းကြီးမှာလေ။
မိမိစိတ်ထဲ၌ပျက်စီးနေသောပုံရိပ်တစ်ခုမှာပေါ်လာခဲ့သည်။မိမိသည်အရူးတစ်ယောက်လိုတိတ်တိတ်လေးရယ်လိုက်သည်။ရုတ်တရက်ပင် မိမိမှာတစ်ခုခုအားတွေးမိသွားပြီးစုယန်၏နံပါတ်အားဆက်သွယ်ခဲ့သည်။
"ဟယ်လို..ဘာလဲ"
သူသည်တီးတိုးရေရွတ်လိုက်သည်။
သူ၏ညှောင်နာနာနှင့်အိပ်ငိုက်နေသည့်အသံပေါ်မူတည်ရလျှင် သူသည်အိပ်ရာထဲရှိနေသေးသည်မှာသိသာလေသည်။မိမိသည်စိတ်သက်သာရာရသွားခဲ့သည်။
သို့သော်သေချာအောင်လုပ်ရန် မိမိသည်မေးခွန်းတစ်ခုအားထပ်မေးလိုက်သည်။
"ရှင်ဘယ်မှာလဲ"
"ငါလား။အမ်း...အိမ်မှာလေ။မင်းဘာလိုချင်လို့လဲ"
သူ၏အသံမှာဩရှနေသည်။ကောင်းပြီလေ။ငါဘာမှစိုးရိမ်နေစရာမရှိတော့ဘူး။
မိမိသည်တုံ့ပြန်ကာအနှောင့်အယှက်မပေးတော့ဘဲဖုန်းချပစ်လိုက်သည်။ထို့နောက်မိမိသည်သေချာစဉ်းစားလိုက်သည်။ငါကစုယန်နဲ့မီဖန်အခန်းထဲရှိနေပါတယ်ဆိုပြီးဘယ်လိုတောင်စိတ်ကူးမိလိုက်နိုင်တာလဲဟယ်။ထိုအရာသည်မိမိ၏စိတ်ကူးသက်သက်သာဖြစ်ပေမယ့်လည်း မိမိသည်စုယန်အားမှားသွားသလိုခံစားခဲ့ရသည်။မိမိသည်ကိုယ့်အသိစိတ်ကိုကိုယ်ပြစ်တင်ဝေဖန်လိုက်သည်။
ဒါပေမယ့်စုယန်မဟုတ်ရင်ဘယ်သူဖြစ်နိုင်မလဲ။နောက်တစ်ကြိမ် မိမိမျက်နှာထက်၌ေနာက်ထပ်လိမ္မာပါးနပ်သည့်အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။မိမိသည်အပိုလုပ်ထားသည့် ကြောင်ခြေလှမ်းများဖြင့် တံခါးဆီသွားခဲ့သည်။ထို့နောက်တစ်ခုခုကြားနိုင်ခဲ့ပါကကြည့်ရန် တံခါးထံခေါင်းအားမှီလိုက်သည်။
သို့သော်မိမိသည်ဘာမှမကြားရပေ။မိမိဘယ်လိုပင်ခက်ခက်ခဲခဲကြိုးစားနေစေကာမူ မည်သည့်အသံကိုမှလုံးဝမကြားရပါပေ။
ရုတ်ချည်းပင် မိမိမှာ၂၇ထပ်ရှိဓာတ်လှေကားတံခါးပွင့်လာခဲ့သည်ကိုကြားလိုက်ရသည်။
တစ်ယောက်ယောက်လာနေပြီဟ။
မိမိသည်ဘာလုပ်ရမည်မှန်းမသိပေမယ့် လှည့်လိုက်ကာစိတ်တည်ငြိမ်စေရန်ကြိုးစားလိုက်သည်။မိမိသည်ဟိုတယ်၏တည်းခိုသူတစ်ဦးအလားဓာတ်လှေကားဆီလျှောက်သွားရန်ကိုယ့်ဘာသာပြောနေမိသည်။ဟုတ်တယ်။ငါ့အစီအစဉ်ကဒီကတည်းခိုသူတစ်ယောက်အဖြစ်ဟန်ဆောင်ဖို့ပဲ။သဘာဝကျကျပဲ ငါသာတည်းခိုသူတစ်ယောက်ဆိုရင် သန့်သန့်ရှင်းရှင်းနဲ့ငါထွက်သွားနိုင်လိမ့်မယ်။
မိမိမှဓာတ်လှေကားထံရောက်ခါနီးတွင် တွန်းလှည်းတွန်းလာသည့်လူတစ်ယောက်သည် ထင်မထားစွာပင်မိမိလက်အားဆုပ်ကိုင်ခဲ့သည်။
"ဟမ်"
မိမိသည်သူ့အားစိုက်ကြည့်ရင်း မျက်လုံးပြူးသွားခဲ့သည်။မိမိသည်အဖမ်းခံလိုက်ရပြီဟုထင်လိုက်သည်။မိမိသည်ပြေးထွက်သွားချင်ခဲ့သော်ငြား ထိုလူသည်သူ၏ခေါင်းအားမော့ကာ နာကျင်နေသောအမူအယာဖြင့်မိမိအားကြည့်လာသည်။သူကပြောလာခဲ့သည်။
"ဟေး လူသစ်လေး။၂၇၀၆ဆီဒါကိုပို့ဖို့ငါ့ကိုမင်းကူညီပေးနိုင်မလား။ငါတစ်ကယ်ကြီးထပ်ထိန်းမထားနိုင်တော့လို့"
ထို့နောက် မိမိမှတူညီစွာမလုပ်နိုင်သေးခင်တွင် သူကပြေးထွက်သွားခဲ့သည်။
သူ၏မချိတင်ကဲအမူအယာအရ သူသည်အစာအိမ်နာနေသည်မှာဖြစ်နိုင်လေသည်။ဒါပေမယ့်သူကသူ့ရဲ့အစားအေသာက်တွန်းလှည်းကြီးကို ငါ့ဆီဘာလို့ပေးသွားတာလဲ။ငါကသူ့တွဲဘက်လို့တစ်ကယ်ကြီးထင်နေတာလား။
မိမိသည်မိမိ၏ဝတ်စုံအားကြည့်လိုက်သည်။မိမိသည်အနက်ရောင်ဘောင်းဘီနှင့်အဖြူရောင်အင်္ကျီအားဝတ်ထားလေသည်။အိုး ဘုရားရေ။သူ့အနေနဲ့ ဘောင်းဘီအနက်နဲ့အင်္ကျီအဖြူကိုမနှိမ့်ချသင့်ဘူးနော်။ဒါကခေတ်ဆန်တာဟဲ့ ဟုတ်ပြီလား။သူကအခြေခံဖက်ရှင်ကိုမသိဘူးပဲ။
ထိုသို့ဖြင့်မိမိသည်ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှဝန်ထမ်းတစ်ဦးဖြစ်သွားတော့သည်။
ငါကဝမ်းသာသင့်လား စိတ်ဆိုးသင့်လား။မိမိသည်အလွန်ဝေခွဲရခက်နေသည်။သို့သော်မိမိသည်လူကောင်းတစ်ဦးဖြစ်သည်။ထိုလူအားမိမိမသိပေမယ့် မိမိသည်သူ့အားကူညီရန်ဆုံးဖြတ်ခဲ့သည်။အရေးကြီးဆုံးမှာ ၂၇၀၆သည်မီဖန်ဝင်သွားသည့်အခန်းဖြစ်သည်။
လူတစ်ယောက်မှာအကျင့်ကောင်းတွေရှိရင် ပတ်ဝန်းကျင်ကလူတိုင်းကဝိုင်းကူညီပေးကြမှာပဲလေ။
အတိုချုံးပြောရရင် မိမိသည်ဝန်ထမ်းတစ်ဦးအသွင်ရုပ်ဖျက်လို့ရခဲ့သည်။မိမိသည်သူတို့ယူနီဖောင်းအားဝတ်ထားပြီးမိမိနှင့်အစားအေသာက်လှည်းတစ်ခုရှိနေခဲ့သည်လေ။
*တင်းတောင် တင်းတောင်*
မိမိသည်အသက်ပြင်းပြင်းရှူလိုက်ပေမယ့် မိမိ၏စိုးရိမ်နေသောနှလုံးသားအားတည်ငြိမ်ဖို့တော့မလုံလောက်ေသးေပ။မီဖန်ကအဲ့ဒါကိုထူးဆန်းတယ်လို့ထင်သွားမလား။ငါကသူမနဲ့ဓာတ်လှေကားထဲအတူရှိခဲ့တာလေ။ဒါပေမယ့်အခုကျတော့ ငါကသူမအတွက်အစားအသောက်လာပို့ပေးတဲ့ဝန်ထမ်းဖြစ်နေတယ်။
မိမိတစ်ခါမှမမြင်ဖူးသည့်လူတစ်ယောက်မှာတံခါးဖွင့်ပေးလာခဲ့သည်။သူ၏ပုံစံမှာသာမန်အထက်သာရှိသည်။သူသည်နူးညံ့ေသာသွင်ပြင်နှင့်လေးစားစရာကောင်းသောပုံစံပေါက်နေခဲ့သည်။
"အမ် ကျွန်မကဒီကိုအစားအစာလာပို့တာပါ"
ဘာကြောင့်မှန်းမိမိမသိသော်ငြား ဤလူနှင့်မျက်နှာချင်းဆိုင်ရသည်မှာအလွန်ဖိအားများနေသည်။
"ဝင်ခဲ့"
ထိုလူမှအေးစက်စွာပြောလိုက်သည်။