ပြန်လည်မွေးဖွားလာသော အမြောက်စ...

De PrettiOcean

143K 15.2K 401

This is not my own story Mais

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-92

417 47 1
De PrettiOcean


Chapter 92


မော့တိက မော့လျှိုကွေ့အား စောင့်ဆိုင်းနေခြင်းမရှိပဲ ဧည့်တွေ့ချိန်ပြည့်သည်နှင့် ပြန်လာခဲ့သည်။ သူတို့၏ကား ထောင်ဂိတ်ဝသို့ ရောက်သောအခါ မော့လျှိုကွေ့ အမြန်ပြေးထွက်လာပြီး ယဲ့ချန်းဖုန်က သူမ၏လမ်းတစ်လျှောက် ကိုယ်ရံတော်အဖြစ် လိုက်ပါလျက်ရှိသည်ကို တွေ့လိုက်ရ၏။

ဘယ်လိုလဲ...

မော့တိ စိတ်အခြေအနေ ထိခိုက်ခဲ့ဟန် မပေါ်သဖြင့် မုချန်းဟန်က စိတ်သက်သာရာ ရသွားခဲ့သည်။

ကိုကို...မော့ရှစ်ဟုန် အကြောင်း ပြောနေတာလား...သူ့ကိုကြည့်ရတာ ထောင်ထဲမှာ အချိန်ကောင်းတွေ မရှိခဲ့ပုံပဲ...

မော့တိက အကြည့်လွှဲကာ ဓာတ်ဘူးထဲမှ ရေတစ်ငုံစုပ်သောက်လိုက်သည်။

ကျွန်တော့်ကို တွေ့တာနဲ့ ဒေါသူပုန်ထတော့တာပဲ...သူ ကျွန်တော့်ဆီ လာဖို့ကြိုးစားခဲ့ပေမယ့် ဘယ်အခွင့်အရေးရှိပါ့မလဲ...အစောင့်တွေဆီက ပညာပေးတာ ခံလိုက်ရတယ်...

သူက ပြောင်းလဲမှာမဟုတ်ဘူး...

ဒါပေမယ့် အစောင့်တွေအပေါ်တော့ အရမ်းကိုနာခံလွယ်တာ...အရင်လိုသာဆို ပိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်လောက်တယ်...

ကိုကို...ကျွန်တော် ကျောင်းကိုရောက်ရင် ၆နာရီ ဒါမှမဟုတ် ၇နာရီလောကှ ဖြစ်နေလောက်ပြီ...ကျွန်တော်တို့ အပြင်မှာပဲ ညစာစားရင်ရော ဘယ်လိုလဲ...

ကောင်းသားပဲ...မင်းရဲ့ကျောင်းနားမှာ စားစရာသိပ်မရှိလောက်ဘူး...

မုထျန်းဟန်က စတီယာရင်တိုင်ကို လှည့်လိုက်သည်။

မင်း ဘာစားချင်လဲ...

ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်...ကျွန်တော် ကိုကိုနဲ့ ညစာစားရရင်ကို ပျော်နေပြီ...

မော့တိက ပြုံးလိုက်ရင်း မုထျန်းဟန်၏ ဘေးတိုက်အနေအထားကို ငေးကြည့်လိုက်သည်။

မုထျန်းဟန်၏ နှလုံးသားက နူးညံ့သွားခဲ့၏။ သူက ရယ်မောလိုက်ရင်း ဆိုသည်။

ဒါဆို မင်းစိတ်မပျက်အောင်လို့ ကိုယ်ကြိုးစားရတော့မယ် ထင်တယ်...

မော့တိက ပြုံးလိုက်၏။

ဒါဆို ဝန်ဆောင်မှုပေးတာကို ထိုင်စောင့်နေမယ်နော်...



မုထျန်းဟန်နှင့် မော့တိက ပြင်သစ်စားသောက်ဆိုင်တွင် သူတို့အတူမစားဖူးသည့် အစားအစာအား မှာယူ၍ ညစာစားခဲ့ကြသည်။

ညစာစားပြီးနောက် မော့တိက ကုဒ်ရေးရန် ကျင်းသာ့သို့ ပြန်သွားခဲ့လေသည်။

အခန်းဖော်သုံးဦးက လန့်စရာကောင်းအောင်ပင် တိတ်ဆိတ်နေကြသည်။ အဆုံးသတ်တွင် ချန်ကျောင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ မေးမြန်းလာခဲ့သည်။

ရှောင်တိ...မော့လျှိုကွေ့နဲ့ အတူသွားတော့ တစ်ခုခုဖြစ်ခဲ့သေးလား...သူမ မင်းအပေါ် အနိုင်ကျင့်စရာတစ်ခုခု ရှာတွေ့သွားခဲ့လား...

သူမမှာ အခွင့်အရေးမရှိပါဘူး...

မော့တိက အလုပ်လုပ်နေရင်း ပြန်ဖြေသည်။

ဘာလို့လဲ...မင်းတို့ တစ်ခုခုကြားခဲ့လို့လား...

အာ...ပြင်းထန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး...တခြားဌာနက ကောင်လေးတွေစုပြီးတော့ မင်း မော့လျှိုကွေ့ကို အနိုင်ကျင့်ခဲ့တယ်ဆိုပြီး မင်းရဲ့မကောင်းကြောင်းတွေ ထိုင်ပြောနေကြတာကို ငါ အမှတ်တမဲ့ကြားလိုက်လို့လေ...သူတို့က မင်းကို သင်ခန်းစာပေးမယ်လို့တောင် ကြိမ်းဝါးနေကြတယ်...

ချန်ကျောင်းက ပြောရင်းဒေါသထွက်လာခဲ့သည်။

အလှကြောင့်ကန်းနေတဲ့ အရူးတစ်သိုက်ပါကွာ...

ဘာပဲဖြစ်ဖြစ် ရှောင်တိ...မင်းဘာမှ စိုးရိမ်စရာမလိုဘူး...ဒီဖေဖေက မင်းကို ကာကွယ်ပေးမယ်...

လင်ကျွင်းဖုန်က ရင်ဘတ်ကိုထုကာ သူ့ကိုယ်သူကြေငြာလိုက်သည်။

အကယ်၍ သူတို့တကယ်ကြီးလာရဲရင် ငါသူတို့အားလုံးကို အမှုန့်ကြိတ်ပစ်မယ်...

ရှန့်ယွီချောင်က လင်ကျွင်းဖုန်ကို ကြည့်ရင်း မျက်လုံးလှိမ့်လိုက်ကာ မော့တိကိုကြည့်လိုက်၏။

ရှောင်တိ...ဘာမှမစိုးရိမ်နဲ့...ကျောင်းဖိုရမ်မှာ အာကျယ်နေတဲ့ကောင်ဆိုလို့ ငါးယောက်၊ ခြောက်ယောက်လောက်ပဲရှိတာ...သူတို့ ရောက်လာရင်တောင် ပြဿနာမရှိဘူး...ဒီအကိုကြီးက အားလုံးဖြေရှင်းပေးမယ်...

ငါ လုံးဝမစိုးရိမ်ပါဘူး...သူတို့အနေနဲ့ မှတ်ချက်ပါသွားမှာ ဂရုမစိုက်ဘူးဆိုရင် ငါ့ဘက်က သူတို့ကို ကြိုဆိုနေမှာပါ...၇ ယောက် ၈ ယောက်လောက် တပြိုင်ထဲလာတာ မဟုတ်သရွေ့ သူတို့ကို ငါ ရင်ဆိုင်နိုင်ပါတယ်...

မော့တိက ပြုံးလိုက်ရင်း

ပြီးတော့ အင်တာနက်ပေါ်မှာ တခြားလူကို တိုက်ခိုက်တဲ့လူတွေထဲက ဘယ်နှစ်ယောက်လောက်များ တကယ့်လက်တွေ့မှာ အားကောင်းကြလို့လဲ...အများစုက ဖန်သားပြင်နောက်မှာ ပုန်းနေကြတဲ့ ငကြောက်တွေပဲလေ...

ကောင်းပြီ...သူများအကြောင်း မပြောတော့ဘူး...ငါပေးခဲ့တဲ့ အလုပ်တွေ အကုန်ပြီးပြီလား...

မော့တိက အဆိုပါ မှတ်ချက်ရေးသူများအား ဂရုမစိုက်သော်လည်း ၎င်းမှာ မမျှော်လင့်ထားသည့် ကိစ္စရပ်ဖြစ်သည်။

မော့လျှိုကွေ့ရဲ့ ရောင်ခြည်က အသက်ဝင်လာပြန်ပြီလား...

သို့ရာတွင် သူမ၏ ရောင်ခြည်မှာ ပို၍အားနည်းလာ၏။ အရင်ဘဝတွင် သူမ၏ အရှိန်အဝါက အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များသို့ပါ သက်ရောက်စေ၏။ ယခုမူ ချင်ချန်းယီနှင့် ယီချန်းဖုန်မှအပ အခြားအမျိုးသားဇာတ်လိုက်များ ထွက်ပေါ်လာခြင်း မရှိသေးချေ။

သူတို့ အခုထိ မတွေ့ကြသေးလို့လား...ဒါမှမဟုတ် မော့လျှိုကွေ့ရဲ့ အရှိန်အဝါက သူတို့အပေါ် မသက်ရောက်နိုင်တော့တာလား...

မော့တိက သူခွဲဝေပေးခဲ့သည့် အလုပ်အကြောင်း မေးခွန်းထုတ်သည့်အခါ ရှန့်ယွီချောင်နှင့် ကျန်သူများက အပြစ်ရှိစိတ်အား ခံစားလိုက်ရပြီး ဆရာ၏စစ်ဆေးခြင်း ခံနေရသော အိမ်စာလုပ်မထားသည့် ကျောင်းသားများသဖွယ် ခံစားလိုက်ရသည်။ သုံးဦးသားက နေရာအမြန်ယူကာ အပြင်းအထန်အလုပ်လုပ်ကြတော့၏။

မော့တိ:

ထင်တဲ့အတိုင်းပဲ...မပြီးကြသေးဘူး...

ထိုညတွင် မော့တိက နှစ်နာရီထိုးသည်အထိ ကုဒ်ရေးခဲ့သည်။ ထို့နောက် ရအမှနခှေှှိုးပှီး အိပ်ရာဝင်လိုက်၏။

သူက ချက်ချင်းမအိပ်သေးဘဲ မော့မိသားစု၏ ရက်အနည်းငယ်အကြာက မှတ်တမ်းကို ကြည့်နေခဲ့သည်။ သူက ပါဝင်သည့် အကြောင်းအရာများကို အမြန်စစ်ထုတ်လိုက်သည်။

အသုံးဝင်သည့် အချက်အလက် များများစားစားမရှိချေ။

ဒုတိယအဒေါ်မှလွဲ၍ မည်သူကမှ မော့စန်းကျစ်၏ အခန်းအတွင်း မဝင်ကြပေ။ ထို့အပြင် မှတ်တမ်းအတွင်းရှိ ဒုတိယအဒေါ်မှာလည်း အမြောက်စာဇာတ်ကောင်နှင့် တူ၏။ အတိတ်ကရှိခဲ့သော မြင့်မြတ်ကာ သီးသန့်ဆန်သည့် စိတ်နေသဘောထားက ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်ခြင်းခံလိုက်ရပုံပေါ်သည်။ သူမက ရွမ်ချင်းတန့်နှင့် ထောင်ကျနေသည့် မော့ရှစ်ဟုန်တို့အား အချိန်နှင့်အမျှ မခံချင်အောင်ပြောလေ့ရှိသည်။ အခြားအချိန်များတွင်မူ သူမက မော့ရှစ်ချန်အား မော့စန်းကျစ်၏ အခန်းတွင်းသို့ အတင်းဆွဲခေါ်လာကာ သူတို့၏သားအပေါ် ဂရုမစိုက်သည့်အတွက် ပူညံပူညံလုပ်ရင်း အခန်းတွင်းရှိ မော့စန်းကျစ်၏ ပစ္စည်းများကို ညွှန်ပြခြင်းဖြင့် အပြစ်ရှိစိတ်ဝင်အောင် ပြုလုပ်လေ့ရှိသည်။

အဆိုပါစုံတွဲက နေ့စဥ်လိုလိုပင် ခွန်းကြီးခွန်းငယ်စကားများနေကြပြီး မော့အိမ်တစ်ခုလုံး၏ စိတ်အခြေအနေကို ထိုင်းမှိုင်းစေကာ အဖိုးမော့အား ယမ်းပုံမီးကျ ဒေါသထွက်စေခဲ့သည်။ မော့ရှစ်ချန်က ဒုတိယအဒေါ်အား ကွာရှင်းချင်သော်လည်း သူမက ခွင့်ပြုမပေးချေ။ သူမ၏သားက ခက်ခဲမှုများကို ခံစားနေရသဖြင့် မော့ရှစ်ချန်သည်လည်း ထပ်တူခံစားသင့်သည်ဟု ယူဆကာ နေ့စဥ်ခနဲ့လေသည်။

အခြားတစ်ဖက်တွင် အကြီးဆုံးအဒေါ်က ပိုမို၍ ချုပ်တည်းနိုင်စွမ်းရှိလာခဲ့၏။ သူမက မည်သူ့ကိုမှ ပြဿနာမရှာသည့်အပြင် မော့လျှိုကွေ့နှင့် ချင်ချန်းယီကို ကျေနပ်အောင်ပြုလုပ်ခြင်းဖြင့် ရွမ်ချင်းတန့်နှင့် ဆက်ဆံရေးကိုပင် ပြန်လည်ဖာထေးနိုင်ခဲ့သည်။ သို့သော် မော့လျှိုကွေ့က သူမ၏အပြစ်အား ဖုံးကွယ်နိုင်ရန် မော့စစ်လန်အား အသုံးချသွားသည့် အဖြစ်အပျက်က အကြီးဆုံးအဒေါ်၏ ရင်ထဲတွင် ဆူးတစ်ချောင်းသဖွယ် စိုက်ဝင်နေခြင်းရှိမရှိကိုမူ မော့တိ မသေချာချေ။

မော့တိက မော့မိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း အသုံးအဝင်ဆုံး အချက်အလက်မှာ မော့အာ့ချမ် ပြန်ရောက်လာမည့် ကိစ္စရပ်ဖြစ်လေသည်။ သို့သော် ၎င်းမှာ သူ၏အရင်ဘဝနှင့် အတူတူပင်ဖြစ်သည့်အတွက် အသစ်အဆန်းမဟုတ်ချေ။ ဗီဒီယိုကို မကြည့်လျှင်ပင် အားလုံးသိပြီးသားဖြစ်သည်။

(TN: မေ့မှာစိုးလို့ပါ...မော့အာ့ချမ်က မော့စန်းကျစ်ရဲ့ အမြွှာဖြစ်ပြီးတော့ ဒုတိယအဒေါ်ရဲ့သားပါ...)

မော့အာ့ချမ်အကြောင်း တွေးမိရာ၌ မော့တိ အနည်းငယ်ပင် စိတ်ဓာတ်ကျချင်လာသည်။ မော့စစ်လန်ကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပြုတတ်သော နားလည်ရခက်သူနှင့် နိုင်းယှဥ်ပါက မော့အာ့ချမ်မှာ ပိုမို၍ဆိုးဝါးလေသည်။

အကြောင်းပြချက်မှာ သူက မော့မိသားစုအတွင်း ဉာဏ်ရည်အမြင့်ဆုံး ဖြစ်သောကြောင့်ဖြစ်၏။ ဂုဏ်သတင်းမွှေးပျံ့လှသည့် အမေရိကရှိ H တက္ကသိုလ်မှ ဘွဲ့ရလာခြင်းဖြစ်ကာ အတန်းပြီးဆုံးသည်နှင့် အစိုးရ၏ ထိပတှနှးလှှှို့ဝှကသှုတသနတှငှေ ပါဝင်ရန် ကမ်းလှမ်းခံခဲ့ရပြီး အလုပ်လုပ်နေသည်။ သူက ကြီးမားသော ပြိုင်ဘက်တစ်ဦး ဖြစ်လာမှာဖြစ်၏။

ကံကောင်းစွာဖြင့် သူ၏လုပ်ငန်းအရ သီးသန့်အထားခံရလေရာ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်၍နေလေသည်။ မဟုတ်လျှင် မော့မိသားစု၏ အခြေအနေကို လွန်ခဲ့သည့် နှစ်ရက်အကြာကမှ သိရှိမှာမဟုတ်ချေ။

သို့သော် သူသိလျှင်ပင် သုတေသနမပြီးသေးသည့်အတွက် သူ ပြန်လာ၍မရခဲ့ပေ။

အရင်ဘဝက မော့အာ့ချမ်မှာ စစ်သား အမြောက်အများကို ကိုယ်ရံတော်အဖြစ် ခြံရံလျှက် နှစ်ကုန်ခါနီးတွင် အိမ်သို့ပြန်ရောက်လာခဲ့သည်။

သူ အမှတ်မမှားပါက မော့အာ့ချမ် ပရောဂျက်အား အဆုံးသတ်ပြီးသည်နှင့် အခြားလျှို့ဝှက်ပရောဂျက်၏ မြင့်မားသော ရာထူးနေရာအတွက် ကမ်းလှမ်းခံခဲ့ရသည်။ သို့သော် သူက မော့လျှိုကွေ့၏အဝေးတွင် မနေလိုသောကြောင့် ငြင်းပယ်ခဲ့၏။ ထိုအစား အမေရိကရှိ H တက္ကသိုလ်တွင် ပါမောက္ခအဖြစ်ထမ်းဆောင်ရန် ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့လေသည်။

အစိုးရ၏ လျှို့ဝှက်ပရောဂျက်၌ ပါဝင်ခဲ့ဖူးသော ကျော်ကြားသည့် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး။ ပြောစရာမလိုအောင်ပင် သူ၏ လူမှုရေးအဆင့်အတန်းမှာ ခိုင်မာလှသည်။ တိုင်းပြည်၏ ထိပ်ဆုံးတွင်ရှိသော ၁ ရာခိုင်နှုန်းလောက်အား သိကျွမ်းရန်မှာ သူ့အတွက် အသေးအဖွဲသာဖြစ်၏။ ထို့ကြောင့် ချင်ချန်းယီ၏ အမေရိကတွင်ရှိသော လုပ်ငန်းအားချဲ့ထွင်ရန် မော့အာ့ချမ်က အုတ်မြစ်ချပေးခဲ့လေသည်။ ဤသို့ဖြင့် အရင်ဘဝ၏ နှောင်းပိုင်းကာလများ၌ မော့လျှိုကွေ့နံဘေးတွင် အောင်မြင်လာမည့်စာအုပ်များနှင့် ရုပ်ရှင်စံချိန်ချိုးမည့် ဇာတ်ညွှန်းများစွာက ရွေးချယ်ခံရရန် ဝန်းရံနေကာ သူမ၏သရုပ်ဆောင်ဘဝအား ရေကန်ထဲရှိငါးသဖွယ် ဖြစ်နေစေခဲ့သည်။

ယခုဘဝ၌ ထိုကဲ့သို့ ဖြစ်မလာတော့မည်မှာ နှမြောစရာပင်။

မော့တိက သူ၏လက်ပ်တော့ကို ပိတ်လိုက်သည်။

ချင်ချန်းယီနည်းတူ မော့အာ့ချမ်မှာလည်း ကိုင်တွယ်ရခက်လှ၏။ အရင်ဘဝက သူ့အား စိတ္တဇဆေးရုံသို့ ပို့ဆောင်ရန် ဆုံးဖြတ်ရခြင်း၏ အဓိကအချက်မှာ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဗေဒအား လေ့လာခဲ့သော မော့အာ့ချမ်ကိုယ်တိုင် စစ်ဆေးခဲ့သည့် စိတ်ပိုင်းဆိုင်ရာဆေးစစ်ချက်ကြောင့် ဖြစ်ပေသည်။ ၎င်းဆေးစစ်ချက်အရ မော့တိတွင် အမှန်တကယ် စိတ်ဝေဒနာရှိမရှိအပေါ် မည်သူကမှ မေးခွန်းမထုတ်ရဲကြတော့ချေ။

မော့အာ့ချမ်မှာ မည်သူ့ကိုမဆို နှစ်ခါမတွေးပဲ ဖျက်ဆီးပစ်မည့် အကြင်နာကင်းသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ဉာဏ်ပညာထက်မြက်၍ ရက်စက်လှသည့်အတွက် မော့မိသားစုနောက်ကွယ်ရှိ ပဲ့ထိန်းဟူ၍ပင် ဆိုနိုင်သည်။ ထိုသူက သူ့အား စိတ္တဇဆေးရုံသို့ ဖြောင့်မတ်မှန်ကန်စွာဖြင့် အရောက်ပို့နိုင်ခဲ့လေသည်။

မော့တိ အမုန်းဆုံးမှာ မော့အာ့ချမ်ဖြစ်လေသည်။

သို့သော် အချိန်တစ်ခုလောက်အထိ မော့အာ့ချမ်အား ထိ၍မရသေးမှန်း သူကောင်းစွာသိရှိထား၏။

မော့တိ အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ယောက်ယက်ခတ်နေသည့် ခံစားချက်များအား ဖိနှိပ်ကာ အိပ်စက်ရန် ကြိုးစားလိုက်၏။

အဆင်ပြေပါတယ်...တစ်ယောက်ပြီးတစ်ယောက် လာစမ်းပါစေ...သူတို့တွေ ပြန်ပေးဆပ်ဖို့အတွက် အလျင်လိုစရာ မရှိပါဘူး...

...

နောက်ပိုင်းနေ့ရက်များတွင် မော့မိသားစုအတွင်း၌ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပဲ ပုံမှန်အခြေအနေသို့ ဖြည်းညင်းစွာ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မော့တိသည်လည်း သူ၏နေ့စဥ်ဘဝအား အေးချမ်းစွာ ဖြတ်သန်းလျှက်ရှိ၏။

မော့တိက ရက်သတ္တပါတ်တစ်ခုလုံး ရှင်းဝေ့သောင်အား အဆင့်မြှင့်တင်နေခဲ့ပြီး အားလုံးပြီးစီးသွားသည့်အခါ ဂိမ်းပြိုင်ပွဲ၏ website ၌ တင်လိုက်လေသည်။ ထို့နောက် 'အဆုံးမဲ့ဘဝ' ၏ ထုတ်လုပ်မှုအပေါ် အာရုံပြန်စိုက်လိုက်သည်။

နှစ်ပါတ်ကြာသွားပြီးနောက် ဗိုလ်လုပွဲပထမပွဲစဥ်၏ ရလဒ်များက ထွက်ပေါ်လာခဲ့သည်။ အဆိုပါနေ့မှာ မော့တိ၏ အားလပ်ရက်ဖြစ်သဖြင့် မုထျန်းဟန်နှင့်အတူ ဗီလာ၌ ရှိနေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား ၁၀ နာရီခွဲမှ ကြည့်ရှုသူအများဆုံး အချိန်ဖြစ်သည့် ည ၈ နာရီခွဲသို့ ပြောင်းရွှေ့လိုက်၏။ စတိတ်စင်အား အသားပေးပြုပြင်ထားကာ ပို၍ကျယ်ဝန်းနေပြီး ဇိမ်ကျသောခံစားချက်အား ပေးစွမ်းလျှက်ရှိ၏။ ကြီးမားသော HD မျက်နှာပြင်ကိုလည်း တိုးချဲ့ထားကာ ဂိမ်းများ၏ သုံးဖက်မြင် မြင်ကွင်းအား ပြတ်သားစွာထင်ဟပ်နေစေသည်။ ဂိမ်းပြိုင်ပွဲက အလွန်နာမည်ကြီးနေကြောင်း သိသိသာသာ ပေါ်လွင်လျှက်ရှိလေသည်။

ရှင်းဝေ့သောင်က ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်ရောက်သွားပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ထိုမျှနှင့်တင်မကသေးပဲ နံပါတ်ဆယ့်ငါးတွင် နေရာယူလျှက်ရှိကာ နောက်ဆုံးသုံးနေရာကိုပင် ရှောင်နိုင်ခဲ့၏။

အဆိုပါအဆင့်အား တက်လှမ်းနိုင်ခြင်းမှာ သူတို့အနေဖြင့် ဒိုင်လူကြီးများထံမှ ဝေဖန်ထောက်ပြချက်များအား တိုက်ရိုက်ရယူနိုင်ပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်၏။ သူ၏ဂိမ်းနှင့်ပတ်သတ်၍ များစွာချီးကျူးခံရခြင်းက မော့တိကို မုချပျော်ရွှင်စေခဲ့သည်။ မုထျန်းဟန်၏ အကြံပြုချက်ကြောင့် သူက ဂိမ်းဆော့ကစားပုံနှင့် စစ်ပွဲရင်ဆိုင်ပုံအား အထူးပြုပြင်ခဲ့၏။ ဂိမ်း၏တီထွင်မှုအသစ်က ဒိုင်လူကြီးများ၏ အထင်ကြီးမှုကို ရစေသော်လည်း ၎င်းမှာ အင်မတန်အန္တရာယ်များပြားလေသည်။

ရှင်းဝေ့သောင်က နောက်တစ်ဆင့်မှာ သုံးလို့မရတော့ဘူး...

မော့တိ ရေရွတ်လိုက်မိ၏။

နံဘေးရှိ မုထျန်းဟန်က ပြုံးလိုက်ကာ မော့တိ၏ဆံစများကို ပွတ်သပ်လိုက်သည်။

အဆုံးမဲ့ဘဝ မှာ အခန်းဘယ်လောက်ထိ ပြီးသွားပြီလဲ...

သုံးခန်းမြောက်က မကြာခင်ပြီးတော့မယ်...

တော်တော်မြန်တာပဲ...မင်းမှာ ဒီပွဲစဥ်အတွက် သုံးပါတ်တောင် အချိန်ရခဲ့တယ်လေ...နောက်ပွဲစဥ်အတွက် တစ်လ အချိန်ပေးလောက်တယ်...အခန်း ၆ ဒါမှမဟုတ် ၇ လောက်အထိ ပြီးအောင်လုပ်ပေါ့...ဒီလိုဆိုရင် ဂိမ်းရဲ့အလားအလာကို မြင်အောင်ပြဖို့ လုံလောက်မှာပါ...

အင်း...ဒီလိုဂိမ်းအမျိုးအစားတွေက ဇာတ်ကြောင်းအစုံအလင်ရှိမှ ဆွဲဆောင်မှုရှိတာ...

မော့တိက အပြုံးနှင့်ဆို၏။

အစီအစဥ်တင်ဆက်သူက အနိုင်ရသောအသင်းများကို မိတ်ဆက်ပေးကာ သူတို့၏ဂိမ်းများကိုလည်း ပြတ်သားထင်ရှားသော ပုံရိပ်များ၊ တက်ကြွသော နောက်ခံဂီတများနှင့် ဖန်သားပြင်ပေါ်တွင် ပြသခဲ့လေသည်။

မော့တိပင်လျှင် ဖမ်းစားခံလိုက်ရ၏။

အသင်းအားလုံး ကြေငြာပြီးသည့်အခါ weibo ပေါ်၌ ပိုမို၍မျက်စိဖမ်းစားသည့် ဂိမ်းများအကြောင်း ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့လေသည်။

ထို့နောက် အစီအစဥ်တင်ဆက်သူက နောက်ပွဲစဥ်တွင် အနိုင်ရသည့် ထိပ်ဆုံးဆယ့်ငါးသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်ရမှာဖြစ်ကြောင်း ကြေငြာခဲ့လေသည်။

Xxxxxx




Chapter 92


ေမာ့တိက ေမာ့လွ်ိဳေကြ႕အား ေစာင့္ဆိုင္းေနျခင္းမရွိပဲ ဧည့္ေတြ႕ခ်ိန္ျပည့္သည္ႏွင့္ ျပန္လာခဲ့သည္။ သူတို႔၏ကား ေထာင္ဂိတ္ဝသို႔ ေရာက္ေသာအခါ ​​ေမာ့လွ်ိဳေကြ႕ အျမန္ေျပးထြက္လာၿပီး ယဲ့ခ်န္းဖုန္က သူမ၏လမ္းတစ္ေလွ်ာက္ ကိုယ္ရံေတာ္အျဖစ္ လိုက္ပါလ်က္ရွိသည္ကို ေတြ႕လိုက္ရ၏။

“ဘယ္လိုလဲ...”

ေမာ့တိ စိတ္အေျခအေန ထိခိုက္ခဲ့ဟန္ မေပၚသျဖင့္ မုခ်န္းဟန္က စိတ္သက္သာရာ ရသြားခဲ့သည္။

“ကိုကို...ေမာ့ရွစ္ဟုန္ အေၾကာင္း ေျပာေနတာလား...သူ႔ကို​ၾကည့္ရတာ ေထာင္ထဲမွာ အခ်ိန္ေကာင္းေတြ မရွိခဲ့ပုံပဲ...”

ေမာ့တိက အၾကည့္လႊဲကာ ဓာတ္ဘူးထဲမွ ေရတစ္ငုံစုပ္ေသာက္လိုက္သည္။

“ကြၽန္ေတာ့္ကို ေတြ႕တာနဲ႔ ေဒါသူပုန္ထေတာ့တာပဲ...သူ ကြၽန္ေတာ့္ဆီ လာဖို႔ႀကိဳးစားခဲ့ေပမယ့္ ဘယ္အခြင့္အေရးရွိပါ့မလဲ...အေစာင့္ေတြဆီက ပညာေပးတာ ခံလိုက္ရတယ္...”

“သူက ေျပာင္းလဲမွာမဟုတ္ဘူး...”

“ဒါေပမယ့္ အေစာင့္ေတြအေပၚေတာ့ အရမ္းကိုနာခံလြယ္တာ...အရင္လိုသာဆို ပိုၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ေလာက္တယ္...”

“ကိုကို...ကြၽန္ေတာ္ ေက်ာင္းကိုေရာက္ရင္ ၆နာရီ ဒါမွမဟုတ္ ၇နာရီေလာက္ ျဖစ္ေနေလာက္ၿပီ...ကြၽန္ေတာ္တို႔ အျပင္မွာပဲ ညစာစားရင္ေရာ ဘယ္လိုလဲ...”

“ေကာင္းသားပဲ...မင္းရဲ႕ေက်ာင္းနားမွာ စားစရာသိပ္မရွိေလာက္ဘူး...”

မုထ်န္းဟန္က စတီယာရင္တိုင္ကို လွည့္လိုက္သည္။

“မင္း ဘာစားခ်င္လဲ...”

“ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္...ကြၽန္ေတာ္ ကိုကိုနဲ႔ ညစာစားရရင္ကို ေပ်ာ္ေနၿပီ...”

ေမာ့တိက ၿပဳံးလိုက္ရင္း မုထ်န္းဟန္၏ ေဘးတိုက္အေနအထားကို ေငးၾကည့္လိုက္သည္။

မုထ်န္းဟန္၏ ႏွလုံးသားက ႏူးညံ့သြားခဲ့၏။ သူက ရယ္ေမာလိုက္ရင္း ဆိုသည္။

“ဒါဆို မင္းစိတ္မပ်က္ေအာင္လို႔ ကိုယ္ႀကိဳးစားရေတာ့မယ္ ထင္တယ္...”

ေမာ့တိက ၿပဳံးလိုက္၏။

“ဒါဆို ဝန္ေဆာင္မႈေပးတာကို ထိုင္ေစာင့္ေနမယ္ေနာ္...”


မုထ်န္းဟန္ႏွင့္ ေမာ့တိက ျပင္သစ္စားေသာက္ဆိုင္တြင္ သူတို႔အတူမစားဖူးသည့္ အစားအစာအား မွာယူ၍ ညစာစားခဲ့ၾကသည္။

ညစာစားၿပီးေနာက္ ေမာ့တိက ကုဒ္ေရးရန္ က်င္းသာ့သို႔ ျပန္သြားခဲ့ေလသည္။

အခန္းေဖာ္သုံးဦးက လန္႔စရာေကာင္းေအာင္ပင္ တိတ္ဆိတ္ေနၾကသည္။ အဆုံးသတ္တြင္ ခ်န္ေက်ာင္းက တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္ကာ ေမးျမန္းလာခဲ့သည္။

“ ေရွာင္တိ...ေမာ့လွ်ိဳေကြ႕နဲ႔ အတူသြားေတာ့ တစ္ခုခုျဖစ္ခဲ့ေသးလား...သူမ မင္းအေပၚ အႏိုင္က်င့္စရာတစ္ခုခု ရွာေတြ႕သြားခဲ့လား...”

“သူမမွာ အခြင့္အေရးမရွိပါဘူး...”

ေမာ့တိက အလုပ္လုပ္ေနရင္း ျပန္ေျဖသည္။

“ဘာလို႔လဲ...မင္းတို႔ တစ္ခုခုၾကားခဲ့လို႔လား...”

“အာ...ျပင္းထန္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး...တျခားဌာနက ေကာင္ေလးေတြစုၿပီးေတာ့ မင္း ေမာ့လွ်ိဳေကြ႕ကို အႏိုင္က်င့္ခဲ့တယ္ဆိုၿပီး မင္းရဲ႕မေကာင္းေၾကာင္းေတြ ထိုင္ေျပာေနၾကတာကို ငါ အမွတ္တမဲ့ၾကားလိုက္လို႔ေလ...သူတို႔က မင္းကို သင္ခန္းစာေပးမယ္လို႔ေတာင္ ႀကိမ္းဝါးေနၾကတယ္...”

ခ်န္ေက်ာင္းက ေျပာရင္းေဒါသထြက္လာခဲ့သည္။

“အလွေၾကာင့္ကန္းေနတဲ့ အ႐ူးတစ္သိုက္ပါကြာ...”

“ဘာပဲျဖစ္ျဖစ္ ေရွာင္တိ...မင္းဘာမွ စိုးရိမ္စရာမလိုဘူး...ဒီေဖေဖက မင္းကို ကာကြယ္ေပးမယ္...”

လင္ကြၽင္းဖုန္က ရင္ဘတ္ကိုထုကာ သူ႔ကိုယ္သူေၾကျငာလိုက္သည္။

“အကယ္၍ သူတို႔တကယ္ႀကီးလာရဲရင္ ငါသူတို႔အားလုံးကို အမႈန္႔ႀကိတ္ပစ္မယ္...”

ရွန္႔ယြီေခ်ာင္က လင္ကြၽင္းဖုန္ကို ၾကည့္ရင္း မ်က္လုံးလွိမ့္လိုက္ကာ ေမာ့တိကိုၾကည့္လိုက္၏။

“ေရွာင္တိ...ဘာမွမစိုးရိမ္နဲ႔...ေက်ာင္းဖိုရမ္မွာ အာက်ယ္ေနတဲ့ေကာင္ဆိုလို႔ ငါးေယာက္၊ ေျခာက္ေယာက္ေလာက္ပဲရွိတာ...သူတို႔ ေရာက္လာရင္ေတာင္ ျပႆနာမရွိဘူး...ဒီအကိုႀကီးက အားလုံးေျဖရွင္းေပးမယ္...”

“ငါ လုံးဝမစိုးရိမ္ပါဘူး...သူတို႔အေနနဲ႔ မွတ္ခ်က္ပါသြားမွာ ဂ႐ုမစိုက္ဘူးဆိုရင္ ငါ့ဘက္က သူတို႔ကို ႀကိဳဆိုေနမွာပါ...၇ ေယာက္ ၈ ေယာက္ေလာက္ တၿပိဳင္ထဲလာတာ မဟုတ္သေ႐ြ႕ သူတို႔ကို ငါ ရင္ဆိုင္ႏိုင္ပါတယ္...”

ေမာ့တိက ၿပဳံးလိုက္ရင္း

“ၿပီးေတာ့ အင္တာနက္ေပၚမွာ တျခားလူကို တိုက္ခိုက္တဲ့လူေတြထဲက ဘယ္ႏွစ္​ေယာက္​ေလာက္မ်ား တကယ့္လက္ေတြ႕မွာ အားေကာင္းၾကလို႔လဲ...အမ်ားစုက ဖန္သားျပင္ေနာက္မွာ ပုန္းေနၾကတဲ့ ငေၾကာက္ေတြပဲေလ...”

“ေကာင္းၿပီ...သူမ်ားအေၾကာင္း မေျပာေတာ့ဘူး...ငါေပးခဲ့တဲ့ အလုပ္ေတြ အကုန္ၿပီးၿပီလား...”

ေမာ့တိက အဆိုပါ မွတ္ခ်က္ေရးသူမ်ားအား ဂ႐ုမစိုက္ေသာ္လည္း ၎မွာ မေမွ်ာ္လင့္ထားသည့္ ကိစၥရပ္ျဖစ္သည္။

ေမာ့လွ်ိဳေကြ႕ရဲ႕ ေရာင္ျခည္က အသက္ဝင္လာျပန္ၿပီလား...

သို႔ရာတြင္ သူမ၏ ေရာင္ျခည္မွာ ပို၍အားနည္းလာ၏။ အရင္ဘဝတြင္ သူမ၏ အရွိန္အဝါက အားေကာင္းၿပီး လႊမ္းမိုးႏိုင္စြမ္းရွိသည့္ ပုဂၢိဳလ္မ်ားသို႔ပါ သက္ေရာက္ေစ၏။ ယခုမူ ခ်င္ခ်န္းယီႏွင့္ ယီခ်န္းဖုန္မွအပ အျခားအမ်ိဳးသားဇာတ္လိုက္မ်ား ထြက္ေပၚလာျခင္း မရွိေသးေခ်။

သူတို႔ အခုထိ မေတြ႕ၾကေသးလို႔လား...ဒါမွမဟုတ္ ေမာ့လွ်ိဳေကြ႕ရဲ႕ အရွိန္အဝါက သူတို႔အေပၚ မသက္ေရာက္ႏိုင္ေတာ့တာလား...

ေမာ့တိက သူခြဲေဝေပးခဲ့သည့္ အလုပ္အေၾကာင္း ေမးခြန္းထုတ္သည့္အခါ ရွန္႔ယြီေခ်ာင္ႏွင့္ က်န္သူမ်ားက အျပစ္ရွိစိတ္အား ခံစားလိုက္ရၿပီး ဆရာ၏စစ္ေဆးျခင္း ခံေနရေသာ အိမ္စာလုပ္မထားသည့္ ေက်ာင္းသားမ်ားသဖြယ္ ခံစားလိုက္ရသည္။ သုံးဦးသားက ေနရာအျမန္ယူကာ အျပင္းအထန္အလုပ္လုပ္ၾကေတာ့၏။

ေမာ့တိ: “…”

ထင္တဲ့အတိုင္းပဲ...မၿပီးၾကေသးဘူး...

ထိုညတြင္ ေမာ့တိက ႏွစ္နာရီထိုးသည္အထိ ကုဒ္ေရးခဲ့သည္။ ထို႔ေနာက္ ေရအျမန္ခ်္ိုးၿပီး အိပ္ရာဝင္လိုက္၏။

သူက ခ်က္ခ်င္းမအိပ္ေသးဘဲ ေမာ့မိသားစု၏ ရက္အနည္းငယ္အၾကာက မွတ္တမ္းကို ၾကည့္ေနခဲ့သည္။ သူက ပါဝင္သည့္ အေၾကာင္းအရာမ်ားကို အျမန္စစ္ထုတ္လိုက္သည္။

အသုံးဝင္သည့္ အခ်က္အလက္ မ်ားမ်ားစားစားမရွိေခ်။

ဒုတိယအေဒၚမွလြဲ၍ မည္သူကမွ ေမာ့စန္းက်စ္၏ အခန္းအတြင္း မဝင္ၾကေပ။ ထို႔အျပင္ မွတ္တမ္းအတြင္းရွိ ဒုတိယအေဒၚမွာလည္း အေျမာက္စာဇာတ္​ေကာင္ႏွင့္ တူ၏။ အတိတ္ကရွိခဲ့ေသာ ျမင့္ျမတ္ကာ သီးသန္႔ဆန္သည့္ စိတ္ေနသေဘာထားက ျပတင္းေပါက္အျပင္ဘက္သို႔ လႊင့္ပစ္ျခင္းခံလိုက္ရပုံေပၚသည္။ သူမက ႐ြမ္ခ်င္းတန္႔ႏွင့္ ေထာင္က်ေနသည့္ ေမာ့ရွစ္ဟုန္တို႔အား အခ်ိန္ႏွင့္အမွ် မခံခ်င္ေအာင္ေျပာေလ့ရွိသည္။ အျခားအခ်ိန္မ်ားတြင္မူ သူမက ေမာ့ရွစ္ခ်န္အား ေမာ့စန္းက်စ္၏ အခန္းတြင္းသို႔ အတင္းဆြဲေခၚလာကာ သူတို႔၏သားအေပၚ ဂ႐ုမစိုက္သည့္အတြက္ ပူညံပူညံလုပ္ရင္း အခန္းတြင္းရွိ ေမာ့စန္းက်စ္၏ ပစၥည္းမ်ားကို ၫႊန္ျပျခင္းျဖင့္ အျပစ္ရွိစိတ္ဝင္ေအာင္ ျပဳလုပ္ေလ့ရွိသည္။

အဆိုပါစုံတြဲက ေန႔စဥ္လိုလိုပင္ ခြန္းႀကီးခြန္းငယ္စကားမ်ားေနၾကၿပီး ေမာ့အိမ္တစ္ခုလုံး၏ စိတ္အေျခအေနကို ထိုင္းမႈိင္းေစကာ အဖိုးေမာ့အား ယမ္းပုံမီးက် ေဒါသထြက္ေစခဲ့သည္။ ေမာ့ရွစ္ခ်န္က ဒုတိယအေဒၚအား ကြာရွင္းခ်င္ေသာ္လည္း သူမက ခြင့္ျပဳမေပးေခ်။ သူမ၏သားက ခက္ခဲမႈမ်ားကို ခံစားေနရသျဖင့္ ေမာ့ရွစ္ခ်န္သည္လည္း ထပ္တူခံစားသင့္သည္ဟု ယူဆကာ ေန႔စဥ္ခနဲ႔ေလသည္။

အျခားတစ္ဖက္တြင္ အႀကီးဆုံးအေဒၚက ပိုမို၍ ခ်ဳပ္တည္းႏိုင္စြမ္းရွိလာခဲ့၏။ သူမက မည္သူ႔ကိုမွ ျပႆနာမရွာသည့္အျပင္ ေမာ့လွ်ိဳေကြ႕ႏွင့္ ခ်င္ခ်န္းယီကို ေက်နပ္ေအာင္ျပဳလုပ္ျခင္းျဖင့္ ႐ြမ္ခ်င္းတန္႔ႏွင့္ ဆက္ဆံေရးကိုပင္ ျပန္လည္ဖာေထးႏိုင္ခဲ့သည္။ သို႔ေသာ္ ေမာ့လွ်ိဳေကြ႕က သူမ၏အျပစ္အား ဖုံးကြယ္ႏိုင္ရန္ ေမာ့စစ္လန္အား အသုံးခ်သြားသည့္ အျဖစ္အပ်က္က အႀကီးဆုံးအေဒၚ၏ ရင္ထဲတြင္ ဆူးတစ္ေခ်ာင္းသဖြယ္ စိုက္ဝင္ေနျခင္းရွိမရွိကိုမူ ေမာ့တိ မေသခ်ာေခ်။

ေမာ့တိက ေမာ့မိသားစု၏ ​လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ေနရင္း အသုံးအဝင္ဆုံး အခ်က္အလက္မွာ ေမာ့အာ့ခ်မ္ ျပန္ေရာက္လာမည့္ ကိစၥရပ္ျဖစ္ေလသည္။ သို႔ေသာ္ ၎မွာ သူ၏အရင္ဘဝႏွင့္ အတူတူပင္ျဖစ္သည့္အတြက္ အသစ္အဆန္းမဟုတ္ေခ်။ ဗီဒီယိုကို မၾကည့္လွ်င္ပင္ အားလုံးသိၿပီးသားျဖစ္သည္။

(TN: ေမ့မွာစိုးလို႔ပါ...ေမာ့အာ့ခ်မ္က ေမာ့စန္းက်စ္ရဲ႕ အႁမႊာျဖစ္ၿပီးေတာ့ ဒုတိယအေဒၚရဲ႕သားပါ...)

ေမာ့အာ့ခ်မ္အေၾကာင္း ေတြးမိရာ၌ ေမာ့တိ အနည္းငယ္ပင္ စိတ္ဓာတ္က်ခ်င္လာသည္။ ေမာ့စစ္လန္ကဲ့သို႔ ပုန္းလွ်ိဳးကြယ္လွ်ိဳး အႏၲရာယ္ျပဳတတ္ေသာ နားလည္ရခက္သူႏွင့္ ႏိုင္းယွဥ္ပါက ေမာ့အာ့ခ်မ္မွာ ပိုမို၍ဆိုးဝါးေလသည္။

အေၾကာင္းျပခ်က္မွာ သူက ေမာ့မိသားစုအတြင္း ဉာဏ္ရည္အျမင့္ဆုံး ျဖစ္ေသာေၾကာင့္ျဖစ္၏။ ဂုဏ္သတင္းေမႊးပ်ံ႕လွသည့္ အေမရိကရွိ H တကၠသိုလ္မွ ဘြဲ႕ရလာျခင္းျဖစ္ကာ အတန္းၿပီးဆုံးသည္ႏွင့္ အစိုးရ၏ ထိပ္တန္းလွ်္ို႔ဝွက္သုေတသနတြင္ ပါဝင္ရန္ ကမ္းလွမ္းခံခဲ့ရၿပီး အလုပ္လုပ္ေနသည္။ သူက ႀကီးမားေသာ ၿပိဳင္ဘက္တစ္ဦး ျဖစ္လာမွာျဖစ္၏။

ကံေကာင္းစြာျဖင့္ သူ၏လုပ္ငန္းအရ သီးသန္႔အထားခံရေလရာ ပတ္ဝန္းက်င္ႏွင့္ အဆက္အသြယ္ျပတ္၍ေနေလသည္။ မဟုတ္လွ်င္ ေမာ့မိသားစု၏ အေျခအေနကို လြန္ခဲ့သည့္ ႏွစ္ရက္အၾကာကမွ သိရွိမွာမဟုတ္ေခ်။

သို႔ေသာ္ သူသိလွ်င္ပင္ သုေတသနမၿပီးေသးသည့္အတြက္ သူ ျပန္လာ၍မရခဲ့ေပ။

အရင္ဘဝက ေမာ့အာ့ခ်မ္မွာ စစ္သား အေျမာက္အမ်ားကို ကိုယ္ရံ​ေတာ္အ​ျဖစ္ ၿခံရံလွ်က္ ႏွစ္ကုန္ခါနီးတြင္ အိမ္သို႔ျပန္ေရာက္လာခဲ့သည္။

သူ အမွတ္မမွားပါက ေမာ့အာ့ခ်မ္ ပေရာဂ်က္အား အဆုံးသတ္ၿပီးသည္ႏွင့္ အျခားလွ်ိဳ႕ဝွက္ပေရာဂ်က္၏ ျမင့္မားေသာ ရာထူးေနရာအတြက္ ကမ္းလွမ္းခံခဲ့ရသည္။ သို႔ေသာ္ သူက ေမာ့လွ်ိဳေကြ႕၏အေဝးတြင္ မေနလိုေသာေၾကာင့္ ျငင္းပယ္ခဲ့၏။ ထိုအစား အေမရိကရွိ H တကၠသိုလ္တြင္ ပါေမာကၡအျဖစ္ထမ္းေဆာင္ရန္ ကမ္းလွမ္းခ်က္ကိုသာ လက္ခံခဲ့ေလသည္။

အစိုးရ၏ လွ်ိဳ႕ဝွက္ပ​ေရာဂ်က္၌ ပါဝင္ခဲ့ဖူးေသာ ေက်ာ္ၾကားသည့္ တကၠသိုလ္မွ ​ပါေမာကၡတစ္ဦး။ ေျပာစရာမလိုေအာင္ပင္ သူ၏ လူမႈေရးအဆင့္အတန္းမွာ ခိုင္မာလွသည္။ တိုင္းျပည္၏ ထိပ္ဆုံးတြင္ရွိေသာ ၁ ရာခိုင္ႏႈန္းေလာက္အား သိကြၽမ္းရန္မွာ သူ႔အတြက္ အေသးအဖြဲသာျဖစ္၏။ ထို႔ေၾကာင့္ ခ်င္ခ်န္းယီ၏ အေမရိကတြင္ရွိေသာ လုပ္ငန္းအားခ်ဲ႕ထြင္ရန္ ေမာ့အာ့ခ်မ္က အုတ္ျမစ္ခ်ေပးခဲ့ေလသည္။ ဤသို႔ျဖင့္ အရင္ဘဝ၏ ေႏွာင္းပိုင္းကာလမ်ား၌ ေမာ့လွ်ိဳေကြ႕နံေဘးတြင္ ေအာင္ျမင္လာမည့္စာအုပ္မ်ားႏွင့္ ႐ုပ္ရွင္စံခ်ိန္ခ်ိဳးမည့္ ဇာတ္ၫႊန္းမ်ားစြာက ေ႐ြးခ်ယ္ခံရရန္ ဝန္းရံေနကာ သူမ၏သ႐ုပ္ေဆာင္ဘဝအား ေရကန္ထဲရွိငါးသဖြယ္ ျဖစ္ေနေစခဲ့သည္။

ယခုဘဝ၌ ထိုကဲ့သို႔ ျဖစ္မလာေတာ့မည္မွာ ႏွေျမာစရာပင္။

ေမာ့တိက သူ၏လက္ပ္ေတာ့ကို ပိတ္လိုက္သည္။

ခ်င္ခ်န္းယီနည္းတူ ေမာ့အာ့ခ်မ္မွာလည္း ကိုင္တြယ္ရခက္လွ၏။ အရင္ဘဝက သူ႔အား စိတၱဇေဆး႐ုံသို႔ ပို႔ေဆာင္ရန္ ဆုံးျဖတ္ရျခင္း၏ အဓိကအခ်က္မွာ စိတ္ပိုင္းဆိုင္ရာႏွင့္ အာ႐ုံေၾကာေဗဒအား ေလ့လာခဲ့ေသာ ေမာ့အာ့ခ်မ္ကိုယ္တိုင္ စစ္ေဆးခဲ့သည့္ စိတ္ပိုင္းဆိုင္ရာေဆး​စစ္ခ်က္ေၾကာင့္ ျဖစ္​ေပသည္။ ၎ေဆးစစ္ခ်က္အရ ေမာ့တိတြင္ အမွန္တကယ္ စိတ္ေဝဒနာရွိမရွိအေပၚ မည္သူကမွ ေမးခြန္းမထုတ္ရဲၾက​ေတာ့ေခ်။

ေမာ့အာ့ခ်မ္မွာ မည္သူ႔ကိုမဆို ႏွစ္ခါမေတြးပဲ ဖ်က္ဆီးပစ္မည့္ အၾကင္နာကင္းေသာ ျဖစ္တည္မႈတစ္ခုျဖစ္သည္။ ဉာဏ္ပညာထက္ျမက္၍ ရက္စက္လွသည့္အတြက္ ေမာ့မိသားစုေနာက္ကြယ္ရွိ ပဲ့ထိန္းဟူ၍ပင္ ဆိုႏိုင္သည္။ ထိုသူက သူ႔အား စိတၱဇေဆး႐ုံသို႔ ေျဖာင့္မတ္မွန္ကန္စြာျဖင့္ အေရာက္ပို႔ႏိုင္ခဲ့ေလသည္။

ေမာ့တိ အမုန္းဆုံးမွာ ေမာ့အာ့ခ်မ္ျဖစ္ေလသည္။

သို႔ေသာ္ အခ်ိန္တစ္ခုေလာက္အထိ ေမာ့အာ့ခ်မ္အား ထိ၍မရေသးမွန္း သူေကာင္းစြာသိရွိထား၏။

ေမာ့တိ အသက္ျပင္းျပင္းရွဴကာ စိတ္တည္ၿငိမ္ေအာင္ ထိန္းလိုက္သည္။ သူက ေယာက္ယက္ခတ္ေနသည့္ ခံစားခ်က္မ်ားအား ဖိႏွိပ္ကာ အိပ္စက္ရန္ ႀကိဳးစားလိုက္၏။

အဆင္ေျပပါတယ္...တစ္ေယာက္ၿပီးတစ္ေယာက္ လာစမ္းပါေစ...သူတို႔ေတြ ျပန္ေပးဆပ္ဖို႔အတြက္ အလ်င္လိုစရာ မရွိပါဘူး...

...

ေနာက္ပိုင္းေန႔ရက္မ်ားတြင္ ေမာ့မိသားစုအတြင္း၌ မည္သည့္လႈပ္ရွားမႈမွ မရွိေတာ့ပဲ ပုံမွန္အေျခအေနသို႔ ျဖည္းညင္းစြာ ျပန္လည္ဝင္ေရာက္လာခဲ့သည္။ ေမာ့တိသည္လည္း သူ၏ေန႔စဥ္ဘဝအား ေအးခ်မ္းစြာ ျဖတ္သန္းလွ်က္ရွိ၏။

ေမာ့တိက ရက္သတၱပါတ္တစ္ခုလုံး ရွင္းေဝ့ေသာင္အား အဆင့္ျမႇင့္တင္ေနခဲ့ၿပီး အားလုံးၿပီးစီးသြားသည့္အခါ ဂိမ္းၿပိဳင္ပြဲ၏ website ၌ တင္လိုက္ေလသည္။ ထို႔ေနာက္ 'အဆုံးမဲ့ဘဝ' ၏ ထုတ္လုပ္မႈအေပၚ အာ႐ုံျပန္စိုက္လိုက္သည္။

ႏွစ္ပါတ္ၾကာသြားၿပီးေနာက္ ဗိုလ္လုပြဲပထမပြဲစဥ္၏ ရလဒ္မ်ားက ထြက္ေပၚလာခဲ့သည္။ အဆိုပါေန႔မွာ ေမာ့တိ၏ အားလပ္ရက္ျဖစ္သျဖင့္ မုထ်န္းဟန္ႏွင့္အတူ ဗီလာ၌ ရွိေနေလသည္။

တိုက္႐ိုက္ထုတ္လႊင့္မႈအား ၁၀ နာရီခြဲမွ ၾကည့္ရႈသူအမ်ားဆုံး အခ်ိန္ျဖစ္သည့္ ည ၈ နာရီခြဲသို႔ ေျပာင္းေ႐ႊ႕လိုက္၏။ စတိတ္စင္အား အသားေပးျပဳျပင္ထားကာ ပို၍က်ယ္ဝန္းေနၿပီး ဇိမ္က်ေသာခံစားခ်က္အား ေပးစြမ္းလွ်က္ရွိ၏။ ႀကီးမားေသာ HD မ်က္ႏွာျပင္ကိုလည္း တိုးခ်ဲ႕ထားကာ ဂိမ္းမ်ား၏ သုံးဖက္ျမင္ ျမင္ကြင္းအား ျပတ္သားစြာထင္ဟပ္ေနေစသည္။ ဂိမ္းၿပိဳင္ပြဲက အလြန္နာမည္ႀကီးေနေၾကာင္း သိသိသာသာ ေပၚလြင္လွ်က္ရွိေလသည္။

ရွင္းေဝ့ေသာင္က ထိပ္ဆုံးႏွစ္ဆယ္အတြင္း ဝင္ေရာက္သြားၿပီး ေနာက္တစ္ဆင့္သို႔ တက္လွမ္းသြားခဲ့သည္။ ထိုမွ်ႏွင့္တင္မကေသးပဲ နံပါတ္ဆယ့္ငါးတြင္ ေနရာယူလွ်က္ရွိကာ ေနာက္ဆုံးသုံးေနရာကိုပင္ ေရွာင္ႏိုင္ခဲ့၏။

အဆိုပါအဆင့္အား တက္လွမ္းႏိုင္ျခင္းမွာ သူတို႔အေနျဖင့္ ဒိုင္လူႀကီးမ်ားထံမွ ေဝဖန္ေထာက္ျပခ်က္မ်ားအား တိုက္႐ိုက္ရယူႏိုင္ၿပီျဖစ္ေၾကာင္း ဆိုလိုျခင္းျဖစ္၏။ သူ၏ဂိမ္းႏွင့္ပတ္သတ္၍ မ်ားစြာခ်ီးက်ဴးခံရျခင္းက ေမာ့တိကို မုခ်ေပ်ာ္႐ႊင္ေစခဲ့သည္။ မုထ်န္းဟန္၏ အႀကံျပဳခ်က္ေၾကာင့္ သူက ဂိမ္းေဆာ့ကစားပုံႏွင့္ စစ္ပြဲရင္ဆိုင္ပုံအား အထူးျပဳျပင္ခဲ့၏။ ဂိမ္း၏တီထြင္မႈအသစ္က ဒိုင္လူႀကီးမ်ား၏ အထင္ႀကီးမႈကို ရေစေသာ္လည္း ၎မွာ အင္မတန္အႏၲရာယ္မ်ားျပားေလသည္။

“ရွင္းေဝ့ေသာင္က ေနာက္တစ္ဆင့္မွာ သုံးလို႔မရေတာ့ဘူး...”

ေမာ့တိ ေရ႐ြတ္လိုက္မိ၏။

နံေဘးရွိ မုထ်န္းဟန္က ၿပဳံးလိုက္ကာ ေမာ့တိ၏ဆံစမ်ားကို ပြတ္သပ္လိုက္သည္။

“အဆုံးမဲ့ဘဝ မွာ အခန္းဘယ္ေလာက္ထိ ၿပီးသြားၿပီလဲ...”

“သုံးခန္းေျမာက္က မၾကာခင္ၿပီးေတာ့မယ္...”

“ေတာ္ေတာ္ျမန္တာပဲ...မင္းမွာ ဒီပြဲစဥ္အတြက္ သုံးပါတ္ေတာင္ အခ်ိန္ရ​ခဲ့တယ္ေလ...ေနာက္ပြဲစဥ္အတြက္ တစ္လ အခ်ိန္ေပးေလာက္တယ္...အခန္း ၆ ဒါမွမဟုတ္ ၇ ေလာက္အထိ ၿပီးေအာင္လုပ္ေပါ့...ဒီလိုဆိုရင္ ဂိမ္းရဲ႕အလားအလာကို ျမင္ေအာင္ျပဖို႔ လုံေလာက္မွာပါ...”

“အင္း...ဒီလိုဂိမ္းအမ်ိဳးအစားေတြက ဇာတ္ေၾကာင္းအစုံအလင္ရွိမွ ဆြဲေဆာင္မႈရွိတာ...”

ေမာ့တိက အၿပဳံးႏွင့္ဆို၏။

အစီအစဥ္တင္ဆက္သူက အႏိုင္ရေသာအသင္းမ်ားကို မိတ္ဆက္ေပးကာ သူတို႔၏ဂိမ္းမ်ားကိုလည္း ျပတ္သားထင္ရွားေသာ ပုံရိပ္မ်ား၊ တက္ႂကြေသာ ေနာက္ခံဂီတမ်ားႏွင့္ ဖန္သားျပင္ေပၚတြင္ ျပသခဲ့ေလသည္။

ေမာ့တိပင္လွ်င္ ဖမ္းစားခံလိုက္ရ၏။

အသင္းအားလုံး ​ေၾကျငာၿပီးသည့္အခါ weibo ေပၚ၌ ပိုမို၍မ်က္စိဖမ္းစားသည့္ ဂိမ္းမ်ားအေၾကာင္း ေဆြးေႏြးမႈမ်ား ေပၚေပါက္လာခဲ့ေလသည္။

ထို႔ေနာက္ အစီအစဥ္တင္ဆက္သူက ေနာက္ပြဲစဥ္တြင္ အႏိုင္ရသည့္ ထိပ္ဆုံးဆယ့္ငါးသင္းသည္ ဗိုလ္လုပြဲသို႔ တက္ေရာက္ရမွာျဖစ္ေၾကာင္း ေၾကျငာခဲ့ေလသည္။

Xxxxxx

Report content on this page

Continue lendo

Você também vai gostar

3.3K 397 13
Zawgyi ရီရွင္းယြင္ သည္ ဝိညာဥ္ကူးေျပာင္းလာၿပီး နတ္ဘုရား နယ္ေျမ က်င့္ႀကံေရး ေလာကမွာ ထိပ္ဆံုးအဆင့္ဝင္ နတ္ဘုရားဝိညာဥ္အဆင့္ တစ္ေယာက္ ျဖစ္ၿပီး ဘဝင္ျမင့္လြန...
260K 39.7K 102
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
54.4K 415 35
Just some nice BakuDeku fanart I found on the internet. ⚠️NONE OF THIS ART IS MINE⚠️
248K 12.6K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...