Unicode
နင်းမုန့်ယောင်က သူမခေါင်းကိုပဲ ငြိမ့်ပြနိုင်တော့တယ်။
"ကောင်းပြီ ဒါဆိုရင်တော့ ကျွန်မရှင်တို့ကို ဒုက္ခပေးရတော့မယ်"
"ဒါက ဒုက္ခမှမဟုတ်တာ၊ဘာမှ ဒုက္ခမဖြစ်ဘူး"
သုံးယောက်လုံးက သူတို့ရဲ့ခေါင်းတွေကို တစ်ပြိုင်တည်းငြိမ့်လိုက်သည်။နင်းမုန့်ယောင်က စကားနည်းနည်းလောက်ထပ်ပြောပြီး ပြန်လာခဲ့သည်။သူမပြန်သွားပြီး သိပ်မကြာခင်မှာပဲ လီမိသားစုက ကောင်လေးနှစ်ယောက်က အိမ်ပြန်ရောက်လာခဲ့သည်။သူတို့အဖိုးက သူတို့တွေနောက်ဆုံးတော့ စာစသင်လို့ရပြီဆိုတာ ပြောလိုက်သည်။
"ဖိုးဖိုး ဒါကတကယ်ပဲလား?" ခုနစ်နှစ်အရွယ် လင်အာက သူ့အဖိုးကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်သည်။
"တကယ်..အခုရက်ထဲမှာပဲ။မင်းနဲ့ မုလေးက ကောင်းကောင်းနေရမယ်နော် ဟုတ်ပြီလား?" အဘိုးလီက ပြုံးလိုက်သည်။သူ့ရဲ့မြေးအကြီးဆုံးက အရင်ထဲက စာသင်ချင်တယ်ဆိုတာ သူသိတယ်။သူတို့မိသားစုက တစ်ခြားလူတွေထက် ငွေရေးကြေးရေးအဆင်ပြေပေမယ့် သူ့ကို ကျောင်းတော့မပို့နိုင်ဘူး။ဒါပေမယ့် အခုကမတူတော့ဘူး။လင်အာမှာသာ အရည်အချင်းရှိတယ်ဆိုရင် သူ့ကိုကျောင်းပို့ဖို့အတွက် သူတို့အစီအစဉ်တွေလုပ်မှာဖြစ်တယ်။
လင်အာက သူ့ညီလေးကိုကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံးက အရမ်းပျော်သွားတာကြောင့် ခုန်ပေါက်နေကြသည်။
"ဒါက အရမ်းကောင်းတာပဲ!!"
တူညီတဲ့မြင်ကွင်းမျိုးက ရွာထဲကအခြားအိမ်ေတွမှာလည်းဖြစ်သည်။လူကြီးတွေက ပျော်ရွှင်နေပြီးတော့ ကလေးတွေက မျော်လင့်ချက်များပြည့်နေသည်။
နောက်တစ်နေ့မနက်တွင် ရန်လဲ့လဲ့က သူမရဲ့ပန်းထိုးပစ္စည်းများကိုယူပြီး နင်းမုန့်ယောင်ရဲ့အိမ်ကို သွားသည်။နှစ်ယောက်လုံးက နွားလှည်းစီးပြီး မြို့ကိုသွားကြသည်။
သူတို့မြို့ကိုရောက်တာနဲ့ နင်းမုန့်ယောင်က စာအုပ်အချို့ဝယ်ဖို့ စာအုပ်ဆိုင်ကိုမသွားခင် အရင်ဆုံး ရန်လဲ့လဲ့ကိုအဖော်လုပ်ပြီးတော့ သူမပန်းထိုးထားတာတွေရောင်းပေးပြီး ပန်းထိုးပစ္စည်းတွေဝယ်တယ်။နင်းမုန့်ယောင်က "ဇာတ်ကောင်သုံးမျိုး၊မိသားစုတစ်ရာ၏အမည်များ"၊"စကားလုံးတစ်ထောင်လမ်းညွှန်"၊"ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာစံနှုန်းများ"၊စတဲ့ လွယ်ကူတဲ့စာအုပ်တွေကို ရွေးချယ်လိုက်တယ်။သူမက စာရွက်အချို့နဲ့ မှင်၊စုတ်တံတွေတောင်ဝယ်ဖို့သွားလိုက်သေးတယ်။
"ယောင်ယောင် ဒါတွေကတအားဈေးကြီးတယ်"
"ဒါကအဆင်ပြေပါတယ်။ငါတို့အိမ်ပြန်ရောက်တာနဲ့ စာရွက်ကိုဖြတ်ပြီး စာအုပ်တွေဆီက ကူးလိုက်မယ်" နင်းမုန့်ယောင်ကစိတ်မပူတာကြောင့် ခေါင်းရမ်းလိုက်တယ်။
နင်းမုန့်ယောင်က စုစုပေါင်းစာအုပ်ဆယ်အုပ်ဝယ်ခဲ့သည်။သူမက စာအုပ်အားလုံးကို ကူးယူဖို့သာအချိန်ပေးရပြီး ၎င်းတို့က တစ်လျံထက်ပိုကုန်ကျပေမယ်လို့ နှစ်ခုထက်တော့မပိုဘူး။
"နင်အဲ့ဒါလုပ်တဲ့အချိန်ကျရင်ငါလည်းကူညီပေးမယ်။ငါကစာမရေးတတ်ပေမယ့် စက္ကူတွေဖြတ်ရင် ကူေပးလို့ရတယ်" ရန်လဲ့လဲ့က တွေးပြီးပြောလိုက်သည်။
"ဒါဆိုရင်တော့ကောင်းတာပေါ့" နင်းမုန့်ယောင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။စာအုပ်တွေဝယ်ပြီးတဲ့အခါမှာ နင်းမုန့်ယောင်က လိုအပ်တဲ့ပစ္စည်းတွေကို မပြန်ခင်ဝယ်ဖို့လုပ်သည်။
အိမ်ပြန်ရောက်တဲ့အခါမှာ နင်းမုန့်ယောင်က စားပွဲတစ်လုံးကိုယူပြီး စာမရေးခင် မှင်နဲ့စုတ်တံတွေတင်ထားလိုက်သည်။သူမ တစ်ခုရေးပြီးသွားတဲ့အခါမှာ ရန်လဲ့လဲ့က (စာအုပ်)အနှောင့်ကို ကြိုးအထူကြီးနဲ့မချုပ်ခင် ဆီစိမ်စက္ကူနဲ့ ဂရုတစိုက်ချည်နှောင်သည်။သူတို့က မြို့ကနေပြန်လာချိန်ထဲက အလှုပ်ရှုပ်နေကြပြီး နေ့ခင်းရောက်တဲ့အခါမှာ "ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာ စံနှုန်းများ"ဆိုတဲ့ စာအုပ်ကို ကူးပြီး ချုပ်ကြသည်။
နင်းမုန့်ယောင်က စာအုပ်သုံးဆယ်ကိုကြည့်ပြီးပြုံးလိုက်သည်။ရန်လဲ့လဲ့က စားပွဲပေါ်ကစာအုပ်တွေကိုကြည့်လိုက်သည်။ပြီးမြောက်အောင်မြင်သွားတဲ့ ခံစားချက်ကိုရတာကြောင့် သူမက အကြုံပြုလိုက်သည်။
"ငါမနက်ဖြန်လည်းကူညီဖို့ထပ်လာခဲ့မယ်"
"ဒါဆိုရင်တော့ ငါ့ကိုကူညီဖို့ နင့်ကို ဒုက္ခပေးရတော့မှာပဲ"
"နင်အဲ့လိုပြောစရာမလိုပါဘူး" ရန်လဲ့လဲ့က ဂရုမစိုက်ဘဲ လက်ခါပြလိုက်သည်။
ထိုညတွင် ရန်လဲ့လဲ့သည် သူမအိမ်မပြန်ခင်တွင် နင်းမုန့်ယောင်အိမ်၌ ညစာစားသွားသည်။ရန်ကျူးနဲ့ သခင်မကြီးရန်က တံခါးကနေ စိုးရိမ်တကြီးနဲ့ရပ်စောင့်နေကြသည်။သူတို့က သူမရဲ့ပုံသဏ္ဌာန်ကိုမြင်လိုက်ရတော့မှပဲ စိတ်ပူတာလျော့သွားကြသည်။သူတို့ကို တံခါးပေါက်မှာမြင်လိုက်မှ ရန်လဲ့လဲ့က သူမနင်းမုန့်ယောင်ကိုစာအုပ်ကူချုပ်ရင်းအလုပ်များနေတာနဲ့သူမမိဘတွေကို အသိပေးဖို့မေ့သွားတယ်ဆိုတာ သတိရသွားသည်။
တံခါးဆီကို မြန်မြန်လျှောက်သွားပြီး ရန်လဲ့လဲ့ကပြောလိုက်သည်။
"အဖေ၊အမေ သမီးအဆင်ပြေပါတယ်။သမီးကယောင်ယောင့်ကို စာအုပ်တွေကူချုပ်ပေးနေရင်းနဲ့ အိမ်ကိုပြန်လာပြီးပြောဖို့မတော်တဆမေ့သွားတယ်။သမီးတောင်းပန်ပါတယ်"
"အဆင်ပြေပါတယ် သမီးပြောတာ သမီးကသူ့ကို စာအုပ်တွေကူချုပ်ေပးတာလား?"
"ဟုတ်တယ်။ယောင်ယောင်က ဒီနေ့စာအုပ်ဆယ်အုပ်ဝယ်ခဲ့တယ် ဒါပေမယ့် အဲ့ဒါတွေက အရမ်းဈေးကြီးတယ်။အဲ့စာအုပ်တွေအကုန်လုံးက သူ့ကို နှစ်လျံလောက်ကုန်သွားစေတယ်။ယောင်ယောင်ကပြောတယ် သူက အဲ့စာအုပ်တွေကို ကူးမယ်တဲ့"
သူတို့တွေ စာအုပ်သုံးဆယ်ကို ပြီးအောင်လုပ်တဲ့အချိန်ကိုပြန်တွေးလိုက်ပြီး ရန်လဲ့လဲ့က ကျေနပ်သွားသည်။
ရန်ကျူးက သူ့သမီးပြောတာကို ကြည့်လိုက်သည်။သူက သူ့နှလုံးသားထဲမှာ ခံစားနေရတာကို ဘယ်လိုဖော်ပြပြီး ပြောပြရမလဲမသိတော့ဘူး။
"အဖေ သမီးမနက်ဖြန်ကျရင်လည်း ယောင်ယောင်ကိုထပ်သွားကူဦးမယ် သူတစ်ယောက်ထဲလုပ်မယ်ဆိုရင် အရမ်းများလွန်းတယ်"
ရန်လဲ့လဲ့က မျက်မှောင်ကြုံလိုက်သည်။ယောင်ယောင့်ကို ကူညီမယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင် သူမဘာသာတစ်ယောက်ထဲ စာတွေကူးရေးပြီး ချုပ်နေရလိမ့်မယ်။သူမ အချိန်ဘယ်လောက်တောင် ကုန်လိုက်မလဲ?...
"အဖေ နားလည်ပြီ၊သမီးရဲ့အလုပ်တွေကို ခဏချထားပြီး ယောင်ယောင့်ကိုအရင်ဆုံးကူညီပေးလိုက်" ရန်ကျူးကခေါင်းငြိမ့်လိုက်သည်။သူ့သမီးရဲ့ အပြုအမူနဲ့ပတ်သက်ပြီး သူကျေနပ်သည်။သူ့သားတွေအိမ်မှာမရှိတာ ကံဆိုးတာပဲ။မဟုတ်ရင်သူတို့ကလေးတွေကိုလည်းစာသင်ဖို့ပို့လို့ရတယ်။
နောက်တစ်နေ့မနက်တွင် ရန်လဲ့လဲ့က နင်းမုန့်ယောင်အိမ်ကိုထပ်သွားသည်။သူမရောက်တော့ ပြီးပြီးသားစာအုပ်အချို့ကို နင်းမုန့်ယောင်ဘေးတွင်တွေ့လိုက်ရသည်။
"နင်ဒီလောက်အများကြီးတောင်လုပ်ပြီးသွားပြီ??ဘာလို့ငါလာတဲ့အထိမစောင့်တာလဲ"
စားပွဲခုံဆီကိုလျှောက်သွားပြီး ရန်လဲ့လဲ့က အပ်ကိုယူကာ နင်းမုန့်ယောင်ရေးပြီးသွားတဲ့ စာအုပ်တွေကို စချုပ်တော့သည်။နင်းမုန့်ယောင်ကပြုံးလိုက်ပေမယ့် တိတ်တိတ်လေးပဲနေလိုက်ပြီး သူမစာကူးတာကိုသာ အာရုံစိုက်လိုက်သည်။အဲ့လိုနဲ့ပဲ သူတို့နှစ်ယောက်က လေးရက်ကနေငါးရက်နီးပါး အကုန်ပြီးဖို့ အချိန်ယူလိုက်ရသည်။အဘိုးလီကလည်း ပရိဘောဂတွေလုပ်ပြီးသွားလို့ သူမဆီကိုပို့ပေးလိုက်သည်။
ဖတ်ရတာအဆင်မပြေတာမျိုး၊ထောက်ပြီးနားမလည်တာမျိုးရှိရင်မေးပါနော်။ပြီးတော့လေ ဇာတ်လမ်းက ဒီအပိုင်းတွေကနည်းနည်းတော့ပျင်းစရာကောင်းနေတယ်မလား Kikko လည်းဘာသာပြန်ရင်း အဲ့လိုပဲထင်နေတယ်။ဒါပေမယ့် review တွေကိုဖတ်လိုက်တော့ plotအလှည့်အပြောင်းကမိုက်တယ်တဲ့။Kikkoလည်းကြိုမဖတ်ထားဘူးရယ်။တစ်ပိုင်းပြန် တစ်ပိုင်းတင်ပေးတာ။updateအပိုင်းသစ်ကတော့ တနင်္လာနေ့လာပါမယ်ရှင့်။
Zawgyi
နင္းမုန႔္ေယာင္က သူမေခါင္းကိုပဲ ၿငိမ့္ျပနိုင္ေတာ့တယ္။
"ေကာင္းၿပီ ဒါဆိုရင္ေတာ့ ကြၽန္မရွင္တို႔ကို ဒုကၡေပးရေတာ့မယ္"
"ဒါက ဒုကၡမွမဟုတ္တာ၊ဘာမွ ဒုကၡမျဖစ္ဘူး"
သုံးေယာက္လုံးက သူတို႔ရဲ႕ေခါင္းေတြကို တစ္ၿပိဳင္တည္းၿငိမ့္လိုက္သည္။နင္းမုန႔္ေယာင္က စကားနည္းနည္းေလာက္ထပ္ေျပာၿပီး ျပန္လာခဲ့သည္။သူမျပန္သြားၿပီး သိပ္မၾကာခင္မွာပဲ လီမိသားစုက ေကာင္ေလးႏွစ္ေယာက္က အိမ္ျပန္ေရာက္လာခဲ့သည္။သူတို႔အဖိုးက သူတို႔ေတြေနာက္ဆုံးေတာ့ စာစသင္လို႔ရၿပီဆိုတာ ေျပာလိုက္သည္။
"ဖိုးဖိုး ဒါကတကယ္ပဲလား?" ခုနစ္ႏွစ္အ႐ြယ္ လင္အာက သူ႕အဖိုးကို ေမွ်ာ္လင့္ခ်က္အျပည့္နဲ႕ၾကည့္လိုက္သည္။
"တကယ္..အခုရက္ထဲမွာပဲ။မင္းနဲ႕ မုေလးက ေကာင္းေကာင္းေနရမယ္ေနာ္ ဟုတ္ၿပီလား?" အဘိုးလီက ၿပဳံးလိုက္သည္။သူ႕ရဲ႕ေျမးအႀကီးဆုံးက အရင္ထဲက စာသင္ခ်င္တယ္ဆိုတာ သူသိတယ္။သူတို႔မိသားစုက တစ္ျခားလူေတြထက္ ေငြေရးေၾကးေရးအဆင္ေျပေပမယ့္ သူ႕ကို ေက်ာင္းေတာ့မပို႔နိုင္ဘူး။ဒါေပမယ့္ အခုကမတူေတာ့ဘူး။လင္အာမွာသာ အရည္အခ်င္းရွိတယ္ဆိုရင္ သူ႕ကိုေက်ာင္းပို႔ဖို႔အတြက္ သူတို႔အစီအစဥ္ေတြလုပ္မွာျဖစ္တယ္။
လင္အာက သူ႕ညီေလးကိုၾကည့္လိုက္သည္။သူတို႔ႏွစ္ေယာက္လုံးက အရမ္းေပ်ာ္သြားတာေၾကာင့္ ခုန္ေပါက္ေနၾကသည္။
"ဒါက အရမ္းေကာင္းတာပဲ!!"
တူညီတဲ့ျမင္ကြင္းမ်ိဳးက ႐ြာထဲကအျခားအိမ္ေတြမွာလည္းျဖစ္သည္။လူႀကီးေတြက ေပ်ာ္႐ႊင္ေနၿပီးေတာ့ ကေလးေတြက ေမ်ာ္လင့္ခ်က္မ်ားျပည့္ေနသည္။
ေနာက္တစ္ေန႕မနက္တြင္ ရန္လဲ့လဲ့က သူမရဲ႕ပန္းထိုးပစၥည္းမ်ားကိုယူၿပီး နင္းမုန႔္ေယာင္ရဲ႕အိမ္ကို သြားသည္။ႏွစ္ေယာက္လုံးက ႏြားလွည္းစီးၿပီး ၿမိဳ႕ကိုသြားၾကသည္။
သူတို႔ၿမိဳ႕ကိုေရာက္တာနဲ႕ နင္းမုန႔္ေယာင္က စာအုပ္အခ်ိဳ႕ဝယ္ဖို႔ စာအုပ္ဆိုင္ကိုမသြားခင္ အရင္ဆုံး ရန္လဲ့လဲ့ကိုအေဖာ္လုပ္ၿပီးေတာ့ သူမပန္းထိုးထားတာေတြေရာင္းေပးၿပီး ပန္းထိုးပစၥည္းေတြဝယ္တယ္။နင္းမုန႔္ေယာင္က "ဇာတ္ေကာင္သုံးမ်ိဳး၊မိသားစုတစ္ရာ၏အမည္မ်ား"၊"စကားလုံးတစ္ေထာင္လမ္းၫႊန္"၊"ေက်ာင္းသားမ်ားႏွင့္တပည့္ေကာင္းျဖစ္ဖို႔ရာစံႏႈန္းမ်ား"၊စတဲ့ လြယ္ကူတဲ့စာအုပ္ေတြကို ေ႐ြးခ်ယ္လိုက္တယ္။သူမက စာ႐ြက္အခ်ိဳ႕နဲ႕ မွင္၊စုတ္တံေတြေတာင္ဝယ္ဖို႔သြားလိုက္ေသးတယ္။
"ေယာင္ေယာင္ ဒါေတြကတအားေဈးႀကီးတယ္"
"ဒါကအဆင္ေျပပါတယ္။ငါတို႔အိမ္ျပန္ေရာက္တာနဲ႕ စာ႐ြက္ကိုျဖတ္ၿပီး စာအုပ္ေတြဆီက ကူးလိုက္မယ္" နင္းမုန႔္ေယာင္ကစိတ္မပူတာေၾကာင့္ ေခါင္းရမ္းလိုက္တယ္။
နင္းမုန႔္ေယာင္က စုစုေပါင္းစာအုပ္ဆယ္အုပ္ဝယ္ခဲ့သည္။သူမက စာအုပ္အားလုံးကို ကူးယူဖို႔သာအခ်ိန္ေပးရၿပီး ၎တို႔က တစ္လ်ံထက္ပိုကုန္က်ေပမယ္လို႔ ႏွစ္ခုထက္ေတာ့မပိုဘူး။
"နင္အဲ့ဒါလုပ္တဲ့အခ်ိန္က်ရင္ငါလည္းကူညီေပးမယ္။ငါကစာမေရးတတ္ေပမယ့္ စကၠဴေတြျဖတ္ရင္ ကူေပးလို႔ရတယ္" ရန္လဲ့လဲ့က ေတြးၿပီးေျပာလိုက္သည္။
"ဒါဆိုရင္ေတာ့ေကာင္းတာေပါ့" နင္းမုန႔္ေယာင္ကၿပဳံးၿပီး ေခါင္းညိမ့္လိုက္သည္။စာအုပ္ေတြဝယ္ၿပီးတဲ့အခါမွာ နင္းမုန႔္ေယာင္က လိုအပ္တဲ့ပစၥည္းေတြကို မျပန္ခင္ဝယ္ဖို႔လုပ္သည္။
အိမ္ျပန္ေရာက္တဲ့အခါမွာ နင္းမုန႔္ေယာင္က စားပြဲတစ္လုံးကိုယူၿပီး စာမေရးခင္ မွင္နဲ႕စုတ္တံေတြတင္ထားလိုက္သည္။သူမ တစ္ခုေရးၿပီးသြားတဲ့အခါမွာ ရန္လဲ့လဲ့က (စာအုပ္)အေႏွာင့္ကို ႀကိဳးအထူႀကီးနဲ႕မခ်ဳပ္ခင္ ဆီစိမ္စကၠဴနဲ႕ ဂ႐ုတစိုက္ခ်ည္ေႏွာင္သည္။သူတို႔က ၿမိဳ႕ကေနျပန္လာခ်ိန္ထဲက အလႈပ္ရႈပ္ေနၾကၿပီး ေန႕ခင္းေရာက္တဲ့အခါမွာ "ေက်ာင္းသားမ်ားႏွင့္တပည့္ေကာင္းျဖစ္ဖို႔ရာ စံႏႈန္းမ်ား"ဆိုတဲ့ စာအုပ္ကို ကူးၿပီး ခ်ဳပ္ၾကသည္။
နင္းမုန႔္ေယာင္က စာအုပ္သုံးဆယ္ကိုၾကည့္ၿပီးၿပဳံးလိုက္သည္။ရန္လဲ့လဲ့က စားပြဲေပၚကစာအုပ္ေတြကိုၾကည့္လိုက္သည္။ၿပီးေျမာက္ေအာင္ျမင္သြားတဲ့ ခံစားခ်က္ကိုရတာေၾကာင့္ သူမက အႀကဳံျပဳလိုက္သည္။
"ငါမနက္ျဖန္လည္းကူညီဖို႔ထပ္လာခဲ့မယ္"
"ဒါဆိုရင္ေတာ့ ငါ့ကိုကူညီဖို႔ နင့္ကို ဒုကၡေပးရေတာ့မွာပဲ"
"နင္အဲ့လိုေျပာစရာမလိုပါဘူး" ရန္လဲ့လဲ့က ဂ႐ုမစိုက္ဘဲ လက္ခါျပလိုက္သည္။
ထိုညတြင္ ရန္လဲ့လဲ့သည္ သူမအိမ္မျပန္ခင္တြင္ နင္းမုန႔္ေယာင္အိမ္၌ ညစာစားသြားသည္။ရန္က်ဴးနဲ႕ သခင္မႀကီးရန္က တံခါးကေန စိုးရိမ္တႀကီးနဲ႕ရပ္ေစာင့္ေနၾကသည္။သူတို႔က သူမရဲ႕ပုံသဏၭာန္ကိုျမင္လိုက္ရေတာ့မွပဲ စိတ္ပူတာေလ်ာ့သြားၾကသည္။သူတို႔ကို တံခါးေပါက္မွာျမင္လိုက္မွ ရန္လဲ့လဲ့က သူမနင္းမုန႔္ေယာင္ကိုစာအုပ္ကူခ်ဳပ္ရင္းအလုပ္မ်ားေနတာနဲ႕သူမမိဘေတြကို အသိေပးဖို႔ေမ့သြားတယ္ဆိုတာ သတိရသြားသည္။
တံခါးဆီကို ျမန္ျမန္ေလွ်ာက္သြားၿပီး ရန္လဲ့လဲ့ကေျပာလိုက္သည္။
"အေဖ၊အေမ သမီးအဆင္ေျပပါတယ္။သမီးကေယာင္ေယာင့္ကို စာအုပ္ေတြကူခ်ဳပ္ေပးေနရင္းနဲ႕ အိမ္ကိုျပန္လာၿပီးေျပာဖို႔မေတာ္တဆေမ့သြားတယ္။သမီးေတာင္းပန္ပါတယ္"
"အဆင္ေျပပါတယ္ သမီးေျပာတာ သမီးကသူ႕ကို စာအုပ္ေတြကူခ်ဳပ္ေပးတာလား?"
"ဟုတ္တယ္။ေယာင္ေယာင္က ဒီေန႕စာအုပ္ဆယ္အုပ္ဝယ္ခဲ့တယ္ ဒါေပမယ့္ အဲ့ဒါေတြက အရမ္းေဈးႀကီးတယ္။အဲ့စာအုပ္ေတြအကုန္လုံးက သူ႕ကို ႏွစ္လ်ံေလာက္ကုန္သြားေစတယ္။ေယာင္ေယာင္ကေျပာတယ္ သူက အဲ့စာအုပ္ေတြကို ကူးမယ္တဲ့"
သူတို႔ေတြ စာအုပ္သုံးဆယ္ကို ၿပီးေအာင္လုပ္တဲ့အခ်ိန္ကိုျပန္ေတြးလိုက္ၿပီး ရန္လဲ့လဲ့က ေက်နပ္သြားသည္။
ရန္က်ဴးက သူ႕သမီးေျပာတာကို ၾကည့္လိုက္သည္။သူက သူ႕ႏွလုံးသားထဲမွာ ခံစားေနရတာကို ဘယ္လိုေဖာ္ျပၿပီး ေျပာျပရမလဲမသိေတာ့ဘူး။
"အေဖ သမီးမနက္ျဖန္က်ရင္လည္း ေယာင္ေယာင္ကိုထပ္သြားကူဦးမယ္ သူတစ္ေယာက္ထဲလုပ္မယ္ဆိုရင္ အရမ္းမ်ားလြန္းတယ္"
ရန္လဲ့လဲ့က မ်က္ေမွာင္ႀကဳံလိုက္သည္။ေယာင္ေယာင့္ကို ကူညီမယ့္သူ တစ္ေယာက္မွမရွိဘူးဆိုရင္ သူမဘာသာတစ္ေယာက္ထဲ စာေတြကူးေရးၿပီး ခ်ဳပ္ေနရလိမ့္မယ္။သူမ အခ်ိန္ဘယ္ေလာက္ေတာင္ ကုန္လိုက္မလဲ?...
"အေဖ နားလည္ၿပီ၊သမီးရဲ႕အလုပ္ေတြကို ခဏခ်ထားၿပီး ေယာင္ေယာင့္ကိုအရင္ဆုံးကူညီေပးလိုက္" ရန္က်ဴးကေခါင္းၿငိမ့္လိုက္သည္။သူ႕သမီးရဲ႕ အျပဳအမူနဲ႕ပတ္သက္ၿပီး သူေက်နပ္သည္။သူ႕သားေတြအိမ္မွာမရွိတာ ကံဆိုးတာပဲ။မဟုတ္ရင္သူတို႔ကေလးေတြကိုလည္းစာသင္ဖို႔ပို႔လို႔ရတယ္။
ေနာက္တစ္ေန႕မနက္တြင္ ရန္လဲ့လဲ့က နင္းမုန႔္ေယာင္အိမ္ကိုထပ္သြားသည္။သူမေရာက္ေတာ့ ၿပီးၿပီးသားစာအုပ္အခ်ိဳ႕ကို နင္းမုန႔္ေယာင္ေဘးတြင္ေတြ႕လိုက္ရသည္။
"နင္ဒီေလာက္အမ်ားႀကီးေတာင္လုပ္ၿပီးသြားၿပီ??ဘာလို႔ငါလာတဲ့အထိမေစာင့္တာလဲ"
စားပြဲခုံဆီကိုေလွ်ာက္သြားၿပီး ရန္လဲ့လဲ့က အပ္ကိုယူကာ နင္းမုန႔္ေယာင္ေရးၿပီးသြားတဲ့ စာအုပ္ေတြကို စခ်ဳပ္ေတာ့သည္။နင္းမုန႔္ေယာင္ကၿပဳံးလိုက္ေပမယ့္ တိတ္တိတ္ေလးပဲေနလိုက္ၿပီး သူမစာကူးတာကိုသာ အာ႐ုံစိုက္လိုက္သည္။အဲ့လိုနဲ႕ပဲ သူတို႔ႏွစ္ေယာက္က ေလးရက္ကေနငါးရက္နီးပါး အကုန္ၿပီးဖို႔ အခ်ိန္ယူလိုက္ရသည္။အဘိုးလီကလည္း ပရိေဘာဂေတြလုပ္ၿပီးသြားလို႔ သူမဆီကိုပို႔ေပးလိုက္သည္။
ဖတ္ရတာအဆင္မေျပတာမ်ိဳး၊ေထာက္ၿပီးနားမလည္တာမ်ိဳးရွိရင္ေမးပါေနာ္။ၿပီးေတာ့ေလ ဇာတ္လမ္းက ဒီအပိုင္းေတြကနည္းနည္းေတာ့ပ်င္းစရာေကာင္းေနတယ္မလား Kikko လည္းဘာသာျပန္ရင္း အဲ့လိုပဲထင္ေနတယ္။ဒါေပမယ့္ review ေတြကိုဖတ္လိုက္ေတာ့ plotအလွည့္အေျပာင္းကမိုက္တယ္တဲ့။Kikkoလည္းႀကိဳမဖတ္ထားဘူးရယ္။တစ္ပိုင္းျပန္ တစ္ပိုင္းတင္ေပးတာ။updateအပိုင္းသစ္ကေတာ့ တနလၤာေန႕လာပါမယ္ရွင့္။