အဓိကမင်းသားကို ငါမလိုဘူး [ဘာသ...

__SWARA__ द्वारा

20.5K 1K 17

Name - အဓိကမင်းသားကို ငါမလိုဘူး။ Web name - You can keep the male lead Author - 라닐슨생 Translator _ Galene Genr... अधिक

နိဒါန်း (Uni + Zaw)
အပိုင်း ၁ (Uni + Zaw)
အပိုင်း ၂ (Uni + Zaw)
အပိုင်း ၃ (Uni + Zaw)
အပိုင်း ၄ (Uni + Zaw)
အပိုင်း ၅ (Uni + Zaw)
အပိုင်း ၆ (Uni + Zaw)
အပိုင်း ၇ (Uni + Zaw)
အပိုင်း ၈ [Uni + Zaw]
အပိုင်း ၉ [Uni + Zaw]
အပိုင်း ၁၀ [Uni + Zaw]
အပိုင်း ၁၁ [Uni + Zaw]
အပိုင်း ၁၂ (Uni + Zaw)
အပိုင်း ၁၃ [Uni + Zaw]
အပိုင်း ၁၄ (Uni + Zaw)
အပိုင်း ၁၅ [Uni + Zaw]
အပိုင်း ၁၆ (Uni + Zaw)
အပိုင်း ၁၇ (Uni + Zaw)
အပိုင်း ၁၈ [Uni + Zaw]
Paid Group
အပိုင်း ၁၉ [Uni + Zaw]
အပိုင်း ၂၀ [Uni + Zaw]
Paid Group Contact
New Paid Groups Announcement
အပိုင်း ၂၁ [Uni + Zaw]
အပိုင်း ၂၂ (Uni + Zaw)
အပိုင်း ၂၄ [Uni + Zaw]
အပိုင်း ၂၅ [Uni + Zaw]
Paid Channel ကြေညာချက်
အပိုင်း ၂၆ [Uni + Zaw]
Paid Channel Promotion
အပိုင်း ၂၇ [Uni + Zaw]

အပိုင်း ၂၃ [Uni + Zaw]

395 30 2
__SWARA__ द्वारा


(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း ၂၃

Author – 라닐슨생

Translator _ Galene

**********


ဝတ္ထုထဲက ပွဲလမ်းသဘင်တွေ အကြောင်းကို စာရွက်ရဲ့ ထောင့်တစ်နေရာမှာ ငါ ရေးချထားမိတယ် ထင်တာပဲ။

ဝတ္ထုထဲမှာ အသေးစိတ်ကျကျ၊ ရှည်ရှည်လျားလျားကို ရှင်းပြထားလို့ ငါမှတ်မိနေတာ။ ဒီမှာ အမဲလိုက်ပွဲတွေက အရေးကြီးတယ်။ ဒါပေမဲ့ အမဲလိုက်ပွဲက အရေးကြီးတာထက် အဲ့ဒီမှာဖြစ်တာတွေက ပိုအရေးပါတာ။

အဲ့ဒီပွဲမှာ ခိုးလီရဲ့ လုပ်ဆောင်ရည်က ထူးချွန်ခဲ့တယ်။ သူက အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သေချာတွေ့ရတဲ့ အပိုင်းတစ်ခု။

ငါ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက်ရှူမိတယ်။ စာရွက်အသစ်တစ်ရွက် ယူထုတ်လိုက်ပြီး ငါ မှတ်မိသမျှကို ချရေးလိုက်တယ်။

'မွန်းစတားအမဲလိုက်ပြိုင်ပွဲ'

အတိုချုပ်ပြောရရင်တော့ တော်ဝင်မိသားစုနဲ့ မျိုးရိုးမြင့်တွေက မြောက်ဘက်တောင်တန်းတွေဆီကို သွားရင်း မွန်းစတားတွေကို အမဲလိုက်ကြတာပဲ။

မွန်းစတားတွေကိုပဲ အမဲလိုက်ကြတာက ပျော်စရာမကောင်းဘူး။ ဒါကြောင့်လည်း တစ်ကောင်ဖမ်းမိတိုင်း ရတဲ့အမှတ်တွေ ရှိတယ်။ ဒီအမှတ်တွေကို အခြားသူတစ်ယောက်ဆီကို လွှဲပေးလို့ရတယ်။ အများစုကတော့ သူတို့ကြိုက်တဲ့ မိန်းကလေးတွေကိုပဲ ပေးကြတာပေါ့။

အဲဒါကြောင့် ယောက်ျားလေးတွေက ပြိုင်နေကြတဲ့ အချိန်မှာ မိန်းကလေးတွေကလည်း သူ့နည်းနဲ့သူ ယှဉ်ပြိုင်ကြလေ့ရှိတယ်။ ဘယ်မိန်းကလေးမှာ အသန်မာဆုံး သူရဲကောင်းတွေရှိလဲဆိုတာကို သိရတော့ ဒီအချက်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တယ်။ အဲ့ဒါ အပြင်ကို ဒီလိုမျိုးပွဲကြီးတွေကို ပြင်ဆင်ဖို့က တော်တော်ငွေကုန်ကြေးကျများတယ်။

အဲရင်က ပွဲမတက်တဲ့အကြောင်းက ဒါကြောင့်ပဲ။ ဒီပြိုင်ပွဲက မဖြစ်မနေ ပါဝင်ရမှာလည်း မဟုတ်ဘူး။

"ရူးဘတ်ရဲ့အမှတ်တွေကို ရနိုင်ရင်ကောင်းမယ်..."

ငါ ဒီတစ်ခေါက် ရချင်တယ်လို့ ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဆက်တွေးနေမိရင်း ငါ သူ့ကို သတိရသွားတယ်။

အီနော့ချ်၊ သူက သေချာပေါက် ပါဝင်မှာပဲ။ သူ ဘာလုပ်နေလဲတော့ မသိဘူး။ ခဏခဏရောက်လေ့ရှိတဲ့ စာတွေက ရက်တော်တော်ကြာတဲ့အထိ မရောက်လာဘူး။

"မတွေ့ရတာတောင် ကြာပြီ"

ငါ့ရဲ့ နှလုံးသားထောင့်တစ်နေရာက ကြေမွသွားတဲ့ အချိန်မှာပဲ ငါ့စိတ်ထဲမှာ တွေးစရာတစ်ခုပေါ်လာတယ်။ ငါ တစ်လျှောက်လုံးတွေးနေခဲ့တဲ့ အခွင့်အရေးက ဒါဖြစ်နိုင်တယ်။

"မြောက်ဘက်...မြောက်ဘက်တောင်တန်း"

ဒါက အကြွေးကို တစ်ခါတည်း တန်းကျေအောင် ဆပ်ပြီး ရူးဘတ်ကို ကွာရှင်းလို့ရမယ့် အခွင့်အရေးပဲ။ ငါ ချက်ချင်း စိတ်လှုပ်ရှားလာမိတယ်။

စာကြည့်ခန်းနံရံပေါ်က မြေပုံကို ငါ လှမ်းကြည့်လိုက်တယ်။ မြေပုံပေါ်က ဘာအမှတ်အသားမှ မရှိတဲ့ တောင်စောင်းတစ်နေရာမှာ အရေးကြီးတာ တစ်ခုခု ရှိနေတယ်။

ငါ့ခေါင်းထဲမှာ အစီအစဉ်တစ်ခု ဆွဲလိုက်တယ်။ အဲ့ဒီနောက်မှာပဲ ငါ့အတွေးကြောင့် ငါ တွန့်ခနဲ ဖြစ်သွားရတယ်။ ဒီဝတ္ထုထဲက ငါသိတဲ့အချက်ကို အသုံးချလိုက်ရင် ခိုးလီရဲ့အခွင့်အရေးကို လုယူသွားသလို ဖြစ်သွားလိမ့်မယ်။

ဒါက...အဆင်ပြေပါ့မလား။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါက သူ့ကို စိတ်ပူပေးနေရမယ့် အနေအထား မဟုတ်ဘူး။ ငါက စာဖတ်သူဖြစ်နေတဲ့အချိန်မှာ ခိုးလီက ဇာတ်လိုက်မင်းသမီးတစ်ယောက်ဆိုပေမဲ့ အခုအချိန်မှာတော့ ငါက ငါ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ပဲ။

ငါ သိထားတဲ့အချက်တွေကို မသုံးချဘူးဆိုရင် မိုက်မဲရာကျမှာပေါ့။ လက်ရှိအဲရင်အခြေအနေက မျှော်လင့်ချက် သိပ်မရှိဘူး။

ငါ့အတွေးတွေကို သေချာစိစစ်ပြီးတဲ့ အချိန်မှာတော့ ခုနက ရူးဘတ် ငါ့ကို ပစ်ပေးသွားတဲ့ စာအုပ်တွေကို ကြည့်ဖို့ စိတ်ကူးရတယ်။ ငါ ရယ်ချင်လာမိတယ်။

စာရင်းစာအုပ်ဆိုတာထက် ကလေးစာအုပ်တစ်အုပ်နဲ့ ပိုတူနေတယ်။ လူတွေက သူတို့သုံးထားတာတွေကိုပဲ ချမှတ်ထားကြတယ်။ အမျိုးအစားခွဲထားတာတွေ၊ ရေတွက်ထားတာတွေတောင် မရှိဘူး။

"နင့်ရဲ့အသုံးစရိတ်တွေကိုတောင် သေချာချရေးထားရဲ့လား"

ငါစာအုပ်တွေကို လက်ထဲကိုင်ထားရင်း ဂျန်နီကို ချက်ချင်း ခေါ်လိုက်တယ်။

"ဂျန်နီ နင် ဒီလ လစာရပြီလား"

ဂျန်နီက ရုတ်တရက် နားမလည်နိုင်သလို ဖြစ်သွားပေမဲ့ အမှန်အတိုင်း ပြန်ဖြေလာတယ်။

"မရသေးပါဘူး။ ဒီလ နည်းနည်းနောက်ကျမယ်လို့ သူတို့ပြောတယ်"

"...အဲ့ဒီလိုလား။ နင်တစ်ယောက်တည်းလား"

"မဟုတ်ပါဘူး။ ကျွန်မရဲ့အခန်းဖော်လည်း ဒီလိုပဲ ပြောတယ်။ သူလည်း လစာမရလောက်သေးဘူး"

စာအုပ်ထဲမှာတော့ အိမ်စေတွေရဲ့ လစာတွေ ပေးပြီးပြီ ဆိုပြီး မှတ်ထားတယ်။ ဒါပေမဲ့ မတူတာကို တန်းတွေ့တာဆိုတော့ ငါများအထင်လွဲနေတာလား။ ကျန်တာတွေကိုလည်း ပြန်စစ်ကြည့်ရမယ်။

"ပန်းခြံထဲမှာ ပန်းတွေ အသစ်စိုက်ထားတာလား"

ငါ ချက်ချင်း ထွက်ကြည့်လိုက်ပြီး ပန်းခြံတစ်လျှောက် လိုက်ကြည့်မိတယ်။ အခုအချိန်မှာ ပန်းခြံက ငါ့အတွက် ရင်းနှီးနေပြီ။ ငါ ပတ်ကြည့်လိုက်ပေမဲ့ ဘာအသစ်မှ မတွေ့ဘူး။ ငါ အစေခံကောင်လေးကို လိုလိုမယ်မယ် မေးကြည့်ပေမဲ့ သူပြောတာလည်း ဘာအသစ်မှ မစိုက်ထားဘူးတဲ့။

"ဘာလဲ...ဒါက...အလွဲသုံးစားလုပ်တာလား"

တကယ် ခိုးလီက ဒါကို ကိုင်ထားတာလား။ ဒါဆိုရင် သူပိုက်ဆံတွေ ခိုးထုတ်ထားတာလား။

ရူးဘတ်က ဒီကိစ္စမှာ မပါဘူးလား။ ဒါပေမဲ့ စာအုပ်ထဲမှာ နောက်ဆုံး အတည်ပြုထားတဲ့သူက ကလစ်ဖို့ဒ်မြို့စားဆိုပြီး ရေးထားတယ်။ ရူးဘတ်ကလည်း ဒီအကြောင်းကို သိနေနိုင်တယ်။

ရူးဘတ်က ငါ ဒါကို ရှာတွေ့မယ်လို့ မထင်ဘူးလား။ မဟုတ်သေးဘူး။ ဒါက စာရင်းကိုင်ပညာရဲ့ နယ်ပယ်လောက်တောင် မရှိသေးဘူး။ အချိန်ယူပြီး စာရင်းစစ်ကြည့်တဲ့လူတိုင်း ဒါကို သတိထားမိမှာပဲ။

ငါ သတိထားမိမယ်ဆိုတာ သူသိတာတောင် ငါ့ကို ပေးလိုက်တယ်။ ငါတုံ့ပြန်ချက်ကို သိချင်တာလား။

ဒီလိုဆိုရင် မတူတာတွေကို ထောက်ပြရင်လည်း အသုံးဝင်မှာမဟုတ်ဘူး။

အမှန်အတိုင်းပြောရရင် ငါလည်း ဒီအိမ်က ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာ စိတ်မဝင်စားဘူး။ တကယ်လို့ အခြေအနေက မကောင်းဘူး၊ တစ်နှစ်ကျော်ရင် ကွာရှင်းမယ်ဆိုရင် ငါလိုတာက ကွာရှင်းစရိတ်ပဲ။

ဒါပေမဲ့ ငါ့ရဲ့ အသိစိတ်နဲ့ မာနက ငါ့ကို ဒီအတိုင်း ထားခွင့်မပေးဘူး။

ငါ စာကြည့်ခန်းဘက်ကိုပဲ ပြန်သွားမိတယ်။ အိမ်တော်စီမံခန့်ခွဲရေးအတွက် အသုံးစရိတ်ဆိုတော့ ရှုပ်ထွေးအောင်လုပ်ဖို့ မလိုဘူး။

ငါ့အသိစိတ်နဲ့ ငါ စာရွက်ပေါ်မှာ အကွက်လေးတွေ ဆွဲလိုက်ပြီး လိုက်ဖြည့်လိုက်တယ်။ ဘာမှတော့ သိပ်မလုပ်လိုက်ရဘူး။ အချိန်တွေ၊ ပစ္စည်းတွေကို အမျိုးအစားခွဲပြီးတဲ့နောက်မှာ အသုံးစရိတ်တွေရဲ့ အသေးစိတ်ကို ငါ ချရေးလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့စီရဲ့ အဆုံးမှာ စုစုပေါင်းပမာဏကို ပေါင်းထည့်တယ်။

စာရင်းစာအုပ်ထဲမှာ ဝင်ငွေစာရင်းက လွတ်နေတယ်။ ဝင်ငွေအတွက်ဆိုရင် အိမ်တော်က ကောက်ခံရတဲ့ အခွန်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို စီမံခန့်ခွဲမှုစရိတ်အဖြစ် ထည့်ရမှာပဲ။

ငါမသိတဲ့နေရာတွေကို ဗလာအတိုင်းပဲ ထားထားမိတယ်။

ရိုးရှင်းတဲ့အလုပ် ဆိုပေမဲ့ စာရင်းက တော်တော်များ တယ်။ ပြီးသွားတဲ့အချိန်မှာ ငါ့လက်တစ်ခုလုံး မင်တွေပေနေပေမဲ့ ငါတော်တော်ကျေနပ်သွားရတယ်။

ငါ့ပစ္စည်းတွေ ငါသိမ်းလိုက်ရင်း ပထမထပ်ကို ဆင်းသွားလိုက်တယ်။

"ရူးဘတ်က ဘယ်မှာလဲ"

ငါ ဖြတ်သွားတဲ့ အစေခံ တစ်ယောက်ကို မေးလိုက်တဲ့ အချိန်မှာ ရူးဘတ်နဲ့ ရစ်ချက်က ပန်းချီခန်းထဲမှာ ရှိနေကြတယ်လို့ ပြောတာကြောင့် ငါ အဲ့ဒီနေရာကို တန်းသွားလိုက်တယ်။

ငါလုပ်ထားတာတွေကို ကြွားဖို့ သွားပေမဲ့ သူတို့ နှစ်ယောက်က စကားပြောနေကြတာ ကြားလိုက်ရတယ်။ ချက်ချင်း ငါ့ခြေလှမ်းတွေကို ရပ်ပြီး နားထောင်နေမိတယ်။

"သခင်လေး။ ကျွန်တော်က မဒမ်ကို လာတွေ့တာပါ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ကောလာဟလတွေကြောင့်လည်း ပါပါတယ်"

"ဘာအကြောင်းလဲ"

"မြို့စားကြီးကိုယ်တိုင်က သခင်လေးကို မေးခိုင်းလိုက် ပါတယ်။ အိမ်ရှေ့စံနဲ့ရော အကုန်အဆင်ပြေနေရဲ့လား သခင်လေး"

"...မင်းဘာပြောချင်တာလဲ"

ရစ်ချက်က တုံ့ဆိုင်းနေပြီးမှ ဆက်ဖြေတယ်။

"ကလစ်ဖို့ဒ်မြို့စားတို့မိသားစုက မျိုးဆက်ပေါင်းများစွာ တော်ဝင်မင်းသမီးတွေ၊ ဧကရီတွေကို မွေးထုတ်ပေးခဲ့တာပါ။ ဒါပေမဲ့ သမီးမရှိတော့ ဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါနဲ့ပဲ ကျွန်တော်တို့ အရှင့်သားကို ထောက်ခံတယ်ဆိုတဲ့ အချက်က မပြောင်းလဲသွားပါဘူး။ ဒါက သခင်ကြီး ပြောချင်တဲ့ အဓိပ္ပာယ်ပါ။"

"ငါသိတယ်" ရူးဘတ်ရဲ့အသံက စိတ်ဆိုးနေတယ်။

"သခင်လေးသိတဲ့အတွက် ဝမ်းသာပါတယ်။ မကြာခင်ကပဲ သခင်လေးနဲ့ ဒုတိယမင်းသားကို ထောက်ခံတဲ့လူတွေက တွေ့နေကြတယ် ဆိုတဲ့..."

"ဒါက အဓိပ္ပာယ်မရှိတာ။ အိမ်ရှေ့စံနဲ့ ငါနဲ့ ရင်းနှီးကြတာ မင်းမသိဘူးလား။ ငါတို့က ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေအဖြစ် ကြီးလာကြတာ"

"ဟုတ်ကဲ့။ ဒါပေမဲ့ သခင်လေးရဲ့ အချစ်တော် လေဒီဗာရီစီယန်က ဒုတိယမင်းသားကို ထောက်ခံတဲ့ လူတွေထဲက တစ်ယောက်ပါ"

"...နယ်ပိုင်မှူးရဲ့သမီးကြောင့် မင်းက ငါ့ကို သံသယဝင်နေတာလား"

ရစ်ချက်က သူ့မကျေနပ်ချက်ကို မဖုံးကွယ်ထားပေမဲ့ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"စပီးလက်မြို့စားမင်းက ကလစ်ဖို့ဒ်မြို့စားကြီးနဲ့ အနီးကပ်ဆက်ဆံရေးရှိပါတယ်။ သခင်လေးရဲ့ ဇနီးကိုလည်း လျစ်လျူမရှုထားပါနဲ့"

"အဖေက အမြဲ စပီးလက်မြိုစားမင်းကို ငါ့ထက် ပိုအလေးထားတာ..."

"ဒီလိုမပြောပါနဲ့ သခင်လေး..."

"အဲ့ဒီမှာ ဘယ်သူလဲ"

ငါ အဲရင်မိသားစုရဲ့ ဇာတ်ကြောင်းကို ကြားရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ရူးဘတ်က သတိထားမိသွားတယ်။

ငါ အခုမှ ရောက်သွားသလို မျက်နှာထားမျိုးနဲ့ သူတို့ နားကို ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်တယ်။

"ငါ စာအုပ်တွေကို ကြည့်ကြည့်ပြီးပြီ။ မှားနေတာတွေချည်းပဲ"

"မင်းက ဘယ်လိုကြည့်ရမှန်း သိတာလား"

ငါ သူ့ကို ပြန်ပြောလိုက်မိတယ်။

"သိလို့ပဲ ငါ သေချာပြန်စီထားတာပေါ့"

သူတို့ထိုင်နေတဲ့ ဆိုဖာရှေ့က စားပွဲပေါ်ကို စာရင်း စာအုပ်အသစ်ရော၊ အဟောင်းတွေပါ ပစ်တင်ပေးလိုက်တယ်။

ရူးဘတ်က ငါ့ကို အံ့ဩတကြီး ကြည့်လာတယ်။ ရစ်ချက်ကတော့ စာရွက်တွေကို ကြည့်နေရင်း ရေရွတ်တယ်။

"မဒမ်...ဒါက သေချာစီစဉ်ထားတာပဲ"

ရစ်ချက်ရဲ့ ချီးကျူးစကားက ငါ့ကို နည်းနည်းရှက်သွားစေတာကြောင့် ငါ ဆိုဖာအစွန်နားမှာ ဝင်ထိုင်မိတယ်။ ရူးဘတ်က ရစ်ချက်ရဲ့လက်ထဲက စာရင်းစာအုပ်နှစ်အုပ်ကို လှမ်းယူပြီး ကြည့်လိုက်တယ်။

ငါ သူတုံ့ပြန်လာတာကို ကြည့်နေခဲ့တယ်။ သူ့ကြည့်ရတာ မျက်နှာသေနဲ့ဆိုတော့ ဘာတွေးနေမှန်း ငါမသိရဘူး။ မတူတာတွေကို နင်မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။

"အခုအချိန်ကစပြီး မဒမ် စာရင်းတွေကိုင်ရင် ဘာကိစ္စမှရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော် မြို့စားကြီး ကို ဒီအကြောင်း ပြန်ပြောပြရမယ်။ အခုအချိန်ကစပြီး မြို့စားရဲ့နယ်ကို မဒမ်တစ်ယောက်တည်း စီမံနိုင်မယ် ထင်တယ်"

"ရူးဘတ်ရှိတာပဲမလား။ ကျွန်မကတော့ ဒီအိမ်တော်ကို စီမံရတာနဲ့တင် တော်တော်များနေပြီ"

"ဒါပေမဲ့ နောက်တစ်ခါ လာတဲ့အခါ သခင်ကြီးက ပြောလိုက်ပါလိမ့်မယ်။ ဒီအကြောင်းကို စဉ်းစားပေးထားပါ။ ကျွမ်းကျင်တဲ့လူက စီမံတာ ပိုမကောင်းဘူးလား"

ငါ ရစ်ချက်ကို ပြုံးပဲပြုံးပြလိုက်တယ်။ ရူးဘတ်က ဒီအကြောင်းကို ဘာမှ မပြောလာတာကိုပဲ ငါ အံ့ဩမိ တယ်။

"ဆာရစ်ချက် မပြန်ခင် ကျွန်မ တစ်ခု တောင်းဆိုစရာ ရှိတယ်"

"ဟုတ်ကဲ့ပြောပါ"

"ကျွန်မကို လက်နက်တစ်ခုလောက် အကြံပေးလို့ ရမလား"

"...လက်နက်လား"

ရူးဘတ်က မျက်မှောင်ကြုတ်ရင်း ငါ့ကို မေးလာတယ်။

"လက်နက်ဆိုတာ မင်းက ဘာကို ပြောတာလဲ။ မင်းက ဓားတစ်ချောင်း ယူသွားမယ်လို့တော့ ငါ့ကို မပြောနဲ့"

"မဟုတ်ဘူး။ အခုမှ ဓားရေးကို သင်ရင် ဘာထူးမှာလဲ။ ငါက မှော်ကျောက်တုံးနဲ့ လက်နက်တစ်ခုကို ပြောနေတာ"

"အိုး၊ ဒီလိုဆိုရင်..."

ရစ်ချက်က သဘောတူသလို ခေါင်းညိတ်တယ်။

မှော်ကျောက်တုံးထည့်ထားတဲ့ လက်နက်က အခြားလက်နက်တွေနဲ့ မတူဘဲ လုပ်ဆောင်ချက်တွေ ကွဲပြားတယ်။ မှော်မီးအစွမ်းတွေ၊ ဆွဲငင်အားကို ဆန့်ကျင်တာတွေ အစရှိတဲ့ စွမ်းဆောင်ရည်တွေ ပါတယ်။

"အခုတလော မိန်းကလေးတွေတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒီလိုလက်နက်မျိုး တစ်ခုခုဆောင်ထားကြတယ်လို့ ကြားတယ်"

"ဒါဆိုရင် ဒီအိမ်ရဲ့မြေအောက်ခန်းမှာ အများကြီးရှိတယ်။"

နားထောင်နေတဲ့ ရူးဘတ်က ထလိုက်ပြီး ငါ့ကို သူ့နောက်လိုက်စေသလိုမျိုး ခေါင်းညိတ်ပြတယ်။

ဒီအိမ်မှာ ဒီလိုလက်နက်တွေ ရှိနေမှန်း ငါသိသားပဲ။ ဒါကြောင့်လည်း ငါ ဒီအကြောင်း ပြောလိုက်တာ။

ဒါပေမဲ့ ရူးဘတ်က သူကိုယ်တိုင် ပြောပြလာမယ်လို့ မထင်ထားတာတော့ အမှန်ပဲ။

သူ စိတ်မပြောင်းခင် ငါ သူ့နောက်ကို လိုက်သွားမိတယ်။

**********

SWARA WEBNOVEL TRANSLATION

ဒီဝတ္ထုလေးကို Story glory မှာ You can keep the male lead လို့ရိုက်နှိပ်ရှာပြီး အပိုင်း ၈၇ အထိ ဖတ်ရှုနိုင်ပါပြီ။


(Zawgyi)

အဓိကမင္းသားကို ငါမလိုဘူး။

အပိုင္း ၂၃

Author – 라닐슨생

Translator _ Galene

**********

ဝတၳဳထဲက ပြဲလမ္းသဘင္ေတြ အေၾကာင္းကို စာ႐ြက္ရဲ႕ ေထာင့္တစ္ေနရာမွာ ငါ ေရးခ်ထားမိတယ္ ထင္တာပဲ။

ဝတၳဳထဲမွာ အေသးစိတ္က်က်၊ ရွည္ရွည္လ်ားလ်ားကို ရွင္းျပထားလို႔ ငါမွတ္မိေနတာ။ ဒီမွာ အမဲလိုက္ပြဲေတြက အေရးႀကီးတယ္။ ဒါေပမဲ့ အမဲလိုက္ပြဲက အေရးႀကီးတာထက္ အဲ့ဒီမွာျဖစ္တာေတြက ပိုအေရးပါတာ။

အဲ့ဒီပြဲမွာ ခိုးလီရဲ႕ လုပ္ေဆာင္ရည္က ထူးခြၽန္ခဲ့တယ္။ သူက အဓိကဇာတ္ေကာင္တစ္ေယာက္ဆိုတာကို ေသခ်ာေတြ႕ရတဲ့ အပိုင္းတစ္ခု။

ငါ စိတ္တည္ၿငိမ္ေအာင္ အသက္ျပင္းျပင္းတစ္ခ်က္ရႉမိတယ္။ စာ႐ြက္အသစ္တစ္႐ြက္ ယူထုတ္လိုက္ၿပီး ငါ မွတ္မိသမွ်ကို ခ်ေရးလိုက္တယ္။

'မြန္းစတားအမဲလိုက္ၿပိဳင္ပြဲ'

အတိုခ်ဳပ္ေျပာရရင္ေတာ့ ေတာ္ဝင္မိသားစုနဲ႔ မ်ိဳး႐ိုးျမင့္ေတြက ေျမာက္ဘက္ေတာင္တန္းေတြဆီကို သြားရင္း မြန္းစတားေတြကို အမဲလိုက္ၾကတာပဲ။

မြန္းစတားေတြကိုပဲ အမဲလိုက္ၾကတာက ေပ်ာ္စရာမေကာင္းဘူး။ ဒါေၾကာင့္လည္း တစ္ေကာင္ဖမ္းမိတိုင္း ရတဲ့အမွတ္ေတြ ရွိတယ္။ ဒီအမွတ္ေတြကို အျခားသူတစ္ေယာက္ဆီကို လႊဲေပးလို႔ရတယ္။ အမ်ားစုကေတာ့ သူတို႔ႀကိဳက္တဲ့ မိန္းကေလးေတြကိုပဲ ေပးၾကတာေပါ့။

အဲဒါေၾကာင့္ ေယာက္်ားေလးေတြက ၿပိဳင္ေနၾကတဲ့ အခ်ိန္မွာ မိန္းကေလးေတြကလည္း သူ႔နည္းနဲ႔သူ ယွဥ္ၿပိဳင္ၾကေလ့ရွိတယ္။ ဘယ္မိန္းကေလးမွာ အသန္မာဆုံး သူရဲေကာင္းေတြရွိလဲဆိုတာကို သိရေတာ့ ဒီအခ်က္ေတြက သူတို႔ရဲ႕ ဂုဏ္သိကၡာကို ျမႇင့္တင္ေပးႏိုင္တယ္။ အဲ့ဒါ အျပင္ကို ဒီလိုမ်ိဳးပြဲႀကီးေတြကို ျပင္ဆင္ဖို႔က ေတာ္ေတာ္ေငြကုန္ေၾကးက်မ်ားတယ္။

အဲရင္က ပြဲမတက္တဲ့အေၾကာင္းက ဒါေၾကာင့္ပဲ။ ဒီၿပိဳင္ပြဲက မျဖစ္မေန ပါဝင္ရမွာလည္း မဟုတ္ဘူး။

"႐ူးဘတ္ရဲ႕အမွတ္ေတြကို ရႏိုင္ရင္ေကာင္းမယ္..."

ငါ ဒီတစ္ေခါက္ ရခ်င္တယ္လို႔ ေျပာတာ မဟုတ္ဘူး။ ဒါေပမဲ့ ဆက္ေတြးေနမိရင္း ငါ သူ႔ကို သတိရသြားတယ္။

အီေနာ့ခ်္၊ သူက ေသခ်ာေပါက္ ပါဝင္မွာပဲ။ သူ ဘာလုပ္ေနလဲေတာ့ မသိဘူး။ ခဏခဏေရာက္ေလ့ရွိတဲ့ စာေတြက ရက္ေတာ္ေတာ္ၾကာတဲ့အထိ မေရာက္လာဘူး။

"မေတြ႕ရတာေတာင္ ၾကာၿပီ"

ငါ့ရဲ႕ ႏွလုံးသားေထာင့္တစ္ေနရာက ေၾကမြသြားတဲ့ အခ်ိန္မွာပဲ ငါ့စိတ္ထဲမွာ ေတြးစရာတစ္ခုေပၚလာတယ္။ ငါ တစ္ေလွ်ာက္လုံးေတြးေနခဲ့တဲ့ အခြင့္အေရးက ဒါျဖစ္ႏိုင္တယ္။

"ေျမာက္ဘက္...ေျမာက္ဘက္ေတာင္တန္း"

ဒါက အေႂကြးကို တစ္ခါတည္း တန္းေက်ေအာင္ ဆပ္ၿပီး ႐ူးဘတ္ကို ကြာရွင္းလို႔ရမယ့္ အခြင့္အေရးပဲ။ ငါ ခ်က္ခ်င္း စိတ္လႈပ္ရွားလာမိတယ္။

စာၾကည့္ခန္းနံရံေပၚက ေျမပုံကို ငါ လွမ္းၾကည့္လိုက္တယ္။ ေျမပုံေပၚက ဘာအမွတ္အသားမွ မရွိတဲ့ ေတာင္ေစာင္းတစ္ေနရာမွာ အေရးႀကီးတာ တစ္ခုခု ရွိေနတယ္။

ငါ့ေခါင္းထဲမွာ အစီအစဥ္တစ္ခု ဆြဲလိုက္တယ္။ အဲ့ဒီေနာက္မွာပဲ ငါ့အေတြးေၾကာင့္ ငါ တြန႔္ခနဲ ျဖစ္သြားရတယ္။ ဒီဝတၳဳထဲက ငါသိတဲ့အခ်က္ကို အသုံးခ်လိုက္ရင္ ခိုးလီရဲ႕အခြင့္အေရးကို လုယူသြားသလို ျဖစ္သြားလိမ့္မယ္။

ဒါက...အဆင္ေျပပါ့မလား။ ဒါေပမဲ့ အမွန္အတိုင္းေျပာရရင္ ငါက သူ႔ကို စိတ္ပူေပးေနရမယ့္ အေနအထား မဟုတ္ဘူး။ ငါက စာဖတ္သူျဖစ္ေနတဲ့အခ်ိန္မွာ ခိုးလီက ဇာတ္လိုက္မင္းသမီးတစ္ေယာက္ဆိုေပမဲ့ အခုအခ်ိန္မွာေတာ့ ငါက ငါ့ဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္ပဲ။

ငါ သိထားတဲ့အခ်က္ေတြကို မသုံးခ်ဘူးဆိုရင္ မိုက္မဲရာက်မွာေပါ့။ လက္ရွိအဲရင္အေျခအေနက ေမွ်ာ္လင့္ခ်က္ သိပ္မရွိဘူး။

ငါ့အေတြးေတြကို ေသခ်ာစိစစ္ၿပီးတဲ့ အခ်ိန္မွာေတာ့ ခုနက ႐ူးဘတ္ ငါ့ကို ပစ္ေပးသြားတဲ့ စာအုပ္ေတြကို ၾကည့္ဖို႔ စိတ္ကူးရတယ္။ ငါ ရယ္ခ်င္လာမိတယ္။

စာရင္းစာအုပ္ဆိုတာထက္ ကေလးစာအုပ္တစ္အုပ္နဲ႔ ပိုတူေနတယ္။ လူေတြက သူတို႔သုံးထားတာေတြကိုပဲ ခ်မွတ္ထားၾကတယ္။ အမ်ိဳးအစားခြဲထားတာေတြ၊ ေရတြက္ထားတာေတြေတာင္ မရွိဘူး။

"နင့္ရဲ႕အသုံးစရိတ္ေတြကိုေတာင္ ေသခ်ာခ်ေရးထားရဲ႕လား"

ငါစာအုပ္ေတြကို လက္ထဲကိုင္ထားရင္း ဂ်န္နီကို ခ်က္ခ်င္း ေခၚလိုက္တယ္။

"ဂ်န္နီ နင္ ဒီလ လစာရၿပီလား"

ဂ်န္နီက ႐ုတ္တရက္ နားမလည္ႏိုင္သလို ျဖစ္သြားေပမဲ့ အမွန္အတိုင္း ျပန္ေျဖလာတယ္။

"မရေသးပါဘူး။ ဒီလ နည္းနည္းေနာက္က်မယ္လို႔ သူတို႔ေျပာတယ္"

"...အဲ့ဒီလိုလား။ နင္တစ္ေယာက္တည္းလား"

"မဟုတ္ပါဘူး။ ကြၽန္မရဲ႕အခန္းေဖာ္လည္း ဒီလိုပဲ ေျပာတယ္။ သူလည္း လစာမရေလာက္ေသးဘူး"

စာအုပ္ထဲမွာေတာ့ အိမ္ေစေတြရဲ႕ လစာေတြ ေပးၿပီးၿပီ ဆိုၿပီး မွတ္ထားတယ္။ ဒါေပမဲ့ မတူတာကို တန္းေတြ႕တာဆိုေတာ့  ငါမ်ားအထင္လြဲေနတာလား။ က်န္တာေတြကိုလည္း ျပန္စစ္ၾကည့္ရမယ္။

"ပန္းၿခံထဲမွာ ပန္းေတြ အသစ္စိုက္ထားတာလား"

ငါ ခ်က္ခ်င္း ထြက္ၾကည့္လိုက္ၿပီး ပန္းၿခံတစ္ေလွ်ာက္ လိုက္ၾကည့္မိတယ္။ အခုအခ်ိန္မွာ ပန္းၿခံက ငါ့အတြက္ ရင္းႏွီးေနၿပီ။ ငါ ပတ္ၾကည့္လိုက္ေပမဲ့ ဘာအသစ္မွ မေတြ႕ဘူး။ ငါ အေစခံေကာင္ေလးကို လိုလိုမယ္မယ္ ေမးၾကည့္ေပမဲ့ သူေျပာတာလည္း ဘာအသစ္မွ မစိုက္ထားဘူးတဲ့။

"ဘာလဲ...ဒါက...အလြဲသုံးစားလုပ္တာလား"

တကယ္ ခိုးလီက ဒါကို ကိုင္ထားတာလား။ ဒါဆိုရင္ သူပိုက္ဆံေတြ ခိုးထုတ္ထားတာလား။

႐ူးဘတ္က ဒီကိစၥမွာ မပါဘူးလား။ ဒါေပမဲ့ စာအုပ္ထဲမွာ ေနာက္ဆုံး အတည္ျပဳထားတဲ့သူက ကလစ္ဖို႔ဒ္ၿမိဳ႕စားဆိုၿပီး ေရးထားတယ္။ ႐ူးဘတ္ကလည္း ဒီအေၾကာင္းကို သိေနႏိုင္တယ္။

႐ူးဘတ္က ငါ ဒါကို ရွာေတြ႕မယ္လို႔ မထင္ဘူးလား။ မဟုတ္ေသးဘူး။ ဒါက စာရင္းကိုင္ပညာရဲ႕ နယ္ပယ္ေလာက္ေတာင္ မရွိေသးဘူး။ အခ်ိန္ယူၿပီး စာရင္းစစ္ၾကည့္တဲ့လူတိုင္း ဒါကို သတိထားမိမွာပဲ။

ငါ သတိထားမိမယ္ဆိုတာ သူသိတာေတာင္ ငါ့ကို ေပးလိုက္တယ္။ ငါတုံ႔ျပန္ခ်က္ကို သိခ်င္တာလား။

ဒီလိုဆိုရင္ မတူတာေတြကို ေထာက္ျပရင္လည္း အသုံးဝင္မွာမဟုတ္ဘူး။

အမွန္အတိုင္းေျပာရရင္ ငါလည္း ဒီအိမ္က ပိုက္ဆံေတြ ဘယ္ေရာက္သြားလဲဆိုတာ စိတ္မဝင္စားဘူး။ တကယ္လို႔ အေျခအေနက မေကာင္းဘူး၊ တစ္ႏွစ္ေက်ာ္ရင္ ကြာရွင္းမယ္ဆိုရင္ ငါလိုတာက ကြာရွင္းစရိတ္ပဲ။

ဒါေပမဲ့ ငါ့ရဲ႕ အသိစိတ္နဲ႔ မာနက ငါ့ကို ဒီအတိုင္း ထားခြင့္မေပးဘူး။

ငါ စာၾကည့္ခန္းဘက္ကိုပဲ ျပန္သြားမိတယ္။ အိမ္ေတာ္စီမံခန႔္ခြဲေရးအတြက္ အသုံးစရိတ္ဆိုေတာ့ ရႈပ္ေထြးေအာင္လုပ္ဖို႔ မလိုဘူး။

ငါ့အသိစိတ္နဲ႔ ငါ စာ႐ြက္ေပၚမွာ အကြက္ေလးေတြ ဆြဲလိုက္ၿပီး လိုက္ျဖည့္လိုက္တယ္။ ဘာမွေတာ့ သိပ္မလုပ္လိုက္ရဘူး။ အခ်ိန္ေတြ၊ ပစၥည္းေတြကို အမ်ိဳးအစားခြဲၿပီးတဲ့ေနာက္မွာ အသုံးစရိတ္ေတြရဲ႕ အေသးစိတ္ကို ငါ ခ်ေရးလိုက္တယ္။ ၿပီးေတာ့ ေန႔တစ္ေန႔စီရဲ႕ အဆုံးမွာ စုစုေပါင္းပမာဏကို ေပါင္းထည့္တယ္။

စာရင္းစာအုပ္ထဲမွာ ဝင္ေငြစာရင္းက လြတ္ေနတယ္။ ဝင္ေငြအတြက္ဆိုရင္ အိမ္ေတာ္က ေကာက္ခံရတဲ့ အခြန္ေငြရဲ႕ တစ္စိတ္တစ္ပိုင္းကို စီမံခန႔္ခြဲမႈစရိတ္အျဖစ္ ထည့္ရမွာပဲ။

ငါမသိတဲ့ေနရာေတြကို ဗလာအတိုင္းပဲ ထားထားမိတယ္။

႐ိုးရွင္းတဲ့အလုပ္ ဆိုေပမဲ့ စာရင္းက ေတာ္ေတာ္မ်ား တယ္။ ၿပီးသြားတဲ့အခ်ိန္မွာ ငါ့လက္တစ္ခုလုံး မင္ေတြေပေနေပမဲ့ ငါေတာ္ေတာ္ေက်နပ္သြားရတယ္။

ငါ့ပစၥည္းေတြ ငါသိမ္းလိုက္ရင္း ပထမထပ္ကို ဆင္းသြားလိုက္တယ္။

"႐ူးဘတ္က ဘယ္မွာလဲ"

ငါ ျဖတ္သြားတဲ့ အေစခံ တစ္ေယာက္ကို ေမးလိုက္တဲ့ အခ်ိန္မွာ ႐ူးဘတ္နဲ႔ ရစ္ခ်က္က ပန္းခ်ီခန္းထဲမွာ ရွိေနၾကတယ္လို႔ ေျပာတာေၾကာင့္ ငါ အဲ့ဒီေနရာကို တန္းသြားလိုက္တယ္။

ငါလုပ္ထားတာေတြကို ႂကြားဖို႔ သြားေပမဲ့ သူတို႔ ႏွစ္ေယာက္က စကားေျပာေနၾကတာ ၾကားလိုက္ရတယ္။ ခ်က္ခ်င္း ငါ့ေျခလွမ္းေတြကို ရပ္ၿပီး နားေထာင္ေနမိတယ္။

"သခင္ေလး။ ကြၽန္ေတာ္က မဒမ္ကို လာေတြ႕တာပါ။ ဒါေပမဲ့ အမွန္အတိုင္းေျပာရရင္ ေကာလာဟလေတြေၾကာင့္လည္း ပါပါတယ္"

"ဘာအေၾကာင္းလဲ"

"ၿမိဳ႕စားႀကီးကိုယ္တိုင္က သခင္ေလးကို ေမးခိုင္းလိုက္ ပါတယ္။ အိမ္ေရွ႕စံနဲ႔ေရာ အကုန္အဆင္ေျပေနရဲ႕လား သခင္ေလး"

"...မင္းဘာေျပာခ်င္တာလဲ"

ရစ္ခ်က္က တုံ႔ဆိုင္းေနၿပီးမွ ဆက္ေျဖတယ္။

"ကလစ္ဖို႔ဒ္ၿမိဳ႕စားတို႔မိသားစုက မ်ိဳးဆက္ေပါင္းမ်ားစြာ ေတာ္ဝင္မင္းသမီးေတြ၊ ဧကရီေတြကို ေမြးထုတ္ေပးခဲ့တာပါ။ ဒါေပမဲ့ သမီးမရွိေတာ့ ဒါက မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ဒါနဲ႔ပဲ ကြၽန္ေတာ္တို႔ အရွင့္သားကို ေထာက္ခံတယ္ဆိုတဲ့ အခ်က္က မေျပာင္းလဲသြားပါဘူး။ ဒါက သခင္ႀကီး ေျပာခ်င္တဲ့ အဓိပၸာယ္ပါ။"

"ငါသိတယ္" ႐ူးဘတ္ရဲ႕အသံက စိတ္ဆိုးေနတယ္။

"သခင္ေလးသိတဲ့အတြက္ ဝမ္းသာပါတယ္။ မၾကာခင္ကပဲ သခင္ေလးနဲ႔ ဒုတိယမင္းသားကို ေထာက္ခံတဲ့လူေတြက ေတြ႕ေနၾကတယ္ ဆိုတဲ့..."

"ဒါက အဓိပၸာယ္မရွိတာ။ အိမ္ေရွ႕စံနဲ႔ ငါနဲ႔ ရင္းႏွီးၾကတာ မင္းမသိဘူးလား။ ငါတို႔က ငယ္ငယ္ေလးကတည္းက သူငယ္ခ်င္းေတြအျဖစ္ ႀကီးလာၾကတာ"

"ဟုတ္ကဲ့။ ဒါေပမဲ့ သခင္ေလးရဲ႕ အခ်စ္ေတာ္ ေလဒီဗာရီစီယန္က ဒုတိယမင္းသားကို ေထာက္ခံတဲ့ လူေတြထဲက တစ္ေယာက္ပါ"

"...နယ္ပိုင္မႉးရဲ႕သမီးေၾကာင့္ မင္းက ငါ့ကို သံသယဝင္ေနတာလား"

ရစ္ခ်က္က သူ႔မေက်နပ္ခ်က္ကို မဖုံးကြယ္ထားေပမဲ့ စကားလမ္းေၾကာင္း ေျပာင္းလိုက္တယ္။

"စပီးလက္ၿမိဳ႕စားမင္းက ကလစ္ဖို႔ဒ္ၿမိဳ႕စားႀကီးနဲ႔ အနီးကပ္ဆက္ဆံေရးရွိပါတယ္။ သခင္ေလးရဲ႕ ဇနီးကိုလည္း လ်စ္လ်ဴမရႈထားပါနဲ႔"

"အေဖက အၿမဲ စပီးလက္ၿမိဳစားမင္းကို ငါ့ထက္ ပိုအေလးထားတာ..."

"ဒီလိုမေျပာပါနဲ႔ သခင္ေလး..."

"အဲ့ဒီမွာ ဘယ္သူလဲ"

ငါ အဲရင္မိသားစုရဲ႕ ဇာတ္ေၾကာင္းကို ၾကားရမယ္လို႔ ထင္ထားတာ။ ဒါေပမဲ့ ႐ူးဘတ္က သတိထားမိသြားတယ္။

ငါ အခုမွ ေရာက္သြားသလို မ်က္ႏွာထားမ်ိဳးနဲ႔ သူတို႔ နားကို ေပါ့ေပါ့ပါးပါးေလွ်ာက္သြားလိုက္တယ္။

"ငါ စာအုပ္ေတြကို ၾကည့္ၾကည့္ၿပီးၿပီ။ မွားေနတာေတြခ်ည္းပဲ"

"မင္းက ဘယ္လိုၾကည့္ရမွန္း သိတာလား"

ငါ သူ႔ကို ျပန္ေျပာလိုက္မိတယ္။

"သိလို႔ပဲ ငါ ေသခ်ာျပန္စီထားတာေပါ့"

သူတို႔ထိုင္ေနတဲ့ ဆိုဖာေရွ႕က စားပြဲေပၚကို စာရင္း စာအုပ္အသစ္ေရာ၊ အေဟာင္းေတြပါ ပစ္တင္ေပးလိုက္တယ္။

႐ူးဘတ္က ငါ့ကို အံ့ဩတႀကီး ၾကည့္လာတယ္။ ရစ္ခ်က္ကေတာ့ စာ႐ြက္ေတြကို ၾကည့္ေနရင္း ေရ႐ြတ္တယ္။

"မဒမ္...ဒါက ေသခ်ာစီစဥ္ထားတာပဲ"

ရစ္ခ်က္ရဲ႕ ခ်ီးက်ဴးစကားက ငါ့ကို နည္းနည္းရွက္သြားေစတာေၾကာင့္ ငါ ဆိုဖာအစြန္နားမွာ ဝင္ထိုင္မိတယ္။ ႐ူးဘတ္က ရစ္ခ်က္ရဲ႕လက္ထဲက စာရင္းစာအုပ္ႏွစ္အုပ္ကို လွမ္းယူၿပီး ၾကည့္လိုက္တယ္။

ငါ သူတုံ႔ျပန္လာတာကို ၾကည့္ေနခဲ့တယ္။ သူ႔ၾကည့္ရတာ မ်က္ႏွာေသနဲ႔ဆိုေတာ့ ဘာေတြးေနမွန္း ငါမသိရဘူး။ မတူတာေတြကို နင္မသိဘူးလို႔ေတာ့ ငါ့ကို မေျပာနဲ႔ေနာ္။

"အခုအခ်ိန္ကစၿပီး မဒမ္ စာရင္းေတြကိုင္ရင္ ဘာကိစၥမွရွိေတာ့မွာ မဟုတ္ဘူး။ ကြၽန္ေတာ္ ၿမိဳ႕စားႀကီး ကို ဒီအေၾကာင္း ျပန္ေျပာျပရမယ္။ အခုအခ်ိန္ကစၿပီး ၿမိဳ႕စားရဲ႕နယ္ကို မဒမ္တစ္ေယာက္တည္း စီမံႏိုင္မယ္ ထင္တယ္"

"႐ူးဘတ္ရွိတာပဲမလား။ ကြၽန္မကေတာ့ ဒီအိမ္ေတာ္ကို စီမံရတာနဲ႔တင္ ေတာ္ေတာ္မ်ားေနၿပီ"

"ဒါေပမဲ့ ေနာက္တစ္ခါ လာတဲ့အခါ သခင္ႀကီးက ေျပာလိုက္ပါလိမ့္မယ္။ ဒီအေၾကာင္းကို စဥ္းစားေပးထားပါ။ ကြၽမ္းက်င္တဲ့လူက စီမံတာ ပိုမေကာင္းဘူးလား"

ငါ ရစ္ခ်က္ကို ၿပဳံးပဲၿပဳံးျပလိုက္တယ္။ ႐ူးဘတ္က ဒီအေၾကာင္းကို ဘာမွ မေျပာလာတာကိုပဲ ငါ အံ့ဩမိ တယ္။

"ဆာရစ္ခ်က္ မျပန္ခင္ ကြၽန္မ တစ္ခု ေတာင္းဆိုစရာ ရွိတယ္"

"ဟုတ္ကဲ့ေျပာပါ"

"ကြၽန္မကို လက္နက္တစ္ခုေလာက္ အႀကံေပးလို႔ ရမလား"

"...လက္နက္လား"

႐ူးဘတ္က မ်က္ေမွာင္ၾကဳတ္ရင္း ငါ့ကို ေမးလာတယ္။

"လက္နက္ဆိုတာ မင္းက ဘာကို ေျပာတာလဲ။ မင္းက ဓားတစ္ေခ်ာင္း ယူသြားမယ္လို႔ေတာ့ ငါ့ကို  မေျပာနဲ႔"

"မဟုတ္ဘူး။ အခုမွ ဓားေရးကို သင္ရင္ ဘာထူးမွာလဲ။ ငါက ေမွာ္ေက်ာက္တုံးနဲ႔ လက္နက္တစ္ခုကို ေျပာေနတာ"

"အိုး၊ ဒီလိုဆိုရင္..."

ရစ္ခ်က္က သေဘာတူသလို ေခါင္းညိတ္တယ္။

ေမွာ္ေက်ာက္တုံးထည့္ထားတဲ့ လက္နက္က အျခားလက္နက္ေတြနဲ႔ မတူဘဲ လုပ္ေဆာင္ခ်က္ေတြ ကြဲျပားတယ္။ ေမွာ္မီးအစြမ္းေတြ၊ ဆြဲငင္အားကို ဆန႔္က်င္တာေတြ အစရွိတဲ့ စြမ္းေဆာင္ရည္ေတြ ပါတယ္။

"အခုတေလာ မိန္းကေလးေတြေတာင္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ ဒီလိုလက္နက္မ်ိဳး တစ္ခုခုေဆာင္ထားၾကတယ္လို႔ ၾကားတယ္"

"ဒါဆိုရင္ ဒီအိမ္ရဲ႕ေျမေအာက္ခန္းမွာ အမ်ားႀကီးရွိတယ္။"

နားေထာင္ေနတဲ့ ႐ူးဘတ္က ထလိုက္ၿပီး ငါ့ကို သူ႔ေနာက္လိုက္ေစသလိုမ်ိဳး ေခါင္းညိတ္ျပတယ္။

ဒီအိမ္မွာ ဒီလိုလက္နက္ေတြ ရွိေနမွန္း ငါသိသားပဲ။ ဒါေၾကာင့္လည္း ငါ ဒီအေၾကာင္း ေျပာလိုက္တာ။

ဒါေပမဲ့ ႐ူးဘတ္က သူကိုယ္တိုင္ ေျပာျပလာမယ္လို႔ မထင္ထားတာေတာ့ အမွန္ပဲ။

သူ စိတ္မေျပာင္းခင္ ငါ သူ႔ေနာက္ကို လိုက္သြားမိတယ္။

**********

SWARA WEBNOVEL TRANSLATION

ဒီဝတၳဳေလးကို Story glory မွာ You can keep the male lead လို႔႐ိုက္ႏွိပ္ရွာၿပီး အပိုင္း ၈၇ အထိ ဖတ္ရႈႏိုင္ပါၿပီ။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

194K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
233K 37.6K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
209K 9.8K 16
Unicode Version of Love Me Again .