Unicode
"အပင်လေးတွေကလှလိုက်တာ"
မှာထားတဲ့ပန်းပင်တွေကမနက်ကတည်းကရောက်နှင့်နေသော်လည်း အတန်းသွားရသေးသဖြင့် အခုညနေမှစိုက်ဖြစ်၏။အပင်အားလုံးပေါင်း၇ပင်ရှိသည်။သခင့်အတွက်တော့ဘယ်လိုနေမယ်မသိပေမဲ့ သခင့်အတွက်ရည်ရွယ်ပြီးစိုက်နေတာမို့ပျော်နေမိသည်။
ပန်းအိုးခင်းထဲထည့်စိုက်တာထက်မြေကြီးမှာတူးစိုက်ရင်ပိုပြီးဖြစ်ထွန်းမယ်လို့ယူဆမိတာကြောင့် ပန်းအိုးခင်းဖြင့်မစိုက်ပါ။
ခပ်မာမာမြေကြီးကိုတူးရွင်းအသေးလေးဖြင့်တူးနေရသဖြင့် လက်တွေလည်းအတော့်
ကိုနာကျင်လာသည်။တစ်ချို့နေရာဆိုပေါက်ပြဲကာ အရေကြည်ဖုလေးများထွက်ပေါ်နေသည်။
"၃ပင်တောင်ကျန်သေးတယ်"
ကိုယ့်ဘာသာတစ်ကိုယ်တည်းရေရွတ်လိုက်သည်။
ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်တော့ မမဇွန်။သူလည်းကျောင်းကပြန်လာခါစထင်ပါရဲ့။
"ပန်းပင်စိုက်နေတာလား နွယ်ကလေး"
"ဟုတ် မမဇွန်"
"အများကြီးကျန်သေးတာပဲ မမဇွန်ကူစိုက်ပေးမယ်"
"ရပါတယ်မမဇွန် လင်းဘာသာပဲစိုက်လိုက်မယ်"
"ကဲပါ အားနာစရာမဟုတ်တာကို...မမဇွန်တူးပေးမယ်..လက်ကလည်းနီရဲနေတာကို"
လက်ကနာသဖြင့်ခဏခဏခါနေရသည်။ဒါကိုမမဇွန်မြင်သွားသည်။
"ဟို..ရတယ်မမဇွန်..ဒီပန်းပင်တွေက ညမွှေးပန်းပင်တွေလေ ...သခင်က ညမွှေးပန်းဆိုသိပ်ကြိုက်တာ.. အဲ့ဒါကြောင့်သခင့်အတွက်စိုက်နေတာ"
"ချစ်တတ်လိုက်တာနော်"
မမဇွန်စကားကြောင့်ရှက်စိတ်တော့ဝင်မိသား။ဒါပေမဲ့မသိဟန်ဆောင်ကာ မြေကြီးကိုဆက်တူးနေလိုက်သည်။
"အ"
လက်ကတော်တော်ကိုပူထူနေပြီ ။
"ကဲ ပေးပါ လက်ကနာနေပြီကို"
မမဇွန်ကလက်ကိုယူကာ ဖြန့်ကြည့်သည်။
"အို..ရဲတွတ်နေတာပဲ..ပေးပါ ..နွယ်ကလေးရယ် မမဇွန်တူးပေးပါ့မယ်"
"သခင့်အတွက်ကိုယ်တိုင်စိုက်ချင်လို့ပါ မမဇွန်ရဲ့ "
"ဟုတ်ပါပြီ..ဒါဆိုလည်း နောက်နေ့မှတစ်ခါပြန်စိုက်တော့နော်...ဒီအပင်တွေက အမြစ်မှာလည်းရွံ့ကပ်ပြီးသားပဲဘာမှမဖြစ်ဘူး..နောက်နေ့မှသာစိုက်တော့"
"အင်း အဲ့လိုပဲလုပ်လိုက်ပါမယ်"
လက်ကလည်းအတော်နာနေပြီမို့ မမဇွန်ပြောတာကိုလက်ခံလိုက်သည်။
"လာ အိမ်ထဲကျရင်ဆေးထည့်ရအောင်"
***
"မမဇွန်ဆေးဘူးသွားယူလိုက်ဦးမယ် ..ခဏစောင့်နော်"
"ဟုတ်"
ဧည့်ခန်းမှာသခင်ထိုင်နေသည်။မမဇွန်နဲ့လင်းဝင်လာတာကိုပင်တစ်ချက်မှမကြည့်ပါ။သူ့အလုပ်နှင့်သူရှုပ်နေတယ်ထင်ပါရဲ့။
မြေကြီးတူးထားသဖြင့် လူကလည်းအတော်မောကာ ရေဆာနေပြီ။
သခင်ပြောလည်းပြောချင်စရာပါပဲ။အခုအရွယ်ထိဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သေး။ဒါလောက်လေးလုပ်ရတာကိုပင်ပန်းတတ်နေပြီ။
"ခွမ်"
လက်ကမကိုင်နိုင်တော့ဘဲ ဖန်ခွက်လွတ်ကျသွားတော့သည်။
ကိုယ့်ကိုများကြည့်မလားဆိုပြီး သခင့်ကိုကြည့်လိုက်တော့တစ်ချက်ကလေးမှ
မှကြည့်မလာပါ။သူ့စာများကိုသာသူရေးနေသည်။
"အား.."
ဒီတစ်ခါတော့နာကျင်လွန်း၍အသံစူးစူးဝါးဝါးထွက်သွားသည်။ဒီတစ်ခါတော့သခင်က မော့ကြည့်လာပါသည်။
"နာလိုက်တာ"
လင်းခြေထောက်ကိုဖန်ကွဲစတွေရှကုန်သည်။ဖန်စတွေကအကြည်ရောင်မို့ မမြင်ဘဲ နင်းမိခြင်းဖြစ်သည်။
ခြေထောက်မှာသွေးတွေပင်အတော်ထွက်နေပြီ။
လင်းခြေထောက်ကိုဖန်ကွဲစစူးသွားတာကို သခင်သေချာမြင်သည်။
သို့သော် တစ်ချက်မမေးသလို၊တစ်ချက်မှမကြည့်ပါ။သူနှင့်မဆိုင်သလိုနေကာ ဥပက္ခာပြုနေသည်။
သခင်ရယ်အဲ့လောက်ထိတော့ဥပေက္ခာမပြုပါနဲ့လား။
"ခြေထောက်မှာသွေးတွေ....ဘယ်လိုဖြစ်တာလဲ နွယ်ကလေးရယ်"
မမဇွန်ကေရာက်လာကာအထိန့်တလန့်ဆိုလာသည်။မမဇွန်နေရာမှာ သခင်သာဆို ဘယ်လောက်များဝမ်းသာမိမလဲမသိပါ။
"ဟင့်...မမဇွန် ဖန်စတွေစူးသွားတာ"
အို..ငိုမိသွားတာပဲ။ကျိမ်ရဲပါရဲ့ ဒဏ်ရာကနာလို့ငိုခြင်းမဟုတ်ဘူးဆိုတာကိုပေါ့။
ဒဏ်ရာနာတာထက် သခင့်ရဲ့ဥပက္ခာတွေကမှပိုနာတာပါသခင်ရယ်။ဒီလူကိုနည်းနည်းလေးလောက်တော့ပြန်ကြည့်ပါဦး။
"နွယ်ကလေးရယ်..မင်းတစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ..."
မမဇွန်ကတကယ်ပင်ဂရုဏာသက်စွာဆိုနေမှန်းသိသာပါသည်။
နေနိုင်လွန်းတဲ့သခင်ကတော့ တစ်ချက်ပင်ပြန်မကြည့်ပါ။
"လာ အခန်းထဲသွားရအောင်....အခန်းထဲရောက်မှဆေးထည့်ရအောင်နော်....လမ်းလည်းမလျှောက်နိုင်ဘူးမလား...မမဇွန်ပွေ့သွားမယ်နော်"
"ရတယ်မမဇွန် လင်းဘာသာသွားနိုင်ပါတယ်"
"ဘယ်ရမှာလဲ..သွေးတွေတအားထွက်နေတာကို..နွယ်ကလေးကိုယ်လုံးက သေးသေးလေးပဲဟာ မမဇွန်ပွေ့နိုင်ပါတယ်"
ခြေထောက်ကတော်တော်နာနေပေမဲ့ မမဇွန်ကိုလည်းအားနာတာကြောင့် ငြင်းမိသည်။ဒါပေမဲ့ မမဇွန်ရဲ့လက်ပေါ်ကိုရောက်နေပြီ။
သခင်ကိုယ်တိုင် သူ့ကိုစိတ်ပူနေခဲ့တယ်ဆိုတာကို သူ့ကိုတစ်ချက်ကလေးလှည့်မကြည့်ခဲ့လို့ဆိုပြီးစိတ်မကောင်းဖြစ်နေတဲ့ကောင်မလေးမသိခဲ့ဘူးဆိုတာပဲ။
အလုံးစုံဥပေက္ခာပြုချင်ပေမဲ့ ဥပေက္ခာမပြုနိုင်တဲ့ ကိုယ့်စိတ်ကိုဘယ်လိုလုပ်ရပါ့မလဲ။
***
ဒီအချိန်ဆို သခင်အိပ်နေပြီလား။သူ့ရည်းစားအကြောင်းကိုတွေးနေမှာလား။သူ့ရည်းစားနဲ့ဖုန်းပြောနေမလား။စသော အတွေးပေါင်းများစွာဖြင့် ပူလောင်လှသည်။
လူသားတွေဟာအချစ်နဲ့တွေ့လာရင်ဒီဒဏ်တွေကိုမလွှဲမသွေခံကြရမှာမဟုတ်လား။ချစ်မိခြင်းရဲ့ေနာက်မှာ ပူလောင်ခြင်းတွေကပ်ပါလာတတ်စမြဲမဟုတ်လား။ထပ်တူကျရဲ့ဆိုတဲ့ချစ်ခြင်းတွေမှာတောင် အထိအရှရှိတတ်တာပဲ။အခုလိုတစ်ဖက်သတ်အချစ်မျိုးဆို ပိုဆိုးရပေါ့။
သဝန်တိုခြင်း၊လွမ်းဆွေးခြင်း၊သတိရခြင်း၊သဘောထားကွဲလွဲခြင်း၊ေမျှာ်လင့်စောင့်စားခြင်း အစရှိသဖြင့်ပေါ့။ကိုယ့်အတွက်တော့စောင့်စားခြင်းနဲ့သာ နေသားကျရတော့မယ်ထင်ပါရဲ့။တစ်နေ့နေ့မှာသခင့်ဘက်ကပြန်ချစ်လာလိမ့်မယ်ဆိုပြီး မျှော်လင့်ရင်းပေါ့။
မနေ့ကအရှိန်နဲ့လက်ကနာနေသေးပေမဲ့ ရင်ထဲကဝေဒနာဟာပိုပြီးနာကျင်ရသည်။မွန်းကြပ်သလိုခံစားရတိုင်း ဖြစ်ချင်ရာဖြစ်ဆိုပြီး အရက်တွေ စီးကရက်တွေသောက်ပစ်ချင်မိသည်။သို့သော် အလုပ်ဖြစ်ခဲ့ပါ။သခင်က ပိုပြီးမုန်းသွားနိုင်တယ်မဟုတ်လား။ပြီးတော့ လင်းမှာ စိတ်ဖြေစရာ ဂစ်တာလေးလည်းရှိတယ်မဟုတ်လား။ဂစ်တာလေးက ခဏတာတော့မွန်းကြပ်မှုတွေကိုဖြေဖျောက်ပေးနိုင်မှာပါ။
ခါးသီးမှုတွေထွေးပိုက်ရင်းနဲ့
မင်းရဲ့ချစ်သူဖြစ်နေချင်တယ်
ပေါ့ပေါ့ဆဆပြောတဲ့စကားတွေ
လေးနက်မှုနဲ့ နားထောင်ချင်တယ်
တစ်ယောက်တည်းသိတဲ့ ကိုယ့်အချစ်များ
ဒီတစ်သက်လုံးအရူးအမူးချစ်တော့မယ်ဟေ့
ရက်စက်တတ်တဲ့မင်းရဲ့အနားမှာ
ရက်စက်မှုတွေခံယူချင်တယ်
သိပ်လှတဲ့မင်းရဲ့အပြုံးဟာ
ရူးသွပ်သွားအောင်ခိုင်းစေနိုင်တယ်
တစ်ယောက်တည်းသိတဲ့ ကိုယ့်အချစ်များ
ဒီတစ်သက်လုံးအရူးအမူးချစ်တော့မယ်ဟေ့
မင်းလေးစိတ်တိုင်းကျ
မင်းသဘောပါအချစ်လေး
ထင်သလိုသာလုပ်လိုက်
မတားဆီးတာအချစ်တစ်ခုပါ
မင်းလေးစိတ်တိုင်းကျ
မင်းသဘောပါအချစ်လေး
ထင်သလိုသာလုပ်လိုက်
မတားဆီးတာအချစ်တစ်ခုပါ
"နွယ်ကလေးက တော်လိုက်တာ နားထောင်လို့ကောင်းနေရော သူတော့ကြွေနေတော့မှာပါ"
မမဇွန်ကကိုယ့်ဘေးကိုဝင်ထိုင်သည်။
"မဟုတ်တာ မမဇွန်ရယ် ..ဒါနဲ့မမဇွန်မအိပ်သေးဘူးလား"
"ဟုတ်ပါ့ရှင့်အိပ်မပျော်လို့"
"လင်းကအိပ်ပြီထင်နေတာ"
"ဘာလဲ သီချင်းနဲ့သူ့ကိုပိုးပန်းနေတယ်ဆိုပါတော့"
"မဟုတ်ပါဘူးမမဇွန်ရယ်...ဒါနဲ့မမဇွန်သခင့်ကိုရည်ရွယ်မှန်းသိတယ်နော်..ဒါပေမဲ့ သခင်ကတော့သူ့အတွက်ဆိုမှန်းသိမှာမဟုတ်ပါဘူး..ပြီးတော့ သခင်ကလင်းဘာလုပ်လုပ်စိတ်မဝင်စားဘူးလေ"
"သိတာပေါ့ နွယ်ကလေးရဲ့..ဒီအိမ်မှာလူ၃ယောက်ပဲရှိတဲ့ဟာကို..နွယ်ကလေးချစ်ရတဲ့သူကိုမရည်ရွယ်လို့ဘယ်သူ့ကိုရည်ရွယ်မလဲ..ဒါနဲ့ သူကနွယ်ကလေးချစ်နေတာကိုမသိဘူးလား"
"လင်း မပြောရဲလို့မပြောတာပါ"
"ပြောလိုက်လေ..သူဘက်ကဘယ်လိုပဲဖြစ်နေပါစေ..ကိုယ့်ခံစားချက်တော့ပြောရမှာပေါ့ မဟုတ်ဘူးလား..သူကမချစ်သေးရင်တောင် သူ့ကိုချစ်နေတယ်ဆိုတဲ့အသိတော့သူ့စိတ်ထဲမှာရှိနေမှာလေ"
ဟုတ်ပါရဲ့ မမဇွန်ပြောမှသေချာတွေးကြည့်မိသည်။လင်းချစ်နေတာ သခင်သိအောင်တော့ပြောသင့်တာပေါ့။
"ဟုတ်တယ်နော် လင်း သခင့်ကိုဝန်ခံကြည့်ဦးမယ်"
"အင်း အဲ့လိုလုပ်ကြည့်"
သခင် အိပ်မပျော်ပါ။အိပ်မပျော်တဲ့ညပေါင်းဟာလည်းမနည်းလှတော့ပါ။
သီချင်းသံကြားလို့ သီချင်းသံလာရာဘက်ကို လိုက်ကာစကိုဖယ်ကာကြည့်လိုက်ေတာ့သူ။
"ဒီဟာလေး ဘယ်တုန်းကသီချင်းဆိုတတ်သွားပါလိမ့်မယ်"
သခင်ဘာရယ်မဟုတ် သီချင်းဆုံးအောင်နာထောင်နေမိသည်။ဘယ်လိုဓာတ်တွေကများဆွဲငင်နေပါလိမ့်။
"သူကဘာလို့ဆင်းလာရတာလဲ"
ဘာကိုမကျေနပ်မှန်းမသိပါ။မကျေနပ်တာကတော့သေချာသည်။ဆက်မကြည့်ချင်တော့သဖြင့်လိုက်ကာစကိုပိတ်ကာ ပြန်အိပ်လိုက်သည်။အိပ်လို့ပျော်မပျော်ဆိုတာကတော့ သခင်သာသိလိမ့်မည်။
1.2.2024
#သခင်
Song name:မင်းရဲ့သူရဲကောင်း
Singer:ဆောင်းဦးလှိုင်
Zawgyi
"အပင္ေလးေတြကလွလိုက္တာ"
မွာထားတဲ့ပန္းပင္ေတြကမနက္ကတည္းကေရာက္ႏွင့္ေနေသာ္လည္း အတန္းသြားရေသးသျဖင့္ အခုညေနမွစိုက္ျဖစ္၏။အပင္အားလုံးေပါင္း၇ပင္႐ွိသည္။သခင့္အတြက္ေတာ့ဘယ္လိုေနမယ္မသိေပမဲ့ သခင့္အတြက္ရည္႐ြယ္ၿပီးစိုက္ေနတာမို႔ေပ်ာ္ေနမိသည္။
ပန္းအိုးခင္းထဲထည့္စိုက္တာထက္ေျမႀကီးမွာတူးစိုက္ရင္ပိုၿပီးျဖစ္ထြန္းမယ္လို႔ယူဆမိတာေၾကာင့္ ပန္းအိုးခင္းျဖင့္မစိုက္ပါ။
ခပ္မာမာေျမႀကီးကိုတူး႐ြင္းအေသးေလးျဖင့္တူးေနရသျဖင့္ လက္ေတြလည္းအေတာ့္
ကိုနာက်င္လာသည္။တစ္ခ်ိဳ႕ေနရာဆိုေပါက္ၿပဲကာ အေရၾကည္ဖုေလးမ်ားထြက္ေပၚေနသည္။
"၃ပင္ေတာင္က်န္ေသးတယ္"
ကိုယ့္ဘာသာတစ္ကိုယ္တည္းေရ႐ြတ္လိုက္သည္။
ေျခသံၾကားသျဖင့္လွည့္ၾကည့္လိုက္ေတာ့ မမဇြန္။သူလည္းေက်ာင္းကျပန္လာခါစထင္ပါရဲ႕။
"ပန္းပင္စိုက္ေနတာလား ႏြယ္ကေလး"
"ဟုတ္ မမဇြန္"
"အမ်ားႀကီးက်န္ေသးတာပဲ မမဇြန္ကူစိုက္ေပးမယ္"
"ရပါတယ္မမဇြန္ လင္းဘာသာပဲစိုက္လိုက္မယ္"
"ကဲပါ အားနာစရာမဟုတ္တာကို...မမဇြန္တူးေပးမယ္..လက္ကလည္းနီရဲေနတာကို"
လက္ကနာသျဖင့္ခဏခဏခါေနရသည္။ဒါကိုမမဇြန္ျမင္သြားသည္။
"ဟို..ရတယ္မမဇြန္..ဒီပန္းပင္ေတြက ညေမႊးပန္းပင္ေတြေလ ...သခင္က ညေမႊးပန္းဆိုသိပ္ႀကိဳက္တာ.. အဲ့ဒါေၾကာင့္သခင့္အတြက္စိုက္ေနတာ"
"ခ်စ္တတ္လိုက္တာေနာ္"
မမဇြန္စကားေၾကာင့္႐ွက္စိတ္ေတာ့ဝင္မိသား။ဒါေပမဲ့မသိဟန္ေဆာင္ကာ ေျမႀကီးကိုဆက္တူးေနလိုက္သည္။
"အ"
လက္ကေတာ္ေတာ္ကိုပူထူေနၿပီ ။
"ကဲ ေပးပါ လက္ကနာေနၿပီကို"
မမဇြန္ကလက္ကိုယူကာ ျဖန္႔ၾကည့္သည္။
"အို..ရဲတြတ္ေနတာပဲ..ေပးပါ ..ႏြယ္ကေလးရယ္ မမဇြန္တူးေပးပါ့မယ္"
"သခင့္အတြက္ကိုယ္တိုင္စိုက္ခ်င္လို႔ပါ မမဇြန္ရဲ႕ "
"ဟုတ္ပါၿပီ..ဒါဆိုလည္း ေနာက္ေန႔မွတစ္ခါျပန္စိုက္ေတာ့ေနာ္...ဒီအပင္ေတြက အျမစ္မွာလည္း႐ြံ႕ကပ္ၿပီးသားပဲဘာမွမျဖစ္ဘူး..ေနာက္ေန႔မွသာစိုက္ေတာ့"
"အင္း အဲ့လိုပဲလုပ္လိုက္ပါမယ္"
လက္ကလည္းအေတာ္နာေနၿပီမို႔ မမဇြန္ေျပာတာကိုလက္ခံလိုက္သည္။
"လာ အိမ္ထဲက်ရင္ေဆးထည့္ရေအာင္"
***
"မမဇြန္ေဆးဘူးသြားယူလိုက္ဦးမယ္ ..ခဏေစာင့္ေနာ္"
"ဟုတ္"
ဧည့္ခန္းမွာသခင္ထိုင္ေနသည္။မမဇြန္နဲ႔လင္းဝင္လာတာကိုပင္တစ္ခ်က္မွမၾကည့္ပါ။သူ႕အလုပ္ႏွင့္သူ႐ႈပ္ေနတယ္ထင္ပါရဲ႕။
ေျမႀကီးတူးထားသျဖင့္ လူကလည္းအေတာ္ေမာကာ ေရဆာေနၿပီ။
သခင္ေျပာလည္းေျပာခ်င္စရာပါပဲ။အခုအ႐ြယ္ထိဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္မလုပ္တတ္ေသး။ဒါေလာက္ေလးလုပ္ရတာကိုပင္ပန္းတတ္ေနၿပီ။
"ခြမ္"
လက္ကမကိုင္ႏိုင္ေတာ့ဘဲ ဖန္ခြက္လြတ္က်သြားေတာ့သည္။
ကိုယ့္ကိုမ်ားၾကည့္မလားဆိုၿပီး သခင့္ကိုၾကည့္လိုက္ေတာ့တစ္ခ်က္ကေလးမွ
မွၾကည့္မလာပါ။သူ႕စာမ်ားကိုသာသူေရးေနသည္။
"အား.."
ဒီတစ္ခါေတာ့နာက်င္လြန္း၍အသံစူးစူးဝါးဝါးထြက္သြားသည္။ဒီတစ္ခါေတာ့သခင္က ေမာ့ၾကည့္လာပါသည္။
"နာလိုက္တာ"
လင္းေျခေထာက္ကိုဖန္ကြဲစေတြ႐ွကုန္သည္။ဖန္စေတြကအၾကည္ေရာင္မို႔ မျမင္ဘဲ နင္းမိျခင္းျဖစ္သည္။
ေျခေထာက္မွာေသြးေတြပင္အေတာ္ထြက္ေနၿပီ။
လင္းေျခေထာက္ကိုဖန္ကြဲစစူးသြားတာကို သခင္ေသခ်ာျမင္သည္။
သို႔ေသာ္ တစ္ခ်က္မေမးသလို၊တစ္ခ်က္မွမၾကည့္ပါ။သူႏွင့္မဆိုင္သလိုေနကာ ဥပကၡာျပဳေနသည္။
သခင္ရယ္အဲ့ေလာက္ထိေတာ့ဥေပကၡာမျပဳပါနဲ႔လား။
"ေျခေထာက္မွာေသြးေတြ....ဘယ္လိုျဖစ္တာလဲ ႏြယ္ကေလးရယ္"
မမဇြန္ကေရာက္လာကာအထိန္႔တလန္႔ဆိုလာသည္။မမဇြန္ေနရာမွာ သခင္သာဆို ဘယ္ေလာက္မ်ားဝမ္းသာမိမလဲမသိပါ။
"ဟင့္...မမဇြန္ ဖန္စေတြစူးသြားတာ"
အို..ငိုမိသြားတာပဲ။က်ိမ္ရဲပါရဲ႕ ဒဏ္ရာကနာလို႔ငိုျခင္းမဟုတ္ဘူးဆိုတာကိုေပါ့။
ဒဏ္ရာနာတာထက္ သခင့္ရဲ႕ဥပကၡာေတြကမွပိုနာတာပါသခင္ရယ္။ဒီလူကိုနည္းနည္းေလးေလာက္ေတာ့ျပန္ၾကည့္ပါဦး။
"ႏြယ္ကေလးရယ္..မင္းတစ္ကိုယ္လုံးဒဏ္ရာေတြခ်ည္းပဲ..."
မမဇြန္ကတကယ္ပင္ဂ႐ုဏာသက္စြာဆိုေနမွန္းသိသာပါသည္။
ေနႏိုင္လြန္းတဲ့သခင္ကေတာ့ တစ္ခ်က္ပင္ျပန္မၾကည့္ပါ။
"လာ အခန္းထဲသြားရေအာင္....အခန္းထဲေရာက္မွေဆးထည့္ရေအာင္ေနာ္....လမ္းလည္းမေလွ်ာက္ႏိုင္ဘူးမလား...မမဇြန္ေပြ႕သြားမယ္ေနာ္"
"ရတယ္မမဇြန္ လင္းဘာသာသြားႏိုင္ပါတယ္"
"ဘယ္ရမွာလဲ..ေသြးေတြတအားထြက္ေနတာကို..ႏြယ္ကေလးကိုယ္လုံးက ေသးေသးေလးပဲဟာ မမဇြန္ေပြ႕ႏိုင္ပါတယ္"
ေျခေထာက္ကေတာ္ေတာ္နာေနေပမဲ့ မမဇြန္ကိုလည္းအားနာတာေၾကာင့္ ျငင္းမိသည္။ဒါေပမဲ့ မမဇြန္ရဲ႕လက္ေပၚကိုေရာက္ေနၿပီ။
သခင္ကိုယ္တိုင္ သူ႕ကိုစိတ္ပူေနခဲ့တယ္ဆိုတာကို သူ႕ကိုတစ္ခ်က္ကေလးလွည့္မၾကည့္ခဲ့လို႔ဆိုၿပီးစိတ္မေကာင္းျဖစ္ေနတဲ့ေကာင္မေလးမသိခဲ့ဘူးဆိုတာပဲ။
အလုံးစုံဥေပကၡာျပဳခ်င္ေပမဲ့ ဥေပကၡာမျပဳႏိုင္တဲ့ ကိုယ့္စိတ္ကိုဘယ္လိုလုပ္ရပါ့မလဲ။
***
ဒီအခ်ိန္ဆို သခင္အိပ္ေနၿပီလား။သူ႕ရည္းစားအေၾကာင္းကိုေတြးေနမွာလား။သူ႕ရည္းစားနဲ႔ဖုန္းေျပာေနမလား။စေသာ အေတြးေပါင္းမ်ားစြာျဖင့္ ပူေလာင္လွသည္။
လူသားေတြဟာအခ်စ္နဲ႔ေတြ႕လာရင္ဒီဒဏ္ေတြကိုမလႊဲမေသြခံၾကရမွာမဟုတ္လား။ခ်စ္မိျခင္းရဲ႕ေနာက္မွာ ပူေလာင္ျခင္းေတြကပ္ပါလာတတ္စၿမဲမဟုတ္လား။ထပ္တူက်ရဲ႕ဆိုတဲ့ခ်စ္ျခင္းေတြမွာေတာင္ အထိအ႐ွ႐ွိတတ္တာပဲ။အခုလိုတစ္ဖက္သတ္အခ်စ္မ်ိဳးဆို ပိုဆိုးရေပါ့။
သဝန္တိုျခင္း၊လြမ္းေဆြးျခင္း၊သတိရျခင္း၊သေဘာထားကြဲလြဲျခင္း၊ေမွ်ာ္လင့္ေစာင့္စားျခင္း အစ႐ွိသျဖင့္ေပါ့။ကိုယ့္အတြက္ေတာ့ေစာင့္စားျခင္းနဲ႔သာ ေနသားက်ရေတာ့မယ္ထင္ပါရဲ႕။တစ္ေန႔ေန႔မွာသခင့္ဘက္ကျပန္ခ်စ္လာလိမ့္မယ္ဆိုၿပီး ေမွ်ာ္လင့္ရင္းေပါ့။
မေန႔ကအ႐ွိန္နဲ႔လက္ကနာေနေသးေပမဲ့ ရင္ထဲကေဝဒနာဟာပိုၿပီးနာက်င္ရသည္။မြန္းၾကပ္သလိုခံစားရတိုင္း ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး အရက္ေတြ စီးကရက္ေတြေသာက္ပစ္ခ်င္မိသည္။သို႔ေသာ္ အလုပ္ျဖစ္ခဲ့ပါ။သခင္က ပိုၿပီးမုန္းသြားႏိုင္တယ္မဟုတ္လား။ၿပီးေတာ့ လင္းမွာ စိတ္ေျဖစရာ ဂစ္တာေလးလည္း႐ွိတယ္မဟုတ္လား။ဂစ္တာေလးက ခဏတာေတာ့မြန္းၾကပ္မႈေတြကိုေျဖေဖ်ာက္ေပးႏိုင္မွာပါ။
ခါးသီးမႈေတြေထြးပိုက္ရင္းနဲ႔
မင္းရဲ႕ခ်စ္သူျဖစ္ေနခ်င္တယ္
ေပါ့ေပါ့ဆဆေျပာတဲ့စကားေတြ
ေလးနက္မႈနဲ႔ နားေထာင္ခ်င္တယ္
တစ္ေယာက္တည္းသိတဲ့ ကိုယ့္အခ်စ္မ်ား
ဒီတစ္သက္လုံးအ႐ူးအမူးခ်စ္ေတာ့မယ္ေဟ့
ရက္စက္တတ္တဲ့မင္းရဲ႕အနားမွာ
ရက္စက္မႈေတြခံယူခ်င္တယ္
သိပ္လွတဲ့မင္းရဲ႕အျပဳံးဟာ
႐ူးသြပ္သြားေအာင္ခိုင္းေစႏိုင္တယ္
တစ္ေယာက္တည္းသိတဲ့ ကိုယ့္အခ်စ္မ်ား
ဒီတစ္သက္လုံးအ႐ူးအမူးခ်စ္ေတာ့မယ္ေဟ့
မင္းေလးစိတ္တိုင္းက်
မင္းသေဘာပါအခ်စ္ေလး
ထင္သလိုသာလုပ္လိုက္
မတားဆီးတာအခ်စ္တစ္ခုပါ
မင္းေလးစိတ္တိုင္းက်
မင္းသေဘာပါအခ်စ္ေလး
ထင္သလိုသာလုပ္လိုက္
မတားဆီးတာအခ်စ္တစ္ခုပါ
"ႏြယ္ကေလးက ေတာ္လိုက္တာ နားေထာင္လို႔ေကာင္းေနေရာ သူေတာ့ေႂကြေနေတာ့မွာပါ"
မမဇြန္ကကိုယ့္ေဘးကိုဝင္ထိုင္သည္။
"မဟုတ္တာ မမဇြန္ရယ္ ..ဒါနဲ႔မမဇြန္မအိပ္ေသးဘူးလား"
"ဟုတ္ပါ့႐ွင့္အိပ္မေပ်ာ္လို႔"
"လင္းကအိပ္ၿပီထင္ေနတာ"
"ဘာလဲ သီခ်င္းနဲ႔သူ႕ကိုပိုးပန္းေနတယ္ဆိုပါေတာ့"
"မဟုတ္ပါဘူးမမဇြန္ရယ္...ဒါနဲ႔မမဇြန္သခင့္ကိုရည္႐ြယ္မွန္းသိတယ္ေနာ္..ဒါေပမဲ့ သခင္ကေတာ့သူ႕အတြက္ဆိုမွန္းသိမွာမဟုတ္ပါဘူး..ၿပီးေတာ့ သခင္ကလင္းဘာလုပ္လုပ္စိတ္မဝင္စားဘူးေလ"
"သိတာေပါ့ ႏြယ္ကေလးရဲ႕..ဒီအိမ္မွာလူ၃ေယာက္ပဲ႐ွိတဲ့ဟာကို..ႏြယ္ကေလးခ်စ္ရတဲ့သူကိုမရည္႐ြယ္လို႔ဘယ္သူ႕ကိုရည္႐ြယ္မလဲ..ဒါနဲ႔ သူကႏြယ္ကေလးခ်စ္ေနတာကိုမသိဘူးလား"
"လင္း မေျပာရဲလို႔မေျပာတာပါ"
"ေျပာလိုက္ေလ..သူဘက္ကဘယ္လိုပဲျဖစ္ေနပါေစ..ကိုယ့္ခံစားခ်က္ေတာ့ေျပာရမွာေပါ့ မဟုတ္ဘူးလား..သူကမခ်စ္ေသးရင္ေတာင္ သူ႕ကိုခ်စ္ေနတယ္ဆိုတဲ့အသိေတာ့သူ႕စိတ္ထဲမွာ႐ွိေနမွာေလ"
ဟုတ္ပါရဲ႕ မမဇြန္ေျပာမွေသခ်ာေတြးၾကည့္မိသည္။လင္းခ်စ္ေနတာ သခင္သိေအာင္ေတာ့ေျပာသင့္တာေပါ့။
"ဟုတ္တယ္ေနာ္ လင္း သခင့္ကိုဝန္ခံၾကည့္ဦးမယ္"
"အင္း အဲ့လိုလုပ္ၾကည့္"
သခင္ အိပ္မေပ်ာ္ပါ။အိပ္မေပ်ာ္တဲ့ညေပါင္းဟာလည္းမနည္းလွေတာ့ပါ။
သီခ်င္းသံၾကားလို႔ သီခ်င္းသံလာရာဘက္ကို လိုက္ကာစကိုဖယ္ကာၾကည့္လိုက္ေတာ့သူ။
"ဒီဟာေလး ဘယ္တုန္းကသီခ်င္းဆိုတတ္သြားပါလိမ့္မယ္"
သခင္ဘာရယ္မဟုတ္ သီခ်င္းဆုံးေအာင္နာေထာင္ေနမိသည္။ဘယ္လိုဓာတ္ေတြကမ်ားဆြဲငင္ေနပါလိမ့္။
"သူကဘာလို႔ဆင္းလာရတာလဲ"
ဘာကိုမေက်နပ္မွန္းမသိပါ။မေက်နပ္တာကေတာ့ေသခ်ာသည္။ဆက္မၾကည့္ခ်င္ေတာ့သျဖင့္လိုက္ကာစကိုပိတ္ကာ ျပန္အိပ္လိုက္သည္။အိပ္လို႔ေပ်ာ္မေပ်ာ္ဆိုတာကေတာ့ သခင္သာသိလိမ့္မည္။
1.2.2024
#သခင္
Song name:မင္းရဲ႕သူရဲေကာင္း
Singer:ေဆာင္းဦးလိႈင္