ညီလာခံ ခန်းမအတွင်းမှာ
အမတ်တွေအားလုံး စုရုန်းရောက်ရှိနေကြပြီး
မင်းကြီး ဝမ်ရိပေါ် ဟာလဲ
ရှင်းလျန်ကို ပုလ္လင်ပေါ်ခေါ် ထိုင်ကာ
ရှင်းလျန်ရဲ့ လည်တိုင်ကို တဖွဖွ နမ်းရှိုက်နေ၏။
အများအမြင်မှာတော့ မင်းကြီးက ရှင်းလျန်ကို
ချစ်မြတ်နိုးလွန်းတာကြောင့် ဒီလိုမဖွယ်မရာပြုမူနေတယ်လို့
ထင်နေကြပေမဲ့ အမှန်တကယ်ကတော့
ထူးဆန်းတဲ့ အမွှေးနံ့သာကြောင့်
မင်းကြီးဟာ အသိစိတ်မရှိပဲ အခုလိုပြုမူနေခြင်းသာ...
ညီလာခံရဲ့ အလယ်လျောက်လမ်းမှာတော့
အပြစ်သားရှောင်ကျန့်ဟာ
ဒူးထောက်လျက်
ထိုမြင်ကွင်းအားကြည့်နေရပေသည်။
"အရှင်...ကျမတို့ အပြစ်သားကို အပြစ်စီရင်ရအောင်ေလ ..."
မင်းကြီးကတော့ အရူးတစ်ယောက်လိုခေါင်းငြိမ့်ပြပြီး
ဘာစကားမှမပြောပေ
သို့သော် လည်တိုင်ဆီမှအနမ်းတို့ကိုတော့မပြတ်စေခဲ့
"မင်းကြီး..."
ထိုအခါမှမင်းကြီးက ရှင်းလျန်ကို ခဏလွှတ်ကာ
"သေ...သေဒဏ်...သေဒဏ်ပေးမယ်..."
ထို့အခါ စစ်သူကြီး ကျန်းချန်က အရှေ့ ကိုထွက်လာပြီး
"မင်းကြီး ဒါတရားပါဘူး ရှောင်ကျန့်က
မယ်တော်ကြီးကို သတ်တယ်လို့သတ်သေတောင်
မရှိတာကို ဘာလို့ သေဒဏ်ပါလဲ!!!"
ကျန်းချန်က ထအော်လိုက်တော့
မင်းကြီးက ရှင်းလျန်နောက် ပုန်းကွယ်ကာ
"မယ်...မယ်တော်"
မင်းကြီးရဲ့ အပြုအမူကြောင့် အမတ်မင်းများနဲံ ညီလာခံအတွင်းရှိသူများအားလုံး အံ့သြမှင်သက်သွားကြရသည်။
မင်းကြီးရဲ့ အပြုအမူက ၃နှစ်သားကလေးနဲ့ပင်တူနေ၏။
ဒါကိုမြင်လိုက်တဲ့ရှောင်ကျန့်က မင်းကြီးမူမမှန်ဖြစ်နေတာမှန်း
ရိပ်မိသွားပြီး ကျန်းချန်ကို ဆက်မပြောဖို့ခေါင်းယမ်းပြလိုက်သည်။
"အဟမ်း...ကျမကိုယ်တိုင်မြင်ခဲ့တာပဲလေ ပြီးတော့
ဒါကမင်းမိန့်ပဲ ကန့်ကွက်ချင်သူတွေရှိလား"
ရှင်းလျန်က စကားလမ်းလွှဲကာ မင်းကြီးဆီ အတွေးရောက်နေကြတဲ့
အမတ်မင်းတို့ကို အာရုံလွှဲလိုက်သည်။
အမတ်မင်းအားလုံးက မင်းမိန့်ကို မလွန်ဆန်ရဲတဲ့အပြင်
ရှောင်အိမ်တော်ရဲ့ ဂုဏ်သတင်းကျော်ကြားမှု့ကိုလဲ
မနာလိုကြတာမို့ ကန့်ကွက်သူမရှိကြပေ
ကျန်းချန်က အားလုံးကိုမျှော်လင့်တကြီး ကြည့်နေပေမဲ့
အားလုံးက မျက်နှာသာလွှဲ ပြစ်ကြသည်။
"ကဲ မြင်တယ်နော် အပြစ်သားအတွက်
ကန့်ကွက်မဲ့သူမရှိဘူး
မနက်ဖြန် နေမထွက်မှီ ကြိုးစင်တင်စေ!!!"
အဆုံးသတ်မှာ
ရှင်းလျန်က စစ်သူကြီးကျန်းချန်ကို
ခနဲ့ပြုံးဖြင့် လှောင်ရယ်ပြလိုက်လေသည်။
ရှင်းလျန်အမိန့်ချပြီးတော့ ရဲမတ်တွေက
ရှောင်ကျန့်ကိုလာခေါ် သွားကြသည်။
ကျန်းချန်က မနေ နိုင်စွာ ပြေးဖက်လိုက်တော့
ရှောင်ကျန့်က အခွင့်ကောင်းယူကာ
တိုးတိုးလေးကပ်ပြောလိုက်၏။
"ဒီည သန်းခေါင်မကျော်ခင်
မြောက်ပိုင်းနယ်က ဖမ်းဆီးရလာတဲ့
အပြစ်သားထဲက ငါနဲ့တူတဲ့သူရှာလာခဲ့..."
ကျန်းချန်က ခေါင်းတချက်ငြိမ့်ပြ ပြီး လွှတ်ပေးလိုက်တော့
ရဲမတ်တွေရဲ့ခေါ်ဆောင်ရာနောက် ရှောင်ကျန့်အလိုက်သင့်လေးပါသွား၏။
သန်းခေါင်ယံအချိန်သို့ရောက်သော်...
"ရှောင်ကျန့်... ရှောင်ကျန့် မင်းအဆင်ပြေရဲ့လား"
"ကျန်းချန်... ငါနဲ့ပုံစံတူတဲ့သူတွေ့ လာခဲ့လား"
ကျန်းချန်က ခေါင်းတချက်ကြိမ့်ပြရင်း ေသာ့ကိုဖျက်ကာ
သတိမေ့နေတဲ့သူကို အချုပ်ခန်းထဲ တွန်းပို့လိုက်၏။
ထို့နောက် ရှောင်ကျန့်နဲ့ အဝတ်အစားတွေလဲကာ
မျက်နှာတစ်ခုလုံးကို အဝတ်အိတ်အနက်ဖြင့် ထုတ်ပိုးထားလိုက်သည်။
အားလုံးပြီးတော့ ရှောင်ကျန့်ကို ခေါ်ကာ
သူ ခိုးဝင်လာတဲ့ အပေါက်ကနေ
သူ့လူတွေစောင့်နေတဲ့ နေရာ ထိလိုက်ပို့ပေးပြီး
"မင်းတို့ သခင်လေးကို သခင်ကြီးရှောင်ဆီ
သေချာခေါ်ဆောင်သွား အလုပ်တစ်ခုလုပ်ဖို့ ငါကျန်ခဲ့မယ်"
"ကျန်းချန် ဘယ်သွားမလို့လဲ
အခုချိန်မှာ နန်းတွင်းက မင်းအတွက်လဲအန္တရာယ်များလွန်းတယ်"
"ငါ့ကိုယုံ ရှောင်ကျန့် အရာအားလုံးအတွက်
မင်းရဲ့သေဆုံးမှု့က တိတိကျကျဖြစ်နေဖို့လိုတယ်"
ထို့နောက် ကျန်းချန်တာ နန်းတော်ထဲ ပြန်ဝင်သွားပြီး
ကြင်ယာတော်ရှင်းဆီ အခစားဝင်ခဲ့လေသည်။
"ဒီအချိန်ကြီး စစ်သူကြီးကျန်းချန်
အခစားဝင်ရတဲ့အကြောင်းကို
မြန်မြန်ပြောပါ တစ်နေကုန်မင်းကြီးကို
ပြုစုပေးနေရတော့ ကျမလဲ နားချင်နေပြီ "
"ကြင်ယာတော်ရှင်းကို
စစ်သူကြီးမင်းတစ်ယောက်အနေနဲ့မဟုတ်ပဲ
အပြစ်သားရှောင်ရဲ့
သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ လာတွေ့ တာပါ
မနက်ဖြန် သေဒဏ်ချမှတ်ချိန်မှာ
ကျေးဇူးပြုပြီးမျက်နှာကိုဖုံးအုပ်ထားခွင့်ပြုပါ "
"ဘယ်လို"
"ရှောင်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်တဲ့အနေနဲ့
ဒီတစ်ခုတော့ခွင့်ပြုပေးစေချင်ပါတယ်"
"အဲ့အတွက် ကျမက ဘာပြန်ရမလဲ"
"ကျန်းအိမ်တော်ရဲ့ နောက်ခံအင်အားကိုပေးပါ့မယ်"
"အဟက် ကောင်းပြီလေ ဒါပဲမဟုတ်လား ခွင့်ပြုတယ်
ကျမကိုယ်တိုင်မင်းကြီးကိုပြောပေးမယ် စစ်သူကြီးမင်းပြန်လို့ရပြီ"
*ကျန်းချန် ကျန်းချန်... ရှင်တို့ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ
ကျမ မသိဘူးထင်နေကြတာလား*
ကျန်းချန် သက်ပြင်းချကာ
လက်သီးကိုကျစ်ကျစ်ပါအောင်စုတ်လျက်
နန်းဆောင်ထဲကထွက်လာခဲ့သည်။
နန်းဆောင်အပြင်ဘက်ကိုရောက်တော့
နန်းဆောင်တွင်းကြင်ယာတော်ရှင်းရဲ့လှောင်ရယ်သံကို
အတိုင်းသားကြားနေရပေသည်။
ကျန်းချန်လဲ ဒေါသတွေကိုမျိုချကာ
လှည့်ပြန်လာခဲ့လိူက်၏။
ကျန်းချန် ရှောင်အိမ်တော်ကိုရောက်တော့
ရှောင်လူကြီးမင်းလုပ်ကြံခံရသည်ဟုသောသတင်းက
စောင့်ကြိုနေလေ၏။
"ရှောင်လူကြီးမင်း လုပ်ကြံခံရတယ်ဟုတ်လား
ဘယ်သူတွေဘာဖြစ်သွားသေးလဲ လူကြီးမင်းကရော..."
"ကျုပ်ဘာမှမဖြစ်ပါဘူး စစ်သူကြီးမင်း
သူတို့က ကျုပ်ကိုအဘိုးကြီးအထင်နဲ့
လာအထင်သေးနေကြတာ ဒီအားနည်းတဲ့အဘိုးကြီးက
သူတို့လောက်အင်အားကို မယှဉ်နိုင်လောက်ဘူးထင်နေကြတာ
ရယ်စရာပဲ..."
"တော်သေးတာပေါ့ လူကြီးမင်း
ကြင်ယာတော်ရှင်းက ကျူပင်ခုတ်ကျူငုတ်မကျန်အောင်
ရှင်းနေတာဖြစ်မယ် "
"သေချာတာပေါ့ စစ်သူကြီးမင်းရယ်
ကျုပ်လဲအစကတော့ သားငယ်ကိုခေါ်ပြီး ရှောင်ပြေးမလိူ့ပဲ
အခုတော့ ဒင်းတိူ့ကိုဒီအတိုင်းမထားချင်တော့ဘူး"
"ဒါနဲ့ ရှောင်ကျန့်ကိုရော...သူတို့မြင်သွားသေးလား"
"သားရှောင်မရောက်ခင်ဖြစ်သွားတာပဲ
တော်သေးတယ် သားရှောင်ကိုခေါ်ထုတ်လာတာ
သူတို့မမြင်သွားဘူး ပြီးတော့ ဒဏ်ရာေတွက
ပြင်းထန်လွန်းတော့ ပြန်ရောက်တာနဲ့ သတိလစ်သွားတယ်
ခုတော့ သူ့မားပြုစုနေတယ်
အပြင်ေရာအတွင်းမှာပါ စိတ်ချရတဲ့ လူတွေအပြည့်ချထားတယ်"
"အော် တော်ပါသေးတယ်
ပြီးတော့ လူကြီးမင်း ကျွန်တော်တို့ ...
စစ်သည်အင်အားအကြောင်း ပြန်ဆွေးနွေးကြရမယ်ထင်တယ်"
"ဘာများဖြစ်လို့လဲ ကျန်းစစ်သူကြီး"
"ကျွန်တော် ကြင်ယာတော်ရှင်းကို
ကျန်းအိမ်တော်ရဲ့ နောက်ခံအင်အားပေးပါ့မယ်လို့ ဂတိပေးခဲ့ရတယ် မနက်ဖြန် ကြိုးစင်တင်တဲ့အခါ
အစားထိုးထားတဲ့လူရဲ့ မျက်နှာကိုအုပ်ထားဖို့အတွက်လေ"
"ဟင်းးးးဒါဆို ကျုပ်အိမ်တော်ရဲ့ အင်အားလောက်နဲ့ မလောက်နိုင်ဘူး"
"အဲ့ဒီအတွက် ကျမနဲ့ လျန်အာ ကူညီပေးလို့ရပါတယ်"
ထိုအချိန် နန်းဆောင်ပေါက်ဝကထွက်ပေါ်လာတဲ့အသံကြောင့်
ရှောင်လူကြီးမင်းရော ကျန်းချန်ပါခေါင်းထောင်ကြည့်မိသည်။
"မိန်းကလေးတို့က..."
"ချင်းဟွာလို့ခေါ် ပါတယ် ယင်းအိမ်တော်ကပါ..."
"လျန်အာလို့ခေါ်ပါတယ် မယ်တော်ကြီးရဲ့ အမှု့ထမ်းပါ"
"ချင်းဟွာ... မင်းက ယင်းအိမ်တော်ရဲ့
တရားမဝင် သမီးမဟုတ်လား"
"ဟုတ်ပါတယ် ကျွန်တော်မျိုးမတို့ဘက်က
လူကြီးမင်းလို့ချင်တဲ့ စစ်သည်အင်အားကိုပေးနိုင်ပါတယ်"
"ဘယ်လိုမျိုးလဲ"
"တကယ်ဆို ယင်းအိမ်တော်က မင်းကြီးကို ပုန်ကန်ဖို့
လူသူလက်နက်အင်အားစုဆောင်းထားတာကြာပါပြီ
ကျွန်တော်မျိုးမ ခမည်းတော်နဲ့ သွားပြီးစကားပြောကြည့်မယ်ဆို
လိုအပ်တဲ့အင်အား ရနိုင်ပါတယ်"
"ပြီးတော့... မယ်တော်ကြီးက ဘယ်သူမှမသိအောင် လျှို့ဝှက်ထားတဲ့ အဖွဲ့ တစ်ခုရှိပါတယ် အခုလိုပုန်ကန်သူတွေ့ရှိလာရင်း မင်းကြီးအတွက် အင်အားရှိနေပေးဖို့ပါ အဲ့ဒီအဖွဲ့ က ကျွန်တော်မျိုးမရဲ့ တစ်မိန့်တစ်သံတစ်အာဏာကိုပဲ လိုက်နာပါတယ်"
လျန်အာကပါ ဝင်ပြောတော့ ရှောင်လူကြီးမင်းကစဥ်းစားသလိုပြုမူရင်း
"မင်းတို့အခုလိုကူညီရတဲ့အကြောင်းအရင်းကဘာလဲ
တစ်ခုခုတော့ ပြန်လိုချင်ကြတယ်မဟုတ်လား"
"အဲ့တာကတော့ ကြင်ယာတော်ရှင်းကို မသတ်ဖို့ပါ
လူကြီးမင်းတို့ဘက်က အပြစ်ဒဏ်ပေးပြီးတာနဲ့
ပြည်နှင်ဒဏ်ပေး ပေးပါ ကျွန်တော်မျိုးမ သူမကိုခေါ်ပြီး
ထွက်သွားပါ့မယ် အဲ့အတွက် ကျွန်တော်မျိုးမတာဝန်ယူပါတယ်"
"မဖြစ်နိုင်ဘူး..."
လျန်အာရဲ့အပြောမှာ ကျန်းချန်က ဒေါသတကြီးထအော်ပေမဲ့
ရှောင်လူကြီးမင်းကတော့အေးဆေးစွာလက်ခံလိုက်သည်။
"လက်ခံတယ်
အဲ့အစား မင်းက ဒီစစ်ပွဲကို ပါဝင်ဆင်နွဲပေးရမဲ့အပြင်
အရှုံးဆိုတာငါမလိုချင်ဘူး"
"ရှောင်လူကြီးမင်း...!!!"
ကျန်းလျန် ရှောင်လူကြီးမင်းကိုနားမလည်နိုင်တော့ပေ
"မင်းတို့ရဲ့ စစ်သည်အင်အားစာရင်းကိုငါသိချင်တယ်
စာရင်းပြုစုပြီးယူလာခဲ့...
ကျန်းချန် ရှောင်ကျန်သတိရပြီလား သွားကြည့်ကြမယ်!!!"
ရှောင်လူကြီးမင်းက စကားဝိုင်းကနေ
ပါးနပ်စွာလှည့်ထွက်သွားခဲ့တယ်
ကျန်းချန်မှာသာမေးခွန်းပေါင်းများစွာနဲ့...
အားလုံးထွက်သွားတာတောင် ကျန်းချန်က
မယုံကြည်နိုင်သလို ရှောင်လူကြီးမင်းကိုကြည့်နေတဲ့အခါ...
"စိတ်ချပါ ကျုပ်သားကို အခုလိုဖြစ်စေတဲ့ တရားခံကို
လွှတ်ပေးမှာမဟုတ်ဘူး!!! ဘယ်နည်းနဲ့မှသက်ညှာမပေးနိုင်ဘူး!!!"
ရှောင်လူကြီးမင်းရဲ့ အကြည့်တွေက ခတ်ထန်နေကာ ယခင်မင်းကြီးနဲ့
သွေးသောက်ညီအကိုဖြစ်ခဲ့တဲ့သူဆိုတာ ယုံမှားစရာပင်မလို
နောက်တစ်နေ့ မနက်
ရှောင်ကျန့် နိုးလာတာနဲ့
လုံလောက်တဲ့ စစ်သည်အင်အားလဲရှိနေပြီမို့
ရှောင်ပါးက မကြာခင်ပုန်ကန်တော့မဲ့အကြောင်း
ပြောလာခဲ့သည်။
"မလိုပါဘူးပါး...
လူသူလက်နက်အင်အားတွေ
သုံးပြီးပုန်ကန်စရာမလိုဘူး
ဒီမှာ အာဏာလွှဲပြောင်းထားတဲ့အမိန့်စာပါ
မင်းမိန့်တံဆိပ်ပြားလဲပါတာမို့ စိတ်ပူစရာမလိုပါဘူး"
ရှောင်ကျန့်ပေးတဲ့
အာဏာလွှဲပြောင်းတဲ့အမိန့်စာကြောင့်
အားလုံးက မှင်သက်သွားပြီး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြသည်။
"ဒီအမိန့်စာတစ်ခုနဲ့တင် သွေးချောင်းစီးစရာမလိုပဲ ဝမ်ပြည်ကိုသိမ်းပိုက်နိုင်လိမ့်မယ် ပါး စစ်သည်အင်အားကတော့ ဟန်ပြပဲခေါ်ရင်ရတယ်
ဒါမဲ့ ဒီအမိန့်စာက အရှင် အသိစိတ်တွေအလုံးစုံမလွတ်ခင်မှာ
ပေးအပ်ခဲ့တာပါး ဒါကြောင့် အရှင့်ကို ထိဖို့တော့ တောင်းဆိုပါရစေ"
"ပါးကိုလာမပြောနဲ့ အခုချိန်မှာ ပါးကဒီစစ်ပွဲကို
ဦးဆောင်မှာမဟုတ်ဘူး
ငါ့သားရဲ့ဦးဆောင်မှု့ကို မိန့်မိန့်ကြီးထိုင်ကြည့်နေမှာ
မင်းရဲ့အာဏာကိုသုံးပြီး အရာအားလုံးကို အရယူခဲ့သား
ငါ့သားကို ယောက်ျားတန်မဲ့
မင်းကြီးကို အရယူတယ်လို့ ကြည့်နေတဲ့မျက်လုံးတွေ
ရှောင်အိမ်တော်ရဲ့ ဂုဏ်သိက္ခာ
ပြီးတော့ မင်းရဲ့ နှလုံးသား အားလုံးကိုပြန်အရယူခဲ့!!!"
"စိတ်ချပါ ပါး... အားလုံးကို အရယူပြီး ဝင့်ဝင့်ကြွားကြွားနဲ့ပြန်လာခဲ့မယ်"
ထိုအခါ ရှောင်ပါးကလဲ တည်ငြိမ်စွာနဲ့
"ကောင်းပြီး ဒါဆို ညီလာခံမသိမ်းခင်သွားကြမယ်"