ရှောင်ကျန်ဘက်က မျက်နှာငယ်လေးဖြစ်သွားတာမို့
ချင်းဟွာက နှစ်သိမ့်သည့်သဘောဖြစ်" မသေချာသေးတာမို့
ကြင်ယာတော်လဲ အရမ်းစိတ်ထိခိုက်မခံပါနဲ့
အခုချိန်မှာ ကြင်ယာတော်ရှောင်လဲ အားနည်းနေတာမို့
ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ ""ရှောင်ကျန့်က ဘာဖြစ်တာလဲ!!!
ရှောင်ကျန့် မင်း... မင်းဘာဖြစ်လို့လဲ"ကျန်းချန်က စိုးရိမ်စွာမေးလာခဲ့သည်။
" ကြင်ယာတော်ရှောင်က
အဆိပ်မိထားတာ
ရှားပါးအဆိပ်ဖြစ်တာမို့
တရားခံဘယ်သူလဲစုံစမ်းလို့မရသေးဘူး ""ဘာ...!!!တောက်!!!"
..............မင်းကြီးက နန်းဆောင်ပြန်ရောက်တာနဲ့ ဝုန်းဒိုင်းကျဲတာသောင်းကျန်းလို့ နေသည်။ သူ့ဒေါသကို သူ့ကိုယ်သူလဲမထိန်းနိုင်သလို ဘေးမှ အထိန်းတော်တို့ကလဲ မထိန်းနိုင်ကြပေ
အထိန်းတော်ကြီး / မင်းကြီး...မင်းကြီး
"ထွက်သွား!!!ဒီအခန်းထဲမှာ သက်ရှိနေရင် အားလုံးကိုသတ်ပြစ်မယ်"
မင်းကြီးရဲ့ အေးစက်တဲ့အပြောတွေနဲ့
လူသတ်ငွေ့ တရိပ်ရိပ်တက်နေတဲ့
အကြည့်တွေကြား
မည်သူမှ ခြေစုံမရပ်ရဲကြပေခဏလောက်ကြာတော့ အခန်းတစ်ခုလုံး ရာရာမရှိအောင်ဖျက်စီးပြီးပြီမို့ ခြေကုန်လက်ပန်းကျကာ ထိုင်နားနေတုန်း နှာခေါင်းထဲ တိုးဝင်လာတဲ့ အမွေးနံ့သာဆီက သူသဘောကျ ရင်းနှီးတဲ့အနံ့အသက်မဟုတ်နေတာကြောင့်
"အထိန်းတော်ကြီး !!!"
အထိန်းတော်ကြီးက တုန်ရီစွာ ဝင်ရောက်လာပြီး
ကြမ်းပြင်နဲ့ထိလုမတက်ခေါင်းငုံထားကအထိန်းတော်ကြီး / ရောက်...ရောက်ရှိကြောင်းပါ...
"ထွန်းညှီနေကြ အမွေးနံ့သာဆီက ဘယ်ရောက်သွားတာလဲ!!!"
ပုံမှန်ဆို ဒီလိုကိစ္စသေးသေးမွှားမွှားလေးကို
အလေးမထားတက်တဲ့မင်းကြီးက
အခုမှ ထွန်းညှိနေကြမဟုတ်တဲ့ အမွှေးနံ့သာ နံ့ကို
သိနေပြန်တော့...အထိန်းတော်ကြီး / ကုန်...ကုန်သွား...
" ကုန်သွားရင် ကြင်ယာတော်ရှင်းသို့ သွားတောင်း!!!
အခုချက်ချင်း အဆောင်တော်ထဲမှာ
အဲ့အမွေးနံ့သာဆီ ထွန်းညှိထားတာလိုချင်တယ် !!! "